Chapter 71 * A Little Bit
Viewers 9k

အပိုင်း (၇၁)*A little bit


ညအမှောင်ကျရောက်လာချိန်တွင် သားရဲလူတွေက တောအုပ်ထဲတွင် မီးပုံပွဲ ကျင်းပလိုက်ကြ၏။


တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်တွေက ပတ်ဝန်းကျင် အမှောင်ထုကို လင်းထိန်သွားစေပြီး သစ်ပင်များ၏ မှုန်ဝါးနေတဲ့ အရိပ်တွေအား လှိုဏ်ဂူဝင်ပေါက်အထိ ဆန့်ထုတ်၍ ရှည်လျားစွာ ဆွဲခေါ်သွားခဲ့သည်။


. . .


လှိုဏ်ဂူထဲတွင်တော့...


ကျီရှောင်အုံး တစ်ယောက် ရမ်၏ရင်ခွင်ထဲတွင် ဖွဖွကလေး ထိုင်နေခဲ့ရတယ် ဘာလို့လဲဆိုတော့ သူမ တစ်နေ့ခင်းလုံးလုံး နံရံတွင်ဖိ၍ အညှာတာမဲ့စွာ မှောက်လိုက်လှန်လိုက် လုပ်တာခံခဲ့ရလို့ပါပဲ။ သူမ စောစောကလေးကမှ ထွက်ခွာလာနိုင်ခဲ့ပြီး နေ့နဲ့ညကို မခွဲခြားနိုင်တော့လောက်အောင် တော်တော်ကလေးကို အခက်တွေ့လိုက်ခဲ့ပါတယ်။


သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်းအား နည်းနည်းလှုပ်ရှားမိလိုက်တော့ ပူပူနွေးနွေး အရည်တွေက သူမခြေထောက်အောက်ကနေ စီးကျလာခဲ့တယ်။


ကျီရှောင်အုံးရဲ့ကိုယ်က ယောင်ယောင်ကလေး တုန်ရီသွားခဲ့ပြီး သူမ၏နုနယ်တဲ့ လက်ချောင်းလေးတွေက ရမ်၏ ရင်ဘတ်အား လှမ်းဆွဲလိုက်ခဲ့တယ်။ သူမအသံက အသနားခံစွာနဲ့ အားနည်းလို့နေခဲ့တယ် "ရမ် ငါဗိုက်ဆာတယ်..."


သူမ စိုးရိမ်တာက သူမ ဒီမှာပဲနေနေလိုက်လို့ ရမ်က သူမကို နောက်တစ်ကြိမ် ထပ်လုပ်လိမ့်မလားပဲ ဒါပေမဲ့ သူမ ကိုယ်ခန္တာက အဲဒါကို ထပ်ပြီး ခံနိုင်တော့မှာ မဟုတ်ဘူးပဲ။


ပြီးတော့ . . . သူမ တကယ်လဲပဲ ဗိုက်ဆာနေတာ။


ရမ်က လုံလုံလောက်လောက် ဆန္ဒပြည့်ဝသွားပြီး သူ့သဘာဝကိုက အလွန်လက်ခံလွယ်သူတစ်ယောက်ပင်။ သူ သူ့ခေါင်းကိုငုံ့ကာ သူမမျက်လုံးနားက မျက်ရည်စတွေကို လျှာနဲ့လျက်လိုက်ပြီး သူမအား လှိုဏ်ဂူအပြင်သို့ ခေါ်ထုတ်သွားလိုက်ခဲ့တယ်။


သူမတို့ရှေ့က တောအုပ်ထဲတွင် သားရဲလူဒါဇင်ကျော်က ထိုင်နေကြပြီး အလယ်တွင်တော့ မီးပုံဖိုထားခဲ့ကာ တောဝက်ကောင်ရေတော်တော်များအား မီးကင်ထားခဲ့တယ်။


ရမ်က မိန်းမပျိုလေးကို ပွေ့ချီလာတာကို မြင်လိုက်ရတော့ အတော်များများက သူ့အလိုလို ဘေးဘက်သို့ ဖယ်ပေးလိုက်ကြကာ သူတို့ခေါင်းဆောင်အား အလယ်အကျဆုံး နေရာကို ပေးလိုက်ခဲ့ပါတယ်။


ရမ်က ကျီရှောင်အုံးအား သူပေါင်ပေါ် တင်လျက် အေးအေးဆေးဆေးထိုင်ချလိုက်ကာ ဝင်းတား ထံမှ ထက်ရှတဲ့ ကျောက်ဓားတစ်ချောင်း ယူလိုက်ခဲ့တယ်။ အဲဒီနောက် အသားကင်တစ်ပိုင်းဖြတ်ပြီး သူမခါးလေးကို ကိုင်လိုက်ကာ သူမအား ခွံ့ကျွေးလိုက်ခဲ့တယ်။


ကျီရှောင်အုံး သူမပါးစပ်ဖွင့်မပေးခဲ့ဘဲ သူမလက်ကို ရမ့်လည်တိုင်ဆီ ဆန့်တန်းလိုက်ပြီး သူမမျက်နှာအား သူ့ပခုံးတွင် မြှုပ်နှံလိုက်ခဲ့တော့တယ်။


"ဗိုက်မဆာဘူးလား" ရမ် တီးတိုး မေးလိုက်၏။


"......" ဒီလောက် သားရဲလူတွေအများကြီးရှိတဲ့နေရာကို ခေါ်လာလိမ့်မယ်လို့ ကျီရှောင်အုံး သူ့အား မထင်ထားလိုက်ခဲ့ပေ။ နေ့ခင်းတုန်းက လှိုဏ်ဂူထဲမှာ သူမ သူမအသံကို မထိန်းချုပ်ဘဲ အော်ဟစ်လိုက်ခဲ့တာပဲ။ လှိုဏ်ဂူက အသံမှ ကောင်းကောင်းမလုံတာ အဲဒါကို ကျားသစ်တွေအများကြီး ကြားသွားလိမ့်မှာ ကျိန်းသေပဲ။


'သူတို့ရှေ့မှာ ရုပ်လုံးထွက်ဖို့ သူမမှာ ဘယ်ကသတ္တိက လာရှိနိုင်မှာလဲ။ သူမကို လူနည်နည်းပဲ ရှိတဲ့နေရာတစ်ခုခုကို သူခေါ်သွားပေးလို့မရဘူးလား။'


ရမ်က သူမရဲ့အတွေးတွေကို ခန့်မှန်းမိလိုက်ပြီး လက်တစ်ဖက်ကို လွှတ်ကာ သူမခေါင်းနောက်ကို ညင်သာစွာပွတ်သပ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်၏ "စိတ်သာချ သူတို့ မကြားဘူး"


ကျီရှောင်အုံး စူပုပ်ပုပ်ဖြစ်သွားလိုက်ပြီး နှစ်ကိုယ်ကြား ကြားနိုင်တဲ့လေသံဖြင့် မေးလိုက်တယ် "နင်က ဘယ်လိုသိတာလဲ"


ရမ် တီးတိုးပြောလိုက်၏ "ကြားတဲ့သူ ဘယ်သူဖြစ်ဖြစ် သူတို့နားတွေကို အဖြတ်ခံရလိမ့်မယ်"


ဒါ့ကြောင့် ခေါင်းဆောင်နဲ့ သူ့မိန်းမပျိုလေးတို့ ပြောတာကို နားထောင်ခဲ့လိုက်ရတဲ့ သားရဲလူတွေ ချက်ချင်းပင် မတ်မတ် ထိုင်လိုက်ကြတော့တယ်။


အဲဒီနောက် သူတို့ခေါင်းဆောင်ဖြစ်သူ ရမ်ရဲ့ ဖြည်းဖြည်းချင်း ပြောလိုက်တာကို နားထောင်ခဲ့လိုက်ရတယ် "တကယ်လို့ တစ်ယောက်ယောက်က ချောင်းကြည့်ဝံ့မယ်ဆို သူတို့ရဲ့ မျက်လုံးတွေ ဖောက်ထုတ်ခံရလိမ့်မယ်"


. . .


ကျန်ရှိတဲ့ သားရဲလူတွေလည်း လျင်မြန်စွာဖြင့် သူတို့မျက်လုံးတွေကို ပြန်ရုတ်သိမ်းလိုက်တော့၏။


လူတိုင်းလူတိုင်းကား သူတို့ရဲ့နှာခေါင်းတွေကိုပဲ ကြည့်ရှုနေလိုက်ကြကာ သူတို့အာရုံအား အသားကင်ပေါ်တွင်သာ အာရုံစိုက်ထားလိုက်ကြတော့တယ်။


သူတို့ရဲ့အတွေးထဲက ပုံရိပ်တွေကိုတော့ ဖျောက်ဖျက်ပစ်လို့ မရခဲ့ပေ. . . .


သေးသွယ်လှပတဲ့မိန်းမပျိုလေးက သူတို့ခေါင်းဆောင်ရဲ့ ခြေထောက်တွေပေါ်တွင် ထိုင်ချနေကာ သူမပါးပြင်တွေက ရှက်သွေးဖျာနေလေတယ်။ သူမ၏ မျက်လုံးတွေက ဖူးရောင်နေပြီး ပန်းသွေးရောင်နှုတ်ခမ်းသား ဖွဖွကိုက်ကာ သူမမျက်တောင်တွေပေါ်မှာလည်း မျက်ရည်စက်များ တွဲလွဲခိုရှိနေဆဲပင်။


သူမ၏ နက်မှောင်တဲ့ မျက်လုံးလေးတွေက မြူမှုန်အလွှာတစ်လွှာ ဖုံးအုပ်နေပြီး သူမမျက်လုံးတွေက တော်တော်ကလေး ရှုပ်ထွေးနေခဲ့ပြီး လုံးလုံး မနိုးကြားသေးသည့်အတိုင်းပင်။


သူမ၏ သွယ်လျပြီး ဖြူဖွေးတဲ့ လည်တိုင်အား ထုတ်ဖော်ပြနေခဲ့လေတယ်။ မီးတောက်များ၏ အရှိန်ပြင်းပြင်း တောက်လောက်မှုအောက်တွင် ခရမ်းပုပ်ရောင် အမှတ်သားအချို့က လည်တိုင်ပေါ် ရိုက်နှိပ်ထားခဲ့၏။


တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အလုံးစုံလုံးက ဆိုးဆိုးရွားရွားပျက်ဆီးနေသည်ကို မြင်လိုက်၏။


သူတို့ခေါင်းဆောင်က သူ့ကိုယ်သူ ဘယ်လို ထိန်းချုပ်ရမှန်း မသိဘူးပဲ...... ကျားသစ်သားရဲလူတွေအကုန်လုံး အတွေးတစ်ခုတည်း ရှိလိုက်ကြတော့တယ်။


ဒီလောက် နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေးတစ်ယောက် တဖြည်းဖြည်းချင်း ဆော့ကစားရတာ ပျော်ဖို့ကောင်းမှာပဲ။ သူမကို တစ်ခါတည်းနဲ့ အားလုံး ဖျက်ဆီးပစ်လိုက်ဖို့က နှမြောဖို့ကောင်းလိမ့်မှာပဲ။


သေချာတာပေါ့ ရမ်ကတော့ ဒီအကြောင်းတွေ တွေးမိမှာ မဟုတ်ပါဘူး။


မီးငြှိမ်းသတ်လိုက်ပြီးနောက် ရမ်က အိပ်ပျော်နေတဲ့ ကျီရှောင်အုံးအား ဂူထဲသို့ ပြန်ခေါ်သွားပြီး သူမကို နောက်ထပ် ထပ်ပြီး မမှောက်လှန်လိုက်တော့ပေ။


*


နောက်တစ်နေ့မနက်တွင်တော့ ကျီရှောင်အုံး နိုးလာပြီး ရမ်ကတော့ အမဲလိုက်ဖို့ ထပ်ထွက်သွားလိုက်ခဲ့ပါတယ်။


မနေ့က သားကောင်တွေ အများကြီး အမဲလိုက်လို့ရခဲ့ပေမဲ့လည်း မျိုးနွယ်စုတစ်ခုလုံး ဆောင်းရာသီကို ဖြတ်သန်းရာမှာ ပံ့ပိုးနိုင်ဖို့ မလုံလောက်သေးပေ။ 


ကျီရှောင်အုံး ခြုံစောင်ကို လှန်လိုက်ပြီး နေရာနည်းနည်း ရွေ့ပြောင်းလိုက်တော့ တစ်ကိုယ်လုံး စီးကပ်ကပ်နဲ့ မသက်မသာခံစားလိုက်ရတယ်။


မနေ့က ရမ် သူမကို တူတူ ထပ်ပြီးလုပ်လိုက်ခဲ့တော့ သူမခန္ဓာကိုယ်ကို သန့်ရှင်းဖို့ အခွင့်မရလိုက်ခဲ့ပေ။ အခုတော့ သူမရဲ့ သည်းခံမှုကန့်သတ်ချက်သို့ ရောက်ရှိသွားလိုက်ပြီး သူမ ရေပဲချိုးပစ်လိုက်ချင်နေလေပြီ။


ပြီးတော့.... အရမ်း အရမ်းအရေးကြီးတဲ့ ပြဿနာတစ်ခုကို သူမ စဉ်းစားရတော့မယ်။


ဒီတစ်လျှောက်လုံး ရမ်က ဘာအကာအကွယ်မှ မထားခဲ့တာပဲ။


သားရဲကမ္ဘာမှာက သန္ဓေတားဆေး ဆိုတာမရှိပေ။ မိတ်လိုက်ခြင်း၏ ရည်ရွယ်ချက်တစ်ခုလုံးက သားဖောက်ဖို့ပဲဖြစ်၏။


ဒါကြောင့်မို့ အပြင်မှာ ထုတ်ဖို့ သူမ သူ့ကို အကြိမ်ပေါင်းများစွာ ပြောလိုက်ခဲ့ပေမဲ့ သူက သူမစကားကို နားမထောင်ခဲ့ဘူးပဲ. . .


ဒီလိုသာ အကြာကြီးဆက်ဖြစ်နေမယ်ဆိုရင် သူမမှာ ကိုယ်ဝန်ရသွားစေဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာလည်း သူမ မသိဘူးပဲ. . .


သူမက ဒုတိယနှစ်ကျောင်းသူတစ်ယောက်ပဲရှိသေးတာ သူမ ကလေးကို ဒီလောက်အစောကြီး မလိုချင်သေးဘူး. . .


ပြီးတော့ သားရဲလူသားကလေးကို စောင့်ရှောက်ပေးဖို့လည်း သူမ အဆင်သင့်မဖြစ်သေးဘူး။ တကယ်လို့ သူမ အမေနဲ့အဖေသာ သူမမှာ ကျားသစ်သားရဲလူသားကလေး ကိုယ်ဝန်ရှိနေမှန်း သိသွားခဲ့ရင် သူတို့တွေ လန့်လို့ သေသွားနိုင်တယ်။


'.......သူမနဲ့ ရမ်တို့ရဲ့ ကလေးတွေက ဘယ်လိုပုံပေါက်နေမလဲဆိုတာ သူမ မသိဘူးပဲ။'


'ကျားသစ်တစ်ကောင်ပဲ ဖြစ်နေမလား ဒါမှမဟုတ် လူသားပဲဖြစ်နေမလား။'


'သူမ လိုပဲလား ဒါမှမဟုတ် ရမ့်လိုပဲဖြစ်နေလား။'


ဒီနေရာက မျိုးဆက်ပေါက်ဖွားမှု သီးခြားခွဲထားတာမျိုး မရှိဘူးဘဲ မတူညီတဲ့မျိုးနွယ်စုတွေက မျိုးဆက်ပေါက်ဖွားနိုင်တယ်လို့ အီရစ် ပြောတာကို သူမ နားထောင်လိုက်ခဲ့ရတယ်။


ဒါပေမဲ့ မျိုးရိုးအစဉ်အဆက်က ကောင်းလိမ့်လို့ မသေချာပေ၊ ဆွေမျိုးနီစပ်တဲ့သူတွေမှာ ကလေးရတာလိုမျိုးပေါ့။


. . . သူမနဲ့ ရမ်တို့ ချို့ယွင်းချက်ရှိနေတဲ့ ကလေးတစ်ယောက် မွေးခဲ့ရင်ရော ဘာဖြစ်မလဲ။


ကျီရှောင်အုံး ဒါကိုပဲ ထပ်ခါတလဲလဲ တွေးတောမိလိုက်ပြီး သူမအတွေးတွေက ကယောက်ကယက်ဖြစ်လာတော့တယ်။


နောက်ဆုံးမှာတော့ သူမ အံအားသင့်စွာနဲ့ အသိဝင်လာလိုက်ပြီး သူမ ပါးပြင်တွေ နီမြန်းသွားလိုက်တယ်။ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ကလေးမွေးတဲ့အဆင့်ထိ စဉ်းစားမိလိုက်တာများလဲ။ အား..အား.... သူမ ကျားသစ်မျိုးဆက်လေးတစ်ကောင် မမွေးချင်ပါဘူး အား. . .


ကျီရှောင်အုံး ခဏလောက် စိတ်ဓာတ်ကျဆင်းသွားလိုက်ပြီး နောက်ဆုံးတွင် သားမွေးအရေခွံထဲကနေ ထထိုင်လိုက်ကာ သူမ၏နေရာလွတ်ထဲမှာ သိုလှောင်ထားတဲ့ ရေကို ဆေးကြောသန့်စင်ဖို့ ထုတ်လိုက်ပြီး အပြင်သွား၍ စမ်းချောင်းတစ်ခု ရှာနေချင်ခဲ့တယ်။


လှိုဏ်ဂူအပြင်ဘက်တွင် စောင့်ကြပ်နေတဲ့သူက သူမကို အပြင်ထွက်ခွင့်ပေးဖို့ ငြင်းဆန်နေဆဲပင်။


ကျီရှောင်အုံးက ကျားသစ်သာသာစကားကို သုံးပြီး သူနဲ့ စကားပြောလိုက်ပေမဲ့ သူကတော့ ငြင်းဆန်နေတုန်းပင်။


သူမလည်း ရွေးချယ်စရာမရှိတော့ဘဲ လျှပ်စစ်ကျင်စက်ကို ထုတ်လိုက်ပြီး သူ့အား သတိလစ်သွားအောင် လုပ်ခဲ့လိုက်ရတယ်။


. . .


လှိုဏ်ဂူရဲ့အနောက်ဘက်တွင် ကြည်လင်တဲ့ စမ်းချောင်းတစ်ခုရှိနေခဲ့တယ်။ ဆောင်းဦးရာသီနှောင်းပိုင်း ဖြစ်တာမို့ ရေက အေးနေခဲ့တော့ သူမ ရေမချိုးလိုက်နိုင်ခဲ့ပေ။


ကျီရှောင်အုံး ချောင်ကျတဲ့ နေရာတစ်ခုကို ရှာလိုက်ပြီး စမ်းချောင်းမှ ရေပုံးတစ်ပုံး ခပ်ခဲ့လိုက်တယ်။ သူမ မီးဖိုထုတ်ကာ ရေပုံးကို တည်လိုက်ပြီး သင့်တင့်တဲ့ အပူချိန်ရောက်တော့မှ ရေပုံးကို ယူလိုက်ခဲ့ပြီး သူမနေရာလွတ်ထဲကို ရေပုံးနဲ့အတူ ပုန်းလိုက်ခဲ့ပြီး ရေချိုးလိုက်ခဲ့ပါတယ်။


ကံကောင်းတာက သူမ ဒီတစ်ခေါက်တော့ ပစ္စည်းတွေ အများကြီးရှိနေခဲ့တယ်.. ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ ရေသုတ်သဘက်၊ သွားတိုက်တံနဲ့ သွားတိုက်ဆေး၊ မျက်နှာသစ်ဆေး.... အားလုံးပဲ။


သူမ၏နေရာလွတ်ထဲမှာပဲ ဇိမ်ရှိရှိ ရေချိုးလိုက်ပြီးတော့ ကျီရှောင်အုံး နောက်ဆုံး သူမကိုယ်ပေါ်ရှိ ကိုယ်လက်နှီးနှောထားတဲ့ အနံ့အသက်တွေကို ဆေးကြောပစ်လိုက်ခဲ့တယ်။ သူမ အဝတ်သန့်သန့်တွေ လဲဖယ်လိုက်ခဲ့ကာ သူမနေရာလွတ်ကနေ ထွက်ပြီး ရမ် ပြန်ရောက်မလာသေးတဲ့အချက်ကို အခွင့်ကောင်းယူကာ လှိုက်ဂူထဲမှာ အိပ်လိုက်ဖို့ ကြံရွယ်လိုက်ခဲ့ပါတယ်။


ဒါပေမယ့် သူမ ခြေတစ်လှမ်းချလိုက်တော့ အမဲလိုက်ထွက်တဲ့ သားရဲလူတွေ ပြန်ရောက်လာတာကို ကျီရှောင်အုံး တွေ့လိုက်ရပြီး အမဲလိုက်ထားတဲ့ သားကောင်တွေကို သူတို့တွေ နေရာချနေခဲ့ကြပါတယ်။


သူမ နှလုံးက လှစ်ခနဲ ခုန်သွားလိုက်ကာ သူမ ဂူဝင်ပေါက်ဆီသို့ မသိစိတ်က လှမ်းကြည့်လိုက်ခဲ့တယ်။


—— ရမ်က ဂူပေါက်ဝတွင် သူမကို ကျောပေးပြီးတော့ သူမ လျှပ်စစ်ကျင်စက်နဲ့ တို့လိုက်လို့ မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့ သားရဲလူအမျိုးသားရှေ့မှာ မတ်တပ်ရပ်နေခဲ့တာကို မြင်လိုက်ခဲ့တယ်။


*


"ရမ်..."


ကျီရှောင်အုံး ရမ်၏နောက်တွင် သွားရပ်လိုက်ဖို့ ခြေလှမ်းစိပ်စိပ် သွားလိုက်ခဲ့တယ်။


သူမခြေထောက်တွေက နာကျင်နေတော့ သူ လမ်းမြန်မြန်မလျှောက်နိုင်ခဲ့ပေ၊ ရမ်ရဲ့ခြေထောက်တွေကတော့ သူမကို နောက်မှာချန်ထားဖို့ လုံလောက်အောင် ရှည်လျားနေခဲ့တယ်။


သူ ပြန်ရောက်လာခဲ့ပြီးတော့ ဂူထဲမှာ ဘယ်သူမှလည်း မတွေ့ဘဲ အပြင်ဘက်က အစောင့်က သတိလစ်နေခဲ့တည်းက သူ့မှာ ဒီလိုတုံ့ပြန်မှုတွေ ရှိလိုက်တာပဲဖြစ်တယ်။


အဲဒီနေ့ သမင်မျိုးနွယ်စုမှာ တုန်းကလို သူ့ရဲ့ဥပက္ခာပြုမှုက တော်တော်လေး လူစိတ်ကင်းမဲ့နေခဲ့တော့၏။


သူမ ခဏလေးပဲ ထွက်သွားလိုက်တာမလား။ သူ ဘာလို့ ဒီလောက် စိတ်ဆိုးနေရတာလဲ။


ကျီရှောင်အုံး စိတ်ပျက်သွားလိုက်ပေမဲ့ သူမ သူ့ကို အမောတကောပြေးပြီး အမှီလိုက်ဖို့ကြိုးပမ်းလိုက်ခဲ့တယ်။


'သူ့ရဲ့စရိုက်က ဒီလောက် ပြဿနာရှာတတ်လိမ့်မယ်ဆိုတာ အရင်က သူမ ဘယ်လိုလုပ်ပြီး မမြင်ခဲ့တာများလဲ။ သူမ သူ့ကို လုံးဝ ထားမသွားတော့ပါဘူးလို့ သူမ ဘယ်လောက်အကြိမ်များများ ကတိပေးခဲ့လိုက်လဲ သူမတောင် မသိတော့ဘူးပဲ၊ ဒါပေမဲ့ သူကတော့ သူမကို ယုံဖို့ ငြင်းဆန်နေတုန်းပဲ။'


ရမ်က ဝေးသထက် ဝေးသွားလိုက်တာကို မြင်လိုက်ရတော့ ကျီရှောင်အုံး နည်းနည်းစိုရိမ်သွားလိုက်ပြီး အလျင်တလို နောက်ကနေ လိုက်ခဲ့လိုက်ကာ "ဟေး..ရမ် ငါ့ကို စောင့်ပါဦး ..."


ဂရုမစိုက်မိလိုက်ဘဲ သူမခြေထောက်က ထိုးထွက်နေတဲ့ ကျောက်တုံးတစ်တုံးကို ဝင်တိုက်မိလိုက်ပြီး သူမ ဟန်ချက်ပျက်သွားလိုက်ကာ မြေပြင်ပေါ်သို ချော်ကျမိသွားတော့တယ်။


သူမ လဲကျလိုက်တဲ့အချိန် ဘေးက သားရဲလူတစ်ယောက်က သူမပုခုံးတွေကို ထိန်းကိုင်ပေးလိုက်ခဲ့ပြီး သူမ ပြန်ရပ်နိုင်သွားလိုက်တယ်။


ကျီရှောင်အုံး သူမစိတ်က ငြိမ်သက်သွားလိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။ သူက စက်ဝိုင်းခြမ်းပုံ နားရွက်လေးတွေနဲ့ ပယင်းယောင်မျက်လုံးတွေရှိတဲ့ လူစိမ်းတစ်ယောက်ပဲဖြစ်တယ်။ သူ့အသက်က ဆယ်ခြောက့်နှစ်လောက် ရှိပုံရတယ်။


ကျီရှောင်အုံး သူ့ကို ခပ်ဖွဖွ ပြုံးပြလိုက်ခဲ့တယ် "ကျေးဇူးတင်ပါတယ်"


တစ်ဖက်က သားရဲလူက ချက်ချင်းပင် မျက်နှာ အနီရောင်ပြောင်းသွားလိုက်ပြီး သူ့အမြီးက အလိုအလျောက် ကွေးညွှတ်သွားတော့တယ်။ သူ ဘာမှ မပြောလိုက်ခဲ့ပေ။


ကျားသစ်သားရဲလူက သူမအား စကားပြန်ပြောလိုက်ချင်ပေမဲ့ သူ မော့ကြည့်လိုက်ချိန် အဝေးမှာရှိတဲ့ သူတို့ခေါင်းဆောင်၏ အကြည့်နဲ့ သူ သွားဆုံလိုက်တော့တယ်။


သူမခြေလှမ်းတွေက ဘယ်အချိန်တည်းက ရပ်လိုက်မှန်း သူ မသိလိုက်ပေ.. ဒါပေမဲ့ သူ့မျက်လုံးတွေက သူမပခုံးပေါ်မှ လက်သည်းတွေဆီ ကျရောက်သွားလိုက်တယ်။


နားလည်ရခက်တဲ့ အန္တရာယ်တစ်ခု ဖြစ်တည်လာလိုက်ခဲ့၏။


လူငယ်က ချက်ချင်းပဲ သူ့လက်ကိုပြန်ဆွဲယူလိုက်ကာ သူမကို နှုတ်ဆက်၍ တစ်ချိုးတည်း ထွက်ပြေးသွားလိုက်တော့တယ်။


ကျီရှောင်အုံး : " ..."


ရမ်၏အကြည့်က သူမဆီကို လွှဲပြောင်းသွားလိုက်ပြီး အချိန်အတော်ကြာပြီးနောက်မှ ပြောလိုက်၏ "ဒီကို လာခဲ့" 


ကျီရှောင်အုံးက သူမပါးစပ်ကို တင်းတင်းစေ့လိုက်ပြီး သူ့ဘက်သို့ ဖြည်းဖြည်းချင်း လာလိုက်ခဲ့တယ်။ ဆယ်ကျော်သက်လေးက သူမကို အချိန်မီ ကူညီပေးခဲ့ပေမဲ့ သူမခြေကျင်းဝတ်က လည်သွားလိုက်ပြီး စပ်ဖျင်းဖျင်း နာကျင်နေခဲ့တယ်။ ရမ့်ဆီ အရောက်တွင် သူမမျက်လုံးတွေက နီရဲနေခဲ့တော့တယ်။


ကောင်မလေးရဲ့ မျက်ရည်လည်နေတဲ့ မျက်လုံးလေးတွေက သူ့အား တည့်တည့်စိုက်ကြည့်လိုက်ခဲ့ပြီး ပတ်ပတ်လည်တွင် နီမြန်းနေခဲ့တာက မသန့်စင်တဲ့အနယ်နှစ်နီတွေ ယိုစိမ့်နေတဲ့ စမ်းချောင်းတစ်ခုလိုပင်။


သူမပါးစပ်က အောက်သို့ စိုက်နေခဲ့ပြီး သူမရဲ့ နှာတံသေးသေးလေးကို အနည်းငယ် တွန့်ရှုံ့လိုက်ပြီး သူမရဲ့မကျေနပ်ချက်တွေကို ဖွင့်ဟပြလာခဲ့တယ်။


မြင်လိုက်ရတဲ့ ဘယ်သူမဆို မနေနိုင်စွာပင် စိတ်နှလုံး နှလုံးသားပျော့ပျောင်းသွားလိမ့်မှာပင်။


ရမ် အနည်းငယ်လေး စိတ်မရှည်စွာ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်ကို ကိုင်း၍ သူမလေးကို ပွေ့ချီလိုက်ခဲ့တော့တယ်။ 


သန်မာအားကောင်းတဲ့ ခုန်တက်မှုနှင့်အတူ သူ တောင်ထိပ်ပေါ်သို့ တက်သွားလိုက်ခဲ့တယ်။


တောင်ထိပ်ဖျားက မြင့်မားစွာ မိုးထိုးနေခဲ့ပြီး သူ့အနောက်ဘက်တွင် ရေတံခွန်တစ်ခုရှိနေခဲ့တယ်။


ရေတွေက ချောက်ကမ်းပါးပေါ်ကနေ စီးဆင်းသွားလိုက်ပြီး လှိုင်းလုံးတွေကြီးစွာ သွန်းလောင်းကျနေခဲ့တယ်။


ရမ်က သူမအား ရေတံခွန်းဘေးက ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ဖို့ သယ်သွားပေးလိုက်ပြီး သူ့လက်ချောင်းကို မြှောက်၍ သူမမျက်တောင်ပေါ်က မျက်ရည်စတွေကို သုတ်ဖယ်ပေးလိုက်တယ် "မင်း ဘာလို့ ငိုနေတာလဲ"


ကျီရှောင်အုံးက နှာတရှုပ်ရှုပ်လုပ်လိုက်ပြီး ရှင်းလင်းလိုက်၏ "နင် ဘာလို့ ငါ့ကို အရေးမလုပ်တာလဲ"


ရမ်က နှုတ်ဆိတ်သွားလိုက်ပြီးနောက် မေးလိုက်ခဲ့၏ "မင်းကရော ဘာလို့ ဂူထဲကနေ ထွက်သွားတာလဲ" 


".....ငါ ရေချိုးချင်လို့ ငါ ရေမချိုးရတာ ရက်တော်တော်ကြာနေပြီလေ"


ရမ် သတိပေးလိုက်၏ "မင်း ကိုယ်ပြန်လာတာကို စောင့်ပါဦးလား"


"နင် ဘယ်အချိန်မှ ပြန်လာမယ်ဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ။ ရှေ့တစ်ခေါက်ကလို နှစ်ရက် နှစ်ညကြာပြီးမှ နင် ပြန်လာရင်ရော" ကျီရှောင်အုံး သူ့ကို တည့်တည့်ကြည့်ရှုကာ ဆန္ဒပြုလိုက်တယ် "ရမ်..... နင် ငါ့ကို အမြဲတမ်း ဂူထဲမှာ တစ်သက်လုံး ချုပ်နှောင်ထားလို့ မရဘူးလေ။ တကယ်လို့ ငါသာ ထွက်သွားချင်တယ် ဆိုရင် နင်ဘာပဲလုပ်လုပ် မရဘူး....."


သူမလက်ကိုကိုင်ထားတဲ့ ရမ့်လက်တွေက တင်းကျပ်သွားလိုက်ပြီး သူ့လက်ဖမိုးရှိ သွေးပြန်ကြောများ တဆတ်ဆတ်တုန်ခါနေခဲ့ကာ သူ့သွားတွေကို ထုတ်ဖော်ပြီး "မင်း လုပ်ရဲ..."


"ဒါပေမယ့် ငါ မလုပ်ပါဘူး" ကျီရှောင်အုံးက သူ့ကို ကြားဖြတ်ပြောလိုက်တယ်။ သူမ ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်ဆန့်လိုက်ပြီး သူမလက်လေးက သူ့မျက်နှာကို ကိုင်လိုက်ကာ သူ့မျက်လုံးပြာတွေထဲကို စိုက်ကြည့်လိုက်ပြီး "ငါ နင့် အိမ်ထောင်ဖက် လုပ်ဖို့ ကတိပေးပြီးတည်းက ငါ နင့်ကို စွန့်ပစ်သွားမှာ မဟုတ်ဘူး"


ကောင်မလေး၏ မျက်လုံးများက တည်ကြည်လေးနက်နေပြီး အနက်ရောင် မျက်လုံးသူငယ်အိမ်တွေထဲတွင် ရမ့်မျက်နှာအား ရောင်ပြန်ဟပ်နေခဲ့ပါတယ်။


အချိန်တော်ကြာမြင့်သည်အထိ ရမ် သူမ၏ခါးအား ပွေ့ကိုင်ထားခဲ့ပြီး သူ့အသံမှာ သတိမထားမိနိုင်လောက်တဲ့ အလိုဆန္ဒနဲ့ ကြမ်းရှနေကာ "ကိုယ့် အိမ်ထောင်ဖက်က ကိုယ်နဲ့ တစ်သက်လုံး အတူတူနေပေးမှ ရမှာ"


ကျီရှောင်အုံး တန့်သွားလိုက်ပြီး အဲဒီနောက် သူမလက်တွေက သူ့လည်တိုင်တွင် ရစ်ပတ်တွယ်လိုက်ကာ သူမ မမြင်နိုင်ပေမဲ့ သူမ ခေါင်းညိတ်လိုက်ခဲ့တယ်။ "အမ်း.."


. . .


. . .


ရေတံခွန်ရေကြောင့် တိုက်စားခံရတဲ့ ကျောက်တုံးတစ်တုံးပေါ်တွင် ကောင်မလေးတစ်ယောက်က ထိုင်ချနေပြီး သူမဘယ်ဘက် ခြေ‌ထောက်ပေါ်ရှိ ခြေအိတ်နှင့်ဖိနပ်အား ဘေးသို့ ပစ်ထားလိုက်ပြီး သူမရဲ့ခြေထောက်ဖြူဖြူလေးအား ထုတ်ဖော်ပြနေခဲ့တယ်။ ခြေကျင်းဝတ်က အနီရောင် အလွှာထပ်လို့နေပြီး ရောင်ရမ်းနေခဲ့ပါတယ်။


အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက သူမ ခြေထောက်ရင်းတွင် ဆောင့်ဆောင့်ထိုင်နေခဲ့ပြီး သူမရဲ့ခြေသလုံးကြွက်သားအား ကျယ်ပြန့်တဲ့ လက်ဖဝါးတစ်ခုဖြင့် ကိုင်နေခဲ့ကာ အခြားတစ်ဖက်က သူမ ခြေထောက်အား ညင်သာစွာ ကိုင်ထားနေခဲ့တယ်။ သူ ခြေထောက်အား ဖြည်းညင်းစွာ လှည့်လိုက်ပြီး တည်ငြိမ်အေးဆေးစွာ မေးလိုက်တယ် "နာသေးလား"


ကောင်မလေးက ခေါင်းညိတ်ပြရင်း သူမအသံက တုန်ရီစွာဖြင့် "နာတယ်..."


သားရဲလူသား၏ လက်အားက လျှော့သွားပြီး နည်နည်းတိုးလိုက်တယ် "ဒီလိုဆိုရော"


"နာနေတုန်းပဲ..."


"ဒါကရော နာသေးလား"


"ဟေ့ ရမ့် ဖြည်းဖြည်းလုပ်ပါ......"


The End