Chapter(11)
Viewers 10k

"ကိုကိုကကျွန်တော့်ကိုအလှတရားသုံးပြီးသူ့ကိုဆွဲဆောင်စေချင်တာလား။"


လင်ခုံးလု၏မျက်လုံးများမှာမယုံကြည်နိုင်ဖြစ်မှုအပြည့်နှင့်ပင်၊ သူကွန်ပလိန်းတက်မိသည်။

"အရမ်းမများဘူးလား။ သူကျွန်တော့်ကိုတကယ်ကြိုက်သွားရင်ဘယ်လိုလုပ်မလဲ။ ကိုကိုကကျွန်တော့်ရဲ့စေ့စပ်ထားတဲ့သတို့သားလောင်းလေ၊ ကိုကိုဘယ်လိုလုပ်ပြီးဒီလိုလုပ်နိုင်ရတာလဲ။ ခင်ဗျားဖောက်ပြန်နေတယ်လို့မပြောနဲ့နော်....."


လုစစ်: "....."


သူ့မျက်နှာမှာတမဟုတ်ချင်းမည်းမှောင်သွားရကာ သူဆူငေါက်လိုက်မိသည်။

"ဘာအဓိပ္ပါယ်မရှိတာတွေလဲ။ သူကဘီတာယောင်ဆောင်ထားတဲ့အိုမီဂါပဲ၊ ငါကမင်းကိုသူ့အနားချဥ်းကပ်ပြီးသူငယ်ချင်းဖြစ်ခိုင်းရုံတင်ပဲ၊ မင်းကိုဆွဲဆောင်ခိုင်းနေတာမဟုတ်ဘူး။"


"အိုမီဂါကဘာဖြစ်လို့လဲ။ အိုမီဂါကအိုမီဂါကိုကြိုက်လို့မရဘူးလား။"

လင်ခုံးလုခွန်းတုံ့ပြန်လိုက်သည်။

"အိုမီဂါရဲ့စိတ်ကနူးညံ့သိမ်မွေ့ပြီးတော့ ပိုပြီးစဥ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်။ ကိုကိုမကြားဖူးဘူးလား။ AOကဒီအတိုင်းမျိုးပွားရုံသက်သက်ပဲ၊ OOကမှအချစ်စစ်တဲ့လေ...."


လုစစ်၏နှဖူးမှာအကြောများထောင်လာပြီး သူလှောင်ပြုံးပြုံးလိုက်မိသည်။

"တကယ်ကံဆိုးတာပဲ၊ သူကမင်းရဲ့အနာဂတ်မရီးလောင်းဖြစ်လာလောက်တယ်။"


"မရီးကဘာဖြစ်လို့လဲ။"

လင်ခုံးလုပြောလိုက်သည်။

"ပေါက်စီလောက်အရသာမရှိပေမဲ့ အင်း အင်း....အာ။"


သွားပြီ၊ သရုပ်ဆောင်စွမ်းရည်မှာအလွန်မြန်လွန်းလို့ သူအမှားပြောမိသွားလေပြီ။


တစ်ခုခုမှားယွင်းနေမှန်းအာရုံခံမိသွားရင်း သူအလျင်စလိုဟန်ဆောင်ငိုမနေတော့ဘဲ သူ့မျက်လုံးကိုအုပ်ကာထားသည့်လက်ကိုတိတ်တိတ်လေးအောက်ချလိုက်သည်။


"ဘာဖြစ်တာလဲ။"

လုစစ်သူ့ကိုမျက်လုံးမှေးစင်းကြည့်လိုက်သည်။


"အာ၊ တစ်ဦးတည်းသောအကောင်းဆုံးလူကကျွန်တော့်မရီးပဲ။"

လင်ခုံးလုချက်ချင်းစကားပြောင်းလိုက်ရပြီးမှ သိချင်စိတ်နှင့်မေးမိသည်။

"တကယ်လား။ ဒေါက်တာစုန့်နဲ့ကျွန်တော့်ကိုကြီးက...."


လုစစ်နှာမှုတ်လိုက်မိပြီး လူငယ်လေးက"ကျေးဇူးပြုပြီးကျွန်တော့်ကိုမြန်မြန်ပြောပြပါနော်"ဟူသည့်မျက်နှာထားလုပ်ပြနေပုံကိုမြင်လိုက်ရမှသာ သူ့မှာရှိသည့်အချက်အလက်တချို့ကိုတွန့်ဆုတ်စွာပြောပြလိုက်မိသည်။

"မင်းရဲ့အစ်ကိုကြီးသာမတော်တဆမှုမဖြစ်သွားခဲ့လို့ရှိရင် သူတို့နှစ်ယောက်အတူရှိနေကြလောက်ပြီ။ ဒါပေမဲ့ လက်ရှိမှာမင်းအစ်ကိုကြီးကသူ့ကိုဆွဲမချချင်လောက်ဘူး။"


"ဒီလိုဆိုမှတော့ ဒေါက်တာစုန့်မှာနောက်ထပ်သက်သေတစ်ခုခုရှိနေမယ်ဆိုရင် သူ...."


"သူကအရမ်းသတိရှိတာမို့ ဒီကိစ္စမှာဘယ်သူ့ကိုမှအလွယ်လေးယုံကြည်မှာမဟုတ်ဘူး။"

လုစစ်ပြောလိုက်သည်။

"မင်းအစ်ကိုကြီးရဲ့ငယ်သားတွေကစောင့်ကြည့်မှုအောက်မှုရှိနေပေမဲ့ စုန့်ချင်းရွှီလက်ထဲမှာသက်သေရှိတဲ့အကြောင်းဘယ်သူမှမသိကြဘူး။"


"သူသာသက်သေကိုမပေးရင် မင်းရဲအစ်ကိုကြီးကအများဆုံးအချုပ်ကျရုံလောက်ပဲ၊ ဒါဆိုသူနောက်ပိုင်းကျရင်သူ့ကိုကယ်ဖို့အခွင့်ကောင်းရှာလို့ရတယ်လေ။ ဒါပေမဲ့ သူသာသက်သေကိုပေးလိုက်လို့ရှိရင် သက်သေကမကောင်းတဲ့လူတစ်ယောက်ယောက်ဆီကဖျက်ဆီးခံလိုက်ရတာနဲ့ မင်းရဲ့အစ်ကိုကြီးမှာပြန်လှည့်လာဖို့အခွင့်အရေးရှိမှာမဟုတ်တော့ဘူး။"


"အာ။" လင်ခုံးလုခေါင်းငြိမ့်လိုက်သည်။


"ဒါပေမဲ့မင်းကတော့မတူဘူး။"

လုစစ်သူ့ကိုရုတ်တရက်ကြည့်ကာပြောလိုက်သည်။


လင်ခုံးလုလန့်သွားသည်။


"မင်းကလင်ရွှမ်းလော့ရဲ့ညီငယ်လေးဖြစ်တဲ့အပြင် မင်းကဖြူစင်တယ်(လှည့်စားရလွယ်တယ်)လေ။ မင်းသာစုန့်ချင်းရွှီကိုသွားချဥ်းကပ်လိုက်မယ်ဆိုရင် သူ့ရဲ့မျက်နှာသာပေးမှုနဲ့ယုံကြည်မှုကိုရဖို့လွယ်ကူလိမ့်မယ်။"

လုစစ်ကဆိုသည်။


လင်ခုံးလု: "...." ဆိုတော့ဒီဟာကမင်းငါ့ကိုရှေ့တန်းကိုခေါ်လာတဲ့တကယ့်ရည်ရွယ်ချက်အစစ်အမှန်မလား။


"ဇာတ်လိုက်ကဒီလိုခွေးပဲ။"

နာရီဝက်ကြာပြီးနောက် လင်ခုံးလုမှာမှတ်ပုံတင်ကဒ်နှင့်အတူ စုန့်ချင်းရွှီ၏ရုံးခန်းတံခါးရှေ့မှာရပ်နေရသည်။


"နောက်တစ်ယောက်။"

အထဲမှတစ်စုံတစ်ယောက်အော်ပြောလာတာကိုကြားလိုက်ရသော် သူအလျင်စလိုမျက်နှာထားပြောင်းကာအထဲဝင်သွားလိုက်သည်။


အထဲဝင်လာတာကသူဖြစ်နေမှန်းမြင်လိုက်ရသော် ဒေါက်တာစုန့်မှာသိသိသာသာကိုလန့်သွားပြီး အနည်းငယ်အံ့အားသင့်မိလေသည်။


"ဘာလို့မင်းဖြစ်နေတာလဲ။"

သူအသိပြန်ဝင်လာသော်ပြုံးပြလိုက်သည်။


စုန့်ချင်းရွှီကားအလွန်ကြည့်ကောင်းလှပေမဲ့ လူတို့ကိုပိုင်ဆိုင်ချင်စိတ်အလွယ်လေးဖြစ်စေသည့်လင်းခုံးလုကဲ့သို့အလွန်နူးညံ့ကာလှပခြင်းမျိုးမဟုတ်ဘဲ သူ့မှာပိုမိုသိမ်မွေ့သောအကျင့်စရိုက်ရှိကာ သူပြုံးလိုက်ချိန်တွင် လူတို့မှာမသိလိုက်မသိဘာသာဖြင့်ပိုမိုနီးကပ်ချင်မိသည်။


"ငါပိုကြည့်လေလေ သူကငါ့အစ်ကိုကြီးနဲ့လိုက်တယ်လို့ငါပိုထင်လေလေပဲ။"

လင်ခုံးလုတိတ်တခိုးချီးကျူးလိုက်သည်။


0687: "....."


"ဒါပေမဲ့ ပထမဘဝတုန်းက အစ်ကိုကြီးကသူနဲ့အတူရှိခဲ့ပုံမပေါ်ဘူးလားလို့?"

လင်ခုံးလုမေးလိုက်သည်။


0687: "ပြောရခက်တယ်။ လင်ခုံးလုအတုကဇာတ်လိုက်ကိုချောက်ချတုန်းက လင်ပါးပါးနဲ့လင်အစ်ကိုကြီးကလည်းလုရန်ကျားထိန်းချုပ်တာခံခဲ့ရတယ်။ လင်ပါးပါးကဒေါသကြောင့်နာမကျန်းဖြစ်ပြီး နောက်တစ်နှစ်မှာဆုံးပါးသွားတယ်။ လင်အစ်ကိုကြီးကအချိန်ကာလတစ်ခုစာလောက်ဖမ်းချုပ်ခံခဲ့ရတယ်၊ နောက်ပိုင်းမှာသူ့ကိုတစ်ယောက်ယောက်ကယ်သွားတယ်လေ၊ အခုကြည့်ရတာတော့သူ့ကိုကယ်သွားတဲ့လူကစုန့်ချင်းရွှီဖြစ်လောက်မယ်။"


"ကံမကောင်းမှုမှာကောင်းချီးပေးခံခဲ့ရတာပဲ။"

လင်ခုံးလုဖြေသိမ့်လိုက်သည်။


သို့ပေမဲ့ လင်ခုံးလုအတုအကြောင်းတွေးမိသော် သူမျက်မှောင်ကြုတ်မိပြန်သည်။

"ငါမသေခင်တုန်းက ငါ့အစ်ကိုကြီးနဲ့ပါးပါးအတွက်ပိုက်ဆံချန်ပေးထားခဲ့ပေမဲ့ အတုကအကုန်ယူသွားပြီးတော့ ငါကသူ့ကိုယ်စားအပြစ်တင်ခံနေရတာပဲ။"


ရုံးခန်းထဲတွင် စုန့်ချင်းရွှီမှာအံ့သြသွားပြီးနောက် လင်ခုံးလုကိုထိုင်ရန်ပြောကာညင်သာစွာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ။"


သူကလင်ခုံးလု၏သရုပ်မှန်ကိုသိတာမို့ဖြစ်လောက်သည်၊ သူစကားပြောလာချိန်တွင် သူ၏လေသံမှာပုံမှန်ထက်အနည်းငယ်ပိုညင်သာနေပေသည်။


လင်ခုံးလုနာနာခံခံပြောလိုက်သည်။

"ကျွန်တော့်ခေါင်းနည်းနည်းကိုက်လို့။ ကျွန်တော်အလာတုန်းကT8မှာ ပေါက်ကွဲမှုတစ်ခုကြုံခဲ့ရတယ်။ ဒါကအကျိုးဆက်ဖြစ်လောက်မယ်။"


စုန့်ချင်းရွှီ၏ဖောင်တိန်ထိပ်ဖျားမှာမသိမသာတန့်သွားပြီး ခေါင်း​မော့ကာအံ့သြတကြီးပြောမိသည်။

"ပေါက်ကွဲမှု? ဘယ်လိုဖြစ်ရတာလဲ။ ဒဏ်ရာကပြင်းထန်လား။ ဒါမှမဟုတ်ခေါင်းကိုက်ရုံပဲလား။"


"ကျွန်တော်မှတ်ဉာဏ်နည်းနည်းပျောက်နေတုန်းပဲ။"

လင်ခုံးလုထပ်ပေါင်းပြောလိုက်သည်။

"ကြယ်သူခိုးတိုက်ခိုက်မှုကြောင့် ကျွန်တော်မတော်တဆထိသွားတာ။ အရင်ဒေါက်တာပြောတာကတော့သွေးဖိအားကမှတ်ဉာဏ်အာရုံကြောဆီရောက်သွားတာတဲ့။ ပြင်းထန်တဲ့ပြဿနာမဟုတ်ပါဘူး၊ ဒါပေမဲ့ဒီနေ့ညနေခင်းမှာကျွန်တော်ရုတ်တရက်ခေါင်းထပ်ကိုက်လာတာ...."


"အနီးအနားကကြယ်သူခိုးတွေကိုဖယ်ရှားပြီးပြီလေ၊ သူတို့ကဘယ်လိုလုပ်ပြီးတော့T8မှာပေါ်လာရတာလဲ။"

စုန့်ချင်းရွှီနားထောင်လေလေ သူ့မျက်ခုံးနှစ်ဖက်မှာပိုမိုစုကြုံ့လေလေပင်၊ သူမသိလိုက်မသိဘာသာမေးမိသည်။

"မင်းရှေ့တန်းကိုလာတာကိုမင်းအစ်ကိုကြီးသိလား။"


လင်ခုံးလု: "အမ်။"


"အားနာပါတယ်၊ ကိုယ်ဘာကိုမှမဆိုလိုပါဘူး။"

သူလျှာချော်သွားသည်ကိုအာရုံခံမိရင်း စုန့်ချင်းရွှီအလျင်စလိုရှင်းပြမိသည်။

"တကယ်တော့....ကိုယ်ကမင်းအစ်ကိုကြီးနဲ့သူငယ်ချင်းတွေပါ၊ စိတ်အပူလွန်ပြီး....အဟွတ် အဟွတ်၊ အဲ့ဒါက၊ ဒါမှမဟုတ် ကိုယ်မင်းကိုအရင်ဆုံးစစ်ဆေးကြည့်တာပိုကောင်းမယ်။"


လင်ခုံးလု: "....." အိုင်း၊ ငါမင်းကိုဒီလိုလိမ်ပြောနေရတာတအားရှက်နေပြီရယ်။


စုန့်ချင်းရွှီမှာသူ့ကိုစစ်ဆေးပေးဖို့မလိုပေမဲ့ သူလေးကသူ့ချစ်ရသူ၏ညီငယ်လေးဖြစ်နေသည့်အပြင် အတိတ်မေ့နေသည့်ရိုးရှင်းသောအိုမီဂါလေးဖြစ်နေတာမို့ စုန့်ချင်းရွှီမှာသေချာပေါက်အာရုံပိုစိုက်မိလိမ့်မည်ပင်။


"မင်းစစ်တပ်ထဲမဝင်ခဲ့ဘူးမလား။ မင်းရှေ့တန်းကိုဘာလို့ရောက်လာတာလဲ။"

စုန့်ချင်းရွှီကစစ်ဆေးရေးဌာနသို့သွားရာလမ်းမှာမေးလာသည်။


"ကျွန်တော့်အစ်ကိုကြီးကချောက်ချခံခဲ့ရတာမို့ ကျွန်တော်သက်သေရှာပြီးသူ့ကိုကူညီပေးချင်လို့ပါ။"

လင်ခုံးလုလိမ်လိမ်မာမာလေးပြန်​ဖြေလိုက်သည်။


စုန့်ချင်းရွှီမသိမသာတန့်သွားကာ ပြောလိုက်သည်။

"မင်းပြောတော့မင်းမှတ်ဉာဏ်ပျောက်နေတာဆို?"


"ဟုတ်။"


"ဒါဆိုကိုလိုနယ်လုကမင်းကိုပြောပြတာလား။"


လင်ခုံးလုခေါင်းခါလိုက်မိပြီး နောက်ခေါင်းငြိမ့်လိုက်ပြန်ကာပြောမိသည်။

"သူပြောတယ်၊ ဒါပေမဲ့ကျွန်တော့်ရဲ့AIဘော်ဒီဂတ်ကလည်းအဲ့လိုပြောတယ်။"


စုန့်ချင်းရွှီစိတ်သက်သာရာရသွားပြီးမှ ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။

"မင်းနဲ့အဲ့ဒီ့ကိုလိုနယ်လုက....."


"သူကကျွန်တော်နဲ့စေ့စပ်ထားတာလေ။"

လင်ခုံးလုမှာသူ့မျက်နှာထက်တွင်ပျော်ရွှင်သောမျက်နှာထားနှင့်ချက်ချင်းပြန်​ဖြေလိုက်သည်။


ကော်ရစ်ဒါအဆုံးမှာ လုစစ်ကစစ်တပ်ယူနီဖောင်းနှင့်နံရံကိုမှီလျက်သားဖြင့် သူ့ကိုစောင့်နေပေသည်။ လူငယ်လေး၏မသိမသာဂုဏ်ယူဝံ့ကြွားသောလေသံကိုကြားလိုက်ရသော် သူ့နှလုံးသားမှာမဖော်ပြနိုင်စွာလှုပ်ခတ်သွားပြီး သူ့နှုတ်ခမ်းထောင့်မှာမသိမသာကော့တက်သွားပေမဲ့ ခပ်မြန်မြန်ပြန်ကျသွားပြန်သည်။


သူမျက်မှောင်အသာကြုတ်မိလိုက်ပုံမှာ သူဘာလို့ပျော်ရွှင်သွားမှန်းနားမလည်သည့်အလား။


စုန့်ချင်းရွှီမှာကော်ရစ်ဒါအဆုံးတွင်တစ်ယောက်ယောက်ရှိနေမှန်းသတိမထားမိပေ။ သူ့ညီငယ်လေးမှာစေ့စပ်ထားသူရှိကြောင်းလင်ရွှမ်းလော့ပြောပြတာကိုသူကြားဖူးကာ သူ့မျိုးရိုးကလုဖြစ်ပုံပင်။ ဒါကိုတွေးမိရင်း သူစိတ်သက်သာရာရသွားမိပြန်ကာ သူ့သူငယ်ချင်း၏ညီငယ်လေးကိုရှေ့တန်းလာရန်ဘယ်သူလှည့်စားခဲ့လဲဆိုသည့်အ​ကြောင်းစိတ်ပူမနေတော့ပေ။


ဒီတိုင်း....


သူလူငယ်လေး၏ခေါင်းကိုခပ်ဖွဖွပုတ်ကာ မသိမသာသဘောမတူသည့်လေသံနှင့်ပြောလိုက်သည်။

"သူကမင်းနဲ့စေ့စပ်ထားတာဆိုရင် သူကဘာလို့မင်းကိုကောင်းကောင်းမကာကွယ်ပေးခဲ့တာလဲ။ မင်းခေါင်းကိုက်နေတာကို သူကမင်းဆေးခန်းပြဖို့ မင်းနဲ့အတူမလိုက်လာဘူးလား။"


အိုမီဂါ၊ အိုမီဂါကိုလိုက်ပို့ပေးတာကပုံမှန်ပဲလေ၊ ဒါကသူ့သူငယ်ချင်းရဲ့ညီငယ်လေးဆိုရင်ပြောမနေနဲ့တော့။


လင်ခုံးလုခပ်သွက်သွက်ခေါင်းခါကာ "သူအလုပ်များနေလို့"ဟုပြောဖို့ပြင်လိုက်ချိန်တွင် ကော်ရစ်ဒါအဆုံးမှခပ်ဖွဖွချောင်းဟမ့်သံကိုကြားလိုက်ရသည်။ ထို့နောက်လုစစ်ကခပ်မတ်မတ်ရပ်ကာ သူတို့ဆီလျှောက်လာသည်။


"ကျွန်တော်ဒေါက်တာကိုတွေ့ဖို့ ရှောင်လုနဲ့အတူလိုက်လာပါတယ်။"

လုစစ်သဘာဝကျကျပင်ကောင်ငယ်လေး၏ခေါင်းပေါ်လက်တင်ကာ စုန့်ချင်းရွှီပွတ်သွားသည့်ဆံပင်ကိုပွတ်လိုက်ပြီးမှ ကော်ဖီပူပူနှစ်ခွက်ယူကာပြောလိုက်သည်။

"ကိုယ်သောက်စရာသွားဝယ်တာရယ်။"


လင်ခုံးလု: "...." လူသုံးယောက်ကို နှစ်ခွက်ဘဲဝယ်ခဲ့တယ်လား။


သူ့အပြောကိုလုစစ်ကြားသွားမည်ဟုစုန့်ချင်းရွှီမထင်ထားမိတာမို့ သူအနည်းငယ်ရှက်ရွံ့သွားရသည်။ တကယ်တော့သူအတော်လေးစိုးရိမ်ပူပင်နေမိခြင်းပင်ဉ ပထူးသဖြင့်မနက်ကအင်တာဗျူးကိုပြန်တွေးကြည့်မိချိန်တွင် သူပိုမိုမသက်မသာဖြစ်လာရသည်။


သူစိတ်မသက်မသာဖြစ်နေမှန်းလင်ခုံးလုအာရုံခံမိသွားတာမို့ သူ့လက်ကိုခပ်မြန်မြန်လှမ်းကိုင်ကာပြောလိုက်သည်။

"ဒေါက်တာစုန့်ဗျ၊ အရင်ဆုံးစစ်ဆေးဖို့အထဲဝင်ရအောင်လေ။"


လုစစ်စကားမပြောဘဲ တခစ်ခစ်သာရယ်မောလျက် သူတို့ကိုသွားခွင့်ပေးလိုက်သည်။


စစ်ဆေးနေစဥ်အတောအတွင်း စုန့်ချင်းရွှီမကြာမကြာစိတ်လွတ်သွားသည်မှာ မနက်ကကိစ္စကိုသတိရသွားတာမို့ဖြစ်လောက်သည်။ လုစစ်၏မေးခွန်းကသူ့ကိုတကယ်အဆင်မပြေဖြစ်စေသည်။ တစ်ဖက်လူကတစ်ခုခုသိနေလောက်သည်ဟုသူခံစားနေရသည်။


မင်းသိနေရင်လည်း ဘာလို့သူ့ကိုတည့်တိုးမစစ်မေးရတာလဲ။ ဒါမှမဟုတ် တစ်ဖက်လူကသူ့ကိုကစားနေရုံသက်သက်ပဲလား။


ဒါကိုမြင်လိုက်ရသော် လင်ခုံးလုသက်ပြင်းချမိသည်: လုစစ်ရဲ့လှည့်ကွက်ကငါ့ကိုမျက်နှာပျက်စေတာပဲ၊ သူမျက်နှာပျက်စေတဲ့ပုံကဒေါက်တာစုန့်အပေါ်မှာတကယ်ကြီးစိတ်ပိုင်းဆိုင်ရာဖိအားရသွားစေတာပဲရော်။


"ဒေါက်တာစုန့်၊ ကျွန်တော်ထလို့ရပြီလား။"

သူကားဖြူစင်စွာမေးချင်ယောင်ဆောင်ကာ တစ်ဖက်လူ၏အတွေးများကိုနှောင့်ယှက်လိုက်သည်။


စုန့်ချင်းရွှီအသိပြန်ဝင်လာကာ အလျင်စလိုပြောလိုက်ရသည်။

"အိုး၊ ရပြီလေ။"


သို့သော်လည်း သူစစ်ဆေးမှုရလဒ်ကိုငုံ့ကြည့်မိချိန်တွင် သူတစ်ဖန်အတွေးထဲနစ်သွားပြန်သည်။


"သွေးနည်းနည်းစုတာအပြင် ခေါင်းထဲမှာတခြားမူမမှန်တာဘာမှမရှိပါဘူး။"

သူမျက်မှောင်ကြုတ်လိုက်မိပြီး တာဝန်ရှိသောအမူအရာနှင့်ပြောမိသည်။

"ကိုယ်ထပ်စစ်ဆေးကြည့်ဖို့လိုတယ်။"


လင်ခုံးလု: "...."


ဒါပေမဲ့ ပြဿနာမရှိဘူးဆိုရင် ပြဿနာမရှိဘူးပေါ့။ အတူတူပဲလေ။


"ဘယ်နားကနာတာလဲ။"

စုန့်ချင်းရွှီမှာရွေးချယ်စရာမရှိပါဘဲ လက္ခဏာများနှင့်ပတ်သတ်၍မေးလိုက်ရသည်။

"ရိုးရိုးခေါင်းကိုက်တာဖြစ်မယ်။ အာရုံကြောကိုအားဖြည့်ပေးတဲ့ဆေးတချို့သောက်ကြည့်ပါလား။ မင်းနှစ်ရက်လောက်သောက်ကြည့်၊ ပြီးမှပြန်လာစစ်ဆေးပေါ့။"

လင်ခုံးလုမှာတကယ်တောင့်မခံနိုင်တော့ဘဲ ပြောင်ပြောင်တင်းတင်းပြောလိုက်တော့သည်။

"ဒေါက်တာစုန့်၊ ကျွန်တော်တကယ်တော့ဒေါက်တာ့ကိုလိမ်ပြောခဲ့တာ။"


"ဟမ်?"


"တကယ်တော့ကျွန်တော်ခေါင်းမကိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒေါက်တာ့မှာကိုကြီးကိုကူညီဖို့သက်သေရှိတယ်လို့ကိုကိုအားစစ်ကပြောလို့ပါ။ ကျွန်တော်ခေါင်းကိုက်ချင်ယောင်ဆောင်ပြီး ဒေါက်တာ့နားကပ်လို့ရှိရင် ဒေါက်တာကကျွန်တော့်ကိုကူညီပေးလိမ့်မယ်တဲ့။"


စုန့်ချင်းရွှီ: "......"


"ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော် ကျွန်တော်ကကိုကြီးကိုအရမ်းကူညီချင်ရုံပါ၊ ကျွန်တော်ဒေါက်တာ့ကိုလိမ်မပြောခဲ့သင့်ဘူး....."


0687: "Host၊ မင်းဘာလို့အကုန်ပြောပြလိုက်တာလဲ။"


လင်ခုံးလု: "အာ၊ တစ်ခါတလေကျရင် ရိုးသားပြတာကသာလူတွေရဲ့နှလုံးသားကိုလှုပ်ခတ်စေနိုင်တယ်လေ။ ဘယ်လိုလူမျိုးကိုဘယ်လိုနည်းလမ်းနဲ့ဆက်ဆံသင့်လဲ။"


စုန့်ချင်းရွှီမှာအစကတကယ်ဒေါသအနည်းငယ်ထွက်မိပေမဲ့ သနားစရာမျက်နှာလေးနှင့်ကောင်ငယ်လေးက မျက်နှာထက်မှာစိုးရိမ်ပြီးအပြစ်ရှိသောမျက်နှာထားရှိနေပုံကိုမြင်လိုက်ရသော် သူမသိလိုက်မသိဘာသာနှလုံးသားပျော့ပြောင်းသွားရသည်။


တစ်ဖက်လူကသူ့အစ်ကိုကြီးကိုကူညီချင်ရုံပဲလေ၊ ရ​ည်မှန်းချက်ပန်းတိုင်ကသူနဲ့အတူတူပဲမဟုတ်ဘူးလား။ မှားလို့ရှိရင် မကောင်းတဲ့အကြံနဲ့ရောက်လာတဲ့ကိုလိုနယ်လုရဲ့အမှားပဲပေါ့။


စုန့်ချင်းရွှီသက်ပြင်းချကာ တစ်ဖက်လူ၏ခေါင်းလေးကိုပုတ်လျက်ပြောလိုက်သည်။

"ရပါတယ်၊ ဒါပေမဲ့အနာဂတ်မှာဒီလိုထပ်မလုပ်နဲ့တော့နော်။"


လင်ခုံးလု"ဟုတ်"ဟုဆိုကာခေါင်းငြိမ့်ပြလိုက်ပြီး မျှော်လင့်တကြီးမေးလိုက်သည်။

"ဒါဆို....ဒေါက်တာစုန့်၊ ဒေါက်တာ ကိုကြီးကိုကယ်ပေးလို့ရလားဟင်?"


စုန့်ချင်းရွှီတိတ်ဆိတ်သွားရပြီး အတော်ကြာမှပြောမိသည်။

"ရှောင်လု၊ ရက်အနည်းငယ်အတွင်းမှာကိုယ်မင်းအတွက်ဒီမေးခွန်းကို​ဖြေပေးမယ်နော်၊ ဟုတ်ပြီလား။"


"ကြည့်ရတာတော့အပြန်အလှန်ရိုးသားစစ်မှန်မှုနဲ့ဆက်ဆံတာကကျရှုံးသွားပုံပဲ။ ဒေါက်တာစုန့်ကမင်းကိုမယုံသေးဘူး။"


လင်ခုံးလု: "သူမယုံတာကငါ့ကိုမဟုတ်ဘူး၊ လုစစ်ကိုပဲ။"


0687ချက်ချင်းနားလည်သွားကာပြောမိသည်။

"ဇာတ်လိုက်ရဲ့ရည်ရွယ်ချက်ကမသန့်စင်ဘဲ သူမင်းကိုသက်သေပေးလိုက်ပြီးနောက်ပိုင်းမှာ ဇာတ်လိုက်လက်ထဲကျသွားမှာကိုသူစိုးရိမ်နေတာပဲ။"


လင်ခုံးလု: "ဒီတော့ငါတို့ဒေါက်တာစုန့်ကိုစဥ်းစားဖို့အချိန်ပေးရမယ်လေ။"


နောက်ရက်အနည်းငယ်မှာ လင်ခုံးလုကစုန့်ချင်းရွှီကိုမကြာခဏသွားတွေ့လေ့ရှိပြီး တစ်ဖက်လူကသူ့ကိုကြိုဆိုလေသည်။


စုန့်ချင်းရွှီကားဘီတာယောင်ဆောင်နေသော်လည်း သူ၏တကယ့်လိင်အမျိုးအစားမှာအိုမီဂါဖြစ်သည်ပင်။ အိုမီဂါနှင့်အိုမီဂါတို့အတူရှိကြချိန်တွင် ပုံမှန်ခေါင်းစဥ်အကြောင်းအရာတို့ကိုပြောဆိုရန်လွယ်ကူစမြဲပင်။ အထူးသဖြင့်လင်ခုံးလုဟာသူ့သူငယ်ချင်းကောင်း၏ညီငယ်လေးဖြစ်နေသေးပေရာ သူဟာလည်းသူ့ကိုအနည်းငယ်ပိုဂရုစိုက်ချင်မိသည်။


သို့ဖြစ်၍ သူတို့နှစ်ယောက်မှာခွဲမရသော"သူငယ်ချင်းများ"ဖြစ်လာရန်သိပ်မကြာလိုက်ပေ။


လုစစ်မှာတစ်ခုခုမှားနေသည်ဟုခံစားနေရသည်။ သူသည်သခင်လေးအားဒေါက်တာစုန့်နှင့်မကြာမကြာအဆက်အသွယ်လုပ်ဖို့ပြောခဲ့ပေမဲ့ ဒီအဆက်အသွယ်လုပ်မှုကဒီရက်တွေမှာနည်းနည်းပိုစိတ်မနေဘူးလား။


သူဖြတ်သွားချိန်တိုင်းသူတို့နှစ်ယောက်အတူရှိနေသည်ကိုမြင်နေရသည်။


မျက်စိတစ်မှိတ်အတွင်း၌ လင်ခုံးလုပြောခဲ့သည့်စကားကလုစစ်စိတ်ထဲမှာဖျတ်ခနဲပေါ်လာသည်: AOကဒီအတိုင်းမျိုးပွားရုံသက်သက်ပဲ၊ OOကမှအချစ်စစ်။


မဟုတ်.....လောက်ပါဘူး?


လင်ခုံးလုကစုန့်ချင်းရွှီကိုပျော်ပျော်ကြီးသွားရှာပြန်​ကြောင်းသူမြင်လိုက်ရချိန်တွင် ဒီကိစ္စ၏လေးနက်မှုသူနောက်ဆုံးမှာသဘောပေါက်သွားတော့သည်----


ဒီလိုသာဆက်သွားနေရင် လင်ရွှမ်းလော့ကသူ့ဇနီးကိုတကယ်ဆုံးရှုံးသွားလောက်တယ်။


_______________________________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


လင်ရွှမ်းလော့: ?? မင်းကမှမင်းရဲ့ဇနီးလေးကိုဆုံးရှုံးရတော့မှာမဟုတ်ဘူးလား။


____________________________________