Chapter(6)
Viewers 10k

နေရာအပိတ်ကစိုးရိမ်ပူပင်မှုကိုလွယ်လင့်တကူဖြစ်စေနိုင်သည်၊ အထူးသုဖင့် အားနည်းသောအိုမီဂါတစ်ယောက်ကAအဆင့်နှင့်မြင့်မားသောစိတ်ပိုင်းဆိုင်ရာခွန်အားရှိသည့်အယ်ဖာနှင့်မျက်နှာချင်းဆိုင်နေရသည့်ဓာတ်လှေကားထဲမှာဖြစ်သည်။


လုစစ်ကအနောက်မှချဥ်းကပ်လာချိန်တွင် သခင်လေးမှာအေးခဲသွားရကာ သူ့စိတ်ဝိညာဥ်မှာအလွန်အမင်းတင်းမာသွားရပြီး တစ်ဖက်လူသူ့ကိုတွန်းလိုက်တုန်းကသူ့ကျောပြင်ပေါ်မှာတင်ထားသည့်လုစစ်လက်ပေါ်မှာတစ်ချိန်လုံးအာရုံစိုက်နေမိပြီ....ထိုလက်အောက်ဆင်းသွားမည်ကိုကြောက်ရွံ့နေမိသည်။


ပြီးတော့ သူ့ကိုတောင်းဆိုရမယ်ဆိုတာကဘာကိုဆိုလိုတာလဲ။ ဘယ်လို ဘယ်လိုတောင်းဆိုရမှာလဲ။


"မင်းကြောက်နေတာလား။"

ကောင်လေး၏ခန္ဓာကိုယ်ကကြိုးမျှင်ပမာဆန့်တန်းသွားပြီး မသိမသာတုန်ရီနေပေရာ လုစစ်အနားကပ်သွားပြီး ဦးထုပ်အဖျားကကောင်လေး၏ဆံနွယ်ပျော့ပျော့ကိုပွတ်တိုက်သွားကာ အသံကားသူ့နားရွက်ဘေးမှာရှိနေသည့်နှယ်။


သူကဖြည်းညှင်းစွာစကားပြောလျက် ရာ်ရွယ်ချက်ရှိရှိခြိမ်းခြောက်လျက်ရှိသည်။

"အမှန်ပဲ၊ ဒီမှာကိုယ်တို့နှစ်ယောက်ပဲရှိတယ်။ ကိုယ်သာတစ်ခုခုလုပ်လိုက်ရင် မင်းအော်ခေါ်နေရ...."


"အား!"


သူပြောလို့မပြီးသေးခင် သခင်လေး၏ဦးခေါင်းခွံမှာထုံကျင်သွားရပြီး သူနှင့်အဝေးဆုံးထောင့်မှာပုန်းကွယ်လျက် နံရံကိုမှီကာ စိတ်ပူတကြီးအသိပေးလိုက်သည်။

"မင်း၊ လာရှုပ်မနေနဲ့၊ မင်းကဖယ်ဒရယ်စစ်သားတစ်​​​ယောက်နော်၊ ဓာတ်လှေကားထဲမှာစောင့်ကြည့်ကင်မရာတွေရှိတယ်။"


လုစစ်အသာရယ်လိုက်ပုံမှာ လှောင်နေသည့်အလား ထို့နောက်ဓာတ်လှေကားထဲမှာရပ်မြဲရပ်နေရင်း ကောင်လေးကိုဥပေက္ခာပြုထားလိုက်သည်။


သူအနားကပ်မလာတာကိုမြင်လိုက်ရရင်း သခင်လေးမှာနောက်ဆုံးတွင်စိတ်သက်သာရာရသွားပြီး တဖြည်းဖြည်းချင်းပိုမိုရဲတင်းလာကာ သူ့ကို"ဝေ့"ဟုပြော၍ ထူးဆန်းစွာမေးလိုက်သည်။

" 'တောင်းဆိုတယ်'ဆိုတာက...ဘာကိုဆိုလိုတာလဲ။"


သူ၏စကားလုံး"တောင်းဆိုခြင်း"မှာခြင်တဝီဝီမြည်သံပမာ။ လုစစ်ပြန်မဖြေတာကိုမြင်လိုက်ရရင်း သူတစ်အောင့်မျှအောင့်အီးပြီးမှမေးလိုက်သည်။

"မင်းဆိုလိုတာက၊ မင်းငါ့ကိုကူညီပေးနိုင်တယ်လား။"


လုစစ်လက်မြှောက်လိုက်ပြီး ဦးထုပ်အောက်ရှိသူ့မျက်လုံးများမှာစိတ်ဝင်စားသောအကြည့်တစ်ချက်ဖျတ်ခနဲလက်သွားကာ ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောလိုက်သည်။

"ကိုယ်ကဘာလို့မင်းကိုကူညီရမှာလဲ။"


သိသိသာသာကိုပင် ငါးမြှားနေရင်တောင်မှ သူကငါးကို၎င်းဘာသာ၎င်းရေကူးကာငါးမျှားချိတ်ကိုကိုက်ခိုင်းလိမ့်မည်ပင်။


"မင်း---" သခင်လေးမှာသဘာဝအလျောက်ဒေါသထွက်လွန်းလို့စကားမပြောနိုင်တော့ပေ။


ဓာတ်လှေကားထဲမှထွက်လာပြီးနောက် လင်ခုံးလုမနေနိုင်ဘဲ0687ထံကွန်ပလိန်းတက်မိသည်။

"ဒီပြန်မွေးဖွားလာတဲ့ဇာတ်လိုက်ကတကယ့်ခွေးတစ်ကောင်ပဲ။"


0687: "....." ငါသိပြီ။


လင်ခုံးလုမှာလုစစ်ကိုမစောင့်ဘဲ ဒေါသတကြီးလျှောက်ထွက်သွားပေမဲ့ ​ခြေလှမ်းအနည်းငယ်အတွင်းမှာအစောင့်များကသူ့ကိုတားလာသည်။


လင်ခုံးလုမှာရွေးချယ်စရာမရှိသည့်အဆုံး ခေါင်းလှည့်ကာ သူ့နောက်မှာရှိနေသည့်လုစစ်ကိုတိုက်တွန်းသောမျက်လုံးများဖြင့်ကြည့်လိုက်မိသည်။


လုစစ်ကတမင်ဖြည်းဖြည်းလျှောက်လာပြီးမှ ခေါင်းမော့လိုက်ပြီး အိုင်ဒီအတည်ပြုမှုအတွက်မျက်စိစကင်ဖတ်စက်ကိုဖြည်းညှင်းစွာကြည့်လိုက်သည်။


လင်ခုံးလု: "....."


"သိလို့ရှိရင် သူကခရုတစ်ကောင်ဖြစ်မယ်လို့သံသယဝင်မိလိမ့်မယ်၊ ဒါပေမဲ့ မသိလို့ရှိရင် သူသေသွားပြီးတော့သူ့အချိန်ကုန်သွားပြီလို့ထင်မိမှာ။"

သူကစနစ်ကိုကွန်ပလိန်းထပ်တက်လိုက်ပြန်သည်။


0687: "...."ငါလည်းအဲ့လိုခံစားရတယ်။


ကားပါကင်သို့သွားရာလမ်းတစ်လျှောက်လုံးတွင် သခင်လေးမှာမောနေသောငါးတစ်ကောင်အဖြစ်ပြောင်းသွားလုနီးပါးပင်၊ သို့သော် ကားထဲမှာ သူတို့နှစ်ယောက်၏AIများမှာအလွန်ပျော်စရာကောင်းသောစကားဝိုင်းရှိနေကြပြီး တစ်ယောက်နှင့်တစ်ယောက်နောက်ကျမှတွေ့ဖြစ်ခဲ့ကြသည်----


လန့်စ်: "တကယ်လား။ မင်းလည်း'ပင်လယ်ပြင်ကိုမုန်းတီးပြီးကောင်းကင်ကိုချစ်တယ်၊ မင်းကိုကယ်တင်ဖို့ကိုယ်ဘာလုပ်ရမလဲ၊ အချစ်ရယ်။'ကိုကြည့်ရတာကြိုက်တယ်လား။"


မောက်မောက်: "ဟုတ်တယ်၊ မြှောင်၊ ဇာတ်လိုက်ကတကယ့်အကောင်းအဆိုးပဲ၊ သူကထျန်ထျန်ကိုအနိုင်ကျင့်လွန်းလို့ ဒေါသအရမ်းထွက်နေတာ၊ မြှောင်။"


လန့်စ်: "သူနောက်ကျနောင်တရသွားတယ်။"


မောက်မောက်: "မြှောင့်ကိုမစပွိုင်းနဲ့၊ ထျန်ထျန်ကသူ့ကိုအရင်သစ္စာဖောက်ပေမဲပ သူကလက်တုံ့ပြန်ခဲ့တာ၊ လူတွေကိုနာကျင်အောင်လုပ်တာကမှားတယ်လေ၊ မြှောင်။"


လန့်စ်: "ထျန်ထျန်ကသစ္စာမဖောက်ခဲ့ပါဘူး၊ ဒါကနားလည်မှုလွဲတာ၊ နောက်ကျတော့သူနောင်တရသွားတယ်လေ။"


မောက်မောက်: "မြှောင့်ကိုမစပွိုင်းနဲ့လို့ပြောထားတယ်လေ။"


လန့်စ်: "မင်းseason2မကြည့်ရသေးဘူးလား။"


မောက်မောက်: "မြှောင့်သခင်ရဲ့VIPအကောင့်သက်တမ်းကုန်သွားပြီရယ်။"


လန့်စ်: "ငါမင်းကိုငါ့အကောင့်ငှားလိုက်မယ်၊ ဒါပေမဲ့ မင်းကြည့်ပြီးရင်ငါ့အတွက်ရီဗျူးတင်ပြချက်ရေးပေးရမယ်။"


မောက်မောက်: "ဘာလို့လဲ၊ မြှောင်?"


လန့်စ်: "တစ်​​​ယောက်နဲ့တစ်ယောက်အဆက်အသွယ်လုပ်ဖို့ပေါ့၊ ငါ့တင်ပြချက်ကအမှားတွေနဲ့ပြည့်နေတယ်ဆိုတာငါမယုံဘူး၊ အဆုံးမှာတော့ငါကထူးကဲတဲ့AIပဲလေ။"


မောက်မောက်: "....."


လန့်စ်: "ဒါနဲ့ စကားမစပ်၊ မင်းကိုယ်ကိုဘယ်မှာအရောင်သွားဆိုးတာလဲ။"


မောက်မောက်: "ငါ့သခင်ကငါ့ကိုကိုယ်တိုင်ဆိုးပေးတာလေ၊ မြှောင်။"


လန့်စ်: "မင်းရဲ့သခင်ကမင်းအပေါ်အရမ်းကောင်းတာပဲ။"


လင်ခုံးလု: "....."


သူသည်လုစစ်ကိုမဖော်ပြနိုင်သောမျက်နှာထားဖြင့်ကြည့်လိုက်မိပြီး လုစစ်၏မျက်နှာမှာသိသိသာသာကိုမှောင်မိုက်​​နေကာ ပုံမှန်အရှိန်နှင့်ရှေ့တိုးကာ တင်းကြပ်စွာမပိတ်ထားသည့်တံခါးကိုဆွဲဖွင့်ပြီး လန့်စ်ကိုအေးစက်စွာပြောလိုက်သည်။"ထွက်လာခဲ့။"


လန့်စ်: "...." အောင်း၊ သေပြီ။


လန့်စ်ကစက်ရုပ်ကြောင်ပေါ်မှာချိုးဖောက်ရလွယ်သည့်ပရိုဂရမ်တစ်ခုအလျင်စလိုထည့်လိုက်ပြီးမှ သူ၏စက်ရုပ်မျက်လုံးထဲတွင်စိုးရိမ်ပူပင်မှုနှင့်အတူကားထဲမှထွက်လိုက်သည်။


မောက်မောက်: "...." လုပ်သွားပြန်ပြီ၊ အကြင်နာတရားမရှိလိုက်တာ၊ သူနဲ့အလကားချက်ခဲ့မိတာပဲ။


လုစစ်အသုံးမကျသည့်မက်ခါကိုလျစ်လျူရှုလိုက်ပြီး မောင်းသူထိုင်ခုံထဲတွင်တိုက်ရိုက်ဝင်ထိုင်ကာ ခလုတ်နှိပ်၍စက်ရုပ်ကြောင်ကိုအနောက်ထိုင်ခုံဆီပို့လိုက်ပြီးမှ လင်ခုံးလုကိုပြောလိုက်သည်။ "ကားထဲဝင်။"


လင်ခုံးလု: "...."


တစ်အောင့်မျှချိန်ဆနေပြီးနောက် သူဟာအနောက်ထိုင်ခုံမှာမောက်မောက်နှင့်အတူထိုင်ဖို့ဆုံးဖြတ်လိုက်သည်။


ကံကောင်းစွာဖြင့် လုစစ်ကသူ့အပေါ်မှာသံလက်သည်းများကိုမသုံးခဲ့ပေ။ သူဝင်ထိုင်လိုက်တာကိုမြင်လိုက်ရသော် သူကကားတံခါးပိတ်ကာ စထွက်ဖို့ပြင်လိုက်သည်။


အပြင်မောင်းထုတ်ခံထားရသည့်လန့်စ်မှာချက်ချင်းစိတ်အားထက်သန်စွာကြည့်လိုက်မိသည်။ လုစစ်ကသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အမူအရာမဲ့စွာပြောလိုက်သည်။

"ပြန်သွားပြီးတော့အင်တာနက်နဲ့အဆက်အသွယ်ဖြတ်ထားလိုက်တော့။"


လန့်စ်: "....."


ကားစထွက်လာပြီးနောက် ဖြစ်စဥ်တစ်ခုလုံးကိုကြည့်နေသည့်လင်ခုံးလုမှာမနေနိုင်ဘဲ0687ထံသက်ပြင်းချမိသည်။

"မောက်မောက်အပြင် ငါနောက်ဆုံးတော့မင်းနဲ့ယှဥ်နိုင်တဲ့နောက်ထပ်AIတစ်ခုကိုတွေ့လိုက်ရပြီ။"


0687: "....." ငါကသူ့ထက်ပိုတော်ပါတယ်၊ ကျေးဇူးပဲ။


"စူပါမက်ခါတွေအပေါ်ငါ့ရဲ့အမြင်ကဒီအခိုက်အတန့်မှာကျိုးပဲ့သွားပြီပဲ။"

လင်ခုံးလုစိတ်ခံစားချက်နှင့်သက်ပြင်းချလိုက်သည်။


0687: "....."


"လုသခင်လေးရဲ့ပုံရိပ်တောင်ဒီမှာတစစီကြေမွသွားပြီ။"

လင်ခုံးလုမှာစိတ်ခံစားချက်နှင့်ခံစားနေဆဲပင်။


AIတစ်ခုအနေနှင့် 0687မှာနားမထောင်နိုင်တော့ဘဲ မေးမိသည်။

"ဘာလို့မင်းခုနကဇာတ်လိုက်ရဲ့စကားနောက်လိုက်ပြီးတော့ မင်းကိုဘယ်လိုကူညီပေးမလဲဆိုတာသူ့ကိုမေးပြီး သူ့ကိုကတိမပေးလိုက်တာလဲ။"


လင်ခုံးလု: "ငါသာလွယ်လွယ်လေးလက်ခံလိုက်ရင် ရှုံးသွားမှာပေါ့ဟ? ဘော့စ်လုလည်းအဲ့လိုခံစားနေရလိမ့်မယ်။"


0687: "....." ဘယ်လိုကစားရမယ်မှန်းမင်းတကယ်သိတာပဲ။


သူဟာလင်ခုံးလုရှေ့မှာမျက်နှာပျက်ခဲ့တာမို့ဖြစ်လောက်မည်၊ လုစစ်ကတစ်လမ်းလုံးဘာမှမဆိုဘဲ သူ့ကိုလင်မိသားစု၏အိမ်ဆီပို့ပေးပြီးနောက် လှည့်ကာထွက်သွားဖို့ပြင်ဆင်နေသည်။


"ဝေ့။" လင်ခုံးလုသူ့ကိုရုတ်တရက်ခေါ်ကာ နှုတ်ခမ်းကိုက်၍ တစ်အောင့်မျှရုန်းကန်နေပြီးမှ တွန့်ဆုတ်စွာပြောလိုက်သည်။

"ငါမနက်ဖြန်ငါ့အစ်ကိုကြီးကိုသွားတွေ့ချင်လို့ ငါမင်းကိုလာရှာလို့ရလား။"


လုစစ်ပြုံးကာ လက်မြှောက်၍ ဦးထုပ်ကိုညှိလျက်ပြောလိုက်သည်။

"ကိုယ့်စိတ်အခြေအနေပေါ်မူတည်တယ်။"


သခင်လေးမှာဒေါသထွက်လွန်းလို့သူ့မျက်နှာနီရဲသွားရပြန်ပေမဲ့ သူတစ်အောင့်မျှတုံ့ဆိုင်းသွားပြီးနောက်မေးလိုက်သည်။

"ဒါဆို မင်းငါ့ကိုကူညီလို့ရတယ်လို့မင်းပြောခဲ့တယ်လေ၊ မင်းငါ့ကိုဘယ်လိုကူညီမှာလဲ။"


လုစစ်ကဒီတစ်ခေါက်မဖြေဘဲ လက်မြှောက်၍ ပုခုံးကိုထိလိုက်ပြီးမှ အနောက်လှည့်ကာထွက်သွားတော့သည်။


"ကြည့်ရတာသူကအစ်ကိုကြီးကိုစုံစမ်းစစ်ဆေးတဲ့ကိစ္စမှာဝင်ပါလို့ရတဲ့ပုံပဲ။"

လင်ခုံးလုပထမဘဝထဲမှာအဓိကမဟုတ်သည့်သူ၏သဲလွန်စကိုနားလည်သွားသည်။


"သူကပြန်မွေးဖွားပြီးနောက်ပိုင်းမှာမြို့တော်ကြယ်ကိုချက်ချင်းပြန်မသွားပေမဲ့ ဒီမှာသတင်းကြိုဖြန့်လိုက်တာဖြစ်ရမယ်။" 0687ကခန့်မှန်းကြည့်သည်။


လင်ခုံးလုသဘောတူခေါင်းငြိမ့်ကာပြောလိုက်သည်။

"သူကငါ့ဘာသာငါအရောက်ပို့စေချင်နေတာ၊ အရမ်းတုံးလွန်းတယ်။"


"အဲ့စကားကိုအင်တာနက်ပေါ်မှာဘယ်လိုပြောတာ? အဆင့်မြင့်အမဲလိုက်မုဆိုးတွေကသားကောင်အနေနဲ့မကြာမကြာပေါ်လာတတ်တယ်ဆိုလားပဲ?"


ဒီစကားပြောလို့ပြီးသွားသော် လင်ခုံးလုတိတ်တခိုးခေါင်းခါလိုက်မိပြီး ဘာမှမဖြစ်ခဲ့သည့်အလား အနောက်လှည့်ကာ ဗီလာဆီလျှောက်သွားလိုက်သည်။


"မင်းတစ်ခုခုလုပ်တော့မှာမဟုတ်ဘူးလား။"

0687ကသိချင်စိတ်ဖြင့်မေးလာသည်။


"အရင်ဆုံးပီယာနိုတီးရအောင်။"

လင်ခုံးလုပြောလိုက်သည်။


0687: "...."


လင်ခုံးလုကဒီအတိုင်းပြောလိုက်တာဟု0687ထင်မိပေမဲ့ မထင်မှတ်ထားစွာဖြင့် ညစာစားပြီးနောက် သူကတကယ်ကြီးအဖြူရောင်ဝတ်စုံဝတ်ကာ ပီယာနိုအခန်းထဲမှာထိုင်ပြီး ပီယာနိုကြိုးစားပမ်းစားတီး​နေပြီး နေ့ခင်းတုန်းကလုစစ်ကြားခဲ့သည့်အပိုင်းကိုမနက်ရောက်သည်အထိတီးနေခဲ့သည်။


ကံကောင်းစွာဖြင့် ပီယာနိုအခန်း၏အသံလုံမှုမှာကောင်းမွန်လှသည်။ တံခါးနှင့်ပြတင်းပေါက်များကိုပိတ်လိုက်ပြီးနောက် အပြင်ကအသံတို့ကိုကြားရခဲသည်။ မဟုတ်ရင် နောက်ကျပြန်လာသည့်အိမ်တော်ထိန်းနှင့်လင်ပါးပါးတို့အိပ်လို့ရမှာမဟုတ်။


0687မှာမအောင့်အီးနိုင်တော့ဘဲ မေးမိသည်။

"မင်းဘယ်အချိန်ထိတီးမှာလဲ။"


"သိပ်မကြာခင်၊ အချိန်ဖြုန်းနေတာလေ။"

လင်ခုံးလုပြောလိုက်သည်။


"မင်းဘာလို့အမြဲတမ်းဒီသီချင်းတီးတာလဲ။" ပြီးတော့ခံစားချက်မပါဘဲ စက်ရုပ်ပမာတီးနေပေသည်။


သူတို့နှစ်ယောက်လုံးကတစ်ဖက်လူထက်ပိုကောင်းမွန်စွာတီးနိုင်သည်ဟု0687ခံစားရသည်။


"ငါကစိတ်ခံစားချက်မပါဘဲတီးတယ်လို့လူတချို့ကပြောကြတယ်၊ စိတ်ခံစားချက်နဲ့တီးတာကဘယ်လိုမျိုးလဲဆိုတာငါသိချင်လို့လေ။"

လင်ခုံးလုမသိလိုက်မသိဘာသာပြန်ဖြေမိသည်။


"ဘယ်သူပြောတာလဲ။"

0687သိချင်စိတ်ဖြင့်မေးမိကာ တစ်ဖက်လူကိုလက်ခုပ်သြဘာပေးချင်နေသည်။


လင်ခုံးလုတစ်အောင့်မျှလန့်သွားကာ မသိလိုက်မသိဘာသာတွေးကြည့်ပေမဲ့ ဘာကိုမှစဥ်းစားမရပေ။


"အာ၊ ငါတောင်းပန်ပါတယ်။" 

0687ရုတ်ခြည်းတောင်းပန်လိုက်သည်။

"ငါမေ့သွားတာ၊ မင်းသရုပ်ဆောင်မဖြစ်လာခင်တုန်းကဘာဖြစ်ခဲ့လဲမင်းမှမမှတ်မိဘူးပဲ။"


"ရပါတယ်။" လင်ခုံးလုခေါင်းခါကာ တစ်အောင့်မျှတွေးကြည့်ပြီးမှ ပြောလိုက်သည်။

"ငါမှတ်မိပြီ၊ လုစစ်လည်းအဲ့လိုပြောခဲ့တဲ့ပုံပဲ။"


ပထမဘဝတုန်းက သူ့ကိုလက်ထပ်ရန်လုစစ်ကိုတောင်းဆိုလိုက်ချိန်တွင် သူဒီသီချင်းကိုအရင်တီးခဲ့သည်။ လုစစ်သဘောတူလက်ခံလိုက်ပြီးနောက် သူ့ကိုနက်ရှိုင်းစွာတစ်ချက်ကြညလ့ကာပြောခဲ့သည်။

"တစ်နေ့ကျရင် ကိုယ်မင်းရဲ့ခံစားချက်တွေကိုကြားရဖို့ကိုယ်လုံလုံလောက်လောက်ကံကောင်းမယ်လို့ကိုယ်မျှော်လင့်မိတယ်။"


ပြန်တွေးကြည့်ပြီးနောက် လင်ခုံးလုနောက်ဆုံးမှာထရပ်ကာ ခါးဆန့်လိုက်ပြီးမှ သူ့ဘေးရှိစက်ရုပ်ထံမှလက်ကိုင်ပုဝါလှမ်းယူ၍ သူ့လက်ချောင်းများကိုသုတ်ကာမေးလိုက်သည်။


"ငါ့မျက်လုံးအောက်မှာအမည်းကွင်းတွေရှိနေလား။"


"ရှိတယ်။"0687ကဆိုသည်။


သခင်လေးမှာဖြူဖွေးသောအသားအရည်ရှိတာမို့ သူသာညမအိပ်ဘဲနေလို့ရှိရင် သူ့မျက်လုံးအောက်ကအမည်းကွင်းများမှာသိသာလိမ့်မည်ပင်။


"ကောင်းတယ်။"

လင်ခုံးလုအလွန်ကျေနပ်သွားသည်။


အမည်းကွင်းမပါဘဲ သူဟာ"လုစစ်ကိုတောင်းဆိုခြင်း"နှင့်ပတ်သတ်ပြီးတစ်ညလုံးစိုးရိမ်ပူပင်နေတာဘယ်လိုလုပ်ပေါ်လွင်ပါ့မလဲ။


နောက်တစ်နေ့ ညကကောင်းကောင်းအိပ်ခဲ့သည့်လင်ခုံးလုမှာသူ့အစ်ကိုကြီးအတွက်မီးဖိုချောင်ထဲတွင် မျက်လုံးအောက်မှာအမည်းကွင်းနှစ်ကွင်းနှင့်အတူအာဟာရဖြစ်သည့်မနက်စာပြင်ဆင်လို့နေသည်။


လူတိုင်းတန်တူညီမျှဖြစ်ရမည့်တရားဥပဒေပြဋ္ဌာန်းထားတာနှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း အိုမီဂါတို့ကောလိပ်သွားတက်ချိန်တွင်အချက်အပြုတ်ကားမဖြစ်မနေသင်ရသည့်ဘာသာရပ်ဖြစ်နေဆဲပင်။


သူ့မိသားစုကလင်ခုံးလုကိုဘယ်လောက်အလိုလိုက်ထားပါစေ သူဟာကျောင်းမှာအတန်းအလေးအနက်တက်မှရမည်မို့ သူ့အချက်အပြုတ်စကေးမှာသိပ်မဆိုးလှ။


လင်ပါးပါးကမနက်စောစောနိုးလာပြီး မီးဖိုချောင်ထဲကအနံ့မွှေးမွှေးကိုရလိုက်ရာ မအံ့သြမိဘဲမနေနိုင်။

"ရှောင်လုဒီနေ့ချက်ပြုတ်နေတယ်လား။"


လင်ခုံးလုခေါင်းငြိမ့်ကာ ရှက်တက်တက်ပြောလိုက်သည်။

"ဆေးရုံကအာဟာရဖြည့်စွက်စာဘဲပေးတယ်ကြားလို့ ကျွန်တော်အစ်ကိုကြီးအတွက်အာဟာရဖြစ်မဲ့အစားအစာတချို့လုပ်ပေးချင်လို့ရယ်။"


"အဲ့လိုလား၊ ဟေး၊ မင်းသာမပြောရင် ပါးပါးမေ့သွားတော့မှာ။"

လင်ပါးပါးကသူ့မျက်ခုံးသူဖျစ်ညှစ်လိုက်ရသည်။


သူကားအလုပ်မှဆိုင်းငံ့ခံထားရပေမဲ့ သူဟာဒီရက်တွေမှာလင်ရွှမ်းလော့အတွက်ပြေးလွှားနေရတာမို့ သိပ်အရေးမကြီးသည့်ကိစ္စများကိုဂရုမစိုက်နိုင်ပေ။


"ရှောင်လုကတွေးတတ်တာပဲ။"

လင်ပါးပါးမနေနိုင်ဘဲချီးကျူးလိုက်ပေမဲ့ သူမီးဖိုချောင်ထဲလျှောက်သွားချိန် သူ့သားငယ်လေးကိုမျက်လုံးအောက်မှာအမည်းကွင်းနှစ်ကွင်းဖြင့်မြင်လိုက်ရရင်း သူစိတ်ဖိစီးသွားရကာပြောမိသည်။

"အနားမယူထားဘူးလား။ အင်း၊ တကယ်တော့မင်းကိုယ်တိုင်လုပ်စရာမလိုပါဘူး၊ အိမ်တော်ထိန်းကိုစက်ရုပ်နဲ့အတူလုပ်ခိုင်းလို့ရပါတယ်။"


လင်ခုံးလုချစ်စဖွယ်ပြုံးကာ"ရပါတယ်"ဟုပြောလိုက်ပြီးနောက် လင်ပါးပါးကိုစွပ်ပြုတ်တစ်ပန်းကန်ပေးကာ အရင်အရသာမြည်းခိုင်းလိုက်သည်။


လင်ပါးပါးတစ်ငုံသောက်လိုက်ပြီး အံ့သြတကြီးခေါင်းမော့ကာချီးကျူးလိုက်သည်။

"မဆိုးပါဘူး၊ မဆိုးပါဘူး၊ ပါးပါးတို့မိသားစုမှာစားဖိုမှူးလေးရှိနေတာပဲ။"


သို့သော် ချီးကျူးပြီးနောက် သူကပန်းကန်လုံးကိုအောက်ချကာမေးလာပြန်သည်။

"အားစစ်မင်းကိုလာခေါ်မှာလား။"


လင်ခုံးလုဒါကိုကြားသော် သူ၏ပျော်ရွှင်သောအပြုံးကိုချက်ချင်းသိမ်းကာ မပျော်မရွှင်ပြောလိုက်သည်။

"သူမကြိုက်မှာစိုးတယ်။"


"အဓိပ္ပါယ်မရှိတာ။" လင်ပါးပါးကသူ့ခေါင်းကိုပွတ်ကာ သူတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့ရည်ရွယ်ထားရင်း ပြောလိုက်သည်။

"ပါးပါးသူ့ကိုခေါ်လိုက်မယ်။"


ခဏတန့်သွားပြီးနောက် သူသာမန်ကာလျှံကာအသိပေးလိုက်သည်။

"မင်းဒီစွပ်ပြုတ်ကိုအားစစ်အတွက်လည်းယူသွားသင့်တယ်။"


ပြောပြီးနောက် သူ့သားငယ်လေးခုခံပြောမှာကြောက်သဖြင့် ထပ်ပေါင်းပြောလိုက်သည်။

"သူကပါးပါးတို့ကိုအများကြီးကူညီပေးခဲ့တယ်လေ။"


လင်ခုံးလုမှာလည်းဒီအစီအစဥ်ရှိသည်၊ အဆုံးတွင် လုစစ်ကသူ့ကို"တောင်းဆို"စေချင်သည်ဟုပြောသွားခဲ့သည်ပင်။


သို့သော် သူပုံမှန်အတိုင်းနေမြဲနေကာ စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

"အော်။"


သို့သော်လည်း အစ်ကိုကြီးအတွက်စွပ်ပြုတ်ကလူမမာစာဖြစ်တာမို့ အရသာပေါ့ထားသည်။ လုစစ်အတွက် ငါတို့ဆားနည်းနည်းထပ်ထည့်လိုက်ကြမလား။


လင်ခုံးလုမှာလင်ပါးပါးဖုန်းပြောနေတာကိုနားစွင့်ရင်း လုစစ်၏စွပ်ပြုတ်ထဲသို့ဆားနှင့်သကြားတချို့ထပ်ထည့်လိုက်သည်....


သူစိတ်အာရုံထွေပြားသွားတာမို့ဆားနည်းနည်းထည့်၊ ဆားနည်းနည်းထပ်ထည့်ရင်း......


ဒါကိုမြင်လိုက်ရသော်0687မှာကြောက်လန့်သွားကာတွေးမိသည်: ဒါကဇာတ်လိုက်ကိုသတ်တော့မှာလား။


__________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


ကိုလိုနယ်လု: အန္တရာယ်များလိုက်တာ!


လင်ရွှမ်းလော့: ငါတို့ကမတူဘူးလေကွယ်~


____________________________________