အပိုင်း၁၁၇
Viewers 31k

Chapter 117

Chapter 117

မြို့တော်တွင် နေထိုင်ခြင်း



ကျန်းကျန့်က အကောင်ကြီးကြီးအရာရှိများနှင့် မပတ်သကချင်သော်လည်း သခင်ကြီးကျန့်က သူ့အား အထူးတောင်းဆိုထား၍ မရှောင်လွဲနိုင်ပေ။


ကျောက်ကျင်းကောအား သူတို့နေရာသို့ အရင်ပြန်ခိုင်းလိုက်ပြီး ကျန်းကျန့်က ကျန့်ရီဆီသွားလိုက်သည်။


ကျန်းကျန့်နေသည့် ခြံဝန်းနှင့်ယှဥ်ပါက ကျန့်ရီနေသည့် အိမ်ဝန်းက အဆောင်အယောင်အပြည့်နှင့်ဖြစ်၏။ကျန်းကျန့်က ပစ္စည်းအသုံးအဆောင်များ အကြောင်း များများမသိသော်ငြား အိမ်ထဲရှိ ပစ္စည်းများက အလွန်စျေးကြီးမှန်း သိ၏။သို့သော်လည်း ထိုအရာများက ကျန်းကျန့်ကို မအံ့သြစေပေ။.


ကျောက်ပြားခင်း ကြမ်းပြင် ..မည်သို့ပြားနေပါစေ..ကျောက်တုံးများနှင့်ခင်းထားခြင်းဖြစ်သည်။နောက်မျိုးဆက်များ လုပ်ထားသည့်နှင့်ကြွေပြားများနှင့်ယှဥ်နိုင်မည်လား...။၎င်းတို့အားလုံးမှာ စကျင်ကျောက်များနှင့်လုပ်ထားခြင်းဖြစ်သည်....ယခုခေတ်တွင် ပန်းပွင့်အပြတ်လေးများ သို့မဟုတ် အခြားအရာတစ်ခုခုအား ကျောက်ပြားပေါ်ထားဖို့နေနေသာသာ နောက်ပိုင်းမျိုးဆက်များလောက် ကျောက်ပြားချောအောင်ပင် မလုပ်နိုင်ကြ။


သစ်သားပြားများအတွက်မူ...လှပသောသစ်သားကြမ်းခင်းများနှင့် ကြမ်းပြားထူထူကြီးများအား မြင်လိုက်သော်ငြား ကျန်းကျန့်က ၎င်းတို့အား လှသည်ဟုမထင်ချေ။


အဆောင်အယောင်များအတွက်ဖြင့်...ကျန်းကျန့်ကဲ့သို့ ရှေးဟောင်းပစ္စည်းများအား မလေ့လာရုံမက သဘောကျခြင်းမရှိသည့် သူမျိုးအတွက် ခေတ်မီပရိဘောဂများက ပိုမိုလှပလေ၏။ဤအတွက်ကြောင့် ကျန်းကျန့်က သိချင်စိတ်တို့မဖြစ်ပဲ ကျန့်ရီအိမ်ရှိပစ္စည်းများကိုသာ အားကျနေ၏။


တစ်ချိန်တည်းမှာပင် ဆယ်စုနှစ်ကျော်ကျော် စစ်ထဲနေသည့်ကိုယ်ဟန်အတိုင်း နေခဲ့ရ၍ ကျန်းကျန့်က ထိုအတိုင်း ရပ်နေသဖြင့် သူ့အဆင့်အတန်းအား တိုင်းတာ၍ရနိုင်၏။


သခင်ကြီးကျန့်က ကျန်းကျန့်အား သူ့တူ၏ဆော်သြမှုကြောင့်သာ တွေ့ရန်လာခြင်းဖြစ်သော်လည်း သူက ထိုလူမှာ ထူးချွန်ချက်များရှိသည့် သာမန်လူတစ်ယောက်ဟုသာ ထင်၏။မမျှော်လင့်ထားမိသည်က သာမန်ထက်ထူးကဲသည့်ကိုယ်ဟန်အမူအရာနှင့် လူငယ်လေးတစ်ယောက်ရပ်နေသည်အား တွေ့လိုက်ရခြင်းပင်။


ထိုလူငယ်လေးက အသားညိုကာ ကြမ်းတမ်းသောလက်များရှိပြီး သာမန်အဝတ်အစားဝတ်ထား၍ အတိတ်တွင် ကောင်းမွန်သည့်ဘဝရခဲ့ပုံမပေါ်သော်ငြား အဆင့်တန်းမြင့်မြင့်အခြေအနေတွင် ရှိသည်။သူ၏သွင်ပြင်အား ထောက်ကြည့်ရုံနှင့် ယခင်က သာမန်လယ်သမားဖြစ်ခဲ့မှန်း မည်သူမျှတွေးကြမည်မဟုတ်မှာစိုးမိသည်။


တစ်ခဏက သခင်ကြီးကျန့်မှာ သူ့တူလေးမှာ လူလိမ်အယောင်ဆောင်ထံမှ အလှည့်စားခံလိုက်ရပြီဟု ထင်ခဲ့မိသည်။


သို့သော် သူတို့ကျန့်မိသားစုသို့ ချဥ်းကပ်လာသည့် ဤလူက သူတို့အတွက် များစွာအလုပ်လုပ်ပေးခဲ့ကာ တစ်ခုမှလိမ်လည်ထားခြင်းမရှိပေ။


မြို့တော်လိုနေရာတွင်လည်း.....သူတို့ကျန့်မိသားစုက တကယ်တမ်း ဘာမှမဟုတ်ပေ။သူတို့အား လှည့်စား၍ ဤလူဘာမှအကျိုးရှိမည်မဟုတ်ပေ။


သခင်ကြီးက အသိစိတ်ကပ်လိုက်ပြီး ကျန်းကျန့်နှင့်စကားစပြောလာသည်..။သူနှင့်ပြောနေစဥ် တမင်ရည်ရွယ်သည်လား မရည်ရွယ်သည်လားမသိသော်ငြား သူက မန်ဒရင်းစကားသုံးနေဆဲဖြစ်သည်။


တချီ၏မန်ဒရင်းစကားက ခေတ်သစ်ဖူထုန်ဟွာနှင့် အတော်လေးဆင်၏။ပေကျင်းရှိလူအများစုက မန်ဒရင်းစကားပြောကြသည်။


ရက်အနည်းငယ်ကြာ အလိုက်သင့်နေပြီးနောက် ကျန်းကျန့်က ဤမန်ဒရင်းအပြောင်းအလဲအား သင်ယူပြီးလေ၏။သူကလေးဘဝကတည်းက မန်ဒရင်းစကားပြောခဲ့သည်ဖြစ်ရာ ပြောဆိုနေစဥ်အတွင်းမှာလည်း တောင်ပိုင်းသံမပါချေ။


ဒုတိယသခင်ကြီးကျန့်က သူ့အား ကျန်းနန်လေသံနှင့် မန်ဒရင်းစကားပြောသောအခါ သူက မန်ဒရင်းသံစစ်စစ်ဖြင့်ပြန်ဖြေလေ၏။


သူ၏မန်ဒရင်းလေသံက ထိုသခင်ကြီးကျန့်ထက် ပိုပြီးစစ်မှန်လေ၏။


သခင်ကြီးကျန့်၏မျက်နှာက ရုတ်တရက် သိမ်မွေ့လာ၏။


ကျန့်ရီက ကျန်းကျန့်အား ဟယ်ချောင်စီရင်စုဒေသိယစကားဖြင့်သာ ပြောထားဖူး၍ သူက ကျန်းကျန့်မန်ဒရင်းစကားပြောနိုင်မှန်း မသိသဖြင့် တစ်ခဏမျှ အံ့အားသင့်သွားရသည်။သူက မြို့တော်နှင့်ယန့်ကျီမြစ်တောင်ပိုင်းကြား ခရီးသွားလာနေ၍ ဒေသိယစကားများစွာအား နားလည်သော်ငြား မန်ဒရင်းစကားကိုဖြင့် နားလည်းမလည်သလို ပြောလည်းမပြောတတ်ပေ။ရံဖန်ရံခါ သူက ယန့်ကျီမြစ်တောင်ပိုင်းရှိစာသင်သားအချို့နှင့် သိကျွမ်းသွားသည့်အချိန် သူ၏မန်ဒရင်းအား ကြိုးစားပါအုံးမည်။


သူအမြဲတမ်းတွေးခဲ့သည်က ဤနယ်မြေတစ်ဝိုက်တွင် သူက ပါရမီရှိသည်ဟုပင်...ယခုတွင်ဖြင့် ကျန်းကျန့်အသံထွက်သည့် စကားလုံးတိုင်းက အလွန်အဆင့်မီလေ၏။


သူက မြို့တော်မှာ ရက်နည်းနည်းလေးတောင် မနေရသေးဘူးလေ..သူဘယ်လိုများ သင်လိုက်တာပါလိမ့်..။


သူဘယ်လိုသင်လိုက်တာပါလိမ့်...။မှန်ပေသည်...မူလတန်းကျောင်းတရုတ်ဆရာများက ပင်းယင်းအား တစ်ယောက်တစ်ယောက်ချင်းသင်ပေးကာ ကျောင်းသားများအား တစ်ယောက်ချင်း စာထဖတ်ခိုင်းလေ၏။


ကျန်းကျန့်ကလည်း သခင်ကြီးကျန့် သူ့အားရှက်သွားစေချင်သည်မှန်း သိလေ၏။


သူက သခင်ကြီးကျန့်အား မည်သည့်အကြောင်းပြချက်နှင့်မှ စော်ကားသည်မဟုတ်သော်ငြား အခြားအရာများမှ အရှက်မရချင်၍ပင်။


“မဆိုးဘူး...တကယ်ကောင်းတယ်",သခင်ကြီးကျန့်က ဆိုသည်။"မင်းက မန်ဒရင်းစကားပြောနိုင်တယ်...ဒဏ်ရာချုပ်တဲ့ကိစ္စအကြောင်း တင်ပြတဲ့အခါ ငါမင်းကို မြို့တော်ရဲ့ရာထူးကြီးကြီးတွေနဲ့တွေ့ဖို့ ခေါ်သွားလို့ရတယ်"


သူက ပြုံးနေကာ ဖော်ရွေမှုအပြည့်နှင့်ပင်။စကားတစ်ခွန်းတည်းနှင့် သူက ယခင်က ကျန်းကျန့်အား ကသိကအောက်ဖြစ်အောင်လုပ်သည်များက သူ့အတွက်ဟုပင် ပြောလာသည်။


ကျန်းကျန့်က ထိုသို့သောလူမျိုးအား တော်တော်များများမြင်ဖူးလေသည်။သူ့အထက်တွင် ခေါင်းဆောင်များစွာရှိ၍ သူ့အား ပြေးပြေးလွှားလွှားနှင့် တစ်ယောက်ယောက်၏စားပွဲပေါ် တိုက်မိစေသည့်သူကိုတောင်မှ အော်ဟစ်သောင်းကျန်းနေမည့်အစား ဆက်ပြုံးပြနေမည်ဖြစ်သည်။ထို့ကြောင့် မအံ့သြမိသလို အခြားသောအဖွဲ့၏လေးစားဖွယ်အမူအရာကြောင့် ချီးကျူးမိမည်ပင်။


သေချာပေါက် သူ၏အမူအရာက ဟာကွက်မရှိအလုပ်ကောင်းတစ်ခုပင် လုပ်ခဲ့လေ၏..ဤလူအဖွဲ့အစည်းက ခေတ်သစ်ကနှင့် အတော်လေးကွာခြားလေ၏။


သခင်ကြီးကျန့်က ကျန်းကျန့်၏သွင်ပြင်အား တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် လက်ဖျားခါမိသည်..ကျန်းကျန့်အပေါ် သူ၏တန်ဖိုးဖြတ်မှုက ပိုပိုမြင့်လာ၏။


ထိုခဏ၌ သူ့တူ၏စကားများအား အမှန်ပင် ယုံကြည်သွားရသည်...ဤကျန်းကျန့်က သူ့ကိုယ်ပိုင်အစွမ်းဖြင့် သူအသက်မွေးနိုင်၏။


သခင်ကြီးကျန့်၏မျက်နှာက ပိုပိုပြီး ကြည်လင်လာသည်။


သခင်ကြီးကျန့်က ကျန်းကျန့်အား အချိန်တစ်ခဏမျှ စကားပြောလိုက်ပြီး ကျန်းကျန့်အား ဟယ်ချောင်စီရင်စုရှိကိစ္စများအကြောင်းပြောရန် ဆွဲခေါ်သွားပေ၏။နောက်ပိုင်း သူက ဒဏ်ရာချုပ်သည့်အကြောင်းနှင့်ကတ်အကြောင်းမေးလာပြီး ကျန်းကျန့်၏ကျွမ်းကျင်မှုအား ချီးကျူးလာ၏။ထို့နောက် သူက ကျန်းကျန့်အား အစားအသောက်ဖြင့် တည်ခင်းဧည့်ခံလေသည်။


စားပွဲပေါ်ရှိအစားအစာများက အထူးကောင်းမွန်သော်လည်း ခေတ်သစ်ဟိုတယ်များတွင် တည်းဖူးသည့် ကျန်းကျန့်အဖို့ အံ့သြသွားခြင်းမရှိပေ။


စားသောက်ပြီးနောက် မှောင်နေပြီဖြစ်၍ ကျန်းကျန့်က နှုတ်ဆက်စကားဆိုလိုက်သည်။


သူထွက်သွားသည်အား ကြည့်နေရင်း သခင်ကြီးကျန့်က ချက်ချင်းပင် ကျန့်ရီအား ပြောလိုက်သည်:


"ဒီလူက အပြောကောင်းတယ် လျစ်လျူရှုထားလို့မရဘူး...အခြားသူတွေကို အခွင့်အရေးမပေးလိုက်စေနဲ့"


“ဒုတိယဦးလေး...ကျွန်တော်တွေးထားတဲ့အတိုင်းပါပဲ"ကျန့်ရီက ဆိုသည်။သူက အရေးကြီးသည့်အရာနှင့် ကျန်းကျန့်အား တုပ်ချည်ထားပြီးဖြစ်သည်။


“စကားမစပ်...မြို့တော်မှာ ကုန်သည်တွေဝိုင်းနေတဲ့ အိမ်အလွတ်တစ်လုံးရှိတယ်...မင်းသူ့ကို ပေးလို့ရတယ်"သခင်ကြီးကျန့်က ဆို၏။


ကျန့်ရီက ခေါင်းညိမ့်ပြလိုက်သည်။


ဤမြို့တော်တွင် ပိုကောင်းသည့်အိမ်တော်များက အခွင့်လမ်းမရပဲ ဝယ်ရန်က မဖြစ်နိုင်ရာ ကျန်းကျန့်အား အိမ်တစ်လုံးပေးလိုက်သည်က ကောင်းလေ၏။


သူတို့အား မြို့တော်တွင် တစ်လတန်သည် နှစ်လတန်သည်နေမည်ဟု ခန့်မှန်းမိ၍ ကျန်းကျန့်က စတည်းချရန်နေရာတစ်ခု လိုမည်ပင်။


ကျန်းကျန့်က သူ့အခန်းသို့ပြန်ရောက်သောအခါ ကျောက်ကျင်းကောက ညစာစားပြီးဖြစ်သော်လည်း သူ့အတွက် အစားအစာအချို့ချန်ထားပေးလေ၏။


"ကျန်းကျန့်...လီရဲ့ ဒီနေ့အသားနှပ်က ထူးထူးခြားခြားကို အရသာရှိတာ..ခင်ဗျားအတွက်သိမ်းထားပေးတယ်"ထိုသို့ပြောလိုက်ပြီးနောက် သူက ထပ်ပြောလာ၏:"ဒီအသားကိုလေ တော်တော်အဆီများလို့ နှစ်တုံးပဲစားနိုင်တယ်"


ထို့နောက် သူက စားပွဲပေါ်ရှိ အသားပန်းကန်အား တမျှော်မျှော်ကြည့်လာ၏။


အပြားက လက်နှစ်ချောင်းစာ အရှည်လက်သုံးချောင်းစာရှိသည့် ဝက်ဗိုက်သားတုံးများက ပဲငံပြာရည်နှင့်သကြားတို့ထဲထည့်နှပ်ထားကာ အဆီတရွှဲရွှဲနှင့် လူများအား စားချင်စိတ်ဖြစ်စေ၏။


ကျန်းကျန့်နှင့်သခင်ကြီးကျန့်တို့ အတူတူညစာစားခဲ့သည့်အချိန်တွင် အနေခက်နေ၍ သူက သေချာမစားခဲ့ရ။ယခုမူ သူက ချက်ချင်းပင်ရှောင်ရို့ကို ထမင်းတစ်ပန်းကန်ယူလာခိုင်းလိုက်သည်။


ဝက်သားနှပ်လေးနှင့် စားပွဲပေါ်ရှိထမင်းဝိုင်းတွင်ကျောက်ဖရုံသီးဟင်းချို ၊တို့ဟူးအေးနှင့် အသီးအရွက်မွှေကြော်ဟင်းပန်းကန်များ ရှိလေ၏။


ကျန်းကျန့်က ထမင်းတစ်ပန်းကန်နှင့် ဟင်းပွဲအားလုံးအား အဝဆွဲလိုက်ကာ အသားနှပ်နောက်ဆုံးလက်ကျန်အပိုင်းလေးကိုပင် ကောက်ကိုင်ပြီး တစ်ကိုက်ကိုက်လိုက်သည်။


ကျောက်ကျင်းကော အတွေးတို့နစ်နေစဥ် ပါးစပ်ထဲသို့ အဆီပိုင်းအားကိုက်ထားသည့် ဝက်သားကင်တစ်ခု ထည့်ခံလိုက်ရသည်။


“သွားသန့်စင်လိုက်...ပြီးရင် အိပ်ယာဝင်ကြအောင်"ကျန်းကျန့်က ဆိုသည်။


"အိပ်ရာ"ဆိုသည့် စကားလုံးအား ကြားပြီးနောက် ကျောက်ကျင်းကော၏မျက်နှာက အနီရောင်သန်းလာ၏။


သူပ ကျန်းကျန့်နှင့်လက်ထပ်ထားသည်ဖြစ်၍ "အိပ်ရာ"ဆိုသည့် စကား၏အဓိပ္ပါယ်က အိပ်သည်ဆိုသလောက် မရိုးရှင်းပေ။


......


နောက်တစ်နေ့တွင် ကျန်းကျန့် အားအပြည့်နှင့် စိတ်ကြည်ကြည်လင်လင် ဖြစ်နေ၏။ကျန့်ရီက သူ့အား လာရှာပြီး မြို့တော်ရှိအိမ်တစ်လုံးပေးလာရာ သူက ပို၍ပင် စိတ်ပျော်ရွှင်သွားပေ၏။


မမျှော်လင့်စွာနှင့် တစ်နေ့၌ သူက မြို့တော်တွင် အိမ်တစ်လုံးရနိုင်ခဲ့ပေသည်။


“အိမ်က မင်းရဲ့လူတွေအားလုံးနဲ့ နေနိုင်လောက်အောင်ကို ကြီးတယ်"ကျန့်ရီက ဆိုလိုက်သည်။


"မင်းလမ်းမှာကယ်ခဲ့တဲ့ သင်္ဘောသားအားလုံးကတော့ ငါ့ဆီချန်ထားခဲ့လိုက်...အလုပ်စီစဥ်ပေးလိုက်မယ်"


လူများ၍ သူတို့အား အားယားနေခိုင်းသည်က မကောင်းပေ...။


ကျန်းကျန့်က သဘောတူလိုက်သည်။


သူက ကျန့်ရီအား ထိုလူများအပေါ် စီမံခွင့်ပေးလိုက်ကာ သင်္ဘောပေါ်ရှိအမျိုးသမီးများနှင့်ကောများအတွက်လည်း အလုပ်စီစဥ်ပေးနိုင်မလားဟု မေးလိုက်သည်။


သူက သင်္ဘောသားများအား သူနှင့်အတူ ပြန်ခေါ်သွားချင်ပါသော်လည်း လက်ရှိအချိန်အတွက် သူတို့အားလုံးကို အလုပ်စီစဥ်ပေးရန် အိမ်တော်ထိန်းအားပြောလိုက်သည်။ကျန့်မိသားစုတွင် အမျိုးသမီးများနှင့်သင့်လျော်သည့်အလုပ်များရှိသဖြင့် သူတို့အတွက် ထိုနေရာတွင်နေသည်က အဆင်ပြေလေ၏။


ကျန့်မိသားစုက ကြီးမားပြီးအလုပ်များစွာလည်း ရှိသော်လည်း နေချင်သည့်အမျိုးသမီးများအတွက်အရည်အချင်းအချို့ရှိရန် လိုပေ၏။


နှစ်ရက်အတွင်း ပင်လယ်ဓါးပြများထံမှ ကယ်တင်ထားရသည့် အမျိုးသားများ အလုပ်ရသွားကြသည်။အမျိုးသမီးနှင့်ကောများတစ်ရာခန့်ရှိသော်ငြား ကျန့်မိသားစုက သူတို့ထဲမှ သုံးဆယ်ခန့်သာ တောင်းပေ၏။


သူတို့အားလုံးအားရောင်းလိုက်လျှင် ကျန့်မိသားစုက ပေးသလောက် ယူထားလိုက်နိုင်သော်လည်း ကျန်းကျန့်က ဒုက္ခရောက်နေကြသည့် သူတို့အား အမှီအခိုကင်းကင်းနှင့်အလုပ်တစ်ခုရစေချင်၍ပင်။တစ်ချိန်တည်းမှာပင် ကျန့်မိသားစုတွင် မနေရဲသည့် အမျိုးသမီးများနှင့်ကောများလည်း ရှိ၍ဖြစ်သည်။


သို့စေကာမူ လူသုံးဆယ်ခန့်လျော့သွား၍ ကျန်လူများအား စီစဥ်ရလွယ်ကူသွား၏။


ဤအမျိုးသမီးများနှင့်ကောများမှာ သင်္ဘောပေါ်တွင်ဆက်ထားရန် မလုံခြုံလှ၍ ကျန်းကျန့်က မြို့တော်သို့ခေါ်သွားရန်သာဆုံးဖြတ်လိုက်သည်။ကျန့်မိသားစုမှပေးထားသည့်အိမ်က သူတို့နှင့်အတူနေနိုင်လောက်သည်ထိ ကျယ်လားသေချာကြည့်ပြီးမှ သူတို့အား ထိုအိမ်တွင်အလုပ်လုပ်ခိုင်းလိုက်မည်။


ဤလူများယခင်ကချုပ်ပေးသည့် အသင့်ဝတ်အဝတ်အထည်များက အတန်အသင့် ကောင်းမွန်၍ သူတို့အတွက် ထိုအလုပ်ဆက်လုပ်ခိုင်းလျှင် အဆင်ပြေလိမ့်မည်။


“သူတို့ကိုလည်း မြို့တော်ကိုခေါ်သွားမလို့လား"ကျောက်ကျင်းကောက ကျန်းကျန့်၏အစီအစဥ်အားကြားသော် အလွန်စိတ်ညစ်သွား၏။


“ကောင်းပြီ...ငါ ဒီလူတွေနဲ့ပြောဆိုဆက်ဆံဖို့က စိတ်ရှည်မှာမဟုတ်ဘူး...မင်းသူတို့ကို ဂရုစိုက်ရလိမ့်မယ်"ကျန်းကျန့်က ဆိုသည်။


ကျောက်ကျင်းကောက ချက်ချင်း စိတ်ကြည်လာ၏။


အလုပ်အားလုံးပြီးသွားသည်တွင် ကျန်းကျန့်နှင့်သူ့အဖွဲ့က မြို့တော်သို့ ဝင်လိုက်ကြသည်။


ကျန့်မိသားစုမှ ကျန်းကျန့်အတွက်ပေးထားသည့် အိမ်က အကောင်းကြီးထဲမှမဟုတ်ပေ။အိမ်အနီးတွင် အရာရှိကြီးများနေကြသည်မဟုတ်သော်ငြား နေရာကျယ်ကျယ် ဝင်ပေါက်သုံးခုနှင့်ခြံကြီးဖြစ်သည်။


ဤသည်က ကျောက်ကျင်းကောအတွက် အိမ်အကြီးကြီးအား မြင်ဖူးသည့်ပထမဆုံးအကြိမ်ဖြစ်သည်။လှည့်ပတ်ကြည့်ရှုပြီးနောက် သူက ကျန်းကျန့်နှင့်သူ့အတွက် ဒုတိယဝင်ပေါက်နှင့်အဓိကအိမ်ဖြစ်သည့် အကြီးဆုံးနှင့်အဆောင်ယောင်အများဆုံးအိမ်အား ရွေးချယ်လိုက်သည်။ထို့နောက် သူက ထိုအမျိုးသမီးများအားလုံးအား တတိယဝန်းထဲသို့ ပို့လိုက်သည်...အိမ်နောက်ဘက်ပိုင်းပင်...။


အိမ်နောက်ပိုင်းတွင် အိမ်များစွာရှိ၍ အမျိုးသမီးများနှင့်ကောများ ခြောက်ဆယ်ခုနစ်ဆယ်ခန့် ဆန့်ပေ၏။ကျောက်ကျင်းကောက သူတို့အတွက် အခန်းစီစဥ်ပေးလိုက်ပြီး ခြံဝန်းမှထွက်မလာနိုင်စေရန် အစားအစာနှင့်အသားများပို့ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။


သူက...ဤလူများအား အိမ်အနောက်ဘက်တွင် ထိန်းထားတော့မည်ဖြစ်သည်။


ကျန်းကျန့်က ဤသည်အား သိသွားရာမှ ရယ်မောကာပြောလာ၏:"မင်း ရိုးသားတဲ့အသက်ကြီးပိုင်းတွေကို အလုပ်ထွက်လုပ်လာဖို့ ရွေးလိုက်သင့်တယ်"


အိမ်ကြီးကကြီးလွန်း၍ သန့်ရှင်းရေးလုပ်ရန် တစ်ယောက်ယောက်အား စီစဥ်ဖို့လိုလေ၏။


“ဒါဆိုလည်း...."ရှက်ကိုးရှက်ကန်းနှင့် ကျောက်ကျင်းကောက အိမ်နောက်ဘက်သို့ပြန်သွားလိုက်ပြီး အသက်ကြီးကြီးအရုပ်ဆိုးဆိုးများအား ခေါ်ထုတ်လာကာ အိမ်အရှေ့ဘက်သန့်ရှင်းရေးနှင့်အချက်အပြုတ်အတွက် စီမံလိုက်သည်။


ဟယ်ရှီမှ သူတို့နောက်လိုက်ခဲ့သည့်သူအားလုံးက ကျမ်းကျန့်ခေါ်လာသူများဖြစ်သည်။ကျန်းကျန့်က သင်္ဘောသားအချို့အား သူတို့အားကူညီပေးရန် ရွေးလိုက်သည်။လူအများကြီးအတွက် ချက်ပြုတ်ပေးရမည်ဖြစ်၍ အကူအညီလိုအပ်သည်ပင်။


လျူချမ်ချမ်နှင့် ကျောက်လင်ရှီးတို့ကလည်း ကျန်မနေခဲ့ကြ။


သူတို့က နောက်ဆုံးတွင် သူတို့လုပ်နိုင်သည့်အလုပ်အားရှာတွေ့သွားကြလေ၏...ပန်းထိုးအဝတ်များဖြစ်သည်။သို့သော်လည်း သူတို့သာ ကျန့်မိသားစုနောက်လိုက်လျှင် သနားစဖွယ်အခြေအနေအနေနှင့်အဆုံးသတ်ရမည်စိုးမိသည်။


ပိုမိုကောင်းမွန်သောဘဝတစ်ခုအတွက် သူတို့ကယောကျ်ားတစ်ယောက်အပေါ် တွယ်တက်ချင်ပါသော်လည်း အပျက်စီးမခံချင်ပေ။သို့မဟုတ်လျှင် လျူချမ်ချမ်က သူမကိုယ်သူမ အကြွေးပြန်ဆပ်ငွေအဖြစ် လုပ်လိမ့်မည်မဟုတ်ပေ။


ဤကျန်းကျန့်က ကာမခံစားချက်များအား နားမလည်သည့် ကျိုးကြောင်းစဥ်းစားတတ်သူဖြစ်၍ သူတို့အား အန္တရာယ်ပေးလိမ့်မည်မဟုတ်။


တစ်ခုသာ...အဲ့လိုလူမျိုးက ဘာလို့ သူတို့ကိုမကြိုက်ပဲ ကျောက်ကျင်းကောလိုလူမျိုးကိုကြိုက်ရတာလဲ။


လျူချမ်ချမ်ဖြစ်စေ...ကျောက်လင်ရှီးဖြစ်စေ..သူတို့က ကျောက်ကျင်းကောအား အလွန်မနာလိုဖြစ်မိသည်။ကျောက်ကျင်းကော အရှေ့အနောက်လူးလွန့်နေသည်အား မြင်လိုက်သည့်တစ်ခဏ ခပ်ချဥ်ချဥ်စကားများ မပြောရမနေနိုင်အောင်ပင်။


“ဒါက သခင်ကြီးကျန်းကို နေ့တိုင်း ကျောက်ဖရုံကောက်ကောက် စွံပလွံအကွဲကွဲအုပ်စုတွေနဲ့ တွေ့ခိုင်းမလို့ပေါ့လေ"(ရုပ်ဆိုးတဲ့သူတွေကိုရွေးလို့ပြောတာ)


“နင် အရမ်းသဝန်တိုနေတာလား"


“နင် ငါတို့ကို ပိတ်ထားနိုင်ရင်တောင် ဒီနေရာရဲ့အပြင်ဘက်မှာ အလှလေးတွေအများကြီးရှိသေးတယ်နော်"


. . .


သူတို့က အလွံအကျွံမပြောရဲကြသော်လည်း စိတ်ပျက်ဖွယ်စကားများအား ပြောနေကြဆဲပင်။သို့သော်ငြား ကျောက်ကျင်းကောက အတည်မမှတ်ယူပါချေ။ဒီလူတွေက မနာလိုနေကြတာလေ..သူဘာလို့ ဂရုစိုက်နေရမှာလဲ။


သို့သော်လည်း ဤလူများက သိသိသာသာပင် ကျန်းကျန့်အပေါ် လက်မလျှော့သေးကြ...။သူ စောင့်ကြပ်ထားရမယ်...ကျန်းကျန့်ကို ဒီလူတွေ မဖျားယောင်းစေရဘူး။


ကျောက်ကျင်းကောက အပြင်ဘက်တွင် အစေခံရွေးနေစဥ် အိမ်အနောက်ပိုင်းအရှေ့တံခါးအား သော့ခတ်ထားခဲ့သည်။


အိမ်အနောက်ဝန်းတွင် ဘေးတံခါးတစ်ခုရှိလေ၏။အနာဂတ်တွင် ထိုလူများက အနောက်တံခါးမှဖြတ်သွားနိုင်ပါသော်လည်း အရှေ့မှထွက်လာနိုင်မည်မဟုတ်ချေ။


ကျောက်ကျင်းကောက ရိုးရိုးသာလုပ်ခဲ့သော်လည်း နောက်ပိုင်း သူက အနည်းငယ်အပြစ်ရှိသလိုခံစားရသည်။ညနေစောင်းတွင် သူက ကျန်းကျန့်အား ပြောပြလိုက်၏။


“ဟုတ်ပါပြီ...မင်း သော့ခတ်ထားချင်ရင်လည်း အဲ့လိုသာလုပ်ပါ"ကျန်းကျန့်က ပြုံးလိုက်ပြီး အတည်မယူချေ။


ကျောက်ကျင်းကောက စိတ်သက်သာသွားသည့်နှယ် သက်ပြင်းချမိသည်။သူက ပျော်သွားပြီး ကျန်းကျန့်မျက်နှာအား နမ်းရှိုက်လိုက်သည်။ထို့နောက်..သူ ရှင်းရှင်းလင်းလင်း အစားခံလိုက်ရလေ၏။


ကျောက်ကျင်းကောမှာ ကိုယ်ဝန်ရှိနေသော်လည်း ကိုယ်ဝန်လက္ခဏာမရှိရခြင်းအား စဥ်းစား၍မရချေ။သူ့ဗိုက်မှာ ပူမနေ၍ ကလေးလွယ်ထားသည်ကိုလည်း မြင်နိုင်မည်မဟုတ်ပေ။ကျန်းကျန့်၏သူ့အပေါ်သဘောထားသည်လည်း ပုံမှန်အတိုင်းဖြစ်သည်။


သူ့ကိုယ်ပိုင်အိမ်တွင် နှစ်ရက်ခန့်နေပြီးနောက် ကျန်းကျန့်က တစ်ယောက်ယောက်အား ရထားလုံးငှားခိုင်းပြီး ကျင်းကောကိုခေါ်၍မြို့တော်အနှံ့လိုက်ပြလေ၏။


မတိုင်မီ ကျန်းကျန့်မှာ ရထားလုံးကခုန်နိုင်၍ အသုံးပြုရမလွယ်လောက်ဟု ခံစားမိသော်လည်း မြို့တော်ရှိလမ်းများက ကျောက်ပြားခင်းထားပြီးအတန်အသင့်ချောမွေ့သဖြင့် ရထားလုံးသုံးလိုက်သည်က မဆိုးတော့ချေ။