Chapter 81
သူ၏အလေးမထားသောပုံစံကိုကြည့်ကာ ဆရာလျိုမှာ ခေါင်းကိုက်တဲ့အထိ ဒေါသထွက်သွားရ၏။
အစီရင်ခံစာရေးခိုင်းပြီး အပြစ်ပေးရမလား...
အသုံးမဝင်ဘူး !
မိဘခေါ်ရမလား...
ပိုပြီးအသုံးမဝင်ဘူး !
ပြစ်ဒဏ်ပေးတဲ့အခန်းမှာ အရေခွံခွာရင်တောင် လုံးဝအသုံးမ၀င်ဘူး !
ဆရာလျိုက အသက်ဝအောင်ရှူသွင်းလိုက်ပြီးနောက် သူ့ဒေါသစိတ်ကိုလျော့ကာ အေးစက်စွာပြောလိုက်သည်။
"ယင်းကျောင်း...ငါနောက်နေတာမဟုတ်ဘူး...ဒါ၃ကြိမ်ရှိပြီ...နောက်တစ်ခါဆိုရင် အကြမ်းဖက်မှုဆိုပြီး ငါတကယ်အရေးယူတော့မှာ..."
"အဲ့ဒါဆို မင်းရဲ့ကိုယ်ရေးရာဇ၀င်ထဲမှာ အမဲစက်ပါသွားလိမ့်မယ်...မင်းရဲ့ရှေ့လျှောက်ပညာရေးမှာလည်း ထိခိုက်နိုင်တယ်...မင်းရဲ့အနာဂတ်အလုပ်...အဲ့ဒါတွေမှာပါ အကျိုးသက်ရောက်နိုင်တယ်...မင်းသိရဲ့လား"
ယင်းကျောင်းက အလွယ်တကူခေါင်းညိတ်လိုက်သည်။
"အကျိုးအကြောင်းကို ကျွန်တော်နားလည်ပါတယ်...ဒေါသမထွက်ပါနဲ့...မနက်ဖြန်မဖြစ်စေရပါဘူး..."
သူယခုလို နူးညံ့နေလိမ့်မည်ဟု ဆရာလျို မမျှော်လင့်ထားသဖြင့် မယုံကြည်နိုင်ဖြစ်သွားရသည်။
"တကယ်..."
"အင်း..."
ယင်းကျောင်းက သရော်ပြုံးပြုံးလိုက်ပြီး သူ့ညာဖက်လက်ကို ငုံ့ကြည့်လိုက်သည်။
"အကယ်၍ အဲ့ဒီအတွက်မဟုတ်ဘူးဆိုရင်...သူ့ကိုထိဖို့တောင် တော်တော်ပျင်းနေမှာ..."
ဆရာလျိုက မျက်မှောင်ကြုတ်သွားမိသည်။
"ဘာအတွက်လဲ...ဆရာ့ကိုပြောမပြနိုင်ဘူးလား..."
ယင်းကျောင်းက မျက်လွှာချကာ ဘာတစ်ခွန်းမှမပြောပေ။
ထိုသည်ကို ဆရာလျိုတွေ့လိုက်သောအခါ ဆက်မေးလျှင်လည်း အကြောင်းထူးမည် မဟုတ်သဖြင့် သူဘာမှဆက်မပြောတော့ပေ။
ယင်းကျောင်းက အခန်း၇အတွင်းသို့ သင်္ချာဖတ်စာအုပ်သွားပြန်ယူပြီးနောက် စင်္ကြံပေါ်တွင် မတ်တတ်ရပ်ကာ အပြစ်ခံယူနေလိုက်သည်။
ထို့နောက် အားလုံး၏အကြည့်အောက်တွင် ဘောပင်အဖုံးအားချွတ်လိုက်ပြီး ပုစ္ဆာများကို စတင်ဖြေရှင်းတော့၏။
ဟယ့်ကျိုးနှင့်နောက်၂ယောက်က အပြင်သို့လိုက်ထွက်လာပြီး မနေနိုင်မထိုင်နိုင် မေးလိုက်ကြသည်။
"အကိုကျောင်း...ချောင်အန်းယန်နဲ့ ဘာဖြစ်ထားတာလဲ..."
အကြမ်းစာရွက်တွင် ရေးခြစ်ပြီးနောက် အဖြေရေးချနေရင်းမှ ယင်းကျောင်းက ပုံမှန်အတိုင်းဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး..."
ကျန့်ချွယ်က စိတ်ကျေနပ်ပုံမပေါ်ဘဲ မေးလိုက်သည်။
"အကိုကျောင်းရာ...အခု သေချာတဲ့အဖြေတစ်ခု ကျွန်တော်တို့ကိုမပြောနိုင်ဘူးလား..."
ယင်းကျောင်းက သူ့ကိုမော့ကြည့်ကာ ပြုံးရယ်လိုက်ပြီး "မဟုတ်ရပါဘူး ကိုယ့်လူတို့ရ..."
သူက ခဏအပြောရပ်လိုက်ကာ သရော်ကာပြုံးလိုက်သည်။
"ငါ့ကိုဆက်ဆံတဲ့ပုံကိုမကြိုက်လို့..."
"ဘာလို့လဲ..."
ကျန့်ချွယ်က အင်တင်တင်ဖြင့် မေးလိုက်သည်။
"အကိုတို့၂ယောက်က ဘာဖြစ်စရာရှိလို့လဲ...ပြီးတော့ အကိုကလည်းသူ့ကို တောက်လျှောက်ကြည့်နေတာ ဘာလို့လဲ..."
"သူ..."
ယင်းကျောင်းက သူတို့ကိုဦးနှောက်မခြောက်စေလို၍ ပေါ့ပေါ့ပါးပါးသာပြောလိုက်သည်။
"ငါ့ကိုရည်းစားစာပေးတယ်..."
"ဖာခ့်!..."
ဟယ့်ကျိုးမှာ ထိတ်လန့်သွားရသည်။
"ဘုရားရေ...ဒီကလေးက ငါ့အကိုကျောင်းကိုမှ လိုချင်လောဘတက်နေတယ်..."
ကျန့်ချွယ်က ချက်ချင်းဒေါသထွက်သွားသည်။
"ငါ့အကိုစစ်က အနားမရှိတာနဲ့ ဒင်းက ဆုတောင်းရဲတယ်ပေါ့...ဒီကောင်အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်...ငါတို့အခန်း၇က အကိုစစ်ကို စိတ်ပါလက်ပါ နှစ်မြှုပ်ထားတယ်ဆိုတာ သူမသိတာလား...ကျွန်တော်လည်းကြိုသာသိခဲ့ရင် ထိုးမှာအမှန်ပဲ..."
ယင်းကျောင်းက သူ့ကို ကြောင်ပြီးကြည့်လိုက်မိသည်။
"မင်း မအိပ်ရသေးဘူးလာကွ...နေ့ခင်းကြောင်တောင် မင်းကအိမ်မက်မက်နေတာပဲ...ကျင်းစစ်က မင်းရဲ့စိတ်ပါလက်ပါဝန်ဆောင်မှုကို လိုမယ်ထင်လား...သူဘယ်လောက်ပဲဝေးနေနေ...ငါရှိရင် လုံလောက်တယ်..."
ဟယ့်ကျိုး , ကျန့်ချွယ် , ဖန်ချန်းချန်း : "...."
...
ယခုလိုဖြစ်လာလိမ့်မယ်လို့ ဟယ့်ကျိုးလုံးဝမထင်ခဲ့ပေ။ ယင်းကျောင်းကအလား ထုတ်ကြွားနေတာပဲ။ သူစိတ်မထိန်းနိုင်တော့သဖြင့် မျက်လုံးလှိမ့်ကာမေးလိုက်သည်။
"ပြလေ...ပြ...ဘယ်နှကြိမ်လဲပြ..."
ယင်းကျောင်းက အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး "အင်းပါ ပြောပြမယ်..."
ဟယ့်ကျိုးက ကြောင်အသွားရသည်။ ဆိုလိုရင်းအဓိပ္ပါယ်ကို စက္ကန့်အကြာတွင် ရိပ်မိသွားပြီး နှာမှုတ်ကာပြောလိုက်သည်။
"ငါတို့မသိသေးတာများ မင်းမှာရှိနေသေးလား..."
ယင်းကျောင်းက အတွေးများစွာပါသော အကြည့်ဖြင့်ကြည့်လိုက်သည်။
ဟယ့်ကျိုးက ရှူးရှူးရှားရှားဖြစ်သွားသည်။
"ငါ့ကိုဘာကြည့်နေတာလဲ မင်းရှင်းရှင်းလင်းလင်းပြော...၂နာရီလုံး မမောဘဲငါလုပ်နိုင်တယ်ဆိုတာ...မင်းကို လောင်ဇီ ကနောက်တယ်များထင်နေလား..."
ယင်းကျောင်း : "၂နာရီ...ဟုတ်စ"
ဟယ့်ကျိုးက ကျယ်လောင်စွာ မှန်ကန်ကြောင်းပြောလိုက်သည်။
"ဟုတ်တယ်...မင်းရောအဲ့လောက်လုပ်နိုင်လား အခုငါမေးမယ်..."
ယင်းကျောင်းက အံ့ဩသွားပုံဖြင့်ပြောလိုက်သည်။
"အင်း...၁နာရီနဲ့၉၉မိနစ်ကြာတယ်...ခါးပက်ဖြုတ်ဖို့...မင်းရော...ဘာခါးပက်ဝတ်လဲ..."
ဟယ့်ကျိုး : "...."
ဟယ့်ကျိုးက သူ့အဆီများတုန်တက်လာအောင် ဒေါသထွက်သွားပြီး ယင်းကျောင်း၏ကော်လံကိုလှမ်းဆွဲရန်ပြင်သည်။
"ယင်းကျောင်း... မင်း... သေချင်းဆိုး..."
"မင်းအပြစ်လေ...တခြားသူကို ဆွဲမထည့်နဲ့...အိုကေ..."
ယင်းကျောင်းက သူ့လက်ကို အေးဆေးစွာ ကာလိုက်ပြီး စာအုပ်ကိုလှန်လိုက်သည်။
"ကဲ ငါ့ကို ကျင်းစစ်ပေးထားတဲ့ စာလုပ်တော့မယ်..."
သူ နှုတ်ခမ်းကိုကိုက်ကာ ဟယ်ကျိုးတို့ကို ဝေ့ကြည့်လိုက်သည်။
"သနားစရာပါလား...မင်းတို့ကို စာကူပေးမယ့် ချစ်သူကောင်လေးမရှိကြရှာဘူး..."
ဟယ့်ကျိုး , ကျန့်ချွယ် , ဖန်ချန်းချန်း : "...."
ဘယ်သောက်ကောင်က စာလုပ်ချင်မှာလဲ... ပြီးတော့... ငါတို့က အဖြောင့်တွေ...ဘာကိစ္စကောင်လေးလိုချင်ရမှာလဲ...!
သူတို့၃ယောက် အချင်းချင်းအကြည့်ဖြင့်နှစ်သိမ့်ကာ ဒေါသထွက်ပြီး ထွက်သွားကြတော့သည်။
ယင်းကျောင်းက ချောင်အန်းယန်နှင့်ပက်သတ်၍ သူတို့ထပ်မေးမည်မဟုတ်တော့ဟု ယူဆလိုက်ပြီး ရယ်မောရင်း ခေါင်းငုံ့ကာ စာလုပ်နေလိုက်သည်။
မနက်ပိုင်းတွင် ဆရာက ရလဒ်များကို ပြောနေချိန်တွင် ယင်းကျောင်းက အပြင်တွင်မတ်တတ်ရပ်ကာ စာလုပ်နေသည်။
အံ့ဩစရာကောင်းစရာမလိုအောင် ကျင်းစစ်က ယခုတစ်ကြိမ်တွင်လည်း အမှတ်၇၄၇နှင့် ပထမနေရာယူနိုင်ခဲ့၏။
ယင်းကျောင်း၏အမှတ်မှာ ၅၂၈ဖြစ်ပြီး ယခင်ကထက် အမှတ်၄၀ပိုတိုးတက်လာသည်။ ၁၄၉မှတ်ရသော အင်္ဂလိပ်ဘာသာမှလွဲ၍ တခြားဘာသာများက အောင်မှတ်အနားတွင် ဝဲပျံနေသည်။
အနီရောင်စာရင်းထွက်လာသောအခါ စီရင်စု၏ဖိုရမ်တွင် စကားဝိုင်းစတင်ပါတော့သည်။
[စာရင်းကိုငါတွေ့ပြီးပြီ...မင်းအစ်ကိုက မင်းအစ်ကိုပါပဲကွာ]
[အဲ့အစ်ကိုဘယ်ရောက်သွားလဲ....ဟဟဟဟ]
[အစ်က်ိုစစ်ကို ဒူးထောက်ပါတယ်...သူကတော့ အမြဲတမ်း ဘုရင်ပဲ]
[ဘုရင်က ဘုရင်ပါပဲ... ဘုရင့်ဆီက သင်ယူလိုက်ပါဦး]
[အင်တာနက်ပေါ်က အရူးတွေက တကယ့်လက်တွေ့အပြင်မှာ အမှတ်တွေကဘယ်လိုသွားလဲမသိကြဘူး...အစ်ကိုစစ်ရဲ့အောင်မြင်မှုကို နောက်ဖို့ပဲသိကြတယ်...ဒါပေမယ့် သူနိုင်ငံအသင်းထဲကိုမဝင်ရင်ရော...ကောလိပ်တွေကလဲ ရွေးခေါ်တာဆိုတာ သိကြလား..အိုကေ]
[ရန်မဖြစ်ကြပါနဲ့...အစ်ကိုစစ် ဝင်သွားရင်ရော?]
[အပေါ်ကလူရေ....အိမ်မက်မက်မနေနဲ့...အဲ့ဒါကအရမ်းခက်တာ]
အားလုံးပြောဆိုနေကြသော ကျင်းစစ်က သူ့စာမေးပွဲအမှတ်ကိုမသိသေးပေ။ ၁၂:၃၀တွင် သူ့ရဲ့ဒုတိယစာမေးပွဲကို အချိန်ကိုက် ဖြေဆိုပြီးဆုံးကာ ဘက်စ်ကားနှင့်ဟိုတယ်သို့ ပြန်နေပြီဖြစ်သည်။
ဒုတိယစာမေးပွဲက ပထမစာမေးပွဲထက် ပို၍ခက်သည်။ သို့သော် ကျင်းစစ်က ဒုတိယစာမေးပွဲက ပထမစာမေးပွဲထက် ပိုအဆင်ပြေသည်ဟု ခံစားရသည်။ အဖြေများကို ကျောက်ဖုန်ရှင်းပြပြီးသည့်နောက်တွင် သူ့စိတ်မှာ ပိုရှင်းလင်းသွား၏။
"အိုကေ...ဒါကိုထပ်မစဉ်းစားနဲ့တော့...အဖြေက နောက်သဘက်ခါကျရင်ထွက်မှာ..."
ညစာစားပြီးနောက် ကျောက်ဖုန်က ကားနှင့် ပြန်လိုက်ပို့ပေးသည်။
"၂:၄၀ရထားနဲ့စီစဉ်ထားတယ်...အမြန်ပြင်နော် နောက်မကျစေနဲ့...ပြီးသွားရင် ငါ့အခန်းရှေ့မှာ လူစုပြီး အောက်မှာcheck outသွားလုပ်ကြမယ်..."
ကျင်းစစ်နှင့်ကျန်သူများက ခေါင်းညိတ်ပြပြီး ကိုယ့်အခန်းကိုယ်စီ ပြန်သွားကြသည်။
အကုန်လုံးပြီးစီးအောင်လုပ်ပြီးသွားသောအခါ ကျောက်ဖုန်က ကျင်းစစ်နှင့်ကျန်သူများကို ခေါ်လာလိုက်သည်။
နောက်ထပ်ဆောင်းတွင်းစခန်းတစ်ခုတော့ ပြီးသွားချေပြီ။ သူတို့စီရင်စု၏ရလဒ်က မည်သို့ဖြစ်လာဦးမည် မသိပေ။
အပြင်တွင်ရှိသမျှ သတင်းသမားများက ကျင်းစစ်အား စာမေးပွဲတွင် ဖြေဆိုနိုင်ခြင်းရှိမရှိနှင့် ဆရာကျောက်ဖုန်နှင့်အတူ နိုင်ငံအဆင့်လေ့ကျင့်ရေးအသင်းအတွင်းဝင်ရောက်နိုင်ခြင်းအပေါ် အင်တာဗျူးချင်ကြ၏။
သို့သော် သူတို့နောက်လှည့်လိုက်ချိန်တွင် တုန်းဟိုင်စီရင်စုက ထွက်သွားနှင့်ပြီဖြစ်သည်။
"အင်တာနက်ပေါ်က ကွန်မန့်တွေကို သူတို့မြင်လောက်တယ်...သူတို့အပြစ်ရှိသလိုခံစားရမှာ..."
"ငါလည်းအဲ့လိုထင်တယ်..."
"ဟေ့ ဒီနှစ်ရဲ့တုန်းဟိုင်စီရင်စုက အသင်းခေါင်းဆောင်က မကောင်းဘူး...အရင်နှစ်ကလိုပဲ အေးဆေးလေးသွားတာပဲကောင်းမှာပါ..."
"ဒါပေါ့...ဒါပေမယ့် ကျင်းစစ်ရဲ့အမှတ်ကိုတော့ ငါသိချင်တယ်...အချိန်တန်ရင်တော့ ငါမေးရမှာပဲ..."
အခြားစီရင်စုမှသူတွေလည်း ထိုအတိုင်းထင်ကြသည်။ မနေ့ကသတင်းအရ ယနေ့မှာ တုန်းဟိုင်စီရင်စုက ပထမဦးဆုံးထွက်ခွာမှာဖြစ်သည်။
တစ်ချို့သူများက နားလည်နိုင်ကြသလို တစ်ချို့သူများက လှောင်ပြောင်ကြသည်။ တစ်ချို့ကျတော့ သူတို့နဲ့ထိုက်တန်သည်ဟု ပြောကြသည်။
ကျင်းစစ်နှင့် အခြားသူများကတော့ ရထားဆီရောက်နေပြီဖြစ်၏။
၅ရက်စာ အထုပ်ကြီးအထုပ်ငယ်များယူလာခဲ့ကြသောကြောင့် ကျောက်ဖုန်က ယနေ့ကျောင်းဆီမသွားတော့ဘဲ တစ်ညတာပြန်အနားယူကြရန် ဆုံးဖြတ်လိုက်သည်။
ကျိုးချောင်နှင့် ကျန်းချုံးက အိမ်သို့ပြန်ကြရန် ပြောကြပြီး ကျောက်ဖုန်ကလည်း အိမ်ပြန်မည်ဖြစ်သည်။ ကျင်းစစ်ကသာ ကျောင်းပြန်ချင်ကြောင်းပြောသည်။
"အစ်ကိုစစ်...ငါဘယ်သူ့မှအထင်မကြီးဘူးဆိုရင်တောင် ငါမင်းကိုလက်ခံတယ်နော်..."
ကျိုးချောင်က လက်မထောင်ပြသည်။
"စားမေးပွဲတိုင်းမှာ မင်းအမှတ်များတာ မဆန်းပါဘူး..."
ယခုလေးပင်လျှင် ဆရာတစ်ယောက်က ကျောက်ဖုန်ဆီသို့ သူတို့၏ရလဒ်များကို ပို့လိုက်သည်။ ကားအတွင်းသို့ဝင်လိုက်ပြီးသည်နှင့် ကျောက်ဖုန်က ပြောပြလိုက်သည်။
ကျိုးချောင်က ဒုတိယနေရာတွင်ရှိနေမြဲဖြစ်ပြီး ကျန်းချုံးက သတ္တမနေရာအထိ ကျဆင်းသွားသည်။
ကျင်းစစ်က ဘာမှမပြောဘဲ ပြုံးပြလိုက်၏။
ဒုတိယစာမေးပွဲက ပထမစာမေးပွဲအတိုင်း ၄နာရီခွဲကြာသည်။ အချိန်အတော်ကြာအောင် အာရုံစူးထားရသဖြင့် လူအတော်များများက ပင်ပန်းနေကြပြီဖြစ်သည်။ သူတို့အားလုံး ခုံတွင်မှီကာ မျက်လုံးများမှိတ်ပြီး အနားယူလိုက်ကြတော့သည်။
ဆင်းမည့်နေရာနှင့် ၁မှတ်တိုင်သာဝေးတော့သည့်အချိန်တွင် ကျင်းစစ် နိုးလာပြီး ရေတစ်ငုံသောက်နေစဥ် သူ့ဖုန်းက တုန်ခါသွားသည်။ သူဖုန်းကိုဖွင့်ကြည့်လိုက်သည့်အခါ ယင်းကျောင်း ဖြစ်နေ၏။
[ကျောင်း] : ရထားကနောက်ကျလား
ကျင်းစစ်က ရေဗူးကိုချလိုက်ပြီး ပြန်စာရေးလိုက်သည်။
[ကျင်း] : ဟင့်အင်း...အချိန်ကိုက်ပဲ
[ကျင်း] : အိမ်မှာလား
[ကျောင်း] : မဟုတ်ဘူး
ကျင်းစစ်က ခဏကြောင်သွားသည်။ ယနေ့ နေ့လည်က အားလပ်ချိန်ဖြစ်သည်။ အမှန်ဆို ယင်းကျောင်းက အိမ်တွင်ရှိရမည့် အချိန်ဖြစ်၏။
သူအလျှင်အမြန်မေးလိုက်သည်။
"အိမ်မှာ မဟုတ်ဘူးလား..."
[ကျောင်း] : ဒီလို...ဟယ့်ကျိုးကိစ္စလေ...အပြင်မှာလိုက်လုပ်ပေးနေရလို့...စားချိန်တောင်မရဘူး...စိတ်ညစ်တယ်
'အလုပ်ရှုပ်နေပြီး မစားရသေးဘူး...'
ကျင်းစစ်က မျက်မှောင်ကြုပ်ကာ စာရိုက်လိုက်သည်။
[ကျင်း] : ဒါနဲ့...ငါက စားမလို့
သူ ခဏတာတွေးတောပြီး နောက်ထပ်စာကြောင်းတစ်ကြောင်းကို ထပ်ဖြည့်ရေးလိုက်သည်
: ဒါမှမဟုတ် ငါမင်းအတွက် ယူခဲ့ပေးရမလား မင်းဘာစားချင်လဲ
စီရင်စုက ဘူတာရုံဆီမှ ကားနှင့်သွားမည်ဆိုလျှင် နာရီဝက်သာကြာသည်။ အပူခံပါဆယ်ထုပ်က တင်းကျပ်သောကြောင့် ပါဆယ်ယူသွားရန်အဆင်ပြေသည်။
[ကျောင်း] : အိုကေ ဘူတာရုံမှာ "Real Kung Fu" စားသောက်ဆိုင်ရှိတယ်မှုတ်လား ကိုယ် သူတို့ရဲ့ ဝက်နံရိုးထမင်းစားချင်တယ်...သူတို့က ကျောင်းနားမှာမရောင်းဘူး
[ကျင်း] : အိုကေ...ဝယ်လာခဲ့ပေးမယ်နော်
မိနစ်၂၀အကြာတွင် ဘူတာရုံသို့ ရထားဝင်လာသည်။ ကျင်းစစ်နှင့်လူတစ်ချို့က ရထားတွဲထဲမှ လူများကုန်သွားအောင်စောင့်ပြီးမှ သူတို့အထုပ်များနှင့်အတူထွက်လာလိုက်ကြသည်။
ကျင်းစစ်က ယင်းကျောင်းဆီသို့ သူထွက်လာပြီဖြစ်ကြောင်းနှင့် ကျောင်းသို့အမြန်ဆုံးပြန်လာရန် WeChatမှတဆင့် စာပို့လိုက်သည်။ ရာသီဥတုက အေးလှသည်။ ပါဆယ်ထုပ်ကို အကြာကြီးကိုင်ထားလျှင် အစာက အေးသွားလိမ့်မည်ပင်။
သူတို့ပြန်သည့်နေရာက မတူသဖြင့် ကျောက်ဖုန်က စိတ်ပူမိသည်။ သူက တစ်ယောက်ချင်းစီကို အငှားကားဖြင့်ပို့ပေးမည်ဟု ကတိပြုထားသည်။
ကျင်းစစ်က စားစရာဝယ်ရန်သွားရမည်ဖြစ်တာကြောင့် သူ့ကို အခြားသူတွေစောင့်မနေစေလိုပေ။ ထို့ကြောင့် ကျောက်ဖုန်အားပြောလိုက်သည်။
"ဆရာ...ကျွန်တော့်ကို စောင့်ခေါ်စရာမလိုပါဘူး...ကျွန်တော်က ဘူတာမှာတစ်ခုခုစားချင်သေးလို့...ကျောင်းကိုလည်း တိုက်ရိုက်ရောက်တဲ့ရထားကရှိနေတော့ ကျွန်တော် ရထားနဲ့ပဲပြန်လိုက်တော့မယ်..."
ကျောက်ဖုန်က မျက်မှောင်ကြုပ်သွားသည်။
"ဘူတာမှာစားမလို့ ဈေးမကြီးဘူးလားဟ..."
"ကျွန်တော်...စားချင်တဲ့ဆိုင်က ဘူတာမှာပဲရှိလို့..."
ကျင်းစစ်က မလိမ်တတ်မညာတတ်တာမို့ စကားများအထစ်အငေါ့ဖြစ်နေသည်။
"စိတ်မပူပါနဲ့ဆရာ...ကျွန်တော်လျှောက်မသွားပါဘူး...ကျောင်းပဲတန်းပြန်မှာပါ..."
ကလေးတစ်ယောက် လောဘကြီးတာက ပုံမှန်ဖြစ်သည့်အပြင် ကျင်းစစ်က ကောင်းစွာကြိုးစားခဲ့သဖြင့် ကျောက်ဖုန်က သူ့အား ခွင့်ပြုလိုက်သည်။ လုံခြုံအောင်နေရန် ထပ်ကာထပ်ကာမှာကြားပြီးနောက် သူ့ကိုပေးသွားလိုက်၏။
ကျင်းစစ်က စိတ်သက်သာရာရသွားပြီး ဘူတာရုံအတွင်းမှထွက်သွားကာ စားသောက်ဆိုင်၏တည်နေရာကို ဖုန်းတွင်ရှာလိုက်ပြီးနောက် တိုက်ရိုက်သွားလိုက်သည်။
နှစ်ကုန်ဖြစ်သည့်အတွက် ဘူတာရုံတွင် လူများပြည့်ကျပ်နေသည်။ စားသောက်ဆိုင်တွင် ပို၍ပင် ပြည့်ကျပ်လျှက်ရှိပြီး သူ ဆိုင်ရဲ့တံခါးဝတွင် ရပ်ကာ မဝင်ခင် အထုပ်များနှင့်ထွက်လာသော လူများကိုစောင့်နေလိုက်ရသေးသည်။
သူတွေးနေတာက ဝက်နံရိုးထမင်းသာဖြစ်သည်။ ကောင်တာအပေါ်ရှိ မီနူးဘားကို ကြည့်လိုက်ပြီး တစ်ခုကိုရွေးလိုက်ပြီး မှာရန်သွားဟန်ပြင်စဉ်မှာပင် သူ့ပုခုံးကို ထိတို့ခြင်းခံလိုက်ရ၏။
ကျင်းစစ်က လှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများက ရုတ်တရက်ပြူးကျယ်သွားသည်။
"မင်း...မင်းဒီကိုဘာလို့ရောက်နေတာလဲ..."
ရက်အနည်းငယ်ကြာ ကျင်းစစ်အဝေးသို့ရောက်နေချိန်တွင် ယင်းကျောင်းခေါင်းထဲ၌ သူသာရှိသည်။ ယခုသူ့ကိုတွေ့လိုက်ရသောအခါ စိတ်ထိန်းမနေတော့ဘဲ လက်မောင်းအတွင်းသို့ဆွဲခေါ်ပွေ့ဖက်ထားလိုက်မိသည်။
"ဒီနေ့မင်းပြန်လာမှာကို...ကိုယ်မလာဘဲနေနိုင်ပါ့မလား..."
သူက ကျင်းစစ်၏ဆံပင်များအား နာနာလေးပွတ်သပ်နေရင်းမှ ဘူတာရုံမှာပဲရှိနေသေးတယ်ဆိုတာကို အသိဝင်ကာ အမြန်ပြန်လွှတ်လိုက်ပြီး ရယ်ချင်ပက်ကျိဖြင့်ပြောလိုက်သည်။
"ကိုယ် ဟယ့်ကျိုးကိစ္စလိုက်လုပ်ပေးနေတယ်လို့ မင်းတကယ်ထင်တယ်ပေါ့...ငတုံးလေး..."
ကျင်းစစ်၏နှလုံးခုန်နှုန်းက အလွန်မြန်ဆန်နေကာ ရင်မှဖောက်ထွက်သွားမလား အောက်မေ့ရသည်။
ယင်းကျောင်းက သူ့ကိုလာကြိုတယ်...သူ့ကိုလာကြိုပေးတယ်...
"သွားရအောင်..."
ယင်းကျောင်းက အထုပ်ကိုဆွဲယူကာ အပြုံးကလေးနှင့်ပြောလိုက်သည်။
"အတန်းဖော်လေး...ကိုယ်နဲ့အတူ အိမ်လိုက်မလား..."
ကျင်းစစ်က ဆူညံနေသောသူ့ရင်ဖက်ကိုဖိကာ ခဏတာစိတ်တည်ငြိမ်အောင်လုပ်နေပြီးမှ ဖြည်းဖြည်းလေး ခေါင်းညိတ်ပြလိုက်သည်။
သူ့ရဲ့အမိန့်နာခံနေသောပုံစံလေးကို ယင်းကျောင်းက မည်သို့မှခံနိုင်ရည်စွမ်းမရှိပေ။ ဤနေရာတွင် လူအများရှိနေသဖြင့် သူ့လက်ကလေးကို ကိုင်ရန်အဆင်မပြေခြင်းက သူ့ကိုအတော်အသည်းယားစေသည်။
သူက လေတစ်ချက်မှုတ်လိုက်ပြီးနောက် ခေါင်းထဲမှအတွေးတွေကိုဖိနှိပ်ပြီး ရှာကြံကာ ကျင်းစစ်အား မေးလိုက်၏။
"ဒီရက်ပိုင်း ဟိုတယ်မှာနေရတာ နေသားမကျဘူးလား..."
"မဟုတ်ပါဘူး..."
ယင်းကျောင်းစိုးရိမ်နေမည် စိုးသဖြင့် ကျင်းစစ်က ခေါင်းခါပြကာ ဟိုတယ်၏ကောင်းနိုးရာရာများအား ပြောပြလိုက်သည်။
"ပတ်ဝန်းကျင်ကကောင်းပါတယ်...အခန်းကလည်း သန့်တယ်...နေဖို့လည်းတော်တော်အဆင်ပြေပါတယ်..."
အဆင်ပြေတယ်ဆိုသည့် စကားလုံးကို ကျင်းစစ်ဆီမှကြားရသဖြင့် ယင်းကျောင်း၏စိတ်တင်းကျပ်မှုများ ပြီးဆုံးသွားချေပြီ။
သူက ပျင်းရိနေတဲ့ပုံစံဖြင့် ရယ်ကျဲကျဲပြောလိုက်သည်။
"ဟိုတယ်ကို ဘာလို့ကြိုက်တာလဲ...ဒါဆိုလည်း အားလပ်ရက်တွေပြီးသွားရင် ဟိုတယ်အတူတူသွားကြမယ်လေ...ကိုယ်တို့အခန်းအကျယ်ကြီးယူပြီး..."
သူက အပြောခဏရပ်ကာ အသံကိုနှိမ့်ချလိုက်ပြီး "ဒါမှ မင်းဘယ်လိုအိပ်အိပ် ဘယ်ပုံစံနဲ့ပဲဖြစ်ဖြစ် ပြုတ်မကျမှာ..."
ကျင်းစစ်မျက်နှာမှာ နီမြန်းတက်သွားတော့သည်။
ယင်းကျောင်းက သူ့ကိုကြည့်လိုက်ပြီး အံ့ဩသည့်ပုံစံဖြင့် မေးလိုက်သည်။
"ဘာတွေရှက်နေတာလဲ...ကိုယ်ပြောတာက... ကိုယ်အိပ်ယာပေါ်မှာ ပုံမှန်လေးပဲအိပ်မယ်လို့ပြောတာ...မင်းနဲ့ ပါပါ့ပါ့မယ်လို့မပြောမိပါဘူးနော်...ဘာလဲ...မင်းစိတ်ထဲမှာ ကိုယ်နဲ့တစ်ခုခုလုပ်ချင်တဲ့မရိုးမသားတဲ့စိတ်တွေ ရှိနေလို့လား..."
သူက မျက်ခုံးများကြုပ်ကာ ပြုံးရယ်လျှက်ပြောလိုက်သည်။
"ကလေးလေးရယ်...ရိုးရိုးသားသားပြောစမ်းကွာ...မင်းအခုလေးတင်တွေးနေတာမှတ်လား..."
ကျင်းစစ်မှာ နားရွက်များရဲတက်လာပြီး ခေါင်းငုံ့ကာ ရှက်ရွံ့စွာ ပြောလိုက်ရသည်။
"ဟင့်အင်း...မတွေးပါဘူး..."
"ဖွက်ထားပြန်ပြီပေါ့..."
ယင်းကျောင်းက တိုးတိုးလေးရေရွတ်နေရင်းမှ ကျင်းစစ်ရဲ့နီရဲနေသော နားရွက်များကိုကြည့်ကာ ပြုံးမိသွားသည်။
"မကြာပါဘူး...မင်းကို ကိုယ့်ရဲ့အရှိကိုအရှိအတိုင်းပြပေးမယ်...အဲ့တော့မှ မင်းဘယ်လိုပုန်းမလဲကြည့်ကြသေးတာပေါ့..."
သူက တမင်တာ "အရှိကိုအရှိအတိုင်း"ဟု သုံးနှုန်းလိုက်ခြင်းဖြစ်ပြီး ကျင်းစစ်ကလည်း ချက်ချင်းနားလည်သည်။
သူတော့ မသောက်ရဘဲ မူးတော့မယ်...
သူက စိတ်ကျေနပ်တံအထိ ကျင်းစစ်ကိုဖက်ထားလိုက်သည်။ သူ့လက်မောင်းအတွင်းရှိနေသော ကျင်းစစ်၏နားရွက်နားသို့ကပ်ကာ တိုးညင်းစွာပြောလိုက်၏။
"ကိုယ့်ကို လိုချင်လား..."
ကျင်းစစ်က ဘာမှမပြောဘဲ မျက်လွှာသာချထားမိသည်။
သူ့ပုံစံက ထိုအတိုင်းသာဖြစ်တယ်ဆိုတာကို ယင်းကျောင်းသိတာမို့ အတင်းမတိုက်တွန်းဘဲ ပြုံးပြီးသာနေနေလိုက်သည်။ သူတစ်ခုခုပြောမည်ပြင်လိုက်စဉ် ကျင်းစစ် ခေါင်းညိတ်ပြတာကို မြင်လိုက်ရသည်။
သူ့မျက်နှာတစ်ခုလုံး နီမြန်းနေသည့်အပြင် တိုတောင်းတဲ့ အသက်ရှူသံလေးဖြင့် ရှက်ရွံ့စွာ ခေါင်းငုံ့နေသည်။ သို့သော် သူက စကားလုံးတစ်လုံးကို ညှင်သာစွာ တိုးတိုးလေး ဖွင့်ချလာသည်။
"အင်း..."
____
Translated By IQ-Team.