အပိုင်း (၆၈)
"မင်း ဒီစကားတွေကို ထပ်ဖော်ပြရဲမယ်ဆို ငတုံးသမင်နဲ့ သူ့မျိုးနွယ်စုကို အမြစ်ဖျက်ဖို့ ငါ ဝင်းတားကို လုပ်ခိုင်းလိုက်မယ်"
"... "
ရမ်က ပြောလို့ပြီးတာနဲ့ သူက ကျီရှောင်အုံးကို ရှေ့ကို ခေါ်ဆောင်သွားလိုက်တော့တယ်။
ဒါပေမယ့် သူ့ခြေလှမ်းက အရမ်းကျယ်ပြီး ကျီရှောင်အုံး ခြေလှမ်းက လိုက်မှီဖို့ အရမ်းကျဉ်းနေခဲ့တယ်။ သူမ လမ်းပေါ်မှာ ထိုးထွက်နေတဲ့ ကျောက်တုံးတစ်တုံးပေါ် မတော်တဆ နင်းမိကာ ခလုတ်တိုက်မိသွားလိုက်ပြီး ဒယိမ်းဒယိုင်ဖြစ်သွားတော့တယ်။
ကြိုးက သူမလက်ကောက်ဝတ်ကို ဆောင့်ဆွဲမိသလိုဖြစ်သွားလိုက်ကာ သူမ သိသိသာသာကိုပဲ စစ်ခနဲ အော်မြည်လိုက်တော့တယ်။
ကြမ်းတမ်းတဲ့ကြိုးက သူမရဲ့လက်ကောက်ဝတ်တွေကို တင်းကြပ်စွာ ရစ်ပတ်ထားလိုက်ပြီး ကြိုးက စိုးစဉ်းမျှပင် လစ်လပ်တဲ့နေရာ ရှိမနေခဲ့ပေ။ ဒီလိုမျိုး အချိန်တော်ကြာပြီးသည့်နောက် သူမလက်တွေ နာလာခဲ့တယ်။
ပြီးတော့လည်း သူမအသားအရေက နူးညံ့တာမို့ ဒီလို ကြမ်းကြမ်းရမ်းရမ်း ပြုမူခံရတာအား မခံနိုင်ခဲ့ပေ။ မကြာမီ သူမ၏လက်ကောက်ဝတ်တွင် အနီရောင်ကွင်း နှစ်ကွင်းပေါ်လာခဲ့ပြီး သူမ၏နူးညံ့တဲ့အသားပေါ်မှာ သိသိသာသာကိုပဲ ထင်သာမြင်သာ ဖြစ်လာလိုက်ခဲ့ပါတယ်။
ရမ်က သူမအသံကို ကြားလိုက်ရပြီး အနည်းငယ် ရပ်တန့်သွားလိုက်တယ်။
ကျီရှောင်အုံးက သူမကိုယ်ကို ပြန်ထိန်းလိုက်ပြီး မကျေမနပ်တဲ့အသံ တစ်ခွန်းမျှမဟဘဲ သူ့နောက်ကျောကို ကြည့်ရှုလိုက်ခဲ့တယ်။
သူမကို သူ စိတ်ဆိုးနေမှန်း သူမ သိတာမို့ သူမ မကျေမနပ်ဖြစ်တဲ့အကြောင်း တစ်ခွန်းမှ ဟမလာခဲ့တော့ပါဘူး။
လွန်ခဲ့တဲ့ သုံးနှစ်တည်းက သူမ သူ့ကို ပစ်ထားလိုက်ခဲ့သင့်တာ။
အခု သူမ အဲဒီအကြောင်းကို စဉ်းစားကြည့်တော့ ပိုကောင်းအောင် ဖြေရှင်းလို့ရနိုင်လောက်ပေမဲ့ သူမတို့တွေအကောင်းဆုံးတစ်ခုကို ရွေးချယ်ခဲ့ကြတာပဲလေ။
ဒီကုန်လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း သူမ အများကြီး တွေးတောခဲ့တယ်။ သူမ ရမ့်အပေါ်ထားတဲ့ သူမ၏ခံစားချက်တွေကိုလည်း တွေးတောပြီးရင်း တွေးတောလိုက်ခဲ့ပါတယ်။
— သူမ သူ့ကို သဘောကျတယ်။
"မဟုတ်ဘူး"လို့ သူရဲ့ပါးစပ်ကနေ တည်ငြိမ်စွာနဲ့ ပြောလိုက်တာကို သဘောကျတယ်။
သူ မျက်မှောင်ကြုတ်နေပြီး သူမအတွက် မချက်တတ်ချက်တတ်နဲ့ ငါးစွတ်ပြုတ်ချက်ဖို့ ကြိုးစားနေတာကိုလည်း သဘောကျတယ်။
သူ သူ့လျှာကို ထုတ်ပြီး သူမပါးပြင်ကို လျက်တာကိုလည်း သဘောကျတယ်။
သူ သူမကို နမ်းတာကိုလည်း သဘောကျတယ်။
သူ သူမကို သူ့ရင်ခွင်ထဲ ပွေ့ချီပြီး "ဒါ ငါ့ 'အိမ်ထောင်ဖက်' ပဲ" လို့ပြောတာကိုလည်း သဘောကျခဲ့တယ်။
. . .
သူမ သူ့ကို အရမ်းသဘောကျတယ်၊ သူမ လုံးလုံး ဖုံးကွယ်ထားနိုင်ဖို့ မျှော်လင့်ထားတာထက်ကို အများကြီးပို သဘောကျတယ်။
သူမ သူမရဲ့ကမ္ဘာကို ပထမဆုံးပြန်ရောက်လိုက်ကတည်းက ညတိုင်းညတိုင်း သူမမျက်လုံးတွေကို မှိတ်လိုက်တိုင်းပဲ သူ ရှိနေခဲ့တယ်။
အဲဒီအချိန်တုန်းက သူမ အဲဒါတွေကို တွေးတောလိုက်ရင်း အချိန်တွေတဖြည်းဖြည်း ကုန်လွန်လာတာနဲ့အမျှ သူ့ပုံရိပ်က မထင်ရှားမရှား ဖြစ်မလာခဲ့ဘဲ ပိုလို့ ပိုလို့ပင် ကြည်လင်ထင်ရှားလာခဲ့တာကို လိပ်ပြာမလုံတော့သလို ဖြစ်လာခဲ့တယ်။
သူ့မှာ ချို့ယွင်းချက် တော်တော်များများရှိနေပေမဲ့လည်း သူက လူမဆန်အောင် ရက်စက်ကြမ်းကြုတ်ပေမဲ့လည်း အကြင်နာမဲ့ပြီး ကျိုးကြောင်းဆီလျော်မှုမရှိပေမဲ့လည်း သူမ သူ့ကို သဘောကျဖို့ မတုံ့ဆိုင်းတုန်းပင်။
အဲဒါကြောင့် သူမ ကမ္ဘာနှစ်ခုကြား လွတ်လပ်စွာ ဖြတ်သန်းနိုင်လောက်မယ်လို့ သိလိုက်ချိန် သူမ ပြန်လည်ဆုံစည်းဖို့ ပြင်ဆင်လိုက်ခဲ့တာပဲ။
ဒီကမ္ဘာကြီးဟာ ဘယ်လောက်တောင် ယုတ္တိမဲ့ပြီး ရူးသွပ်ဖွယ်ကောင်းလဲ သိနေတာတောင် သူမ ဒီကိုပဲ ပြန်လာခဲ့တယ်။
'ဘာလို့ဆို သူ ဒီနေရာမှာ ရှိနေလို့ပဲ'
ဒါပေမယ့် သူမ တကယ်လည်း ပြန်လာပြီးရော သူ့ကိုထပ်တွေ့ရဖို့ သူမ အရမ်းကြောက်နေခဲ့တယ်။
ဒီခံစားချက်က အတိတ်ကိုပြန်တသသဖြစ်ဖို့ တွန့်ဆုန်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
ကျီရှောင်အုံး သူတို့ပြန်ဆုံတဲ့ မြင်ကွင်းပေါင်းများစွာကို တွေးတောမြင်ယောင်ခဲ့ဖူးတယ် ဒါပေမဲ့ သူမက ကြိုးနဲ့အချည်ခံရပြီးတော့ "သားကောင်"လို ဆက်ဆံခံရတဲ့ မြင်ကွင်းမျိုးကိုတော့ မမြင်မိခဲ့ပေ။
. . .
ရမ်က သူမကို ဘယ်နေရာခေါ်သွားမှန်း သူမ မသိပေမယ့် သူမတို့နှစ်ယောက် နှစ်နာရီကျော်ကျော်လောက် လမ်းလျှောက်လာခဲ့ပြီးတာတောင် မရပ်ရသေးပေ။
သူမ၏ခြေထောက်များ နာကျင်နေပြီး သူမ၏ လက်ကောက်ဝတ်တွေက ကြိုးချည်ခံရလို့ ပေါက်ပြဲနေလေပြီ။ အဲဒီမကျေနပ်ချက်တွေက တဖြည်းဖြည်း ကြီးထွားလာပြီး သူမ တိတ်ဆိတ်စွာ ပြောလိုက်တော့၏။ "ရမ် ငါ လမ်းမလျှောက်နိုင်တော့ဘူး......."
ရမ်က သူမပြောတာကို မကြားလိုက်ရသလိုပင်။
သူမ လက်နှစ်ဖက်ကို သူမခေါင်းပေါ်တင်ကာ သူမမျက်လုံးတွေကို ပွတ်သပ်လိုက်ရင်း မသိစိတ်ကနေ အလိုလိုက်ခံရတဲ့ နွဲ့ဆိုး ဆိုးနေတဲ့ကောင်မလေး လေသံဖြင့် ပြောလိုက်မိတယ်။ "နင်ငါ့ကို လွှတ်ပေးလို့ရမလား"
သူမ ပြောလိုက်၏ "ငါ ဒီတစ်ခါတော့ ထွက်မပြေးတော့ပါဘူး....."
*
ရမ် နောက်ဆုံးတွင် ချောက်ကမ်းပါးတစ်ခုအောက်တွင် ရပ်တန့်သွားလိုက်တယ်။
ကျီရှောင်အုံး ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလိုက်ခဲ့တယ်။ ထူထပ်ပိတ်သည်းတဲ့ တောအုပ်ကြီးက သူမကို ပတ်ပတ်လည် ဝိုင်းရံထားပြီး တောတောင်အထပ်ထပ်က ချောက်ကမ်းပါးကို ကျော်လွန်နေခဲ့တယ်။ ဘယ်ဘက်တွင် စမ်းချောင်းတစ်ခုရှိပေမဲ့ ဘာမှထူးထူးခြားခြား မရှိပေ။ သူ သူမကို ဒီနေရာကို ခေါပြီး ဘာလုပ်တာလဲ။
သူမ ပါးစပ်ကို ဖွင့်ဟခါနီးဆဲဆဲမှာပဲ ရမ်က သူမအား လှိုဏ်ဂူတစ်ခုရဲ့ ဝင်ပေါက်ဆီ ခေါ်ဆောင်သွားခဲ့၏။
လှိုဏ်ဂူပေါက်ဝတွင် ကျောက်တုံးတွေ အပုံလိုက် စုပုံနေပြီး ရမ်က သူ့ခြေထောက်ကို မြှောက်ကာ ကျောက်တုံးတွေကို ဘေးဘက်ကို ကန်ထုတ်ပစ်လိုက်ပြီး သူမကို အထဲကို ခေါ်ဆောင်သွားခဲ့လိုက်တယ်။
လှိုဏ်ဂူက အလွန်ကျယ်ဝန်းပြီး ပုံမှန်ထက် ပိုကြီးမား၏။ မြေသားက ပြန့်ပြူးပြီး နံရံတွေ သန့်ရှင်းနေလေတယ်။ ဒါက သဘာဝအတိုင်း မဟုတ်ဘဲ တမင်သက်သက် တည်ဆောက်ထားတာပဲ။ အထဲတွင်တော့ အောက်ဘက်တွင် အနည်းငယ်ပိုသေးတဲ့ လိုဏ်ဂူတစ်ခုရှိနေ၏။ အလင်းရောင်က မှိန်ဖျော့ပေမဲ့ သပ်သပ်ရပ်ရပ်လည်း ဖြစ်နေလေတယ်။
သို့ပေမဲ့လည်း ဒါက ကျီရှောင်အုံး ဒီလောက် အံ့သြသွားသင့်ရမဲ့အရာ မဟုတ်ပေ။
လှိုဏ်ဂူက သေသပ်သပ်ရပ်တဲ့ ပရိဘောဂများ၊ စားပွဲများ၊ ကုလားထိုင်များ၊ ဗီဒိုများ၊ အိပ်ရာများဖြင့် ခင်းကျင်းထားခဲ့တာပဲ....
လှိုဏ်ဂူထောင့်မှာ မီးဖိုတစ်ခုတောင် ဆောက်ထားလိုက်သေးတယ်။
ဒါပေမယ့် မီးဖိုက အချိန်အတော်ကြာအောင် အသုံးမပြုရသေးဘဲ မီးဖိုခုံပေါ်မှာ ထူထဲတဲ့ ပင်ကူမျှင်အလွှာထူကြီးတစ်ခု ရှိနေပြီး ပင့်ကူကြီးတစ်ကောင်ကလည်း လဲလျောင်းနေခဲ့တယ်။
ပင့်ကူက လှုပ်ရှားသံကို ကြားလိုက်ရတော့ အနည်းငယ် လှည့်လိုက်ခဲ့တယ်။
ကျီရှောင်အုံးက ရမ်ရဲ့အနောက်မှာ သွားပုန်းလိုက်တော့တယ်။
"ရမ်... ဒါက ဘယ်နေရာလဲ" သူမ မေးလိုက်ပေမဲ့ တကယ်တော့ သူ့မရင်ထဲမှာတော့ အဖြေတစ်ခုရှိနေခဲ့ပါတယ်။
ဂူအတွင်းတွင် သူမ လက်နဲ့ချုပ်ထားတဲ့ ခြုံစောင်နှစ်ထည်ပါတဲ့ အိပ်ရာတစ်ခုရှိနေခဲ့ပါတယ်။
ကျီရှောင်အုံး စကားမပြောနိုင်တော့ဘဲ သူမ လည်ချောင်းထဲတွင် ငါးရိုးတစ်ချောင်း ကပ်နေလိုက်သလို ခံစားရလိုက်ကာ တစ်ဆို့သွားခဲ့ပါတယ်။ အချဉ်ရည်ကြောင့် ပျော့ပျောင်းလာခဲ့လိုက်ပြီး နာကျင်မှုနှင့်အတူ အချဉ်ဓာတ်က သူမအစာအိမ်ထဲကို သွန်လောင်းလိုက်ခဲ့ပါတယ်။
ရမ်က သူမမေးခွန်းကို မဖြေဘဲ ကြိုးစအဆုံးအား နံရံတွင် ချည်လိုက်ခဲ့ပြီး အဲဒီနောက် အပြင်ဘက် ထွက်သွားခဲ့တယ်။
ခဏကြာလိုက်ပြီးနောက် သူ ဆိတ်တစ်ကောင်နဲ့ ပြန်ရောက်လာခဲ့ပါတယ်။
သူ မော့ကြည့်လိုက်တော့ ကျီရှောင်အုံးက နေရာမှာတင် ရပ်နေတာကို တွေ့လိုက်ရပြီး သူမရဲ့ မျက်လုံးတွေက ပင့်ကူကြီးကို စိုက်ကြည့်နေခဲ့တယ်။
ရမ်က ကြိုးကို ချည်ထားခဲ့တာကြောင့် သူမ ဝေးဝေးမသွားနိုင်လိုက်ပဲ ပင့်ကူက သူမခေါင်းပေါ် တက်တာကို ကြည့်ရှုနေလိုက်ရင်း ကျီရှောင်အုံး၏မျက်လုံးတွေက လျင်မြန်စွာဖြင့် ရဲရဲနီလာပြီး သူမ ငိုချလုနီးပါးဖြစ်နေခဲ့တယ်။
ရမ်က ဆိတ်ကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး သူမဆီ သွားလိုက်ခဲ့တယ်။ သူ ကြိုးအား နံရံပေါ်ကနေ ဖြည်လိုက်ခဲ့၏။
ပင့်ကူက ရမ့်ကို ထိတွေ့လိုက်ပြီးနောက် နာခံမှုရှိစွာနဲ့ လှိုဏ်ဂူထောင့်ရှိ ပင့်ကူအိမ်သို့ ပြန်သွားလိုက်ခဲ့၏။
ကျီရှောင်အုံးက သူမမျက်လုံးတွေကို မော့လိုက်ပြီး မေးလိုက်တယ်။ "ရမ် နင် ငါ့ကို ဘယ်လောက်ကြာကြာ ချည်နှောင်ထားဦးမှာလဲ "
ရမ်၏အသံက ပေါ့ပါးနေခဲ့တယ်။ "မင်း နောက် ဘယ်တော့မှ ထွက်မပြေးတော့မချင်း"
"ငါ ထွက်မပြေးတော့ပါဘူး"
"ဒါဆိုလည်း ကြိုးဖြည်နေဖို့ မလိုတော့ဘူးပေါ့" သူ ပြောလိုက်၏။
ကျီရှောင်အုံး : " ..."
ရမ့်ကို ကြည့်ရတာ သူ့နှလုံးသားကို သံပူလိုမာကျောထားပုံရပြီး သူမကို ဖြည်မပေးလိုက်ခဲ့ပေ။ ဒီလိုပြောလိုက်ပြီးနောက် သူ ဆိတ်အမွေးတွေနဲ့ အူတွေကို သန့်ရှင်းဖို့ ဘေးသို့ သွားလိုက်ခဲ့၏။
ဂူထဲတွင် ထင်းခြောက်တွေ ရှိနေခဲ့ပြီး ဆိတ်တွေကို သန့်ရှင်းအောင်လုပ်ပြီးသွားတော့ ရမ် မီးမွှေးလိုက်ကာ ဆိတ်တကောင်လုံးကို မီးထဲထည့်လိုက်ခဲ့တယ်။
မီးတောက်တွေက တဖျစ်ဖျစ် တောက်လောင်နေပြီး ကျီရှောင်အုံး ခဏလောက် တွေးတောလိုက်ခဲ့ပြီး ရမ့် နဲ့ဆန့်ကျင်ဘက်မှာ ထိုင်ဖို့ လမ်းလျှောက်သွားတယ်။
သူမ ဘေးကနေ ဖြတ်သွားလိုက်တော့ ရမ်ရဲ့ မျက်ခုံးရိုးတွေက အနည်းငယ် တွန့်ခေါက်လို့သွားလိုက်တယ်။
ရမ် ပြန်ရောက်လာတုန်းက ဟင်းခတ်အမွှေးအကြိုင်လုပ်ဖို့ အပင်တစ်ချို့နဲ့ ဘယ်ရီသီးတွေ ခူးဆွတ်လာခဲ့တယ်။ အသီးတွေအား သူ့လက်သည်းတွေနဲ့ အရည်ထွက်အောင် ညှစ်ထုတ်လိုက်ပြီး ဆိတ်ကောင်လုံးကင်ရဲ့ အရေခွံပေါ် နှံ့အောင်သုတ်လိုက်ခဲ့တယ်။
မကြာခင်မှာပဲ ဆိတ်ကင်ရနံ့က လေထုတဲကို ပြည့်နှက်သွားလိုက်ခဲ့တော့၏။
ကျီရှောင်အုံး တစ်နေကုန်တစ်နေခမ်း လမ်းလျှောက်လာရလို့ ဗိုက်ဆာနေပြီဖြစ်တယ်။ ဒီအနံ့က သည်းမခံ နိုင်လုနီးပါးဖြစ်နေခဲ့တယ်၊ နို့တိုက်သတ္တဝါတွေကလည်း လူသားအသွင် ဖြစ်တည်နိုင်တယ်လို့ တွေးတောလိုက်ပေမဲ့ သူမရှေ့ရှိ ဆိတ်ကောင်လုံးကင်က စကားပြောတတ်တဲ့ သားရဲလူတစ်ဦး ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးကို သူမ ချက်ချင်းပယ်ချလိုက်တော့၏။
ရမ် သူ့ခါးကြားမှ ကျောက်ဓားတစ်ချောင်းကို ထုတ်လိုက်ကာ ဆိတ်ကင်ရဲ့ အပိုင်းအစတစ်ခုကို လှီးဖြတ်ကာ စတင်စားသောက်လိုက်ခဲ့တယ်။
ကြွယ်ဝတဲ့ သင်းရနံ့က ကျီရှောင်အုံး၏နှာခေါင်းဝကို အဆက်မပြတ် တိုးဝင်ရောက်လာလိုက်ပြီး သူမ သူမလက်တွေကိုပဲ စိုက်ကြည့်၍ 'သူမ ဗိုက်မဆာဘူး သူမ လုံးဝဗိုက်မဆာဘူး'လို့ပဲ တိတ်တိတ်ဆိတ်ဆိတ် တွေးနေလိုက်တော့တယ်။
ဒါပေမယ့် သူမဗိုက်က သူမကို သစ္စာဖောက်လိုက်၏။
သူမဗိုက်ကနေလာတဲ့ ကျယ်လောင်တဲ့ အော်မြည်သံတစ်ခု ထွက်ရှိလာလိုက်ပြီး ကျီရှောင်အုံးရဲ့ နားရွက်တွေ နီမြန်းသွားတော့တယ်။ သူမ ရမ့်အား အနည်းငယ်မကျေမချမ်းဖြစ်စွာနဲ့ အနည်းငယ်လေး သနားစဖွယ်ကောင်းစွာနဲ့ လှမ်းကြည့်လိုက်ခဲ့တယ်။ သူတို့က သူမရှေ့မှာ သူ စားသောက်နေတာကို စေဒကတက်နေသည့်ပုံနှယ်ပင်။
"စားချင်လား" ရမ်က မီးပုံကို ဖြတ်ကာ သူ့မျက်လုံးတွေအား မမော့ဘဲ ပြောလိုက်၏။
ကျီရှောင်အုံး ခေါင်းညိတ်လိုက်ခဲ့တယ်။
ရမ်၏ အသံက နိမ့်ဆင်းသွားလိုက်ပြီး "ဒီကို လာခဲ့"
ကျီရှောင်အုံး ရွေးချယ်စရာမရှိဘဲ မတ်တပ်ထရပ်လိုက်ရပြီး ရမ့်ဘေးနားတွင် သွားထိုင်လိုက်ခဲ့တယ်။ သူမလက်တွေကို မြှောက်လိုက်ပြီး ပြောလိုက်တယ်။ "နင် ငါ့ကို ကြိုးဖြည်ပေးမှ ရမယ်.. ငါ ဘာမှစားနိုင်မှာမို့ဘူး...."
သူမ၏အသံ ရပ်တန့်သွားလိုက်ချိန် ရမ်က ဆိတ်ခြေထောက်မှ ကျက်နေတဲ့ အသားတစ်ပိုင်းအား စိတ်ယူ၍ သူမပါးစပ်နားသို့ မြှောက်ထားပေးလိုက်ခဲ့တယ်။
ကျီရှောင်အုံး: " ..."
သူမ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ပြီး အဲဒီနောက် သူမပါးစပ်ကို ဖွင့်ကာ အသားပိုင်းအား စားလိုက်ခဲ့တော့တယ်။
ဒီကမ္ဘာကြီးအား တောအုပ် ဥပဒေနဲ့ စိုးမိုးအုပ်ချုပ်ခဲ့သည်ဆိုတည်းက ဒါကို စားလိုက်လို့လည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ သူမ တွေးတောလိုက်ခဲ့တယ်။
ရမ့်ကို သူမလက်ခံလိုက်သလိုပဲ သူ့ဘဝနေထိုင်မှုပုံစံကိုလည်း သူမ လက်ခံရတော့မှာပင်။
" ထပ်ပေးဦး" ဒီလိုမျိုး ကိုယ့်ဘာသာ ဖြေသိမ့်လိုက်ပြီးနောက် ကျီရှောင်အုံး အတားအဆီးတော်တော်များများအား ဖယ်ထုတ်ပစ်နိုင်ခဲ့လိုက်ပါတယ်။ သူမ ပါးစပ်ထောင့်စွန်းတွေကို လျှာနဲ့ သပ်လိုက်ပြီးတော့ ရမ့်ကို ကြည့်ရှုလိုက်ခဲ့တယ်။
သူမ၏ပန်းရောင်လျှာဖျားက နှုတ်ခမ်းသားတစ်ခုလုံးကို အပြောင်သပ်လိုက်တာကို ရမ် စိုက်ကြည့်လိုက်ခဲ့၏။ အဲဒီနောက် သူ့အကြည့်ကို ပြန်ယူလိုက်ပြီး နောက်ထပ်တစ်ပိုင်းကို ဖြတ်ပေးလိုက်ခဲ့တယ်။
ကျီရှောင်အုံး သူမစားနေရင်း ကသိကအောက်ဖြစ်နေပေမဲ့ ရမ် က သူမကို ကျွေးလာတဲ့အချိန် သူမ ပါးစပ်ကိုဖွင့်ကာ စိတ်ကောက်နေတဲ့ ကြောင်ပေါက်လေးတစ်ကောင်လို ပါးလေးဖောင်းကာ ဝါးစားလိုက်ခဲ့တယ်။
ဒါပေမယ့် ကြောင်ပေါက်လေးရဲ့ အစာစားချင်စိတ်က မကြီးမားခဲ့ဘဲ မကြာခင်မှာပဲ သူမက သူမခေါင်းကို ခါရမ်းလိုက်ပြီး "ငါ ဗိုက်ဝပြီ"
ရမ် ပြောင်အောင် မစားရသေးတဲ့ ခြေထောက်ကို တစ်ချက်ကြည့်လိုက်ခဲ့၏။
သူ ဘာမှပြန်မပြောဘဲ ဂူကို ထပ်မံသန့်ရှင်းရေးလုပ်ကာ အနားယူလိုက်ခဲ့တယ်။ ဒီတစ်ခါတော့ အပြင်ဘက်တွင် နေ့အချိန်ကနေ ညဘက်သို့ ကူးပြောင်းသွားပြီဖြစ်၏။
ချိုင့်ဝှမ်းသည် တိတ်ဆိတ်နေခဲ့ပြီးသားဖြစ်ရာမှ ညမိုးချုပ်ပြီးနောက် ပိုလို့ပင် သိသာထင်ရှားလာပါတယ်။
ညသည် အုပ်ဆိုင်းသိပ်သည်း ကြီးမားစွာနဲ့ မှင်ရည်စိမ်ထားသော စာလိပ်တစ်လိပ်လို တောင်ကြားကို ဖုံးလွှမ်းသွားတော့တယ်။
ကျီရှောင်အုံးက အပြင်ဘက်မှာ မှောင်နေတာကို မြင်လိုက်ရပြီး ရမ်က သူမကို အခုထိ ကြိုး မဖြည်ပေးခဲ့ပေ။ သူမ အနည်းငယ်လေး စိတ်သောကရောက်သွားလိုက်တယ်။ သူမ လေးငါးနာရီကြာအောင် ကြိုးချည်ခံထားရပြီး သူမ အနည်းငယ်လေး ဒေါပွနေပြီဖြစ်တယ်။
ဒါမှမဟုတ် သူ သူမကို တမင်ရည်ရွယ်ပြီး ကြိုးချည်ထားခဲ့တာ တကယ်ပဲလား။
သူ ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ။
ကျီရှောင်အုံး ဒီအကြောင်းကို လျင်မြန်စွာ တွေးတောလိုက်မိလိုက်တယ်၊ ရမ် လှည့်ကြည့်လိုက်ချိန်မှာတော့ သူမက စားပွဲပေါ်ရှိ မြေအိုးကို ယူလိုက်ခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။
ကျပေါက်ကွဲသံ တစ်ခုနှင့်အတူ အိုးကား ကွဲသွားတော့၏။
ရမ် လှည့်ကြည့်လိုက်ချိန် ကျီရှောင်အုံးက သူမ လက်တွေကို မြှောက်၍ ဂူအလယ်မှာ မတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်၊ "ရမ် ငါ့လက်တွေ ထုံနေတယ်။ နင် ကြိုး ဖြေပေးပါလား"
ရမ်: "..."
"တကယ်လို့ လက်တွေကို အကြာကြီး အချည်ခံရရင် သွေးပြန့်ကြောတွေ ပိတ်ဆို့ပြီးတော့ ငါ့ လက်တွေ ပျက်စီးသွားလိမ့်မယ်" သူမ ပြောလိုက်၏။
ရမ် မသိစိတ်ကနေ သူမလက်တွေကို အလိုလို ကြည့်မိသွားလိုက်တယ်။
"ငါ ထမင်းလည်း ချက်လို့ရမှာ မဟုတ်တော့ဘူး စာလည်းရေးနိုင်မှာ မဟုတ်တော့ဘူး ယမ်းမှုန့်တွေလည်း လုပ်နိုင်မှာမဟုတ်တော့ဘူး......... ငါ နင့်ကို ဖက်လို့လည်း ရမှာ မဟုတ်တော့ဘူး"
. . .
*
လက်တွေက အကြာကြီး ချည်နှောင်ခံထားရတာကနေ လွတ်မြောက်သွားလိုက်ပြီးနောက် ကျီရှောင်အုံး၏ လက်ကောက်ဝတ်တွေက ပွတ်တိုက်မိသွားလိုက်ပြီး နီမြန်းကာ ပွန်းသွားခဲ့တယ်။
ပွန်းရာတွေက နက်ပြီး အပြာရောင်ပင် သန်းနေလေတယ်။
ကျီရှောင်အုံး၏ အသားအရေက နုနယ်တာကြောင့် ကြည့်လိုက်ရင် ပိုလို့တောင် ထိတ်လန်စရာကောင်းနေခဲ့တယ်။
ရမ်၏လက်ချောင်းတွေက ကြိုးကွင်းရာတွေကို ညင်သာစွာ ထိတွေ့ခဲ့လိုက်ပြီး၊ ကျီရှောင်အုံးက လက်တွေကို ဆတ်ခနဲ အဝေးကို ပြန်ဆွဲလိုက်လိုက်ပြီး အော်လိုက်တယ် "ဟေး နာတယ်ဟ"
ရမ် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဘာတုံ့ပြန်မှုမှ မပေးပေမဲ့ သူ့လက်ရဲ့ အားကတော့ ပေါ့သွားလိုက်တယ်။ သူ သူ့မျက်လုံးကို မော့လိုက်ပြီး သူမအား မေးလိုက်၏ "မင်း ဘာလုပ်ချင်တယ်လို့ ပြောလိုက်တာလဲ"
ကျီရှောင်အုံးက အဲဒီစကားကို တွေးတောလိုက်ပြီးတော့ တမင်တကာ မေးလိုက်တယ် "နင် ဘာကိုဆိုလိုတာလဲ"
ရမ်က မဖွင့်ဟဘဲ ဆိတ်ဆိတ်သာနေပြီး သူမကို စူးစိုက်ကြည့်လိုက်ခဲ့တယ်။
ကျီရှောင်အုံး သူ့ဒေါသကို ကြောက်ပြီး ပုန်းကွယ်နေတဲ့ သူ့ဒေါသတွေကို မြင်လိုက်ရတယ်။ သူမ သူ့ကိုလုံလောက်အောင် စိုက်ကြည့်ပြီးတဲ့နောက် ကိုယ်ကို မတ်ကာ သူမလက်တွေကို မြှောက်လိုက်ပြီး သူ့လည်ပင်းတွင် ရစ်ပတ်ကာ လက်ချောင်းတွေကို သူ့လည်ပင်းနောက်တွင် တင်ထားလိုက်၍ သူမ သူမရဲ့နူးညံ့တဲ့ ပါးပြင်နဲ့ သူ့မေးစေ့ကို ညင်သာစွာ ပွတ်တိုက်လိုက်ရင်း "ငါ အခုနက နင့်ကို လိမ်ပြောလိုက်တာ"
"... "
ကျီရှောင်အုံးက ပြောလိုက်တယ်။ "ငါ နင့်ကို ထပ်ပြီး မထားခဲ့တော့ပါဘူး" သူမ ဆိုလိုတာက "အိမ်ပြန်မယ်" ဆိုပြီး ခြိမ်းခြောက်တာကို ပြောချင်တာဖြစ်တယ်။
"ငါ တောင်းပန်ပါတယ်" သူမရဲ့ တစ်ကိုယ်လုံးက လစ်လပ်တဲ့နေရာ လုံလုံးမရှိတော့လောက်အောင်ကို သူ့အား တောက်တဲ့လို ကပ်တွယ်ထားပြီး သူမ ပြောလိုက်၏။ "ဒါပေမယ့် နင်လည်း မမှန်ဘူးလေ...အာ။ နင် နဲ့ ဝင်းတားက ငါ့ကို လိမ်ပြောလိုက်တော့ ငါ လည်းနောက်ထပ် ဘာတွေးလို့ တွေးရမှန်း မသိတော့တာ။ ငါ မှားတယ်ဆိုတာ ဝန်ခံပါတယ် ဒါပေမယ့် နင်က ငါ့ကို အိမ်ထဲမှာ ပိတ်ထားပြီး တစ်နေ့လုံးလုံး အပြင်ထွက်ခွင့်လည်း မပေးဘူး။ ငါ့အမေ နေမကောင်းဖြစ်နေတာ နင်က ငါ့ကို အိမ်ပြန်ခွင့်မပြုဘူး ပြီးတော့...." သူမ ဒီနေရာတွင် ခဏရပ်တန့်သွားလိုက်တယ် ဘာလို့လဲဆိုတော့ အဲဒါတွေက အရမ်းကောင်းတဲ့ အမှတ်တရတွေ မဟုတ်တာပဲ "... ဘာပဲဖြစ်ဖြစ် နင်လည်း မှားတယ်"
"မင်း ဘာလို့ပြန်လာတာလဲ" ရမ်က ထိုမှတ်ချက်ကို မပြောမီ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပါတယ်။
ကျီရှောင်အုံးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူမျက်တောင်တွေက သူမပါးပြင်ပေါ်ဖြတ်ကာ လွှဲရိုက်လိုက်တယ်၊ "နင်ပဲ ငါ့ကို နင့်ရဲ့ 'အိမ်ထောင်ဖက်' အဖြစ် လိုက်မယ်လို့ ပြောခဲ့တာမလား။
"... "
ကျီရှောင်အုံးက သူ့လည်ပင်းပေါ်က သူမလက်တွေကို ဖြည်လျော့လိုက်ပြီး သူမရဲ့ နက်မှောင်တဲ့မျက်လုံးတွေက သူ့ကို စူးစူးစိုက်စိုက် မော့ကြည့်လိုက်ခဲ့ကာ သူမ ပြတ်သားစွာ ပြောလိုက်၏။ "အခု ငါ နင့်ကို ကတိပေးနိုင်ပြီ"
. . .
. . .
နောက်အခိုက်အတန့်တွင်တော့ သူမ ဇောက်ထိုးကျဆင်းသွားလိုက်ကာ သူ့တစ်ကိုယ်လုံးအောက်မှာ အဖိခံလိုက်ရတော့တယ်။ သူမ မတုံ့ပြန်နိုင်သေးခင်မှာပဲ သူက ကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး သူမနှုတ်ခမ်းသားတွေကို နမ်းရှိုက်လိုက်တော့တယ်။
ကျီရှောင်အုံး၏လက်တွေက သူ့ရဲ့ တင်းကြပ်စွာ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရပြီး ဒဏ်ရာရနေတဲ့ လက်ကောက်ဝတ်တွေက ကုတင်ပေါ် ဖိချခြင်းခံလိုက်ရကာ သူမ မျက်မှောင်ကြုတ်မိ သွားလိုက်တော့တယ်။
သို့သော်ငြားလည်း သူမ၏ ရုန်းကန်မှုက အရာမထင်ခဲ့ဘဲ မကြာမီ သူ့ရဲ့အနမ်းတွေဖြင့် ဝါးမြိုခြင်းခံလိုက်ရတော့တယ်။
ကျီရှောင်အုံး ခဏမျှ ကြောက်လန့်သွားလိုက်ပြီး အဲဒီနောက် သူမ ဖြည်းဖြည်းချင်း စိတ်ကို ဖြေလျှော့ပြီး သူမမျက်လုံးတွေကို မှိတ်ချလိုက်ကာ သူမမေးရိုးကို ဖြေလျှော့၍ သူ့ရဲ့ဝင်ရောက်ခြင်းကို ခွင့်ပြုလိုက်တော့၏။
The End...