Chapter(8)
Viewers 10k

နောက်တစ်နေ့မှာ တောင်းပန်သည့်အနေနှင့် လင်ခုံးလုကလုစစ်အတွက်နောက်ထပ်ကြက်စွပ်ပြုတ်လုပ်လာခဲ့သည်။


သို့သော် သခင်လေးကားအလွန်မာနကြီးတာမို့ သူဟာသိသိသာသာကိုသူ၏တောင်းပန်မှုကိုဖော်ပြချင်ပေမဲ့ သဘော်ပေါ်တက်ပြီး​နောက်မှာ သူကတစ်ဖက်လူကိုစွန့်ကြံပေးကမ်းသည့်အလား စားစရာဗူးကိုကမ်းပေးလျက် ထူးဆန်းသောလေသံဖြင့်ပြောလိုက်သည်။

"ဒီမှာ၊ ဒီမှာမင်းအတွက်။"


လုစစ်မှာလည်းအင်တာနက်နှင့်အဆက်အသွယ်ဖြတ်တောက်ထားတာမို့ဖြစ်လောက်မည်၊ ဒီနေ့တော့မထူးခြားမခြားပုံစံပြန်ဖြစ်သွားပြီပင်။ သူ့ကိုတစ်ချက်ကြည့်လာပြီးနောက် ခပ်တိုးတိုးပြောလိုက်သည်။

"မစားဘူး၊ မင်းရဲ့အခန်းထဲမှာသွားထိုင်နေ။"


"....." လင်ခုံးလုဒေါသထွက်သွားသည်။


"ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကချီးကျုးမခံရဘူးပဲ။" သူရေရွတ်လိုက်မိပြီး အခန်းထဲပြန်သွားကာ စွပ်ပြုတ်အကုန်လုံးသောက်ပစ်လိုက်သည်။


လုစစ်မှာလူငယ်လေး၏ထွက်သွားသောကျောပြင်ကိုကြည့်ရင်း သူ့မျက်လုံးများမှာတဖြည်းဖြည်းချင်းမှောင်မိုက်လာသည်။


သိပ်မကြာခင်အရင်ဘဝတုန်းကမင်းတွေ့ခဲ့တဲ့အဲ့ဒီ့လူကိုတွေ့ရတော့မယ်၊ ဒီတစ်ခေါက်ကောမင်းဘာလုပ်မှာလဲ။


ဒါကိုတွေးမိရင်း သူရုတ်ခြည်းပြုံးလိုက်ပေမဲ့ သူ့ရင်ထဲမှာပျော်ရွှင်မနေ။


ခရီးကားတစ်ရက်နှင့်တစ်ညရွက်လွှင့်သွားမှာဖြစ်သည်။ လင်ခုံးလုမှာကြက်စွပ်ပြုတ်အသောက်များသွားပြီး ပထမဆုံးနေ့တစ်ဝက်မှာအိမ်သာပြေးရပြီး ထို့နောက်ကျန်နေ့တစ်ဝက်ကိုအခန်းထဲမှာလဲလျောင်းရင်းအနားယူသည်။


နောက်တစ်နေ့နေ့လယ်ခင်းတွင် သူတို့နောက်ဆုံးတော့ရေတပ်လက်အောက်ရှိကြယ်စုဆီရောက်သွားပြီး ထောက်ပံ့ရေးပစ္စည်းများအတွက်သဘော်ခဏရပ်သည်။


လင်သခင်လေးကားကြယ်စုနယ်မြေကိုပထမဆုံးလာဖူးတာမို့ သဘော်ပေါ်ကဆင်းဖို့ပြင်လိုက်ချိန်တွင် ကောင်းကင်ပေါ်ရှိအဝါရောင်သဲတို့ကြောင့်တောင့်ထဲသွားရသည်။


ဒီနေရာကရာသီဥတုမှာကြမ်းတမ်းပြီး လေထုမှာခြောက်သွေ့ကာဖုန်ထူသည်။ ဒီနေရာမှာသာမန်လူတို့အကြာကြီးနေ​ထိုင်တာကသူတို့၏နှလုံးနှင့်အဆုတ်ကိုပင်ပျက်စီးသွားစေနိုင်သည်။


သခင်လေးကအသန့်ကြိုက်တာမို့ ထိုအကြောင်းတွေးမိပြီးနောက် အောက်မဆင်းခင် ကာကွယ်ရေးတစ်စုံဝတ်သွားဖို့ဆုံးဖြတ်လိုက်သည်။


လုစစ်ကသူ့နောက်မှာရပ်နေပြီး အေးစက်သောအသံနှင့်ပြောလာသည်။

"ရာသီဥတုကဆိုးဝါးလို့လား။ ထောင်သားတွေကိုချုပ်ထားတဲ့နေရာကဒီထက်ပိုဆိုးတယ်။"


လင်ခုံးလု: "...." ဒါကစာရင်းရှင်းတော့မှာလား။


သူဟာ​ရှေ့တန်းနှင့်နီးကပ်လာပြီဟုခံစားမိရင်း ဘော့စ်လု၏စိတ်အခြေအနေမှာသိပ်မမှန်တော့ပေ။


လုစစ်ကသိပ်မပြောပေ။ ဒါကိုပြောပြီးနောက် သူကလူငယ်လေးကိုနက်ရှိုင်းစွာတစ်ချက်စိုက်ကြည့်ကာ သဘော်ပေါ်ကဆင်းသွားသည်။


လင်ခုံးလုထိုနေရာမှာရပ်ကာ မောက်မောက်ကာကွယ်ရေးဝတ်စုံယူလာပေးတာကိုစောင့်နေလိုက်သည်။ ကာကွယ်ရေးဝတ်စုံဝတ်ပြီးနောက် မောက်မောက်ကိုသူနှင့်အတူခေါ်ကာဆင်းလာခဲ့သည်။


"မင်းခုနကလန့်စ်နဲ့စကားပြောခဲ့သေးလား။"

သူကမောက်မောက်နှင့်သာမန်ကာလျှံကာစကားပြောလိုက်သည်။


"ဟုတ်တယ်၊ မြှောင်၊ ဒါပေမဲ့ အဲ့ဒီ့လန့်စ်ကအရမ်းကောက်ကျစ်တာပဲ၊ သူကဆေးဆိုးတဲ့အကြောင်းဘဲဆက်တိုက်မေးပြီး အကြောင်းအရာပြောင်းချင်နေတာ...."


ကာကွယ်ရေးဝတ်စုံမှာဖောက်ထွင်းမြင်ရတာမို့ သူ့ရုပ်ကိုဖုံးကွယ်လို့မရပေ။ စစ်သဘော်ပေါ်ကဆင်းလာသည့်နူးညံ့ပုံပေါ်သောအိုမီဂါကောင်လေးကိုမြင်လိုက်ရရင်း ထောက်ပံ့ရေးစခန်းကဝန်ထမ်းမှာမိန်းမောသွားရသည်။


ဒီနေရာမှာဆိုးဝါးတဲ့ရာသီဥတုရှိသည့်အပြင် ဒိီကိုမကြာခဏလာတိုက်ခိုက်သည့်ရန်သူ့သဘော်နှင့်ကြယ်သူခိုးများရှိတာမို့ တော်တော်လေးမလုံခြုံလှ။ ဒီမှာအလုပ်လုပ်သည့်အယ်ဖာနှင့်ဘီတာအများစုမှာရုပ်ပိုင်းဆိုင်ရာသန်မာကြသည်။


ပုံမှန်အမြင်နှင့်ဘီတာကအဆင်ပြေသည်။ တချို့သောလက်မထပ်ရသေးသည့်အယ်ဖာများမှာမနေနိုင်ဘဲတက်ကြွစွာဖြင့် သူတို့အလုပ်ကိုအခွင့်ကောင်းယူ၍ လင်ခုံးလုကိုတိတ်တိတ်လေးချဥ်းကပ်ကာ စကားပြောဖို့နည်းလမ်းရှာရန်ကြိုးစားနေကြသည်။


ဒီအိုမီဂါကောင်လေးကတစ်ချက်ကြည့်လိုက်ရုံနှင့်မျိုးရိုးမြင့်နဲ့တူနေတာမို့ လိုက်ရမလွယ်လောက်ပေမဲ့ ဘာဖြစ်လဲ။


ဒီတော့တစ်အောင့်ကြာသော် လင်ခုံးလုအနောက်မှာကျန်နေခဲ့သည်။


လုစစ်ဧည့်ကြိုစားပွဲဆီမလျှောက်သွားမီ အနောက်လှည့်ကြည့်လိုက်ပြီးမှ အသာအယာအကြည့်လွှဲကာ လန့်စ်ကိုမေးလိုက်သည်။

"သတင်းပေါက်ကြားသွားပြီလား။"


လန့်စ်ကခေါင်းငြိမ့်ပြသည်။


လုစစ်"အင်း"ဟုဆိုကာ သူ့အိတ်ကပ်ကိုမသိိလိုက်မသိဘာသာထိလိုက်မိပေမဲ့ ဘာကိုမျှမထိမိပေ။


သူဟာစီးကရက်မကြိုက်သူမို့ ဆေးလိပ်သောက်ရတာမကြိုက်ပေ။ သို့သော်ဒီအခိုက်အတန့်မှာ အကြောင်းတချို့ကြောင့် သူရုတ်ခြည်းဆေးလိပ်သောက်ချင်လာမိသည်။


စူပါမက်ခါအနေနှင့် လန့်စ်မှာသူ့သခင်လေး၏ခံစားချက်များကိုအပြုအမူများမှတဆင့်ခွဲခြမ်းစိတ်ဖြာရာမှာအလွန်တော်ပေရာ သူစိတ်မအေးသည်ကိုမြင်လိုက်ရသော် သူ့အတွက်ပြောပေးမိသည်။

"သခင်တကယ်ဒီလိုလုပ်ချင်တာလား။ တိုက်ခိုက်တာမျိုးဖြစ်လာရင်ကော....."


"အဲ့ဒီ့ကြယ်သူခိုးကသူ့ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး။" 

လုစစ်ခေါင်းခါမိပြီး တန့်သွားကာ ကိုယ့်ကိုယ်ကိုဟားတိုက်သည့်နှယ်အသာရယ်မောလိုက်သည်။

"အဲ့ဒါအပြင် အခုသူ့ကရှေ့တန်းကိုခေါ်လာတာကအရင်ဘဝတုန်းကသူ့ရဲ့သစ္စာဖောက်မှုအတွက်လက်တုံ့ပြန်မလို့မဟုတ်ဘူးလား။ ပြီးတော့ငါလည်းသိချင်မိတယ်၊ သူသာအရင်ဘဝကသူ့ချစ်သူနဲ့တွေ့သွားလို့ရှိရင် သူဘယ်လိုဖြစ်သွားမှာလဲ။ မြင်မြင်ချင်းအချစ်လား၊ ဒါမှမဟုတ်....."


သူပြောလို့မပြီးသေးခင် တံခါးအပြင်မှာခပ်ဖွဖွအသံတစ်ခုထွက်လာသည်။


"ဘယ်သူလဲ။"


လုစစ်စကားပြောရပ်လိုက်ပြီး လန့်စ်ကပိုမိုမြန်ဆန်စွာတုံ့ပြန်ကာ လက်မြှောက်၍ သေနတ်ကိုင်လျက်တံခါးကိုတွန်းဖွင့်လိုက်သည်။


တံခါးအပြင်ဘက်မှာ လင်ခုံးလုကပန်းရောင်ကြောင်စက်ရုပ်ကိုချက်ချင်ကောက်ချီကာ တံခါးကိုရှောင်လိုက်သည်။


လင်ခုံးလုမှာရှက်လွန်းပေမဲ့ ကြောက်ချင်ယောင်ဆောင်ရပေလိမ့်မည်။ သူကခြေလှမ်းအနည်းငယ်နောက်ကောက်ကျကျန်နေခဲ့ပြီး လုစစ်ကသူ့အကြောင်းပြောနေတာကိုကြားရလိမ့်မည်ဟုသူမထင်ထားမိပေ။ သူဒီတာဝန်ကိုဘယ်လိုလုပ်ရမလဲ။


သူတို့နှစ်ယောက်မှန်းမြင်လိုက်ရသော် လန့်စ်မှာလက်မြှောက်လျက်သားတစ်အောင့်မျှတန့်သွားရပြီးမှ လုစစ်ကိုကြည့်လိုက်မိသည်။


"မင်းကသောက်ရမ်းကောက်ကျစ်တာပဲ၊ မြှောင်။" AIကသူ့သခင်နောက်လိုက်ကာ လင်ခုံးလုစကားမပြောရသေးခင် မောက်မောက်ကသူ့ကိုယ်စားအပြစ်တင်လိုက်သည်။


လင်ခုံးလုဘာများလုပ်နိုင်မှာတဲ့လဲ။ သူကျည်ဆန်ကိုက်ကာ မယုံကြည်နိုင်ဖြစ်ချင်ယောင်ဆောင်လိုက်ရုံသာတတ်နိုင်သည်။

"မင်း မင်း...."


လုစစ်မှာမျက်နှာအမူအရာကင်းမဲ့နေခဲ့ပေမဲ့ ဒီအခိုက်အတန့်မှာ သူရုတ်တရက်ပြုံးကာ သာမန်ကာလျှံကာလေသံနှင့်နောင်တရစွာပြောလာသည်။

"မင်းသိသွားပြီပဲ။"


သူသက်ပြင်းရှိုက်ကာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ဒီတော့ငါတို့မင်းကိုအရှင်ထားလို့မရဘူး။"


လင်ခုံးလု: "...." သေစမ်း၊ တာဝန်ကမပြီးသေးဘူး၊ လူကအရင်သွားတော့မယ်။


လုစစ်၏မျက်လုံးများအေးစက်သထက်အေးစက်လာပုံကိုမြင်လိုက်ရရင်း သူမောက်မောက်ကိုအော်ပြောလိုက်ရုံသာတတ်နိုင်သည်။

"ပြေး။"


မောက်မောက်မှာဒါကိုကြားသည်နှင့် ပန်းရောင်ကြောင်လက်သည်းများထတ်ုကာ သခင်ကိုသူ့ကျောပေါ်ချက်ချင်းတင်၍ လှည့်ကာပြေးတော့သည်။ ကြောင်ပုံစံအေအိုင်ဘော်ဒီဂတ်အနေနှင့် သူကားအလွန်ပျော့ပြောင်းကာ မြင့်မားစွာဉာဏ်ကောင်းထက်မြက်လှပြီး လျင်မြန်စွာပြေးသွားကာ စက္ကန့်အနည်းငယ်အတွင်းပျောက်သွားသည်။


လုစစ်မျက်လုံးမသိမသာမှေးစင်းကာ သူတို့ပျောက်ကွယ်သွားတာကိုစကားမပြောဘဲရပ်ကြည့်နေမိသည်။


သူအမိန့်မပေးတာကိုမြင်လိုက်ရသော် လန့်စ်မှာသူ၏တည်ရှိမှုကိုတိတ်တိတ်လေးလျှော့ချကာ တည်ငြိမ်စွာဖြင့်....သူတို့ကိုလိုက်ဖမမ်းတော့ပေ။


"ငါသာစောစောသိခဲ့ရင် ဖြေးဖြေးလေးလျှောက်ပြီးတော့ အဲ့ဒီ့အယ်ဖာတွေနဲ့စကားပြောခဲ့ပါတယ်။"

လင်ခုံးလုမှာကြောင်၏ကျောပေါ်မှာလဲလျောင်းရင်း ကိုးကြိမ်မြောက်ငြီးတွားမိသည်။


"ငါတို့အခုဘာလုပ်ကြမလဲ။"

0687လည်းကြက်သေသေလျက်ရှိသည်။


"နေအုံး။" လင်ခုံးလုပြောမိသည်။

"ငါတို့တွေနောက်ကျရင်လာမဲ့bugတွေနဲ့တွေ့ရတော့မှာ၊ ပြီးရင်ငါတို့ဒီပြဿနာကိုဖြေရှင်းဖို့အခွင့်ကောင်းရှာရမယ်။"


လုစစ်ဘာလုပ်မလဲသူအတိအကျမသိပေမဲ့ သူခန့်မှန်းကြည့်လို့ရသည်။


"မကြာခင်လာတော့မယ်မှန်းမင်းဘယ်လိုသိလဲ။"

0687ကမေးသည်။


လင်ခုံးလု: "အဲ့ဒီ့ဖြတ်လျှောက်ကထောက်ပံ့ရေးစခန်းကဆိုရင် လုစစ်ကသူ့ကိုထိန်းချုပ်မှာမဟုတ်ဘူးလား။"


0687: "အမှန်ပဲ။"


လင်ခုံးလု: "ဒါပေမဲ့လည်း လုစစ်ရဲ့ပြန်မွေးဖွားမှုကသူ့ကိုအကြာကြိီးမဖမ်းမိခဲ့ဘူး။ ကြည့်ရတာဒီဖြတ်လျှောက်ကမရိုးရှင်းတဲ့ပုံပဲ။"


"တကယ်တော့ သူ့မက်ခါကထူးခြားတဲ့သတ္ထုနဲ့လုပ်ထားတာမို့ ချက်ချင်းနေရာလွတ်တွင်းပေါက်ဖန်တီးပြီးတော့ထွက်ပြေးသွားလို့ရတယ်။ မင်းနဲ့အတူတံခါးသယ်သွားသလိုပဲ၊ သိပ်မလွယ်ပေမဲ့ ဖမ်းရအတော််ခက်တယ်။"

အရင်ဘဝကိုသေချာပြန်ကြည့်ထားသည့်0687ကပြန်ဖြေလာသည်။


"အံ့သြစရာမရှိဘူး။"

လင်ခုံးလုခေါင်းငြိမ့်မိသည်။

"လုစစ်ကသူ့ကိုသတ်ဖို့အတော်လေးကြိုးစားအားထုတ်ခဲ့ရပုံပဲ။"


"ဟုတ်တယ်၊ ဇာတ်လိုက်မှာအရမ်းသန်မာတဲ့တွက်ချက်မှုစွမ်းရည်ရှိတာမို့ အကြိမ်ပေါင်းများစွာတိုက်ခိုက်ပြီးတဲ့နောက်မှာ တစ်ဖက်လူရဲ့ကူးပြောင်းမှုပုံစံကိုအတိအကျခန့်မှန်းလိုက်န်ိုင်တယ်။ တစ်ချိန်တည်းမှာလဲ သူကသူပေါ်လာနိုင်တဲ့ကူးပြောင်းမှုနေရာသုံးမျိုးမှာဗုံးတွေပစ်ပြီးတော့ သူ့ကိုတစစီလုပ်ပစ်ခဲ့တာ။"


"သနားစရာကနေရာတွေထဲကတစ်ခုကဇာတ်လိုက်နဲ့သိပ်ကိုနီးကပ်နေခဲ့တာမို့ သူတို့နှစ်ယောက်လုံးအဆုံးသတ်မှာအတူသေသွားကြတယ်။ တကယ်တော့ ဇာတ်လိုက်ကတိုက်ခိုက်စရာမလိုပါဘူး။ အဲ့ဒီ့နေရာတွေကိုအကြိမ်အနည်းငယ်ပိုပြီးခန့်မှန်းလို့ရပေမဲ့ သူမလုပ်ခဲ့တာ။"

0687ကနောင်တတချို့နှင့်ပြောလာသည်။


ဇာတ်လိုက်မသေရင် အစကပြန်စဖို့မလိုလောက်ပေ။


လင်ခုံးလု: "ဒါပေမဲ့အဲ့ဒါကလည်း လုစစ်ကအဲ့အချိန်တုန်းကအရမ်းယုံကြည်မှုရှိနေတာမို့ သူ့ခန့်မှန်းချက်ကမမှားလောက်ဘူးဆိုတာသေချာနေခဲ့တာကိုပြနေတာပဲ။ ကျစ်၊ ဦးနှောက်ကAIတစ်ပိုင်းဖြစ်နေတော့တော်တော်လေးခေါင်းမာတာပဲ။"


0687: "သူတကယ်အောင်မြင်သွားတယ်လေ။"


လင်ခုံးလု: "ဒါဖြင့်ရင် ပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာသူဘာလို့မအောင်မြင်သေးတာလဲ။"


0687: "အာ?"


လင်ခုံးလုပြုံးလိုက်မိသည်။

"ကြည့်ရတာဒီbugဘရိုကပုံမှန်မဟုတ်ဘူးပဲ၊ သူလည်း...ပြန်မွေးဖွားလာတာဖြစ်လောက်မယ်။"


0687: "!"


သူ​ပြောနေစဥ် ကောင်းကင်ထက်မှာမက်ခါဒါဇင်လိုက်ရုတ်တရက်ပေါ်လာပြီး သတိမပေးဘဲထောက်ပံ့ရေးစခန်းကိုအပြင်းအထန်တိုက်စစ််ဆင်လာသည်။ တမဟုတ်ချင်းပင် လင်ခုံးလုအနားမှာမီးလျှံများပေါက်ထွက်လာပြီး လေထဲမှာယမ်းမှုန့်အငွေ့တို့ပြည့်နေပေသည်။


"ကြယ်သူခိုးပဲ၊ ခုခံတဲ့တန်ပြန်တိုက်စစ်စနစ်ကိုမြန်မြန်အသက်သွင်းတော့!"

မြေပေါ်ကတစ်စုံတစ်ယောက်ကချက်ချင်းအော်ပြောလာသည်။


လင်ခုံးလု: "သူဒီမှာလို့ပြောလိုက်တော့ဟေ့။"


သူမလှုပ်ဘဲ ယမ်းငွေ့နှင့်တိုက်ပွဲမီးလျှံထဲတွင်ရပ်နေမိသည်။ အခြားသူတို့၏မျက်လုံးထဲတွင် သူကားကြောက်လန့်ကာတုံးအသယောင်။


လုစစ်ကလက်ထဲမှာစစ်သုံးမှန်ဘီလူးကိုင်လျက် နှုတ်ခမ်းပါးပါးကိုတင်းတင်းစေ့ထားပြီး မီးခိုးယမ်းငွေ့ထဲမှာကာကွယ်ရေးဝတ်စုံထံမှကာကွယ်ထားဆဲဖြစ်သည့်လူငယ်လေးအပေါ်သူ့မျက်လုံးကိုကျောက်ချထားသည်။


လင်ခုံးလုမှာထိုနေရာတွင်ဆယ်စက္ကန့်ကြာရပ်နေပြီးမှ သူဟာဦးဆောင်သည့်အနီရောင်မက်ခါ၏အာရုံကိုဖမ်းမိသွားကာ သူဟာထိတ်လန့်တကြားဖြင့်AIဘော်ဒီဂတ်ကြောင်၏နားရွက်များကိုဆုပ်ကိုင်လိုက်မိပြီး နောက်နေရာတစ်ခုကိုညွှန်ပြကာပြောလိုက်သည်။

"မောက်မောက်၊ အဲ့ကိုပြေး။"


မောက်မောက်ကချက်ချင်းနာခံသည်။


ဒါကိုမြင်လိုက်ရသော် အနီရောင်မက်ခါကသူ့အပေါင်းအဖော်များကိုအနောက်မှာထားခဲ့ကာ သူတို့နောက်လိုက်ဖမ်းတော့သည်။


"လန့်စ်!" ဒါကိုမြင်လိုက်ရတော့ လုစစ်နောက်ဆုံးမှာစကားပြောလိုက်သည်။


လန့်စ်မှာအလွန်လျင်မြန်စွာတုံ့ပြန်ပြီး ချက်ချင်းအသွင်ပြောင်းကာ တစ်ဆက်တည်းမှာပင်နေရာလွတ်ထဲမှလက််နက်များတပ်ဆင်လိုက်သည်။


မောက်မောက်ပြေးတာသိပ်ကြာသေးခင် အနီရောင်မက်ခါကသူ့ကိုပိတ်ပင်လာသည်။


"မင်းဘာလို့ပြေးနေတာလဲကွာ?"

တိုက်ခိုက်မည့်အစား သူကပဲ့တင်ခန်းကိုတန်းဖွင့်ကာ လင်ခုံးလုကိုတိုက်ရိုက်ကြည့်လာသည်။


လင်ခုံးလုမှာတုန်ရီချင်ယောင်ဆောင်ထားရပြီး ဒါကိုမြင်သောတစ်ဖက်လူကပြုံးလိုက်ကာ သူ့ခေါင်းဆောင်းကိုတည့်တိုးဆွဲချွတ်လိုက်ရာ ချောမောသောမျက်နှာပေါ်လာပြီး မျက်လုံးမှေးစင်းလျက်ပြောလာသည်။

"တကယ်ကိုမင်းပဲ၊ အတော်လေးကိုကြာခဲ့ပြီ၊ ဒီတော့တကယ့်မင်းအစစ်ကဒီလိုကိုး။"


"သူပြန်မွေးဖွားလာတာဖြစ်လောက်မယ်လို့ငါပြောသားပဲ။"

လင်ခုံးလုကြောက်ချင်ယောင်ဆောင်လိုက်သည်။


0687: "...." ဒီမှာbugတွေတော်တော်များသားနော်။


"ငါမင်းနဲ့နောက်တစ်ခုထပ်လောင်းမယ်။"

လင်ခုံးလုပြောလိုက်ပြန်သည်။


"ဘာကိုလဲ။"

0687မသိလိုက်မသိဘာသာမေးမိသည်။


"သူကငါ့လိုတာဝန်ထမ်းဆောင်သူတစ်ယောက်ပဲ။"

လင်ခုံးလုပြောလိုက်သည်။


ဒီလူ့မျက်လုံးထဲကအထင်သေးရွံရှာမှု၊ ပြီးတော့...ဒီကမ္ဘာကိုအတည်မယူဆတဲ့အဆိုးမြင်ဝါဒမှာ ကမ္ဘာအနည်းငယ်ဖြန်ကျော်လာခဲ့သည့်ဝါနုကစားသမားတချို့ကဲ့သို့ပင်။


0687: "!"


"မဖြစ်နိုင်တာ၊ ဒီကမ္ဘာကမင်းကိုဘဲတာဝန်ထမ်းဆောင်သူအဖြစ်ခန့်အပ်ထားတာလေ။"

သူချက်ချင်းငြင်းဆိုမိသည်။


"အဲ့ဒါကမင်းရဲ့အုပ်ချုပ်သူလက်အောက်ကမဟုတ်ဘူး။"

လင်ခုံးလုပြောလိုက်သည်။

"ကမ္ဘာငယ်လေးတစ်ခုကိုအခြားအင်အားစုတွေကျူးကျော်လာတာဖြစ်ရမယ်၊ မင်းအထက်ကိုတင်ပြပြီးစုံစမ်းစစ်ဆေးတာပိုကောင်းမယ်။"


0687ဒါကိုကြားလိုက်ရချိန်တွင် မနှောင့်နှေးဝံ့ဘဲ ချက်ချင်းတင်ပြလိုက်ပေမဲ့ တစ်ချိန်တည်း၌သူသိချင်နေမိသည်။

"မင်းဘယ်လိုသိတာလဲ။"


"မင်းသာတာဝန်ထမ်းဆောင်တာများလာရင် တဝိုးတဝါးခံစားမိလိမ့်မယ်။"

လင်ခုံးလုပြောလိုက်သည်။

"မင်းရဲ့AIကအခြားAIတွေကိုမှတ်မိသလိုမျိုးပဲ၊ ငါတို့ကကမ္ဘာတွေပိုဖြတ်ကျော်ခဲ့တာမို့ တစ်ခါတလေကျတူညီတဲ့အမျိုးအစားတွေကိုမှတ်မိနိုင်တယ်။ တာဝန်ထမ်းဆောင်သူတွေရဲ့သရုပ်ဆောင်စကေးကဘယ်လောက်ကောင်းကောင်း သူတို့နဲ့နဂိုလူတွေရဲ့ကြားမှာကွဲပြားမှုရှိနေတုန်းပဲ။"


အရေးကြီးဆုံးအရာကား ဒီလူမှာရင်းနှီးကာရွံရှာဖွယ်အငွေ့အသက်ရှိနေပြီး ဒီကမ္ဘာကဟုတ်ပုံမပေါ်။


"ဒါဆိုသူလည်းမင်းကိုမှတ်မိသွားမှာမဟုတ်ဘူးလား။"

0687ရှော့ခ်ရသွားသည်။


"ဒီတော့ သရုပ်ဆောင်စွမ်းရည်ပြိုင်ရမဲ့အချိန်ရောက်ပြီပဲ။"

လင်ခုံးလုသက်ပြင်းချမိသည်။

"လုသခင်လေးဘက်မှာလည်းဖြေရှင်းရမဲ့ပြဿနာရှိသေးတယ်။"


"ဇာတ်လိုက်လာနေပြီ။"

0687ကမသိလိုက်မသိဘာသာအသိပေးမိသည်။


လင်ခုံးလုမျက်လွှာချလိုက်မိသည်။

"အာ။"


စိတ်ဝိညာဥ်ဖလှယ်မှုဖြစ်တာမို့ စက္ကန့်အနည်းငယ်သာကုန်သွားသည်။


ဒီတစ်ခေါက်အနီရောင်မက်ခါကလက်ဆန့်လာပြီး ပဲ့တင်ခန်းမှာထိုင်နေသည့်လူကသူ၏ထူးဆန်းမှုကိုဖုံးကွယ်မနေဘဲပြောလာသည်။

"လာလေ၊ ရှောင်လု၊ ကိုယ့်ဆီလာခဲ့။"


လင်ခုံးလုသည်ကြောင်စက်ရုပ်၏အကာအကွယ်အောက်မှာထိတ်လန့်တကြားအနောက်ဆုတ်လိုက်ပြီး ရုတ်တရက်အကြံတစ်ခုရသွားကာ 0687ကိိုစိတ်ထဲမှာအမိန့်ပေးလိုက်သည်။

"ခပ်လှမ်းလှမ်းကလောင်စာတိုင်ကီတွေကိုမြင်လား။ အဲ့ဒါတွေကိုဖောက်ခွဲပစ်လိုက်။"


"Host၊ မင်းရူးနေတာလား?!"

0687ရှော့ခ်ရသွားသည်။


ထိုအရာကိုဖောက်ခွဲတာကအနီရောင်မက်ခါကိုပျက်စီးသွားစေနိုင်ပေမဲ့ ပေါက်ကွဲမှုလှိုင်းကကာကွယ်ရေးဝတ်စုံသာဝတ်ထားသည့်Hostကိုအများကြီးထိခိုက်သွားစေနိုင်သည်။


"မြန်မြန်လုပ်!"

လင်ခုံးလုတိုက်တွန်းလ်ိုက်သည်။

"ဒါနဲ့ စကားမစပ်၊ ငါနဲ့မောက်မောက်ကိုဂရုစိုက်ပေးအုံးနော်။"


0687မှာရွေးချယ်စရာမရှိပါဘဲဖောက်ခွဲလိုက်ရသည်။


အနီရောင်မက်ခါမှာလင်ခုံးလုကိုအတင်းခေါ်သွားတော့မည့်အချိန်တွင် ရုတ်တရက်ကျယ်လောင်စွာပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုလှိုင်းနှင့်အပူလှိုင်းကလင်ခုံးလုနှင့်မောက်မောက်ကိုမြေပေါ်ချက်ချင်းလဲကျကာအကြိမ်ပေါင်းများစွာလိမ့်သွားစေသည်။


အနီရောင်မက်ခါမှာချက်ချင်းပဲ့တင်ခန်းပိတ်ကာ ဒိုင်းကာအလွှာဖွင့်လိုက်ရသည်။


လင်ခုံးလုလိမ့်ကျနေစဥ် 0687အားမောက်မောက်ကို"ခေါင်းမူးအောင်"လုပ်ခိုင်းလိုက်သည်။


သိပ်မကြာခင် မီးခိုးငွေ့များပျောက်ကွယ်သွားပြီး အနီရောင်မက်ခါမှာအထိအခိုက်မရှိပေမဲ့ လင်ခုံးလု၏ကာကွယ်ရေးဝတ်စုံမှာတစစီပျက်စီးသွားပြီး သူဟာမြေပေါ်သို့ရှက်တက်တက်"မေ့လဲ"ထားရသည်။


သို့သော် သူအတွက်"ခေါင်းမူး"ဖို့သိပ်ကြာဘဲ ဖြည်းညှင်းစွာမျက်စိဖွင့်ကာ သူ့ခေါင်းသူအုပ်ကာ၍ ဘေးပတ်လည်ကိုဗလာသက်သက်ကြည့်မိသည်။


အနီရောင်မက်ခါကခေါင်းခန်းပြန်ဖွင့်လာပြီး အထဲကပိုင်းလော့မှာအဆိုးမြင်နေဆဲဖြစ်ကာ စိတ်ဝင်တစားမေးလာသည်။

"မင်းအဆင်ပြေရဲ့လား။"


လင်ခုံးလု၏မျက်လုံးများမှာသူ့အပေါ်ကျရောက်သွားကာ ဗလာနတ္ထိမေးမိသည်။

"မင်းကဘယ်သူလဲ။ ငါ ငါဒီကိုဘယ်လိုရောက်နေတာလဲ။"


"...Host၊ အဆင်ပြေရဲ့လား။"

0687မှာစိတ်ပူတကြီးမေးမိသည်။


လင်ခုံးလု: "ဆူညံမနေနဲ့တော့၊ ငါbugတွေရဲ့သတိကိုလျှော့ချပြီး လုစစ်ဘက်ကပြဿနာကိုဖြေရှင်းဖို့နည်းလမ်းစဥ်းစားနေတာ။ ပြီးရင်သူ့ကိုတိုက်ခိုက်ပြီးတာဝန်ပြီးအောင်လုပ်ရမယ်။"

အတိတ်မေ့ချင်ယောင်ဆောင်ရမည်၊ ဒါပေါ့ အောင်မြင်လောက်မှာပါ။


ယင်းကားယာယီဟန်ဆောင်မှုဖြစ်ပြီး လုပ်ဆောင်မှုမှာကြမ်းတမ်းကာ ယုံကြည်အားထားမှုမှာနိမ့်ပေမဲ့လည်း လောလောဆယ်အခြားနည်းလမ်းမရှိပေ။ လုစစ်ကပြန်မွေးဖွားလာပြီး သူ့ကိုလက်စားချေချင်သည်ကိုသူမတော်တဆကြားခဲ့ရသည်။ သူသာချက်ချင်းရှင်းပစ်မခံရချင်လို့ရှိရင် တိုက်ခိုက်ပြီးမေ့ချင်ယောင်ဆောင်ရုံသာတတ်နိုင်သည်။


ဒါကိုမြင်လိုက်ရသော် အနီရောင်မက်ခါပေါ်ကပိုင်းလော့မှာသိသိသာသာကိုအလွန်မအံ့သြသွားဘဲ သာမန်ကာလျှံကာပြောလာသည်။

"ကိုယ်ကလုရန်ကျား....."


လင်ခုံးလုနှင့်0687: "....." ဒီနာမည်ကတကယ်မဟုတ်သေးဘူးနော်။


"...ကိုယ်ကမင်းရဲ့သတိုးသားလောင်းပါ၊ ကိုယ်တို့ကတစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတာလေ။"

လုရန်ကျားကတခစ်ခစ်ရယ်လိုက်ပေမဲ့ သူ့မျက်လုံးများမှာတော်တော်လေးမစစ်မှန်လှ။


လင်ခုံးလု: "...."


"အော်၊ အဲ့လိုလား။"

သူဒယိမ်းဒယိုင်ထရပ်ကာ မျက်မှောင်ကြုတ်လျက်မေးမိသည်။


"ဟုတ်တယ်။"

လုရန်ကျားကမက်ခါကိုထိန်းချုပ်ကာ လက်ဆန့်ပေးလာပြန်ပုံမှာ ကလေးကိုချော့မြူနေသည့်လူကုန်ကူးသမားပမာ အပြုံးတစ်ပွင့်နှင့်ပြောလာသည်။

"လာလေ၊ မင်းရဲ့သတို့သားလောင်းဆီလာပါကွာ။"


သို့သော် ကြီးမားသောသံမဏိလက်ဆန့်လာရုံသာရှိသေး ငွေနက်ရောင်မက်ခါကရုတ်တရက်ပေါ်လာပြီး လေဆာဓားရှည်ကိုဝေ့ရမ်းကာဖြင့် ကြီးမားသောလက်ကိုလှမ်းခုတ်လိုက်သည်။


လုရန်ကျား"ဖာ့ခ်"ဟုဆဲလိုက်မိပြီး ၎င်းကလန့်စ်မှန်းမြင်လိုက်ရသော် ချက်ချင်းတွင်းပေါက်ဖွင့်ကာ လှည့်ပြေးသွားတော့သည်။


လင်ခုံးလုမှာကြောက်နေပုံရပြီး နေရာမှာတင်ရပ်နေမိကာ သူ့ရှေ့ကကြီးမားသောမက်ခါကိုဗလာသက်သက်စိုက်ကြည့်နေမိသည်။


နောက်တစ်ခဏအကြာ မက်ခါပေါ်မှလူချောတစ်ယောက်ဆင်းလာသည်။ သူကားခုနကလုရန်ကျားထက်အတော်လေးပိုကြည့်ကောင်းပေမဲ့ သူ့မျက်လုံးများမှာနွေးထွေးခြင်းမရှိ။


လင်ခုံးလုကသူအနားကပ်လာသည်အထိသူ့ကိုဗလာသက်သက်စိုက်ကြည့်နေမိပြီး ထို့နောက်ခြေတစ်လှမ်းမသိလိုက်မသိဘာသာဆုတ်ကာမေးမိသည်။

"မင်းက....ဘယ်သူလဲ။"


လုစစ်: "...." 


"တကယ်အတိတ်မေ့သွားတာလား။" လုစစ်တခစ်ခစ်ရယ်လိုက်ပေမဲ့ သူ့မျက်လုံးထဲမှာအပြုံးမရှိပေ။

"တိုက်ဆိုင်လိုက်တာနော်?"


လင်ခုံးလုအာစေးမိနေပုံမှာ သူပြောတာကိုနားမလည်သည့်အလား။


လုစစ်နောက်ဆုံးမှာသူ့အပြုံးကိုဖိနှိပ်၍ တစ်လုံးချင်းပြောလိုက်သည်။

"ကိုယ်က မင်းရဲ့...သတို့သားလောင်းလေ။"


သိသိသာသာကိုပင် သူဟာခုနကလုရန်ကျားပြောတာကိုကြားသွားခဲ့သည်ပင်။


"တကယ်လား။" လင်ခုံးလုရူးချင်ယောင်ဆောင်ကာပြောလိုက်သည်။

"ငါမယုံဘူး။"


_____________________