အခန်း၅
Viewers 22k

Chapter 5

Chapter 5


ရှန်းလျိုရှန့်၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို လင်ယွဲ့ ရှင်းလင်းစွာ မြင်နေရသည်။ သူ့အသားအရေက နှင်းတမျှဖြူဖွေးပြီး လှပလွန်းသည်။ မပြည့်စုံမှု တစ်စွန်းတစ်စမှ မပါဝင်နေပေ။ 


လင်ယွဲ့ သူ့ကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ပြီးမှ အမြန်အကြည့်လွှဲလိုက်သည်။


ခေါင်းကို တစ်ဖက်လှည့်လိုက်သည့်အခါ သူ့မျက်နှာထက်တွင် အမည်ဖော်ညွှန်းမရနိုင်သည့် အပူလှိုင်းတစ်မျိုးကို ခံစားလိုက်ရသည်။ အချိန်အတန်ကြာပြီးသည့်နောက်တွင်မှ ခြောက်ကပ်စွာဖြင့် ခေါ်လိုက်သည်။


" စီနီယာအစ်ကို..."


ထိုစကားများကို နေရထိုင်ရခက်စွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ကူကယ်ရာမဲ့မှုနှင့် မိမိဆန္ဒမပါဝင်မှုတို့ဖြင့် ခေါ်လိုက်ကြောင်း သိသာပေသည်။


သူ့အသံကို နားထောင်လိုက်သည့်အခါ ထိုစကားလုံးများက အနည်းငယ် သနားစရာကောင်းနေသည်ဟုပင် ရှန်းလျိုရှန့် တွေးလိုက်မိသည်။


အနောက်ဘက်တွင် ရပ်နေကြသော တပည့်များက လုံးလုံးလျားလျား အံ့အားသင့်ကုန်ကြသည်။ 


ဒါက သူတို့ရဲ့ နှလုံးသားမဲ့တဲ့ အေးစက်စက် တရားစီရင်ရေး အကြီးအကဲတဲ့လား...


သူ့ပုံစံကဘာလို့ အနိုင်ကျင့်ခံနေရတဲ့ အကောင်ပေါက်လေးလိုမျိုး ဖြစ်နေရတာလဲ...လောကကြီး ဘာတွေဖြစ်ကုန်တာလဲ...


"စီနီယာအစ်ကို" ဟူသည့်စကားကို ကြားလိုက်ရသည့်အခါ ရှန်းလျိုရှန့် အလွန်ကျေနပ်သွားမိသည်။ ဤအချိန်တိုအတွင်းတွင် သူ့နေရာက အဆင့်များစွာမြင့်သွားသကဲ့သို့ပါ ခံစားလိုက်ရသည်။


ရှန်းလျိုရှန့် ဘေးနားသို့လှည့်လိုက်ပြီး ညီအစ်ကိုကြားမှ အချစ်ကို အတင်းအကြပ်ကြည့်နေလိုက်ရသောကြောင့် ကြောင်အနေသည့် ယဲ့ပင်းရန်ဘက်ကို လက်တစ်ဖက်ဆန့်လိုက်သည်။ 


ထို့နေက်သူ့ဝတ်ရုံလက်ကိုခါပြီး ရှန်းလျိုရှန့်ပြောလိုက်သည်။


" ရှေ့က သွားနှင့်ပါ ဓားသခင်ယဲ့... ခင်ဗျား ကျွန်တော် ပြစ်ဒဏ်ခံရမှာကို မစောင့်နိုင်တော့တဲ့ပုံပါပဲ..."


ယဲ့ပင်းရန် ခေါင်းငုံ့ကြည့်လိုက်သည်။


သူတို့ နောက်ဆုံးအကြိမ်တွေ့ခဲ့သည်က လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဖြစ်သော်လည်း သူ့ရှေ့မှလူက အလွန်ပြောင်းလဲသွားခဲ့သည်။ 


ရှန်းလျိုရှန့်၏ ပြောင်းလဲမှုက အပြင်ပန်းတစ်မျိုးတည်းသာမဟုတ်ပေ။ အကြီးမားဆုံးသော ခြားနားချက်ကြီးမှာ ယဲ့ပင်းရန်အပေါ် ဆက်ဆံပုံပါ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။


အတိတ်တွင်မူ ရှန်းလျိုရှန့်က သူ့ကိုတစ်ချိန်လုံးတွယ်ကပ်နေခဲ့သည်။ ရှန်းလျိုရှန့်၏ မျက်လုံးထဲတွင် သူတစ်ယောက်တည်းသာရှိသည်။


အခုအခါ တူညီသည့် ဇာမဏီမျက်ဝန်းများက သူ့ကို တည်ကြည်ငြိမ်သက်စွာဖြင့် ကြည့်နေသည်မှာ သူစိမ်းတစ်ယောက်ကို ကြည့်နေခြင်းနှင့် တူပေသည်။


မဟုတ်ဘူး အဲ့လိုလည်းမဟုတ်သေးဘူး... အခု အဲ့မျက်လုံးတွေထဲမှာ အထင်အမြင်သေးမှုတွေတောင် ပါနေသလိုပဲ...


ယဲ့ပင်းရန် အကြောင်းအရင်းကို သဘောမပေါက်နိုင် ဖြစ်သွားသည်။


ရှန်းလျိုရှန့်၏ ဆံနွယ်များပေါ်တွင် အနီရောင်ပိုးသားမျှင်ကို ရုတ်ချည်းမြင်လိုက်ရ၍ သူ့ရင်ထဲမှ သံသယများ ချက်ချင်းပျောက်ကွယ်သွားသည်။


သူ ထူးထူးဆန်းဆန်းတွေ ထပ်လုပ်နေပြန်တာပဲဖြစ်ရမယ်...


သူ့အာရုံစိုက်မှုကိုရဖို့ လုပ်နေတာပဲဖြစ်ရမယ်... တုံးအပြီးတော့ ပျင်းစရာကောင်းလိုက်တာ...


ယဲ့ပင်းရန်က သူ့ဝတ်ရုံလက်ကိုခါလိုက်ပြီး ခါးမတ်မတ်ဖြင့် ရှေ့သို့လျှောက်သွားလိုက်သည်။ ဓားဂိုဏ်းမှ တပည့်များကလည်း သူ့နောက်မှ ထပ်ကြပ်မခွာ လိုက်သွားကြပေသည်။


ချင်းလင်ဂိုဏ်းမှ တပည့်များက အနည်းငယ်ဝေးသည့်နေရာတွင် ရပ်နေကြသည်။


အသံတိုးတိုးတစ်သံ ထွက်ပေါ်လာသည်။

" အင်မော်တယ်ရှန်းက ရုတ်တရက်ကြီး ဆရာစု (စုပိုင်ချယ့်)ကို အတုခိုးနေတာ ရပ်သွားပါလား...ငါ ဒီလိုမျိုးပုံစံကို မြင်နေရတာ အသားမကျဘူး... အမှန်တိုင်းပြောရမယ်ဆို သူ့ပုံစံအတိုင်းလည်း တော်တော်လေးကြည့်ကောင်းနေတာပဲကို ဘာလို့ တခြားလူကို အတုခိုးနေပါလိမ့်..."


" ငါတို့ဓားသခင်ရဲ့ မျက်နှာသာပေးခံရဖို့ပဲမလား... ငါထင်တာတော့ သူ့ဝတ်ရုံလက်ထဲမှာ လှည့်ကွက်အသစ်တွေကို ဖွက်ထားတဲ့ပုံပဲ... ဒါပေမဲ့ သူက ငါတို့ဓားသခင်ကို သစ်သားတစ်စလို့ ခေါ်လိုက်တယ်နော်..."


အမှန်တွင် ပေလွင်ဓားဂိုဏ်းက စည်းမျဉ်းစည်းကမ်းနှင့် ဓလေ့ထုံးတမ်းများကို နားလည်သဘောပေါက်ကြသည်။ သို့ရာတွင် ရှန်းလျိုရှန်းက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး အလွန်စက်ဆုပ်ဖွယ်ရာဟု သူတို့ထင်မိကြသည်။


သူတို့စိတ်ထဲတွင် ဤသို့ခံစားနေရသည်။ အများက လေးစားအားကျရသော သူတို့ဂိုဏ်းမှ နာပါးဂေါ်ဖီထုပ်ကို သွားရည်တမြားမြားကျနေသည့် ဝက်ရိုင်းတစ်ကောင်က အလိုရှိနေသကဲ့သို့ပင်

[ ဒါက တရုတ်စကားပုံတစ်ခုပါ၊ နာပါးဂေါ်ဖီထုပ် = မိမိ၏ သား(သို့မဟုတ်)သမီး၊ ဝက်ရိုင်း = သူတို့ကို ကြိုက်နှစ်သက်သူ၊ ကိုယ်အရမ်းချစ်ရတဲ့လူတစ်ယောက်ကို သူနဲ့မတန်တဲ့ တစ်ယောက်ယောက်က လာကြိုက်တယ်လို့ခံစားရတဲ့ မိသားစုဝင်တွေ (သို့မဟုတ်) သူငယ်ချင်းတွေက ပြောလေ့ရှိတဲ့စကားမျိုးပါ ]


သူတို့၏ နာပါးဂေါ်ဖီထုပ် လုံခြုံရေးကို စိတ်ပူစရာမလိုသော်လည်း ဝက်ရိုင်းတစ်ကောင်က ဂေါ်ဖီထုပ်နားတွင် တဝဲလည်လည်လုပ်နေသည်ကို တွေးကြည့်ရုံဖြင့်ပင် အားလုံးစိတ်အနှောင့်အယှက်ဖြစ်နိုင်သည်။


သူတို့ရဲ့ဓားသခင်က လက်တွဲဖော်မလိုဘူးလေ... သူက ထာဝရ တစ်ယောက်တည်းနေသွားမှာ...


တစ်ယောက်ယောက်ကြောင့် သူ့နှလုံးသားလေးလှုပ်ရှားလာမယ်ဆိုရင်တောင် အဲ့လူက ရှန်းလျိုရှန့်မဖြစ်စေရဘူး...


အဲ့လူက သူတို့ဓားသခင်နဲ့ လုံးဝမတန်ဘူး...


***


‌ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးတွင် ကျယ်ဝန်းလှသော နေရာကြီးတစ်ခုက လူများစွာဖြင့် စည်ကားနေသည်။ 


တပည့်များက နေရာအနှံ့ ပြန့်ကျဲနေပြီး အချို့က မတ်တပ်ရပ်ကာ အချို့က ထိုင်နေကြသည်။ 


လင်ကျင်းယွဲ့က သူ့ရှစ်စွမ်းကို အကူအညီလှမ်းခေါ်ခဲ့သော်လည်း လင်ဟွားက သူ့ကို ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးတွင်သာ စောင့်နေခိုင်းခဲ့သည်။


လင်ကျင်းယွဲ့ သူ့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။


ထူထပ်လှသော လူအုပ်ကြီးထဲတွင် ကျိုးရွှမ်လန်ကို ရှာမတွေ့သော်လည်း သူနှင့်ရင်းနှီးနေသောပုံရိပ်တစ်ခုကို တွေ့လိုက်သည်။


" မူရှန်း မင်းလည်းဒီရောက်နေတာလား..."


ဆင့်ခေါ်ကျောက်စိမ်းပြားကို ခါးတွင်ချည်ထားသည့် အပြာရောင်ဝတ်လူငယ်လေးက မျက်တောင်များ ကော့ညွတ်သည်အထိ ပြုံးလိုက်သည်။ 


" ငါ ရှစ်စွမ်းကို ဒီကိစ္စအကြောင်းသတင်းပို့နေတာနဲ့ နည်းနည်းကြာသွားတယ်..."


သူ့ရှစ်စွမ်းက ချင်းလင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်လင်ယဲ့ဖြစ်သည်။


" ငါ လမ်းမှာ ရွှမ်လန်နဲ့ တွေ့ခဲ့တယ်..."

လင်ကျင်းယဲ့ ထိုစကားပြောချိန်တွင် ဝါးရွက်တစ်ရွက်က သူ့ခေါင်းပေါ် ပြုတ်ကျလာသည်။


၎င်းကိုမြင်သည့်အခါ မူရှန်းက ‌ဖယ်ပေးလိုက်သည်။


" မင်း ဝါးရုံတောထဲ အပျင်းသွားထူနေပြန်ပြီလား... အင်မော်တယ်လင်ဟွားသာသိရင် ဒဏ်ပေးခံရတော့မှာပဲ..."


လင်ကျင်းယွဲ့က ရုတ်တရက် ကြောက်လန့်သွားသည်။ ခဏအကြာတွင် သူပြောလိုက်သည်။


" ရွှမ်လန့်ကို ခုနတုန်းက အင်မော်တယ်ရှန်းက ဆင့်ခေါ်လိုက်တယ်..."


" ငါအရင်တုန်းက သတိမထားမိခဲ့ဘူး ဒါပေမဲ့ တတိယဦးလေးနဲ့ ကျိုးရွှမ်လန်တို့ရဲ့ ဆရာတပည့်ဆက်ဆံရေးက ထင်ထားတာထက်ပို နက်ရှိုင်းတာပဲ..."


ရှန်းလျိုရှန့်နှင့် လင်ယဲ့တို့က အသူရာချောက်ငါးခုအင်မော်တယ်၏ တပည့်များဖြစ်ကြသည်။ 


သို့ဖြစ်၍ လင်မူရှန်းက ရှန်းလျိုရှန့်ကို တတိယဦးလေးဟုသာ အမြဲခေါ်သည်။


လင်မူရှန်း၏စကားများ ကြားလိုက်ရသည့်အခါ လင်ကျင်းယွဲ့ အံ့အားသင့်သွားသည်။ သူ အသေးစိတ်မေးတော့မည့်အချိန်တွင် ကျိုးရွှမ်လန် ပေါ်လာသည်ကို မြင်လိုက်ရသည်။


သူ့ခါးထက်တွင် အဆင်တန်ဆာတစ်ခု တိုးလာသည်။ ၎င်းက အဝတ်အိတ်လေးတစ်လုံးဖြစ်သည်။


" အဲဒီသိုလှောင်အိတ်ရဲ့တန်ဖိုးက နိမ့်မှာမဟုတ်ဘူး..."

လင်ကျင်းယွဲ့က မှတ်ချက်ပြုလိုက်ပြီး စပ်စုစွာဖြင့် မေးလိုက်သည်။ 


" မင်း အဲဒါကို ဘယ်က ရခဲ့ဝာာလဲ..."


သိုလှောင်အိတ်၏ အရည်အသွေးကို အချက်နှစ်ချက်ဖြင့် သိနိုင်ပေသည်။ ပထမတစ်မျိုးက အိတ်၏အရွယ်အစားဖြစ်ပြီး ဒုတိယတစ်ခုက အိတ်၏ပုံစံဖြစ်သည်။


ကျိုးရွှမ်လန်၏ခါးတွင်ဆွဲထားသော သိုလှောင်အိတ်က အရွယ်အစားသေးငယ်ပြီး ရှင်းလင်းပြတ်သားသော ပုံစံများ ရေးဆွဲထားသည်။ ၎င်းက သာမန်အရည်အသွေးမျှသာရှိသည့် သိုလှောင်အိတ်မျိုး မဟုတ်နိုင်ပေ။ 


ကျိုးရွှမ်လန်က ၎င်းကိုဝှက်ထားရန် မကြိုးစားပေ။ 

" ငါ့ကို ရှစ်စွမ်းပေးလိုက်တာ..."


လင်ကျင်းယွဲ့၏မျက်လုံးများ ပြူးကျယ်သွားသည်။

" အထဲမှာ ဘာတွေပါလဲ..."


ထိုမေးခွန်းကို မေးပြီးချိန်တွင်မှ လင်ကျင်းယွဲ့က မသင့်တော်ကြောင်း သဘောပေါက်သွားသည်။ သူ နေရခက်စွာဖြင့်ပြုံးပြီး ခေါင်းကုတ်လိုက်သည်။


" ငါလည်းမသိဘူး..."


ကျိုးရွှမ်လန် ခေါင်းငုံ့ပြီး အိတ်ကိုကြည့်လိုက်သည်။ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ခါးတွင်ချည်ထားသောအိတ်ကို ဖြုတ်ပြီးသာဖြစ်သွားသည်။


" ရှစ်စွမ်းပြောတာတော့ သူ နှစ်ပေါင်းများစွာ စု‌ထားခဲ့တဲ့ပစ္စည်းတွေ ပါတယ်တဲ့..."


လင်ကျင်းယွဲ့ အံ့ဩတကြီးပြောလိုက်သည်။

" အထဲမှာ ရ ရတနာတွေ... ဘယ်လောက်တောင် ပါတာလဲ..."


သူ့မျက်လုံးများက အနည်းငယ်အရောင်လက်လာသည်။


" အင်မော်တယ်ရှန်းက အရမ်းရက်ရောတာပဲ... သူက မင်းကိုကောင်းကောင်းဆက်ဆံတာပေါ့... ငါ့ကို ဝိုင်ပုလင်းလေးနည်းနည်းပေးပြီး မောင်းထုတ်ပစ်လိုက်တဲ့ ငါ့ရှစ်စွမ်းနဲ့များ တခြားစီပဲ..."


လင်မူရှန်းကလည်း ဤကိစ္စကို စိတ်ဝင်စားနေသည်။ 


" တတိယဦးလေးစုဆောင်းထားတဲ့ စည်းစိမ်တွေလား... ဒါမျိုးဆိုရင်တော့ တော်တော်လေး သိချင်သွားပြီ..."


သူ ပြုံးနေလျက် မျက်လုံးများ မှေးကျဉ်းလိုက်သည်။

" တတိယဦးလေး ဓားသခင်ကို ပေးသမျှပစ္စည်းတွေအားလုံးက ရတနာတွေချည်းပဲ... သူ့လက်ဆောင်တွေက အဆင့်မြင့်ရှေးဟောင်းပစ္စည်းတွေနဲ့ ထိပ်တန်းဆေးလုံးတွေ ဖြစ်နေတာများတယ်... သူက တော်တော်လေး ပြောင်မြောက်တဲ့ပစ္စည်းတွေပဲ မရေမတွက်န်ိုင်အောင် ပေးခဲ့တာ... ကိုယ်ပိုင်စည်းစိမ်ဥစ္စာတွေနဲ့ ဆိုင်လာရင်တော့ သူက ဒီဂိုဏ်းမှာ အချမ်းသာဆုံးပဲ ဖြစ်ရမယ်..."


ကျိုးရွှမ်လန် ခဏတာ တွန့်ဆုတ်သွားမိသည်။ သိုလှောင်အိတ်ကိုဖွင့်ပြီး အတွင်းသို့နှိုက်ကြည့်လိုက်သည်။


သူ၏ အမူအရာက ရုတ်ချည်း ထူးဆန်းသွားပေသည်။


လင်ကျင်းယွဲ့ အမြန်မေးလိုက်သည်။ 

" ဘာဖြစ်လို့လဲ... ရတနာတွေအများကြီးနဲ့ ပြည့်နေတာလား..."


" အား အား စိတ်လှုပ်ရှားလိုက်တာ... ငါအရင်တုန်းက အဆင့်မြင့် ရှေးဟောင်းပစ္စည်းတွေကို တစ်ခါမှ မမြင်ဖူးဘူး... အိုး ဟုတ်သားပဲ ထိပ်တန်းဆေးလုံးတွေရော ပါသေးတယ်မလား... ငါကြားဖူးတာတော့ အဲ့လိုဆေးလုံးတွေက ပင်ကိုအသိစိတ်ရှိတယ်တဲ့... သူတို့ ပျံထွက်လာရင် ဘယ်လိုလုပ်မလဲ..."


အချိန်အနည်းငယ်ခန့် ကုန်လွန်သွားသည်။


ကျိုးရွှမ်လန်၏ လက်ချောင်းများက နောက်ဆုံးတွင်  အိတ်ထဲမှအရာတစ်ခုခုကို စမ်းမိသွားသည်။ သူ့လက်ကိုပြန်ရုတ်လိုက်ပြီး လက်ချောင်းများ ဆန့်ထုတ်လိုက်မိသည်။


ကြည်လင်တောက်ပနေသည့် ဝိညာဉ်ကျောက်တုံးတစ်တုံးက သူ့လက်ဖဝါးပေါ် ရှိနေပြီး အလင်းရောင်တလက်လက် တောက်ပနေသည်။


“……”


သူ့ရဲ့စု‌ထားတဲ့ စည်းစိမ်တွေ... ငါ့နာမည်အောက်မှာ ပိုင်မယ့်အရာ... ‌ဒါကို စစ်မှန်တဲ့စေတနာလို့ သဘောထားပေးပါ...


အဲဒါတွေအားလုံးက ဒါကြီးကိုပြောတာလား...


........


ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါး၏ ထိပ်ဖျားတွင် အဖြူရောင်ဝတ်ရုံ ဝတ်ထားသည့် ကျင့်ကြံသူတစ်ယောက်ကို တပည့် ခုနစ်ယောက် ရှစ်ယောက်က ဝိုင်းထားသည်။


သူ့လက်ထဲတွင် စာကလေးပေါက်စလေးတစ်ကောင် ရှိနေသည်။ သူ၏ မျက်လွှာချထားသော အသွင်ပြင်က နူးညံ့သိမ်မွေ့မှု အရိပ်ယောင်များ ပါဝင်နေသည်။


သူ့လက်ဖဝါးထဲမှ စာကလေးကို တယုတယဖြင့်ကိုင်ထားသည်မှာ တန်ဖိုးကြီးရတနာတစ်မျိုးကို လက်ထဲထည့်ထားသည်ဟုပင် ထင်ရသည်။


" အဲနေ့တုန်းက သူ့ကို ခွေးတစ်ကောင်ကိုက်ထားလို့ အသက်ရှင်ဖို့ အခွင့်အရေးမရှိတော့ဘူးလို့တောင် ထင်နေတာ..."


အဖြူရောင်ဝတ်ရုံ ဝတ်ထားသည့် ကျင့်ကြံသူက နူးညံ့ညင်သာသော ပုံပန်းသွင်ပြင်ရှိပြီး အသားအရည်ကလည်း နှင်းတမျှ ဖြူဖွေးပေသည်။ သူက အနီးဆုံးတပည့်တစ်ယောက်ရှိရာဘက်သို့လှည့်၍ ဆက်ပြောလာသည်။


" ဒါပေမဲ့ သူက အသက်ရှင်ချင်စိတ်ပြင်းထန်ပြီး တော်တော်ခေါင်းမာတယ်..."


သူအသံကလည်း နွေဦးတွင် ‌နှင်းများအရည်ပျောကျလာသံကဲ့သို့ သာယာလှပြီး စကားလုံးတိုင်းက နှလုံးသားကို ယားကျိကျိဖြစ်လာစေသည်။ ခါးတွင် ဓားမြှောင်တစ်ချောင်းချိတ်ထားသော တပည့်က မျက်နှာများ နီမြန်းသွားသည်။

" ဆရာစု ပြောတာ မှန်ပါတယ်..."

( ဒီနေရာမှာ ဆရာလို့ သုံးနှုန်းလိုက်တာက ရှစ်စွမ်းလိုဆရာမျိုးကို ပြောတာမဟုတ်ပဲ လေးစားသမှုနဲ့ သုံးနှုန်းလိုက်တာမျိုးပါ၊ ဥပမာ ရှန်းလျိုရှန့်ကို အင်မော်တယ်လို့ ခေါ်သလို၊ ယဲ့ပင်းရန်ကို ဓားသခင်လို့ ခေါ်သလိုမျိုးပါ )


" ဆရာစုက အရမ်းလှသလို အရမ်းလည်း ကြင်နာတတ်တာပဲ..."


" ဆရာစုက အမြဲတမ်းအဲ့လိုပါပဲ... တစ်ခါတစ်လေကျရင် ဆရာစုက နည်းနည်းပို တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးသွမ်းနေဖို့ မျှော်လင့်မိတယ်... အဲဒါမှ တခြားလူတွေဆီကနေ အနိုင်ကျင့်မခံရမှာ..."


" မင်းပြောတာ အရုဏ်ဦးတိမ်လွှာတောင်ထွတ်က အဲ့လူလိုမျိုးလား..."


" ငါ အဲ့လို မပြောဘူးနော်... ဘာပဲဖြစ်ဖြစ် ဆရာစုက ဂိုဏ်းက တပည့်တွေကိုကယ်ရင်း သူ့သွေးကြောတွေနဲ့ ချီဓာတ်ကိုပါ ထိခိုက်ခံခဲ့ရတာမို့ သူ့ကျင့်ကြံဆင့်တိုးလာဖို့ အရမ်းရုန်းကန်နေရတာ... ငါတို့ ချင်းလင်ဂိုဏ်းကတပည့်တွေ သူ့ကို ကောင်းကောင်းဆက်ဆံရမယ် ကျေးဇူးမသိတတ်တဲ့သူတွေလို ပြုမူလို့ မဖြစ်ဘူး..."


ပါးစပ်မှ တံတွေးများစင်သည်အထိ စကားပြောနေပြီး ဒေါသထွက်ပြနေသည့် ဂိုဏ်းမှတပည့်တစ်ယောက်ကိုမြင်သည့်အခါ ရှန်းလျိုရှန့် ရှေ့ထွက်ချင်စိတ် ပေါ်လာသည်။


အယ်...


ငါ တစ်ယောက်လုံး ဒီမှာရပ်နေတာကို ဘာလို့ သတိမထားမိရတာလဲ...


" မင်းတို့တွေ ဒီကိုလာကြဦး..."


လင်ယွဲ့က မခက်ထန်မပျော့ပျောင်းသည့် ပုံမှန်လေသံဖြင့် ခေါ်လိုက်သည်။


သို့ရာတွင် ထိုတပည့်များက အသံကြားသည်နှင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ အချိန်အတန်ကြာမှသာ တွန့်ဆုတ်စွာဖြင့် ရှန်းလျိုရှန့်တို့အဖွဲ့ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။


သူတို့ထံမှ အကြည့်တစ်ချက်ကြောင့် တပည့်များအားလုံး ဒူးထောက်မိမတတ် ဖြစ်ကုန်သည်။


ချီးပဲ... သူတို့အားလုံးရဲ့ အဖေတွေကို ပြေးခေါ်ရတော့မယ့်ပုံပေါ်နေပြီ...

( တရုတ်ဝတ္ထုတွေမှာဆိုရင် အဖေ၊ အဖိုး၊ လောင်ဇီ စတဲ့စကားလုံးတွေက ကိုယ့်ထက် စွမ်းအားကြီးတဲ့လူတွေကို ရည်ညွှန်းသုံးနှုန်းတာပါ )


အင်မော်တယ်တစ်ယောက်အကြောင်း အခြေအမြစ်မရှိစွာပြောသည့်တပည့်ကို အပြစ်ပေးလိုက်သည်။ အားလုံးပြီးဆုံးသွား၍ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ရှန်းလျိုရှန့်က သူ့ကို စိတ်ဝင်တစားဖြင့် ကြည့်နေသည်အား မြင်လိုက်ရသည်။


လင်ယွဲ့၏ မျက်ခုံးများ ချက်ချင်းပင် တွန့်ချိုးသွားသည်။

" အထင်မလွဲနေနဲ့ သူတို့က အမှားလုပ်တာလေ..."


" စိတ်မပူပါနဲ့ ငါအထင်မလွဲပါဘူး..."


ရှန်းလျိုဖုန်းက တုံ့ပြန်လိုက်သည်။ သူ့လက်နှစ်ဖက်ကိုမြှောက်ကာ ပခုံးတွန့်နေလျက်ဖြင့် ပြောလိုက်သည်။

( ဒီအီမိုဂျီလို ပုံစံမျိုးပါတဲ့  ¯\_(ツ)_/¯   )


" သူတို့ရဲ့ 'အပြစ်'တွေကြောင့် ဒဏ်ပေးလိုက်တယ်ဆိုတာ ကျွန်တော်သိပါတယ်..."

( ဒီစကားက တစ်ခုခုကို ဖုံးကွယ်ဖို့ကြိုးစားလေ ပိုသိသာလေဆိုတဲ့ လေသံမျိုးနဲ့ ပြောလိုက်တာပါ )


လင်ယွဲ့ အေးခဲတောင့်တင်းသွားပြီး ဒေါသကြောင့် သူ့မျက်နှာလည်း စိမ်းဖန့်ဖန့်ဖြစ်လာသည်။


သူတို့ဘေးနားမှ လင်ဟွားက ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။


လင်ယွဲ့ ဤသို့ ခံလိုက်ရသည်ကို သူ တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။ အတိတ်တွင်မူ လင်ဟွားက သူ့ဂျူနီယာဖြစ်သော်လည်း လင်ယွဲ့က သူ့ကိုအမြဲ ချီးကျူးမြှောက်ပင့်ပြီး ချော့မော့ရလေ့ရှိသည်။


သူ့စိတ်ထဲတွင်သာ ရယ်မောလိုက်ပြီးနောက် ဖြန်ဖြေသူအနေဖြင့် ကြားဝင်လိုက်သည်။

" ထားပါ ထားပါ လင်ယွဲ့ကို စမနေနဲ့တော့... မင်း အဲ့လိုလုပ်လေ စစ်ဖန့်ရေကန်မှာ အချိန်ကြာကြာနေရလေ ဖြစ်သွားလိမ့်မယ်..."


" လျိုရှန့် အဆင်ပြေရဲ့လား..."


ငှက်ကလေးကို လွှတ်ပေးပြီးသည့်အခါ စုပိုင်ချယ့်က သူ့မျက်နှာတွင် စိုးရိမ်တကြီးဖြစ်နေသည့် အမူအရာဖြင့် လျှောက်လာပြီး ရှန်းလျိုရှန့်၏လက်ကို ကိုင်လိုက်သည်။ 


" မင်းဘာလို့ တားမြစ်ထားတဲ့စာလိပ်ကို သွားခိုးရတာလဲ... ‌ဒါ ပြစ်မှုကြီးနော်... မင်း ပြောပြလို့မရတဲ့ အကြောင်းပြချက်တွေဘာတွေများ ရှိနေသေးလား..."


စုပိုင်ချယ့်က အနီးကပ်ကြည့်လျှင် ပို၍ညှို့ယူနိုင်စွမ်းရှိလှသည်။ သူက ကြည်လင်သန့်ရှင်းသည့်အလှမျိုးရှိသူဖြစ်သည်။ သူ၏ အရောင်ဖျော့ဖျော့မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှုတို့ဖြင့် ပြည့်နေသည်။ 


[,T/N ...စုပိုင်ချယ့်က ဘာရာထူး ဘာညာသေချာမပြာထားပဲ master လို့ပဲပါတာမို့ ဆရာပဲသုံးလိုက်တာပါ ခုလက်ရှိအရဆို စာရေးသူနားလည်ထားတာ အောက်က ပုံစံမျိုးလေးပါ နောက်အခန်တွေမှာ အတိအကျပါလာမလားမသိသေးလို့ တူတူကြည့်ကြမယ်နော် 


ဂိုဏ်းချုပ်

⬇️

အင်မော်တယ်ရှစ်စွမ်း 2ယောက်

⬇️

အကြီးအကဲ

⬇️


စုပိုင်ချယ့်


⬇️ 

တပည့်တွေ ]