Chapter 72
Viewers 9k

အပိုင်း(၇၂)


ကျီရှောင်အုံးရဲ့ကတိပေးထားမှုကြောင့် ဖြစ်နိုင်လောက်တယ် နောက်ရက်တွေမှာတော့ ရမ် သူမရဲ့လွတ်လပ်မှုကို တမင် ကန့်သတ်မထားလိုက်တော့ပေ။


ဒါပေမယ့် သူမခြေထောက်က ခြေကျင်းဝတ်လည်ထားတာမို့ မကောင်းသေးပေ။ သွားလာဖို့အတွက် အဆင်မပြေသေးပေ။ သူမ လှိုဏ်ဂူထဲမှာပဲ သတိရှိရှိနဲ့ နေနေလိုက်တော့တယ်။ သူမ လုပ်စရာမရှိ ပျင်းရိလာတဲ့အချိန် သူမ သူမစာတမ်းကို ရေးတာတို့ ဖတ်တာတို့ လုပ်နေလိုက်ခဲ့တယ်။ အဲဒီနောက် သူမ ရမ် အမဲလိုက်ကနေ ပြန်လာတာကို စောင့်နေလိုက်ခဲ့တယ်။


ကျီရှောင်အုံး အရမ်းကို သိချင်သွားလိုက်တယ်။ ရမ် နေ့တိုင်းနေ့တိုင်း အမဲလိုက်ထွက်ရပြီး အင်အားတွေအများကြီး သုံးထားခဲ့တာပဲ။ ညဘက်မှာ အားသုံးဖို့ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ကျန်နေသေးတာတုန်း။


အထူးသဖြင့် သူမတို့တွေ ပြန်လည်သင့်မြတ်ပြီးနောက်မှာပေါ့၊ သူ ညတိုင်းပဲ သူမနဲ့ လုံးလုံးထွေးထွေးနေတော့တာပဲ။


ကျားသစ်တွေ အနားယူတဲ့နေရာက လှိုက်ဂူကနေ အဝေးကြီးမဟုတ်ပေ။ ကျားသစ်တွေရဲ့ အကြားအာရုံနဲ့ အနံ့ခံအာရုံစွမ်းတို့ရဲ့ တုံ့ပြန်နိုင်မှုက သူမတို့ လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားလို့ မရနိုင်ဘူးပဲ။


မနက်ခင်းတိုင်းမနက်ခင်းတိုင်း ကျီရှောင်အုံး သူတို့တွေရဲ့မျက်လုံးတွေနဲ့ ရင်ဆိုင်ရမှာ ရှက်ရွံ့လို့နေရပြီး စိတ်ထဲကနေပဲ ရမ့်အား တိတ်တဆိတ် ဆူပူမိနေတော့တယ်။


သားရဲလူတွေအတွက်တော့ ဒါက ဘာရှက်စရာမှ ဖြစ်မနေပေ။


သူတို့၏လိုအင်ဆန္ဒများက အလွန်ပွင့်လင်းပြီး သူတို့၏ လုပ်ဆောင်ချက်တွေကလည်း အလွန်တည့်တိုးဆန်တာပင်။


ထို့ကြောင့်မို့ ခေါင်းဆောင်နဲ့ သူ့မိန်းမပျိုလေးတို့ရဲ့ အသံဗလံတွေကို ကြားလိုက်ရချိန် သူတို့မှာ လုံးလုံး ရှက်တယ်လို့ မခံစားလိုက်ခဲ့ပေ။


ဘာက သူတို့ကို စိတ်ဒုက္ခပေးနေတာလဲဆိုတာတော့ သူတို့မိန်းမပျိုတွေက သူတို့အနားမှာ မရှိလို့ပါပဲ၊ သူတို့ခမျာ သူတို့ခေါင်းဆောင်နဲ့ မိန်းမပျိုလေးတို့ စုံတွဲခုတ်နေတာကို ထိုင်ကြည့်နေရတော့တာပါပဲ။


နေ့တိုင်းနေ့တိုင်း ခေါင်းဆောင်က လှိုဏ်ဂူထဲကနေ မိန်းမပျိုလေးချန်ရစ်ခဲ့တဲ့ ညှို့ယူဖမ်းစားနိုင်တဲ့ ကိုယ်ရနံ့တွေထဲမှာ စိမ့်ဝင်စွာနဲ့ ထွက်ရှိလာလိုက်တာပဲ။


နေ့လယ်ပိုင်းမှာ အမဲလိုက်ပြီးတော့ ခေါင်းဆောင်က သူ့မိန်းမပျိုလေးကို ရှာဖို့ ဂူထဲသို့ ပြန်သွားခဲ့တယ်။ တခါတလေ သူ ဒဏ်ရာရခဲ့ရင် မိန်းမပျိုလေးက သူ့ကို ပတ်တီးစီးပေးတယ်။ တခါတရံမှာတော့ သူ အနီးနားက တောင်တန်းတွေဆီ သူမလေးကို ခေါ်ထုတ်သွားပေးခဲ့တယ်။


ညဘက်ရောက်တော့ မျိုးနွယ်စုဝင်တွေက မီးပုံဖိုလိုက်ပြီး ခေါင်းဆောင်နဲ့ သူ့မိန်းမပျိုတို့က အထင်ရှားဆုံး နေရာမှာ ထိုင်ကြပြီး လူပျိုသိုးတွေကို အချစ်ကဘာလဲဆိုတာ ပြသပေးနေပြန်လေတယ်။


. . .


အိမ်ထောင်ဖက်မရှိသေးတဲ့ ကျားသစ်အုပ်စုခမျာ ညကျတော့ သူ့တို့ကိုယ်ပိုင်အရာပေါ်မှာပဲ 'လက်သမား' လုပ်လိုက်နိုင်လေတယ်။


ဒီလိုနေ့ရက်တွေက ကြာကြာမနေလိုက်ရတာ ကံကောင်းပေလို့ပဲ၊ ဆောင်းရာသီမရောက်လာခင်မှာပဲ သူတို့တွေ နောက်ဆုံးတော့ မျိုးနွယ်စုကို သူတို့ပြန်ဖို့အတွက် သားကောင်တွေ လုံလုံလောက်လောက် အမဲလိုက်လို့ ပြီးသွားခဲ့တယ်။


သားကောင်တွေက ရာကျော်တာကြောင့် ပြန်တဲ့အရှိန်နှုန်းထားက သူတို့ ရောက်လာတုန်းကထက် အများကြီးပိုနှေးကွေးစွာနဲ့ သွားလာခဲ့ရပါတယ်။


မိုင်ပေါင်း ထောင်ပေါင်းများစွာအား သူတို့တွေ ငါးရက်နဲ့ ငါးညတိုင်တိုင် လျှောက်လာလိုက်ရ၏။


ကမူဒါ တောင်ကြား ဝင်ပေါက်ဝကို သူတို့တွေ ရောက်ရှိလိုက်ချိန်မှာတော့ နှင်းမုန်တိုင်းတစ်ခုတောင် စကျနေလိုက်ပြီဖြစ်တယ်။


နှင်းပွင့်တွေက သတိမပေးပါဘဲနဲ့ သဲကြီးမဲကြီး ကျဆင်းသွားလိုက်ခဲ့တယ်။


ခဏချင်းမှာပဲ တောင်ကြားတစ်ခုလုံးက အဖြူရောင်အလွှာထူတစ်ခု ဖုံးလွှမ်းသွားလိုက်ခဲ့တော့တယ်။


ရမ်က သူ့လူတွေကို သူတို့ရဲ့သားကောင်တွေကို စီစဉ်လိုက်ဖို့ ပြောလိုက်ပြီးတော့ ကျီရှောင်အုံးအား အိမ်ပြန်ခေါ်သွားခဲ့တယ်။


သားရဲလူတွေမှာက ပူနွေးတဲ့သားမွေးတွေရှိတာမို့ အအေးဒဏ်ကို မကြောက်ပေမဲ့ ကျီရှောင်အုံးမှာကတော့ ဆောင်းကုတ်အင်္ကျီတစ်ထည်သာ ဝတ်ဆင်ထားခဲ့ရတာပင်။ အချိန်တိုလေးအတွင်းမှာပဲ သူမလက်တွေ ခြေတွေ အေးလွန်းလို့ ထုံကျင်နေလေပြီ။


ရမ် မီးဖိုမှာ မီးမွှေးလိုက်ပြီးတော့ သူ၏သားရဲအသွင်ပုံစံကို ပြောင်းလဲလိုက်ပြီး ကျီရှောင်အုံးအား အိပ်ရာပေါ်မြှောက်တင်လိုက်ပြီး သူမအားနွေးသွားစေဖို့ သူ့ခြေလက်လေးဖက်စလုံးထဲမှာ သူမကိုယ်ကို ဝိုင်းပတ်ပေးထားလိုက်ခဲ့တယ်။


ကျီရှောင်အုံး တစ်ယောက် ပထမပိုင်းမှာတော့ အလွန်ကိုသက်တောင့်သက်သာရှိနေခဲ့လေတယ်။ ရမ့်ကိုယ်လုံးက သိုးမွေးခြုံစောင်လို ထူထပ် နူးညံတဲ့အမွေးတွေပါရှိတော့ သူမ ခဏချင်းပဲ နွေးလာခဲ့တော့တယ်။


ဒါပေမယ့် တဖြည်းဖြည်းနဲ့ အခန်းထဲက အပူချိန်က ပိုမို မြင့်တက်လို့လာပြီး သူမရဲ့ပေါင်ကို လာထောက်နေတဲ့အရာက စတင်ပြောင်းလို့လာတော့တယ်။


ခဏကြာပြီးနောက်မှာတော့ ကျီရှောင်အုံး ချက်ချင်းပင် ရှက်သွေးဖြန်းသွားခဲ့ပြီး သူ့ကိုယ်လုံးထဲမှာ ရုန်းထွက်ဖို့ ကြိုးပမ်းလိုက်ခဲ့ကာ "ရမ် နင် ဘာလုပ်..."


ရမ် သဘောထားကြီးမြတ်စွာနဲ့ အဲဒီနေရာမှာပဲ စွဲကျန်ရှိနေသေးပြီး လက်ဖဝါးတစ်ဖက်က အကြွင်းမဲ့အာဏာရှင်ဆန်ဆန်နဲ့ အိပ်ရာအစွန်းအား ဖိထောက်ထားခဲ့တယ်။ သူ သူ့မျက်လုံးပြာပြာတွေနဲ့ သူမဆီ လှည့်လိုက်ပြီး သူမလေးရဲ့ တပြင်လုံးနီမြန်းနေတဲ့ ပါးပြင်ကို ကြည့်ရှုလိုက်တယ် "ဟမ်"


ကျီရှောင်အုံး ခုနလေးက ဂယက်ရိုက်မှုကနေ ပြန်ကောင်းမလာသေးဘဲ သူမ ရှက်သွေးဖျာစွာနဲ့ စိတ်ဆိုးမာန်ဆိုး အမိန့်ထုတ်ပြန်လိုက်၏ "နင်...မြန်မြန် ပြန်ပြောင်းတော့..."


အရင်တုန်းကတော့ ရမ့်ရဲ့ သားရဲပုံစံနဲ့ သူမ တွေ့မိတဲ့အချိန်တုန်းက သူမမှာ ဘာစိတ်သောကရောက်စရာမှ မရှိဘဲ သူ့ကို ခွမ်ခွမ့်ကို ကြည့်နေသလို ဆက်ဆံလို့ရခဲ့တာပင်။


သို့ပေမဲ့လည်း သူမနဲ့ရမ်ကြားထဲမှာ ဆက်နွယ်မှုတစ်ခု ဆက်စပ်နေတာမဟုတ်ဘဲနဲ့ သူ သူမကို ဒီလောက်တင်းတင်းကြပ်ကြပ်ကြီး ဖိချထားတာတော့ တစ်ခုခုတော့ မှားနေပြီပဲ။


'အထူးသဖြင့် သူ ခုနလေးတင်.....'


ကျီရှောင်အုံး သူမပါးစပ်ကို ကိုက်လိုက်ပြီး သူမနှလုံးသားက လျင်မြန်စွာ ခုန်မြည်လာခဲ့တော့တယ်။


ဒီလိုဆက်ဆံရေးအမျိုးစားကြီးကိုတော့ ဘယ်လိုအခြေအနေမျိုးမှာမှ လက်ခံလို့မရပါလေ။


အဲဒီလိုနဲ့ သူမ ကုတင်ပေါ်ကနေ ခုန်ဆင်းတော့မလို့ လုပ်လိုက်တော့ သူမခါးပတ်လည်မှာ ရမ်ရဲ့ဖမ်းချုပ်လိုက်ခြင်းကို ခံလိုက်ရပြီး သူမ သူ့ခန္ဓာကိုယ်အောက်ကို ဆွဲသွင်းခြင်းခံလိုက်ရလေတယ်။


ရမ်၏ကိုယ်လုံးအကြီးကြီးက သူမအပေါ်တွင် ချိတ်ဆွဲထားပြီး သူ့လျှာကို ထုတ်ကာ သူမပါးပြင်ကို လျက်လိုက်ပြီး တိုးတိုးလေးပြောလာ၏ "မင်းပဲ ကိုယ့်မိတ်လိုက်ဖက် ဖြစ်လာပေးမယ်လို့ မပြောခဲ့ဘူးလား ဘာလို့ ထွက်ပြေးနေတာလဲ"


*


ကျီရှောင်အုံး သူ့ကိုယ်လုံးကို တွန်းဖယ်လိုက်ပြီး သူ့အောက်မှ ထွက်ပြေးသွားလိုက်ကာ သူမမျက်နှာပေါ်က သွားရေတွေကို သုတ်လိုက်ပြီး "မီးဖိုချောင်ထဲမှာ ဘာစားစရာရှိလဲ ငါ သွားကြည့်မလို့။" သူမ ကသုတ်ကရိုက် ထွက်ပြေးသွားလိုက်တော့တယ်။


ချန်ရစ်ထားခံခဲ့တဲ့ ရမ်ကတော့ ကျီရှောင်အုံး ထွက်ခွာသွားတဲ့ ဦးတည်ရာကို ကြည့်ရှုလိုက်ပြီး သူ့ရဲ့ချွန်ထက်တဲ့ သွားတွေကို လျှာနဲ့ သပ်လိုက်ခဲ့တယ်။


*


နှင်းမုန်တိုင်းက တစ်ပတ်လုံးလုံး ကြာမြင့်သွားလိုက်ခဲ့တယ်။ နှင်းမုန်တိုင်းက သဲကြီးမဲကြီး စီးနင်းတိုက်ခတ်လိုက်ခဲ့ကာ ချိုင့်ဝှမ်းတစ်ခုလုံးတောင် မြုပ်လုနီးပါးဖြစ်သွားလိုက်ခဲ့တယ်။


ဒီရက်တွေမှာ ကျီရှောင်အုံးနဲ့ရမ်တို့ နေအိမ်ကနေ မခွာလိုက်ခဲ့ပေ၊ ကံကောင်းစွာပဲ ရမ်သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေက လုံလုံလောက်လောက်ရှိခဲ့ပြီး ကျီရှောင်အုံးရဲ့ နေရာလွတ်ထဲမှာလည်း အစားအစာတွေ အများကြီးရှိနေခဲ့လို့ပါပဲ၊ ဒီတော့ သူမတို့တွေ စိတ်ပူနေဖို့ မလိုပေ....


..... စိတ်ပူစရာတစ်ခုကတော့။ 


ကျီရှောင်အုံး တစ်ယောက် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေက လျင်လျင်မြန်မြန် ကြီးထွားလာပေမဲ့ သူမ အဲဒါကို ရမ့်ရှေ့မှာ မဖော်ပြခဲ့ပေ။


သူမ သူမမိဘတွေနဲ့ ရက် ၂၀ ကျော်ကြာတဲ့အထိ အဆက်အသွယ်လည်းမလုပ် ဘာသတင်းမှလည်း မပို့ခဲ့ရပေ။


အတ္တလန္တိတ်သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းကို ရောက်နေတဲ့ သူမအမေနဲ့အဖေ ဘယ်လောက်တောင် စိတ်ပူနေမလဲဆိုတာ သူမ တွေးတောင်မတွေးကြည့်ရဲတော့ပေ။


ကျီရှောင်အုံး အချိန်တချို့ရှာပြီး အပြင်ထွက်ဖို့ စိတ်အားထက်သန်လိုက်ခဲ့ပြီး ကမ္ဘာအစစ်ကို ပြန်လို့ရတဲ့ ၁၀၀၂ ထွင်းထားတဲ့ သစ်ပင်ဆီသွားကာ မက်ဆေ့တိုတိုလေးဖြစ်ဖြစ် သူမ မိဘတွေကို စိတ်အေးအောင်လို့ ပို့ချင်နေခဲ့တယ်။


သို့ပေမဲ့လည်း မကြာသေးမီက နှင်းမုန်တိုင်းက အရမ်းပြင်းထန်တာမို့ သူမ အပြင်တောင် ထွက်လို့မရခဲ့ပေ။ သူမ တံခါးဝမှာ ရပ်လိုက်ချိန် သူမရှေ့မှာ လေတွေက တဝီဝီတိုက်ခတ်နေပြီး နှင်းမှုန်အလုံးအထွေးကြီးက လာရှိနေခဲ့လိုက်တယ်။


သူမ မျက်လုံးတွေတောင် ဖွင့်လို့မရနိုင်ခဲ့ပါဘူး။


ကျီရှောင်အုံး လက်လျော့လိုက်ကာ ရာသီဥတု ပြန်တည်ငြိမ်ဖို့ပဲ သူမ စောင့်မျှော်လိုက်ခဲ့ရတော့တယ်။


ဒါပေမယ့် ရာသီဥတုကတော့ သူမဘက်မှာ ရှိမနေပါလေ။ နှင်းမုန်တိုင်း တိုက်ခတ်မှုက ခုနှစ်ရက် ရှစ်ရက်လောက် ကြာသွားပြီးတာတောင် ရပ်တန့်မဲ့ အရိပ်လက္ခာဏာ ရှိမနေခဲ့ပါဘူး။


သူမ စိတ်သောကရောက်နေရင်းနဲ့ မကြာမီမှာပဲ သူမ ကျောင်းပြန်တက်ရတော့မယ်ဆိုတာ သူမ ဝမ်းနည်းစွာနဲ့ သိလိုက်ရတော့တယ်.. . .


သူမ သူမရဲ့ဆရာကိုပေးဖို့ စမ်းသပ်မှု အစီရင်ခံစာ နှစ်စောင်ကို အကြွေးတင်နေသေးပြီး သူမ ကျောင်းမှာ သူတို့ကိုပေးဖို့ နောက်ကျသွားလို့မရပေ။


ဒီလိုနဲ့ပဲရမ်တစ်ယောက် သူ့ရဲ့ချာတိတ်မလေး တနေ့ထက်တနေ့ ပိုပိုကာ စိတ်သောကရောက်နေရတာကို ကြည့်ရှုလိုက်ရတယ်။ နေ့တိုင်းပဲ သူမပုံစံက သူမ သူ့ကို တစ်ခုခုကို ပြောချင်သလိုလို ချီတုံချတုံဖြစ်နေပေမဲ့ သူမ သူမပါးစပ်ကို မဖွင့်ရဲပဲ ဖြစ်နေခဲ့တယ်။


နှင်းမှုန်တိုင်း ကင်းစင်သွားတဲ့နေ့မှာတော့ တိမ်တွေက ကွဲသွားလိုက်ခဲ့ကာ နေရောင်ခြည်က ပြန်ရောက်ရှိလာခဲ့ပြီး ကြည်လင်တောက်ပ လာခဲ့တော့တယ်။


ကမူဒါ တောင်ကြားက နှင်းတွေအပြည့် ဖုံးလွှမ်းနေခဲ့ပြီး ကျားသစ်မျိုးနွယ်ဝင်တွေမှာ နှင်းထု၏အလေးချိန်အောက်တွင် ဖိဖိညှပ်ချေခံလိုက်ရပါတယ်။


အခုတော့ ရမ်က တံခါးဘောင်ကိုမှီကာ သူ့ရဲ့ခြေတံရှည်ရှည်တွေကို ထပ်ပြီး သပ်သပ်ရပ် ဝတ်စားထားတဲ့ ကောင်မလေးအား မျက်စိထောင့်ထောက် ကြည့်နေခဲ့တယ်။


ဒီနေ့မနက်အစောပိုင်း ကျီရှောင်အုံး တစ်ယောက် မိုးကောင်းကင်က ကြည်လင်လာတာကို မြင်လိုက်ရပြီး သူမ မစောင့်နိုင်တော့ဘဲ အပြင်ကို ထွက်လိုက်မိပြီး ခြေလှမ်းအနည်းငယ်လောက်တောင် အပြေးလေး သွားမိသွားလိုက်တယ်။


ရပ်တန့်လိုက်ပြီးနောက် သူမ ရမ့်ကို တည့်တည့် ကြည့်ရှုလိုက်တယ်။


ရမ်က ခဏကြာမျှ ပြန်စိုက်ကြည့်လိုက်ပေမဲ့ နောက်ဆုံးတွင် သူ နောက်ထပ် လျစ်လျူမရှုနိုင်တော့ပေ။ သူ သူ့နှုတ်ခမ်းတွေအား လျှာနဲ့သပ်လိုက်ပြီး ပြောလိုက်တော့၏ "မင်း ဘာလုပ်ချင်လို့လဲ"


Chapter end