Chapter(4)
Viewers 12k

မိတ်ဖက်မရှိသည့်အရွယ်ရောက်အိုမီဂါများဟာမတော်တဆHeatဝင်ခြင်းကိုရှောင်ရှားရန်တားဆေးထိုးဖို့လိုအပ်သည်။


လင်ခုံးလု၏တားဆေးအသုံးပြုမှုမှာအမြဲပုံမှန်ဖြစ်သည်။ နောက်လာမည့်တားဆေးထိုးခြင်းကားနောက်သုံးရက်အကြာမှဖြစ်သင့်ပေမဲ့ ဤကဲ့သို့မတော်တဆမှုဖြစ်လာလိမ့်မည်ဟုသူမထင်ထားမိပေ။ 


ကိစ္စများကိုပို၍ဆိုးဝါးသွားစေသည်မှာ သူနှင့်လုစစ်ကြားရှိဖယ်ရိုမုန်းကိုက်ညီမှုမှာ၉၀ရာခိုင်နှုန်းရှိသည်။


ဖယ်ရိုမုန်းရနံ့ထံမှထိန်းချုပ်ခံရသည့်ခံစားချက်မှာအလွန်ဆိုးဝါးလှသည်။ သူကားသိသိသာသာကိုအသန့်ကြိုက်သူတစ်ယောက်ဖြစ်ပါသော်လည်း ဒီအချိန်တွင်တော့ တစ်ဖက်လူ၏ဝင်လေထွက်လေကိုအနံ့ခံရင်း သူမနေနိုင်ဘဲအနားကပ်သွားချင်မိသည်။


လုစစ်ဟာလည်းဆိုးဝါးစွာခံစားရနေရပေမဲ့ သူ့ကိုယ်သူချုပ်တည်းနိုင်စွမ်းရှိနေဆဲပင်။


သူလက်မြှောက်၍ သူ့မျက်လုံးသူအုပ်ကာ 'မင်းကလုယုတ်မာ'ဟုပြောနေသည့်အလား မည်းမှောင်သောမျက်နှာဖြင့်မေးလာသည်။

"တားဆေး?"


"ဟင့်အင်း၊ မယူလာမိဘူး။"

လင်ခုံးလုအံကြိတ်ထားရပြီး သူ့အသံမှာပျော့ပြောင်းနေသော်ငြား စကားတစ်လုံးချင်းစီအတတ်နိုက်ဆုံးကြိုးစားပြောနေပုံက သူ့ကိုတောင့်တင်းစေပုံပင်။


လုစစ်ဒါကိုကြားလိုက်ရသော် သူ့မျက်နှာမှာတမဟုတ်ချင်းမှောင်မိုက်သွားရသည်။


ဤအချိန်တွင် လင်ခုံးလုကအပြစ်ကင်းစင်သောမျက်နှာထားကိုတမင်လုပ်ပြထားရသည်။ သူဒီနေ့ရုတ်တရက်အပြင်ထွက်လာခဲ့ရသဖြင့် တကယ်မေ့သွားခဲ့သည်ပင်။ ထို့အပြင် လုစစ်က"လက်ဆော့ခြေဆော့"လာလိမ့်မည်ဟုမထင်ထားခဲ့ပေ။


တကယ်တော့ လုစစ်ဘာလုပ်မလဲဆိုသည်နှင့်ပတ်သတ်၍သူမစိုးရိမ်ပေ။ တစ်ဖက်လူ၏ဦးနှောက်ကAIတစ်ဝက်ကဲ့သို့ဖြစ်နေပေရာ သူ့မှာထိန်းချုပ်မှုအချို့တော့ရှိနေသင့်တယ်....မလား။


အထူးသဖြင့်တစ်ဖက်လူကသူ့ကိုအလွန့်အလွန်မုန်းတီးနေချိန်တွင်ဖြစ်သည်။


လင်းခုံးလုကိုယ်၌ကတော့ဖြင့် သူတကယ်Heatဝင်လာလို့ရှိရင် စနစ်အားခံစားချက်ကိုပိတ်ဆို့စေပြီးနောက် သူ့ကိုယ်သူချည်နှောင်ထားလိုက်မည်ပင်။ ၎င်းကရှက်စရာကောင်းလောက်သော်လည်း မဖြစ်နိုင်ပေ။


သူစဉ်းစားနေသည့်အရာကို0687သိသွားလို့ရှိရင် သူ့ကိုနောင်တကြီးစွာပြောလာလိမ့်မည်ပင်: မင်းကဖယ်ရိုမုန်းရဲ့စွမ်းအားကိုအထင်သေးနေတာပဲ၊ စနစ်ကနာကျင်မှုကိုဘဲပိတ်ကာပေးနိုင်တာ၊ ဒီထူးခြားတဲ့ခံစားချက်ကိုမဟုတ်ဘူး။


သူဟာကမ္ဘာပေါင်းများစွာဝင်ရောက်ခဲ့သော်လည်း ဤသည်ကားဒီလိုအရာမျိုးကိုကြုံရသည့်ပထမဆုံးအကြိမ်ဖြစ်သည်မို့ လင်းခုံးလုမသိပေ။


သူဇဝေဇဝါဖြစ်စွာအစီအစဉ်ဆွဲနေချိန်တွင် လုစစ်ကနောက်ဆုံးတွင်တုံ့ပြန်လာကာ သူ့ကိုထိုင်ခုံခါးပတ်နှင့်ခပ်မြန်မြန်တင်းပစ်လိုက်သည်။


လင်းခုံးလုတစ်အောင့်မျှကြောင်အမ်းသွားရကာ သူမခုခံမီ စိတ်ပူတကြီးမေးရုံသာတတ်နိုင်သည်။

"မင်းဘာ၊ ဘာလုပ်တာလဲ။"


လုစစ်၏အသက်ရှုနှုန်းမှာအနည်းငယ်ဗြောင်းဆန်နေပြီး သူကားယခင်ကကဲ့သို့အေးစက်ကာမတည်ငြိမ်လေတော့။ သူလက်မြှောက်ကာသူ့မေးစေ့ကိုဖျစ်ညှစ်လျက် အေးစက်စက်အသံဖြင့်ပြောလိုက်သည်။

"မင်းအမှတ်အသားအပြုမခံချင်ရင်ကောင်းကောင်းနေ၊ နားလည်လား။"

သူပင့်သက်ရှိုက်ကာသူ့မေးစေ့ကိုလွှတ်ပေးကာ ခေါင်းလှည့်၍လန့်စ်ကိုပြောလိုက်သည်။

"ရပ်လိုက်။"


သူ့အသံထဲကအံကြိတ်သံကိုလင်ခုံးလုကြားရပေမဲ့ သူ့ခန္ဓာကိုယ်မှာအားနည်းသထက်အားနည်းလာပြီး သူ့အတွေးများမှာပိုမိုဝေဝါးစပြုလာကာ သူ့မှာထပ်စဉ်းစားဖို့ခွန်အားမရှိတော့ပါပေ။


လန့်စ်ကားတစ်အောင့်မျှတုံ့ဆိုင်းနေပုံရပေမဲ့ သစ္စာရှိစွာဖြင့်သူ့သခင်အမိန့်အတိုင်းလိုက်လုပ်လိုက်သည်။


AIမှာဖယ်ရိုမုန်း၏သက်ရောက်ခြင်းမခံရသဖြင့် လုစစ်ကလင်ခုံးလုကိုကားထဲမှာထားခဲ့ကာ တားဆေးသွားဝယ်ရန်ကားပေါ်ကဆင်းလိုက်သည်။


သူထွက်သွားပြီးနောက် စက်ရုပ်ကြောင်ကနောက်ဆုံးတွင်လန့်စ်၏ပိတ်ဆို့မှုထဲမှရုန်းထွက်ကာ ခပ်ပြင်းပြင်းငေါက်လိုက်သည်။

"မင်းသခင်ကအရမ်းယုတ်မာတာပဲ၊ မြှောင်။"


လန့်စ်: "....."


မောက်မောက်:"သူကငါ့သခင်ကိုHeatဝင်အောင်ဖြားယောင်းသွားတာ၊ မြှောင်။"


မောက်မောက်:"အိုး မန်း၊ မြှောင်။"


မောက်မောက်: "အောက်ပိုင်းကိုဘဲတွေးနေတဲ့တိရစ္ဆာန်ကောင်၊ မြှောင်။"


မောက်မောက်:"သခင်ရေ၊ သခင်၊ အဆင်ပြေရဲ့လား၊ မြှောင်?"


လင်ခုံးလု: "...." မင်းကိုယ်မင်းအရင်ဂရုစိုက်တာပိုကောင်းမယ်၊ မြှောင်။


လုစစ်ကသူ့ကိုယ်ပေါ်တွင်အေးစက်မှုနှင့်အတူ ခပ်မြန်မြန်ပြန်ရောက်လာသည်။


လန့်စ်ကစက်ရုပ်ကြောင်ကိုတားဆီးရန်နောက်ပရိုဂရမ်တစ်ခုထပ်ထည့်ရင်းဖြင့်အလုပ်များနေသည်၊ သို့မှသာ အဲ့ကြောင်အသံထပ်မထွက်လာနိုင်မှာဖြစ်သည်။


လင်ခုံးလုကစိတ်ရှည်လက်ရှည်မျက်စိမှိတ်ထားကာ ရင်းနှီးသောအရှိန်အဝါကိုအာရုံခံမိသွားချိန်တွင် ချက်ချင်းမသိလိုက်မသိဘာသာပွတ်မိသွားကာ ကြောင်လေးတစ်ကောင်ပမာကောင်းကောင်းမွန်မွန်ပြုမူလိုက်မိသည်။


ကားထဲရှိဖယ်ရိုမုန်းရနံ့မှာယခင်ကထက်အလိုလိုမြင့်လာပြီး သူ့ထံသင်းပျံ့လာသည့်နှင်းဆီးရနံ့ကလုစစ်၏တည်ငြိမ်နေသောစိတ်ကိုတစ်ဖန်မသိမသာဇဝေဇဝါဖြစ်သွားစေပြန်သည်။


သူကကောင်ငယ်လေး၏ခေါင်းကိုကိုင်ထားပြီး မျက်မှောင်ကြုတ်၍ လန့်စ်ကိုပြောလိုက်သည်။

"လေသန့်စင်စနစ်ဖွင့်လိုက်။"


ပြောပြီးနောက် သူကတားဆေးကိုလက်တစ်ဖက်နှင့်ဆွဲထုတ်ကာ ကောင်ငယ်လေး၏လည်ပင်းနံဘေးသို့ခပ်မြန်မြန်နှင့်အတိအကျထိုးစိုက်လိုက်သည်။


"ဟမ်!"

လင်ခုံးလုမှာအလိုလိုလှုပ်ရှားချင်ပေမဲ့ အချုပ်ခံထားရသည်။


လုစစ်၏လက်ကသူ့လည်ပင်းဘေးတွင်ရှိနေသဖြင့် သူ့လက်ချောင်းအောက်ကသွေးလွှတ်ကြောများ၏လှုပ်ရှားမှုကိုခံစားမိသည်။


အလွန်နူးညံ့လွန်းလို့ အားအနည်းငယ်သုံးလိုက်ရုံမျှဖြင့် အလွယ်လေးကျိုးသွားနိုင်သည့်အလား....


လုစစ်မသိမသာတောင့်တင်းသွားရသည်၊ ဒါပေမဲ့သူဘာလုပ်နေမိတာလဲ။ သူကကလဲ့စားချေဖို့ဒီရောက်နေတာဆိုပေမဲ့ တစ်ဖက်လူထံမှတစ်ဖန်တိုက်ခိုက်ခံလိုက်ရပြန်သည်။ အရင်ဘဝကပြစ်မှုတွေကလုံလောက်အောင်မတုံးအဘူးလို့ထင်နေလို့လား။


သူမျက်လွှာချကာအမှောင်ကိုဖုံးလိုက်ပြီး ထိုးဆေးထိုးပေးကာ ကောင်ငယ်လေးကိုတွန်းဖယ်လိုက်သည်။


လင်ခုံးလု၏အခြေအနေမှာတဖြည်းဖြည်းချင်းတည်ငြိမ်လာပြီး နှစ်ခြိုက်စွာအိမ်မောကျနေပုံပင်။ 


လုစစ်မှာအပူချိန်ရှိနေသေးသည့်သူ့လက်ဖဝါးသူကြည့်လိုက်ပြီး တစ်အောင့်ကြာသော်လက်သီးတင်းတင်းဆုပ်လိုက်မိသည်။


လန့်စ်ကခေါင်းအနောက်ရှိလျှပ်စစ်မျက်လုံးများကိုဖွင့်ကာ သူ့ကိုကြည့်လိုက်ပြီးနောက် အိပ်ပျော်နေသည့်လင်ခုံးလုကိုကြည့်ကာ သူ့ဘေးရှိစက်ရုပ်ကြောင်ကိုရုတ်တရက်ပိတ်ဆို့၍ စက်ရုပ်သံဖြင့်ပြောလာသည်။

"သခင်ပြန်မွေးဖွားလာတုန်းကပြောတော့ဒီကိုလက်စားချေဖို့ရောက်နေတာပါဆို။"


"ပါးစပ်ပိတ်။" လုစစ်ကားသူဘာပြောတော့မလဲသိနေပုံပင်။


လန့်စ်ကမရပ်ဘဲဆက်ပြောလာသည်။

"ဒါပေမဲ့သခင်ကသူ့အတွက်တားဆေးသွားဝယ်ပေးလိုက်တယ်။"


"မဝယ်ပေးရင် ငါ့ကိုသူ့ကိုအမှတ်အသားပြုစေချင်တာလား။"

လုစစ်အေးစက်စွာမေးလိုက်သည်။


လန့်စ်တစ်အောင့်မျှတုံ့ဆိုင်းသွားကာပဟေဠိဖြစ်သွားသည်။

"ဘာလို့မရရမှာလဲ။ သခင်သူ့ကိုအမှတ်အသားပြုပြီးတော့သူ့ကိုသခင့်ကိုချစ်လာအောင်လုပ်လိုက်၊ ဒါပေမဲ့သခင်ကသူ့ကိုမချစ်ဘဲသူ့ကိုရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖျက်ဆီးပစ်ပြီးတော့ သူ့ရဲ့သစ္စာဖောက်မှုကို သူအသည်းကွဲပြီးထွက်သွားဖို့မဆုံးဖြတ်မချင်းလက်တုံ့ပြန်၊ နောက်တော့မှသခင်ကသူ့ကိုချစ်နေတာကြာပြီမှန်းသိသွားပြီး သခင်နောင်တရပြီးတော့ဇနီးလေးကိုပြန်ပိုး....."


"မင်းအခုတလောဘာဒရာမာကြည့်နေတာလဲ။"လုစစ်ရုတ်တရက်ကြားဖြတ်ကာမေးမိသည်။


"မင်းကိုပြန်ရဖို့ကိုယ်ဘာလုပ်ရမလဲ၊ ကိုယ့်အချစ်ရယ်။"

လန့်စ်၏လေသံကားအတက်မကျမရှိပေမဲ့ ထိုကဲ့သို့ခွေးသွေးအကြောင်းအရာကိုပြောလာချိန်တွင်အနည်းငယ်ရယ်ချင်နေပုံရသည်။


လုစစ်: "...."


"အနာဂတ်မှာဗဟုသုတရတာတစ်ခုခုကြည့်စမ်းပါ။"သူခေါင်းကိုက်လာကာသူ့မျက်ခုံးများကိုဖိလိုက်ရသည်။


"ကျွန်တော်ကလူသားတွေရဲ့ခံစားချက်ကိုလေ့လာနေတာပါနော်။"

လန့်စ်ကဆိုသည်။

"သခင်ကအခုဒွိဟဖြစ်နေတာ၊ သခင်ရဲ့။"


၎င်းဟာလုစစ်နှင့်အတူပြန်မွေးဖွားလာသော်လည်း အရင်ဘဝ ၎င်းကိုဖန်တီးခဲ့ချိန်မှာ လုစစ်ကထောင်မှလွတ်လာပြီးဖြစ်ကာ သခင်လေးအတုဟာလည်းသေသွားပြီဖြစ်သည်။


၎င်းကသူတို့နှစ်ဦးကြားရှိအဓိကအငြိုးအတေးများကိုနားမလည်ဘဲ အလေးအနက်စမ်းစစ်နေဆဲပင်။

"ဒီလိုဒွိဟဖြစ်တာကသခင်မြို့တော်ကြယ်ကိုရောက်လာပြီးနောက်ပိုင်းမှာပဲ၊ အထူးသဖြင့် ဒီသခင်လေးကိုမြင်လိုက်ရပြီးနောက်မှာ ကျွန်တော့်အမြင်အရ သခင်ကသူ့ကိုချစ်လဲချစ်တယ်၊ မုန်းလဲမုန်းတယ်၊ ဒါပေမဲ့အချစ်ကအမုန်းထက်ပိိုနက်ရှိုင်း...."


"ပါးစပ်ပိတ်လိုက်တော့။"

လုစစ်ကကြားဖြတ်ဝင်ပြန်ကာ မထူးခြားမခြားနားပြောလိုက်ပြန်သည်။

"မင်းရဲ့အမြင်ကအမှားတွေအပြည့်ပဲ၊ ဖျက်ပစ်လိုက်သင့်တယ်။"


လန့်စ်: "..." သူကသခင့်ကို'သခင်၊ သခင်ရဲ့တည်ငြိမ်မှုပျောက်ဆုံးသွားပြီ'ဟုတကယ်အသိပေးချင်ပေမဲ့ အခုပါးစပ်ပိတ်ထားလိုက်တာကပိုကောင်းပုံရသည်။


လုစစ်မျက်စိမှိတ်ထားကာ ဘာစဥ်းစားနေမှန်းမသိပေ။ တစ်အောင့်ကြာသော် သူမျက်စိပြန်ဖွင့်လိုက်ကာ အေးချမ်းစွာအိပ်ပျော်နေသည့်ကောင်ငယ်လေးကိုကြည့်လိုက်မိသည်။


အိပ်မောကျသွားပြီးနောက်ပိုင်း သခင်လေးကားတိတ်ဆိတ်ကာအားနည်းလှပြီး သူ၏ရှည်လျားသောထူထဲသောမျက်တောင်များကသူ့မျက်လုံးအောက်မှာသေးငယ်သောအရိပ်ထင်ဟပ်စေကာ သူ၏မျက်ခုံးများကနူးညံ့ကာ သူ၏အသားအရည်မှာလည်းအလွန်ဖြူဖွေးလွန်းလို့ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေပုံမှာ ကောင်းမွန်စွာပြုမူနေသောအရုပ်လေးပမာ။


သူနိုးလာရင်ဘယ်လောက်ဆိုးဝါးစွာစကားပြောလာမလဲစိတ်ကူးရခက်သည်။


လုစစ်ကားယခင်ကတည်ငြိမ်မှုကိုပြန်ရသွားပုံပေါ်ပြီး လက်မြှောက်၍ကောင်လေးငယ်၏မျက်လုံးထောင့်မှာကပ်နေသည့်အနည်းငယ်စိုနေသောဆံနွယ်ကိုကူသပ်ပေးလိုက်ပေမဲ့ သူ့မျက်လုံးများမှာနွေးထွေးမှုစိုးစဥ်းမျှမပြဘဲ သာမန်ကာလျှံကာပြောလိုက်သည်။

"လန့်စ်၊ ငါ့အတွေးတွေကိုမေးခွန်းထုတ်မနေနဲ့တော့။ ရက်အနည်းငယ်အတွင်းမှာ မင်းနဲ့ငါသူ့ကိုရှေ့တန်းကိုခေါ်သွားမယ်။"


ဒါကိုပြောရင်းသူပြုံးကာ လူငယ်လေး၏ဘေးတိုက်မျက်နှာကိုနက်ရှိုင်းစွာစိုက်ကြည့်ကာပြောလိုက်သည်။

"ငါတို့သခင်လေး၊ အနာဂတ်ချစ်သူကိုတွေ့ရမဲ့အချိန်ပဲ၊ သူတို့ဘာလုပ်မလဲဆိုတာ ငါတကယ်စောင့်မျှော်နေမိပြီ။"


လန့်စ်: "..." သခင့်ပုံစံကကိုယ့်ခေါင်းပေါ်ကိုယ်မြက်စိုက်နေသလိုပဲ။


သို့ပေမဲ့ ထိုသို့မပြောတာပိုကောင်းမည်၊ ထိုအစားမေးလိုက်သည်။

"သခင်လေးကသွားဖို့သဘောတူပါ့မလား။"


"တူလိမ့်မယ်။" လုစစ်ကသာမန်ကာလျှံကာဖြစ်နေသေးပေမဲ့ သူ၏လေသံမှာသိပ်မတည်ငြိမ်လှ။


*


ကားကမြို့တော်ကြယ်၏နံပါတ်တစ်စစ်တပ်နယ်မြေဆီရောက်သွားချိန်တွင်လင်ခုံးလုနိုးလာသည်။


သူဟာမတိုင်ခင်ကထိုင်ခုံပေါ်မှာတင်းကြပ်စွာအချည်ခံရထားသဖြင့် သူဟာအလွန်သက်တောင့်သက်တာမရှိစွာအိပ်စက်ခဲ့ရပြီး သူ၏လည်ပင်းမှာအနည်းငယ်တောင့်လို့နေကာ သူ၏ပုခုံးနှင့်ကျောပြင်မှာလည်းထုံကျင်နေပေသည်။


သူ၏လည်ပင်းကိုကိုင်ကာလိမ်လိုက်ရင်း သူ့ပေါ်အကြည့်စူးစူးကျရောက်နေသည်ကိုရုတ်တရက်သတိထားမိသွားကာ ခပ်သွက်သွက်ခေါင်းလှည့်ကြည့်လိုက်မိသည်။


လုစစ်ကအကြည့်ပြန်ရုတ်ကာဆိုသည်။

"မင်းအချိန်မီနိုးလာတာပဲ။"


သူအိပ်မပျော်ခင်ဘာဖြစ်သွားမှန်းလင်ခုံးလုသတိရသွားကာ သတိရှိရှိမေးမိသည်။

"မင်းဘာမှမလုပ်ခဲ့ဘူးမလား။"


လုစစ်ကလှောင်ပြုံးပြုံးကာ သူ့ကိုတစ်ချက်စိုက်ကြည့်၍ပြောလာသည်။

"မင်းကလှလှပပလေးတွေးလိုက်တာပဲ။"


လင်ခုံးလု: "..." ပြန်မွေးဖွားလာတဲ့အဓိကဇာတ်လိုက်ရဲ့ပန်းတိုင်ကအရမ်းချော်နေသလားလို့? ငါ့ထက်ဆိုးတယ်။


လုစစ်ပြောလို့ပြီးသွားသော် ကားတံခါးဖွင့်၍ကားထဲကထွက်သွားသည်။


လင်ခုံးလုမှာသူ့ကိုမပျော်မရွှင်ကြည့်လိုက်ပေမဲ့ သူဟာထိုအခိုက်အတန့်တွင်မကောင်းဆိုးဝါးပမာမပြုမူဘဲ ကားထဲမှချက်ချင်းထွက်လိုက်သည်။


အခြားတစ်ဖက်၌ လန့်စ်ကပရိုဂရမ်ကိုဖျက်ရန်ရုန်းကန်နေဆဲဖြစ်သည့်ပန်းရောင်ကြောင်စက်ရုပ်ကိုကြည့်ကာ လုစစ်ကိုချိတုံချတုံမေးမိသည်။

"ကျွန်တော်ကားထဲမှာနေခဲ့လို့ရလား။"


လုစစ်: "...."


"ဆင်းစမ်းပါ။" တစ်အောင့်ကြာမှ သူအေးစက်သောမျက်နှာဖြင့်ပြောလိုက်သည်။


"သူအရမ်းဒေါသထွက်နေတာ၊ သူကထိရှလွယ်တယ်တဲ့အချိန်ကာလမှာရှိနေတယ်။"

လင်ခုံးလုကြုံတောင့်ကြုံခဲဖြစ်စွာ0687ကိုစောဒကတက်၍မေးမိသည်။

"ငါအိပ်မောကျသွားပြီးနောက်ပိုင်းမှာတစ်ခုခုဖြစ်သွားလို့လား။"


0687မှာတစ်လျှောက်လုံးမွန်းကြပ်နေခဲ့ရပြီး နောက်ဆုံးတွင်သူမေးလာပေရာ ချက်ချင်းပြောမိသည်။

"မင်းမသိပါဘူးHostရ၊ အဓိကဇာတ်ဆောင်ကတကယ်ဆိုးဝါးတယ်။ သူကမင်းကိုရှေ့တန်းကိုခေါ်သွားပြီး မင်းကိုအဲ့ဒီ့ဖြတ်လျှောက်ကိုကြိုသိစေချင်နေတာ။ ဘုရားရေ၊ မင်းကအားနည်းတဲ့အိုမီဂါဆိုတာသူသိသေးရဲ့လား။ ရှေ့တန်းမှာအိုမီဂါကိုနှစ်ပေါင်းများစွာမတွေ့ခဲ့ရတဲ့လူလွတ်အယ်ဖာတွေအများကြီးရှိတာကို ၊ ဝံပုလွေအုပ်ထဲကျသွားတဲ့သိုးနဲ့တူမနေဘူးလား..."


"ဘာလဲ။ ဒီလောက်ကောင်းတဲ့ဟာကို?"

လင်ခုံးလုအံ့သြတကြီးကြားဖြတ်ပြောမိသည်။


0687: "..." မင်းတော့တစ်ခုခုမှားနေပြီ၊ Hostရေ။


"သိပ်မတွေးနဲ့၊ ငါဆိုလိုတာက၊ ငါbugကိုဘယ်လိုရှာရမလဲစိတ်ပူနေမိတာ၊ လုစစ်ကငါ့ဆီတစ်ယောက်ယောက်ပို့လာလိမ့်မယ်။ ငါတကယ်အိပ်ပျော်သွားရင် တစ်ယောက်ယောက်ကငါ့ကိုခေါင်းအုံးကမ်းပေးလာမှာပဲ။"

လင်ခုံးလုကအလျင်စလိုရှင်းပြသည်။


0687: "..." အေးပါ၊ ငါဘဲတစ်ခုခုမှားနေတာပါကွာ။


*


လုစစ်၏လုံခြုံရေးအဆင့်ကားအလွန်မြင့်သည်။ သူနှင့်အတူ လင်ခုံးလုတစ်လျှောက်လုံးလိုက်သွားကာ ဘာအစစ်အဆေးမှမကြုံရဘဲ စစ်တပ်အထွေထွေဆေးရုံ၏အောက်ထပ်သို့ရောက်သွားသည်။


အပေါ်ထပ်ကိုမသွားခင် လုစစ်ကရုတ်တရက်ပြောလာသည်။

"မင်းပြန်သွားရင် မင်းကြောင်ရဲ့အရောင်ကိုပြောင်းရင်ပြောင်း၊ မဟုတ်ရင်AIသက်တော်စောင့်တစ်ယောက်ပြောင်းလိုက်တော့။"


အနာဂတ်အနက်ရောင်နည်းပညာနှင့်စူပါမက်ခါတစ်ခုအနေဖြင့် လန့်စ်ကနေရာတိုင်းတွင်ထူးချွန်ပေမဲ့ ပြဿနာတစ်ခုတော့ရှိသည်၊ ပန်းရောင်ကိုခံနိုင်ရည်မရှိ။ ပန်းရောင်ကိုမြင်ရင်လမ်းမလျှောက်နိုင်။ သူ့၏အပြင်ဘက်ချပ်ဝတ်ကိုပင်အကြိမ်ပေါင်းများစွာပန်းရောင်ဆိုးချင်နေလေသည်။


လုစစ်မှာသူ့မက်ခါ၏အသုံးမကျသောပြဿနာများကိုတကယ်သည်းမခံနိုင်၊ အထူးသဖြင့်လင်ခုံးလုအရှေ့မှာဖြစ်သည်။


လင်ခုံးလုကပဟေဠိဖြစ်သွားကာ ခေါင်းစောင်း၍သူ့ကိုကြည့်လာပုံမှာ 'မင်းငါ့ကိုဘာလုပ်ရမလဲသင်ပေးနေတာလား'ဟုမေးနေသည့်အလား။


"ထားလိုက်တော့။"လုစစ်ဒါကိုပြောမိတာရုတ်ခြည်းနောင်တရသွားပြီး သူ့မျက်ခုံးများကိုဖိကာပြောလိုက်သည်။

"အရင်ဆုံးအပေါ်တက်ရအောင်။"


သူဘာဖြစ်သွားတာလဲ။ ဒီသခင်လေးနဲ့အဆက်အဆံလုပ်ဖို့စီစဥ်နေတုန်းပဲလား။


လင်ခုံးလုမှာပဟေဠိဖြစ်မိပေမဲ့ သူ့အစ်ကိုကြီးကိုမကြာခင်တွေ့ရတော့မည့်အကြောင်းတွေးမိသွားချိန်တွင် သူ့နှလုံးသားမှာမျှော်လင့်စောင့်စားမှုတို့ဖြင့်ပြည့်နှက်လာတော့သည်။


..........................