Chapter(15)
Viewers 12k

လုစစ်သည်လွန်ခဲ့သောရက်အနည်းငယ်ကအားလပ်နေခဲ့ပေမဲ့ လုရန်ကျားနှင့်ကြယ်သူခိုးများအတွက်ကိစ္စများကိုခက်ခဲစေရန်သူ့ငယ်သားများကိုတာဝန်တချို့ပေးအပ်ခြင်းကဲ့သို့သော ရှေ့တန်းကိစ္စရပ်များကိုကိုင်တွယ်နေရဆဲပင်။


လင်ခုံးလုသူ့အိမ်တံခါးခေါက်လိုက်ပြီး သူအခုမှနိုးလာသည်ကိုမြင်လိုက်ရသော် သူမအံ့သြဘဲမနေနိုင်ပေ။

"ဒီလောက်နောက်ကျမှထတယ်လား။ ကိုကိုတို့စစ်တပ်ဌာနကလူတွေမှာပုံမှန်အိပ်ချိန်ရှိတယ်မဟုတ်ဘူးလား။"


လုစစ်အချိန်ကိုကြည့်ကာ မျက်မှောင်ကြုတ်လျက်ပြောမိသည်။

"ကိုယ်နှစ်နာရီပဲအိပ်ရသေးတယ်။"


လင်ခုံးလု: "?!"


"မနေ့ညကဘာလုပ်နေလို့လဲ။"

သူ့သတို့သားလောင်းကိုနက်ရှိုင်းစွာချစ်မြတ်နိုးသည့်"အတိတ်မေ့"ချိုမြိန်သောအိုမီဂါလေးအနေဖြင့် သူကသူ့မှာရှိသင့်သည့်သတိတရားကိုချက်ချင်းထုတ်ပြကာမေးလိုက်သည်။

"ကိုကိုမရှိသင့်တဲ့တစ်နေရာရာကိုသွားခဲ့တာတော့မဟုတ်ဘူးမလား။"


ဟုတ်တယ်၊ မင်းအကောင်ကိုသွားဖမ်းတာ။


လုစစ်သူ့ကိုတစ်ချက်ကြည့်ကာ မဖြေဘဲမေးလိုက်သည်။

"ဒီကိုဘာလာလုပ်တာလဲ။"


"ကိုကို့မွေးနေ့ဆို။"

လင်ခုံးလုသူ့လက်ထဲကစားစရာများကိုလှုပ်ခါပြလျက် ပြောလိုက်သည်။

"ဒီနေ့ကကိုကိုမွေးနေ့ဆိုတာကို ပါးပါးဆီကကြားခဲ့တယ်။"


မွေးနေ့?


လုစစ်မသိမသာလန့်သွားမိသည်၊ သူ့မိခင်ဆုံးပါးသွားစဥ်ကတည်းက မည်သူကမျှသူ့မွေးနေ့ကိုသူနှင့်အတူဂုဏ်မပြုပေးသဖြင့် ဒီနေ့ကတည်ရှိနေဆဲဖြစ်ကြောင်းသူမေ့လုနီးပါးပင်။


သူစိတ်လွတ်သွားချိန်တွင် သခင်လေးကရုတ်ခြည်းခါးကွေးကာ တံခါးကိုကိုင်ထားသည့်သူ့လက်မောင်းအောက်မှကြောင်လေးတစ်ကောင်ပမာ အခန်းထဲတွားသွားဝင်သွားသည်။


ဤသည်ကားအိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနှင့်စာကြည့်ခန်းပါသည့်အိမ်ဖြစ်သည်။ ဧရိယာတစ်ခုလုံးမှာမသေးပေမဲ့ ကြီးလည်းမကြီးပေ။ သခင်လေး၏စံအိမ်နှင့်လုံးဝနှိုင်းမရပေ။


လုစစ်မှာကြယ်မြို့တော်တွင်ဒီ့ထက်ပိုကောင်းသည့်အိမ်တစ်လုံးရှိပေမဲ့ ဒီမှာနေနေဆဲဖြစ်သည်။ ဒီအိမ်ကသူနှင့်သူ့မိခင်ကြယ်မြို့တော်ကိုပြန်ပြောင်းလာချိန်တွင်ပထမဆုံးဝယ်ခဲ့သည့်အိမ်ကလေးဖြစ်သည်။


အရင်တုန်းက သူ့မှာသတို့သားလောင်းရှိနေမှန်းသခင်လေးပထမဆုံးသိလိုက်ရချိန်တွင် သူ့ကိုတမင်ရည်ရွယ်ချက်ရှိရှိလာရှာခဲ့သည်။ ဒီနတ်ဆိုးလေးကအကြီးတွေရှေ့မှာသိပ်လိမ်မာပေမဲ့ လုမားမားကိုမြင်လိုက်ရချိန်တွင် သူက"အန်တီ"ဟုထပ်တလဲလဲခေါ်တတ်ပြီး အသံမှာချိုသာလွန်းလို့ လုမာမား၏နှလုံးသားမှာအရည်ပျော်ကျလုမတတ်ဖြစ်သွားရသည်။


သို့သော်လုမာမား၏နောက်ကွယ်တွင် သူကလုစစ်ကိုကြည့်ကာ စက်ဆုပ်စွာပြောလာသည်။

"မင်းအိမ်ကသိပ်သေးတာပဲ၊ ငါ့အတွက်အိပ်ခန်းကြီးတစ်ခန်းတောင်မရှိဘူး၊ မင်းကငါနဲ့လုံးဝမတန်ဘူး။"


အသက်ငယ်ငယ်လေးနှင့် သူ့မှာမျက်နှာနှစ်ဖက်ရှိခဲ့သည်။


သူဒီတစ်ခေါက်ရောက်လာချိန်တွင် လင်ခုံးလုမှာအရင်ကကဲ့သို့မပြုမူရဲပေ။ ဟိုဟိုဒီဒီပတ်ကြည့်ပြီးနောက် အပြင်အဆင်မှာပြောင်းလဲသွားခြင်းမရှိဘဲ လုစစ်၏မိခင်ဆုံးပါးသွားတုန်းကအတိုင်းရှိနေဆဲဖြစ်ကြောင်းမြင်လိုက်ရသဖြင့် သူသက်ပြင်းချမိသည်။

"ကိုကို့အိမ်ကအရမ်းနွေးထွေးပြီးတော့ အိမ်လိုခံစားရတယ်။"


အနိမ့်စားအိုင်ကျူ: မင်းအိမ်ကတကယ်သေးတယ်။


အမြင့်စားအိုင်ကျူ: ကိုကို့အိမ်ကအရမ်းနွေးထွေးသလိုပဲ။


လုစစ်ကသာမန်ကာလျှံကာတံခါးပိတ်ကာ ဧည့်ခန်းထဲဝင်လာပြီးဆိုသည်။

"မင်းအိပ်ခန်းလောက်မကြီးပါဘူး။"


လင်ခုံးလု: "...." ပိုကောင်းလို့လား။


"တကယ်လား။" သူအံ့သြချင်ယောင်ျဆာင်လိုက်သည်။

"ဒါပေမဲ့သေးတာကပိုကောင်းတယ်လို့ထင်တယ်၊ အခန်းကတအားကြီးလွန်းရင် ဟာလာဟင်းလင်းကြီးနဲ့ မလုံခြုံသလိုခံစားရတယ်လေ။"


ပြောပြီးနောက် လုစစ်ထိုသမိုင်းကိုပြန်ပြောလာမှာစိုးသဖြင့် သူစားစရာများနှင့်အတူမီးဖိုချောင်ထဲအလျင်စလိုသွားကာပြောလိုက်သည်။

"ဒါကမီးဖိုချောင်မလား။ ကျွန်တော်ကိုကို့မွေးနေ့အတွက် သက်ရှည်ခေါက်ဆွဲလုပ်ပေးမယ်နော်။"


လုစစ်စကားတစ်ခွန်းမဆိုဘဲ အနောက်ကလိုက်လာပြီး မီးဖိုခန်းတံခါးကိုမှီလျက်ကောင်ငယ်လေးတစ်ယောက်ပျားလေးပမာအလုပ်များနေတာကိုတိတ်တိတ်လေးရပ်ကြည့်နေမိပုံမှာ....ဒီမိသားစုမှာတကယ်ပဲပိုင်ရှင်အသစ်ရှိလာသည့်အလား။


ပိုင်ရှင်အသစ်?


လုစစ်တောင့်တင်းသွားရကာ ထိုနေ့ကလန့်စ်၏စကားလုံးများကိုမသိလိုက်မသိဘာသာတွေးမိသွားသည်။


"အား!" သူအတွေးနစ်သွားရုံသာရှိသေး၊ လင်ခုံးလုကရုတ်တရက်နာကျင်စွာအော်လာတော့သည်။


လုစစ်မျက်မှောင်ကြုကာ ရှေ့တိုးပြီးမေးလိုက်မိသည်။

"ဘာဖြစ်တာလဲ။"


လုစစ်ငုံ့ကြည့်လိုက်ရာ လူငယ်လေး၏လက်ချောင်းများမှာတောက်ပသောအနီရောင်သွေးတို့ဖုံးလွှမ်းနေပြီး တချို့ဆိုရင်စဥ့်နီတုံးပေါ်တောင်စီးကျသွားသဖြင့် ၎င်းမှာသိသိသာသာကိုလက်ထိမိသွားမှန်းသူမြင်လိုက်ရသည်။


သူမူးဝေသွားမည်ကိုလုစစ်ချက်ချင်းစဥ်းစားမိသွားကာ ခပ်မြန်မြန်လက်မြှောက်၍သူ့မျက်လုံးများကိုအုပ်ပေးလျက် ပြောလိုက်မိသည်။

"မကြည့်နဲ့။"


ထို့နောက်သူမီးဖိုခန်းအပြင်ကိုလှမ်းအော်လိုက်သည်။

"လန့်စ်၊ အနာကျက်ဆေးယူခဲ့!"


လန့်စ်ကခပ်မြန်မြန်ရောက်လာပြီး လုစစ်ကကောင်ငယ်လေးကိုသွေးတိတ်ရပ်အောင်ခပ်မြန်မြန်လုပ်ပေးကာ ပတ်တီးကူစည်းပေးလိုက်သည်။


လင်ခုံးလုကသတိမလစ်သွားပေမဲ့ ဝိညာဥ်လွင့်သွားသည့်အလား ထိုနေရာတွင်ဗလာကျင်းစွာရပ်နေလေသည်။


လုစစ်ပတ်တီးစည်းလို့ပြီးသွားမှသာ သူတစ်ခုခုဖြစ်နေမှန်းသဘောပေါက်သွားသည်။ သူချက်ချင်းသူ့ကိုပွေ့ချီကာ ဧည့်ခန်းဆီခပ်သွက်သွက်လျှောက်သွားပြီး သူ့ကိုဆိုဖာပေါ်မှာလှဲစေလိုက်သည်။


"ထအုံး၊ မင်းဘာဖြစ်တာလဲ။"

သူခါးကိုင်းကာ ကောင်လေး၏မျက်နှာကိုအသာပုတ်လိုက်မိပြီး သူ့လေသံမှာပုံမှန်တည်ငြိမ်မှုတို့ပျောက်ဆုံးလို့နေသည်။


လန့်စ်ကဘေးမှအကြံပေးသည်: 

"သူအသက်ရှုရပ်သွားတာဖြစ်လောက်မယ်၊ သူအသက်ရှုအောင်ကူပေးလိုက်ပါလား။"


ထိုစကားကိုကြားလိုက်ရချိန်တွင်လုစစ်တောင့်ခဲသွားရကာ အောက်ငုံ့ကြည့်မိတော့ကောင်လေး၏မျက်လုံးများမှာဦးတည်ရာမဲ့နေဆဲဖြစ်ကြောင်းမြင်လိုက်ရသော် တစ်အောင့်မျှတုံ့ဆိုင်းသွားမိပြီး နောက်ဆုံးသူ့လက်ကိုကောင်လေးနှဖူးပေါ်တင်ကာ ကောင်လေး၏နှာခေါင်းကိုညှစ်ပြီး ကောင်လေး၏မေးကိုအခြားတစ်ဖက်နှင့်ပင့်မလိုက်သည်။


သို့သော်သူခါးကိုင်းလိုက်သည်နှင့် လင်ခုံးလုကရုတ်တရက်မျက်တောင်ခတ်ကာ နိုးလာသည်။


သူဘယ်အခြေအနေမှာရှိနေမှန်းသဘောပေါက်သွားပြီးနောက် သခင်လေး၏မျက်လုံးများမှာရှော့ခ်ရမှုတို့ပြည့်သွားပြီး အသက်ပြင်းပြင်းရှူကာ ခပ်တိုးတိုးမေးမိသည်။

"ကို ကို...." မင်းဘာလုပ်နေတာလဲ။


လုစစ်၏မျက်လုံးထဲတွင်ရှက်ရွံ့မှုတစ်ချက်ဖြတ်ပြေးသွားပြီး အကြောင်းတချို့ကြောင့် သူရိုးရှင်းစွာသူ့ကိုနမ်းလိုက်မိတော့သည်။


သူတို့နှုတ်ခမ်းချင်းထိသွားသည့်အခိုက် သူတို့နှစ်ယောက်စလုံးအေးခဲသွားကာ သူတို့စိတ်များဗလာကျင်းသွားသည်။ တစ်အောင့်ကြာသော် လုစစ်ကအရင်အသိပြန်ဝင်လာပုံရပြီး သူ့နှုတ်ခမ်းကိုကောင်လေးနှုတ်ခမ်းပေါ်တင်ကာ ရှားပါးသောရတနာကိုအရသာခံနေသကဲ့သို့ သခင်လေး၏နှုတ်ခမ်းကိုသေချာဂရုတစိုက်ထိလိုက်သည်။


လင်ခုံးလုထုံထိုင်းသွားရကာ မသိလိုက်မသိဘာသာလျက်လိုက်မိပေမဲ့ သူ့လျှာဖျားမှာထိမိသွားသည်။ လုစစ်၏မျက်လုံးများမှောင်မိုက်သွားရကာ ရုတ်ခြည်းဖိချလိုက်ပြီး လူငယ်လေးကိုသူ့လက်မောင်းများကြားထဲထည့်ကာ မုန်တိုင်းပမာနမ်းရှိုက်လေတော့သည်။


သူကကောင်လေး၏နောက်စိကိုပင်ဆုပ်ကိုင်ထားပြီး သူ့ကိုမော့ကြည့်ကာသည်းခံဖို့တွန်းအားပေးလျက်ရှိသည်။ လင်ခုံးလုညည်းသံထွက်မိကာ အသက်ရှုရခက်လုနီးပါးပင်။


လန့်စ်မှာလည်းသူ့လျှပ်စစ်မျက်လုံးများကိုကာထားပေမဲ့ တိတ်တိတ်လေးဟကြည့်ကာ တွေးမိသည်: ဒီအသက်ရှုကူပေးတဲ့နည်းလမ်းကအမှားတွေနဲ့ပြည့်နေတယ်ဆိုတာငါသခင့်ကိုအသိပေးလိုက်သင့်လား။


ထိုစဥ် တံခါးခေါက်သံရုတ်တရက်ထွက်လာသည်။


လုစစ်၏လှုပ်ရှားမှုများတောင့်ခဲသွားကာ နောက်ဆုံးနိုးလာပြီး ကောင်လေးကိုဖြည်းဖြည်းလွှတ်ပေးလိုက်သည်။


လင်ခုံးလုမှာလွှတ်ပေးခံလိုက်ရပြီးနောက် ချက်ချင်းပင့်သက်ရှိုက်လိုက်ပေမဲ့ သူ့မျက်လုံးများဗလာကျင်းနေသေးပုံမှာ သူမတုံ့ပြန်နိုင်သေးသည့်အလား။


လုစစ်စိတ်ငြိမ်အောင်လုပ်ကာ တည်ငြိမ်စွာဖြင့်သူ့ကိုထိုင်ဖို့ကူညီပေးလိုက်ပြီး သူ၏မသိမသာတွန့်သွားသောအကျီကိုကူဆန့်ပေးကာ ရှုပ်ပွသွားသည့်ဆံပင်ကိုပြန်လုပ်ပေးလိုက်သည်။


"ဘာလို့ဇာတ်လိုက်ကနမ်းတာဒီလောက်တော်နေတာလဲ။ ဒါသိပ္ပံနည်းမကျဘူး၊ သူဘယ်သူနဲ့လေ့ကျင့်ခဲ့တာလဲ။"

လင်ခုံးလုလမ်းပျောက်နေဆဲပင်။


0687: "မွေးထဲကပဲ။"


လင်ခုံးလု: "ငါကျဘာလို့ဒီလိုစွမ်းရည်နဲ့မမွေးလာရတာလဲ။"


0687: "....."


သူ့Hostကခုနကအနမ်းကြောင့်သတိလစ်လုနီးပါးဖြစ်သွားပုံကိုတွေးမိရင်း ကြင်နာစွာနှစ်သိမ့်လိုက်သည်။

"ကိစ္စကြီးမဟုတ်ပါဘူး၊ အနာဂတ်မှာပိုလေ့ကျင့်လိုက်ပေါ့။ စကားမစပ်၊ ဇာတ်လိုက်ရဲ့Hostအပေါ်လက်ရှိနှစ်သက်မှုကိုသိချင်လား။"


လင်ခုံးလု: "......"


"89။" 0687ကစျေးပေါစွာပြောလာသည်။

"ကျားယို့! ကျားယို့!"


လင်ရွှမ်းလော့နှင့်စုန့်ချင်းရွှီမှာလန့်စ်တံခါးလာမဖွင့်ပေးခင်အထိ အပြင်မှာအကြာကြီးရပ်စောင့်နေရသည်။


"ငါမလာခင်မင်းကိုသတင်းပို့ဖို့မေ့သွားတယ်၊ ငါမနှောင့်ယှက်မိဘူးမလား။"

လင်ရွှမ်းလော့ကအပြုံးလေးဖြင့်မေးလျက် လန့်စ်ဆီလက်ဆောင်ကမ်းပေးလာသည်။


လန့်စ်: တဆိတ်လောက်ခင်ဗျ။


လင်ခုံးလုနှင့်လုစစ်မှာစကားမပြောပေ၊ သိပ်မကြာခင်အခုမှဝင်လာသည့်နှစ်ယောက်မှာသူတို့ကြားရှိလေထုကတစ်ခုခုမှားယွင်းနေမှန်းသဘောပေါက်သွားသည်။


လင်ရွှမ်းလော့ထူးဆန်းစွာမေးမိသည်။

"ဘာဖြစ်ကြတာလဲ။ မင်းတို့စကားမပြောကြဘူးလား၊ ရန်ဖြစ်ထားတာလား။"


လင်ခုံးလုအကြည့်လွှဲလိုက်မိပြီး အကြောင်းတချို့အနည်းငယ်စိတ်မသိုးမသန့်ဖြစ်မိကာ တီးတိုးပြောမိသည်။

"မဟုတ်ပါဘူး....."


စုန့်ချင်းရွှီကသူ့ကိုသေချာကြည့်ကာ အကြည့်တစ်ချက်တည်းနှင့် သူ့နှုတ်ခမ်းများမှာနီစွေးကာ အနည်းငယ်ဖူးယောင်နေတာကိုသတိထားမိသွားသည်။


သူချက်ချင်းနားလည်သွားကာ ခပ်ဖွဖွချောင်းဟမ့်ပြီး ကူညီပေးလိုက်သည်။

"ကိုလိုနယ်လုရဲ့မွေးနေ့အတွက်ဂုဏ်ပြုပေးဖို့ဒီမှာရှိနေတယ်လို့ရှောင်လုပြောခဲ့တယ်မလား။"


"အာ၊ ကျွန်တော်ခေါက်ဆွဲလုပ်ရအုံးမယ်။"

လင်ခုံးလုခုနကသူဘာလုပ်နေလဲဆိုတာကိုမှတ်မိသွားကာ အလျင်စလိုထရပ်ပြီး မီးဖိုခန်းထဲပြေးသွားတော့သည်။


စဥ့်နီတုံးပေါ်ကသွေးကိုမရှင်းရသေးမှန်းလုစစ်သတိရသွားတာမို့ ချက်ချင်းထကပ်ကာ လင်ရွှမ်းလော့နှင့်စုန့်ချင်းရွှီကို"အရင်ထိုင်ကြပါအုံး"ဟုပြောကာ ခြေလှမ်းကျဲဖြင့်လိုက်သွားလိုက်သည်။


လင်ခုံးလုမီးဖိုခန်းတံခါးဆီလျှောက်သွားသည်နှင့်တစ်ပြိုင်နက် သူအကျီကော်လာမှတဆင့်နောက်ပြန်အဆွဲခံလိုက်ရသည်။


"နောက်မှဝင်တော့။" လုစစ်၏မျက်နှာထားမှာသိပ်မကောင်းဘဲ သူ့ကိုအသိပေးလာသည်။

"စဥ့်နီတုံးကိုမသန့်ရှင်းရသေးဘူး၊ မူးတတ်တာကိုမေ့နေတာလား။"


"အိုးဟုတ်သားပဲ၊ ဒါဆိုကျွန်တော့်ကိုအရင်ကူရှင်းပေးပါအုံးနော်။"

လင်ခုံးလုမသိလိုက်မသိဘာသာပြောလိုက်မိသည်။


ဒီမြင်ကွင်းကိုမြင်သော် လင်ရွှမ်းလော့မျက်ခုံးအသာပင့်ကာပြောလိုက်မိသည်။

"ကြည့်ရတာသူတို့တကယ်ဝုန်းခနဲခုန်တက်သွားတဲ့ပုံပဲ။"


လန့်စ်: အဲ့ထက်ပိုတယ်နော်? မင်းတို့သာခုနကဝင်မနှောင့်လိုက်ရင် ငါပိတ်တဲ့modeကိုပြောင်းလိုက်ရတော့မှာရယ်။


သူ့လက်ဒဏ်ရာကြောင့် လင်ခုံးလုနောက်ဆုံးမှာခေါက်ဆွဲသာပြုတ်လိုက်ရပြီး လုစစ်၏အကူအညီဖြင့်နှစ်ပန်းကန်စာလုပ်လိုက်သည်။


ဒါပေမဲ့ခေါက်ဆွဲအရသာမှာကောင်းမွန်လှသည်။ လုစစ်ကဘာမှသိပ်မပြောပေမဲ့ အများကြီးစားသွားကာ စားလိုက်သောက်လိုက်လုပ်နေကြသည့်အခြားလူနှစ်ယောက်ကိုတောင်မကြည်တော့ပေ။


ဒီလူနှစ်ယောက်မရှိရင် လူငယ်လေးရဲ့လက်ရာတွေကသူ့အတွက်အကုန်ဖြစ်မှာမဟုတ်ဘူးလား။


စားပြီးနောက် လုစစ်ကမီးဖိုချောင်မှာပန်းကန်သွားဆေးသည်။ လင်ခုံးလုနှင့်စုန့်ချင်းရွှီကဆွေးနွေးကာ အောက်ဆင်းပြီးကိတ်သွားဝယ်ဖို့ဆုံးဖြတ်လိုက်ကြသည်။


လင်ရွှမ်းလော့မှာဘာမှလုပ်စရာမရှိသဖြင့် မီးဖိုခန်းဆီဝှီးချဲလှည့်ကာလုစစ်နှင့်စကားပြောလိုက်သည်။


ဒါပေမဲ့ လုစစ်ကလင်ခုံးလုရှေ့မှာသာစကားအနည်းငယ်ပိုပြောပြီး သူဟာလူတို့နှင့်ပုံမှန်စကားသိပ်ပြောလေ့မရှိပေ။


ကံကောင်းစွာဖြင့် လင်ရွှမ်းလော့သူ့ကိုသိတာပထမဆုံးမဟုတ်တာမို့ ကျင့်သားရနေပြီဖြစ်ရာ သူ့ကိုပြောလိုက်သည်။

"ရှောင်လုအခုတလောအများကြီးပြောင်းလဲသွားတယ်နော်?"


လုစစ်မတုံ့ပြန်ဘဲတွေးနေမိသည်: သူအတိတ်မေ့ပြီးနောက်ပိုင်းအများကြီးပြောင်းလဲသွားတယ်၊ နူးညံ့ပြီးတော့လူကပ်လာတယ်။


"တကယ်တော့ အခုသူကမှသူငယ်ငယ်တုန်းကနဲ့ပိုတူတာ။"

လင်ရွှမ်းလော့အပြုံးတစ်ပွင့်နှင့်ပြန်တွေးကြည့်မိသည်။

"သူငယ်ငယ်တုန်းက မင်းကိုအကပ်ဆုံးပဲ၊ မင်းနောက်အမြဲလိုက်နေတတ်တာငါမှတ်မိတယ်။"


လုစစ်မနေနိုင်ဘဲမှတ်ဉာဏ်များကိုလိုက်တွေးကြည့်မိရာ သူ့နောက်အမြဲလိုက်ကာ ကလေးဆန်သောအသံဖြင့်"ကိုကိုအားစစ်"ဟုခေါ်လေ့ရှိသောကလေးလေးကိုတွေးမိရင်း သူ့နှုတ်ခမ်းထောင့်များမှာအလိုလိုပြုံးလိုက်မိသည်။


"အခုငါတွေးကြည့်မိတော့ ငါ့အဖေနဲ့ငါသာသူ့ကိုသွန်သင်ဆုံးမရာမှာလစ်ဟင်းခဲ့လို့ သူမကောင်းတဲ့သူငယ်ချင်းတချို့နဲ့ပေါင်းမိပြီးတော့ ဆိုးဝါးတဲ့စရိုက်ရှိလာတာ။ တကယ်တော့ သူကြီးပျင်းလာတဲ့အခါကျရင်ဒီလိုမျိုးဖြစ်နေခဲ့သင့်တာ။"

လင်ရွှမ်းလော့တွေးဆဆပြောမိသည်။


"ဒါပေမဲ့သူအခုတလောပိုစဥ်းစားတတ်လာတယ်၊ သူတဖြည်းဖြည်းချင်းတိုးတက်လာတာပဲ။ ပြောရရင် ဒါကမင်းသူ့ကိုရှေ့တန်းခေါ်သွားပြီးလေ့ကျင့်ပေးလိုက်တဲ့ရလဒ်ဖြစ်ရမယ်။"


သူကလင်ခုံးလု၏"အတိတ်မေ့ရောဂါ"အကြောင်းမသိတာမို့ မသိလိုက်မသိဘာသာမေးလာသည်။

"စကားမစပ်၊ မင်းတို့အခုတလောကောင်းကောင်းသင့်မြတ်နေကြတယ်လို့ကြားတယ်၊ မင်းတို့ဘယ်အချိန်လက်ထပ်မယ်စဥ်းစားထားလဲ။"


လက်ထပ်မယ်?


ထိုစကားကိုကြားချိန်လုစစ်မသိမသာတောင့်တင်းသွားရသည်။ သူရှေ့တမ်းကိုမသွားခင်တုန်းက လင်ပါးပါးကလည်းသူ့ကိုထိုမေးခွန်းမေးခဲ့သည်ပင်။ ထိုအချိန်တုန်းက သူအပေါ်ယံမျက်နှာကိုဆင်မြန်းထားဆဲဖြစ်ကာ သူ့ရင်ထဲမှာလှောင်ရယ်လျက် သခင်လေးကိုဘယ်လိုလက်စားချေရမလဲဆိုတဲ့အကြောင်းတွေးနေခဲ့သည်၊ ဒါပေမဲ့ အခုတော့....သိပ်မကြာသေးခင်ကကိစ္စနှင့် မထင်မှတ်ထားသောအနမ်းကိုတွေးမိရင်း သူ့နှလုံးသားမှာရုတ်တရက်ဝေခွဲမရဖြစ်လာပေသည်။


လုစစ်မဖြေဘဲ သူ့ကိုကျော်ကာဧည့်ခန်းဆီလျှောက်သွားပြီး လင်ခုံးလု၏တုံ့ပြန်မှုကိုရုတ်ခြည်းမြင်ချင်နေမိသည်၊ ဒါပေမဲ့....


"သူတို့ဘယ်သွားလဲ။"

သူလင်ခုံးလုမမြင်တာမို့မသိလိုက်မသိဘာသာမေးလိုက်မိသည်။


"ကိတ်သွားဝယ်တယ်။"

လင်ရွှမ်းလော့ကဝှီးချဲလှည့်ကာ ဧည့်ခန်းထဲလိုက်ဝင်လာသည်။


ဒါကိုကြားသော် လုစစ်၏မျက်နှာထားမှာရုတ်ခြည်းအနည်းငယ်ထူးဆန်းလာပြီး အတည်ပြုမေးလိုက်မိသည်။

"သူတို့နှစ်ယောက်ကိတ်အတူသွားဝယ်တာလား။"


"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ။"

လင်ရွှမ်းလော့ပဟေဠိဖြစ်သွားရသည်။ အိုမီဂါနှစ်ယောက်ရှော့ပင်းတူတူထွက်တာပုံမှန်ပဲမဟုတ်ဘူးလား။


လုစစ်: "....." မင်းညီလေးကိုကောင်းကောင်းမသိဘူးပဲ။


လင်ခုံးလုနှင့်စုန့်ချင်းရွှီတို့အမြန်ပြန်ရောက်လာကြသည်။ သူတို့ကလုစစ်မွေးနေ့ကိုဂုဏ်ပြုဖို့လာခဲ့ကြပေမဲ့လည်း သခင်လေးကအရမ်းကြီးတခမ်းတနားမလုပ်ဘဲ ကိတ်စားကာအတူစုဝေးခဲ့ကြသည်။


ဆန့်ကျင်ဘက်အနေဖြင့် ၎င်းကသူငယ်ငယ်တုန်းက သူ့အမေကသူ့မွေးနေ့ကိုဒီလိုမျိုးဂုဏ်ပြုပေးခဲ့မှန်းလုစစ်ကိုအသိပေးလို့နေသည်၊ သာမန်ဆန်ကာရိုးရှင်းပေမဲ့နွေးထွေးလို့နေသည်။


သူအချိန်အတော်ကြာပြန်မတွေးဖြစ်ခဲ့ပေရာ တစ်အောင့်မျှလွမ်းမိသွားသည်။


လင်ခုံးလုကိတ်လှီးချိန်တွင် သူ့အတွက်အပိုင်းကြီးတစ်ပိုင်းလှီးပေးပြီး ၎င်းအပေါ်တွက်ခရင်မ်ဆမ်းထားကာ ပန်းရောင်ပန်းပွင့်သေးသေးလေးရှိနေပြီး ၎င်းမှာနှင်းဆီပမာ ကိတ်ပေါ်ရှိတစ်ပွင့်တည်းသောပန်းဖြစ်သည်။


ဒါကိုမြင်လိုက်ရသော် လင်ရွှမ်းလော့မျက်ခုံးပင့်ကာပြောမိသည်။

"ဒီကိတ်မုန့်ဆိုင်ရဲ့အရည်အသွေးကမကောင်းဘူးပဲ။ ကိတ်ကကောင်းပေမဲ့ ကိတ်ပုံစံကညံ့တယ်။"


"ဘယ်နားကညံ့တာလဲ။"

လင်ခုံးလုချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။


"ရှောင်လုကစာရေးကိုတမင်ထည့်ခိုင်းခဲ့တာ။" စုန့်ချင်းရွှီကအပြုံးတစ်ပွင့်နှင့်ဆိုသည်။


"အိုး။" လင်ရွှမ်းလော့ကမိန်းမောချင်ယောင်ဆောင်ကာ စနောက်ပြောလာသည်။

"နှင်းဆီပဲ။"


ညီလေးရဲ့ဖယ်ရိုမုန်းရနံ့ကနှင်းဆီရနံ့လိုပဲဆိုတော့ သူ့ကိုယ်သူလုစစ်ဆီပေးတယ်လို့ဆိုလိုတာမဟုတ်ဘူးလား။


သူ့အတွေးကိုမြင်လိုက်ရရင်း လင်ခုံးလုချက်ချင်းချောင်းနှစ်ချက်ဟမ့်လိုက်မိပြီး သူ့မျက်နှာမှာနီစွေးလျက် သူတုံ့ဆိုင်းသွားရသည်။

"ကိုကိုစားမှာလားမစားဘူးလား။ ကိုကိုမစားရင် လင်ဦးဦးကစားသွားလိမ့်မယ်နော်။"


သူလုစစ်ကိုမကြည့်ရဲပေမဲ့ သူ့မျက်လုံးများကတစ်ဖက်လူထံတိတ်တခိုးရောက်သွားသည်။


လုစစ်ကလူငယ်လေး၏ဂရုတစိုက်တွေးပေးမှုကိုမြင်ပြီးပြီဖြစ်ရာ သူ့နှုတ်ခမ်းကိုခပ်ဖွဖွအပြုံးတစ်ပွင့်အဖြစ်ကွေးလိုက်မိပြီး ပန်းပွင့်လေးကိုတည်ငြိမ်စွာယူကာ တစ်လုတ်တည်းစားပစ်လိုက်သည်။


လင်ခုံးလု၏နှလုံးသားတုန်ရီသွားရပုံမှာ သူဟာအစားခံလိုက်ရသည့်ပန်းပွင့်အလား။


___________________________________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


လင်ခုံးလု: သူ့နှလုံးသားလေးလှုပ်ရှားနေပြီ၊ သူ့နှလုံးသားလေးလှုပ်ရှားနေပြီ~


လုစစ် (အံကြိတ်လျက်): မင်းသိတယ်ပေါ့?


____________________________________