Chapter(9)
Viewers 10k

စစ်သဘော်ပေါ်မှာလင်ခုံးလုကဆေးစစ်အခန်းထဲမှာလှဲလျောင်းကာသူ့ခန္ဓာကိုယ်ကိုစစ်ဆေးခံနေရသည်၊ အထူးသဖြင့်သူ့ခေါင်းကိုပင်။


လုစစ်ကဘေးမှာအမူအရာကင်းမဲ့စွာရပ်နေပြီး စစ်ဆရာဝန်၏စစ်ဆေးမှုကိုကြည့်နေရင်း တိုက်ပွဲ၏ရလဒ်အကြောင်းသူ့ငယ်သားတင်ပြနေတာကိုနားထောင်နေလေသည်။


"....ဒီတိုက်ပွဲမှာကြယ်သူခိုး၁၃ယောက်ဖမ်းမိတယ်၊ ကျွန်တော်တို့ဆီမှာအသေအပျောက်မရှိဘူး၊ ဒါပေမဲ့....အနီရောင်မက်ခါလွတ်သွားပြန်ပြီ။"


လုစစ်မှာကြားမကြားမသိပေမဲ့ လက်မြှောက်ကာတစ်ဖက်လူကိုအရင်ထွက်သွားဖို့အချက်ပြလိုက်ပြီးမှ ဆရာဝန်ကိုမေးလိုက်သည်။

"သူဘယ်လိုနေလဲ။"


စစ်ဆရာဝန်ကားဝါရင့်ဆရာဝန်ဖြစ်ပြီး စစ်ဆေးနေချိန်တစ်လျှောက်လုံးမျက်မှောင်ကြုတ်ထားပုံမှာ အခက်တွေ့နေသည့်အလား။


ဒါကိုမြင်သော် လင်ခုံးလုမျက်ရည်ဝဲကာမေးလိုက်သည်။

"ကျွန်တော်ရောဂါနောက်ဆုံးအဆင့်တော့မဟုတ်ဘူးမလား။"


စစ်ဆရာဝန်အိုကြီးကသူ့ကိုတစ်ချက်ကြည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ အကြောက်လွန်သွားတာပါ၊ ပိုအနားယူလိုက်နော်။"


"ဒါဆို ခင်ဗျားမျက်မှောင်ကြုတ်ထားတာက...."


"အော်၊ အကျင့်ပါနေလို့ပါကွယ်။"

စစ်ဆရာဝန်အိုကြီးကဆိုသည်။


လင်ခုံးလု: "......"


"မင်းစိတ်ပူနေလို့ရှိရင် မင်းဟိုကိုရောက်မှအဲ့ဒီ့ကဆရာဝန်ကိုထပ်စစ်ဆေးကြည့်ခိုင်းလိုက်ပေါ့။ အဲ့ဒီ့စခန်းကပစ္စည်းတွေကပိုတိကျမှုရှိတယ်လေ။"

စစ်ဆရာဝန်အိုကြီးကဆိုသည်။


"ဒါဖြင့် သူအတိတ်မေ့တာက...."

လုစစ်ထပ်ပြောလိုက်သည်။


"နည်းနည်းထိခိုက်သွားလို့ မှတ်ဉာဏ်အာရုံကြောကိုဖိမိသွားတာ၊ ဒါပေမဲ့အဆင်ပြေပါတယ်၊ သိပ်မကြာခင်မှတ်မိလာလိမ့်မယ်။"

စစ်ဆရာဝန်အိုကြီးကလျှော့တွက်နေဆဲဖြစ်သည်။


လင်ခုံးလုမှာဒါကိုကြားလိုက်ရချိန်လုံးဝစိတ်သက်သာရာရသွားမိသည်။ ကြည့်ရတာ 0687ကိုဦးနှောက်အခြေအနေလိမ်ခိုင်းလိုက်ရာမှာအောင်မြင်သွားပုံရသည်၊ စစ်ဆေးရေးကိရိယာကဘာမူမမှန်ကိုမျှမတွေ့သွားပေ။


အတိတ်မေ့တာလား? လုစစ်မျက်မှောင်ကြုတ်ကာမေးမိပြန်သည်။

"အဲ့ဒါဘယ်လောက်ကြာမှာလဲ။"


"ပြောရခက်တယ်။"

စစ်ဆရာဝန်အိုကြီးကပစ္စည်းသိမ်းရင်းပြန်ဖြေလာသည်။

"မြန်ရင်ရက်သတ္တပတ်အနည်းငယ်၊ နှေးရင်လအနည်းငယ်ကြာလောက်ပေမဲ့ပြဿနာကြီးကြီးမားမားမရှိပါဘူး။"


လုစစ်: "....."


လင်ခုံးလုကတကယ်အတိတ်မေ့သွားမှန်းအတည်ပြုပြီးနောက် ကြီးမားသောပြဿနာမရှိတာမို့ လုစစ်ကလူကိုအဝေးခေါ်သွားလိုက်သည်။


လင်ခုံးလုကရိုးစင်းသောယုန်ဖြူလေးပမာ အနောက်ကနာနာခံခံလိုက်သွားသည်။


"မင်းကတကယ်ဘဲငါ့သတို့သားလောင်းလား။"

သူခေါင်းမော့ကာ သိချင်စိတ်နှင့်မေးမိသည်။


"အမ်း။"

လုစစ်မဖြေချင်။


ထိုအချိန်တုန်းကသူလိမ်ပြောနေသည်ဟုသံသယဝင်မိကာ သဝန်တိုသွားသည့်အလား သူ့သရုပ်မှန်ကိုတကယ်ကြီးထုတ်ပြောလိုက်မိသည်။ ဦးနှောက်ကဒစ်ဂျစ်တယ်အစိတ်အပိုင်းနှင့်မယှဥ်နိုင်တာမို့ bugရှိလောက်သည်။


သူဗလာကျင်းစွာတွေးမိသည်။


"ဒါပေမဲ့ ပြေးသွားတဲ့လူကလည်းသူကငါ့သတို့သားလောင်းလို့ပြောသွားတယ်၊ ငါ့မှာသတို့သားလောင်းနှစ်ယောက်ရှိတာလား။"

လင်ခုံးလုအလွန်"ရိုးရှင်းစွာ"မေးလိုက်သည်။


"မဟုတ်ဘူး။" 

လုစစ်၏မျက်နှာမှာမှောင်မိုက်သွားသည်။


"အော်။"

ဖြူစင်သောရှောင်လုကတစ်အောင့်မျှတွေးပြီးမှပြောလိုက်သည်။

"ဒါဆို ငါကလူနှစ်ယောက်နဲ့တစ်ပြိုင်တည်းချစ်ကျွမ်းဝင်နေတာပေါ့?"


လုစစ်ရုတ်ခြည်းရပ်လိုက်မိပြီး လင်ခုံးလုမှမရပ်လိုက်မိရာ သူ့ကိုတိုက်ရိုက်ဝင်တိုက်မိပြီး နာသွားသည့်နှာခေါင်းကိုအလျင်စလိုထိကာ ခေါင်းကဇဝေဇဝါဖြစ်လျက်မော့ကြည့်လိုက်မိသည်။


လုစစ်အနောက်လှည့်လိုက်ပြီး သူ့လက်ကိုမြှောက်၍ လူငယ်လေး၏ပိန်ပါးသောပုခုံးပေါ်ဖိတင်ကာ နံရံအစွန်းရောက်သည်အထိ သူ့ကိုတစ်လှမ်းချင်းဖိအားပေးဆုတ်စေကာ ပိတ်ဆို့ထားလိုက်သည်။


"သိချင်လား။"

လုစစ်ခါးကိုင်းကာ သူ့ကိုတန်းတူကြည့်လိုက်ပြီး စိတ်ခံစားချက်စိုးစဥ်းမျှထုတ်မပြပေ။


လင်ခုံးလုမှာအနည်းငယ်ကြောက်နေသည့်အလား အဆင်မပြေဖြစ်နေပုံပင်။


"ဒါဖြင့်ကိုယ်မင်းကိုပြောပြမယ်။"

လုစစ်ဗလာသက်သက်ပြောလိုက်သည်။

"မင်းမှာသတို့သားလောင်းတစ်ယောက်ဘဲရှိတယ်၊ အဲ့ဒါကိုယ်ပဲ။ မင်းရဲ့မိသားစုထဲမှာရုတ်တရက်အပြောင်းအလဲဖြစ်သွားပြီးတော့ မင်းကအပန်းဖြေဖို့ကိုယ်နဲ့အတူရှေ့တန်းကိုလိုက်လာခဲ့ပေမဲ့ မင်းကဖောက်ပြန်ပြီးတော့ လှပတဲ့ကောင်လေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်သွားပြီးတစ်ဖက်လူနဲ့ခိုးရာလိုက်ပြေးချင်ခဲ့တာ။ မင်းကခုနကအဲ့ကောင်လေးနဲ့အတူထွက်ပြေးသွားချင်ခဲ့တဲ့တစ်ယောက်ပဲ၊ ကိုယ်မင်းကိုလက်ပူးလက်ကြပ်ဖမ်းမိခဲ့တာ၊ နားလည်လား။"


လင်ကြက်သေသေနေမိသောလု: "...."

ငါသာမှတ်ဉာဏ်ပျောက်ချင်ယောင်ဆောင်တာမဟုတ်ရင် ယုံကြည်သွားမိလိမ့်မယ်။


လုစစ်စကားပြောလို့ပြီးသွားသော် သူလွှတ်ပေးကာ အနောက်လှည့်၍ စစ်သဘော်၏ထိန်းချုပ်ခန်းဆီဆက်လျှောက်သွားသည်။


လင်ခုံးလုနေရာမှာတင်အေးခဲနေမိကာ သူ့နောက်အလျင်စလိုပြေးလိုက်ရင်း ပြောမိသည်။

"ငါမယုံဘူး။"


လုစစ်သူ့ကိုလျစ်လျူရှုထားမှန်းမြင်လိုက်ရသော် သူပြောလိုက်သည်။

"မင်းကသူ့ထက်ပိုလှတာကို ငါကသူ့ကိုတော့ကြိုက်ပြီးမင်းကိုမကြိုက်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"


လုစစ်: "...."


"မင်းကန်းနေပြီ။" သူမျက်နှာအမူအရာကင်းမဲ့စွာပြောလိုက်သည်။


လင်ခုံးလုမှာတစ်အောင့်မျှနင်သွားရပေမဲ့ဇွဲမလျှော့ဘဲပြောလိုက်သည်။

"မင်းကငါ့ကိုဆိုးဆိုးဝါးဝါးဆက်ဆံလို့ ငါအခြားတစ်ယောက်နဲ့ထွက်ပြေးသွားတာဖြစ်ရမယ်။"


မင်းတော်တော်လေးကျိုးကြောင်းသင့်လှချည်လား။


လုစစ်သူ့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"ကိုယ်မင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။"


လင်ခုံးလု: "တကယ်လား။ မယုံဘူး။"


လုစစ်: "ယုံချင်ယုံ၊ မယုံချင်နေ။"


လင်ခုံးလု: "မင်းသာငါ့ကိုတကယ်ကောင်းကောင်းဆက်ဆံတယ်ဆိုရင် ငါမင်းရဲ့ဖယ်ရိုမုန့်ရနံ့ကိုဘာလို့မရရတာလဲ။"


"?!" လုစစ်မသိမသာတန့်သွားရကာ သူ့မျက်ဝန်းထဲတွင်မယုံကြည်နိုင်ဖြစ်မှုတစ်စွန်းတစနှင့်အတူသူ့ကိုကြည့်လိုက်မိသည်။


"ငါလူကြီးဖြစ်ပြီမလား။"

လင်ခုံးလုံမျက်မှောင်ကြုတ်ကာပြောမိသည်။

"တားဆေးရေရှည်ထိုးသွင်းတာကမင်းရဲ့ကျန်းမာရေးအတွက်မကောင်းဘူးလေ။ ငါကလူကြီးဖြစ်တဲ့အပြင် ငါ့ကိုကောင်းကောင်းဆက်ဆံတဲ့သတို့သားလောင်းရှိနေမှတော့ မိတ်လိုက်ပြဿနာကိုရှောင်ဖို့ မင်းငါ့ကိုဘာလို့ယာယီအမှတ်အသားမပေးရတာလဲ။"


လုစစ်: "...." မင်းကအိုမီဂါနော်၊ မင်းဘာပြောနေမှန်းသိရဲ့လား။


သူရှုပ်ထွေးနေပုံရကာပြောလိုက်သည်။

"ကိုယ်မင်းကိုပိုလေးစားလို့လေ။"


ဒါကအတိတ်မေ့တာလား။ ဒါကရူးသွားတာနဲ့ပိုမတူဘူးလား။


"မင်းဘယ်လောက်...မှတ်မိလဲ။"

လုစစ်မေးလိုက်သည်။


လင်ခုံးလုစဥ်းစားချင်ယောင်ဆောင်ကာပြောလိုက်သည်။

"ငါမှတ်မိတာက...ငါကဒီနှစ်မှာအထက်တန်းစီနီယာကျောင်းသားမို့လို့ ငါလူကြီးတစ်ယောက်ဖြစ်လာတော့မှာ။ မနက်ဖြန်အိမ်ကိုဧည့်သည့်တစ်ယောက်လာမယ်လို့ပါးပါးကပြောတယ်။ သူကသူ့သူငယ်ချင်းဟောင်းရဲ့သားဆိုပဲ။ သူ့နာမည်က....."


"လုစစ်?" လုစစ်သူ့အစားထပ်ပေါင်းပြောလိုက်သည်။


"ဟုတ်တယ်။" လင်ခုံးလုချက်ချင်းခေါင်းငြိမ့်ကာပြောမိသည်။

"မနက်ဖြန်ကောင်းကောင်းနေဖို့ ပါးပါးကငါ့ကိုပြောတယ်။"


လုစစ်၏မျက်နှာထားမှာရှုပ်ထွေးလျက်ရှိသည်။ ကောင်လေး၏မှတ်ဉာဏ်သူတို့ပြန်မတွေ့ခင်အချိန်ကိုပြန်ရောက်သွားပြီး သူ့ကိုလုံးဝမမှတ်မိပေ။ ဒီလိုတိုက်ဆိုင်မှုမျိုးရှိလို့လား။


ဒါကတကယ်....သိပ်ကိုစိတ်ဝင်စားစရာကောင်းတယ်။


"ဒါနဲ့စကားမစပ်၊ မင်းနာမည်ကလုစစ်လား။" လင်ခုံးလုမှာစပ်စုတတ်သောကလေးလေးအဖြစ်ဟန်ဆောင်နေဆဲဖြစ်ကာ ကိစ္စမျိုးစုံမေးမြန်းနေလေသည်။

"မင်းကတကယ်ဘဲငါ့သတို့သားလောင်းလား။ ဒါဆိုမင်းရဲ့ဖယ်ရိုမုန်းကဘာရနံ့လဲ။ ငါတို့ပြန်နားလည်အောင်လုပ်ဖို့လိုအပ်တယ်လို့ငါထင်တယ်၊ ငါကလိမ္မော်သီးအနံ့ကြိုက်တယ်၊ မင်းကကော?"


သူကထိုသို့ဆိုကာ အကောင်ငယ်လေးပမာ ခြေဖျားထောက်ကာရှူကြည့်လာသည်။


"ဟင့်အင်း။" လုစစ်သူ့ကိုတွန်းထုတ်လိုက်မိပြီး လူငယ်လေး၏နစ်နာကာပဟေဠိဖြစ်နေသည့်မျက်နှာထားကလန်းဆန်းတက်ကြွလာသည်ဟုခံစားလိုက်ရသည်။


မှတ်ဉာဏ်ပျောက်သွားသောကောင်လေးကတကယ်တမ်းသူ့ကိုမုန်းတီးခြင်းမရှိဘဲ ငှက်ပေါက်စလေးပမာ သူ့ကိုအနည်းငယ်မှီခိုအားထားလာပေသည်။


သူကသူ့ကိုအရမ်းမုန်းခဲ့ဖူးခဲ့ပေမဲ့ အခုသူကသူ့အပေါ်အမြင်ကောင်းရှိနေတာမို့ သူသာမှတ်ဉာဏ်ပြန်ရလာတဲ့အချိန်ကျရင်....


ကိစ္စများမှာစိတ်ဝင်စားစရာကောင်းလာပြီဟုလုစစ်ရုတ်ခြည်းခံစားလိုက်ရသည်။


သူလက်မြှောက်ကာ ကောင်လေး၏ခေါင်းကိုပွတ်လိုက်ပြီး သူ့အသံမှာပိုမိုနူးညံ့လာကာပြောလိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်မင်းကိုလိမ်ခဲ့တာ။"


လင်ခုံးလု: "...."


"မင်းမဖောက်ပြန်ခဲ့ပါဘူး။ ကိုယ်တို့ကအရမ်းချစ်ကြပြီးတော့သိပ်မကြာခင်လက်ထပ်ကြတော့မှာ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းရဲ့အစ်ကိုကြီးကိုမေးပြီးတော့အတည်ပြုလို့ရတယ်။"

လုစစ်မျက်လုံးဖွင့်လျက် ပေါက်ကရစကားများပြောနေပေသည်။

"ဒါပေမဲ့လည်း မင်းမိသားစုမှာတစ်ခုခုဖြစ်သွားခဲ့တယ်။ မင်းကကူညီချင်လို့ မင်းကိုရှေ့တန်းကိုခေါ်သွားပြီးတော့အတူစုံစမ်းစစ်ဆေးဖို့ကိုယ့်ကိုတောင်းဆိုခဲ့တာ။"


"ခုနကသဘော်ဆိုက်ကပ်တုန်းက မင်းကိုယ့်စကားနားမထောင်ဘဲ သဘော်ပေါ်ကဆင်းသွားပြီး လျှောက်ပြေးနေတာ။ မင်းအဲ့ဒီ့ကြယ်သူခိုးတွေဖမ်းတာခံရလုနီးပါးဖြစ်သွားပြီးတော့ မင်းမှတ်ဉာဏ်ပျောက်သွားတာပဲ။ ကိုယ်ဒေါသထွက်သွားတာမို့ မင်းကိုခြောက်ဖို့စကားလုံးအနည်းငယ်ပြောလိုက်မိတာ၊ ရှောင်လုကိုယ့်ကိုအပြစ်မတင်ဘူးမလား။"


လင်ခုံးလု: "....." ဘော့စ်၊ မင်းကတကယ်တော်တဲ့သရုပ်ဆောင်ပဲ။


"မတင်ပါဘူး။"

ရှောင်လုရိုးရှင်းစွာခေါင်းခါကာပြောလိုက်သည်။

"မင်းကငါ့အတွက်စိတ်ပူနေခဲ့တာလေ။"


"ဟုတ်တယ်။" လုစစ်မှာသူ၏တုံ့ပြန်ပုံကိုအလွန်ကျေနပ်သွားရပြီး အရူးလုပ်ပြီးနောက် အနောက်လှည့်ကာဆက်လျှောက်သွားသည်။


သို့သော် ခြေနှစ်လှမ်းသာလျှောက်ရသေးစဥ် သူ့လက်မှာပိန်သွယ်သောလက်တစ်ဖက်ထံမှရုတ်ခြည်းဆုပ်ကိုင်ခံလိုက်ရရာ လုစစ်တောင့်ခဲသွားရသည်။


သူ၏ထူးဆန်းမှုကိုသတိထားမိသည့်အလား လင်ခုံးလုခေါင်းမော့ကာ သူ့ကိုပြုံးပြပြီးမေးလိုက်သည်။

"ဘာဖြစ်လို့လဲဟင်။"


"ဘာ...ဘာမှမဖြစ်ပါဘူး။" လုစစ်တည်ငြိမ်စွာအကြည့်ပြန်ရုတ်လိုက်ပြီး သူ့လက်ကိုပြန်ရုတ်လိုက်ချင်ပေမဲ့ မသင့်တော်ဟုခံစားမိရာ အောင့်အီးထားရသည်။


ဒီခံစားချက်မှာအလွန်ထူးဆန်းလှသည်၊ အိုမီဂါ၏လက်ကသေးငယ်ကာနူးညံ့နေတာပဲ.....


သူ့ညာလက်မောင်းတစ်ခုလုံးတောင့်တင်းနေသည်ကိုလုစစ်ခံစားမိလိုက်သည်။


နောက်ဆုံးထိန်းချုပ်ခန်းဆီလျှောက်သွားပြီးနောက် နောက်ဆုံးမှာကောင်လေးကိုလွှတ်ပေးဖို့ဆင်ခြေရှာတွေ့သွားတာမို့ စိတ်သက်သာရာရစွာပြောမိသည်။

"ဒီမှာခဏစောင့်နော်၊ မင်းရဲ့ကြောင်စက်ရုပ်ဘော်ဒီဂိတ်ပြန်ပြင်ပြီးပြီလား ကိုယ်သွားကြည့်လိုက်အုံးမယ်။"


လင်ခုံးလု: "ဝေ့၊ ငါ့မှာဘော်ဒီဂိတ်ရှိတယ်ပေါ့? အတူသွားလို့မရဘူး။"


"မရဘူး။" လုစစ်ချက်ချင်းငြင်းလိုက်မိပြီး သူ့လေသံမှာအနည်းငယ်ခက်ထန်သွားသည်ဟုခံစားမိလိုက်ကာ ဖြည်းဖြည်းပြောလိုက်သည်။

"ဒီမှာကိုယ့်ကိုလိမ်လိမ်မာမာလေးစောင့်နေနော်။"


လင်ခုံးလုကားအလွန်ရိုးရှင်းတာမို့ သူကနာနာခံခံရှိသည်ပင်။


သူထွက်သွားပြီးနောက် 0687ကသူ့စိတ်ထဲမှာသက်ပြင်းချလာသည်။

"ဒီပြဿနာနောက်ဆုံးတော့ပြီးသွားပြီပဲ။"


လင်ခုံးလု: "ဟုတ်တယ်။"


"အင်း၊ Host။"

0687ကတင်ပြလာသည်။

"မင်းအစောကပြောတဲ့အခြေအနေကိုငါတင်ပြလိုက်တော့ စုံစမ်းစစ်ဆေးမှုကအချိန်ယူရမှာမို့ မင်းကိုအရင်လိုက်လျောညီထွေဖြစ်အောင်လုပ်ခိုင်းမယ်လို့အထက်ကပြောတယ်။ အဲ့ဒီ့...ခေါင်းဆောင်ကလည်းပြောသေးတယ်၊ အထူးအခြေအနေအနေနဲ့ ဒီကမ္ဘာမပျက်စီးသရွေ့ မင်းလွတ်လွတ်လပ်လပ်ကစားလို့ရပြီးတော့ ဇာတ်ညွှန်းအတိုင်းအတိအကျလိုက်လုပ်စရာမလိုဘူးတဲ့။ ဒီတစ်ခေါက်ပျက်စီးသွားရင် ပြန်စဖို့အခွင့်အရေးမရှိတော့ဘူး။"


လင်ခုံးလု: "...." လက်ရှိအခြေအနေမှာ ဇာတ်ညွှန်အတိုင်းအတိအကျလိုက်ကဖို့မဖြစ်နိုင်ဘူးလို့ငါထင်သားပဲ။


0687: "ပြီးတော့ အဲ့ဒီ့bugရှိ...."


"သူ့ကိုအခုတော့တစ်ယောက်ထဲလွှတ်ထားလိုက်။"

လင်ခုံးလုပြောလိုက်သည်။


0687: "?"


"သူကပြန်မွေးဖွားလာတဲ့အပြင်တာဝန်ထမ်းဆောင်သူတစ်ယောက်ဖြစ်နေမှတော့ သူ့ကိုအသက်ရှင်လျက်ထားတာအသုံးဝင်နေတုန်းပဲ။"


0687: "အာ?"


"လုစစ်ရဲ့အတိတ်ဘဝကအထုံးကိုဖြေရှင်းဖို့လိုအပ်တယ်၊ ငါဒီအပြစ်တင်မှုကိုအမြဲထမ်းမထားနိုင်ဘူး။ ဒီဟာကိုဖြေရှင်းဖို့ဆိုရင် ငါမစ္စတာbugအပေါ်မှာမှီခိုအားထားရမယ်လေ၊ မင်းကောအဲ့လိုမထင်ဘူးလား။"

လင်ခုံးလုပြုံးလိုက်သည်။


0687: "အိုး။"


"ဒါနဲ့ မောက်မောက်ရဲ့မှတ်ဉာဏ်ချပ်စ်ပြားကိုပြုပြင်မွန်းမံပြီးပြီလား။"

လင်ခုံးလုမေးလိုက်သည်။


"လုပ်ပြီးပြီ။ ငါမှတ်ဉာဏ်ဒေတာတချို့ကိုယာယီပိတ်ထားတာမို့ လန့်စ်နဲ့ဇာတ်လိုက်သေချာပေါက်ဘာမူမမှန်ကိုမှသတိထားမိမှာမဟုတ်ဘူး။"

0687ကချက်ချင်းပြောလာသည်။


"ကောင်းတယ်။"

လင်ခုံးလုစိတ်သက်သာရာရသွားသည်။


သူကမောက်မောက်ကို"နှိပ်စက်ညှင်းပန်း"ချင်တာမဟုတ်ဘဲ ဘစ်ဘော့စ်လုကတကယ်ကိုင်တွယ်ရခက်တာမို့ပင်။


"ငါမောက်မောက်ကိုအသုံးချမိပြီ၊ ငါပြန်သွားတဲ့အခါကျလျော်ကြေးအနေနဲ့အကောင်းဆုံးစွမ်းအင်ကျောက်တုံးတွေဝယ်သွားရမယ်။"


ထိန်းချုပ်ရေးအခန်း၏ဘယ်ဘက်ရှိနားနေခန်းမှာ မောက်မောက်ကသူ့မှတ်ဉာဏ်ဒေတာတစ်စိတ်တစ်ပိုင်းဆုံးရှူံးလိုက်ရကြောင်း လုစစ်ကလန့်စ်ထံမှသိလိုက်ရပြီး သူတစ်ချိန်တည်းစိတ်သက်သာရရကာထူးဆန်းနေမိသည်။


သခင်နဲ့AIနှစ်ခုလုံး"အတိတ်မေ့"သွားကြတာ၊ ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။


"သိပ်မကြာသေးခင်ကမှမှတ်ဉာဏ်ဆုံးရှုံးလိုက်ရတယ်?"

လုစစ်သံသယဝင်မိပြန်သည်။


"အဲ့ဒါထက်။" လန့်စ်ကမဝံ့မရဲပြန်ဖြေလာသည်။ "မဆိုင်တဲ့ဒေတာတချို့လည်းရှိနေတယ်၊ ဒါပေမဲ့ဒီစနစ်ကတစ်ခါတလေဒေတာပျောက်တတ်တာမို့ စစ်တပ်ကဖယ်ရှားပစ်ခဲ့တာ။ ကျွန်တော်AIရဲ့ကိုယ်ရေးကိုယ်တာကိုလေးစားတာမို့ ဖွင့်မကြည့်ခဲ့ဘူး။"


"အင်း။" လုစစ်ခေါင်းငြိမ့်ကာပြောလိုက်သည်။

"အဆင့်ကူမြှင့်ပြီးတော့စနစ်ကိုတိုးတက်အောင်လုပ်ပေးလိုက်။"


"ဇာတ်လိုက်ကသံသယဝင်နေပြန်ပြီ။"

ဒီမြင်ကွင်းကိုမြင်လိုက်သည့်0687ကလင်ခုံးလုဆီချက်ချင်းတင်ပြလာသည်။


လင်ခုံးလု: "...."


လုစစ်ပြန်ပေါ်လာပြီးနောက်ပိုင်း သူ့အကြည့်စူးစူးမှာအနည်းငယ်ပိုမိုအမျှော်အမြင်ရှိလာသည်ပင်။ သူဘာမှမဆိုဘဲ လင်ခုံးလု၏မသိလိုက်မသိဘာသာတုံ့ပြန်မှုကိုစမ်းသပ်ကြည့်လိုက်ရုံသာ။


"...နည်းလမ်းမရှိဘူး၊ ကြည့်ရတာငါတို့ကြီးမားတဲ့လှုပ်ရှားမှုကိုသုံးရမဲ့ပုံပဲ။"

လင်ခုံးလု0687ကိုပြောလိုက်သည်။


သဘော်ကနောက်ထပ်၆နာရီကြာရက်လွှင့်သွားမှာဖြစ်သည်။ ခဏနားချိန် လင်ခုံးလုကခေါင်းအုံးကောက်ကိုင်ကာ လုစစ်၏အခန်းတံခါးကိုသွားခေါက်သည်။


တံခါးပွင့်လာပြီးနောက် စကားတစ်ခွန်းမဆိုဘဲ သူကတစ်ဖက်လူဘေးကဖြတ်ကာ အခန်းထဲဝင်လာလိုက်သည်။


လုစစ်: "....."


သူအနောက်လှည့်ကြည့်လိုက်ရာ လူငယ်လေးကအိပ်ရာပေါ်တက်ကာ သူ့ကိိုလိမ်လိမ်မာမာလေးစောင့်နေသည်ကိုမြင်လိုက်ရသည်။


လုစစ်၏မျက်နှာမှောင်မိုက်သွားကာ မေးမိသည်။

"မင်းဘာလုပ်နေတာလဲ။"


"အိပ်မလို့လေ?"

လင်ခုံးလုကားအပြစ်ကင်းစင်သယောင်။

"ငါတို့ကမကြာခင်လက်ထပ်တော့မှာပဲကို ဘာလို့အတူမအိပ်ရမှာလဲ။"


"မအိပ်ဘူး!"

လုစစ်အံကြိတ်လိုက်မိသည်။


"ဒါပေမဲ့ ငါတို့ရှေ့တန်းကိုရောက်ခါနီးနေပြီလေ။"


"အဲ့တော့?"


"ငါကအိုမီဂါလေ။"

လင်ခုံးလုအလေးအနက်ပြောလိုက်သည်။

"ရှေ့တန်းမှာအယ်ဖာတွေအများကြီးရှိတယ်၊ အန္တရာယ်ကင်းအောင်လို့ ငါမင်းနဲ့အတူနေပြီးတော့ တခြားအယ်ဖာတွေအနားမကပ်အောင် မင်းရနံ့နဲ့မဖုံးထားသင့်ဘူးလား။"


ဒါဘယ်လိုလောဂျစ်ကြီးလဲ။


လုစစ်၏နှဖူးကြောများထောင်လာကာ တံခါးကိုညွှန်ပြ၍ပြောလိုက်သည်။

"အခု ချက်ချင်း ထွက်သွား။"


သူမှားသွားတယ်၊ သခင်လေးကဒီလောက်မောက်မာတာကို ဒီလိုအရာမျိုးလုပ်မယ်တဲ့လား။ အတိတ်မေ့တာ၈၀%မှန်နေတာပဲ!


_____________________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


လန့်စ်: သခင် လုပ်နိုင်လို့လား။


_________________________