အပိုင်း၁၁၅
Viewers 31k

Chapter 115

Chapter 115

ကြီးမာသော အစာစားချင်စိတ်



ဤနေရာတွင် ဘန်းမုန့်ပေါင်းများသည့် သေးငယ်ပြီး နူးညံ့သော်လည်း ကျောက်ကျင်းကော စားသော အစားအစာပမာဏက ရှန်းအန်ရှင်းကို အံ့အားသင့်စေခဲ့သည်။သို့ပေမဲ့ ကျန်းကျန့်က ကျောက်ကျင်းကောထက် ပိုစားသောကြောင့် မကြာခင်မှာ သူ ငြိမ်သက်သွားခဲ့သည်။


ကျန်းကျန့်က ဘန်းမုန့်ပေါင်း နှစ်ခုစားခဲ့သည့်အပြင် ဘဲစွပ်ပြုတ်ခေါက်ဆွဲ နှစ်ပန်းကန်လည်း စားခဲ့သည်။ နောက်ဆုံးမှာ သူက စားပွဲပေါ်က ပန်းကန်တွေကိုပင် အပြောင်ရှင်းလင်းရေးလုပ်ပြီး ဘဲကင်အများစုက သူ့ဗိုက်ထဲကို ဝင်သွား၏။


ဘဲစွပ်ပြုတ်ခေါက်ဆွဲ တစ်ပန်းကန်တည်းသာစားပြီး အပြီးမသတ်နိုင်ခဲ့သောရှန်းအန်ရှင်း:"....


သူစားဖို့ ထွက်လာပေမဲ့ အကုန်လုံးကိုပြောင်လက်နေအောင်စားတဲ့သူ တစ်ခါမှ မစားတွေ့ဖူးဘူး...


"ထပ် မှာလိုက်မယ်"


ရှန်းအန်ရှင်းက ကမန်းကတန်း ပြောလိုက်သည်။ စားပွဲပေါ်တွင် အစာအလုံအလောက်မရှိသောအခါ သူများကို ဖိတ်ခေါ်ခြင်းသည် မကောင်းကြောင်း နောက်ပိုင်းတွင် သူသဘောပေါက်လာသည်။


"ငါ မစားနိုင်တော့ဘူး"


ကျန်းကျန့်က ပြောလိုက်သည်။

"အစားအစာကို ဖြုန်းတီးတာ မကြိုက်ဘူး"


ကျန်းကျန့် အစားအသောက်အတွက် အလွန်ကျေနပ်သွားသည်။ကျောက်ကျင်းကောကို ကြည့်လိုက်သောအခါ သူလည်း ကျေနပ်နေသည်ကို တွေလိုက်ရသဖြင့် နောက်တစ်ကြိမ် ထမင်းစားရန် အပြင်ကို ခေါ်လာဖို့ စိတ်ဆုံးဖြတ်လိုက်သည်။


ညစာစားပြီးနောက် ကျန်းကျန့် ရှန်းအန်ရှင်း နှင့် လမ်းခွဲပြီး ကျောက်ကျင်းကောကို ကျန့်အိမ်တော်သို့ ပြန်ခေါ်သွားခဲ့သည်။


သူတို့ တောက်လျှောက် လမ်းလျှောက်ခဲ့ကြပြီး ကျန်းကျန့်က ကျောက်ကျင်းကောကို တမင်တကာ ဖြည်းညင်းစွာ လျှောက်သွားစေချင်သည်။


သို့သော် ကျောက်ကျင်းကောက အရှိန်မလျှော့နိုင်ဘဲ ခြေလှမ်း​ကျဲကြီးများဖြင့် လျှောက်လေ့ရှိသည်။ကျန်းကျန့်သက်ပြင်းချလိုက်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။


သူတို့နှစ်ယောက် ကျန့်မိသားစုအိမ်တံခါးကိုရောက်သည်နှင့် လူတစ်ယောက်က တံခါးပေါက်ကနေ ပြေးထွက်လာ၏။ကျန်းကျန့်ကိုတွေ့သောအခါ သူက ပေါင်ကို ပုတ်ပြီးအားရပါးရဆိုသည်။


"ကျန်းကျန့်... ငါမင်းကို ဖမ်းမိပြီ"


"သမားတော်ဟူ...ဘာဖြစ်တာလဲ"

ကျန်းကျန့်က မေးလိုက်သည်။


"ဒါပေါ့...တစ်ခုခုရှိနေတယ်"

သမားတော်ဟူက ပြောလိုက်သည်။

"ဒဏ်ရာကို ချုပ်ပေးတဲ့ နည်းပညာလေ...သခင်လေးကျန့်က ငါတို့ကို ပြန်လေ့လာခိုင်းတယ်”


အမှန်တွင် သမားတော်ဟူ လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းကျန့်ဆီသို့ အကြိမ်များစွာ သွားရောက်ခဲ့သည်။ သို့သော် ကျန်းကျန့်က နေ့တိုင်း ဆိပ်ကမ်းများသို့ သွားနေပြီး မေးခွန်းကို ဖြေရန် ကျောက်ကျင်းကောကိုသာ ချန်ထားခဲ့သဖြင့် သူ များစွာမသိခဲ့ရပေ။


ဆေးသုတေသန ထွက်လာပြီးနောက် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိခဲ့သည်။ကျန်းကျန့်က ဒါကို ဘယ်လိုလုပ် ဂရုမစိုက်ဘဲနေနိုင်တာလဲ။


"ကျုပ်သိတာကို ပြောပြီးပြီလေ"

ကျန်းကျန့်က ပြောလိုက်သည်။


"ဒါပေမဲ့ အဲဒါကို ပိုပြီး အသေးစိတ် စုစည်းလို့ရတယ်"


သမားတော်ဟူက ဆို၏။


"သခင်လေးကျန့်က အချိန်တန်ရင် ဒီနည်းလမ်းကို မင်းနာမည်နဲ့ မိတ်ဆက်ပေးလိမ့်မယ်... မင်းအတွက် အရမ်းကောင်းတဲ့ကိစ္စဖြစ်မှာနော်"


ကျန်းကျန့် စဉ်းစားပြီး သဘောတူလိုက်သည်။ သူ့အတွက် တကယ်ကောင်း၏။ ဆိုလိုသည်က နောင်မှာ တစ်ခုခုဖြစ်ခဲ့လျှင် ဤကဲ့သို့သော ကောင်းမှုကုသိုလ်မျိုးနှင့်ဆိုလျှင် တခြားသူတွေက သူ့ကို ထိချင်သည့်အခါ ပိုပြီးချင့်ချိန်ရပေလိမ့်မည်။


ကျန်းကျန့် ကျောက်ကျင်းကောကို သူနှင့်အတူ ခေါ်သွားပြီး သမားတော်ဟူ၏ နေရာသို့ သွားခဲ့သည်။သမားတော်ဟူထံ၌ စက္ကူနှင့် ခဲတံများ ရှိသည်ကို တွေ့ရှိပြီးနောက်တွင် သူ ပို၍ပင် ဝမ်းသာသွားသည်။ သူက ထိုစာရွက်နှင့် ခဲတံတွေကိုယူပြီး ကျောက်ကျင်းကောကို သူ့အနားမှာ စာရေးလေ့ကျင့်ခိုင်းလိုက်၏။


သမားတော်ဟူ ကျောက်ကျင်းကော၏ရုပ်ဆိုးသောလက်ရေးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏စာရွက်ကောင်းကို ဖြုန်းတီးနေသလိုခံစားရသည်။သို့ပေမဲ့ ကျန်းကျန့်ကို သူ့နာမည်ကို ရေးပြီး ဒဏ်ရာကို ချုပ်နည်းအကြောင်းရေးခိုင်းခဲ့သဖြင့် ထိုစုတ်တံတွေ၊ မှင်တွေ၊ စက္ကူတွေနှင့်မှင်သွေးကျောက်တွေအားလုံးကို ကျောက်ကျင်းကောကို ရက်ရက်ရောရော ပေးခဲ့သည်။


ကျောက်ကျင်းကောသည် ကျန်းကျန့်က ချမ်းသာနေပြီမှန်း သိသော်လည်း ငွေချွေတာချင်စိတ်ကို မထိန်းနိုင်သောကြောင့် ထိုစကားကြားရသောအခါတွင် သူ ပို၍ပင် ပျော်ရွှင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ရေးကို အလွန်ထူပြီး ကြီးကြီးမားမားမဖြစ်စေရန် သူ၏ လက်ရေးလှရေးဟန်ကို ဂရုတစိုက် လေ့ကျင့်ခဲ့သည်။


ကျောက်ကျင်းကောက ထိုသို့လုပ်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး ဂရုပြုစိုက်ခဲ့သည်။ ထို့ကြောင့် ကျန်းကျန့် နှင့် သမားတော်တို့သည် အနာပိုးသတ်ဆေးအကြောင်း ဆွေးနွေးပြီးနောက် ကျောက်ကျင်းကောကို အာရုံမစိုက်ဘဲနေနိုင်ကြပေ။


သူ့စားပွဲမှာ လက်ရေးလှရေးလေ့ကျင့်နေသည့် ကျောက်ကျင်းကော၏ပုံပန်းသဏ္ဍာန်က အနည်းငယ် မအပ်စပ်ဖြစ်သေည်။စင်စစ်အား​ဖြင့် သူ့တစ်ကိုယ်လုံးက မှင်နှင့်စုတ်တံတို့ဖြင့် သိပ်မလိုက်ဖက်ပေ။သို့ပေမဲ့ သူက စာလုံးတစ်လုံးတည်းကို စုတ်တံထိပ်ကိုသုံးပြီး သေသေချာချာရေးနေကာ သူက အလွန်ကို လေးနက်နေသည်။


ကျန်းကျန့် ကြည့်လိုက်သောအခါ သူ့နာမည်ကို မြင်လိုက်ရသည်။


ကျန်းကျန့်၏နှလုံးသားလှုပ်ရှားသွားရသည်။သူက သမားတော်ဟူကိုကြည့်ကာ မေးလိုက်သည်။

"ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် ဒီကိစ္စနဲ့ပတ်သတ်ပြီး ပိတ်ပင်ထားတာမျိုးရှိလား"


ဇနီးသည် ကိုယ်ဝန်ရှိနေ၍ အသားမစားဘဲ တစ်နှစ်ပတ်လုံး နေခဲ့ရကြောင် သူ၏ ရဲဘော်များက ညည်းညူကြသည်ကို ကြားဖူးခဲ့သည်။ကျောက်ကျင်းကော ကိုယ်ဝန်ရှိနေပြီဆိုသည်ကို သိလိုက်ရကတည်း သူ့မှာ မကောင်းသည့် အတွေးတွေမတွေးဝံ့ပေမဲ့ တွေးနေမိတုန်းဖြစ်သည်။အခုလည်း ဤအကြောင်းကို မေးပင်မေးမိလိုက်သေးသည်။


တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိစေမည် ဆေးဘက်ဆိုင်ရာနည်းပညာကို လေ့လာနေသည့် သမားတော်ဟူတစ်ယောက် သက်ရောက်ခံလိုက်ရပြီး သူ့လက် ယမ်းခါသွားကာ စာရွက်ပေါ်မှာ မှင်တွေလူးကုန်သည်။ ဒီကျန်းကျန့်က ဒါကို တကယ်မေးဖို့ အာရုံရှိတယ်ပေါ့...


"ကျုပ်ကဒီအတိုင်းမေးတာပါ...မရလည်း ကိစ္စမရှိပါဘူး"


ကျန်းကျန့်လည်း အနည်းငယ်ရှက်သွားသည်။အမှန်တွင် ကျောက်ကျင်းကောကို သူ့လက်တွေ ခြေထောက်တွေကို သုံးခိုင်းလိုက်သည်က အဆင်ပြေပါသည်။သို့ပေမဲ့ ကျောက်ကျင်းကော ထိုနေရာမှာ စာရေးနေသည်ကို မြင်လိုက်ရသည်အခါ သူဘယ်လိုမှ သားရဲတစ်ကောင်အဖြစ်မပြောင်းလဲဘဲမနေနိုင်ခဲ့ပါချေ။


"သူက ကျန်းမာရေးကောင်းတယ်... နည်းနည်းပါးပါးညင်ညင်သာသာလုပ်ရင် ကိစ္စမရှိဘူး...တစ်ခုပဲ... ပထမသုံးလမှာ ဘာမှ မလုပ်တာ အကောင်းဆုံးပဲ"


သမားတော်ဟူက ဆိုသည်။ ဤကိစ္စက လူအပေါ်မှာလည်း မူတည်၏။ အချို့လူများသည် ကျောက်ကျင်းကောကဲ့သို့ပင် ဂနာမငြိမ်ဖြစ်လွန်းသဖြင့် အဟမ်းအနည်းငယ်ဖြင့် ၎င်းတို့၏ကလေးများကို မလိုချင်ဘဲရလာကြသည်။ကလေးအများကြီးမွေးပြီး မလိုချင်တော့သည့် ကျေးလက်တောရွာက လူတချို့လည်း ရှိကြသည်။သူတို့က သူတို့ကို အပြင်ထုတ်ရန် အပြင်းအထန် ကြိုးစားခဲ့ကြ၏။သို့ပေမဲ့ နောက်ဆုံးမှာ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ ကလေးကိုမွေးပြီးနောက် လည်ပင်းညှစ်သတ်လိုက်ကြသည်။


သမားတော်ဟူ သူကျေးလက်တွင် ဆေးပညာလေ့ကျင့်နေစဉ် သူမြင်ခဲ့ရသည့်ကြားခဲ့ရသည့်အရာများကို တွေးတောရင်း သက်ပြင်းမချဘဲမနေနိုင်ခဲ့ပေ။


ကျန်းကျန့် နောက်သုံးလကြာအောင် မလုပ်နိုင်ဟု သိထားခဲ့သော်လည်း ဤသုံးလက. . . မျက်စိတစ်မှိတ်အတွင်း ကုန်လုနီးပါးဖြစ်လိမ့်မည်။


ကျောက်ကျင်းကောမှာ ကိုယ်ဝန်ရှိနေသည်ကို သူမသိခဲ့ပေမဲ့ ကံကောင်းစွာနှင့်ပဲ ကလေးကိုမဆုံးရှုံးခဲ့ပါချေ။ကျန်းကျန့် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် ကျောက်ကျင်းကော ကို မသိစိတ်က လှမ်းကြည့်လိုက်သည်။


ကျောက်ကျင်းကော စကားလုံးအနည်းငယ်ကို ရေးပြီးပြီးချင်း လေထုက မူမမှန်ကြောင်း တွေ့ရှိခဲ့သည်။


"ဘာဖြစ်လို့လဲ"

သူသည် "သုံးလ" သို့မဟုတ် တစ်ခုခုကို ကြားလိုက်ပုံရသည်။


"ဘာမှမဟုတ်ပါဘူး"

ကျန်းကျန်က အလွန်ကို လေးနက်တည်ကြည်စွာပြောသည်။


ကျောက်ကျင်းကောက ဘာမျှမှားမနေမှန်း ကြားသော် သူ့လက်ရေးအားလေ့ကျင့်ရန် ပြန်သွားခဲ့သည်။


ကျန်းကျန့်နှင့်သမားတော်ဟူတို့က ထိုနေရာတွင် အရေးကြီးကိစ္စဆွေးနွေးနေသည်ဖြစ်၍ သူနှင့်မသက်ဆိုင်ချေ။


ကျောက်ကျင်းကော ရပ်နေနိုင်ဆဲဖြစ်သော်လည်း ကျန်းကျန့်ကတော့ မလုပ်နိုင်။သူ၏မျက်နှာတည်တည်နှင့် မကောင်းသည့်အရာများ စပြီးတွေးနေလေ၏။


“သမားတော်ဟူ ..ကျွန်တော် မနက်ဖြန်အားတယ်..ခင်ဗျားသိချင်တာများ ရှိသေးလား..မနက်ဖြန်ကျရင် ရှင်းပြမယ် ခုတော့ပြန်လိုက်ပါအုံးမယ်"


ကျန်းကျန့်က ကျောက်ကျင်းကောအား ဆွဲထူကာ ဆို၏။


“ဟား..ဟား..."သမားတော်ဟူက သူ့မုတ်ဆိတ်မွှေးများအား သပ်ရင်း ဆိုသည်


:"ကောင်းပြီဗျာ"


သူဘာများ လုပ်နိုင်မှာတဲ့လဲ..။သူသာ သူတို့ကို အခုတားလိုက်ပြီး ကျန်းကျန့်က ကျောက်ကျင်းကောကိုခေါ်ပြီးထွက်သွားမှာကို ခွင့်မပြုရင် နောက်ပိုင်း ကျန်းကျန့်စိတ်က သူ့အပေါ်ရှိတော့မှာမဟုတ်ဘူး။


နေအုံး..ပြောရမှာထူးဆန်းတာတစ်ခုရှိတယ်....ကျန်းကျန့်က သူ့ကို ဒဏ်ရာကုသနည်းတွေနဲ့ပတ်သတ်တဲ့ တစ်ခုခုပြောပြနေသရွေ့ ကျန်းကျန့်စိတ်က သူ့အပေါ်အာရုံရှိနေဖို့ မလိုတော့ဘူးလေ....


ကိစ္စ၏အကြောင်းအရင်းအနေနှင့် သူက ကျန်းကျန့်အား ဒဏ်ရာချုပ်ထားသည့်အကြောင်း မပြောထားသော်လည်း ကျန်းကျန့်နှင့် စကားစမြည်ပြောရင်း တစ်ခါတစ်ရံ ကျန်းကျန့်က ကျိုးကြောင်းသင့်လျော်သည့် စကား တစ်ခွန်းစနှစ်ခွန်းစ ပြောလာသည်။


ယခုတွင် သူက ကျန်းကျန့်သိထားသည့် ဆေးပညာအသိတို့အား တူးဆွချင်ပါ၏။


ကျန်းကျန့်မှအဆွဲခေါ်ခံရပြီးနောက် ကျောက်ကျင်းကောက အနည်းငယ် စိတ်တိုလာရကာ ဆို၏


:"ကျွန်တော် သမားတော်ဟူပေးထားတဲ့ မင်တံ၊မင်ရည်၊စက္ကူနဲ့ မင်ခဲတွေယူဖို့ မေ့သွားတယ်"မမှောင်ခင် တစ်နာရီကျန်နေသေး၍ သူသာ ပစ္စည်းများယူရန် ပြန်သွားလိုက်ပါက တစ်ခဏစာမျှ လက်ရေးလေ့ကျင့်နိုင်ပေ၏။


“နောက်ပိုင်းကျရင် မင်းမှာအဲ့တာတွေကိုသုံးဖို့ အချိန်ရှိမှာမဟုတ်တော့ဘူး"


ကျန်းကျန့်က ကျောက်ကျင်းကောအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ရင်း သူ့အား စုန်ချည်ဆန်ချည် အကဲခတ်နေ၏။


“ဘာကိစ္စရှိလို့..."ကျောက်ကျင်းကောက အနည်းငယ် ပဟေဠိဖြစ်သွားလေ၏။


“အခုလေးတင် သမားတော်ဟူက ငါ့ကို တစ်ခုခုပြောခဲ့တယ်"


ကျန်းကျန့်မျက်နှာက အတော်အတန် တည်တံ့နေ၏။


ဤသည်အားမြင်ပြီးနောက် ကျောက်ကျင်းကောမှာ စိုးရိမ်လာရသည်။သမားတော်ဟူက အခုလေးမှ အရေးကြီးတာတစ်ခုခုများ ပြောလိုက်တာလား...သူ့အကြောင်းများလား...။


ကျောက်ကျင်းကောက အလွန်စိုးရိမ်လာရကာ...သူက ကျန်းကျန့်ပြောလိုက်သည်အား ကြားသော်:"သမားတော်ဟူက ပြောတယ်...မင်းက ကျန်းမာရေးကောင်းတယ်..သက်သာသွားရင် လိင်ဆက်ဆံလို့ရတယ်တဲ့"


ဘာလိင်ဆက်ဆံတာလဲ...ကျောက်ကျင်းကောက အနည်းငယ် စိတ်ရှုပ်သွားလေ၏။


“ဒါကြောင့် ပြန်ကြရအောင် အချိန်မဖြုန်းနဲ့တော့"


ကျန်းကျန့်က ကျောက်ကျင်းကော၏လက်ကလေးအား ဆုပ်ကိုင်လိုက်ကာ ကျောက်ကျင်းကော၏လက်မလေးအား သူ့လက်ချောင်းနှင့် ကုတ်ခြစ်နေ၏။


ကျောက်ကျင်းကော၏ မျက်နှာက ရုတ်ချည်းနီရဲသွားရလေ၏..သူက စစချင်း၌ "လိင်ဆက်ဆံသည်"ဆိုသည်အား နားမလည်လိုက်သော်လည်း ယခုမူ ကျန်းကျန့်က သူ့အား ပိုပြီးရှင်းရှင်းလင်းလင်း အရိပ်အမြွက်ပြနိုင်တော့မည်မဟုတ်။


ဒါ.....ဒါ......


ကျန်းကျန့်က ဘယ်လိုလုပ်ပြီး ဒီအကြောင်း မေးလိုက်ရတာလဲ..။


ဒါ မေးစရာလား..။


ဟယ်ရှီကျေးရွာရှိလူများအတွက် ကလေးတစ်ယောက်ရှိရန်က သာမန်ကိစ္စတစ်ခုဖြစ်သည်။မည်သူမှ သမားတော်သွားပြကြမည်မဟုတ်ဘဲဤကိစ္စ ထိုကိစ္စတို့အားလည်း ကျန်းကျန့်ကဲ့သို့ အာရုံစိုက်နေကြမည်မဟုတ်ပေ။


ရလဒ်အနေနှင့် အဆိုအချို့ရှိသည်... သင် ယုန်သားမစားလိုက်ပါနှင့် သို့မဟုတ်ပါက အဆို့သုံးခုရှိသည့်ပါးစပ်နှင့် ကလေး မွေးလာမည်ဟုပင်။


နောက်ဆုံးတွင် ကိုယ်ဝန်က လျှို့ဝှက်ကိစ္စဖြစ်၍ ရွာရှိအမျိုးသမီးများက သူတို့ဝမ်းဗိုက်များ ပိုပိုပူလာပြီး အခြားသူများက သူတို့ကိုယ်ဝန်ရှိနေမှန်း သိသွားသည်ထိ စောင့်ရပေသည်။


ထိုမျှမကသေး။ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကောများက အလုပ်လုပ်နေရဆဲဖြစ်သည်။


ထို့ကြောင့် ကျောက်ကျင်းကောက ကိုယ်ဝန်ဆောင်ပြီးကလေးမွေးသည်က သာမန်ဖြစ်နေကျကိစ္စဖြစ်၍ စိတ်ပူစရာမရှိကြောင်း ခံစားမိလေ၏။


သူက အချို့လူများမှာ ကိုယ်ဝန်ဆောင်ထားစဥ်တွင်လည်း သူတို့အမျိုးသားများနှင့် တစ်ခန်းတည်းသုံးနေဆဲဖြစ်သည်အား မြင်ဖူးသော်ငြား သူတို့က ညတိုင်း မှင်စာများနှင့်ရန်ဖြစ်နေသည်ဟုသာ သင်တို့ တွေးလိမ့်မည်ပင်။


ကျန်းကျန့်က ကုတင်မျှသုံးချင်တယ်လို့ မပြောရင်တောင် သူက အဲ့တာမလုပ်ဖို့ ပြောမှာမဟုတ်ဘူးလေ...။


သူက ကျန်းကျန့်နှင့် ထိုအရာလုပ်ရသည်အား သဘောကျနေသေး၍ ...ကျန်းကျန့်သာ သူနှင့်မနေပဲ တခြားတစ်ယောက်သွားရှာပါက ..သူ သောကရောက်ကာ သေသွားပါလိမ့်မည်။


သူဘယ်လိုလုပ်ပြီး တခြားသူကို အဲ့ဒီအကြောင်းမေးနိုင်ရတာလဲ...။သူမရှက်ဘူးလား...။


ကျောက်ကျင်းကောက ခေါင်းငုံ့ထားရင်း သူ့အားမြုပ်လိုက်ရန် တွင်းတစ်ခုတူးထားချင်စိတ်ဖြစ်လာ၏။


ကျန်းကျန့်က တစ်ခစ်ခစ်ရယ်နေပြီး ရှက်နေသောကျောက်ကျင်းကောအား အခန်းထဲပြန်ဆွဲခေါ်လိုက်လေ၏။


သူက ဤတစ်ကြိမ်၌ အလွန်ဂရုတစိုက်ရှိလှပြီး အချိန်တိုင်း ကျောက်ကျင်းကောအား ကောင်းကောင်းခံစားရလားဟု မေးလေ၏။


ကျောက်ကျင်းကောက မသက်မသာဖြစ်သည်ဟု မခံစားရသော်ငြား သူက ကျန်းကျန့်မှာ သူ့အား အပေါ်အောက်ပွတ်သပ်နေရင်း အချိန်ဖြုန်းနေသည်ဟု ခံစားရလေ၏။


သူတို့ပြီးသွားသည့်အချိန်တွင် ကျောက်ကျင်းကောက ဆာလောင်နေ၍ အိပ်ရာမှထကာ စားလိုက်ချင်မိသည်။အဆုံးတွင် ကျန်းကျန့်က သူ့အား အိပ်ရာမှထွက်မသွားခိုင်းပဲ သူ့အားကျွေးရန် အစားအစာများအား အိပ်ရာဆီသယ်လာ၏။


ကျောက်ကျင်းကော:"......"


သူ့အတွက်က အခုချက်ချင်း မြေတစ်ဧကလောက် အပင်စိုက်ရင်တောင် ပြဿနာမရှိဘူးလေ။


နောက်တစ်နေ့တွင် ကျန်းကျန့်တွင် လုပ်စရာမရှိ၍ အပြင်မထွက်ပေ။ထို့အစား ကျောက်ကျင်းကောအား သမားတော်ဟူထံခေါ်သွားကာ သွေးခုန်နှုန်းစမ်းပေးရန် ပြောလေ၏။


“ကိုယ်ဝန်က ငြိမ်ပါတယ်"


သမားတော်ဟူက ဆိုလာသည် ကျောက်ကျင်းကော၏ကျန်းမာရေးက အလွန်ကောင်းမွန်ပြီး သူ့တွင်ပြဿနာမရှိပါကြောင်း ဆို၏၊


ကျောက်ကျင်းကော အဆင်ပြေနေ၍ ကျန်းကျန့်စိတ်သက်သာရာရသွားပြီး သမားတော်ဟူနှင့် ပြန်ပြီး စကားစမြည်ပြောနေ၏။.


နေ့လည်နီးနီးတွင် ကျောက်ကျင်းကောနှင့်ကျန်းကျန့်တို့က ခွင့်တောင်းကာ အစားစားရန်ပြန်ကြလေ၏။


ကျောက်ကျင်းကောထွက်သွားသည်အား ကြည့်နေရင်း သမားတော်ဟူက ကျန်းကျန့်အား ကြည့်ကာဆိုသည်:"မင်းရဲ့ဇနီးက နေကောင်းရင်တောင် သူက ကိုယ်ဝန်နဲ့လေ...မင်းက သူ့ကို ဘာအတွက် လူးလှိမ့်ချင်နေသေးတာလဲ"


မင်းက ကျောက်ကျင်းကောနဲ့ အချိန်ဖြုန်းနေရင်း ဒုက္ခရောက်သွားရင်ရော....ကျန်းကျန့်က အနည်းငယ် ပြောစရာမရှိဖြစ်သွားရသည်...ကျောက်ကျင်းကောကလည်း ကြိုက်တာပဲလေ..။


“မင်းအရင်က လူတွေအများကြီးကို ပင်လယ်ဓါးပြလက်ကနေ ကယ်ပေးခဲ့တာမို့လား..မင်းနောက်လိုက်ချင်တဲ့အခြားသူတွေရှိတယ်လို့ ငါကြားထားတာ...မင်းဘာလို့ တစ်ယောက်ယောက် သွားမရှာရတာလဲ"


သမားတော်ဟူက ကျန်းကျန့်က ကျောက်ကျင်းကောအား နည်းနည်းလွှတ်ထားပေးရန် ထပ်ပြောလိုက်လေ၏။


သူလိုချင်တဲ့အရာက သာမန်ကိစ္စဖြစ်ပေမယ့် ကိုယ်ဝန်ရှိနေတဲ့ကောတစ်ယောက်နဲ့ ဘာလို့အတူနေနေရတာလဲ...။ကျန်းကျန့်ကလည်း အပြင်တွင် တစ်ယောက်ယောက်ရှာရန် ပိုက်ဆံပြတ်လပ်မနေပါချေ။


ကျန်းကျန့်:"...."


“သမားတော်ဟူ....ခင်ဗျားက အဲ့လိုတွေးတာလား...ခင်ဗျားရဲ့ဇနီးကရော သိလား"ကျန်းကျန့်က မေးလာ၏။


သမားတော်ဟူက ကျန်းကျန့်အား အံ့သြတကြီးကြည့်လာ၏။


ကျန်းကျန့်က ထပ်ပြောလာသည်


:"ကျင်းကောက သေချာပေါက် အဲ့လိုမတွေးဘူး"


သူမသိဘူးဟု မထင်ပါနှင့်။ကျောက်ကျင်းကောက ဘာမျှမပြောသော်လည်း သူက သဝန်တိုနေမည်မှာ အမှန်ပင်။


သူက တိုးတိုးတိတ်တိတ်နှင့် ဝမ်ဟိုင်ရှန်းအားရှာကာ သူတို့နေသည့်လှေမှ မိန်းမလှလေးများနှင့်ကောလှလှလေးများအား ခေါ်ေသးလားဟူ၍ပင် မေးလာ၏။


သေချာပေါက် သူက မလိုအပ်ရင်တောင်မှ ကျောက်ကျင်းကောအား သဝန်တိုစေချင်မိသည်။


သူသာ သဝန်တိုခြင်းမရှိပါက သူ့အားဂရုစိုက်ခြင်းမရှိဟု ပြောနေခြင်းမဟုတ်ပါလား။


ထိုညက အတူမနေမီ ကျန်းကျန့်က ကျောက်ကျင်းကောအား ပြောလာ၏:"သမားတော်ဟူက မင်းရဲ့ကိုယ်ကို ဂရုစိုက်ဖို့နဲ့ မင်းကိုမနှောင့်ယှက်ဘဲ အခြားတစ်ယောက်ရှာဖို့ပြောခဲ့တာ"


“!!”ကျောက်ကျင်းကောက ချက်ချင်း ထထိုင်လိုက်ပြီး:"ကျွန်တော်က အရမ်းသန်မာတယ်နော်"


ကျန်းကျန့် ရယ်မောလိုက်သည်။


ကျောက်ကျင်းကောမှာ ထိုနေ့က အလွန်အလုပ်ကြိုးစားခဲ့လေ၏။ ကျန်းကျန့်က သူ့အားနာကျင်စေမည်စိုး၍ မရွေ့ဘဲနေသဖြင့် သူက ကျန်းကျန့် ယခင်ကလုပ်သည့်နည်းအတိုင်းလိုက်ကာ နမ်းရှိုက်ရင်း ကျန်းကျန့်အား ထိတွေ့လာ၏။