ဆေးရုံခန်းထဲတွင် လင်ရွှမ်းလော့ကဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေပြီး သူ့မျက်နှာမှာဖြူဖျော့နေကာ သူဟာမျက်လုံးမှိတ်လျက်သားဖြင့်အနားယူလို့နေသည်။
သူ၏စုံစမ်းစစ်ဆေးမှုမှာမနက်ပိုင်းတွင်ဆိုင်းငံ့ထားသဖြင့် နောက်ထပ်ကုသမှုများအတွက်ဆေးရုံသို့ပြန်ပို့ခဲ့ခဲ့ရသည်။ ဤအချိန်မှသာ လင်မိသားစုမှာအလည်လာရန်အခွင့်အရေးရှိလာခြင်းဖြစ်သည်။
ဤအဖြစ်အပျက်ကြောင့် လင်ပါးပါးမှာလည်းအလုပ်မှဆိုင်းငံ့ခံထားရသည်။ ဤအချိန်တွင် သူကဆေးရုံကုတင်ရှေ့မှာသားကြီးအတွက်ပန်းသီးအခွံနွှာပေးနေသည်။
လင်ခုံးလုဆေးရုံခန်းတံခါးကိုသေချာဂရုတစိုက်တွန်းဖွင့်လိုက်ရာ ရက်အတော်ကြာအိမ်ပြန်မလာခဲ့သည့်သူ၏ဖခင်မှာအတော်လေးအိုမင်းသွားသည်ကိုတွေ့လိုက်ရပြီး ဆေးရုံကုတင်ပေါ်ရှိအစ်ကိုကြီးမှာလည်းအလွန်ဖြူရော်လျက်ရှိသည်။
သခင်လေး၏မျက်လုံးများမှာတမဟုတ်ချင်းနီမြန်းသွားပြီး သူဟာတံခါးဝမှာရပ်နေမိပြီး အထဲမဝင်သွားရဲပေ။
လင်ပါးပါးကသားငယ်လေးရောက်လာတာကိုအရင်တွေ့သွားပြီး မျက်နှာထက်တွင်အပြုံးတစ်ပွင့်နှင့်ထရပ်ကာ ပြောလာသည်။
"ရှောင်လုရောက်လာတာပဲ၊ ဘာလို့အထဲမဝင်လာတာလဲ။ မင်းရဲ့အစ်ကိုကြီးကိုတွေ့ချင်လို့ဂျီတိုက်နေခဲ့တာမဟုတ်ဘူးလား။"
သခင်လေးအထဲဝင်သွားပြီး အစ်ကိုကြီးကိုကြည့်လိုက်ပြီးနောက် သူ့အဖေကိုသေချာဂရုတစိုက်မေးမိသည်။
"ပါးပါး၊ အစ်ကိုကြီးတကယ်အဆင်ပြေရဲ့လား။"
လင်ပါးပါးကသူ့ခေါင်းကိုထိကာ သက်ပြင်းချလျက်ပြန်မဖြေပေ။
အခြားတစ်ဖက်၌ ဆေးရုံကုတင်ပေါ်ရှိလင်ရွှမ်းလော့ကမျက်စိဖွင့်ကာ သူ့ညီငယ်လေးကိုကြည့်၍ပြုံးကာပြောလာသည်။
"အစ်ကိုကြီးဘာလုပ်နိုင်မှာလဲ။ ဒါနဲ့ အားစစ်ကမင်းကိုဒီလိုက်ပို့ပေးတာမလား။ သူဘာလို့အထဲမဝင်လာတာလဲ။"
သူကထိုသို့ဆိုကာ လင်ရွှမ်းလော့ကသူ့နောက်ကိုကြည့်လိုက်သည်။
လင်ခုံးလုသည်လည်းတင်းကြပ်စွာမပိတ်ထားသည့်တံခါးကိုခေါင်းလှည့်ကြည့်ကာ နှုတ်ခမ်းတွန့်လိုက်သည်။
"အပြင်မှာခိုးနားထောင်နေတာဖြစ်လောက်မယ်။"
"ပေါက်ကရမပြောနဲ့။"
လင်ရွှမ်းလော့သူ့ညီကိုဒေါသအကြည့်တစ်ချက်ပေးလိုက်သည်။
လင်နှင့်လုမိသားစုမှာနှစ်ပေါင်းများစွာကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။ လင်ပါးပါးနှင့်လုပါးပါးကကောလိပ်အတန်းဖော်များဖြစ်ကြပြီး သူတို့၏ဇနီးများကသူငယ်ချင်းကောင်းများဖြစ်ကြသဖြင့် ထိုအချိန်တုန်းကမိသားစုနှစ်စုမှာမကြာမကြာအဆက်အသွယ်လုပ်ဖြစ်ကြသည်။
လင်သခင်လေးငယ်ငယ်တုန်းက သူဟာလုစစ်နှင့်ကစားလေ့ရှိပြီး ထိုအချိန်တုန်းကအနမ်းတစ်ခုဖြစ်ပေါ်ခဲ့သည်။ ကလေးနှစ်ယောက်၏အကြီးအနေနှင့် လင်ရွှမ်းလော့ကသူ၏ညီငယ်လေးနှစ်ယောက်ကိုမကြာမကြာဂရုစိုက်ခဲ့ရသည်။
နောက်ပိုင်းလုပါးပါးကရှေ့တန်းမဗာသေဆုံးသွားခဲ့ပြီး လုမာမားကသူ၏သားကိုခေါ်ကာသူမခင်ပွန်းကိုသွားတွေ့ခဲ့ပေမဲ့ စစ်ပွဲထဲဆွဲသွင်းခံရပြီးသူမထံမှသတင်းမကြားမရတော့ပေ။ လွန်ခဲ့သောနှစ်အနည်းငယ် အစိုးရကရန်သူအုပ်စိုးမှုနယ်မြေကိုပြန်ရရှိသွားခါမှ မိသားစုနှစ်စုမှာအဆက်အသွယ်ပြန်ရခဲ့သည်။ ထိုအချိန်တွင်လုမာမားကအပြင်းအထန်နာမကျန်းဖြစ်နေသည်ဖြစ်ရာ နှစ်အနည်းငယ်အတွင်းမှာသေဆုံးသွားခဲ့သည်။
ဤသည်ကိုတွေးမိရင်း လင်ရွှမ်းလော့သက်ပြင်းချကာ သူ့ညီငယ်လေးကိုဆူငေါက်မိသည်။
"မင်း၊ သူ့ကိုတစ်ချိန်လုံးအနိုင်ကျင့်မနေနဲ့၊ မသိရင်မင်းမရင့်ကျက်လာတဲ့အတိုင်းပဲ။ အားစစ်ကမလွယ်ကူဘူး၊ သူကဒီအတိုင်းမင်းကို....."
ဟုတ်တာပေါ့၊ အရင်နှစ်တွေမှာလုစစ်ဘယ်လောက်ခက်ခဲခဲ့လဲလင်ခုံးလုသိသည်။ ဇာတ်ကြောင်းထဲရှိဇာတ်ညွှန်းဆရာများကထိုကဲ့သို့လှပကာသန်မာပြီးဆိုးဝါးသောဇာတ်ကောင်များကိုရေးသားရတာအလွန်နှစ်ခြိုက်ကြသည်။ ပထမဘဝတုန်းက သူဟာကလေးတစ်ယောက်ဖြစ်ပြီး လုစစ်နှင့်အတူကစားခဲ့ကာ တစ်ယောက်နှင့်တစ်ယောက်နာမည်ပြောင်များပေးခဲ့သည်ကိုပင်သူဝင်ကစားခဲ့ရသည်။
သို့သော် "ဟယ်တုံမှာနှစ်၃၀၊ ဟယ်ရှီးမှာနှစ်၃၀"ဖြစ်ပြီး ယခုမူလင်မိသာစု၏သမက်ကလေး...ဖက်ဖက်၊ ဘစ်ဘော့စ်ကြီးလုစစ်က အရင်ကသနားစရာကောင်ငယ်လေးမဟုတ်တော့ပေ။
အစ်ကိုကြီး၊ အစ်ကိုကြီး၊ အစ်ကိုကြီးတကယ်စိတ်ပူသင့်တာက အစ်ကိုကြီးရဲ့ကံမကောင်းတဲ့ညီငယ်လေးကိုရယ်။
လင်ခုံးလုရင်ထဲတွင်သက်ပြင်းချမိပေမဲ့ သူ့မျက်နှာမှာ"ကျွန်တော်သူ့ကိုသဘောမကျဘူး၊ ဒါပေမဲ့ ကျွန်တော့်အစ်ကိုကြီးပြောတာကိုတွန့်တွန့်ဆုတ်ဆုတ်နားထောင်လိုက်မယ်"ဆိုတဲ့စကားကိုပြောလိုက်သည့်လက်ပေါက်ကပ်သောညီလေးဖြစ်နေဆဲပင်။
လင်ပါးပါးကသူ့ကလေးတွေကိုကောင်းကောင်းကြီးသိထားတာမို့ သားငယ်လေးကလမ်းပေါ်မှာလုစစ်နှင့်ရန်ဖြစ်လာမှန်းအကြည့်တစ်ချက်တည်းနှင့်သိလိုက်သည်။ သူကလင်ခုံးလု၏ခေါင်းကိုအသာပုတ်ကာပြောလိုက်သည်။
"ဒီမှာသားအစ်ကိုကြီးရဲ့နေခဲ့၊ ပါးပါးအပြင်ထွက်ပြီး လုစစ်နဲ့စကားပြောလိုက်အုံးမယ်။"
ဆေးရုံခန်းအပြင်မှာ လုစစ်ကနံရံကိုတစ်ဝက်မှီထားပြီး သူ့အကြည့်ကကော်ရစ်ဒါအဆုံးရှိပြတင်းပေါက်ပေါ်ရောက်လို့နေကာ သူဘာကြည့်နေမှန်းမသိပေ။
လင်ပါးပါးထွက်လာချိန်တွင် သူခေါင်းလှည့်ကြည့်လိုက်ပြီးမှ မတ်မတ်ရပ်ကာ"အန်ကယ်"ဟုခေါ်လိုက်သည်။
လင်ပါးပါးကသူ့ကိုနှစ်အကြာကြီးမတွေ့ခဲ့ရပေ။
လွန်ခဲ့သောနှစ်အနည်းငယ်တုန်းက လုစစ်နှင့်သူ့အမေကမြို့တော်ကြယ်ကိုပြန်ည်ပြောင်းရွှေ့လာတာမို့ သူသူတို့ကိုဂရုစိုက်ပေးခဲ့သည်။ လုမိသားစုကအမေတစ်ခု၊သားတစ်ခုဖြစ်သည့်အပြင် သူ့ဇနီးကလည်းပျောက်သွားတာနှစ်အတော်ကြာပြီဖြစ်ကာ မကြာခဏသွားလည်ဖို့ကအဆင်မပြေပေ။ ထို့အပြင် လုမာမားမှာသန်မာသောစရိုက်ရှိတာမို့ သူမကအကူအညီသေးသေးလေးကိုလက်ခံပေမဲ့ ကြီးမားသောအကူအညီကိုတော့ငြင်းဆန်စမြဲပင်။
သူဟာလုမိသားစုကိုအများကြီးမကူညီခဲ့ရဟုလင်ပါးပါးခံစားရသည်။ ဆန့်ကျင်ဘက်အနေနှင့် သူ့သားငယ်လေးကသူဟာလုစစ်နှင့်စေ့စပ်ထားမှန်းသိသွားကတည်းက သူ့ကိုအနိုင်ကျင့်လေ့ရှိသည်။ သိသိသာသာကိုပင် ဒီကလေးနို့နံ့မစင်သေးတဲ့ကလေးဖြစ်နေတုန်းက လုစစ်ကိုအချစ်ဆုံးဖြစ်ပေမဲ့ သူအရွယ်ရောက်လာချိန်တွင်ဘာကြောင့်ပြောင်းလဲသွားမှန်းမသိပေ။
လုစစ်ရှေ့တန်းကိုပြောင်းသွားတုန်းက လင်ခုံးလုကသူ့ကိုသွားပြောခဲ့သည်။
"မင်းကဒီလောက်အသုံးမကျတာကို တိုက်ခိုက်ချင်နေသေးတယ်လား။ စစ်မြေပြင်မှာမသေစေနဲ့၊ ပင်စင်စောစောယူပြီး အတွင်းရေးမှုးဖြစ်လာတာပိုကောင်းမယ်။"
ဒါကိုစဥ်းစားမိရင်း လင်ပါးပါးရှက်ရွံ့မိကာ မနေနိုင်ဘဲတောင်းပန်မိသည်။
"အားစစ်၊ ရှောင်လုကမင်းကိုခုနကခက်ခဲအောင်လုပ်ပြန်ပြီမလား။ အင်း၊ ဒီကလေးက အသက်ကြီးလာလေလေ မစဥ်းစားတတ်လေလေပဲ။ ဒါတွေအားလုံးကအန်ကယ်သူ့ကိုကောင်းကောင်မသွန်သင်ပေးခဲ့လို့ပါ။"
"အန်ကယ်အရမ်းယဥ်ကျေးလွန်းနေပါပြီ။"
လုစစ်တယဥ်တကျေးပြုံးကာ မျက်လုံးဖွင့်၍ ပေါက်ကရပြောလိုက်သည်။
"ရှောင်လုမှာရိုးရှင်းတဲ့စရိုက်ရှိတယ်၊ သူကဒီအတိုင်းပိုတည့်တိုးဆန်ရုံပါပဲ။"
ဒါကိုကြားလိုက်ရသော်လင်ပါးပါး၏နှလုံးသားမှာတကယ်နွေးထွေးသွားရပြီး သူကအတည်ယူလိုက်တော့သည်။
အဆုံးတွင် ဘယ်သူကသူတို့ကလေးကိုချီးကျူးတာမကြိုက်လို့လဲ။ သူကတွေးမိသည်: အားစစ်ကရှောင်လုကိုငြင်းဆန်ပုံမပေါ်ဘူး၊ လက်ထပ်စာချုပ်အကြောင်းပြောလို့ရလောက်လား။
ပြောရရင် လုစစ်ကသူ့သားငယ်လေးကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖူးပြီး သူ့ကိုမကြာခဏအလိုလိုက်အကြိုက်ဆောင်ပေးနေတာက သူကြိုက်လို့နေမှာပေါ့။ မဟုတ်ရင် အယ်ဖာတစ်ယောက်အနေနဲ့ အိုမီဂါတစ်ယောက်အနိုင်ကျင့်တာခံနေမှာတဲ့လား။
ထို့အပြင် လင်မိသားစု၏လက်ရှိအခြေအနေကလည်းလင်ပါးပါးအားအရှေ့ကိုကြိုစီစဥ်ရန်တွန်းအားပေးနေပြီး လုစစ်ဟာသူ၏သားငယ်လေးအတွက်ယုံကြည်ရသောလူတစ်ယောက်ဟုစဥ်းစားမိသည်။ အဆုံးတွင် ဒီကလေးကအိုမီဂါတစ်ယောက်ဖြစ်တာမို့ အားနည်းကာအခက်အခဲများကိုရင်ဆိုင်နိုင်စွမ်းမရှိလှ။ သူနှင့်သူ့သားကြီးတစ်ခုခုဖြစ်သွားခဲ့လို့ရှိရင် တစ်ဖက်လူမှာမှီခိုအားကိုးရာတစ်ယောက်ယောက်ရှိနေအုံးမည်ပင်။
ဤသည်ကိုစဥ်းစားမိရင်း လင်ပါးပါးကအခြားအရာများကိုစိတ်ပူမနေတော့ဘဲ တည့်တိုးထုတ်ပြောလိုက်သည်။
"အားစစ်၊ အန်ကယ့်ကိုအမှန်အတိုင်းပြော၊ မင်းရှောင်လုကိုဘယ်လိုမြင်လဲ။"
ထိုစကားကိုကြားလိုက်ရချိန်လုစစ်၏မျက်လုံးများမသိမသာပြောင်းလဲသွားပုံမှာ သူဘာပြောရမလဲစဥ်းစားနေသည့်အလား။
သူစကားမပြောတာကိုမြင်လိုက်ရရင်း လင်ပါးပါးလမ်းပျောက်သွားရပြန်ပေမဲ့ စကားကစပြီးနေပြီမို့ ဆက်ပြောရမည်ဖြစ်ရာ သူတွေးကြည့်လိုက်သည်။
"အန်ကယ်ရှောင်လုကိုနားလည်ပါတယ်၊ သူ့မိသားစုကသူ့ကိုနည်းနည်းအလိုလိုက်ထားတော့ သူ့မှာဆိုးဝါးတဲ့အကျင့်စရိုက်ရှိတယ်၊ သူဘာမှမပြောဘူး။ သူကတံခါးမှာစောင့်ကြပ်နေပေမဲ့ သူ့ဗီဇကတော့သိပ်မဆိုးပါဘူး။"
"သူ့မာမားကအစောကြီးထွက်သွားတဲ့အပြင် သူ့အစ်ကိုကြီးနဲ့အန်ကယ်ကလည်းအလုပ်များနေကြတော့ သူ့ကိုဂရုမစိုက်နိုင်ခဲ့ကြဘူး၊ သူ့အနားကသူငယ်ချင်းတချို့ကသူ့ကိုအလိုလိုက်ထားခဲ့ကြတာ။ မင်းမြို့တော်ကြယ်ကိုပြန်လာတုန်းက သူတက်ကြွပြီးမျက်နှာနည်းနည်းကောင်းနေသေးပေမဲ့ အဲ့ဒီ့သူငယ်ချင်းတွေကမင်းတို့ရဲ့လက်ထပ်စာချုပ်ကိုရယ်စရာလုပ်နေကြတော့ သူမင်းကိုနည်းနည်းဆန့်ကျင်နေတာ။"
"ဒါပေမဲ့သူကခဏတာလမ်းပျောက်နေတာပါ၊ သူ့ကိုကောင်းကောင်းသွန်သင်ပေးလိုက်လို့ရတယ်။ ပြီးတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အန်ကယ်သူ့ကိုအဲ့ဒီ့သူငယ်ချင်းတွေနဲ့အဆက်အသွယ်ဖြတ်ခိုင်းလိုက်တော့ အခုသူကအရင်ကထက်ပိုဆိုးလာတာပဲ။"
သူ့ကိုကောင်းကောင်းသွန်သင်ပေးလို့ရတယ်လား။ လုစစ်မျက်လုံးထဲရှိအပြုံးမှာအနည်းငယ်မှေးမှိန်သွားသည်။
အမှန်ပဲ၊ သူ့အရင်ဘဝတုန်းက ဒီကောင်လေးကငယ်ရွယ်ကာမိုက်မဲပြီးအလိုလိုက်ထားခဲ့ရလို့လို့သူလည်းတွေးခဲ့မိတယ်၊ ဒါပေမဲ့ဘာဖြစ်သွားလဲ။
လင်ပါးပါးကမသိဘဲဆက်ပြောလာသည်။
"အားစစ်၊ အန်ကယ်ကမင်းကိုတိုက်တွန်းနေတာမဟုတ်ပါဘူး၊ မင်းတို့နှစ်ယောက်လုံးအရွယ်ရောက်လာပြီဆိုတော့ အန်ကယ့်အထင်....မင်းနဲ့ရှောင်လုသာဆန္ဒရှိမယ်ဆိုရင် ဒီမုန်တိုင်းပြီးတဲ့အထိစောင့်ပြီးရင် မင်းတို့နှစ်ယောက်လက်ထပ်လို့ရပြီလေ။"
ထိုစကားများကိုကြားလိုက်ရသော်လုစစ်ပြုံးလိုက်မိပြီး အကြောင်းတချို့ကြောင့်သူပြောလိုက်သည်။
"အန်ကယ်၊ ကျွန်တော်ကဆန္ဒရှိပါတယ်၊ ဒါပေမဲ့ ရှောင်လုကျွန်တော့်ကိုအထင်လွဲသွားမှာစိုးတယ်။"
လင်ပါးပါးဒါကိုကြားလိုက်ရသော် သူ့ရင်ထဲရှိကျောက်တုံးမှာချက်ချင်းအောက်ကျသွားပြီး အလျင်စလိုပြောမိသည်။
"ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူး၊ သူ့မှာကလေးတစ်ယောက်နှလုံးသားဘဲရှိတော့ သူ့ခံစားချက်တွေထဲကအချစ်တွေပေါက်ဖွားလာမှာပါကွာ၊ မင်းတို့ဒီအတောအတွင်းပိုပြီးအဆက်အဆံလုပ်သင့်တယ်။"
လုစစ်ကပြုံးလျက်ဘာမှမဆိုပေ။
လင်ပါးပါးထွက်သွားပြီးနောက် သူ့ဘေးမှာရပ်နေသည့်လန့်စ်ကရုတ်တရက်သိချင်စိတ်ဖြစ်စွာမေးလာသည်။
"သခင်ကဘယ်သခင်လေးနဲ့လက်ထပ်မှာလဲ။ ဒီဟာက'ပင်လယ်ပြင်ကိုမုန်းပြီးကောင်းကင်ကိုချစ်တယ်'ရဲ့ဇာတ်ညွှန်းမဟုတ်ဘူးလား။"
"မင်းရဲ့ဘယ်မျက်လုံးကများငါသူ့ကိုလက်ထပ်မယ်လို့မြင်လိုက်တာလဲ။"
လုစစ်အပြုံးလေးနှင့်မေးလိုက်သည်။
လန့်စ်: "....." ကျွန်တော့်မျက်လုံးနှစ်လုံးလုံးနဲ့မြင်လိုက်တာရယ်။
"အချိန်ခဏပဲ။" လုစစ်ကတစ်ဖန်မထူးမခြားနားဖြစ်သွားပြန်ကာပြောလိုက်သည်။
"သခင်လေးကအရင်ဘဝကသူ့ရည်းစားကိုမြင်လိုက်တာနဲ့ ငါကငိုယိုပြီးကွာရှင်းခိုင်းလိမ့်မယ်။ ဒါဆို လင်ရှင်းယွမ်မှာသူ့ကိုငါ့ဆီပေးဖို့အာရုံရှိအုံးမယ်တဲ့လား။"
လန့်စ်: "...." ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ဒီလိုလုပ်နေတဲ့တစ်စုံတစ်ယောက်ကတော့နောက်ကျရင်နောက်တရတော့မှာပဲ။
လုစစ်မှာလင်မိသားစုအတွက်ခံစားချက်စိုးစဥ်းမျှမရှိတော့ပေ။ လင်ပါးပါးကသူနှင့်သူ့မာမားကိုကူညီပေးခဲ့ပေမဲ့ သူကသူ့အရင်ဘဝမှာပိုပေးဆပ်ခဲ့ရသည်။ ဒီဘဝမှာတောင် ရည်ရွယ်ချက်ကဘာပဲဖြစ်နေပါစေ သူကလင်ရွှမ်းလော့၏ကိစ္စရပ်များကိုဖြေရှင်းပေးခဲ့ရသည်။
ဆန့်ကျင်ဘက်အနေနှင့် လင်ပါးပါးနှင့်လင်ရွှမ်းလော့ကအရင်ဘဝတုန်းကသူလင်ခုံးလုထံမှာချောက်ချခံရချိန်တွင် သူတို့နှစ်ယောက်စလုံးလုံးဝမပေါ်လာခဲ့ပေ။ လင်ခုံးလုကအမှန်တရားကိုမသိလောက်ပေမဲ့ သူ့အဖေနဲ့အစ်ကိုကြီးကကောမသိကြဘူးတဲ့လား။
ထို့ကြောင့် သူကလင်မိသားစုပေါ်အကြွေးမရှိဘဲ လင်ခုံးလုကသာသူ့ကိုအကြွေးတင်နေခြင်းဖြစ်သည်။
"ကျွန်တော်ကားဆီပြန်သွားလို့ရမလား။"
သူမှတ်ဉာဏ်ထဲမှာလမ်းပျောက်နေချိန်တွင် လန့်စ်ကရုတ်ခြည်းပြောလာပြန်သည်။
လုစစ်အတွေးများပြန်ရုတ်သိမ်းကာ လှည့်ကြည့်လိုက်သည်။
လန့်စ်ကတုံ့ဆိုင်းလျက်ပြောလာသည်။
"အဲ့ဒီ့ပန်းရောင်ကြောင်လေးကကျွန်တော့်ပရိုဂရမ်ကိုဖောက်ထွက်နေတာပြီးခါနီးလောက်ပြီ။"
"...သွားတော့။"
လုစစ်မှာစိတ်ပျက်နေလေပြီ။
ဆေးရုံခန်းထဲတွင် လင်ရွှမ်းလော့ကလည်းလင်ခုံးလု၏အတွေးများကိုစမ်းသပ်လို့နေသည်။
"ရှောင်လု၊ မင်းလုစစ်ကိုဘယ်လိုမြင်လဲ။"
လင်ရွှမ်းလော့နှင့်လင်ပါးပါးဟာသားအဖဆိုသည့်အတိုင်းတစ်ပုံစံတည်းမေးသွားသည်။
0687၏အပြင်ကစကားဝိုင်း၏လိုက်ဗ်လွှင့်မှုကိုကြည့်ခြင်းအားဖြင့် လင်ခုံးလုမှာဒီသားအဖ၏အစီအစဥ်ကိုနားလည်ပြီးသားဖြစ်ပေမဲ့ ပုံမှန်အတိုင်းနေကာဂရုမစိုက်ချင်ယောင်ဆောင်၍ပြောလိုက်သည်။
"ဒီတိုင်းပဲ။"
ဒါကိုမြင်လိုက်ရသော် လင်ရွှမ်းလော့ကနောက်သည်။
"မြို့တော်ကြယ်ရဲ့ဒုတိယမျိုးဆက်အသိုင်းအဝိုင်းထဲမှာသူ့ထက်တော်တာနည်းနည်းပဲရှိတယ်။ ကိုယ်တို့ရှောင်လုမှာမြင့်မားတဲ့အမြင်အာရုံရှိတာပဲနော်။"
လင်ခုံးလုနည်းနည်းရှက်သွားကာ ဒေါသတကြီးပြောလိုက်သည်။
"ဘယ်သူကအဲ့လိုပြောလို့လဲ။ ကျွန်တော့်မျက်လုံးထဲမှာ အစ်ကိုကြီးကသူ့ထက်ပိုတော်တယ်။"
ဤသည်ကိုကြားလိုက်ရသော် လင်ရွှမ်းလော့မှာပျော်ရွှင်သွားရုံတင်သာမက သူ၏မျက်နှာထားမှာပိုမိုမည်းမှောင်သွားရသည်။
သူ့မျက်လုံးများကဘယ်လောက်နှိုးဆွပါစေဘာမှခံစားရမှာမဟုတ်တော့သည့်သူ့ခါးထက်ကျရောက်သွားကာ ဝမ်းနည်းစွာပြောမိသည်။
"ဒါပေမဲ့အစ်ကိုကြီးနဲ့ပါးပါးကညီလေးကိုတစ်သက်လုံးဂရုမစိုက်ပေးနိုင်ဘူးလေ။"
ကြားရသည့်သတင်းနှင့်ကားထဲမှာလုစစ်ပြောခဲ့သည့်စကားတို့ကသူ့မျက်လုံးကိုတစ်ဖန်နီမြန်းသွားစေကာ သူချောင်းဆိုးကာပြောမိသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီး၊ အစ်ကိုကြီးက...."
လင်ရွှမ်းလော့ကဖျစ်ညှစ်ပြုံးကာ ဖြတ်ပြောလာသည်။
"မင်းဘာတွေတွေးနေတာလဲ။ မင်းကအရွယ်ရောက်လာပြီးတော့ လက်ထပ်တော့မှာမို့လို့လေကွာ။"
"ဒါပေမဲ့ အစ်ကိုကြီးတောင်လက်မထပ်ရသေးဘူးလေ..."
သခင်လေးကရှိုက်လိုက်သည်။
"ဟုတ်သားပဲ။"
လင်ရွှမ်းလော့ကအဝေးကိုကြည့်ကာ တစ်စုံတစ်ယောက်ကိုတွေးမိရင်း သက်ပြင်းချမိသည်။
"ဒါပေမဲ့ အစ်ကိုကြီးကရှောင်လုအရင်လက်ထပ်သွားတာကိုမြင်ချင်တာ..."
လင်ခုံးလုဆေးရုံခန်းထဲမှထွက်လာချိန်တွင် သူ့မျက်လုံးများမှာနီရဲလို့နေကာ သိသိသာသာကိုသူငိုခဲ့သည်ပင်။
လုစစ်ကဘာကြောင့်မှန်းမသိမထွက်သွားဘဲ ဒါကိုမြင်လိုက်ရချိန်တွင်ပြုံးလိုက်မိသည်။
သခင်လေးကဒါကိုမြင်လိုက်ရချိန်တွင်ပေါက်ကွဲသွားကာ ဒေါသတကြီးပြောမိသည်။
"မင်းမှာနှလုံးသားရှိရဲ့လား။ ငါ့အစ်ကိုကြီးကဒီလိုဖြစ်နေတာကို မင်းကရယ်နေသေးတယ်။"
"မင်းလိုငိုတာကကောအသုံးဝင်လို့လား။"
လုစစ်ကပြန်မေးသည်။
"မင်း----" သခင်လေးမှာဒေါသထွက်လွန်းလို့သူ့ကိုလျစ်လျူရှုထားလိုက်ပြီး ခေါင်းလှည့်ကာ ဓာတ်လှေကားဆီလျှောက်သွားလိုက်သည်။
လုစစ်အနောက်မှလိုက်သွားကာ ဖြည်းညှင်းစွာမေးလိုက်သည်။
"မင်းသူ့ကိုမကူညီချင်ဘူးလား။"
လင်ခုံးလုတန့်သွားကာ မသိလိုက်မသိဘာသာအနောက်လှည့်၍မေးမိသည်။
"မင်းဘာကိုဆိုလိုတာလဲ။"
သူ့မျက်လုံးမှာသတိရှိနေပေမဲ့ သူ့ရင်ထဲတွင်တွေးမိသည်: လာပါပြီ၊ သယ်ယူပို့ဆောင်ရေးအဖွဲ့ရဲ့ကပ္ပတိန်ကငါ့ကိုBugကိုမြင်ရဖို့ပို့ပေးတော့မယ်။
"လင်ရွှမ်းလော့ရဲ့အခြေအနေက သူ့ဘဝတစ်လျှောက်လုံးဝှီးချဲပေါ်မှာနေသွားရလောက်တဲ့အချက်ကြောင့်မကန့်သတ်ထားဘူး။" လုစစ်သူ့ဘေးလျှောက်သွားကာ'ကြင်နာစွာ'အသိပေးလိုက်သည်။
"အဲ့ဒီ့စွပ်စွဲချက်တွေကိုမရှင်းနိုင်ရင် သူကထောင်ထဲမှာဝှီးချဲသုံးရလောက်တယ်။"
သေချာတာပေါ့၊ သခင်လေးမှာကြောက်လန့်သွားပြီး သူ့မျက်နှာမှာဖြူဖျော့သွားကာ သူကလုစစ်၏အကျီလက်ကိုလှမ်းဆွဲကာမေးမိသည်။
"ဒါဆို ငါတို့ဘာလုပ်သင့်လဲ။"
ထိုစဥ်ဓာတ်လှေကားတံခါးမှာပွင့်သွားပြီး လုစစ်ကကြောက်လန့်နေသည့်လူငယ်လေးကိုအထဲတွန်းပို့ကာ သူကိုယ်တိုင်လိုက်ဝင်သွားလိုက်သည်။
ထို့နောက် သူကဓာတ်လှေကားတံခါးကိုတွန်းပိတ်လိုက်ပြီး သူ့ပုံရိပ်ကလူငယ်လေးကိုအုပ်မိုးသွားကာ ခါးကိုင်းလျက်ပြုံးကာပြောလိုက်သည်။
"အရမ်းရိုးရှင်းပါတယ်၊ ကိုယ့်ကိုတောင်းဆိုလိုက်လေ။"
----------
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
လင်ခုံးလု: မင်းကဘယ်လိုကစားရမလဲသိသားပဲ~
___________________________