Chapter 69** (T/N- ကားဖြတ်ရုံတင်)
Viewers 9k

အပိုင်း(၆၉)** 

(T/N-**ကားဖြတ်ရုံတင်)


လှိုဏ်ဂူအပြင်ဘက်တွင် ညချမ်းက မှောင်မည်းနေပြီး လရောင်ကလည်း ဖျော့တော့စွာ ကျရောက်နေ၏။


ဆောင်းဦးလေပြေက သစ်ပင်ထိပ်ဖျားပေါ်ကျော်လွန်၍ တဝီဝီတိုက်ခတ်နေခဲ့ပြီး လေပြေအဝေ့က ခြောက်သွေ့ညှိုးနွမ်းနေတဲ့ သစ်ရွက်တွေကို ကြွေကျစေလိုက်၏။


သစ်ပင်ထဲရှိ ဇီးကွက်တွေကလည်း ဝင်ပေါက်၏ မှိန်ပျပျ အလင်းရောင်ဆီသို့ စိုက်ကြည့်နေကြ၏။


လှိုဏ်ဂူအတွင်းရှိ မီးတောက်တွေက မှိန်ပျပျ ပုံရိပ်နှစ်ခုအား ရောင်ပြန်ဟပ်နေခဲ့ကာ အရိုင်းဆန်စွာ ခုန်ပေါက်နေခဲ့တယ်။


"ဟေး ရမ် ငါ့လက်တွေ နာတယ်လို့......." ကျီရှောင်အုံး နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ သူ့အနမ်းမှ လှည့်ကာရုန်းထွက်လိုက်ပြီး သူမရဲ့နူးညံ့တဲ့ အသံက အလိုလိုက်ခံထားရဲတဲ့ လေထုတစ်ခုထဲသို့ ဆွဲငင်သွားလိုက်တယ်။


ကုတင်က ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး မျက်နှာပြင်က ကြမ်းတမ်းနေခဲ့တယ်။ ပျော့ပျောင်းတဲ့မွေ့ရာလည်းမရှိ၊ အရေခွံကြမ်းကြမ်းနဲ့ ရက်ထားတဲ့ ကြိမ်ဖျာသာလျှင် ခင်းထားခဲ့တာမို့ သူမရဲ့ဖူးရောင်နေတဲ့ လက်ကောက်ဝတ်တွေက သည်းမခံနိုင်အောင် ဖြစ်လာခဲ့တော့တယ်။


ရမ် သူမရဲ့လက်နှစ်ဖက်လုံးအား တစ်စုတည်း ဆုပ်ကိုင်လိုက်ပြီး သူ့လက်မနဲ့ သူမလက်ကောက်ဝတ်တွေအား ဖွဖွလေး ပွတ်သတ်ပေးလိုက်တယ်။ သူမရဲ့တုန်ရီနေမှုကို ခံစားလိုက်ရတော့ သူ သူမရဲ့ခြုံစောင်ကို ဆွဲယူလိုက်ပြီး သူမအောက်မှာ ချထားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ သူမပါးပြင်ဆီ နီးကပ်စွာ ငုံ့လိုက်ပြီး သူ့လျှာကို ဆန့်ထုတ်ကာ သူကို လျက်လိုက်ခဲ့တယ်။


စောင်က ဘယ်အချိန်က နောက်ဆုံး နေလှန်းထားလဲတောင် မပြောနိုင်တော့ပေ။ ဖုန်မှုန့်တွေက စုပုံနေလိုက်ခဲ့တော့ မျက်နှာပြင်စိုထိုင်းထိုင်းက ကျီရှောင်အုံးအား မျက်မှောင်ကြုတ်သွားစေလိုက်ပြီး "မလုပ်နဲ့..."


ဘယ်လောက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလိုက်လဲ။


ရမ် သူ့ဂျာကင်အင်္ကျီကို ချွတ်ချလိုက်ပြီး သူမရဲ့လက်ကောက်ဝတ်တွေကို ပတ်လိုက်ကာ စောင်ကိုလည်း ဘေးသို့ လွှင့်ပစ်လိုက်တယ်။


သားရေအဝတ်စားက မျက်နှာပြင်က သားရေဖြစ်တာမို့ ပျော့ပြောင်းတဲ့ အထည်အလွှာဖြင့် ကျီရှောင်အုံး နောက်ဆုံးတွင် မခုခံတော့ပေ။


သို့ပေမဲ့လည်း သူမခမျာ ဖီဆန်ဖို့ရာ အခွင့်မရှိပါလေ။


. . .


ကျီရှောင်အုံး သူမ မျက်နှာတစ်ခုလုံးအား ခြုံစောင်ပုံထဲတွင် မြှုပ်နှံလိုက်တယ်။ မလျှော်ဖွတ်ရတာ ဘယ်လောက်ကြာနေပြီလဲ မသိအောင်ကို ညစ်ပတ်လွန်လွန်းလို့ ဒီတစ်ခါတော့ သူမ ခြုံစောင်ပေါ် လက်လျော့လိုက်တော့တယ်။ ဒါပေမဲ့ မျက်ရည်တွေက သူမမျက်လုံးထဲက တသွင်သွင်ကျဆင်းလာလိုက်ပြီး သူမ နှုတ်ခမ်းဝအား သွားဖြင့် ဖိကိုက်ကာ တုန်ရီစွာနဲ့ ရှိုက်ငိုလိုက်တော့တယ်။


(T/N-ကားတစ်ဖြတ်ဖြတ်သွား...နောက်ပိုင်းမှာ ကားဖြတ်တာတွေ များပါမယ် T--T)


သူမ အသက်ရှူမွန်းနေမှာ စိုးရိမ်သွားလိုက်ပြီး ရမ် သူ့တိုက်စစ်အား အနည်းငယ် နှေးပေးလိုက်ကာ သူမရဲ့တင်းတင်းစေ့နေတဲ့ သွားတွေကို ခွဲလိုက်ပြီး သူ့ လက်ညှိုးအား သူမပါးစပ်ထဲသို့ နှစ်လိုက်ခဲ့တယ်။ သူ သူမအား ပွက်ပွက်ဆူကာ ညင်သာတိုးတိတ်တဲ့ အသံဖြင့် သတိပေးလိုက်၏။ "အသက်ရှူ"


ကျီရှောင်အုံး သူ့လက်ချောင်းတွေကို ကိုက်ဖို့ အခွင့်ရေးယူလိုက်ပြီး သူ ပြောတာကို သူမ ကြားရတာတောင် ဆက်လက်ငိုကြွေးလိုက်ခဲ့တယ်။ 


'— သူမမှာ သေလုမျောပါးပဲ။'


သူမက ပုံစံအနေအထားကို မကြိုက်တာဖြစ်မယ်လို့ ရမ် နားလည်သွားလိုက်တာကြောင့် သူ သူမအား တစ်ပတ်လှည့်လိုက်ပြီး သူမအား ထပ်မံပွေ့ဖက်ထားလိုက်ခဲ့တယ်။


ကျီရှောင်အုံး၏ အသက်ရှူခြင်းက မွန်းကျပ်နေဆဲဖြစ်ပြီး သူမ အသက်မရှုနိုင်လုနီးပါး ဖြစ်နေခဲ့ပါတယ်။ သူမလက်တွေကို မြှောက်လိုက်၍ သူ့လည်တိုင်ဆီ တင်းတင်းချိတ်တွယ်လိုက်ခဲ့ကာ သူမပါးစပ်ကိုဖွင့်ဟကာ သူ့ပုခုံးပေါ် ကိုက်ချလိုက်ခဲ့တော့တယ်။


အချိန်တွေ ဘယ်လောက် ကုန်ဆုံးသွားလည်း သူမ မသိတော့ပေ၊ ဒါပေမဲ့ လှိုဏ်ဂူအပြင်ဘက်တွင် ဆိတ်ငြိမ်သက်နေခဲ့ကာ ဇီးကွက်တွေရဲ့ အော်ညည်းသံသာလျှင် အခါအားလျှော်စွာ ထွက်ပေါ်နေခဲ့ပါတယ်။


ကျီရှောင်အုံး တစ်ယောက် သတိလစ်သွားလိုက်ခဲ့ပြီး သူမ နိုးလာလိုက်ချိန်တွင်တော့ သူမက ရမ်၏လက်မောင်းတွေထဲ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခြင်းခံနေရပါတယ်။ သူ့ရဲ့သန်မာတဲ့လက်မောင်းတွေက သူမရဲ့နာကျင်နေတဲ့ ခါးပတ်လည်တစ်ဝိုက်မှာ လာရစ်ပတ်ထားခဲ့ပါတယ်။


သူမ ဒီလိုမျိုး နီးနီးကပ်ကပ်နဲ့ထိစပ်နေတဲ့ အထိအတွေ့အား ကျင့်သားမရှိတာကြောင့် သူမ နေရာရွေ့လိုက်ပြီး သူ့ဆီကနေ အနည်းငယ်လေး ခွဲထုတ်ဖို့ ကြိုးပမ်းလိုက်ခဲ့တယ်။ မမျှော်လင့်စွာဘဲ သူ နိုးသွားတော့တယ်။ အမှောင်ထုထဲတွင်တော့ ရမ် က သူမအား သားကောင်ကိုရှာဖွေနေတဲ့ လင်းယုန်ငှက်တစ်ကောင်ရဲ့ မျက်လုံးတွေနဲ့ ကြည့်ရှုနေခဲ့ပါတယ်။ သူတို့တွေက အနုစိတ်လွန်းပြီး နားလည်ရခက်နေခဲ့တယ်။ သူမ မျက်နှာချင်းမဆိုင်ချင်ပေမဲ့ သူ ကတော့ သူမအား တစ်ဟုန်ထိုး ထပ်ခါတိုးဝင်လိုက်ခဲ့ပြန်လေတယ်။


. . .


ညတာက ရှည်လျားလွန်းခဲ့ပြီး အဆုံးမရှိနိုင်ဘူးလို့တောင် ထင်လိုက်ရလေတယ်။


နောက်တစ်နေ့မနက်တွင်တော့ အရုဏ်ဦးက တောင်ကြားအား ဖုံးလွှမ်းလို့လာခဲ့ပြီး အလွန်စူးရှတောက်ပတဲ့နေရောင်က လှိုဏ်ဂူထဲကို သွန်းလောင်းလိုက်ခဲ့ပါတယ်။


အိပ်ရာပေါ်က ကောင်မလေးက သူမဘာသူမ ခွေခွေလေးခေါက်နေခဲ့ပြီး လည်တိုင်သွယ်သွယ်က ခြုံစောင်ကနေ ထုတ်ဖော်နေခဲ့ကာ အနီမှတ်ရာများ ဖုံးလွှမ်းနေလေတယ်။ သူမရဲ့မျက်တောင်တွေပေါ် မျက်ရည်များ စိုစွတ်နေပြီး သူမမျက်လုံးတွေက နီမြန်းကာ ဖူးရောင်နေခဲ့ပါတယ်။ တစ်ချက်ကြည့်ရုံမျှဖြင့် မနေ့ညက သူမ အနိုင်ကျင့်ခံရတယ်ဆိုတာ သိသာနေလေတယ်။


သူမက လှိုဏ်ဂူထဲတွင် တစ်ဦးတည်း ရှိနေခဲ့ပါတယ်။ သူမ သူမမျက်လုံးတွေကို ဖွင့်ကြည့်ပြီး လှည့်လည်ကြည့်ရှုလိုက်တော့ ရမ့်ရဲ့ အရိပ်ယောင်တစ်စွန်းတစ်စမှ မတွေ့ရဘူးပဲ။ သူမ စိတ်သက်သာရာ ရသွားတော့တယ်။


တစ်ကိုယ်လုံး တစစ်စစ်ကိုက်ခဲနေပြီး သူမ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသလို ခံစားနေရလေတယ်။ သူမခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက ကိုယ်စိတ်နှလုံး ပင်ပန်းနွမ်းနယ်နေမှုအား တိုင်ကြားနေခဲ့တယ်။


ကျီရှောင်အုံး သူမခြေထောက်တွေက ပိုလို့တောင်မှ မသက်မသာ ခံစားနေရလေတယ်။ သူမ လှုပ်ရှားလိုက်ပြီး ကုတင်ပေါ်ကနေ ထဖို့ ကြိုးစားလိုက်ပါတယ်။ သူမ မော့ကြည့်လိုက်ချိန်မှာတော့ ရမ်ရဲ့ရှည်လျားတဲ့ ပုံရိပ်က အပြင်ဘက်နေ အထဲကိုဝင်လာတာကို တွေ့လိုက်ရတယ်။ ချက်ချင်းပင် သူမ သူမရဲ့ လောလောလတ်လတ်ကမှ ဆန့်တန်းထားသော ခြေထောက်တွေကို ရုတ်သိမ်းလိုက်ကာ ခြုံစောင်ထဲကို ပြန်သွင်းလိုက်ခဲ့တယ်။


ဒီခြုံစောင်က မနေ့ညက ခြုံစောင် မဟုတ်တော့ဘူးပဲ။ ဒီခြုံစောင်က တိရစ္ဆာန်အချို့ရဲ့သားရေဖြစ်ပြီး ကြမ်းလည်းကြမ်းတယ်။


ရမ်က ပြည်ကြီးငါးအရှင်နှစ်ကောင်ကို ယူဆောင်လာလိုက်ပြီး စားပွဲပေါ်တင်ထားလိုက်ခဲ့တယ်။ သူ့ရဲ့မျက်ဝန်းပြာပြာတွေက အတွင်းထဲကို ကြည့်ရှုလိုက်ခဲ့ပါတယ်။


ကုတင်ပေါ်တွင်တော့ ဖုဖောင်းနေသော မျက်နှာပြင်လေးရှိပြီတော့ ကောင်မလေးက သူမကိုယ်သူမ လိပ်ပေါက်စနလေးတစ်ကောင်လို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားတာပဲ။


ရမ်၏မျက်လုံးတွေက အနည်းငယ်လေး လွင့်ဝဲသွားလိုက်တော့ သူမလေးက ချက်ချင်းပဲ ပုန်းအောင်းနေလိုက်တော့တယ်။ သူ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ မီးဖိုဆီသို့ လျှောက်သွားလိုက်ပြီး ချက်ပြုတ်ဖို့အတွက် ဖုန်တွေ ပင့်ကူမျှင်တွေကို သန့်ရှင်းလိုက်ခဲ့တယ်။


သူ့အဖို့ တစ်နေ့လုံး အစာမစားရတာ ပြဿနာမရှိပေမယ့်လို့ ကျီရှောင်အုံး အတွက်ကတော့ မရပါ။


မနေ့ညက သူမလေးက သူ့လည်ပင်းမှာ သူမမျက်နှာကို မြှုပ်နှံပြီး အော်ဟစ်ပြောလိုက်ခဲ့တာက "ငါ မလုပ်ချင်တော့ဘူး။ ငါ့မှာ အားမရှိတော့ဘူး" 


ရမ်က တကယ်လို့ သူသာ သူမကို လုံလောက်အောင် ကျွေးမွေးလိုက်ရင် သူမမှာ အားတွေ ပြန်ရှိလာလိမ့်မယ်လို့ တွေးတောလိုက်ခဲ့တယ်။ သူမ အရမ်းကို သိမ်မွေ့နုနယ်တာမို့ တစ်ချက်ထိလိုက်ရုံနဲ့ ကျိုးကြေသွားနိုင်တာပင်။


သိပ်မကြာခင်မှာပဲ ရမ်က ငါးစွတ်ပြုတ်တစ်ခွက် ချက်ပြုတ်လိုက်ခဲ့ပြီး ပန်းကန်လုံးတစ်လုံးအား သူမရှေ့မှာ ချထားလိုက်ခဲ့တယ်။


ရမ်က သူမကို သားမွေးခြုံစောင်တစ်ခုထဲ ပတ်ထုတ်ပေးလိုက်ပြီး သူမအား သူ့ပေါင်ပေါ်တင်လိုက်၍ သူမလေးရဲ့ ဖြူဥနုနယ်တဲ့ မျက်နှာလေးကို ထုတ်ဖော်လိုက်ပြီး သူ စွတ်ပြုတ်တစ်ဇွန်းကို ခပ်ထည့်လိုက်ပြီး သူမကို ကျွေးမွေးလိုက်ခဲ့ပါတယ် "စွတ်ပြုတ် သောက်လိုက်ဦး" 


ကျီရှောင်းအုံး တစ်ယောက် ဗိုက်နည်းနည်းဆာနေခဲ့တော့ သူမ လောကွတ်လုပ်မနေတော့ဘဲ သူမပါးစပ်ကိုဖွင့်ကာ သောက်လိုက်ခဲ့တယ်။


ခဏအကြာတွင် သူမ မျက်ခုံးရိုးတွေက တွန့်ရှုံ့သွားလိုက်ပြီး သူမပါးစပ်အား တပြေးတည်းစေ့စေ့ပိတ်ကာ "သောက်လို့လည်း မကောင်းဘူး......." အရသာလည်း လုံးဝမရှိဘူးပဲ။


ရမ် သူကိုယ်တိုင် တစ်ဇွန်းသောက် ကြည့်လိုက်တော့ ဘာအရသာမှ ရှိမနေခဲ့ပေ။ သူကတော့ အသားစိမ်း စားလို့ရတယ်။ တကယ်လို့ သူမအတွက်နဲ့သာ မဟုတ်ရင် သူ ဒီစွတ်ပြုတ်ကို တမင်သက်သက် ချက်နေမှာမဟုတ်ဘူးပဲ။ 


"တကယ်လို့ မင်း မသောက်ချင်ရင် ကိုယ်တို့ ဆက်လုပ်လို့ရတယ်" ရမ်က ကြွေရောင်တောက်နေတဲ့ သူမရဲ့နှုတ်ခမ်းသားလေးကို ထိတွေ့လိုက်ခဲ့တယ်။


ကျီရှောင်အုံးက သူ့အား မျက်လုံးလေးတွေ ဝိုင်းစက်စွာနဲ့ ကြည့်လိုက်ပြီး လန့်သွားတော့တယ်။


'ဆက်လုပ်ချင်သေးတာလား။'


ရမ်က သဘောလည်းမတူ ငြင်းလည်းမငြင်းဆန်ခဲ့ဘဲ စွတ်ပြတ်အား စားပွဲပေါ် တင်ထားပေးလိုက်တယ်။ တကယ်လို့ သူမသာ စွတ်ပြုတ်မသောက်ရင် သူ့ကြည့်ရတာ အခုပဲ ရှေ့ဆက်တော့မဲ့ ပုံပေါက်နေခဲ့တယ်။


ကျီရှောင်အုံး လျင်မြန်စွာနဲ့ သူမလက်သေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး သူ့လက်မောင်းကို ဆွဲလိုက်ကာ "ငါ ငါ...သောက်ပါ့မယ်......"


ဒါကြောင့် ရမ်က ပန်းကန်လုံးကို ကောက်ယူပြီး သူမအား ဇွန်းနဲ့ခပ်ကာ ခွံ့ကျွေးလိုက်ခဲ့တယ်။ သူမ စွတ်ပြုတ်အား ဖြည်းညှင်းစွာဖြင့် သောက်လိုက်တော့တယ်။


လူသားတွေ ဒီလိုပဲလားဆိုတာတော့ သူလည်း မသိပေ၊ ဒါပေမဲ့ သူတို့တွေက စားတဲ့နေရာမှာ အရမ်းကိုနှေးကွေးကွေးနဲ့ကို စားပြီး တစ်ခါစီကို နည်းနည်းလေးပဲ သောက်နိုင်တာပဲ။ ပုံမှန်အချိန်တွေဆို ရမ် အကြာကြီးဆို သည်းမခံတတ်ပေ၊ ဒါပေမဲ့ ကျီရှောင်အုံးကတော့ သူမရဲစွတ်ပြုတ်ကို တဖြည်းဖြည်းချင်းစီပဲ သောက်နေခဲ့တယ်။ တစ်ခါသောက်ဖို့အရေး သူမ အဲဒါကို အေးသွားအောင် လေမှုတ်လိုက်ပြီး အဲဒီနောက်မှ သောက်လိုက်ခဲ့ပြီး သူမရဲ့မျက်တောင်တွေ တဖျပ်ဖျပ်ခတ်နေခဲ့တယ်။ မတွေးတတ်နိုင်အောင် ဒါကပဲ သူ့နှလုံးသားလေးကို ယားယံသွားစေတော့တယ်။


တိကျတဲ့နေရာတစ်ခုထဲတွင်တော့ သိသိသာသာ ကြီးထွားလာခဲ့ကာ ထိန်းမချုပ်၍ မရနိုင်အောင် ကြီးထွားလာခဲ့ပြီး ကောင်းကင်ကိုတောင် ပိတ်ကွယ်နေသည်အထိပင်။


ကျီရှောင်အုံး ငါးစွတ်ပြုတ်ပန်းကန်အား သောက်လို့ ပြီးသွားတာနဲ့ ချက်ချင်းပင် ရမ် စကားပြောဖို့ အချိန်မရှိတော့ဘဲ သူမလက်ထဲမှ ပန်းကန်လုံးကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး သူမအား ကုတင်ဆီသို့ ပြန်ခေါ်သွားလိုက်တော့တယ်။


ကျီရှောင်အုံး : " ..."


*


ငါးရက်လုံးလုံး ကျီရှောင်အုံး တစ်ယောက် အမှောင်ထုထဲတွင် ဖြတ်သန်းခဲ့ရပြီး လှိုဏ်ဂူအပြင်ဘက်သို့ တစ်လှမ်းမှ ခြေမချခဲ့ရပေ။


ရမ်က သူမအား နေ့ရောညပါ ပွေ့ပိုက်ထားပြီး သူမ နိုးနေသရွေ့ သူ သူမအား လုံးဝ အလွတ်မပေးလိုက်ခဲ့။ သေချာတာပေါ့ သူမ အိပ်ပဲ အိပ်နေခဲ့ရတော့တာပဲ။


ကျီရှောင်အုံး သူ့အား ကြောက်သွားတော့လေတယ်။ ရမ်က ဒီလိုအရာမျိုးကို တစ်ကြိမ်အစပြုလိုက်ရုံနဲ့ မည်းမှောင် ပိတ်သည်းတဲ့ တွင်းနက်ကြီးတစ်ခုလို၊ အသူတစ်ရာမျှနက်ရှိုင်းပြီး ဘယ်တော့မှ အဆုံးမရှိတော့ချေ။


တစ်ခါတွင်တော့ ကျီရှောင်အုံး ညဘက်မှာ အပေါ့အပါးသွားဖို့ အလျင်လိုခဲ့ပြီး လှိုဏ်ဂူထဲမှာ ဖြေရှင်းရမှာ အရမ်းရှက်နေခဲ့တယ်။ သူမ ရမ်၏လက်တွေကို ဖြုတ်ခွာလိုက်ပြီး လှိုဏ်ဂူအပြင်ဘက်ကို လျှောက်လိုက်ခဲ့ပါတယ်။ 


သူမ ပြန်လာတဲ့အခါမှာတော့ ရမ်က လှိုဏ်ဂူပေါက်ဝအား မျက်လုံးနီရဲစွာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


ကျီရှောင်အုံး တစ်ယောက် အဲဒီညမှာတော့ သူ့ရဲ့ နောက်တခါ လွှမ်းခြုံခြင်း ခံခဲ့ရတော့လေတယ်။ နေ့ရောညပါ အပြည့်အဝ မှောက်လိုက်လှန်လိုက်လုပ်ခဲ့ရပြီး အဲဒီနောက်တော့ သူမမှာ စကားပြောဖို့တောင် ခွန်အားမရှိတော့ဘဲ ထိန်းချုပ်လို့မရတဲ့ မျက်ရည်တွေနဲ့ ရှိုက်ငိုလျက် ချန်ရစ်ခဲ့ရတော့တယ်။


ကျီရှောင်အုံး ပြန်လာခဲ့တာကို နောင်တနည်းနည်းတောင် ရသွားလိုက်တယ်။ ဒါက သူမကိုယ်သူမ ဒီလောက်ကြီး ဆိုးဆိုးရွားရွား ညှင်းပန်းခံရမယ်ဆိုတာ ဘယ်သူက သိမှာတဲ့လဲ။


ဒါ့ကြောင့် ဝင်းတားနဲ့ အခြားမျိုးနွယ်ဝင်သားရဲလူတွေ သူမတို့ကို ရှာတွေ့လိုက်ချိန်မှာတော့ ကျီရှောင်အုံး ကတယ်ကိုပင် နေရောင်ထဲမှာ ပြန်မသွားနိုင်တော့ဘူးလားလို့တောင် အထင်မှားမှုတစ်ခု ရှိသွားလိုက်တော့တယ်။


. . .


ဝင်းတားနှင့် အခြားကျားသစ်သားရဲလူတွေက လှိုဏ်ဂူအဝင်ဝတွင် ရပ်နေကြကာ ဒီလောက်ပြင်းထန်းတဲ့ အနံ့အသက်တွေလှိုင်လှိုင်ထနေတဲ့ လှိုဏ်ဂူအတွင်းထဲအား လှမ်းကြည့်လိုက်ခဲ့တယ်။


ခေါင်းဆောင်က သူ့မိန်းမပျိုလေးနဲ့ ဒီနေရာမှာ ငါးရက်လောက် အတူနေခဲ့တာကို သူတွေးတောကြည့်လိုက်တာနဲ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူ မြန်မြန် ခန့်မှန်းမိလိုက်ခဲ့တယ်။


လှိုဏ်ဂူကို မိန်းမပျိုလေးအတွက် အထူးတလည် ပြုလုပ်ထားတာဖြစ်တယ်၊ ဘာလို့ဆိုတော့ သူမက သူ့မျိုးနွယ်ကို မကြိုက်တာကြောင့်ပင်။


ရမ် ဒီဟာကိုလုပ်ဖို့အတွက် အစောကြီးကတည်းက စီစဉ်ထားခဲ့ပြီး ခေါင်းဆောင်အသစ်က သူ့ကိုတားမြစ်တာမျိုးရှိလာခဲ့ရင် သူ ကျီရှောင်အုံးအား ဒီနေရာကို ခေါ်လာမှာပဲဖြစ်တယ်။


စားပွဲခုံတွေနဲ့ ကုလားထိုင်တွေ အားလုံး သူချည်းပဲ လုပ်ထားခဲ့တာဖြစ်တယ်။


အဲဒီအချိန်တုန်းက ဝင်းတားက ကူညီပေးချင်ပေမဲ့ သူ ရမ်ရဲ့ နှင်ထုတ်ခြင်းသာ ခံခဲ့ရတာပင်။


သို့ပေမဲ့လည်း လှိုဏ်ဂူ အပြီးထိ မဆောက်ရသေးခင်မှာပဲ ကျီရှောင်အုံးက သူမမှာ ရှိသမျှအရာအားလုံးကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့ပါတယ်။ သူမ ရမ့်အတွက် အတွေးတစ်ခုတောင် လုံးဝ မချန်ရစ်ထားခဲ့ပေ။


အဆုံးသတ်မှာတော့ လွန်ခဲ့တဲ့သုံးနှစ် အဲဒီညတုန်းက တကယ်လို့ဆိုရင် သူမ ပြန်လာမှာလားဆိုပြီး ရမ် သူမကို မေးခဲ့လိုက်ပြီး သူမကတော့ ပြတ်ပြတ်သားသား နှုတ်ဆိတ်နေမှုနဲ့အတူ သူမရဲ့ငြင်းဆန်မှုကို ထုတ်ဖော်ပြခဲ့လိုက်ပါတယ်။


ရမ်လည်း ဒီနေရာကို ပြန်မလာတော့ဘဲ တောင်ကျောက်တုံးတွေ ပြုတ်ကျစေလိုက်ပြီး ဝင်ပေါက်အား ပိတ်ဆို့လိုက်ခဲ့တာ သူ့စိတ်အခြေအနေအတိုင်းလိုပဲ အမှောင်ထုထဲတွင် အမြဲတမ်းရှိနေစေလိုက်ခဲ့တယ်။


အခုအခါမှာတော့ မိုးရွာကျပြီးသွားတော့ တိမ်တွေက ကင်းစင်သွားခဲ့လိုက်ပြီပဲ။ ဝင်းတားနဲ့ အခြားသူသားရဲလူတွေ သက်သာရာရစွာ သက်ပြင်းချမိလိုက်ကြတယ်။


ကံကောင်းထောက်မစွာနဲ့ပဲ နောက်ဆုံးတော့ ခေါင်းဆောင်က သူ့မိန်းမပျိုလေးကို ပြန်တွေ့သွားခဲ့ပြီပဲ။


"မင်း ဒီနေရာကို ဘာလာလုပ်တာလဲ" ရမ်က သူ့ကုတ်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို သူ့ခါးပေါ်တွင် အောက်နိမ့်ချကာ ချိတ်ဆွဲ၍ ဝတ်ဆင်ထားခဲ့ပြီး သူ့မျက်နှာက နှောင့်ယှက်ခံရတာကို သိပ်ကျေနပ်မနေခဲ့ချေ။


သူ့အမျက်ဒေါသကို ကြောက်တာကြောင့် ဝင်းတားနဲ့ အခြားသားရဲလူတွေက အလောတကြီး ရှင်းပြလိုက်ခဲ့၏ "ခေါင်းဆောင် ငါတို့လူတွေ ဝီနော်တောင်ကြားကို ရောက်နေကြပြီ၊ ဒါပေမယ့် မင်းရဲ့လမ်းညွှန်မှုမရှိတော့ လောရန့်နဲ့ ဒိုးတို့ အမြင်မတူတာတချို့ရှိနေကြတယ်။ အခု နှစ်ယောက်သားက သဘောထားခြင်း မတူကြတော့ဘူး... မင်း အဲဒါကို ကြားဝင်ဖြေရှင်းပေးဖို့ ငါ မျှော်လင့်တယ်" 


နောက်ဆုံးစာကြောင်း ပြောတာကို ဝင်းတား အလွန်သတိထားနေသည်မှာ သိသာနေလေ၏။


လုံလောက်အောင်ပဲ ရမ့်ရဲ့မျက်နှာက ဆိုးရွားသွားလိုက်ပုံ ပေါက်သွားလိုက်ခဲ့ပြီး သူ့သွားတွေကို ထုတ်ဖော်လိုက်ပြီး မာန်ဖီလိုက်ခဲ့ကာ "ကျန်တဲ့မျိုးနွယ်စုဝင်တွေကရော"


ဝင်းတားက အမှန်အတိုင်းပဲ ပြောလာခဲ့တယ် "ကျန်တဲ့သူတွေက သူတို့ရဲ့ပြိုင်ဘက်တွေ ဟုတ်မနေဘူး..."


ရမ့်ရဲ့ ခံစားမှုကင်းမဲ့နေတဲ့မျက်နှာကိုမြင်လိုက်ရပြီ သူ ထပ်ဖြည့်ပြောလိုက်၏။ "အရင်ဆုံး မင်းရဲ့မိန်းမပျိုကို မျိုးနွယ်စုဆီ ငါ သွားပို့ပေးလိုက်မယ် ကမူဒါတောင်ကြားက ဒီနေရာနဲ့ အဝေးကြီးမဟုတ်တော့ သိပ်ကြာမှာမဟုတ်ပါဘူး"


ရမ်၏ မျက်ခုံးရိုးများ တွန့်ခေါက်သွားကာ လေထုဖိအားလည်း နိမ့်ဆင်းသွားလိုက်၏။ သူ အဆိုပြုချက်ကို ကျေနပ်မှုမရှိနေသည်မှာ သိသာနေလေတယ်။ အချိန်အတော်ကြာပြီးနောက် သူ ပြောလိုက်၏ "မရဘူး.. သူ ငါနဲ့အတူ သွားရမယ်" 


****


ကျီရှောင်အုံး ရမ်က သူမအား ခြုံစောင်ထဲတွင် ထုပ်လိုက်ပြီး အပြင်ဘက်သို့ သွားလိုက်ချိန်တွင်တော့ သူမမှာ ကောင်းကောင်းတောင် အနားမယူလိုက်ရသေးပေ။


သူမ နေကို မမြင်ရတာ ရက်တော်တော်ကြာသွားခဲ့တော့ အလင်းရောင်က သူ့မျက်လုံးထဲကို စူးဝင်သွားလိုက်တယ်။ သူမ သူမမျက်နှာကို ရမ်၏ရင်ဘတ်ထဲတွင် မြှုပ်နှံထားပြီး အိပ်ချင်နေမှုနဲ့အတူ လေးကွေးတဲ့အသံဖြင့် ပြောလိုက်တယ်။ "ရမ်... ငါတို့ ဘယ်သွားနေတာလဲ" 


အသံတွေက ကြွတ်ဆတ်ပြီး နူးညံ့နေပေမယ့် အနည်းငယ်လေး ကြမ်းရှနေခဲ့တယ်။ ထိုအသံက နားတွေကို ဖြတ်ကာ အရိုးထဲထိ တည့်တည့်ဖောက်ဝင်သွားခဲ့တယ်။


သူမ မျက်နှာဘေးတိုက်အား ထုတ်ဖော်ပြနေတဲ့ပုံကို ကြည့်လိုက်တော့ မျက်နှာလေးက ဖြူဖွေးပြီး အနီရောင် အရိပ်အယောင်တစ်ခုက သိသာနေခဲ့တယ်။ အဲဒီနောက် အောက်ကိုဆက်ကြည့်လိုက်တော့ ဘာမှမမြင်နိုင်တော့ပေ၊ သို့ပေမဲ့ ဝင်းတားနဲ့ အခြားသူတွေက သူတို့၏အကြည့်များကို အမြန်ဖယ်ရှားလိုက်၏။


ရမ်က သူ့မျက်လုံးတွေကို ပင့်လိုက်ပြီး သူတို့ကို နက်နက်နဲနဲအကြည့်တစ်ခု ပေးလိုက်၏။ အဲဒီနောက် သူ တိရစ္ဆာန်အရေခွံခြုံစောင်ကို မတင်လိုက်ပြီး ကျီရှောင်အုံးရဲ့ ခေါင်းလေးကို ဖုံးအုပ်လိုက်ခဲ့တယ် "အမဲလိုက်မလို့"


"... " ကျီရှောင်အုံး တုံ့ပြန်နိုင်ဖို့ အချိန်အတော်ယူလိုက်ရတယ်။ သူမကို အမဲလိုက်တဲ့နေရာ ခေါ်သွားတာလား။ သူမ ခြုံစောင်ထဲက ရုန်းထွက်ဖို့ ကြိုးစားလိုက်ကာ "ငါ မသွားချင်ဘူး..."


သူမ ကောင်းကောင်းအိပ်စက်ပြီး ရက်နည်းနည်းလောက် အနားယူချင်သေးတယ်။


ရမ် တိုတိုတုတ်တုတ် အဆိုပြုလိုက်၏ "သားကောင်ဆိုတာ ငြင်းဆန်နိုင်တဲ့ အခွင့်မရှိဘူး" 


ကျီရှောင်အုံး: " ..."


ရမ်ရဲ့ သတိပေးတာကို ခံလိုက်ရတဲ့ ဝင်းတားနဲ့ အခြားသူတွေက သူတို့ရဲ့ အကြည့်တွေကို နာခံစွာ လွှဲဖယ်လိုက်ပြီး ရှေ့ကနေ ကြိုထွက်သွားလိုက်တော့၏။


ကျီရှောင်အုံးရဲ့ခြေထောက်တွေကို သူ့လက်တစ်ဖက်နဲ့ ထွေးပွေ့ထားပြီး နောက်တစ်ဖက်က သူမခေါင်းကို ထိန်းကိုင်၍ ရမ်က ခဏချင်းပဲ သစ်ပင်တစ်ပင်ဆီ ခုန်ကူးလိုက်ခဲ့ကာ သူတို့နောက်သို့ လိုက်ပါသွားခဲ့တယ်။


ဝီနော် တောင်ကြားက ဒီနေရာကနေ မိုင်ပေါင်းထောင်ချီကွာဝေးပြီး ရမ် သည်ပင်တောင်မှ တစ်ရက်နဲ့တစ်ည အချိန်ယူရတာဖြစ်၏။


သူတို့သွားတဲ့ တောလမ်းက တောအုပ်ကိုဖြတ်ကျော်ပြီး တစ်လမ်းလုံး ခုန်လိုက် ဆင်းလိုက်ရနဲ့ လမ်းကြမ်းနေခဲ့၏။ ဒါပေမယ့် ရမ်က သူမကို တည်ငြိမ်စွာ ထိန်းကိုင်ထားပြီး အစကနေ အဆုံးအထိ သူမ မရွေ့လျားသွားခဲ့ပေ။


ကျီရှောင်အုံး ရမ့်၏ရင်ခွင်ထဲတွင် အပွေ့ခံလိုက်ရပြီး တစ်လမ်းလုံး အိပ်ပျော်နေခဲ့ပါတယ်။


ဝီနော်တောင်ကြား ဝင်ပေါက်ဝတွင်တော့ အခြားကျားသစ်သားရဲအမျိုးသားများက ကျန်ရှိနေတာပဲဖြစ်၏။


အလှမ်းကွာတဲ့နေရာကနေ သူတို့တွေ သူတို့ရဲ့ခေါင်းဆောင်ကျားသစ်ရဲ့ အားမာန်ပါရှိပြီး လိုက်လျောညီထွေရှိတဲ့ ပုံရိပ်က တောအုပ်ထဲ ဖြတ် ဝင်လာလိုက်တာကို တွေ့လိုက်ကြပြီး သူ့ရဲ့သန်မာတဲ့ လက်မောင်းတွေ ထဲမှာတော့ အိမ်မောကျနေတဲ့ မိန်းမလှလေးတစ်ဦးကို ပွေ့ချီထားခဲ့ပါတယ်။


The End....