Chapter 70
Viewers 9k

 အပိုင်း (၇၀)



နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီ မရောက်မီ ကျားသစ်မျိုးနွယ်တွေက အမဲလိုက်ပွဲကြီးတစ်ခုအား ထွက်လေ့ရှိကြသည်။


အမျိုးသမီးဦးရေ ရှားပါးမှုကြောင့် အမျိုးသားများသာ ပူးပေါင်းပါဝင်ဖို့ လိုအပ်၏။


ဒါကြောင့် နေရာတိုင်းတွင် အမျိုးသားများရှိနေတဲ့ ဒီပတ်ဝန်းကျင်က ရမ်၏ ရင်ခွင်ထဲတွင်ရှိနေတဲ့ မိန်းမပျိုလေးမှာ အထူးတလည် မျက်စိဖမ်းစားစရာဖြစ်နေခဲ့၏။


ကျီရှောင်အုံး တစ်ယောက် အဝတ်တစ်ထည်မှ မဝတ်ဆင်ထားခဲ့ဘဲ သားမွေးခြုံစောင်သာ ပတ်ထားခဲ့ရတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူမ ရမ့်ရဲ့ အလွန်အကျူး မှောက်လိုက်လှန်လိုက် အလုပ်ခံထားရပြီး လမ်းပေါ်တွင် အိပ်ခဲ့ရတာမို့ အဝတ်အစားဝတ်ဖို့ အခွင့်မရှိခဲ့လိုက်ပါဘူး။


အခုတော့ သူမ၏ နူးညံ့ကျိုးပဲ့လွယ်တဲ့ ခြေကျင်းဝတ်နဲ့ ဆက်သွယ်ထားတဲ့ ကျောက်စိမ်းဖြူဖြူ ခြေထောက်တွေက အပြင်ဘက်သို့ ထုတ်ဖော်နေခဲ့ပြီး ရမ်က လျှောက်လာခဲ့တော့ အကြည့်လွှဲပြောင်းသွားလိုက်ကာ အမျိုးသားများစွာရဲ့ အာရုံကို ဆွဲဆောင်မိလိုက်ခဲ့တယ်။


ဒီအမျိုးသားတွေရဲ့တစ်ချို့က အိမ်ထောင်ဖက် မရှိကြသူတွေဖြစ်တယ်။ သူမ၏ ခြေသလုံးပေါ်က ခရမ်းရောင် အမှတ်သားရာတွေရဲ့ အရိပ်အယောင်တွေကို သူတို့ မြင်လိုက်ရချိန်မှာတော့ သူတို့အားလုံးပဲ စိုက်ကြည့်မိလိုက်ကြ၏။


ရမ်၏ မျက်လုံးတွေက သတိပေးတဲ့အကြည့်ဖြင့် သူတို့အပေါ်လွှမ်းခြုံလို့လာခဲ့တော့ သူတို့တွေ စူးစမ်းသိချင်စိတ်နဲ့ သူတို့အကြည့်တွေကို လွှဲဖယ်လိုက်ခဲ့တယ်။ 'ဒါက ခေါင်းဆောင်ရဲ့ 'အိမ်ထောင်ဖက်' အသစ်လား။'


'မျိုးနွယ်စုက အမဲလိုက်နေတာကို ခေါင်းဆောင်က သူ့မိန်းမပျိုလေးခေါ်လာပြီး ဘာလုပ်တာလဲ။'


'လွန်ခဲ့တဲ့ သုံးနှစ်က ခေါင်းဆောင်ရဲ့ အချောအလှ အသေးလေးကရော။'


ရမ် သူ့မျိုးနွယ်ဝင်တွေရဲ့ အကြည့်ခံရတာကို ဂရုမစိုက်ဘဲ ကျီရှောင်အုံးအား ပွေ့ချီကာ တောထဲသို့ ဝင်သွားလိုက်ခဲ့တယ်။ မျိုးနွယ်စု၏အကြည့်များစွာကို နောက်ချန်ထားခဲ့လိုက်ပြီး သူ သစ်ပင်မြင့်တစ်ပင်ပေါ်သို့ ခုန်ဆင်းကာ ကောင်မလေးအား သူ့ပေါင်ပေါ်တင်ထားလိုက်ခဲ့တယ်။


ရမ် ဝီနော်တောင်ကြားကို ရောက်ရောက်ပြီးချင်းမှာပဲ ကျီရှောင်အုံး နိုးလာခဲ့ပေမဲ့ သူမ မျက်လုံးဖွင့်ချင်စိတ်မရှိခဲ့ဘဲ ရမ့် ရင်ဘတ်တွင် သူမမျက်နှာကို မြှုပ်နှံပြီး အိပ်ပဲအိပ်နေခဲ့လိုက်တယ်။


ရမ်၏ လက်ဖဝါးက စောင်ထဲကို လျှောဝင်သွားလိုက်ပြီး‌ အောက်ဘက်ကို စမ်းတဝါးဝါးရှာဖွေလိုက်ခဲ့၏။


ကျီရှောင်အုံး ချက်ချင်းပဲ သူမမျက်လုံးတွေကို ဖွင့်လိုက်ခဲ့ပြီး သူ့ကို တားမြစ်ဖို့ လက်သေးသေးလေးတစ်ဖက်ကို ထုတ်ကာ ဖမ်းကိုင်လိုက်ခဲ့တယ်။ နက်မှောင်တဲ့မျက်လုံးတွေက သူ့ကိုမော့ကြည့်လိုက်ပြီး သူမ ယောက်ယက်ခတ်စွာနဲ့ ပြောလိုက်တယ် "ဒီနေရာမှာ မဟုတ်ဘူး..."


သူ အဲဒါကို ထပ်လိုချင်သေးတယ်လို့ သူမတွေးလိုက်တာပင်၊ သူမ၏အသံက ဖယောင်းလိုပျော့ပျောင်းပြီး သနားစဖွယ်ကောင်းနေခဲ့ကာ စာနာမှုကို နိုးဆော်ဖို့ရာ ဖြစ်တန်ရာ၏။


ရမ် သူမရဲ့ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး "အဲဒါက နာနေသေးလား"


ကျီရှောင်အုံး ခေါင်းညိတ်လိုက်တယ်။


နာတာပေါ့။ သူက ကြီးလည်းကြီးပြီး.... သူ့ရဲ့ အဲဒီကြမ်းကြမ်းတမ်းတမ်း စူးပါတဲ့လျှာကို သုံးရတာလည်း ကြိုက်တာကိုး၊ သူမက ကျားသစ်မိန်းမပျိုတစ်ယောက်မှ မဟုတ်တာ အဲဒါကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။


"ဒီနေရာလည်း နာတယ်" ကျီရှောင်အုံး သူ့မျက်နှာထားက အရင်ကထက် အများကြီး လျော့လျော့ပေါ့ပေါ့ဖြစ်သွားတာကို မြင်လိုက်ရတော့ ကြောက်ပေါက်လေးတစ်ကောင်လို သူမလက်တွေကို မြှောက်ပြကာ အခွင့်အရေးယူလိုက်ခဲ့တယ်။


ရွှန်းလဲ့ဝင်းပတဲ့ လက်ကောက်ဝတ်ဖြူဖြူ တစ်စုံအား မြင်လိုက်ရပြီး နီရဲ ဖူးရောင်နေတာက စတင်ပျောက်ကွယ်တော့မှာ ဖြစ်ပေမဲ့ ပွန်းပဲ့ရာတွေ အများကြီးက နေရာဝင်ယူခဲ့နေလေတယ်။


ရမ် စိတ်ဓာတ်အနည်းငယ်လေး ကျသွားလိုက်သလို ခံစားလိုက်ရပြီး သူမရဲ့ဖျော့တော့နေတဲ့လက်အား ကိုင်လိုက်၍ သူ့လျှာကို ထုတ်ပြီး သူမရဲ့ဒဏ်ရာရနေတဲ့ လက်မောင်းအား လျက်ပေးလိုက်ခဲ့တယ်။


ကျီရှောင်အုံး သူ့မျက်လုံးတွေဆီ တည့်တည့်ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို တီးတိုးရေရွတ်လိုက်တယ်။ "ရမ် စိတ်မဆိုးပါနဲ့တော့နော် နော်လို့"


ရမ်က အနည်းငယ် လှည့်လိုက်ပြီး သူ့မျက်လုံးတွေကို ပင့်လိုက်၏။


ကျီရှောင်အုံးက လက်ကိုဆန့်၍ သူ့မျက်နှာကို ထိတွေ့လိုက်ပြီး အဲဒီနောက် မတရားခံရသလို ခံစားလိုက်ရကာ ပြောလိုက်၏ "နင် အရင်က ငါ့ကို ဒီလိုမလုပ်ဖူးဘူး" လို့ ပြောလိုက်တယ်။


သူမ ပြောဖို့ ကြိုးစားနေတာက သူမကို နာရီပေါင်းများစွာ ချည်နှောင်ထားခဲ့ပြီး တမင်သက်သက် သူမကို ဂရုမစိုက်ဘဲနေတာကို ပြောနေတာပင်။


ရမ်က ထုတ်ဆိုလိုက်၏။ "မင်းက ကိုယ့် 'အိမ်ထောင်ဖက်' ဖြစ်ခဲ့ဖူးတယ်"


"ဒါဆို အခုကရော"


"အခုက သားကောင်"


ကျီရှောင်အုံးက ပါးပြင်ထက်ကို တိုးကိုင်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တယ်။ "နင် တကယ်ပဲ တခြားတစ်ယောက်ယောက်ရဲ့ အိမ်ထောင်ဖက်ကို ဖမ်းသိမ်းလိုက်တာပေါ့ နင်က ဒီလို ကျားသစ်တစ်ကောင်လို့ ငါ မထင်ထားဘူး"


"... "


ရမ် သူ့မျက်ခုံးတွေ ကျုံ့သွားလိုက်ပြီး သူမစကားထဲက ဖြစ်နိုင်ချေတွေကို တွေးတောလိုက်ပြီး သူမနဲ့ အခြားလူတွေရဲ့ပုံရိပ်အား တွေးတောမိလိုက်ပြီး သူ့နှလုံးသားထဲတွင် ချက်ချင်းလက်ငင်းပင် သတ်ချင်ဖြတ်ချင်စိတ်က တရဟော ထိုးတက်လို့ သွားတော့၏။


သူ သူ့သွားတွေကို သပ်လိုက်ပြီး လည်ချောင်းထဲကလာတဲ့ လေးလံတင်းကျပ်တဲ့ အသံနဲ့ "ဘယ်သူရဲ့လဲ"


သူမက နာမည်တစ်ခု ပြောလိုက်တာနဲ့ သူ ချက်ချင်းသွားပြီး သူတို့ဗိုက်ကို သွားဖောက်တော့မည့်အတိုင်းပင်။


ကျီရှောင်အုံးက ပြောလိုက်တယ် "ဘယ်သူပဲဖြစ်ဖြစ် ဖြစ်နိုင်တာပေါ့။ နင်ကမှ ငါက နင့်အိမ်ထောင်ဖက် မဟုတ်ဘူးလို့ ပြောမှတော့ ငါက အနှေးနဲ့အမြန် တစ်ယောက်ယောက်ရဲ့ အိမ်ထောင်ဖက် ဖြစ်လာမှာပဲမလား။ ဝင်းတား လည်း ဖြစ်နိုင်တာပဲ ဟိုလ်ဒန်လည်း ဖြစ်နိုင်တာပဲ... " သူမ ကြုံရာကျပန်း နာမည်နှစ်ခုကို ပြောလိုက်တယ်။


*


သူမ ပြောလို့ ပြီးသွားတာနဲ့ ရမ် သူ့ခေါင်းကို နှိမ့်၍ သူမလေးရဲ့ စိတ်မချမ်းသာစရာတွေပြောနေတဲ့ ပါးစပ်လေးကို ကိုက်ခဲလိုက်ကာ သူမစကားတွေကို ပိတ်ဆို့လိုက်တယ်။ သူမပါးစပ်ကနေ ဝံပုလွေကောင်ရဲ့နာမည်ကို သူ မကြားချင်ပေ။


"ဝင်းတားမှာ 'အိမ်ထောင်ဖက်' ရှိတယ်" ရမ် က ပြောလိုက်တယ်၊ ဝုံပုလွေငမိုက်ကောင် အတွက်ကတော့ "တကယ်လို့ မင်း သူ့ဆီ ခြေတစ်လှမ်းလှမ်းတာနဲ့ ကိုယ် သူ့မျိုးနွယ်စုတစ်ခုလုံးကို မြေကြီးဖြစ်သွားအောင် ဖောက်ခွဲပစ်လိုက်မယ်"


"......." ကျီရှောင်အုံး သူ အခြားမျိုးနွယ်စုတွေကို မြေကြီးဖြစ်သွားအောင်ဆို နှစ်တွေအများကြီးကြာတာတောင် ဖောက်ခွဲဖျက်ဆီးပစ်နိုင် မပစ်နိုင်ဆိုတာ သိချင်သွားလိုက်ရင်း သူမပါးစပ်လေးက မျဉ်းတစ်ကြောင်းအသွင် ပြန့်ပြူးသွားလိုက်တယ်။ 'တွန့်တိုလိုက်တာ။'


သို့ပေမဲ့လည်း ရမ် သူမကို နမ်းရှိုက်နေတာမို့ သူမ ဒီစကားတွေကို မပြောနိုင်တော့ပေ။


သူ့ထံမှ သူမ ပြန်ကွာကျလာတာနဲ့ သူ့လက်ဖဝါးတွေက သူမတင်ပါးတွေကို ပွေ့ကိုင်ထားလိုက်ပြီး သူ့နှုတ်ခမ်းတွေက သူမရဲ့ပန်းသွေးရောင် နှုတ်ခမ်းတွေကို ဖိကပ်လိုက်ကာ သူမပါးစပ်ထဲ ချင်းနင်းဝင်ရောက်လိုက်တော့တယ်။


အချိန်အကြာကြီးကြာတဲ့အထိ ကျီရှောင်အုံး နမ်းရှိုက်ခံခဲ့ရတာက သူမ မွန်းကျပ်လာပြီး သူမလျှာတွေ နည်းနည်းကျိန်းသွားတဲ့အထိပင်။ သူမ ရုန်းထွက်မလို့ လုပ်လိုက်စဉ်မှာပဲ ရုတ်တရက် အနီးနားရှိ သစ်ပင်တစ်ပင်ကနေ ကြည်ကြည်လင်လင် အော်ဟစ်လိုက်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့၏။


"ဦးလေးရမ် မင်း ဒီမှာ ဘာလုပ်နေတာလဲ"


ကျီရှောင်အုံး ရမ့်ကို အလောတကြီး တွန်းထုတ်လိုက်ပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်ခဲ့တယ်။ သူမ သစ်ပင်အောက်တွင် မတ်တပ်ရပ်နေပြီး သားမွေးအ၀တ်အစားဝတ်ဆင်ထားတဲ့ ကောင်ငယ်လေးတစ်ဦးက လက်လုပ် လေးနှင့်မြှားတစ်စင်းကို လွယ်ကာ သူ့ခေါင်းကို မော့၍ သစ်ပင်အား သိချင်စိတ်ပြင်းပြတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။


ဝင်းတားရဲ့ သား ဝမ်ရစ်ခ်ပင်ဖြစ်တော့၏။


ဝင်းတားက ရမ့်ကို မခေါ်ရဲတဲ့အတွက် သူ့သားကို တစ်ဖက်လှည့်နဲ့ လွှတ်လိုက်တာပင်။


ဝမ်ရစ်ခ်က ပြောလာ၏ "အဖေက သူတို့တွေ စလှုပ်ရှားနေပြီလို့ ပြောတယ် သားတို့တွေ အမဲလိုက်သွားလို့ရပြီလား"


ရမ် သူ့လျှာဖျားမှ ကျီရှောင်အုံးရဲ့ ချိုမြိန်တဲ့ အရသာနောက်ကိုလိုက်ကာ သူ့ပါးစပ်ထောင့်ကို လျှာနဲ့သပ်လိုက်ပြီး သူ့မျက်လုံးတွေက ဝမ်ရစ်ခ် ဆီသို့ လွှဲပြောင်းလိုက်ကာ "မင်းအဖေကို ပြန်ပြောလိုက်၊ တကယ်လို့ သူ ငါ့ကို လာနှောက့်ယှက်ရဲမယ်ဆို ငါ နောက်တစ်ခါဆို ဘာမှပြောနေမှာမဟုတ်ဘဲ နုပ်နုပ်စဉ်းပစ်မယ်လို့" 


ဝမ်ရစ်ခ်က ရိုးသားစွာ ခေါင်းညိတ်ပြပြီး သူ့အကြည့်အား ကျီရှောင်အုံးကို အလိုအလျောက် ပြောင်းသွားလိုက်ခဲ့တယ်။


သူ သူမအား လွန်ခဲ့တဲ့ရက်တုန်းက သူ့ကို နို့တိုက်ကျွေးခဲ့သော "သမင်မိန်းမပျို" အသိမှတ်ပြုထားခဲ့တာပင်။


'သူမက ဘာလို့ဒီနေရာမှာ ရှိတာလဲ။'


ဝမ်ရစ်ခ် မယုံကြည်နိုင်စွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်။ ဦးလေးရမ်က သူ့ကို မစားလိုက်ဘူးလား။


ဝမ်ရစ်ခ် စကားပြောမှာကို မစောင့်နေဘဲ ရမ်က ကျီရှောင်အုံးကို ပွေ့ကာ သစ်ပင်ပေါ်ကနေ ခုန်ချလိုက်တယ်။


ကျီရှောင်အုံးက ရမ်၏နားထဲတွင် တစ်ခုခုပြောကြားလိုက်ပြီး သူ သူမအား နောက်ဘက်ရှိ တုတ်ခိုင်တဲ့သစ်ပင်တစ်ပင်တွင် ထားလိုက်ပြီး ဝမ်ရစ်ခ်ရဲ့ မြင်ကွင်းမှ ပိတ်ကွယ်လိုက်ခဲ့တယ်။


မကြာမီမှာပဲ ကျီရှောင်အုံး သစ်ပင်အနောက်ကနေ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ကာ ထွက်ရှိလာလိုက်တယ်။


ဒီနေရာက အဝတ်အစားတွေနဲ့ ဆီလျှော်အောင်လို့ သူမ မြေခွေးသားမွေးခေါင်းစွပ်တစ်ထည် ဝယ်ယူခဲ့ပြီး ဒီရာသီဥတုနဲ့ ဝတ်ဖို့ သင့်တာပင်။


အဖြူရောင်အမွေးတွေက သူမရဲ့ပန်းသွေးရောင် မျက်နှာဖြူဖြူလေးကို ဝန်းရံထားတာက ဆောင်းတွင်းတောအုပ်ထဲတွင် ငြိမ်သက်စွာ ဖူးပွင့်နေတဲ့ ပန်းပွင့်အစုလိုက်တွေလိုပင်။


သူမ ခြေထောက်ပေါ်တွင်တော့ ဘွတ်ဖိနပ်ရှည် တစ်ရံက ဝတ်ဆင်ထားတာက တစ်မူထူးခြားတဲ့လက်ရာတစ်ခုပင်။


ရမ်က သူမ ရောက်လာတဲ့အထိလျှောက်လာမှာကို စောင့်မနေဘဲ သူမကို သွားပွေ့ချီလိုက်ပြီး မျိုးနွယ်စုရှိရာဘက်သို့ သယ်သွားလိုက်တော့တယ်။


***


ဝီနော်တောင်ကြားက အပင်စားမျိုးစိတ်တွေက တောင်ကုန်းအောက်‌ တောင်ပူဆာလေးတွင် ပျှော်ရွှင်စွာ နေထိုင်ကြတာဖြစ်ပြီး အထူးသဖြင့် တောင်နှစ်တောင်ကြားက တောင်ပူဆာတွေမှာပဲဖြစ်၏။


ဝင်းတားက အရင်သွား၍ အခြေအနေကို စောင့်ကြည့်လေ့လာလိုက်ခဲ့ပြီး ရမ် ပြန်လာ၍ အမိန့်ထုတ်ဖို့ကို စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်။


ရမ်က သူပြောပြတာကို နားထောင်လိုက်ပြီး အဲဒီနောက် မျိုးနွယ်ဝင်တွေအား အရှေ့နဲ့ အနောက် နှစ်ဖက်ညှပ်တိုက်ခိုက်ဖို့ နှစ်ပိုင်းခွဲခြားလိုက်ခဲ့တယ်။


သူ အပြင်မထွက်ခင် ရမ်က တောင်အောက်က လှိုဏ်ဂူတစ်ခုကို ရှာလိုက်ခဲ့ပြီး ကျီရှောင်အုံးကို ဂူထဲတွင် ထားလိုက်ပြီး သူမကို စောင့်ကြည့်ဖို့ မျိုးနွယ်ဝင်သားတစ်ဦးအား ချန်ထားလိုက်ခဲ့တယ်။


အမဲလိုက်တာက အန္တရာယ်မရှိပေမဲ့လည်း လုံခြုံမှုရှိဖို့က ၁၀၀ ရာခိုင်နှုန်း အာမ မခံနိုင်ပေ။


ရမ် အရာအားလုံးကို စီစဉ်လိုက်ခဲ့ပြီး မျိုးနွယ်ဝင်တွေအား တောင်ကြားထဲသို့ ဦးဆောင်လိုက်ခဲ့တယ်။


ရာသီဥတုကြောင့် ဒီတစ်ခါ အမဲလိုက်မှုက ပိုရှည်လျားပြီး ပြန်လာဖို့ နှစ်ရက်နဲ့ နှစ်ည ကြာမြင့်လိုက်ခဲ့၏။


ဒီနှစ်ရက်အတောအတွင်း ကျီရှောင်အုံး တစ်ယောက် ပျင်းရိနေခဲ့တယ်။


လှိုဏ်ဂူထဲမှာ ဘာမှလည်း ရှိမနေပေ ရမ် ချန်ထားခဲ့တဲ့ စားစရာတွေသာ ရှိလေတယ်။


ကျီရှောင်အုံး အနီးအနားက တောအုပ်ထဲကို လမ်းလျှောက်ထွက်ချင်ပေမဲ့ ဂူအပြင်ဘက်က ကျားသစ်သားရဲလူက သူမကို တားမြစ်လိုက်ပြီး သူမ သွားလာတာကို ခွင့်ပြုဖို့ ငြင်းဆန်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူ့ကို ပြောဆိုကြည့်ဖို့ ကြိုးပမ်းလိုက်ပေမဲ့ သူက သူမပြောတာအား နားမလည်ခဲ့ပေ။


သူ ဒီလို မပြောဘဲနဲ့တာတောင် ဒါက ရမ့်ရဲ့အမိန့်ချထားလို့ဆိုတာ သူမသိပါတယ်။


ရမ် သူမ နောက်တစ်ခါ ထွက်သွားမှာကို ကြောက်တာကြောင့် သူမကို တစ်ယောက်တည်း မထားခဲ့တာပဲ။


ကျီရှောင်အုံး လက်လျော့လိုက်ပြီး ဂူထဲကိုသာ ပြန်သွားလိုက်ရတယ်။


သူမ အလာတုန်းက သူမ ကြိုတင်ပြင်ဆင်လာခဲ့တာ ကံကောင်းပေလို့ပဲ။ သူမ သူမရဲ့နေရာလွတ်ထဲကနေ သုတေသနပစ္စည်းတွေနဲ့ သူမရဲ့ကျောင်းစာအုပ်ကို ထုတ်လိုက်ပြီး ထောင့်တွင် ထိုင်လိုက်ကာ စာရေးရင်းဖြင့် အချိန်ကို ဖြတ်သန်းလိုက်ခဲ့တယ်။


ရမ်က သူမကို မယုံကြည်နိုင်တည်းက သူမ သူ ယုံကြည်လာဖို့ ကြိုးစားမယ်လို့ သူမ တွေးတောလိုက်တယ်။


—— ဒီတစ်ခါတော့ သူမ သူနဲ့အတူတူနေဖို့ အလေးအနက်နဲ့ ပြန်လာခဲ့တာပဲ။


နှစ်ရက်ကြာမြင့်ပြီးနောက် ရမ် မျိုးနွယ်ဝင်တွေနဲ့အတူ ပြန်ရောက်လာခဲ့ပါတယ်။


သူတို့တွေ သားကောင်များစွာအား ခိုင်ခံ့တဲ့ကြိုးတွေနဲ့ တုတ်နှောင် ဖမ်းဆီးလာခဲ့ပြီး သူကတော့ လှိုဏ်ဂူဆီသို့ ဦးတည်သွားခဲ့၏။


သူ ဝင်ပေါက်နားကိုရောက်သွားလိုက်တော့ ရမ် ကြိုးအား သူ့နောက်က ဒိုးဆီ ပစ်ပေးလိုက်ပြီး စိတ်မပါ့တပါ အမိန့်ပေးလိုက်၏။


"နောက်ဆုံး သေသွားတဲ့ အကောင်ကို ရွေးပြီး ညကျရင် မီးပုံပွဲကျင်းပပေးလိုက်"


ဒိုးက သူ့မျိုးနွယ်ဝင်တွေနဲ့အတူ သားကောင်ကို ယူဖို့ ကတိပေးလိုက်၏။


ရမ် မှောင်မည်းနေပြီး မမြင်နိုင်တဲ့ ဂူပေါက်ဝဆီသို့ လှမ်းမျှော်ကြည့်လိုက်ခဲ့တယ်။


သူ ခဏလေး ရပ်တန့်သွားလိုက်တယ်။ ဒီအခိုက်မှာတော့ သူ လှိုဏ်ဂူထဲကို လျှောက်ဝင်ဖို့ သတ္တိရှိမနေခဲ့ပါ။ အထဲဝင်သွားပြီးရင် လူမရှိပြီး ခြောက်ကပ်နေလိမ့်မှာပဲ။


အချိန်အတော်ကြာပြီးနောက် သူ နောက်ဆုံးတွင် သူ့ခြေတံရှည်ရှည်ကို ဆန့်ထုတ်ကာ အထဲဝင်သွားလိုက်ခဲ့တော့တယ်။


. . .


"ရမ် နင် နောက်ဆုံးတော့ ပြန်လာပြီပဲ!"


မိန်းမပျိုငယ်လေးတစ်ယောက် သူ့ဆီ ပြေးဝင်လာပြီး သူ့ခါးကို ရစ်ပတ်ထား၍ သူမရဲ့နူးညံ့တဲ့ ခန္ဓာကိုယ်လေးက သူ့ရင်ခွင်မှာ မြှုပ်ထားလိုက်တဲ့အချိန် ရမ် ကောင်းကောင်းတောင် မရပ်နိုင်လိုက်တော့ပေ။ သူ ငုံ့ကြည့်လိုက်တော့ သူမမျက်နှာသေးသေးလေးနဲ့ တောက်ပတဲ့ မျက်လုံးတွေက သူ့ကို ကျေနပ်နှစ်လိုစွာနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။


ရမ် တစ်ယောက် လန့်ဖျန့်သွားလိုက်တာက မိန်းမောမှုတစ်ခုထဲ ရောက်သွားတဲ့အတိုင်းပင်။


အရင်တုန်းက သူထွက်သွားတိုင်း သူ နှုတ်ဆက်ခံရတာ ဘယ်လိုမနေပေ။


ဒီဆန်းသစ်မှုကတော့ ပထမဆုံးအကြိမ်ပင်။


ကောင်မလေးရဲ့ကိုယ်ခန္ဓာရှိ တမူထူးခြားတဲ့ ကိုယ်သင်းရနံ့က ဒါဟာ ထင်ယောင်ထင်မှားတစ်ခုမဟုတ်ကြောင်း သူ့အား သတိပေးနေလေတယ်။


ရမ်၏ မျက်လုံးတွေက နက်မှောင် နက်ရှိုင်းနေပြီး သူ မတုံ့ပြန်လိုက်ခဲ့ပေ။


ကျီရှောင်အုံး သူမတက်ကြွလွန်သွားတာက မကောင်းတာများလားလို့ ထင်သွားလိုက်ကာ မျက်တောင်ခတ်လိုက်တယ် "ရမ်"


ရမ် ရုတ်တရက် သူ့ မျက်လုံးတွေ မှိတ်ချလိုက်ပြီး သူ့အသံကို နှိမ့်ကာ "ထွက်သွား" 


ကျီရှောင်အုံး : "... ?"


နောက်တော့မှ ဒီစကားက သူမကို ပြောတာ မဟုတ်ဘဲ ဂူပေါက်ဝကို စောင့်ကြပ်နေတဲ့ ကျားသစ်ကို ပြောလိုက်တာမှန်း သူမ နားလည်သွားလိုက်တယ်။


ကျားသစ်သားရဲလူက မထွက်သွားလိုက်ခင် သူ ရမ် ထပ်ပေါင်းပြောလိုက်တာအား ကြားလိုက်ရ၏ "မမှောင်လာခင် ဘယ်သူမှ ဒီကို မလာစေနဲ့" 


ကျားသစ်သားရဲလူက ဘာဆက်ဖြစ်တော့မယ်ဆိုတာ ချက်ချင်းပဲ ခန့်မှန်းပြီး ပြောလိုက်တယ်။ "ဟုတ်ကဲ့ပါ ခေါင်းဆောင်" 


ဒါ့ကြောင့် အပြင်ဘက်က ကျားသစ်သားရဲလူက လျင်လျင်မြန်မြန် ဖယ်ရှားလိုက်ပြီး ဂူကနေ တော်တော်ဝေးတဲ့နေရာသို့ သူ့အလိုလို ထွက်သွားလိုက်တယ်။


ဒီလိုနဲ့ပဲ မကြာမီမှာပဲ မိန်းမပျိုလေးရဲ့ ရှက်ရွံ့ပြီး ချုပ်တည်းထားတဲ့ ညည်းတွားသံတွေကို ပြတ်တောင်းပြတ်တောင်းဆိုသလို ကြားလိုက်ရတော့၏။


The End....