"နေအုံး။"
အပြင်သွားဖို့ပြင်နေသည့်လင်ခုံးလုကိုလုစစ်လှမ်းခေါ်ကာမေးလိုက်သည်။
"မင်းဘယ်သွားမလို့လဲ။"
"ကိုကိုချင်းရွှီကကျွန်တော့်ကိုညစာလိုက်ကျွေးချင်တယ်ဆိုလို့ ကျွန်တော်သူတို့ဆိုင်မှာစောင့်နေမလို့လေ။"
လင်ခုံးလုပြောလိုက်သည်။
"ဘာဖြစ်လို့လဲဟင်?"
ကိုကိုချင်းရွှီ?
လုစစ်အနည်းငယ်ချဥ်တူးသွားရကာ ထိုအကြောင်းတွေးကြည့်လိုက်ပြီးနောက် သူ့ကိုအသိပေးလိုက်သေးသည်။
"သူကအိုမီဂါနော်။"
"သိတယ်လေ။"
လင်ခုံးလုခေါင်းငြိမ့်ပြလိုက်သည်။
လုစစ်နှုတ်ဆိတ်သွားပြီးမှပြောလိုက်သည်။
"သူကမင်းကိုကြီးရဲ့ချစ်သူဖြစ်နေတုန်းပဲနော်။"
"သိတယ်လေ။"
လင်ခုံးလုပဟေဠိဖြစ်သောမျက်နှာထားဖြင့်မေးလိုက်မိသည်။
"ကိုကိုဘာပြောဖို့ကြိုးစားနေတာလဲ။"
လုစစ်: "....ဘာမှမဟုတ်ဘူး။"
ထားလိုက်တော့၊ သူအတွေးလွန်သွားတာပဲ။
သို့သော် သခင်လေးမှာ"ဘာမှမဟုတ်ဘူး"ဟုကြားလိုက်ရချိန်တွင် ဘာမေးခွန်းမှထပ်မမေးတော့ဘဲ ချက်ချင်းပျော်ပျော်ကြီးပြေးထွက်သွားလိုက်သည်။ လူစစ်သည်းညည်းခံပေမဲ့ မအောင့်အီးနိုင်ဘဲသူ့ကိုလှမ်းခေါ်လိုက်မိပြန်သည်။
"မင်းဒီရက်ပိုင်းစုန့်ချင်းရွှီနဲ့တအားနီးကပ်မနေဘူးလား။"
"?" လင်ခုံးလုတန့်သွားကာ ခေါင်းလှည့်၍ သံသယဝင်စွာမေးမိသည်။
"ကိုကိုပဲကျွန်တော့်ကိုသူ့အနားကပ်ခိုင်းခဲ့တာမဟုတ်ဘူးလား။"
"ဟုတ်တယ်၊ ဒါပေမဲ့ငါမင်းကိုမဖက်ခိုင်းဘူးလေ။"
လုစစ်မသိလိုက်မသိဘာသာပြောလိုက်မိပြီးမှ မျက်မှောင်ကြုတ်လျက်အနည်းငယ်ဝေခွဲမရဖြစ်သွားသည်။
လင်ခုံးလုသည်လည်းပဟေဠိဖြစ်သွားကာ ထိုအကြောင်းဂရုတစိုက်တွေးကြည့်ပြီး အံ့သြတကြီးပြောမိသည်။
"မနေ့ညနေကကိစ္စကိုပြောတာလား။ အဲ့ဒါကကျွန်တော်လှေကားပေါ်ကချော်ကျလုနီးပါးဖြစ်သွားလို့ သူကျွန်တော့်ကိုကူထိန်းပေးခဲ့တာရယ်။"
ပြောပြီးနောက် သူမနေနိုင်ဘဲလုစစ်ဆီအနည်းငယ်တိုးကပ်ကာ သိချင်စိတ်ဖြစ်စွာမေးလိုက်မိသည်။
"ကိုကိုအားစစ်၊ ကိုကိုသဝန်တိုနေတာလား။"
လူငယ်လေး၏လှပသောမျက်နှာကသူ့ရှေ့မှာမထင်မှတ်ထားစွာပေါ်လာလေရာ လုစစ်မှာမနေနိုင်ဘဲအသက်အောင့်လိုက်မိသည်။
ခဏတန့်သွားပြီးမှ သူဖြည်းဖြည်းချင်းအကြည့်လွှဲလိုက်ပြီး သူ့လေသံမှာအနည်းငယ်တောင့်တင်းလို့နေသည်။
"ငါကမင်းကိုအသိပေးချင်ရုံပဲ၊ အဆုံးမှာတော့သူကအခြားသူတွေရဲ့မျက်လုံးထဲမှာဘီတာတစ်ယောက်ဖြစ်နေတာမို့ မင်း....အာရုံစိုက်တာပိုကောင်းမယ်၊ ပြီးတော့...."
"ကိုကိုကကျွန်တော့်ရဲ့သတို့သားလောင်းလေ။"
လင်ခုံးလုသဘာဝကျကျအဖြေပေးလိုက်သည်။
လုစစ်ရှင်းပြမိသည်။
"....ကိုယ်အဲ့လိုပြောချင်တာမဟုတ်ဘူး။"
လင်ခုံးလု: "နားလည်ပါတယ်၊ ကျွန်တော်နားလည်ပါတယ်။"
လုစစ်: "...." မင်းဘာကိုနားလည်တာလဲ။
လူငယ်လေးတစ်ဖန်ထွက်သွားပြီးနောက်ပိုင်း လုစစ်မှာမသိလိုက်မသိဘာသာဖြင့်သူ့မျက်ခုံးနှစ်ခုအလယ်ကိုဖျစ်ညှစ်မိလျက် သူဘာဖြစ်နေမှန်းသိချင်နေမိသည်။ မှားပြီးရင်းမှားနေတော့တာပဲ။
ဧည့်ခန်းအပြင်၌ အားသွင်းကြိုးရှာဖို့ထွက်လာသည့်လန့်စ်နှင့်မောက်မောက်မှာဒီမြင်ကွင်းကိုမတော်တဆမြင်သွားပြီး တစ်ဖန်စုဝေးလျက် တိတ်တိတ်လေးတီးတိုးပြောမိကြသည်။
မောက်မောက်: "ဒါကဘာရှိုးတုန်း?"
လန့်စ်: ""ပင်လယ်မှာလှိုင်းထလာချိန်မှာ ငါ့မှာရေသူထီးဇနီးလေးရှိလာတယ်"။"
မောက်မောက်: "အိုး၊ မန်ဘာဝင်ထားလား။"
လန့်စ်: "အွန်း။"
မောက်မောက်: "အတူကြည့်ကြစို့။"
လုစစ်: "...." မင်းတို့နှစ်ကောင် ငါနားလေးနေတယ်ထင်နေတာလား။
"လန့်စ်!" သူမည်းမှောင်သောမျက်နှာနှင့်လှမ်းခေါ်လိုက်သည်။
လန့်စ်မှာဧည့်ခန်းထဲသို့ပူဆွေးစွာလျှောက်ဝင်သွားရသည်။
လုစစ်ကဆိုဖာပေါ်မှာထိုင်လျက် သူ့ကိုတစ်ချက်စိုက်ကြည့်ကာ လှောင်ပြုံးတစ်ပွင့်နှင့်ပြောလိုက်သည်။
"ဗီဒီယိုဝက်ဘ်ဆိုက်မှာမင်းပိုက်ဆံဘယ်လောက်ဖြုန်းခဲ့လဲ။"
လန့်စ်: "....."
သူဂရုတစိုက်ဖြင့်လက်ငါးချောင်းထောင်ပြလိုက်မိသည်။
လုစစ်: "......"
တစ်အောင့်ကြာတိတ်ဆိတ်သွားပြီးမှ သူပြောလိုက်သည်။
"အကောင့်တွေအကုန်ပိတ်လိုက်တော့၊ အနာဂတ်မှာမင်းဒါတွေကိုကြည့်ခွင့်မရှိတော့ဘူး။"
လန့်စ်: "?!!" ကောင်းကင်ပြာမှမိုးချုန်းသံတစ်ချက်!
စားသောက်ဆိုင်၏တတိယထပ်တွင် လင်ခုံးလုကစုန့်ချင်းရွှီနှင့် စားသောက်ရင်းစကားပြောလျက်ရှိသည်။
သူသည်အရင်ရက်အနည်းငယ်မှာစုန့်ချင်းရွှီနှင့်အလွန်ရင်းနှီးလာသော်ငြား တစ်ဖက်လူကသက်သေပေးမည့်အရိပ်အယောင်မရှိပေ၊ သိသိသာသာကိုစဥ်းစားနေဆဲပင်။
ဒေါက်တာစုန့်ကိုစိတ်ပြောင်းအောင်လုပ်ဖို့အခွင့်အရေးတစ်ခုလိုအပ်ပုံပင်။
လင်ခုံးလုတိတ်တခိုးတွေးကြည့်လိုက်ပေမဲ့ ထိုအခွင့်အရေးမှာသိပ်မကြာခင်ရောက်လာမည်ဟုမထင်ထားပေ၊ သို့သော်၎င်းမှာသူလိုချင်သည့်အရာနှင့်ကွဲပြားလို့နေသည်။
နှစ်ရက်ကြာသော် ရေတပ်၏လေ့ကျင့်ရေးဆင်းရမည့်ရက်ရောက်လာသည်။ အရင်တစ်ခေါက်ဆိုးဝါးသောတိုက်ပွဲအပြီးကတည်းကနှစ်လကြာသွားပြီဖြစ်သည်။ ယခုမူရေတပ်မှာပြန်လည်ဖွဲ့စည်းထားသဖြင့် ၎င်းတို့၏စိတ်ဓာတ်ကိုမြှင့်တင်ဖို့လိုအပ်ရုံသာ။
စခန်းမှာအမြင့်ဆုံးအရာရှိတစ်ယောက်အနေဖြင့် လုစစ်ကထိုပွဲမျိုးကိုတက်ရောက်ရမည်ပင်။ လင်ခုံးလုလည်းလိုက်သွားပေမဲ့ သူကစုန့်ချင်းရွှီ၏ဆေးအဖွဲ့နှင့်အတူဖြစ်သည်။
လေ့ကျင့်ရေးအတွင်းမှာမတော်တဆဖြစ်သွားခဲ့သည်။ မက်ခါပေါင်းများစွာကထိန်းချုပ်မှုလွတ်သွားကာ ဆေးအဖွဲ့ကိုတိုက်ခိုက်လာသည်။
လုစစ်ကအနီးဆုံးဖြစ်ပြီး ချက်ချင်းအော်ခေါ်လိုက်သည်။
"လန့်စ်!"
လန့်စ်ကလျင်မြန်စွာတုံ့ပြန်လိုက်ပေမဲ့ လင်ခုံးလုကတိုက်ခိုက်ခံရသည့်ဧရိယာအတွင်းမှာရှိနေသည်ကိုမြင်လိုက်ရရင်း လုစစ်တဟုန်ထိုးပြေးသွားမိလျက် ငေါင်လေးကိုသူ့လက်မောင်းကြားထဲဆွဲသွင်းလိုက်ပြီး တစ်ပြိုင်နက်တည်း၌သူ့လက်ကိုမြှောက်၍တစ်ဖက်လူ၏နောက်စိကိုကာကွယ်ပေးကာ ချက်ချင်းအခေါက်များစွာလှိမ့်လျက် ပစ်ချက်များကိုလက်ဗလာဖြင့်ရှောင်တိမ်းလိုက်သည်။
အရှေမှာအချိန်မီပိတ်ကာလိုက်သည့်လန့်စ်နှင့်မောက်မောက်ကိုလည်းကျေးဇူးတင်ရမည်၊ မဟုတ်ရင် အကျိုးဆက်များမှာပြောရခက်လိမ့်မည်ပင်။
လုစစ်ထရပ်လိုက်ပြီးနောက် ရှော့ခ်ရနေဆဲဖြစ်သည့်သခင်လေးကို လန့်စ်၏ခေါင်းခန်းထဲသို့တိုက်ရိုက်ပွေ့တင်လိုက်သည်။
လင်ခုံးလုအသိပြန်ဝင်လာသော် သူမောက်မောက်ကိုမသိလိုက်မသိဘာသာအော်ပြောလိုက်မိသည်။
"မောကမောက်၊ ဒေါက်တာစုန့်ကိုကာကွယ်။"
ဤကဲ့သို့ဖြစ်ရပ်မျိုးဖြစ်လာချိန်တွင် လူစစ်၏မျက်နှာမှာကြောက်မက်ဖွယ်ကောင်းလောက်အောင်အေးစက်လျက်ရှိပြီး သူ၏တိုက်ခိုက်ချက်များမှာအင်မတန်ကြမ်းတမ်းလှသည်။ သူ၏ထိန်းချုပ်မှုအောက်တွင် လန့်စ်မှာစီနီယာစာဖိုမှူးပမာ အနီးဆုံးထိန်းချုပ်မှုလွတ်ထွက်သွားသည့်မက်ခါကို ဖရဲသီးနှင့်ဟင်းသီးဟင်းရွက်များလှီးသည့်ပမာ တစစီခုတ်ဖြတ်ပစ်လို့နေသည်။
ပိုင်းလော့က"ထိန်းချုပ်မှုလွတ်ထွက်"သွားတာမဟုတ်လောက်ဆိုသည့်အတွေးသူ့မှာမရှိပေ၊ လုစစ်ကထိုမက်ခါများဆီဗုံးများပစ်ကာ ၎င်းတို့အကုန်လုံးကိုဖောက်ခွဲပစ်လိုက်သည်။
အဆုံးတွင် လုစစ်ကအချိန်မီလုပ်ဆောင်သွားခဲ့တာမို့ ထိုဖြစ်ရပ်ကခပ်မြန်မြန်ဖြစ်ကာခပ်မြန်မြန်အဆုံးသတ်သွားခဲ့သည်။
အရာအားလုံးဖြေရှင်းပြီးနောက်၌ ပင်မသဘော်၏ကပ္ပတိန်နှင့်လက်ထောက်ကပ္ပတိန်အပါအဝင် မက်ခါပိုင်းလော့အယောက်၃၀မှာအထိန်းသိမ်းခံလိုက်ရသည်။
လုစစ်လက်မောင်းဒဏ်ရာရသွားပေမဲ့ သူကလျစ်လျူရှုထားကာ စစ်ဆေးမေးမြန်းသည့်အခန်းထဲတိုက်ရိုက်ဝင်သွားသည်။
ဖုန့်ရှောင်းနှင့်ချူးဝေ့ကျုံးတို့မှာသူဝင်လာသည်ကိုမြင်လိုက်ရချိန်တွင် သူတို့နှစ်ယောက်စလုံးကျေးဇူးတင်သောမျက်နှာထားများဖော်ပြမိကြသည်။ သူတို့၏မက်ခါများမှာထိန်းချုပ်မှုလွတ်သွားပေမဲ့ သူတို့ဘာမှမလုပ်နိုင်ခဲ့ပေ။ လုစစ်သာအချိန်မီမလုပ်ဆောင်ခဲ့ရင် သူတို့မက်ခါများ၏ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်းကြောင့် သူတို့သေသွားလောက်သည်။
လုစစ်ကသူတို့၏မက်ခါများကိုစစ်ဆေးရန်လန့်စ်ကိုပြောပြီးသားပင်၊ သူတို့နှစ်ယောက်အဆင်ပြေမှန်းသိနေရင်းဖြင့် သူကျော်သွားကာအခြားသူတို့ကိုစစ်မေးလိုက်သည်။
စစ်ဆေးမေးမြန်းပြီးနောက် မိုးချုပ်နေပြီဖြစ်သည်။ သတ်သေဖို့ကြိုးစားသည့်လူသုံးယောက်နှင့်လျှာကိုက်သေကာစကားပြောဖို့ငြင်းဆန်သည့်လူနှစ်ယောက်မှအပ ၊ အခြားဘယ်သူကမျှဘာဖြစ်သွားမှန်းမသိကြပေ။
လုစစ်ထရပ်ကာသူ့ဘေးရှိလူတို့ကိုပြောလိုက်သည်။
"သူတို့ကိုစောင့်ကြည့်ထား။"
ပြောပြီးနောက် သူလှည့်ထွက်လာခဲ့ပေမဲ့ တံခါးနားရောက်သွားချိန်တွင် သူ့ခြေလှမ်းများမှာရုတ်ခြည်းရပ်တန့်သွားရသည်။
တံခါးအပြင်ဘက်၊ မှိန်ပျပျအလင်းရောင်အောက်မှာ သခင်လေးကသူ့ဘေးရှိနံရံကိုမှီလျက် လက်ထဲတွင်ဆေးသေတ္တာကိုင်ထားပြီး သူ့ခေါင်းမှာဆန်ထိုးဆိတ်နေသည့်ကြက်ကလေးပမာငိုက်ကျနေကာ သိသိသာသာကိုအလွန်အမင်းအိပ်ငိုက်နေပေသည်။
လုစစ်မသိမသာလန့်သွားရသည်၊ ဒါက....သူ့ကိုပတ်တီးလာစီးပေးတာလား။ မင်းဒီမှာရှိနေတာဘယ်လောက်ကြာပြီလဲ။ တစ်ချိန်လုံးအပြင်မှာရပ်နေတာလား။
သူတိတ်တိတ်လေးရပ်ကြည့်နေမိပြီး အလင်းရောင်ကကောင်လေး၏ကိုယ်ပေါ်မှာနွေးထွေးသောအရောင်ဖြာကျနေပေရာ အလွန်နွေးထွေးကာလှပပေသည်။
တစ်အောင့်မျှ သူ့အရင်ဘဝကထိုကိစ္စများကိုသူမမှတ်မိခဲ့ရင်ပိုကောင်းလိမ့်မည်ဟုလုစစ်ရုတ်ခြည်းခံစားလိုက်ရသည်။
သူသာမမှတ်မိခဲ့လို့ရှိရင် ဘာနာကျည်းချက်မှမရှိဘဲ ပျော်ရွှင်စွာဖြင့် သူရှေ့တိုးကာလူငယ်လေးကိုညင်သာစွာပွေ့ဖက်နိုင်လိမ့်မည်ပင်။ ဒါမှမဟုတ် အရင်ဘဝမှာသခင်လေးဘာလို့မှတ်ဉာဏ်မဆုံးရှုံးခဲ့ရတာလဲ။
လုစစ်တိတ်တဆိတ်မတ်တပ်ရပ်လျက် အချိန်တချို့ကြာအောင်ရပ်ကြည့်နေမိသည်။ လူငယ်လေးကခေါင်းခပ်ကြမ်းကြမ်းငြိမ့်လိုက်မှုကြောင့် သူ့ကိုယ်ကအရှေ့ကိုယိုင်ကျလာပြီး မြေပြင်ပေါ်တည့်တည့်ကျလာမှသာ သူနောက်ဆုံးအသိပြန်ဝင်လာကာ မသိလိုက်မသိဘာသာလက်ဆန့်ကာသူ့ကိုဖမ်းလိုက်မိသည်။
ကောင်ငယ်လေးမှာအလွန်ပေါ့ပါးလွန်းလှသဖြင့် ခါးမှတဆင့်အလွယ်လေးကောက်ချီလိုက်နိုင်ပြီး သူ့လက်မောင်းကြားထဲဝင်လာပြီးနောက် သူကားလိမ်မာကာနူးညံ့ပျော့ပြောင်းလို့နေပုံမှာ အကောင်ငယ်လေးပမာ။ ရေချိုးပြီးတာမို့ဖြစ်လောက်ပေမဲ့ လုစစ်မှာခပ်ဖျော့ဖျော့သင်းရနံ့ကိုခံစားမိလိုက်ပုံပင်။
ထိုအခိုက် သူ့နှလုံးသားမှာပိိုမိုမြန်ဆန်စွာခုန်ပေါက်လာချေသည်။
ဆေးသေတ္တာမြေပြင်ပေါ်ကျသွားချိန်တွင် လင်ခုံးလုနောက်ဆုံးမှာနိုးလာတော့သည်။ သူခေါင်းမော့ကြည့်လိုက်ရာ သူကလုစစ်၏ရင်ခွင်ထဲမှာရှိနေကြောင်းမြင်လိုက်ရပြီး ဘာဖြစ်သွားမှန်းတစ်အောင့်မျှနားမလည်နိုင်ဖြစ်မိသည်။
တစ်အောင့်မျှမိန်းမောနေမိပြီးမှ တစ်ခုခုမှားနေမှန်းရုတ်ခြည်းခံစားမိလိုက်ကာ လုစစ်ထံမသိလိုက်မသိဘာသာမှီပြီးအနံ့ခံကြည့်ကာ အံ့သြတကြီးပြောမိသည်။
"ကျွန်တော်ကိုကို့ရဲ့ဖယ်ရိုမုန်းရနံ့ကိုရလိုက်သလိုပဲ၊ အဲ့ဒါ....ဇီးစိမ်းဝိုင်လား။"
လုစစ်၏မျက်နှာမသိမသာပြောင်းလဲသွားပေမဲ့ သူ့ရင်ခွင်ထဲရှိကောင်ငယ်လေးမှာသတိမထားမိဘဲ ဘယ်ညာရှူကြည့်လျက် အပြုံးတစ်ပွင့်နှင့်ပြောလာသည်။
"ဇီးစိမ်းဝိုင်၊ ဇီးစိမ်းဝိုင်း၊ အရသာရှိမဲ့ပုံ....အမ်!"
သို့သော်သူအဆုံးထိမပြောရသေးခင် လုစစ်ကရုတ်တရက်သူ့နောက်စိကိုဖမ်းကိုင်ကာ သူ့ရင်ခွင်ထဲဖိသွင်းလိုက်သည်။ ဖို့နောက်ချက်ချင်းပင်၊ လုစစ်ကသူ့ကိုပွေ့ဖက်ကာ ခပ်မြန်မြန်လျှောက်သွားပြီး အခန်းတစ်ခန်းထဲဝင်သွားသည့်အလား တံခါးဘမ်းခနဲပိတ်သံကအနောက်မှကပ်ပါလာသည်။
လင်ခုံးလု၏နှလုံးသားမှာတံခါးပိတ်သံနှင့်အတူတုန်ရီသွားရပြီး အခြေအနေမကောင်းမှန်းနောက်ဆုံးမှာသဘောပေါက်သွားသည်။
သို့သော်ယခုမူ မှတ်ဉာဏ်မဆုံးရှုံးခင်တုန်းကသူလုပ်ခဲ့သကဲ့သို့ တစ်ဖက်လူကိုမဆင်မခြင်မောက်မာစွာဆက်ဆံလို့မရတာမို့ သူတုန်ရီလျက်ပြောရုံသာတတ်နိုင်သည်။
"ကိုကိုအားစစ်၊ ကိုကို...."
"ပါးစပ်ပိတ်ထား။"
လုစစ်၏အသံမှာအက်ရှနေပေမဲ့ မခက်ထန်ပေ။
သူကကောင်လေးကိုသူ့ရင်ခွင်ထဲမှာတင်းကြပ်စွာဆုပ်ကိုင်ထားပုံမှာ တစ်ခုခုကိုဖိနှိပ်နေသည့်အလား မျက်စိမှိတ်လျက်ပြောလိုက်သည်။
"မင်းတားဆေးထိုးထားလား။"
"မနေ့၊ မနေ့ကပဲ။"
ကောင်ငယ်လေး၏အသံမှာအားနည်နေပြီး သူကဂရုတစိုက်မေးလာသည်။
"ကိုကိုrutဝင်နေတာလား။"
လုစစ်ဘာမှမဆိုဘဲ သူ့ခေါင်းကိုကောင်ငယ်လေး၏လည်တိုင်ထဲတွင်မြှုပ်ထားကာ ပင့်သက်အနည်းငယ်ရှိုက်လိုက်ပြီးမှ သူ့ကိုဆုပ်ကိုင်ထားသည့်ခွန်အားကိုအနည်းငယ်လျှော့ပေးကာ အက်ရှရှအသံဖြင့်ပြောလိုက်သည်။
"မင်းheatမဝင်ချင်ရင် ကောင်းကောင်းနေပြီးလျှောက်လှုပ်မနေနဲ့။"
လင်ခုံးလုနှုတ်ဆိတ်လျက်သားဖြင့် လိမ်လိမ်မာမာခေါင်းငြိမ့်ပြကာ မလှုပ်ဝံ့ပေ။
အခန်းကားအလွန်တိတ်ဆိတ်နေပုံမှာ နှလုံးခုန်သံကိုပင်ရှင်းလင်းစွာကြားရသည်အထိပင်။
လင်ခုံးလုအစကစိုးရိမ်နေမိပေမဲ့ တဖြည်းဖြည်းချင်းနှင့်သူ၏သတိကိုလျှော့ချလိုက်သည်။ ဘယ်လောက်ကြာသွားလဲမသိ၊ သူအိပ်ပျော်သွားခါနီးတွင် လုစစ်ကသူ့ကိုလွှတ်ပေးလာသည်။
သခင်လေးမှာခေါင်းအုံးပမာ အချိန်ကြာမြင့်စွာအဖက်ခံထားခဲ့ရသဖြင့် သူ့ခြေထောက်များမှာအနည်းငယ်တောင့်တင်းနေကာ တစ်အောင့်ကြာမြဲမြဲမရပ်နိုင်ပေ။
လုစစ်လက်မြှောက်ကာသူ့ကိုကူတွဲပေးလိုက်ပြီး သူကပုံမှန်ပြန်ဖြစ်သွားပြီဖြစ်ရာ တည်ငြိမ်စွာမေးလိုက်သည်။
"မင်းရောက်လာတုန်းကဘာလို့ဘာမှမပြောတာလဲ။"
လင်ခုံးလုကသူ၏ထုံနေသောခြေသလုံးကိုကန်ကာ တိုးတိုးပြောလိုက်သည်။
"ကိုကိုအလုပ်ရှုပ်နေတာမြင်လို့ ကျွန်တော်မနှောင့်ယှက်တော့တာ။"
ခုနကအခြေအနေကိုမှတ်မိနေရင်း သူကစကားတစ်ခွန်းမဆိုရဲပေ၊ လုစစ်စိတ်လွတ်သွားကာ ဆာလောင်နေသောကျားကြီးကသူ့ပေါ်ခုန်အုပ်လာမည်ကိုစိုးရွံ့နေသောကြောင့်ပင်။
သူ့ခြေထောက်များမတောင့်တင်းတော့ပေရာ လင်ခုံးလုချက်ချင်းတံခါးဖွင့်ကာ ဆေးသေတ္တာကိုသွားပြေးကောက်ပြီး ပြောလိုက်သည်။
"ကိုကိုအားစစ် လက်မောင်းကဒဏ်ရာကိုမသန့်ရှင်းရသေးဘူးမလား။"
ထိုသို့ပြောပြီးနောက် သူကဇနီးလေးပမာရှေ့တိုးလာကာ တစ်ဖက်လူကိုအကျီလက်လိပ်တင်ပြီး ဒဏ်ရာကိုသန့်ရှင်းပေးချင်နေပုံရသည်။
သို့သော်သခင်လေးကအရင်ကထိုသို့တစ်ခါမျှမလုပ်ဖူးသည့်အပြင် လင်ခုံးလုမှာအသန့်ကြိုက်ရောဂါရှိပြီး သွေးကိုသဘောမကျတာမို့ သူ့အကျီပေါ်ကသွေးကိုမြင်လိုက်ချိန်တွင် သူ့မျက်နှာမှာဖြူဖျော့သွားရသည်။
လုစစ်၏မျက်နှာမှာအနည်းငယ်မည်းမှောက်သွားရကာ တည်ငြိမ်စွာရှောင်၍ပြောလိုက်သည်။
"မလိုဘူး၊ ကိုယ့်ဘာသာကိုယ်လုပ်လိုက်မယ်။"
လင်ခုံးလုအနည်းငယ်ရှက်သွားကာ ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်တော်ကသွေးမြင်ရင်ခေါင်းမူးတတ်လို့ပါ။"
သွေးမြင်ရင်ခေါင်းမူးတယ်?
သခင်လေးမှာဒီပြဿနာတကယ်ရှိမရှိလုစစ်မသိပေမဲ့ အရင်ဘဝတုန်းကတစ်ဖက်လူကသက်သေအနေနှင့်သွေးပေနေသည့်ဓားမြှောင်ကိုအတုလုပ်လာခဲ့သည်ကိုသတိရသွားသည်။
သူစကားမပြောတာကိုမြင်လိုက်ရရင်း လင်ခုံးလုတိတ်တခိုးသက်မချမိလျက် အရက်ပြန်၊ ပတ်တီးနှင့်ကတ်ကြေးတို့ကိုထုတ်ရင်းအလုပ်ရှုပ်နေတော့သည်။
စုန့်ချင်းရွှီတံခါးခေါက်ကာအထဲဝင်လာချိန်တွင် သူကဒီမြင်ကွင်းကိုကပ်သီလေးမြင်လိုက်ရသည်။ သူကတစ်ခုခုကိုအထင်လွဲသွားပုံရကာ ထူးထူးဆန်းဆန်းပြောလာသည်။
"မင်းတို့ကိုနှောင့်ယှက်မိသွားလား။"
"ကိုကိုချင်းရွှီ?" လင်ခုံးလုချက်ချင်းထရပ်ကာပြောမိသည်။
"ဟင့်အင်း၊ ဘာကိစ္စရှိလို့လဲဟင်?"
သူလာလိမ့်မည်မှန်းလုစစ်ကသိသိသာသာကိုခန့်မှန်းမိပြီးသားဖြစ်ရာ မျက်လုံးပင့်ကာသူ့ကိုလှမ်းကြည့်ပြီး မထူးခြားမခြားနားပြောလိုက်သည်။
"ကြည့်ရတာတော့တစ်ယောက်ယောက်ကမင်းကိုအသက်မရှင်စေချင်တဲ့ပုံပဲ။"
စုန့်ချင်းရွှီအေးခဲသွားရကာ သူဘာပြောနေလဲဆိုတာကိုနားလည်သွားပြီး တိတ်တခိုးလက်သီးဆုပ်လိုက်မိသည်။
သိသိသာသာကိုပင်၊ ဒီနေ့ကိစ္စကလင်ရွှမ်းလော့၏နောက်လိုက်များကိုရည်ရွယ်ခြင်းပင်။
လုစစ်ထပ်ပေါင်းပြောလိုက်သည်။
"ဒီလိုနှောင့်နှေးနေအုံးမယ်ဆိုရင် လင်ရွှမ်းလော့ကိုမကယ်တင်နိုင်ရုံမကဘဲ လူပိုများများဆွဲသွင်းခံရမှာစိုးတယ်။"
စုန့်ချင်းရွှီအတန်ကြာတိတ်ဆိတ်နေမိပြီးမှ နောက်ဆုံးတွင်စိတ်ဆုံးဖြတ်ကာ လင်ခုံးလုဘက်လှည့်၍ပြောလိုက်သည်။
"ရှောင်လု၊ မင်းခေါင်းကိုက်တာမသက်သာသေးဘူးမလား။"
လင်ခုံးလု: "....." ငါခေါင်းမကိုက်ပါဘူး။
"မနက်ဖြန်အပြင်လူနာဌာနကိုလာခဲ့နော်၊ ကိုယ်မင်းကိုထပ်ပြီးစစ်ဆေးပေးမယ်။"
စုန့်ချင်းရွှီကပြောလာသည်။
လင်ခုံးလု: "အာ? ဟုတ်ကဲ့။"
"ဒါဖြင့်မင်းတို့ကိုမနှောင့်ယှက်တော့ဘူးနော်။" စုန့်ချင်းရွှီကဖျစ်ညှစ်ပြုံးကာ ထိုသို့ပြောပြီးနောက်ခပ်သွက်သွက်ထွက်သွားတော့သည်။
လုစစ်ကခေါင်းစောင်းကာလင်ခုံးလုကိုကြည့်ကာအသိပေးလာသည်။
"မနက်ဖြန်သူမင်းကိုတစ်ခုခုပေးလာလိမ့်မယ်။"
လင်ခုံးလု: "...." မဖြစ်ဘူး၊ မင်းဘာလို့ငါ့ခေါင်းကိုစကားဝှက်အတွက်အမြဲသုံးနေရတာလဲ။
____________________________
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
မှတ်ချက်: ဒီအပိုင်းမှာလန့်စ်ပြောသွားတဲ့ဇာတ်လမ်းတွေ(အရင်အပိုင်းကဟာတွေရော)ကဒီအတိုင်းရေးထားတာရယ်၊ အပြင်မှာတကယ်မရှိပါဘူး။
မောက်မောက်: မင်းဘာလို့ဒရာမာတွေကိုမဖော်လိုးတော့တာလဲ။
လန့်စ်: ငါ့အကောင့်မရှိတော့ဘူး။
မောက်မောက်: ?
လန့်စ်: ငါ့သခင်ကငါ့ကိုlog outလုပ်ဖို့အမိန့်ပေးခဲ့တာ။
မောက်မောက်: အာ၊ ဆိုးဝါးလိုက်တာ၊ ဒါဆိုမင်းသူ့အကောင့်ကိုသုံးလို့ရတယ်လေ။
လန့်စ်: .....အဓိပ္ပါယ်ရှိသားပဲ။
နောက်ပိုင်း--
ရှော့ခ်ရစရာပဲ၊ ဖယ်ဒရယ်ကိုလိုနယ်လုရဲ့ဗီဒီယိုဝက်ဘ်ဆိုက်ဖော်ထုတ်ခံလိုက်ရပြီ၊ သူကဒါတွေကိုကြည့်ရတာကြိုက်တယ်တော့!!! #မင်းကိုပြန်ရဖို့ကိုယ်ဘာလုပ်ရမလဲ၊ ကိုယ့်အချစ်ရယ်# #အတိတ်မေ့နေသောချစ်ရသူ: ဆိုးသွမ်းသောအိုမီဂါနှင့်ချစ်ကျွမ်းဝင်ခြင်း# #ပင်လယ်လှိုင်းခတ်သွားချိန်မှာငါ့မှာရေဇနီးရှိလာတယ်#
#ကိုလိုနယ်လုရဲ့ဂုဏ်သတင်းတော့ပျက်စီသွားပြီ#
__________________________________