Chapter 116
ကုန်ပစ္စည်းများ ရောင်းထွက်သွားခြင်း
နောက်တစ်နေ့မနက်စောစောတွင် ကျောက်ကျင်းကောက ထလိုက်ပြီး ကျန်းကျန်အား တည်တည်ငြိမ်ငြိမ်ပြောလာ၏:
"သမားတော်ဟူက သင်္ဘောပေါ်က လူတွေကို ကုသပေးခဲ့ပေမယ့် သူတို့အများကြီးကို သတ်ခဲ့တာလေ..သူ့အရည်အချင်းနဲ့က ....ခင်ဗျားသူ့စကားနားထောင်စရာမလိုပါဘူး"
နောက်ဆုံးတွင် သူက ထပ်ပြောလာ၏:"သူက လူကောင်းတစ်ယောက်မဟုတ်ဘူး"
အဲ့ဒီသမားတော်ဟူက ကျန်းကျန့်ကို အခြားတစ်ယောက်ရှာဖို့တောင် အားပေးတယ်ပေါ့လေ...။
“အင်း...အင်း..."ကျန်းကျန့်က ခေါင်းညိမ့်ပြလာ၏၊
"ကိုယ်လည်း အဲ့လိုထင်တယ်"
သူ့ရဲ့ကျင်းကောလေးက အရမ်းချစ်ဖို့ကောင်းတာပဲ..။
ကျန်းကျန့်က ရှန်းအန်ရှင်းကို ကာကွယ်ရန်အတွက် ဆိပ်ကမ်းသို့လူများခေါ်သွားရန် ဝမ်ဟိုင်ရှန်းနှင့်ဟယ်ချွန်းရှန့်အား ပြောလိုက်ကာ သူကတော့ လိုက််မသွားပေ။
ရှန်းအန်ရှင်းက သူပြဿနာဖြစ်စေမည်ဟု ပြောလာ၏။ထိုအခြေအနေနှင့် ကျောက်ကျင်းကောအား သူနှင့်အတူခေါ်သွားရန်က အန္တရာယ်များလွန်းလှသည်။
ကျောက်ကျင်းကောကို မခေါ်သွားရင်ရော....။
သူက ဘာလို့ ရှန်းအန်ရှင်းအတွက် ကျောက်ကျင်းကောကို ခွဲနေရမှာလဲ။
“ငါ မင်းကိုအရသာရှိတာတွေစားဖို့ ခေါ်သွားမယ်"
ကျန်းကျန့်က ကျောက်ကျင်းကောအား အရာသာရှိသည့်အစားအသောက်များ ရှာရန် ဆိပ်ကမ်းသို့စောစောခေါ်သွားလေ၏။
ထိုရုတ်တရက်ရလာသည့် ကိုယ်ဝန်ချဥ်ခြင်းမဟုတ်ပါကလည်း ကျောက်ကျင်းကောက အသားစားရသည်အား ကြိုက်လေ၏။ကျန်းကျန့်က သူ့အား ဆိပ်ကမ်းအနီးနားတွင် အစားအသောက်များရှာရန် ခေါ်သွားသော် သူ့မျက်လုံးများက အသားနံ့သင်းနေသည့် နေရာသို့သာကျနေ၏။
ယခုခေတ်တွင် အပြင်ထွက်စားကြသည့်ပုံက ခေတ်သစ်နှင့် အတော်အတန်ကွဲပြားကာ ဟင်းပွဲအမည်များကလည်း မတူချေ။
လှည့်ပတ်ကြည့်ပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောအား ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလေ၏။
ဤဆိုင်က အသားကိတ်တစ်မျိုးသာရောင်းပြီး ဂျုံမုန့်သားအား နုတ်နုတ်စင်းထားသည့်အသားနှင့်ကြက်သွန်နီတို့ ပတ်ကာ မုန့်လိမ့်တုံးနှင့်ပါးပါးလေးလိမ့်ထားပြီး အထူးမုန့်ဖိုထဲတွင် ဖုတ်ထားခြင်းဖြစ်သည်။ကိတ်များ၏အနံ့က မွှေးကြိုင်နေကာ မုန့်သားသည်လည်း ထူထူလေးဖြစ်၍ ကျွတ်ကျွတ်လေးနေသည်။ ကြည့်လိုက်ရုံနှင့်အရသာရှိပုံပေါ်ကာ ထပ်ပြီး သူတို့က ပဲပြားများ ပေါက်စီများလည်း ရောင်းသေး၏။
ကျန်းကျန့်က ပဲပြားနှစ်ပွဲ ၊ ပေါက်စီနှစ်ပွဲနှင့် အသားကိတ်လေးလုံး မှာလိုက်သည်။ယင်းမတိုင်မီ သူက ကျောက်ကျင်းကောနှင့်အတူ စားပွဲတွင် ထိုင်လိုက်သည်။
အသားကိတ်ထဲတွင် အသားသိပ်မပါသလို ပေါက်စီအထဲတွင်လည်း အသားချည်းမဟုတ်ပဲအသီးအရွက်များနှင့်ရောထားလေ၏။အမှန်မှာ အသားက အခုခေတ်တွင် စျေးကြီး၍သာ။ဤသည်ကြောင့် ကျန်းကျန့်က အစားအစာအား စိတ်ကျေနပ်မိသည်...ကျောက်ကျင်းကောက အာဟာရမျှတရန် လိုအပ်ပေ၏။
ကျောက်ကျင်းကောသည်လည်း အသားဖြစ်နေသရွေ့ ကျေနပ်သည်ပင်။
သို့သော်ငြား ကျောက်ကျင်းကောအတွက် စိတ်အကျေနပ်ဆုံးအရာက ပဲပြားဖြစ်သည်။
ယင်းက အလွန်စျေးချိုသည့်ဟင်းပွဲဖြစ်ကာ ကောက်ထားပြီးသား အသီးအရွက်များနှင့်တို့ဟူးတစ်ပန်းကန် ခပ်စား၍ရနိုင်သည် ဟယ်ချောင်စီရင်စုတွင်လည်း ရနိုင်ပေ၏။သင်က ထိုတို့ဟူးထဲတွင် ပဲငံပြာရည်များကိုပင် ဇွန်းအပြည့်ရနိုင်ပေ၏။
သို့ဆိုရင််တောင် ကျောက်ကျင်းကောက ယင်းအားသွားဝယ်ပြီး စားလိမ့်မည်မဟုတ်ပေ။
သူက အမှန်ပင် ပဲပြားစားရသည်အားကြိုက်သော်ငြား တို့ဟူးနည်းနည်းသာပါသည့် ပဲပြားတစ်ပန်းကန်က ကြေးပြားနှစ်ပြားကုန်ကျလေ၏...သူ့တွင် ပဲပြားဝယ်ရန်ပိုက်ဆံရှိ၍ ကြေးပြားနှစ်ပြားထပ်ရှာလိုက်သည်နှင့် သူ့မိသားစုရှိလူတိုင်း တို့ဟူးပွဲကြီးစားနိုင်ပေသည်။
ဤသည်ကြောင့် ကျောက်ကျင်းကောက ပဲပြားဟင်းပွဲမဝယ်ချင်မိသည်က ဤနေရာရှိ ပဲပြားဟင်းက တစ်ပန်းကန် ကြေးပြားငါးပြားကျ၍ပင်။
သို့သော်လည်း သူက စားပြီးနောက် တန်သည်ဟုခံစားမိလေ၏။ဤပဲပြားဟင်းတွင် တို့ဟူးသားနူးညံ့ကာ ပဲငံပြာရည် ဇွန်းအပြည့်မပေးသော်လည်း ချက်ထားပြီးသားအနှစ်အား ဇွန်းကြီးကြီးနှင့်ထည့်ပေးထားလေ၏။
ထိုအနှစ်က အရသာရှိကာ အဆာပလာများစွာပါပြီး အသားတုံးလေးများပင် ပါလိုက်သေးသည်။
သူသာ ကျေနပ်မိလျှင် ကျန်းကျန့်လည်း သေချာပေါက်ကျေနပ်လိမ့်မည်။
စားသောက်၍တစ်ခဏမျှ စောင့်လိုက်ပြီးသည့်နောက် ရှန်းအန်ရှင်းက လူများခေါ်လာ၏။
နွေရာသီကုန်လုနီးနီးဖြစ်ကာ မြောက်ပိုင်းဒေသတွင်ရောက်နေသည်ဖြစ်၍ ရာသီဥတုက အေးမြလာသည်...သို့သော်ငြား သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် ရှန်းအန်ရှင်းက အခြားသူများထက် ပို၍ပူနေ၏။
ကျန်းကျန့်က သူ့အားမြင်လိုက်သည့်အချိန်တွင် ထိုသူက ချွေးပြန်နေပြီး သူ့ဘေးတွင် မျက်ခုံးကြားမှဲ့နီလေးနှင့်ကောတစ်ယောက်က သူ့အား ယပ်ခတ်ပေးနေ၏။
“သခင်ကြီးကျန့်"ရှန်းအန်ရှင်းက ကျန်းကျန့်အား နှုတ်ဆက်လိုက်သည်။
“သခင်လေးရှန်း"ကျန်းကျန့်က သူ့ကိုလည်း ပြန်နှုတ်ဆက်လိုက်သည်။
ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပြီးသည့်နောက် လုပ်စရာများရှိသေး၍ နှစ်ယောက်သား နှုတ်ဆက်ပြီးသည်နှင့် အလုပ်ရှုပ်သွားကြ၏။
ကျောက်ကျင်းကောသည်လည်း သင်္ဘောဝမ်းထဲရှိ ကုန်များအားသိနေ၍ အမြန်တွက်ချက်ကာ ကျန်းကျန့်အား စာရင်းကူလုပ်ပေးလေ၏။
ကျန်းကျန့်က တစ်ခဏမျှအလုပ်ရှုပ်သွားပြီး မော့ကြည့်လိုက်ရာ ကျောက်ကျင်းကောနှာဖူးတွင် ချွေးများထွက်နေသည်ကို တွေ့လိုက်ရသည်။
သူ့အနားတွင်လည်း တွက်ချက်ပေးနိုင်သည့်သူဟူ၍ မည်သူမျှမရှိ၍ ကျောက်ကျင်းကောသာ အလုပ်များနေလေ၏။
ဟိုဟိုဒီဒီကြည့်လိုက်ရာ သူက ခပ်လှမ်းလှမ်းတွင် ဖရဲသီးသည်အား တွေ့လိုက်၍ ချက်ချင်းပင် ဖရဲသီးအား လှည်းလိုက်ဝယ်လာခဲ့သည်။
သူက လှည်းထဲမှ ဖရဲသီးကြီးကြီးတစ်လုံး ကောက်ယူလိုက်သည်...ယင်းက မျိုးကောင်းဖြစ်ပြီး အောက်အညှာလေးရှိ၍ အပူမထိထားချေ...သူက သူ့နောက်လိုက်များအား ကျန်သည့်ဖရဲသီးများခွဲစားကြရန် ပြောလိုက်သည်။
သူက ဖရဲသီးကြီးကြီးတစ်လုံးယူလိုက်ပြီး ရှန်းအန်ရှင်းတို့ ငွေစာရင်းရှင်းနေပြီးကုန်တင်သည့် နေရာသို့ သွားလိုက်သည်။ကျန်းကျန့်က သူ့တွင်ပါလာသည့် ဓါးမြှောင်နှင့် ဖရဲသီးအားနှစ်ခြမ်းခွဲလိုက်ပြီး ဇွန်းနှင့်ပန်းကန်ပြားများ လှေမှယူလာရန် သူ့လူများကိုခိုင်းလိုက်သည်။
ကျန်းကျန့်က ထက်ခြမ်းခွဲထားသည့် ဖရဲသီးမှ အချိုဆုံးနှင့်အစေ့မရှိသည့် အပိုင်းအား ဇွန်းနှင့် နှိုက်ထုတ်လိုက်ပြီး ပန်းကန်ပြားကြီးကြီးပေါ်ထည့်လိုက်သည်။
ရှန်းအန်ရှင်းက အလုပ်ရုံလေးထဲတွင် ထိုင်နေ၏။သူ့ဘေးတွင် စာရင်းတွက်နေသည့် ကျောက်ကျင်းကောအား သူကချီးကျူးသည့်အကြည့်ကြည့်နေသည်ကို ထိုသူကမြင်သွားလေ၏။ရှန်းအန်ရှင်းဘေးက ကောင်လေးက ကျန်းကျန့်လက်ထဲရှိ ဖရဲသီးအား အပြုံးလေးနှင့်ကြည့်လာ၏။
“သခင်ကြီးကျန်း..ဒီဖရဲသီးက....."ကျန်းကျန့်ခွဲပြီးထားသည်အား မြင်သွားရာ သူက ဖရဲသီးပန်းကန်ပြားအား ယူရန်သွားလိုက်သည်။
သူ့စိတ်ထင် ဤနေရာ၌ အလုပ်ကြမ်းလုပ်သူများသာရှိနေ၏။ကျန်းကျန့်က ဖရဲသီးအား ဂရုတစိုက်နှိုက်ထုတ်လာ၍ သူက သေချာပေါက် ဤအရာအား သူ့သခင်လေးအတွက် ပြင်ထားသည်ဖြစ်ရမည်။
သူ့သခင်လေးက အမျိုးသားတစ်ယောက်အဖြစ် ကြီးပြင်းလာသော်ငြား အဆုံးတွင် သူက ကောတစ်ယောက်သာ။အတိတ်တွင် သူကျောင်းတက်စဥ်က သူ့သခင်လေးအား ရင်းနှီးအောင်ကြိုးစားလာသည့် လူများစွာရှိလေ၏။
သို့သော်ငြား ထိုကောင်လေးစကားဆုံးသွားသည်နှင့် ကျန်းကျန့်က ဖရဲသီးပန်းကန်အားယူကာ ကျောက်ကျင်းကောထံ ပေးလိုက်လေ၏။.
ယခင်ကဆို ကျန်းကျန့်က ကျောက်ကျင်းကောအား ဖရဲသီးတစ်ခြမ်းလုံး ဝဝလင်လင်စားရန်ပေးလိုက်မည်ဖြစ်သော်ငြား ယခုတွင် ကျောက်ကျင်းကောက အထူးသတိထားရမည့်အခြေအနေတွင်ဖြစ်၏။ထို့ကြောင့် ဖရဲသီးအများကြီးစားရန်က မကောင်းလှ၍ သူ့အား ဖရဲသီး၏အကောင်းဆုံးအပိုင်းကိုသာ စားရန်ပေးလိုက်သည်
:"မင်း စားချင်သေးရင်တောင် လျှော့စား...မနက်ဖြန်ကျရင်လည်း ထပ်ဝယ်ကျွေးမှာမို့"
လူအချို့က ဟယ်ချောင်မြို့အနီးတွင် ဖရဲသီးများစိုက်ပျိုးကြသော်လည်း အိမ်စားရန်အတွက်သာ နည်းနည်းစိုက်ကြသည်။ကျောက်ကျင်းကော ကလေးဘဝက စားခဲ့ပြီးနောက်ပိုင်း ထပ်မစားရတော့ပေ။
သူကလေးဘဝက စားခဲ့သည့်ဖရဲသီးမှာ ချိုသည့်အရသာမရှိပေ။
သို့သော်လည်း သူ့အား ကျန်းကျန့်ပေးလိုက်သည့် ဖရဲသီးက ချိုမြနေပြီး ကျောက်ကျင်းကောအား ကျန်းကျန့်ကို ပြုံးပြစေသည်။
ကျန်းကျန့်က သူ့အားနမ်းချင်စိတ်ကို မြိုသိပ်ထားရကာ သူ့ခေါင်းလေးကိုသာ ထိလိုက်သည် ...သူက ဖရဲသီးပန်းကန်အား ပိုက်ထားရင်း ရှန်းအန်ရှင်းအား ကြည့်လိုက်လေ၏:
"မင်း ကျန်တဲ့တစ်ဝက်ကို စိတ်ပြီးစားလို့ရတယ်"
ရှန်းအန်ရှင်း၏ဘဝမှာ ကလေးအရွယ်ကတည်းက အလွန်သာယာခဲ့လေ၏ . ပြောရလျှင် ဖရဲသီးစားသည့်အခါတွင်လည်း အမြဲတမ်း စိတ်ထားပြီးအစေ့ထုတ်ထားပြီးဖြစ်သည်။သူ့အတွက် စားရန်ယူခဲ့ပါသော်လည်း ဤနေရာတွင် သုံးစရာဘာမျှမရှိ....။
အစေခံကောင်လေးက အနည်းငယ် မကျေမချမ်းဖြစ်သွားသည်။ရှန်းအန်ရှင်းက သူ့ပတ်လည်ရှိ ဖရဲသီးအခွံကိုပင် ဝါးစားနေကြသောလူများအား ကြည့်ရင်း သူ့ဘေးက ကောင်လေးအား ပြောလိုက်သည်:"ဖရဲသီးခွဲပြီး ဆိုင်ရှင်အချို့နဲ့ မျှစားရအောင်"
လူငယ်လေးက ဖရဲသီးအား မပျော်မရွှင်ဖြစ်စွာ စိတ်နေသည်။
နေ့တစ်နေ့၏အဆုံး၌ ရှန်းအန်ရှင်းမှာ ဖရဲသီးဖျော်ရည်နှင့် ဖရဲသီးစိတ်လေးများကိုင်ပြီး စားနေရသည်အား မြင်ပြီးနောက် သူက ပို၍ ဝေဖန်လာသည်:
"အဲ့ဒီသခင်ကြီးကျန့်က သခင်လေးကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာမသိဘူး"
ဖရဲသီးတစ်ပန်းကန်ပြင်လာသော်ငြား သခင်လေးအား မပေးပဲ ဤလူကြမ်းအား သွားပေးသည်။
“ငါက ဘာမို့လို့လဲ...ဘာလို့ သူက ငါ့ကိုဂရုစိုက်ရမှာလဲ"
ရှန်းအန်ရှင်းက ဆိုလိုက်ရင်း:"အဲ့ဒီလူက သူ့ဇနီးလေ".”
“ အာ..."
ကောင်လေးက ရှန်းအန်ရှင်းအား အံ့သြတကြီးကြည့်လိုက်မိသည်...အဲ့ဒီလူကြမ်းကြီးက ကောလား....။
ကျောက်ကျင်းကောမှာဖြင့် ထိုကောင်လေးသူ့အား လူကြမ်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည်အား မသိရုံသာမက ဖရဲသီးအတွင်းသားက အပြင်ခွံထက် ပိုချိုမှန်းပင် မသိပါချေ။
သို့သော်လည်း ကျန်းကျန့်က သူစားရန် ဖရဲသီးတစ်လုံးပြင်ပေးလာသည့်အတွက် အလွန်ပျော်ရွှင်မိကာ စိတ်လှုပ်ရှားမိသည်။
သူက ဖရဲသီးအား စားလိုက်ပြီး အားအင်အပြည့်နှင့်အလုပ်လုပ်ရန် ပြန်သွားလိုက်သည်။
သူတို့တွင် တစ်ရက်တည်းနှင့်အပြီးမပြတ်နိုင်သည့် ကုန်ပစ္စည်းများရှိနေ၍ ကမ်းနားရှိတည်းခိုခန်းတွင် တစ်ညတည်းလိုက်သည်...နောက်တစ်နေ့မနက်တွင်ထပြီး ပြန်အလုပ်လုပ်ကြလေ၏။
အလုပ်များသည့် နေ့တာရှည်ပြီးသွားသော် လူတိုင်းက အပြီးသတ်လုပ်ရမည့်အလုပ်အားလုံးအား လက်စသတ်လိုက်ကြကာ ကုန်စည်နှင့်ပိုက်ဆံများကိုလည်း ပေးပို့ပြီးသွားကြသည်။
ကျန်းကျန့်က ဤအတွက် အလွန်စိတ်ကျေနပ်နေ၏။
ကုန်ပစ္စည်းများ ရောင်းထွက်ပြီးနောက် သူ့တွင် ဆိပ်ကမ်းဘက်အပိုင်းအား စိတ်ပူရန်မလိုတော့ပဲ ကျောက်ကျင်းကောအား မြို့တော်သို့ လျှောက်ကြည့်ရန် ခေါ်သွားနိုင်လေသည်။
ဤရှေးခတ်အခါ၌ မြို့တော်က သေချာပေါက် အကြီးဆုံးမြို့ကြီးဖြစ်သော်လည်း သူက မည်သို့မည်ပုံရှိသည်အား မသိပေ။
ပြောမယ်ဆို ဒါက ကျောက်ကျင်းကောကို ပျားရည်စမ်းခရီးထွက်ဖို့ ခေါ်သွားတယ်လို့ သတ်မှတ်လို့ရတယ်မို့လား....။
“သခင်ကြီးကျန်း...နောက်တစ်ခါ ကုန်တွေရှိလာရင် ကျွန်တော့်ဆီပြန်လာလို့ရတယ်...ကျွန်တော်က သေချာပေါက် စျေးမှန်မှန်ပေးမှာပါ"
ရှန်းအန်ရှင်းက ကျန်းကျန့်အား ပြောလိုက်သည်...နှစ်ရက်ခန့်အလုပ်လုပ်ပြီးနောက် သူက အနည်းငယ် ပင်ပန်းနွမ်းနယ်လာသော်ငြား တက်ကြွနေ၏။
သူက ရှန်းမိသားစုမှာ တဖြေးဖြေးနှင့် ပိုကောင်းလာရမည်ဟု ယုံကြည်မိသည်။
“ပြသနာမရှိဘူး"ကျန်းကျန့်က ချက်ချင်းသဘောတူလိုက်သည်။
ရှန်းအန်ရှင်းက ပြန်ပြီးပြုံးလိုက်ရာ ယခုအကြိမ်၌ အလုပ်ရှင်းသွားပြီ၍ ကြာကြာပြုံးပြနေပြီး ပါးချိုင့်များပင်ထင်းထင်းလေးပေါ်နေသည်။
ရှန်းအန်ရှင်း၏ ကောင်လေးက ရထားလုံးမှ နောက်ပြန်လှည့်ကြည့်ရင်း မနေနိုင်စွာ ပြောလာသည်:
"သခင်လေး...အဲ့ဒီကျန်းကျန့်က ကျောက်ကျင်းကောအပေါ် တကယ်ကောင်းတယ်..."ဤနှစ်ရက်တွင် ကျန်းကျန့်က အလွန်အလုပ်များနေသော်လည်း ကျောက်ကျင်းကောအား နေရာတိုင်းဂရုစိုက်နေသည်မြင်နေရ၍ နည်းနည်းမနာလိုဖြစ်လာရသည်။
အဲ့ဒီကျောက်ကျင်းကော..သူက သူနဲ့ဘယ်နေရာကမှ ယှဥ်လို့မရတာကို ဘယ်လိုလုပ်ပြီး ဒီလိုလူကောင်းမျိုး ရှာထားနိုင်ရတာလဲ။
“ဟုတ်တယ်"ရှန်းအန်ရှင်းက ခေါင်းညိမ့်ရင်း သက်ပြင်းချလိုက်သည်။
အမှန်တွင် သူက ကျောက်ကျင်းကောအား နည်းနည်း မနာလိုဖြစ်မိသော်ငြား ရှန်းအိမ်တော်အား ထောက်ပံ့ချင်သေးသည်...လူများကိုလေးစားနေမှသာ အရာရာတိုင်း ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်မည်ဖြစ်၍ပင်။
တစ်ချိန်တည်းမှာပင် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က ကျန့်အိမ်တော်သို့ အတူတူလမ်းလျှောက်သွားကြသည်။
“ကျင်းကော...ငါမနေ့ညက တည်းခိုခန်းမှာ ဘာမှမလုပ်ခဲ့ရလို့ ဒီည.မင်းငါ့အတွက် ပြင်ဆင်ထားရမယ်"
ကျန်းကျန့်က စနောက်လိုက်သည်။
“အင်း အင်း.."ကျောက်ကျင်းကောက ခေါင်းညိမ့်ပြလာ၏။သူက သမားတော်ဟူ ယခင်ကပြောခဲ့သည့်အကြောင်း စဥ်းစားနေဆဲဖြစ်ကာ ကျန်းကျန့်ကျေနပ်သွားရန် ပြောလိုက်သည်
:"ကျွန်တော် အလုပ်ကောင်းကောင်းလုပ်ပါ့မယ်"
ကျောက်ကျင်းကော၏ တည်တည်ငြိမ်ငြိမ်မျက်နှာအား မြင်ပြီးနောက် ကျန်းကျန့်က အလွန်စိတ်လှုပ်ရှားလာကာ သူ့လက်အား ယူလိုက်သည်။
ပြန်ရောက်ရင်တော့ ...သူက ကျောက်ကျင်းကောကို သေချာပေါက် စားရတော့မှာပေါ့...။
ကျန်းကျန့်က တွေးလိုက်ပြီးမှ နားလည်သွားရသည်က.....သူ အတွေးများနေသည်ဟုပင်။