Chapter(16)
Viewers 12k

လုစစ်အိမ်ကပြန်လာချိန်တွင် 0687ကမနေနိုင်ဘဲသက်ပြင်းချလာသည်။

"Host၊ မင်းကစနောက်တဲ့နေရာမှာတော်တော်လေးတော်မှန်းငါသိလိုက်ရပြီ၊ ခုနကမင်းအပေါ်နှစ်သက်မှုနှုန်းက၉၃ဖြစ်သွားပြီ။"


"ကိတ်ပေါ်ကပန်းကိစ္စကလွဲပြီး အရာအားလုံးကမတော်တဆဖြစ်သွားတာ။"

လင်ခုံးလုရှက်သွေးဖြာသွားသည်။

"ဒါပေမဲ့အဆင်ပြေပါတယ်၊ ကြယ်မြို့တော်ဆီပြန်လာပြီးနောက်ပိုင်း ငါ့မှာသူ့ကိုအဆက်အသွယ်လုပ်ဖို့အခွင့်အရေးသိပ်မရှိတော့ဘူး၊ မနက်ဖြန်သူ့ကိုသွားရှာဖို့ငါ့မှာဆင်ခြေတစ်ခုခုရှိသေးလားကြည့်ရအောင်။"


သူပြောရင်း ဆက်သွယ်ရေးစက်ကိုလှန်လှောကြည့်လိုက်ရာ ကျောင်းသားဟောင်းဂရုထဲမှမက်ဆေ့ချ်ဝင်လာတာကိုမြင်လိုက်ရသည်။


"မနက်ဖြန်ကျောင်းစုံညီပွဲတော်၊ ဘယ်သူလာမလာမသေချာဘူးလဲ။"


"သိပ်မရှိပါဘူး၊ နတ်ဘုရားလုနဲ့လင်ခုံးလုကမသေချာဘူး၊ အခြားသူတွေကတော့...."


"ကိုလိုနယ်လုကိုမေ့လိုက်တော့၊ သူကရာထူးမြင့်တဲ့အလုပ်များတဲ့လူတစ်ယောက်ပဲ။ လင်သခင်လေးဘယ်မှာလဲ။ သူကောမလာဘူးလား။"


လင်ခုံးလုစက္ကန့်အတွင်းပြန်ဖြေလိုက်သည်: သွားမယ်!


ကားကခုနကမှစထွက်လာပြီး သူအော်ပြောလိုက်သည်။

"ရပ်အုံး။"


"ဘာဖြစ်လို့လဲ။"

လင်ရွှမ်းလော့ကမေးသည်။


"ကျွန်တော်လုစစ်ကိုပြောစရာတစ်ခုခုရှိနေသေးလို့။"

သူကားတံခါးဖွင့်ကာ ခုန်ဆင်းလိုက်သည်။


လုစစ်ကသူတို့ကိုအောက်လိုက်ပို့ပေးပေမဲ့ သူတို့အသံကိုကြားလိုက်ရချိန်တွင်သူမပြန်ရသေးပေ။ လင်ခုံးလုကအလျင်စလိုဖြစ်နေပြီး သူ့ကို"အားစစ်ကိုကို"ဟုရည်ညွှန်းဖို့မေ့သွားတာကို သူသတိထားမိလိုက်ပုံမပေါ်။


"ကိုကိုသိလား။ မနက်ဖြန်ကကြယ်မြို့တော်အမှတ်(၁)အထက်တန်းကျောင်းရဲ့နှစ်၆၀၀ပြည့်အထိမ်းအမှတ်လေ။"

လင်ခုံးလုပြေးလာပြီးနောက်မောဟိုက်လို့နေသည်။


လုစစ်ကသူ့ကိုကူတွဲကာ "အိုး"ဟုမထူးခြားမခြားနားပြောလာသည်။


"ကိုကိုမသွားဘူးလား။"

လင်ခုံးလုမေးလိုက်သည်။


"စိတ်မဝင်စားဘူး။"

လုစစ်ကဆိုသည်။


ကြယ်မြို့တော်အမှတ်(၁)အထက်တန်းကျောင်းကား ဖယ်ဒရယ်ပြည်ထောင်စုတစ်စုလုံးမှာနာမည်အကြီးဆုံးအထက်တန်းကျောင်းဖြစ်သည်။ ထိုကျောင်းကဆရာတို့၏မြင့်မားသောအဆင့်ကြောင့်မဟုတ်ဘဲ ထိုနေရာမှာလာတက်ကြသည့်လူအားလုံးနီးပါးမှာချမ်းသာကာမျိုးရိုးမြင့်ကြသောကြောင့်ပင်။ ကြယ်မြို့တော်ရှိအချမ်းသားဆုံးလူ၏သား၊ ရာထူးမြင့်သူ၏သမီးကြီး၊ အစရှိသဖြင့်။


ဒီ့အကြောင်းကြောင့် ကျောင်းရှိယှဥ်ပြိုင်မှုလေထုမှာအနည်းငယ်ပြင်းထန်လှပြီး အထင်အမြင်သေးမှုတို့မှာသိသာလှသည်။ လုစစ်ထိုကျောင်းမှာရှိတုန်းကသဘောမကျခဲ့ပေ။


အခုကျောင်းစုံညီပွဲတော်ကျင်းပလာပေရာ သူတို့ကချမ်းသာကြွယ်ဝသည့်ကျော်းင်းသားဟောင်းတစ်သိုက်ကိုပြန်လာကာ အချင်းချင်းချီးကျူးမြှောက်ပင့်ပြီး အဆက်အသွယ်များတိုးပွားစေချင်သည်ကြောင်းခန့်မှန်းလို့ရသည်။ ထိုနေရာကိုသွားဖို့တန်သည်ဟုလုစစ်တကယ်မထင်ပေ။


သို့သော် လင်ခုံးလုကမျက်တောင်ခတ်ကာပြောလာသည်။

"ဒါပေမဲ့ကျွန်တော်သွားမှာလေ။"


လုစစ်ကသူ့ကိုခေါင်းလှည့်ကြည့်လာပုံမှာ 'အဲ့တော့ဘာဖြစ်လဲ?'ဟုမေးနေသည့်အလား။


"ဒါဆိုကိုကိုကျွန်တော်နဲ့အတူလိုက်ပေးလို့မရဘူးလား။"

လင်ခုံးလုမျှော်လင့်တကြီးမေးလိုက်မိသည်။


လုစစ်ကနှုတ်ခမ်းကွေးကာပြုံးလိုက်ပေမဲ့ပြောလာသည်။

"ကိုယ်စိတ်မဝင်စားသေးဘူး။"


လင်ခုံးလုစိတ်သောကရောက်သွားရကာ တစ်အောင့်မျှတွေးလိုက်ပြီး ရုတ်တရက်တစ်ခုခုနားလည်သွားကာပြောလိုက်မိသည်။

"ကျွန်တော်သိပြီ၊ ပါးပါးပြောတာ ကိုကိုကြယ်မြို့တော်ကိုမလာခင်တုန်းက ကိုကိုကရန်သူပိုင်စိုက်ပျိုးရေးကြယ်မြို့တော်မှာနေခဲ့တာဆို။ ကိုကိုအမှတ်(၁)အထက်တန်းကျောင်းကိုပြောင်းလာပြီးနောက်မှာ ကိုကို့ကိုတောကလာတယ်ဆိုပြီးလှောင်ခဲ့ကြတဲ့ကန်းနေတဲ့လူတချို့ရှိခဲ့လို့လား။"


လုစစ်: "...." မင်းပဲလှောင်ခဲ့တာမဟုတ်ဘူးလား။


"စိတ်မပူနဲ့၊ ကိုကိုကအခုရာထူးကြီးနေပြီဆိုတော့ သူတို့မလုပ်ရဲတော့ပါဘူး။"

လင်ခုံးလုသူ့ပုခုံးကိုပုတ်ဖို့ကြိုးစားကာ သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။

"ပြီးတော့ကျွန်တော်နဲ့သာဆိုရင် ကျွန်တော်သေချာပေါက်ကိုကို့ကိုသူတို့လှောင်ခွင့်ပေးမှာမဟုတ်ဘူး။"


လုစစ်တွေးမိသည်: မင်းအများဆုံးလှောင်ခဲ့တာလေ။


ဒါပေမဲ့ ဘာလို့ဆယ်ကျော်သက်လူငယ်တွေဘဲအများဆုံးလှောင်ကြတာလဲ။


သိသိသာသာကိုပင်၊ ထိုကျောင်းမှာမြင့်သူကိုချီးကျူးမြှောက်ပင့်ပြီး နိမ့်သူကိုနင်းချသည့်လူများစွာရှိနေကြသည်၊ ဆယ်ကျော်သက်လူငယ်များထက်ပိုဆိုးသည့်လူတချို့ရှိနေတာကိုပြောမနေနှင့်တော့၊ ဒါပေမဲ့ထိုလူများကသူ့ကိုရန်စခဲလှပုံပင်။


လုစစ်နောက်ဖြစ်ရပ်တစ်ခုကိုသတိရသွားသည်။ ထိုအချိန်တုန်းက သူဟာအမှတ်(၁)အထက်တန်းကျောင်းကိုပြောင်းလာခါစဖြစ်ပြီး ချမ်းသာသောဒုတိယမျိုးဆက်အချို့ထံမှတားကာရန်စခံခဲ့ရသည်။ သခင်လေး၏ခက်ထန်သောစော်ကားပြောဆိုမှုများနှင့်မတူစွာ ထိုလူတို့ကသူတို့အတန်းဖော်ကိုကိုယ်ထိလက်ရောက်အနိုင်ကျင့်ကြသည်။


လုစစ်သူတို့ကိုမကြောက်ပေ၊ ဒီနူးညံ့ကာချမ်းသာသောသခင်လေးအုပ်စုကသူ့ပြိုင်ဘက်လုံးဝမဟုတ်ပေမဲ့ သူလှုပ်ရှားတော့မည့်အချိန်တွင် စက်ရုပ်ဘော်ဒီဂတ်ကရုတ်တရက်ပြေးဝင်လာကာ ထိုလူတစ်စုကိုရိုက်နှက်ပစ်ခဲ့သည်။


ထို့နောက် သခင်လေး၏အထင်အမြင်သေးသောအသံထွက်လာသည်။

"မင်းတို့ကသူတို့ကိုလှောင်ဖို့တန်လို့လား။ သူ့အဖေကရှေ့တန်းမှာသေသွားတဲ့စစ်သားတစ်ယောက်နော်။ မင်းတို့ကဘာမို့လို့လဲ။"


လုစစ်အံ့သြသွားကာ ကျေးဇူးတင်စကားမပြောရသေးခင် ထိုကောင်လေးကသူ့ကိုပြောလာသည်။

"မင်းကငတုံးလား။ မင်းအနိုင်ကျင့်ခံနေရတာကို ဘယ်လိုပြန်တိုက်ရမလဲမသိဘူးလား။ ကံဆိုးလိုက်တာ၊ မင်းကိုဘယ်သူကငါ့နာမည်ထဲ....အဲ့တော့ဘာဖြစ်လဲ။ အသုံးကိုမကျဘူး၊ မင်းအနိုင်ကျင့်ခံရတာ ငါ့မျက်နှာပျက်တယ်။"


.....


"ကျောင်းစုံညီပွဲတော်ကအရမ်းမိုက်မယ်လို့ကြားတယ်၊ ကျွန်တော်တို့အတူသွားကြမယ်လေနော်?"

လင်ခုံးလု၏အသံကသူ့မှတ်ဉာဏ်ကိုရုတ်တရက်နှောင့်ယှက်လိုက်သည်။


လုစစ်ဒီတစ်ခေါက်အသာပြုံးကာပြောလိုက်သည်။

"ကိုယ်စဥ်းစားကြည့်လိုက်အုံးမယ်။"


ခုနကပြန်တွေးမိချိန်တွင် နောက်ကိစ္စတစ်ခုကိုရုတ်တရက်သတိရသွားသည်။ အရင်တုန်းကထိုကျောင်းမှာသခင်လေးကိုနေ့တိုင်းလိုက်လံပိုးပန်းနေသည့်ချမ်းသာသောဒုတိယမျိုးဆက်တစ်ယောက်ရှိခဲ့ပုံပင်။ အဲ့ကောင်လာမယ်ဆိုရင် ငါတို့အတူသွားသင့်တယ်မလား။


နောက်တစ်နေ့ လုစစ်ကကျောင်းစုံညီပွဲတော်ကိုလင်ခုံးလုနှင့်အတူသွားခဲ့သည်။


အလွန်ကံဆိုးလှသည်မှာ သူတို့ကျောင်းဝင်းထဲပထမဆုံးဝင်လာလိုက်သည့်အချိန်တွင် ကျောင်းသားဟောင်းမနားဖြစ်ကြသည့်ရာထူးမြင့်စစ်အရာရှိအများအပြားကလုစစ်ကိုမှတ်မိသွားကာ သူတို့ကလုစစ်တို့ကိုလာနှုတ်ဆက်ကြသည်။


လင်ခုံးလုစောင့်ရတာပျင်းရိလာသည်ကိုမြင်လိုက်ရသော် လုစစ်ပြောလိုက်သည်။

"မင်းအထဲအရင်ဝင်ပြီး တစ်ခုခုစားနှင့်လေ။"


လင်ခုံးလုတကယ်ဗိုက်နည်းနည်းဆာနေတာမို့ ခေါင်းငြိမ့်ကာ"အွန်း"ဟုပြောလိုက်သည်။


ကျောင်းစုံညီပွဲတော်၏အခြေအနေကားလုစစ်ခန့်မှန်းထားသည်နှင့်ဆင်တူပြီး ၎င်းမှာအထက်စက်ဝန်း၏ဟန်ဆောင်နှုဆက်သောပွဲသာဖြစ်ပြီး အထူးသဖြင့်စားသောက်ခန်းမှာကျောင်းသားဟောင်းတို့ဖျော်ဖြေရာဖြစ်သည်။


လင်ခုံးလုမရောက်သွားခင် "အတန်းဖော်ဟောင်း"အများအပြားကသူ့အကြောင်းဆွေးနွေးနေကြသည်။

"လင်ခုံးလုလည်းဒီတစ်ခေါက်လာတယ်ဆို? ဘုရားရေ၊ သူပေါ်လာသေးတယ်နော်။ လင်မိသားစုကပြိုလဲတော့မယ်လို့သူမပြောခဲ့ဘူးလား။"


"မင်းနားမလည်ဘူးပဲ။ မင်းဒီလိုဖြစ်လေလေ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လိုလေလေပဲ။ မင်းကိုယ်မင်းအတွက်ဘောစိတစ်ယောက်မြန်မြန်ရှာပြီးလက်ထပ်ရမှာလေ။"


"ဒီတော့ ဒီနေရာကအယ်ဖာတွေအားလုံးမှာအခွင့်ရေးရှိတယ်မလား။ နတ်ဘုရားလုကသူ့ကိုလိုချင်မှာမဟုတ်တာသနားစရာပဲ။"


တရားရုံးမှာကြားနာလို့မပြီးသေးတာမို့ ရာထူးမြင့်အရာရှိတို့သာလင်ရွှမ်းလော့ဖြစ်ရပ်၏အမှန်တရားကိုသိထားကြသည်။ လူတို့ကလင်မိသားစုဘာမှမဖြစ်မှန်းမသိကြသဖြင့် သူတို့လေသံမှာအနည်းငယ်အားရကျေနပ်နေကြသည်။


သူတို့အများစုကအတိတ်မှာလင်ခုံးလုနှင့်ကောင်းကောင်းသင့်မြတ်ခဲ့ကြပြီး မကြာခဏမြှောက်ပင့်ခဲ့ကြပေမဲ့ အခုတစ်ဖက်လူကဒုက္ခရောက်နေလောက်မှန်းကြားလိုက်ရချိန်တွင် သူတို့ကချက်ချင်းမြင့်သူကိုမြှောက်ပင့်ကာနိမ့်သူကိုနင်းချလိုက်ကြတော့သည်။


"အဲ့လိုမပြောပါနဲ့၊ ရှောင်လုတို့ကအရမ်းကောင်းတယ်၊ သူတို့ကကမင်းပြောသလိုဟုတ်မှာမဟုတ်ဘူး။"

မင်းသားပမာဝတ်စားထားသောလူငယ်လေးကမျက်လုံးထဲတွင်ထေ့ငေါ့ဟန်ရှိနေပေမဲ့ သူ့ပါးစပ်ဖွင့်လိုက်ချိန်တွင် လက်ဖက်စိမ်းပမာအနံ့ရသည်။


လူအများအပြားလှည့်ကြည့်လိုက်ရာသူ့ကိုမှတ်မိသွားချိန်တွင် သူတို့ကချက်ချင်းရှက်ရွံ့ကာမြှောက်ပင့်လိုက်ကြသည်။


"မစ္စတာကျောင်းပဲ။ အိုက်ရား၊ ကျွန်တော်တို့ကစနောက်နေကြရုံပါ။"


"ဟုတ်တယ်၊ ဟုတ်တယ်၊ စနောက်နေကြရုံပါပဲ။"


"မစ္စတာကျောင်းကလင်သခင်လေးကိုကြိုက်နေတုန်းပဲလား။"


အမှန်ပင်၊ ထိုလူငယ်ကားလင်ခုံးလုကိုလိုက်ပို့ပန်းခဲ့သည့်ချမ်းသာသောဒုတိယမျိုးဆက်ကျောင်းဟွိုင်ဖြစ်သည်။ သူ့အဖေ၏ကြိုးစားအားထုတ်မှုကြောင့် သူဟာအခုဆိုရင်ဖယ်ဒရယ်ပြည်ထောင်စုမှာအချမ်းသာဆုံးလူ၏သားတစ်ယောက်ဖြစ်လာပြီး သူကသူ့ကုမ္ပဏီ၏အထွေထွေမန်နေဂျာဖြစ်သည်။


အခြားသူများကလင်မိသားစု၏အခြေအနေကိုမသိပေမဲ့ လင်ရွှမ်းလော့၏ကိစ္စမှာပြောင်းပြန်ဖြစ်သွားပြီး လင်ပါးပါးကနောက်တက်မည့်ဝန်ကြီးရာထူးအတွက် အသင့်တော်ဆုံးဝန်ကြီးအလောင်းအလျာဖြစ်နေဆဲဖြစ်ကြောင်း ကျောင်းဟွိုင်ကတော့သိထားသည်။


လင်ခုံးလုကအမွှေးမဲ့ဖီးနစ်တစ်ကောင်မဖြစ်လာရုံတင်သာမက သူကပိုပြီးတော့တောင်ချမ်းသာလာသေးသည်။ သိတဲ့အတိုင်း သူ့အစ်ကိုကြီးလင်ရွှမ်းလော့ကအသုံးမဝင်တော့ပေ။ လင်ပါးပါးကသားကြီးကိုပျိုးထောင်လို့မရတော့လို့ သူကသူ့သားငယ်ရဲ့ခင်ပွန်းကိုပျိုးထောင်ရတော့မယ်မလား။


အခုဆိုရင်လင်ခုံးလုကိုလက်ထပ်ခြင်းကားလင်မိသားစုတစ်စုလုံးကိုလက်ထပ်လိုက်သည်ဟုဆိုလိုသည်ပင်။


ကျောင်းဟွိုင်အဖေကအချမ်းသာဆုံးဖြစ်သော်လည်း သူကားအမွေဆက်ခံသူမဟုတ်ပေရာ အချမ်းသာဆုံးလူကဝန်ကြီးနဲ့ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ။ လင်ခုံးလုကိုလက်ထပ်ပြီးတော့ လင်ပါးပါးရဲ့လက်ထဲကအဆက်အသွယ်အရင်းအမြစ်တွေကိုဆက်ခံပြီး အနာဂတ်မှာဝန်ကြီးဖြစ်လာလို့ရှိရင် ပိုမကောင်းဘူးလား။


ကျောင်းဟွိုင်ကဒီကိုစိတ်ဆုံးဖြတ်ပြီးလာခဲ့တာဖြစ်သည်၊ လင်ခုံးလုပေါ်လာသည်နှင့် သူချက်ချင်းစိတ်အားထက်သန်စွာစကားသွားပြောမိသည်။


"ရှောင်လု၊ မတွေ့ရတာကြာပြီနော်၊ နေကောင်းရဲ့လား။"

သူစိတ်ပါလက်ပါပြောလိုက်သည်။


လင်ခုံးလုကြောင်အမ်းသွားရကာ သူဘယ်သူမှန်းလုံးဝမမှတ်မိပေ။


သူသည်ကျောင်းစုံညီပွဲတော်အားလုစစ်ကိုအပြင်ခေါ်ထုတ်ဖို့ဆင်ခြေအဖြစ်အသုံးချခဲ့ခြင်းဖြစ်သည်။ သူကသူ့အတန်းဖော်များနှင့်တကယ်မဆက်သွယ်ချင်ပေရာ ဝတ်ကျေတမ်းကျေစကားလုံးအနည်းငယ်ပြောပြီးကျောပေးလိုက်သည်။


ကျောင်းဟွိုင်မှာသူ့တုံ့ပြန်မှုကြောင့်စိတ်ပျက်လက်ပျက်ဖြစ်သွားရပြီး သူ့မျက်နှာမှာရုတ်ခြည်းအေးစက်သွားသည်။


သူ့မှာလင်ခုံးလုနဲ့ဆက်သွယ်ဖို့အခွင့်အရေးအများကြီးမရှိဘူး။ ဒီနေ့တိုးတက်အောင်လုပ်ရမယ်။ တိုးတက်မှုမရှိလို့ရှိရင်.....


ဘာလို့အရင်အမှတ်အသားမပြုရမှာလဲ!


ဒါကိုစဥ်းစားမိရင်း ကျောင်းဟွိုင်၏မျက်လုံးများမှာတွက်ချက်မှုတစ်ချက်လက်သွားပြီး သူလက်မြှောက်ကာစားပွဲထိုးကိုခေါ်လိုက်သည်။


တစ်အောင့်ကြာသော် သူကဝိုင်တစ်ခွက်ကိုင်လျက် ရှေ့တိုးလာပြန်သည်။


"ရှောင်လု။"

သူတစ်ဝက်စနောက်ကာပြောလိုက်သည်။

"မင်းဘာလို့မင်းရဲ့အတန်းဖော်ဟောင်းတွေကိုလျစ်လျူရှုထားရတာလဲ။"


လင်ခုံးလုမျက်မှောင်ကြုတ်ကာမေးမိသည်။

"မင်းကဘယ်သူလဲ။"


ကျောင်းဟွိုင်၏အပြုံးအေးခဲသွားရပေမဲ့ သူ့ဂုဏ်သိက္ခာကိုထိန်းသိမ်းထားလျက်ပြောလိုက်သည်။

"ကိုယ်ကကျောင်းဟွိုင်လေ၊ အထက်တန်းတတိယနှစ်တုန်းက မင်းရဲ့အနောက်တန်းမှာထိုင်ခဲ့တာ၊ မင်းကိုတောင်လိုက်ပိုးပန်းခဲ့သေးတယ်လေကွာ။"


"အော်၊ မင်း...."

လင်ခုံးလုနောက်ဆုံးမှတ်မိသွားပေမဲ့ "မင်း"ဟုအပြီးထိမပြောရသေးခင် လုစစ်လာနေမှန်းရုတ်တရက်သတိထားမိသွားကာ ချက်ချင်းခေါင်းခါပြီး ဗလာသက်သက်ပြောလိုက်မိသည်။

"အာ? ငါမမှတ်မိဘူးရယ်။"


သွားပြီ၊ လုစစ်မကြားလိုက်ဘူးမလား။ အဝေးကြီးကွာနေတာကို မဖြစ်နိုင်ဘူးမလား။ အိုက်ယား၊ သူကအတိတ်မေ့ချင်ယောင်ဆောင်နေတာလေရော်။


ကျောင်းဟွိုင်၏မျက်လုံးထဲမှာစိတ်ပျက်မှုတစ်ချက်လက်သွားပြီး သူ့စိတ်ရှည်မှုမှာနောက်ဆုံးကုန်ဆုံးသွားပြီဖြစ်ရာ သူပြောလိုက်သည်။

"ရပါတယ်၊ ကိုယ်မင်းကိုအခြားအတန်းဖော်တွေဆီခေါ်သွားပေးမယ်လေ၊ မင်းသူတို့ကိုမတွေ့ရတာတော်တော်ကြာပြီမလား။"


သူထိုသို့ပြောကာ လင်ခုံးလုကိုလှမ်းဆွဲဖို့ပြင်လိုက်ပေမဲ့ သူလက်ဆန့်လိုက်သည်နှင့် သူ့လက်ကောက်ဝတ်မှာပြင်းထန်စွာအညှစ်ခံလိုက်ရသည်။


"ဆောရီး၊ သူကမင်းနဲ့သွားဖို့စိတ်မဝင်စားဘူး။"

လုစစ်၏အသံမှာအေးစက်နေပြီး သူ့တစ်ကိုယ်လုံးထက်ခပ်နိမ့်နိမ့်လေဖိအားရှိနေပေရာ ခွန်အားများလွန်းလို့တစ်ဖက်လူ၏လက်ကောက်ဝတ်ကိုချိုးပစ်လုနီးပါးပင်။


ကျောင်းဟွိုင်၏မျက်နှာမှာတမဟုတ်ချင်းဖြူဖျော့သွားရသည်။ နာကျင်မှုအပြင် 3Sအဆင့်အယ်ဖာထံမှဖိအားကြောင့်ပိုနာကျင်ရသည်။


လုစစ်ကဘာအမူအရာမှမပြပေ။ သူ့ကိုလွှတ်ချပြီးနောက် သူကလင်ခုံးလုကိုဆွဲခေါ်သွားသည်။


ဒီမြင်ကွင်းကိုမြင်သော် လူတချို့မှာမနေနိုင်ဘဲတိုးတိုးပြောမိကြသည်။


"နတ်ဘုရားလုလား။"


"နတ်ဘုရားကလုကလင်ခုံးလုကိုကြိုက်နေတုန်းပဲလား။ လုမိသားစုမှာဘီတာမရှိဘူးမလား။"


"အရင်တုန်းကလင်ခုံးလုကသူ့ကိုတော်တော်လေးလှောင်ခဲ့တာလေ။"


လင်ခုံးလုမှာလိမ်လိမ်မာမာလေးလိုက်သွားရသည်။ လုစစ်ကသူ့လျို့ဝှက်ချက်ပေါ်လုနီးပါးစကားလုံးများကိုကြားမကြားသူမသေချာတာမို့ သူအပြင်ရောက်လာချိန်တွင်စမ်းသပ်လိုက်သည်။


"ကိုကိုအားစစ်၊ ကျွန်တော်ကိုကို့ကိုလှောင်ခဲ့တယ်လို့သူတို့ကဘာလို့ပြောနေကြတာလဲ။ ကျွန်တော်အရင်တုန်းကကိုကို့ကိုတကယ်ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့တာလား။"

လင်ခုံးလုပဟေဠိဖြစ်ချင်ယောင်ဆောင်ကာမေးလိုက်သည်။


"အမ်။" 

လုစစ်၏မျက်နှာမှာသိပ်မကောင်းလှ။


ခုနကဖြစ်သွားသည့်ကိစ္စကိုသူစဥ်းစားနေမိဆဲပင်၊ ချမ်းသာသောဒုတိယမျိုးဆက်ကတကယ်ကြီးသူ့ကိုလာနှောင့်ယှက်ပြန်သည်၊ ကြည့်ရတာတော့ကျောင်းတက်တုန်းကသူ့ကိုလုံလုံလောက်လောက်မဆုံးမခဲ့မိပုံပင်။ ဒီတစ်ခေါက်သူလိုက်လာမိတာကံကောင်းတယ်၊ မဟုတ်ရင် မှတ်ဉာဏ်ပျောက်နေတဲ့သခင်လေးလှည့်စားခံလိုက်ရလိမ့်မယ်။


"'အမ်'ကဘာကိုဆိုလိုတာလဲ။"

လင်ခုံးလုအံ့သြချင်ယောင်ဆောင်လျက်

"ကျွန်တော်အရမ်းဆိုးတယ်လား။"


လုစစ်: "အမ်း။"


"...ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်အတူရှိသွားကြတာလဲ။"


လုစစ်: "....."


သူခုနကဘာပြောလိုက်တာ? မင်းဘာလို့"ဘယ်လိုလုပ်အတူရှိသွားတာလဲ"ဆိုတဲ့မေးခွန်းကိုရုတ်တရက်ပြောင်းလိုက်ရတာလဲ။


လုစစ်ထိုအကြောင်းဂရုတစိုက်တွေးကာပြောလိုက်သည်။

"ကိုယ်ကန်းနေခဲ့တာ၊ မင်းနောင်တရသွားပြီးတော့ ကိုယ့်ဆီငိုယိုပြီးလာတောင်းဆိုခဲ့တာလေ။"


လင်ခုံးလု: "....." ငါအတိတ်မေ့ချင်ယောင်ဆောင်တာကြောင့်မဟုတ်ရင်....


ဒါပေမဲ့ဒါကိုကြားလိုက်သော် သူပင့်သက်ရှိုက်ကာတွေးလိုက်မိသည်: ကြည့်ရတာတော့ငါအတိတ်မေ့ချင်ယောင်ဆောင်နေမှန်းသူမသိသွားတဲ့ပုံပဲ။


"ကျွန်တော်ကကိုကို့ကိုတောင်းဆိုတယ်?"

သူလုစစ်စကားနောက်လိုက်ကာ ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။

"ဒါဆိုကျွန်တော်လည်းကန်းနေခဲ့တာပဲ။ ခုနကကျောင်းဟွိုင်ကသိပ်မဆိုးဘူးလို့ကျွန်တော်ရုတ်တရက်ခံစားလိုက်ရတယ်၊ သူကခင်ဗျားထက်ပိုကောင်း.....အာ့!"

သူစကားပြောလို့မပြီးသေးခင် လုစစ်ကရုတ်တရက်သူ့လက်မောင်းကိုလှမ်းဆွဲကာ သူ့ဘေးရှိပစ္စည်းဂိုထောင်ခန်းထဲဆွဲခေါ်သွားကာ သူ့ကိုနံရံပေါ်ဖိချလိုက်သည်။


လင်ခုံးလုမှင်သက်သွားရသည်၊ ဒါဘယ်လိုတိုးတက်မှုကြီးလဲ?


"သူ့အကြောင်းထပ်မပြောနဲ့။"

လုစစ်၏အသံမှာခပ်နိမ့်နိမ့်နှင့် သူ့မျက်ဝန်းထဲမှာအမည်မသိစိတ်ခံစားချက်တို့ရှိနေပေသည်။


လင်ခုံးလုမိန်းမောသွားရကာ တစ်အောင့်ကြာမှသေချာဂရုတစိုက်မေးမိသည်။

"ကိုကို....သဝန်တိုနေတာလား။"


လုစစ်မဖြေပေ၊ နှင်းဆီရနံ့များကလေထဲမှာစတင်ပြည့်နှက်လာပေသည်။


သူကကောင်လေး၏မေးကိုညှစ်ကာ ဘယ်ညာလှည့်ကြည့်ပြီး သူ့မျက်လုံးများမှာတဖြည်းဖြည်းချင်းမည်းမှောင်လာသည်။


ကောင်လေး၏ပါးပြင်နှင့်လည်တိုင်တို့မှာအကြောင်းတချို့ကြောင့် ခပ်ပါးပါးနီစွေးလျက်ရှိပြီး ကိတ်ပေါ်ကပန်းရောင်နှင်းဆီပမာ လှပကာအရသာရှိမည့်ပုံပင်။


"မင်းheatဝင်နေတာလား။"

လုစစ်၏အသံမှာရုတ်ခြည်းအက်ရှလာပြီး အယ်ဖာ၏အရှိန်အဝါကရုတ်တရက်အလွန်အမင်းသန်မာလာသည်။


လင်ခုံးလုသည်လည်းမူမမှန်မှုကိုခံစားမိလိုက်ပြီး သူအသက်ရှုရပ်သွားကာ အလိုလိုလက်မြှောက်ပြီးသူ့လည်ပင်းသူထိကြည့်လိုက်မိသည်။


သိိသိသာသာကိုပင်၊ သူ့ဖယ်ရိုမုန်းရနံ့များကအထိန်းအကွပ်မဲ့နေပြီး သူဟာမိတ်လိုက်ဖို့တွန်းအားပေးခံနေရသည်။


ခုနကလမ်းပေါ်မှာလေတိုက်လျက်ရှိပြီး သူကသူ့လျို့ဝှက်ချက်ပေါ်မှာစိတ်ပူနေခဲ့သဖြင့် သူ့စိတ်ဝိညာဥ်မှာတင်းမာနေတာမို့ သူ၏ထူးဆန်းသောအခြေအနေကိုသတိမမူမိခဲ့ပေ။


ဒါပေမဲ့ဘာဖြစ်တာလဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကသူတားဆေးသုံးခဲ့တယ်လေ။


လုစစ်ကသူ့လည်တိုင်နံဘေးကိုနမ်းကြည့်ကာ အက်ရှရှပြောလာသည်။

"မင်းခုနကတစ်ခုခုစားခဲ့သေးလား။"


"ဟင့်အင်း၊ မသိဘူး။"

လင်ခုံးလု၏အသံမှာခြောက်ကပ်လို့နေသည်။


သူသတိမထားမိရင်အဆင်ပြေပေမဲ့ သတိထားမိပြီးနောက် သူမြဲမြဲမရပ်နိုင်တော့တာမို့ လုစစ်ကိုအကျီကိုတင်းကြပ်စွာဆုပ်ကိုင်ထားရုံသာတတ်နိုင်ကာ တုန်ရီသောအသံဖြင့်ပြောလိုက်ရသည်။

"တား၊ တားဆေးသွားဝယ်..."


လုစစ်ကမလှုပ်ဘဲ ကောင်လေး၏ဂုတ်သားပေါ်လက်တင်လိုက်ပြီး သူ့မျက်လုံးများမှာပိုမိုနက်မှောင်လာချေသည်။


ကောင်လေးကခေါင်းအသာမော့ထားပြီး သူ့မျက်လုံးများကအကူအညီတောင်းနေသည့်အလား တဖျတ်ဖျတ်တောက်ပနေပေမဲ့ အနမ်းကိုဖိတ်ခေါ်နေသည်နှင့်ပိုတူသည်။


လုစစ်၏မျက်လုံးများမှာစိတ်ခံစားချက်တို့ဖြင့်ပြည့်လျှံနေပြီး သူရုတ်တရက်ကောင်လေး၏သေးသွယ်သောခါးကိုလှမ်းဆွဲကာ ကောင်လေးကိုနံရံပေါ်ဖိချလျက် နားထဲမှာနူးညံ့ပျော့ပြောင်းစွာပြောလိုက်သည်။

"တကယ်တော့ မင်းတားဆေးထိုးဖို့မလိုပါဘူးကွာ။"


__________________________________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


နံရံ: ဘာဖြစ်တာလဲ။ ငါအနီးကပ်ကြည့်ကြည့်အုံးမယ်၊ အို၊ ငယ်ရွယ်တဲ့စုံတွဲကဒီမှာsexလုပ်တော့မှာကိုး၊ သိပ်မကြာခင် ငါပြိုကျသွားပြီး သူတို့ကိုဆောင့်ကြောင့်ထိုင်လုပ်ခိုင်းလိုက်ပြီ!


လုစစ်: ဒီလိုစာသားမျိုးကိုရေးတယ်လား၊ လူတွေလုပ်ချင်တာလုပ်မှာပေါ့? ထွက်လာပြီးနံရံဆောက်လှည့်!


_____________________________________