Chapter 67
Viewers 9k

 အပိုင်း (၆၇)


သူတို့နောက်တွင်တော့ အလွတ်ရုန်း ပြေးလွှားနေကြတဲ့ သမင်တွေရဲ့ အသံတွေက ဆက်တိုက်ထွက်ပေါ်လာပြီး သူတို့ရဲ့ခွာတွေက ကြွေကျနေတဲ့ သစ်ရွက်တွေကို နင်းမိကာ ကျားတွေ၏ ကျယ်လောင်တဲ့ ဟောက်ဟိန်းသံနှင့်အတူ လိုက်ပါလာခဲ့တယ်။


သို့ပေမဲ့လည်း ဒါနဲ့တင် ကျီရှောင်အုံးကို ထိတ်လန့်သွားစေရုံနဲ့ မလုံလောက်လောက်ခဲ့ပါပေ။


ကျီရှောင်အုံး သူမရှေ့မှ ရင်းနှီးတဲ့မျက်နှာကို စိုက်ကြည့်လိုက်ကာ စကားပင် မပြောနိုင်လောက်အောင် ထိတ်လန့်ကြောက်ရွံ့သွားလိုက်ပါတယ်။


သူ ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ။


ကျီရှောင်အုံး ဝမ်ရစ်ခ်အား နို့ဘူး တိုက်တဲ့အချိန်မှာတောင် သူမ ဘာတစ်ခုမှ မဖော်ပြခဲ့သလို သူမ၏ ဖြစ်တည်မှု အရိပ်အယောင် တစ်စွန်းတစ်စလေးမျှ မထုတ်ဖော်ခဲ့ပါဘူး။


သူမ မတော်တဆနဲ့ ကျားသစ်လေးကို ထောင်ထောင်လို့ နာမည်မှားခေါ်တဲ့ တစ်ခေါက်ကို ဘေးဖယ်ထားရင်ပေါ့။ 


ဒါပေမယ့် ကျားသစ်ပေါက်လေးက သူမ ဘယ်သူ့ကိုခေါ်တယ်ဆိုတာ သူ ဘယ်လိုလုပ်သိနိုင်မှာတဲ့လဲ။


ပြီးတော့ သူမ သိထားသလောက်တော့ ဒီတောအုပ်ထဲကို ကျားသစ်တွေက အမဲလိုက်ဖို့ တစ်ခါမှ မလာဖူးပါဘူး။


သားရဲလူတွေက ရိုင်းစိုင်းကြပေမဲ့လည်း သူတို့တွေက အလွန်ကို ရှင်းလင်းတဲ့ အပိုင်စားနယ်မြေများလည်းရှိကြတာပင်။


ဝံပုလွေတွေ၏ အမဲလိုက်ရာနေရာက ကမူဒါတောင်ကြားတွင်ရှိပြီး မော်ရိုကိုတောင်ကြားက ကျားမျိုးနွယ်တွေရဲ့ ပိုင်ဆိုင်မှုပဲဖြစ်တယ်။


ဒီလိုဆို ဘယ်လိုကြောင့်နဲ့ သူက.......


ကျီရှောင်အုံး သစ်ပင်နောက်ကွယ်တွင် ပုန်းအောင်းနေတဲ့ ကျားသစ်ပေါက်လေးထံ မသိစိတ်အရ လှည့်ကြည့်မိလိုက်တယ်။ အကောင်ပေါက်လေးက သူ့ရဲ့လူသားအသွင်ပုံသဏ္ဍာန် ပြောင်းလဲလိုက်ပြီး သူ့ရဲ့မျက်လုံးတောက်တောက်လေးတွေနဲ့ နှုတ်ခမ်းနီနီတွေက ဆူဇန်နာရဲ့ မျက်နှာနဲ့ဆင်တူနေတာပဲ။


"... " ကျီရှောင်အုံးက ချက်ချင်းလက်ငင်းပဲ ဘယ်လိုဖြစ်တယ်ဆိုတာ သဘောပေါက်သွားလိုက်တော့တယ်။


ဝမ်ရစ်ခ်က ရမ်ရဲ့ပြုမူပုံကို ကြည့်ပြီး ရမ်က သူမကို ထိခိုက်အောင်လုပ်ချင်နေတယ်လို့ ထင်လိုက်ပြီး သူ ကမန်းကတန်းပြောလိုက်တယ်။ "ဦးလေးရမ် သူ့ကို ထိခိုက်အောင်မလုပ်ပါနဲ့ သူက သားရဲ့အပိုင်!"


ရမ်၏ မျက်ခုံးရိုးများက အနည်းငယ် ရွေ့ပြောင်းသွားလိုက်ပြီးတော့ သူ သူ့ကို ငုံ့ကြည့်ကာ သူ့အသံက အလွတ်တရာ နိမ့်ကျစွာဖြင့် "မင်း အခု ဘာပြောလိုက်တယ်"


ဝမ်ရစ်ခ်က ရမ်ရဲ့ မျက်လုံးတွေကို ကြည့်ရှုလိုက်ပြီး ခဏကြာမျှ ကြောက်လန့်သွားလိုက်ပြီး "သူ.... သူက သားအရင်တွေ့တဲ့ သားကောင်..."


ရမ် သူ့မျက်နှာအမူအရာကို မပြောင်းလဲသွားဘဲ ဘာမှ မပြောလိုက်ခဲ့ပေ။ ခပ်ဝေးဝေးတွင် မျိုးနွယ်စုဝင်တော်တော်များများ လာနေကြပြီး ဝင်းတားက ရှေ့ကနေ ပြေးလာလိုက်ကာ "ခေါင်းဆောင် ‌နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီပဲ" 


ကျားသစ်တော်တော်များများက သစ်ပင်အောက်တွင် ရပ်တန့်လိုက်ကြကာ သူတို့၏ လူသားအသွင်ပုံစံသို့ ပြောင်းလဲလိုက်ကြတယ်။


ဝင်းတားက သူ့ခေါင်းကို ငုံ့လိုက်တော့ သူ့သားကို မြင်လိုက်ရပြီး သူ သူ့လက်ကို မြှောက်ကာ သူ့အား ဆွဲခေါ်လိုက်ပြီး "မင်း တကယ်ပဲ ဒီမှာ ရောက်နေတာပဲ လူဆိုးလေး..."


ဝမ်ရစ်ခ် သူ့အဖေရဲ့ တံတောင်ဆစ်အောက်မှာ ညှပ်နေပြီး အသက်ရှုကြပ်သွားကာ ချောင်းဆိုးလိုက်ရင်းနဲ့ "ဦးလေးရမ်တောင် ဒီကို ရောက်နေသေးတာပဲ သားက ဘာလို့ ဒီမှာ မရှိနိုင်ရမှာလဲ"


"မင်း... "


ဝင်းတားက ပြောလိုက်ချင်တာက "မင်းက ခေါင်းဆောင်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"လို့ပင် သူ မော့ကြည့်လိုက်ပြီး ရမ့်ဘေးနားတွင် မတ်တပ်ရပ်နေတဲ့ ကျီရှောင်အုံးအား မြင်သွားလိုက်ခဲ့တယ်။ စကားလုံးတွေက ချက်ချင်းပင် သူ့လျှာပေါ်မှာ တစ်ဆို့သွားလိုက်ပြီး သူ စကားတစ်ခွန်းမှ မထွက်လာနိုင်တော့ပေ။


ကျီရှောင်အုံး ထွက်ပြေးသွားလိုက်ချိန် အခြားသူတွေကတော့ ဘာတွေဖြစ်ပျက်သွားလိုက်လဲ မသိကြပေမဲ့ သူကတော့ ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်။


မိန်းမပျိုလေးက သူနဲ့ခေါင်းဆောင် သူမကို လှည့်ဖျားလိုက်ခဲ့တဲ့အကြောင်းအား သူ မတော်တဆ ပေါက်ကြားစေခဲ့တဲ့အတွက် သူ့ကိုယ်သူ အပြစ်တွေတင်နေခဲ့တယ်။ ဒေါသတကြီးဖြင့် ခေါင်းဆောင်နဲ့ သူမက အကြီးအကျယ်စကားများခဲ့ကြကာ ညတွင်းချင်း ထွက်ပြေးသွားလိုက်ခဲ့တာပဲ။


အဲဒီအချိန်တည်းက ဝင်းတားတစ်ယောက် ရမ့် အပေါ် အပြစ်ရှိသလိုခံစားမိပြီး နောင်တတွေ ရနေခဲ့ပါတယ်။


ခေါင်းဆောင်က သူ့ကို ဒီအချိန်ထိ အသက်ရှင်ခွင့်ပေးခဲ့ပြီး သူကိုယ်တိုင်က မယုံနိုင်လောက်အောင်ကို ခံစားခဲ့ရတယ်။


အခုတော့ ဝင်းတားက ကျီရှောင်အုံး၏ မျက်နှာကို ကြည့်မိလိုက်ပြိး သူ အလွန့်အလွန်ကို အံအားသင့်သွားခဲ့ပါတယ်။


'ဒီမိန်းမပျို ပြန်ရောက်လာတာလား'


'သူမ ဘယ်ကနေ ရောက်လာတာလဲ။ သူမ ပြန်ရောက်လာပြီးတာနဲ့ သူမ ပြန်ထွက်သွားဦးမှာပဲလား။'


. . .


"မင်း ရောက်ပြီပဲ" ရမ်ရဲ့အသံက ဝင်းတားရဲ့ အတွေးတွေကို ကြားဝင်နှောက်ယှက်ခဲ့ပြီး မည်သည့်စိတ်မချမ်းသာစရာမှ သူ မကြားနိုင်လောက်အောင် အလွန်ကို တည်ငြိမ်နေခဲ့ပါတယ်။


သူ့လက်ထဲတွင်တော့ ကြိုးကို ကိုင်ဆွဲထားပြီး သူ ခြေတစ်လှမ်း လှမ်းပြီး တောနက်ထဲကို ဝင်ရောက်သွားခဲ့တယ်။


ဝင်းတားက သူ ဆန့်ကျင်ဘက်အရပ်ကို ဦးတည်သွားနေတာမြင်လိုက်ရပြီး အံအားသင့်သွားလိုက်ပေမဲ့ သူ မနေနိုင်ဘဲ ပြောလိုက်မိ၏ "ခေါင်းဆောင် ဒီနေ့ အမဲလိုက်ဖို့က......."


"မင်း အရင်သွားနှင့်လိုက်" ရမ့်ရဲ့ခြေလှမ်းတွေ မရပ်သွားဘဲ ကျီရှောင်အုံးအား တောအုပ်ထဲကို ခေါ်ဆောင်သွားလိုက်ပြီး "ငါ ရက်နည်းနည်းလောက်ကြာပြီးရင် မင်းကို အမှီလိုက်ခဲ့မယ်"


ဝင်းတားက ဘာတွေဖြစ်နေလဲဆိုတာ သိတာမို့ ကျန်တဲ့လူတွေကို ခေါ်၍ တခြားသူတွေနဲ့တွေ့ဆုံဖို့ တောင်ကုန်းပေါ်ကနေ ဆင်းသွားလိုက်တော့တယ်။


သူ ထွက်မသွားခင်မှာ သူ ရုတ်တရက် သစ်ပင်ပေါ်က အသံအနည်းငယ်ကြားရတာမို့ သူ သူ့အပေါ်ကို မော့ကြည့်လိုက်တော့_____


အီရစ်၏ မျက်နှာက ဖြူဖျော့နေခဲ့တယ်၊ သူ သူတို့အား စိုက်ကြည့်လိုက်ပြီး သူတို့မြင်သွားမှာကို အထိတ်တလန့်ဖြစ်စွာနဲ့ပင်။


"... "


ရမ် ဘွားခနဲ ပေါ်လာတဲ့အချိန် သူ့မှာ သေပြီးနေလေပြီ။ ဒီနေရာမှာ ကျားနဲ့ကျားသစ် အတူရှိနေမှတော့ သူ့မှာ ရှင်သန်နိုင်ဖို့ အခွင့်လုံးဝမရှိတော့ပါလေ။ 


နောက်ပိုင်းကျတော့ ကျားသစ်အုပ်စု ပေါ်လာလိမ့်မယ်လို့ ဘယ်သူက သိမှာတဲ့လဲ၊ ပြီးတော့ အလယ်ကတစ်ယောက်က သူတို့ရဲ့ "ခေါင်းဆောင်"တဲ့လေ။


'ခေါင်းဆောင်လား???'


ဒါက ဝံပုလွေမျိုးနွယ်နဲ့ အဆက်မပြတ် တိုက်ခိုက်နေပြီးတော့ ဝံပုလွေတွေကို မခုခံနိုင်လောက်အောင် ချန်ထားပစ်နိုင်တဲ့ ကျားသစ်တွေရဲ့ ခေါင်းဆောင်တစ်ယောက်ပဲလား။


ထို "အကျိုးအကြောင်းမစဉ်းစား"တဲ့‌ ခေါင်းဆောင်က ကျီရှောင်အုံး အား ခေါ်ဆောင်သွားတာကို သူကြည့်ရှုလိုက်ရင်းနဲ့ အီရစ် ပိုလို့တောင် ထိတ်လန့်ကြောက်ရွံ့သွားလိုက်ပါတယ်။ ဒါပေမယ့် သူက ပိုလို့တောင် အကူအညီမဲ့သွားရှာလိုက်တယ်။


သူ့ရင်ထဲမှာ အပြစ်သလိုခံစားရပြီး နောင်တရသလို ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ ကျားသစ်တွေရဲ့အမြင်အာရုံအောက်မှာ သူ သူ့ရဲ့သတ္တိတွေကို သတ္တိရှိရှိ စုဆောင်းလိုက်ခဲ့ပါတယ်။ သူက တုန်ရီစွာနဲ့ ပြောလိုက်တော့တယ်။ "မင်း...မင်းတို့ သူ့ကို ထိခိုက်အောင် မလုပ်ပါနဲ့ သူက မင်းရဲ့လူတွေကို ကယ်ပေးထားတာပဲ......."


*


တောအုပ်က တိတ်ဆိတ်ငြိမ်သက်နေပြီး အသံတစ်သံမှကို မကြားရခဲ့တော့။


အရပ်ရှည်ရှည် သားရဲတစ်ယောက်တည်းသာ သေးသွယ် နူးညံ့ကျိုးပဲ့လွယ်တဲ့ မိန်းမပျိုလေးတစ်ဦးကို ခေါ်ဆောင်၍ တောအုပ်ထဲသို့ လျှောက်ဝင်သွားလိုက်ခဲ့တယ်။


ဒါပေမယ့် တောတွင်းလမ်းက ကြမ်းပြီး ချိုင့်တွေ ခွက်တွေရှိနေခဲ့တယ်။ သေးသွယ်လှပတဲ့ မိန်းမပျိုလေးမှာ အလွန်ကို ခက်ခက်ခဲခဲ လမ်းလျှောက်နေရလေတယ်။ သူမလက်နှစ်ဖက်စလုံးအား သားရဲလူက ချည်နှောင်ထားတာကြောင့် သူမ ဟန်ချက်ညီညီ ထိန်းမထားနိုင်ခဲ့ပေ။ အမျိုးသားတွင်က ခြေတံရှည်ရှည်တွေရှိပြီး သူမကို တမင်သက်သက် မစောင့်ပေးတာကြောင့် သူမ သူ့အား အမှီမလိုက်နိုင်တော့ပေ။


"ရမ် ငါ့ကို လွှတ်ပေးဦး၊ ငါ လမ်းမလျှောက်နိုင်တော့ဘူး" ကျီရှောင်အုံး ထိုစကားကို အကြိမ်ရေတွက် ဘယ်လောက်တောင်မှ ပြောခဲ့မိလဲ သူမ မသိတော့ပေမဲ့ ရမ်ကတော့ ဘာမှမကြားတဲ့အတိုင်း သူမအား လျစ်လျူပဲ ရှုနေခဲ့တယ်။


အဖေနဲ့သားကို ပြောလိုက်တဲ့ စကားအနည်းငယ်ကလွဲလို့ သူ လုံးလုံး စကားမပြောခဲ့ပေ။


ကျီရှောင်အုံး သူမရှေ့ရှိ ကျယ်ပြန့်သော ကျောပြင်ကို စိုက်ကြည့်လိုက်ပြီး သူမ နှုတ်ခမ်းလေးတွေကို ရှေ့သို့စုဝိုင်းသွားလိုက်ကာ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့နာမည်ကို ခေါ်လိုက်တော့၏ "ရမ်!"


ရမ် မလှုပ်ရှားလိုက်ခဲ့ပေ။


ကျီရှောင်အုံးက မေးလိုက်တယ်။ "နင် ငါ့ကို ဘယ်တွေ ခေါ်သွားနေတာလဲ" 


ရမ် ကြိုးစ တစ်ဖက်ကိုယူကာ ရှေ့သို့ပဲ ဆက်သွားလိုက်ခဲ့တယ်။


"အီရစ်နဲ့ သူ့မျိုးနွယ်တွေက ဘာမှမလုပ်ထားဘူး သူတို့ကို အန္တရာယ်မပေးပါနဲ့"


ကျီရှောင်အုံး သူ သူမအား ဆက်လက်ပြီး လျစ်လျူရှုထားတာကို မြင်လိုက်တော့ သူမ အနည်းငယ် စိုးရိမ်သွားကာ သူမ၏သေစေနိုင်တဲ့မျည်းကြောင်းအား မတတ်သာတော့ဘဲ ကျင့်သုံးလိုက်ရတော့တယ်။ "တကယ်လို့ နင်သဘောမတူရင် ငါ အခုပဲ အိမ်ပြန်လိုက်မယ်"


ရမ် နောက်ဆုံးတော့ ရပ်တန့်သွားလိုက်တယ်။ သူ့လက်ဖမိုးရှိ သွေးပြန့်ကြောတွေက ရုတ်ခြည်း ခုန်တက်သွားလိုက်ပြီး ကျီရှောင်အုံးကို လှည့်ကြည့်လိုက်ခဲ့တော့တယ်။


ကျီရှောင်အုံးက သူမ နှုတ်ခမ်းသားကို ကိုက်လိုက်ပြီး အဓိကအကြောင်းရင်းကို စတင်လိုက်တာကနေ လွတ်မြောက်ချင်ပေမဲ့ သူမ ကျည်ဆန်ကို ကိုက်ထားဆဲဖြစ်ပြီး "ဒါက နင်တို့ရဲ့သဘာဝစည်းမျဉ်းပဲဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အီရစ်က သူငယ်ချင်းတစ်ယောက်လေ နင် ဒဏ်ရာရတဲ့အချိန်တုန်းက သူလည်း နင့်ကို ကူညီပေးခဲ့တာပဲမလား...... "


သူမ စကားမဆုံးသေးခင်မှာပဲ ရမ်က သူမအနားကို ရောက်လာလိုက်ပြီး သူ့တည်ရှိမှုက ကျီရှောင်အုံးအား မသိစိတ်ကနေ သူ့အလိုလို နောက်ပြန်ဆုတ်သွားစေခဲ့တယ်။


ရမ် သူမအပေါ် သူ့ကိုယ်ကို အနည်းငယ်လေး ကိုင်းညွှတ်လိုက်ပြီး နောက်ဆုံးတွင် သူမအား သူ့ရဲ့ပထမဆုံးစကား ပြောထွက်လိုက်ပါတယ်၊ "မင်း ဘာပြောလိုက်တာလဲ"


ကျီရှောင်အုံး ရုတ်တရက် မိမိကိုယ်မိမိ သတိကပ်သွားလိုက်ပြီး သူမ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေလိုက်ခဲ့တယ်။ "အီရစ်က သူငယ်ချင်း...


"ရှေ့က စာကြောင်း" ရမ်က တည်ငြိမ်စွာ သတိပေးလိုက်၏။


ကျီရှောင်အုံးက တအောင့်လောက် စဉ်းစားလိုက်ပြီး သူမနှုတ်ခမ်းသားတွေကို ညင်ညင်သာသာ သပ်လိုက်ပြီး ဖြေးညင်းစွာ ပြန်ထပ်ပြောလိုက်တယ်။ "တကယ်လို့ နင်သဘောမတူရင် ငါ အခုပဲ အိမ်ပြန်လိုက်မယ်"


  The End...