Chapter(18)
Viewers 10k

စာကြည့်ခန်းထဲတွင် လေထုဖိအားမှာကြောက်မက်ဖွယ်ကောင်းလောက်အောင်နိမ့်ကျလျက်ရှိသည်။


လုစစ်ကစာကြည့်စားပွဲနောက်ကထိုင်ခုံမှာထိုင်လျက် သူ့မျက်နှာမှာအရိပ်တို့ဖုံးလွှမ်းလို့နေကာ စိိတ်ခံစားချက်စိုးစဥ်းမျှမမြင်ရပေ။


သူကစောင့်ကြည့်ကင်မရာကိုထပ်ခါတလဲလဲကြည့်နေပြီး အချိန်အတော်ကြာနှုတ်ဆိတ်နေမိကာ သူ့ရင်ထဲကခန့်မှန်းချက်ကိုပြောင်းပြန်လှန်နိုင်စွမ်းမရှိ။


"တစ်ခုခုနားလည်မှုလွဲနေတာများလား။"

လန့်စ်သတိရှိရှိပြောလိုက်မိသည်။


သခင်နှင့်သခင်လေးကြားကအတိတ်ကိုသူမသိတာမို့ မော်နီတာဒေတာပြန်သွင်းလိုက်ချ်ိန်တွင် သခင်လေးကျောင်းဟွိုင်ကိုမှတ်မိတာနှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေမှန်း လန့်စ်နားမလည်ပေ။


လုစစ်လည်းမယုံကြည်ချင်လောက်ပေ။ အချိန်အတော်ကြာတောင့်တောင့်ကြီးထိုင်နေမိပြီးနောက် နောက်ဆုံးမှာစိတ်ဆုံးဖြတ်ကာမေးလိုက်မိသည်။

"သူဘယ်မှာလဲ။"


လန့်စ်သက်မချလိုက်မိပြီး လင်ခုံးလုသွားသည့်စတူဒီယိုအမည်ကိုချက်ချင်းပြောပြလိုက်သည်။


လုစစ်ရုတ်တရက်ထရပ်ကာ ခပ်မြန်မြန်လျှောက်ထွက်သွားသည်။


သူသခင်လေးကိုကိုယ်တိုင်မေးချင်သည်၊ သခင်လေးကမဟုတ်ဘူးလို့ပြောလာသရွေ့ အကြောင်းပြချက်ကဘာကြီးပဲဖြစ်နေပါစေ သူယုံကြည်ဖို့လိုလားသည်။


လင်ခုံးလုကဒီဇိုင်နာနှင့်အချိန်ကြာမြင့်စွာဆွေးနွေးပြီး နောက်ဆုံးမှာဒီဇိုင်းကိုဆုံးဖြတ်ကာ စိတ်ကျေနပ်စွာထွက်လာခဲ့သည်။


သို့သော်သူစတူဒီယိုထဲအဆောက်အအုံထဲမှလျှောက်ထွက်လာသည်နှင့် သေနတ်တစ်လက်ကသူ့ကျောအောက်ပိုင်းကိုရုတ်တရက်ထိလာပြီး ရင်းနှီးသောအသံကသူ့နားထဲဝင်လာသည်။

"အချစ်လေး၊ ကိုယ်နဲ့လိုက်ခဲ့။"


လင်ခုံးလုတောင့်ခဲသွားရပြီး 0687ကခပ်သွက်သွက်အသိပေးလာသည်။

"ဟိုbugကောင်လုရန်ကျားပဲ။"


လင်ခုံးလု: "ငါသိတယ်၊ သူမပေါ်လာတာကြာပြီဆိုတော့ သူသေသွားပြီထင်နေတာ။"


လုရန်ကျားကားအလိုရှိကြယ်သူခိုးတစိယောက်ဆိုပေမဲ့ ဘာလုပ်ရမလဲမသိပေ။ ဆိုလိုတာက ဒီအခိုက်အတန့်မှာ သူကကြယ်မြို့တော်မှာအမိုက်စားပုံစံဖြင့်ပေါ်လာပေသည်။


သူဘာလုပ်မလဲလင်ခုံးလုမသိတာမို့ တစ်စက္ကန့်မျှတုံ့ဆိုင်းနေမိပြီး သူနာခံချင်ယောင်ဆောင်ရုံသာတတ်နိုင်သည်။


လုရန်ကျားကအနက်ရောင်လေကာအကျီဝတ်ထားပြီး သေနတ်မှာသေးလွန်းလို့အဝတ်အစားနှင့်လက်တို့ဖြင့်လုံးဝဖုံးအုပ်ခံထားရသည်။ သူ့ပတ်ဝန်းကျင်ကလူတို့၏အမြင်တွင် ပြန်ပေးဆွဲနေပုံထက်စာရင် အိုမီဂါငယ်လေးကအရပ်ရှည်ရှည်အယ်ဖာထံမှပွေ့ဖက်ခံထားရပုံနှင့်ပိုတူသည်။


ဤသည်ကားလုစစ်ထိုနေရာကိုရောက်သွားချိန်မြင်လိုက်ရသည့်အရာဖြစ်သည်။ သူတမဟုတ်ချင်းလက်သီးဆုပ်လိုက်မိပြီး သူ့ရင်ထဲမှာထုံကျင်သောနာကျင်မှုရှိလို့နေသည်။


ဘာလို့ဒီလိုဖြစ်ရပြန်တာလဲ။ ဒီတိုးတက်မှုကအရင်ဘဝတုန်းကနဲ့တစ်ပုံစံတည်းပဲ။


သူမလာခင် သူ့စိတ်ထဲမှာမရေတွက်နိုင်သောဖြစ်နိုင်ချေရှိသည့်နားလည်မှုလွဲခြားများကိုတွေးထားခဲ့ပေမဲ့ ဒီအခိုက်အတန့်မှာ သူ့စိတ်ကူးအကုန်ပျက်စီးသွားရပြီ။ ဒီဟာကသူဘာပဲလုပ်လုပ်ပြောင်းလဲမရတဲ့ကံကြမ္မာများဖြစ်နေမလား။


လုစစ်ရုတ်တရက်ကားအပြင်ကမြင်ကွင်းကိုမကြည့်ရဲတော့၊ သူဒီကိုလာတုန်းကတွေးထားခဲ့သလိုမျိုးလူငယ်လေးရှေ့မှာရပ်ပြီး စိတ်အေးချင်ယောင်ဆောင်ကာ မမေးရဲလေတော့: 

"မင်းကျောင်းစုံညီပွဲတော်မသွားခင်တုန်းက တစ်ယောက်ယောက်ကကျောင်းဟွိုင်အကြောင်းမင်းကိုပြောပြခဲ့လား။"


မြင်တဲ့အတိုင်း၊ သူဟာကောင်လေးအတွက်အကြောင်းပြချက်ပင်စဥ်းစားထားခဲ့သည်။


လန့်စ်ထိုမြင်ကွင်းကိုမြင်လိုက်ရသော် တစ်အောင့်မျှအဆင်မပြေဖြစ်သွားရသည်။ အထင်လွဲမှုမှာနှစ်ယောက်သားတွေ့ဆုံပြီးနောက်ပိုင်းပြေလည်သွားလိမ့်မည်ဟုသူထင်ထားခဲ့ပေမဲ့ ထိုအထင်လွဲမှုကသူတို့မတွေ့ဆုံခင်ကဟာအပေါ်နောက်တစ်လွှာထပ်ဆင့်သွားလိမ့်မည်ဟုသူလုံးဝမမျှော်လင့်ထားမိပေ။


အာ၊ အထင်လွဲတာပဲဖြစ်ရမယ်?


လန့်စ်မရေမရာစဥ်းစားနေမိသည်။ ကြယ်သူခိုးကသခင်လေးကိုကော်ဖီဆိုင်ထဲ"ခေါ်သွား"တော့မည်ဖြစ်ကာ သခင်ကမတုံ့ပြန်သေးကြောင်းမြင်လိုက်ရသော် သူနောက်ဆုံးမှာမနေနိုင်ဘဲအသိပေးလိုက်မိသည်။

"ကျွန်တော်တို့သွားမတားဘူးလား။"


လုပ်ပါဗျ! သခင်လေးကိုသွားပြန်ခေါ်ရမှာလေ၊ ဇာတ်လမ်းထဲမှာအဲ့လိုပဲလုပ်ကြတာ!

လန့်စ်စိတ်ထဲမှာအော်ပြောမိသည်။


လုစစ်လက်ချောင်းထိပ်များလှုပ်ကာ ကားပေါ်ကဆင်းဖို့ပြင်လိုက်ချိန်တွင် ဆက်သွယ်ရေးစက်ထဲမက်ဆေ့ချ်ဝင်လာသည်။


လုရန်ကျား!


လုစစ်၏မျက်ဝန်းထဲတွင်မှင်သေသေအကြည့်တစ်ချက်ဖြတ်ပြေးသွားပြီး တစ်ဖက်လူကသူ့ဆက်သွယ်ရေးစက်ထဲဟက်ကာပုံတစ်ပုံပို့လာသည်။


သူအာရုံမစိုက်ချင်ပေမဲ့ သူ့လက်ကိုထိန်းချုပ်မရဘဲနှိပ်ကြည့်လိုက်မိသည်။


ပုံ၏အကြောင်းအရာကသူ့ကိုစူးနင့်သွားစေပြန်သည်။ လင်ခုံးလုနှင့်ထိုလူမှာတရင်းတနှီးပွေ့ဖက်ထားခဲ့သည်။ အချိန်မှာလွန်ခဲ့သောဆယ်ရက်၊ သူကလင်ရွှမ်းလော့နှင့်ပတ်သတ်ပြီးလူငယ်လေးအတွက်ပြေးလွှားနေချိန်ဖြစ်သည်။


သူထိုရက်အနည်းငယ်တုန်းကအလွန်အလုပ်ရှုပ်နေခဲ့ပေမဲ့ သခင်လေးကသူ့ထက်ပို၍ပင်အလုပ်ရှုပ်နေခဲ့ပုံပင်။


လုစစ်မျက်လုံးမှိတ်လိုက်မိကာ ထိုအကြောင်းမစဥ်းစားချင်တော့ပေမဲ့ တမင်သက်သက်လျစ်လျူရှုထားခဲ့သည့်တချို့အရာများကဒီအခိုက်အတန့်မှာသူ့စိတ်ထဲရောက်လာသည်-


သူ့မွေးနေ့တုန်းက လူတိုင်းရှေ့မှာသူ့ကို"ကိုကိုအားစစ်"ဟုခေါ်တတ်သည့်ကောင်လေးကကားထဲမှာ သူရှိမနေချိန်တွင်သူ့ကို"လုစစ်"ဟုသာခေါ်ခဲ့သည်။


ရှေ့တန်းမှာတုန်းက သူ၏သွေးကြောက်တတ်မှုကြောင့် သူတဖြည်းဖြည်းချင်းနှလုံးသားနူးညံ့ပျော့ပြောင်းကာ လှုပ်ခတ်လာခဲ့ပေမဲ့ သူ့အရင်ဘဝတုန်းက တစ်ဖက်လူဟာလုံးဝသွေးမကြောက်တတ်ပေ။


ထို့အပြင် အစကတည်းက "သူကပြန်မွေးဖွားလာပြီး လက်တုံ့ပြန်ဖို့ပြန်လာတယ်"ဟုသူပြောတာကို ကောင်လေးမတော်တဆကြာသွားပြီးနောက်ပိုင်း သူကမထင်မှတ်ထားစွာမှတ်ဉာဏ်ပျောက်သွားခဲ့သည်။ ဒီဟာကတကယ်တိုက်ဆိုင်မှုသက်သက်လား။


သံသယများစွာရှိနေပေမဲ့ သူဘာလို့ဒီအတိုင်းယုံကြည်လိုက်တာလဲ။


ဤအချိန်တွင်လုရန်ကျားကပုံနှင့်ဗီဒီယိုများစွာပို့လာပြီး အပိုစာသားတစ်ကြောင်းပါဝင်သည်: မင်းအံ့သြသွားလား။ ဒါကမတော်တဆလား။


လုစစ်၏မျက်နှာထားမှာအလွန်အမင်းရုပ်ဆိုးသွားရပေမဲ့ တစ်အောင့်ကြာသော် သူရုတ်ခြည်းပြုံးလိုက်သည်။


သူလက်မြှောက်ကာသူ့မျက်လုံးများကိုဖုံးကာလျက် တည်ငြိမ်သောအသံဖြင့်ပြောလိုက်သည်။

"ဒီဟာတွေကအတုဟုတ်မဟုတ်စစ်ဆေးကြည့်လိုက်။"


သူပိုတည်ငြိမ်အေးဆေးလေလေ လန့်စ်ပိုကြောက်လန့်လာလေလေပင်ဖြစ်ရာ တိတ်တိတ်လေးဆုတောင်းမိသည်: အတုဖြစ်ပါစေ။


သို့သော် နှစ်မိနစ်ကြာပြီးနောက် သူမလိုလားစွာပြောလိုက်ရသည်။

"အတုမဟုတ်ဘူး။"


လုစစ်လှောင်ရယ်လိုက်ပုံမှာ မျှော်လင့်ထားပြီးသားအလား သူအလွန်အမင်းတည်ငြိမ်သောမျက်နှာထားနှင့် ခပ်မြန်မြန်လက်အောက်ချလိုက်သည်။

"ဗဟိုစင်တာမှာဓားစာခံခေါ်ထားတဲ့ကြယ်သူခိုးတွေရှိတယ်လို့ လုံခြုံရေးဌာနကိုအသိပေးလိုက်။ ချက်ချင်းပူးပေါင်းပြီးဖမ်းဆီးရမယ်၊ အာရုံစိုက်....."


သူတစ်အောင့်မျှတန့်သွားပြီးမှ ထေ့ငေါ့မှုတစ်စွန်းတစဖြင့်ပြောလိုက်သည်။

"ဓားစာခံရဲ့ဘေးကင်းလုံခြုံမှုကိုအာရုံစိုက်ပါလို့။"


လင်ခုံးလုမှာကော်ဖီဆိုင်ထဲသို့ လုရန်ကျား၏"တွန်းပို့"ခြင်းခံလိုက်ရသည်။ ပရိုက်ဗိတ်အခန်းထဲတွင် တစ်ဖက်လူကသေနတ်ပြန်သိမ်းလိုက်ပြီးနောက် သူထောင့်တစ်နေရာမှာချက်ချင်းပုန်းကာ စိုးရိမ်ပူပင်စွာပြောလိုက်သည်။

"မင်း၊ မင်းဘာလုပ်မလို့လဲ။ မင်းကိုပြောလိုက်မယ်၊ ငါ့သတို့သားလောင်းကကိုလိုနယ်နော်။ မင်းငါ့ကိုထိခိုက်အောင်လုပ်ရဲရင် သူမင်းကိုအလွတ်ပေးမှာမဟုတ်ဘူး။"


"ကျွတ်ကျွတ်၊ သနားစရာကောင်းလိုက်တာ၊ လှည့်စားခံလိုက်ရမှန်းမင်းတောင်မသိလိုက်ဘူးပဲ။"

လုရန်ကျားကအရေးမစိုက်ဘဲ သာမန်ကာလျှံကာပြုံးလိုက်သည်။


"မင်းဘာကိုဆိုလိုတာလဲ။"

လင်ခုံးလုကြောင်အမ်းသွားရသည်။


"မင်းမှတ်ဉာဏ်ပျောက်သွားတာလား။"

လုရန်ကျားကသူ့ဆီဖြည်းညှင်းစွာလျှောက်လာပုံမှာ ပြုံးနေသည့်ကျားတစ်ကောင်ကဲ့သို့ပင်။

"မင်းလက်ထပ်တော့မယ်ဆို? အိုင်း၊ လုစစ်ကမင်းကိုလိမ်ပြောခဲ့တာ၊ မင်းသူ့ကိုလုံးဝမချစ်ဘူး၊ မင်းကကိုယ့်ကိုချစ်တာ။"


"မင်း၊ မင်းပေါက်ကရပြောနေတာပဲ။"

လင်ခုံးလုမယုံပေ။ သူအနားတိုးလာသည်ကိုမြင်လိုက်ရရင်း သူကြောက်လွန်းလို့နံရံကိုကျောမှီကာ တံခါးဆီရွေ့သွားလိုက်သည်။


လုရန်ကျားကအနားသိပ်မကပ်ဘဲ အပြုံးတစ်ပွင့်နှင့်ပြောလာသည်။

"ကိုယ်ကမင်းကိုလိမ်ပါ့မလား။ တကယ်ပြောတာ၊ ကိုယ်တို့တွေတစ်ယောက်ကိုတစ်ယောက်အမြဲသဘောကျခဲ့ကြတာ။ ကိုယ်ကကြယ်သူခိုးတစ်​ယောက်မှန်းမင်းအဖေသိသွားပြီးတော့ မင်းကိုလုစစ်နဲ့လက်ထပ်ဖို့ဖိအားပေးတာမို့ မင်းကိုယ်နဲ့အတူထွက်ပြေးလာခဲ့တယ်။ လုစစ်ကသစ္စာဖောက်ကိုလက်မခံနိုင်ဘူး၊ မင်းမယုံကြည်လောက်ပေမဲ့ သူ့အရင်ဘဝတုန်းကသူကကိုယ်တို့သတ်တာခံလိုက်ရတာမို့ သူမင်းကိုရည်ရွယ်ချက်ရှိရှိလက်စားလာချေတာပဲ။"


လင်ခုံးလု: "...မင်း၊ ဘယ်အရူးထောင်ကလွတ်လာတာလဲ။"


"ဟားဟားဟား!" လုရန်ကျားကရုတ်တရက်ထရယ်လိုက်ပြီး ရယ်မောပြီးနောက်ပြောလာသည်။

"မင်းကသိပ်ချစ်ဖို့ကောင်းတယ်။"


လင်ခုံးလု: "....." ရူးနေတာပဲ။


သို့သော်ထို့နောက် လုရန်ကျားကပုံအနည်းငယ်ထုတ်ကာ သူ့ကိုတစ်ပုံချင်းစီပြရင်းပြောလာသည်။

"မြင်လား၊ ကိုယ်မင်းကိုလိမ်မပြောဘူး။"


ပုံအားလုံးထဲတွင် "လင်ခုံးလု"နှင့်လုရန်ကျားအတူရှိနေပေသည်။


လင်ခုံးလု: "ငါ့လက်သီးကပြင်းတယ်၊ 0687၊ ဒါကအတုလား။"


0687: "....အစစ်နဲ့တူတယ်။"


လင်ခုံးလု: "ကြည့်ရတာတော့ 'လင်ခုံးလု'အတုကိုသူထပ်ဖန်တီးလိုက်ပုံပဲ။"


"မင်းကိုယ့်ကိုမယုံဘူးလား။ ဗီဒီယိုရှိသေးတယ်။"

လုရန်ကျားပျော်ပျော်ကြီးပြုံးလိုက်သည်။


လင်ခုံးလု: "...." ဒီလူယုတ်မာကတော့။


"ငါမယုံဘူး၊ မင်းလိမ်နေတာ!"

သခင်လေးမှာနားများအုပ်ပြီး ခေါင်းခါလျက်နားထောင်ဖို့ငြင်းဆန်လိုက်သည်။


လုရန်ကျားဗီဒီယိုထပ်ဖွင့်ပြချင်ပေမဲ့ ထိုစဥ် စက်ရုပ်အသေးလေးကတံခါးအက်ကွဲကြောင်းမှတဆင့်ခိုးဝင်လာပြီး တမဟုတ်ချင်းကြီးလာကာ လင်ခုံးလုရှေ့ကာရပ်လျက် လက်မြှောက်ကာ လုရန်ကျားကိုလှမ်းဆွဲလိုက်သည်။


တစ်ချိန်တည်း၌ အခန်းတံခါးမှာကန်ဖွင့်ခံလိုက်ရသည်။ သို့ပေမဲ့လုရန်ကျားကလည်းလျင်မြန်စွာတုံ့ပြန်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံးမှာခပ်ပါးပါးအလွှာတစ်ထပ်ဖုံးသွားပြီး တစ်ပြိုင်နက်တည်း၌နေရာလွတ်ဆွဲဖွင့်ကာ သူ့ပုံရိပ်မှာလျှပ်တစ်ပြက်အတွင်းသဲလွန်စမကျန်ပျောက်ကွယ်သွားတော့သည်။


မပျောက်သွားခင် သူကလင်ခုံးလုကိုပြောဖို့မမေ့သွားပေ။

"လုစစ်ကမင်းကိုယုံမှာမဟုတ်ဘူး။"


"....ဘောပဲ၊ သူကအရင်ဘဝတုန်းကထက်ပိုသန်မာလာတယ်။"

လင်ခုံးလု၏မျက်လုံးများမှာအံ့အားသင့်မှုဖြင့်တစ်ချက်လက်သွားသည်။


0687: "ပိုပြီးတော့တောင်ရှင်းပစ်ရခက်လာပြီ။"


လင်ခုံးလု: "သူဘာလို့ငါနဲ့ဇာတ်လိုက်ရဲ့ဆက်ဆံရေးကိုဇွဲကြီးကြီးနဲ့ဝင်နှောင့်နေရတာလဲ။"


ပထမဘဝမှာရော၊ ဒုတိယဘဝမှာရောပဲ။ "လင်ခုံးလု"အတုတောင်လုပ်လိုက်ပြီးပြီ။


0687: "ဇာတ်လိုက်ကမင်းကိုချစ်တာကြောင့်များလား။"


လင်ခုံးလု: "???"


0687: "မင်းကဇာတ်လိုက်ကိုသူအချစ်ရဆုံးလူနဲ့ဘဲနာကျင်အောင်လုပ်လို့ရတယ်။ အာ၊ ငါသိပြီ၊ သူကဇာတ်လိုက်ကိုစိတ်ဖောက်ပြန်အောင်လုပ်ပြီးတော့ ဇာတ်လိုက်ရဲ့ကံကောင်းမှုကိုယူသွားချင်တာပဲ။"


လင်ခုံးလု: "....အဓိပ္ပါယ်ရှိတယ်။ မင်းကခဏလေးအတွင်းမှာဉာဏ်ကောင်းလာတာပဲ။"


လုစစ်အခန်းထဲလျှောက်ဝင်သွားချိန်တွင် လင်ခုံးလုမှာစက်ရုပ်အနောက်တွင်ပုန်းနေဆဲဖြစ်ပြီး သူကားကြောက်လန့်နေပုံပင်။


သူခလုတ်နှိပ်လိုက်တော့ အခြားသူများမရောက်လာခင် စက်ရုပ်မှာပြန်သိမ်းခံလိုက်ရသည်။


သူ့ကိုမြင်လိုက်ရသော် လင်ခုံးလုသူ့ရင်ခွင်ထဲချက်ချင်းပစ်ဝင်လိုက်ပြီး သူ့မျက်လုံးများမှာနီရဲလို့နေကာ သူ့အသံမှာဆို့နင့်လျက်ရှိသည်။

"အရမ်းကြောက်စရာကောင်းတယ်၊ ကျွန်တော်ခုနကအဲ့ကြယ်သူခိုးကိုတွေ့လိုက်ရတယ်..."


လုစစ်မှာအလိုလိုလက်မြှောက်လိုက်မိပေမဲ့ သူ့လက်ချောင်းထိပ်များကကောင်လေး၏ဆံနွယ်ပျော့ပျော့ကိုထိတော့မည့်အချိန်တွင် အေးခဲသွားရပြန်သည်။


အရင်တုန်းကသာဆိုရင် သူသေချာပေါက်ကောင်လေးကိုပုတ်ပေးပြီး သူ့ကိုစိတ်ရှည်လက်ရှည်နှစ်သိမ့်ပေးမိလိမ့်မည်ပင်။ သို့သော်ယခုမူ သူမျက်နှာအမူအရာကင်းမဲ့စွာရပ်နေမိပြီး ကောင်လေးကိုသူ့ကိုယ်ပေါ်ကပ်တွယ်ခွင့်ပေးထားလျက် သူ့ကိုမတွန်းထုတ်သကဲ့သို့တင်းကြပ်စွာပါမပွေ့ဖက်မိပေ။


တစ်ခုခုထူးဆန်းနေမှန်းလင်ခုံးလုခပ်မြန်မြန်သတိမူမိသွားပေမဲ့ သူမေးဖို့အချိန်မရခင်လုစစ်ကပြောလာသည်။

"အရင်ပြန်ရအောင်။"


ကားထဲဝင်လာပြီးနောက် ဤမူမမှန်သောအရိပ်အ​ယောင်မှာပိုမိုသိသာလာပေသည်။ လုစစ်တိတ်ဆိတ်လွန်းနေပုံမှာပုံမှန်မဟုတ်လှ။


လင်ခုံးလုစိတ်ပူတကြီးမေးမိသည်။

"ကိုကိုအားစစ်၊ ဘာလို့စကားမပြောတာလဲဟင်?"


လုစစ်လုပ်ပြုံးပြုံးကာပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ကိုယ်စဥ်းစားနေတာ...ဗီလာမှာမင်းအတွက်စပရိုက်တစ်ခုရှိတယ်။"


"စပရိုက်?"

လင်ခုံးလုပဟေဠိဖြစ်သွားရသည်၊ သူ့ချစ်သူကခုနကပြန်ပေးဆွဲခံခဲ့ရတာကို နှစ်သိမ့်ပေးမဲ့အစား သူ့ကိုစပရိုက်တချို့ပေးလာတာက ပုံမှန်ပဲလား။


သူဗီလာရောက်သွားချိန်တွင် လင်ခုံးလုမှာဧည့်ခန်းထောင့်ရှိပီယာနိုအနက်ရောင်ကိုအကြည့်တစ်ချက်တည်းဖြင့်မြင်လိုက်ရပြီး စပရိုက်ကဘာမှန်းချက်ချင်းနားလည်သွားရသည်။


သခင်လေးကပီယာနိုတီးရတာကြိုက်တာမို့ လင်မိသားစုကသူ့အတွက်ပီယာနိုခန်းအထူးစီစဥ်ပေးထားခဲ့သည်။ လုစစ်ကသိသိသာသာကိုဗီလာထဲမှာတစ်ခုလုပ်ပေးဖို့စီစဥ်ထားတာဖြစ်သည်။


"ကြိုက်လား။" လုစစ်မေးလိုက်သည်။


"ကြိုက်တယ်။" လင်ခုံးလုအံ့သြချင်ယောင်ဆောင်လိုက်ပေမဲ့ သူနှင့်ပတ်သတ်ပြီးတစ်ခုခုမှားယွင်းနေသယောင်ခံစားလိုက်ရသည်။


"မင်းကိုယ့်အတွက်တစ်ပုဒ်လောက်တီးပေးလို့ရလား။"

လုစစ်ကမေးလာပြန်သည်။


ပုံမှန်မဟုတ်ဘူး၊ တော်တော်လေးပုံမှန်မဟုတ်ဘူး။


လင်ခုံးလုခပ်ဖျော့ဖျော့မသက်မသာဖြစ်သွားရပေမဲ့ ပြောလိုက်ဆဲပင်။

"ရတာပေါ့၊ ကိုကိုဘယ်ဟာနားထောင်ချင်လဲ။"


"မင်းတီးနေကျတစ်ပုဒ်'ဖွင့်ဟဝန်ခံချက်'လေ။"

လုစစ်မှောင်မိုက်သောမျက်လုံးများဖြင့်ပြောလိုက်သည်။


ဤသည်ကားအရင်ဘဝသူ့ကိုပရိုပို့စ်လုပ်တုန်းကကောင်လေးတီးခဲ့သည့်သီချင်းဖြစ်သည်။ လက်ထပ်ခွင့်တောင်းခံမှုဟုပြောရမမှန်ပေ၊ ထိုနေ့တုန်းကသခင်လေးကသူ့ကိုလက်ထပ်ဖို့"ပြော"လာခဲ့ရုံသာ။


သူဘာလုပ်မလဲဆိုတာလင်ခုံးလုမသိပေမဲ့ သူပီယာနိုရှေ့မှာထိုင်ပြီး ပီယာနိုခလုတ်များကိုကျွမ်းကျင်စွာနှိပ်လိုက်ဆဲပင်။


ရင်းနှီးသောသံစဥ်ကဧည့်ခန်းထဲမှာလျင်မြန်စွာပဲ့တင်ထပ်သွားပေမဲ့ ၎င်းမှာခံစားချက်မပါသောစက်ပမာတီးနေဆဲပင်။


လုစစ်ဖြည်းညှင်းစွာမျက်လုံးမှိတ်လိုက်မိသည်။ သေချာတာပေါ့၊ အရင်ဘဝတုန်းကလိုပဲ၊ သူကသူ့အပေါ်ခံစားချက်မရှိဘူးပဲ။ သူဘာကိုရှာနေမိတာလဲ။


"လက်ထပ်ကြစို့။"

လုစစ်ရုတ်တရ​က်မျက်စိဖွင့်ကာ ကောင်လေးကိုပြောလိုက်သည်။


လင်ခုံးလုမသိမသာကြောင်အမ်းသွားရကာ ဇဝေဇဝါမေးမိသည်။

"ကျွန်တော်တို့လက်ထပ်ပွဲအတွက်ပြင်ဆင်နေတာမဟုတ်ဘူးလား။"


"ကိုယ်ကစာချုပ်ကိုဆိုလိုတာ။"

လုစစ်ဖြည်းညှင်းစွာအနားကပ်သွားကာ သူ့မျက်လုံးထဲစိုက်ကြည့်ပြီး တစ်လုံးချင်းစီပြောလိုက်သည်။


လင်ခုံးလုအားမရှိတော့ဘဲ အလိုလိုပြောမိသည်။

"ဒါပေမဲ့အခုရုံးပိတ်ထားတယ်လေ။"


လုစစ်ဒီနေ့ဘာဖြစ်နေတာလဲ။ တစ်ခုခုမှားနေတယ်၊ တစ်ခုခုသေချာပေါက်မှားနေတယ်။


"အွန်လိုင်းကစာချုပ်ယူလို့ရတယ်၊ ဓာတ်ပုံရိုက်ပြီးလက်မှတ်ထိုးလိုက်ရုံပဲ။"

လုစစ်ပြောလိုက်သည်။


ထို့နောက်သူကကောင်လေးကိုဆွဲထူကာ တစ်ဖက်လူကိုငြင်းခွင့်မပေးဘဲ သူ့ကိုဆိုဖာဆီအတင်းအကြပ်ဆွဲခေါ်သွားကာထိုင်ခိုင်းလိုက်ပြီး ထို့နောက်ဆက်သွယ်ရေးဆက်ကိုဖွင့်ကာ ဝက်ဘ်ဆိုက်ထဲကျွမ်းကျင်စွာဝင်လိုက်သည်။


လင်ခုံးလုမှာတစ်ချိန်လုံးမိန်းမောနေမိပြီး ဓာတ်ပုံရိုက်ပြီးနောက်လက်မှတ်ထိုးတော့မည့်အခါမှသာသူအသိပြန်ဝင်လာပြီး မေးလိုက်မိသည်။

"ကိုကိုအားစစ်၊ ကိုကိုဘာဖြစ်နေတာလဲ။"


"လက်မှတ်ထိုးမရဘူးလား။"

လုစစ်ကသူ့ကိုလေးလံသောမျက်လုံးများဖြင့်ကြည့်ကာ ရုတ်တရက်ခါးကိုင်းပြီး သူ့လက်ကိုကိုင်ကာ ပြောလာသည်။

"ရပါတယ်၊ ကိုယ်မင်းလက်ကိုကိုင်ထားပေးမယ်။"


သူစိတ်လွတ်လုနီးပါးဖြစ်နေမှန်းသိသာလှပေသည်။


လင်ခုံးလုထိတ်လန့်သွားရပြီး သူ့အသံမှာထိတ်လန့်သံစွက်လျက်ရှိသည်။

"ကိုကိုအားစစ်၊ ကို ကိုကိုက....နည်းနည်းကြောက်ဖို့ကောင်းတယ်။"


သူ့ခုခံမှုကိုအာရုံခံမိရင်း လုစစ်ရုတ်တရက်ရယ်မောလိုက်ပုံမှာ သူ့ကိုယ်သူလှောင်နေသည့်အလား။


သူကောင်လေး၏လက်ကိုလွှတ်ပေးကာ ဗလာမျက်နှာထားဖြင့်ပြောလိုက်သည်။

"မင်းလက်မှတ်မထိုးချင်ဘူးမလား။ သိပ်ကောင်းတယ်၊ ဒီဟာကဘာပုံတွေလဲကြည့်ရအောင်။"


သူပြောလိုက်ပြီး လုရန်ကျားပို့လာခဲ့သည့်ဓာတ်ပုံများကိုလင်ခုံးလုရှေ့တင်လိုက်သည်။


လင်ခုံးလု: "!!!" ဘာဖြစ်သွားခဲ့မှန်းသူနားလည်သွားသလိုပဲ။


"စိတ်မပူနဲ့၊ ကျောင်းစုံညီပွဲတော်နေ့ကစောင့်ကြည့်ကင်မရာလည်းရှိတယ်။"

လုစစ်၏အသံမှာကြောက်မက်ဖွယ်ကောင်းလောက်အောင်တည်ငြိမ်လျက်။


လင်ခုံးလု: "!!!" 0687၊ ငါမင်းကိုဖျက်ခိုင်းလိုက်တယ်မလား။


______________________________________