Chapter(21)
Viewers 10k

လုစစ်ကရုံးချုပ်ကိုပြန်သွားရမှာမို့ ဗီလာမှာတစ်ချိန်လုံးနေလို့မရတော့ပေ။


မသွားခင် သူကလင်ခုံးလု၏မျက်လုံးနှင့်လက်ဗွေရာကိုဗီလာ၏လုံခြုံရေးစနစ်ထဲထည့်ပေးလိုက်ပြီး လူငယ်လေးတစ်ယောက်ထဲပျင်းနေမှာစိုးလို့ မောက်မောက်ကိုကူခေါ်ပေးလိုက်သည်။


မောက်မောက်လာနေကြောင်းကြားလိုက်ရသည်နှင့် လန့်စ်ကချက်ချင်းစိတ်ပူတကြီးပြောလာသည်။

"ကျွန်တော်လည်းနေခဲ့လို့ရလား။"


လုစစ်: "....."


ဒါကဘယ်လိုစကားမျိုးလဲ။ မက်ခါမပါဘဲနဲ့ သူကစစ်မြေပြင်ကိုလက်ဗလာနဲ့သွားရမှာလား။


"ခန့်မှန်းကြည့်လေ။"

လုစစ်ဗလာသက်သက်ပြောလိုက်သည်။


လန့်စ်ချက်ချင်းတိတ်ကျသွားသည်။


လုစစ်စကားပြောလို့ပြီးသွားသော် သူ့မျက်လုံးများမှာလင်ခုံးလုဘက်လှည့်သွားပြန်ကာ သူ့မျက်နှာထားမှာတစ်ခုခုမျှော်လင့်နေသည့်အလား ချက်ချင်းဆိုသလိုအေးစက်ရာမှညင်သာသွားလေသည်။


သူ့စစ်ယူနီဖောင်းကော်လာကိုမသိမသာဟနေပြီး ထိပ်ဆုံးကြယ်သီးမှာမတပ်ရသေးကြောင်းလင်ခုံးလုသတိထားမိလိုက်သည်။ သူဘာကိုဆိုလိုမှန်းချက်ချင်းနားလည်သွားကာ ကူကယ်ရာမဲ့စွာရှေ့တိုးလိုက်ရသည်။


လူငယ်လေးကသူ၏ထူးကဲသောမျက်နှာကိုအသာမော့ထားကာ သူ့ရှေ့ရှိလူရွယ်အတွက်ယူနီဖောင်းကြယ်သီးကိုလေးနက်သောမျက်နှာထားဖြင့်တပ်ပေးလိုက်သည်။ ပုံရိပ်ကားလိုက်ဖက်ညီကာလှပလျက်။


သူ့ရည်မှန်းချက်အောင်မြင်သွားတော့ လုစစ်နှုတ်ခမ်းကွေးကာ အသာပြုံးလိုက်မိသည်။


သို့သော် သူသခင်လေး၏အသန့်ကြိုက်မှုကိုခပ်မြန်မြန်တွေးမိသွားပြန်သည်။ အခုဆိုရင်သူ့လက်ကောက်ဝတ်မှာနာနေဆဲဖြစ်ရာ သူအနည်းငယ်တွန့်ဆုတ်သွားရသည်။ တစ်ဖက်လူသူ့ကိုကြယ်သီးတပ်ပေးနေသည့်လက်ကိုသူအလျင်စလိုအောက်ပြန်ချကာ အက်ရှရှအသံဖြင့်ပြောလိုက်သည်။

"ကိုယ်ကိုယ့်ဘာသာလုပ်လိုက်မယ်။"


လင်ခုံးလု: "....." 

အားးးး၊ ပျင်းဖို့ကောင်းလိုက်တာ၊ ကြယ်သီးတောင်တပ်ပေးလိုက်ရသေးတယ်။


0687: "ဒါဆိုမင်းဘာလို့ရှက်သွေးဖြာနေတာတုန်း?"


"ပါးစပ်ပိတ်ထား။"

လင်ခုံးလုဒေါသထွက်သွားသည်။


လုစစ်အကျီကြယ်သီးတပ်ပြီးသွားသော် သူကကောင်လေးကိုကြည့်ကာ အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။

"ကိုယ်ပြန်လာတာကိုစောင့်နေနော်။"


လင်ခုံးလုအလွန်မသက်မသာဖြစ်သွားရကာ ခေါင်းငြိမ့်ပြီး "အင်း"ဟုပြောလိုက်ပြီးတန့်သွားကာထပ်ပြောလိုက်သည်။

"ဒါဆိုကျွန်တော်ရက်အနည်းငယ်လောက်အိမ်မှာပဲနေပြီး လက်ထပ်ပွဲကိစ္စကို ပါးပါးနဲ့အခြားသူတွေနဲ့အရင်ဆုံးဆွေးနွေးထားမယ်လေ?"


"ကောင်းပြီ။"

လုစစ်၏အသံမှာအနည်းငယ်အက်ရှလျက်၊ ကောင်လေးကိုတစ်ခဏကြာစိုက်ကြည့်နေပြီးနောက် သူရုတ်တရက်နူးညံ့စွာမေးလိုက်မိသည်။

"ကိုယ်....မင်းကိုထပ်နမ်းလို့ရမလား။"


လင်ခုံးလု၏မျက်နှာနီစွေးသွားရကာ သူ့ရင်ထဲတွင်ကွန်ပလိန်းတက်လိုက်မိသည်: ဘာလို့ဒီလိုမေးခွန်းမျိုးလာမေးနေတာလဲ။ မင်းနမ်းချင်ရင်နမ်းလိုက်လေ၊ ငါ့ကိုမင်းကိုဖိတ်ခေါ်စေချင်သေးတာလား။ ငါကဒီလိုအရာမျိုးကိုဘယ်လိုလုပ်ပြောနိုင်မှာလဲ။ မင်းဒီလောက်အင်နိုးစန့်နေတာကိုငါအရင်ကတစ်ခါမှမမြင်ဖူးဘူးရယ်။


ကောင်လေး၏တုံ့ပြန်မှုကိုမြင်လိုက်ရရင်း လုစစ်နားလည်သွားသည်။ သူနူးညံ့စွာပြုံးလိုက်မိပြီး လက်မြှောက်ကာကောင်လေး၏ခေါင်းကိုဆုပ်ကိုင်ပြီး အကွာအဝေးကိုနီးကပ်စေလိုက်သည်။ ထို့နောက်သူကောင်လေး၏နှဖူးပေါ်အသာထိကပ်နမ်းရှိုက်လိုက်သည်။


"ကိုယ်ပြန်လာတဲ့အထိစောင့်နေနော်။"

သူပြောမိပြန်သည်။

"ကိုယ်တို့အဲ့အချိန်ကျရင်အိုင်ဒီပြန်လုပ်ကြမယ်။"


ယခင်ကအိုင်ဒီဓာတ်ပုံများမှာသိပ်မကောင်းဟုရုတ်တရက်ခံစားလိုက်ရသည်၊ ထိုအချိန်ကလေထုမှာသိပ်မကောင်းလှဘဲ သူတို့နှစ်ယောက်လုံးလုပ်ပြုံးပြုံးထားကြသည်။ လက်ထပ်ပွဲကရေရှည်ကိစ္စဖြစ်တာမို့ ဒီလိုပုံစံကြီးဖြစ်ချင်မယ်တဲ့လား။


လင်ခုံးလုခေါင်းအသာငြိမ့်ပြလိုက်ပြီး လုစစ်ထွက်သွားပြီးနောက် သူပြတင်းပေါက်အပြင်ရှိညကောင်းကင်ကိုကြည့်နေမိဆဲပင်။


တစ်ခဏကြာပြီးသော် သူ့နှလုံးခုန်သံရှိရာနေရာကိုဖိကာ ရေရွတ်မိသည်။

"တစ်ခုခုမှားနေသလိုပဲ။"


0687တောင့်တင်းသွားရကာ တွေးလိုက်သည်: မဖြစ်နိုင်ဘူး၊ Hostလည်းချစ်မိသွားတာလား။


သို့သော်လင်ခုံးလုခပ်မြန်မြန်ပုံမှန်ပြန်ဖြစ်သွားကာမေးလိုက်သည်။

"ဒီနေ့နှစ်သက်မှုနှုန်းကထိုးကျသွားပြီးတော့ လစ်မစ်ကိုထိပြီး တစ်လျှောက်လုံးစိမ်းသွားတာလား။"


0687"နှလုံးသား"မှာရှုပ်ထွေးသောခံစားချက်များရှိနေလျက်။

"မဟုတ်ဘူး၊ နည်းနည်းပဲကျသွားတာ၊ ဒါပေမဲ့ မကြာခင်ပြန်တက်လာပါလိမ့်မယ်။"


"ကောင်းတယ်။"

လင်ခုံးလုသက်မချကာပြောလိုက်မိသည်။

"ကြည့်ရတာတော့ဆက်ဆံရေးအခြေခံအုတ်မြစ်ကခိုင်မာနေသေးတဲ့ပုံပဲ။"


"ဒါပေမဲ့မည်းနက်သွားတဲ့တန်ဖိုးကတက်လာတယ်၊ ခုနကဆို91ဖြစ်နေတာ။ မင်းဓာတ်ပုံထုတ်ပြပြီး ရှင်းပြလိုက်တော့ 39ကိုပြန်ကျသွားတယ်။"


လင်ခုံးလု: "...နောက်တစ်ခါကျ ခဏလေးအတွင်းပြီးအောင်လုပ်။"


0687: "......"


"39မည်းနက်သွားတဲ့တန်ဖိုး၊ ကြည့်ရတာသူသံသယဝင်နေသေးပုံပဲ။"

လင်ခုံးလုပြောလိုက်သည်။

"bugကစွမ်းအားပိုကြီးပြီးတော့ ဇာတ်လိုက်ကိုအရင်ဘဝကအမှန်တရားကိုသိစေပြီး တန်ဖိုးကိုလျော့ကျစေဖို့ငါမျှော်လင့်မိတယ်။"


လုစစ်စစ်ဌာနချုပ်အထက်အရာရှိအစည်းအဝေး၏မြင်ကွင်းကိုရောက်သွားချိန်တွင် ဖယ်ဒရယ်စစ်တပ်၏မာရှယ်အိုကြီးကလုံခြုံရေးဌာနထဲမှာလူတွေကိုဆူငေါက်လို့နေသည်။


"မင်းတို့ဘာလုပ်လိုက်လဲ။ အဲ့ကြယ်သူခိုးကဗဟိုစင်တာထဲပြေးဝင်လာတာကို ဘယ်သူမှရှာမတွေ့ခဲ့ဘူးတဲ့လား။ ဘာလို့လဲ၊ ကြယ်မြို့တော်ကအခုဆိုသူတို့ရဲ့အနောက်ပန်းခြံမို့လို့ လာချင်တိုင်းလာသွားချင်တိုင်းသွားလို့ရတယ်လား။"


"အခြေအနေကထူးခြားတာမို့ သူတို့ကိုအပြစ်မတင်ပါနဲ့။"

လုစစ်ရှေ့တိုးကာပြောလိုက်သည်။


မထင်မှတ်ထားစွာဖြင့် မာရှယ်အိုကြီးကသူ့ကိုမြင်သွားသည်နှင့် ချက်ချင်းသူ့ဘက်လှည့်ကာပြောလာသည်။

"မင်းကသူတို့အတွက်ဝင်ပြောပေးနေသေးတယ်။ ငါမင်းကိုမပြောရသေးဘူးပဲ။ ဒီလုရန်ကျားကမင်းရဲ့အရှေ့ဘက်ခံတပ်ကထွက်လာခဲ့တာမလား။ မင်းဘယ်လိုလုပ်မှာလဲ။ လူတွေကိုအသွားအလာမလုပ်ခိုင်းပြီးတော့လား။"


လုစစ်မရှင်းပြဘဲပြောလိုက်သည်။

"ကျွန်တော်သူ့ကိုကိုင်တွယ်လိုက်ပါ့မယ်။"


မာရှယ်အိုကြီးမှာ"မင်းကိုဒီလိုမြင်လိုက်ရတာငါဒေါသထွက်မိတယ်"ဆိုသည့်ပုံစံဖြစ်နေပြီး သူကအခြားသူများကိုလက်ကာပြကာပြောလိုက်သည်။

"ကောင်းပြီလေ၊ မင်းတို့အရင်ထွက်နှင့်ကြ။"


အစည်းအဝေးခန်းထဲမှာသူနှင့်လုစစ်နှစ်ယောက်တည်းသာကျန်တော့ချိန်တွင် လူအိုကြီးကချောင်းအသာဟမ့်ကာ တည်ငြိမ်သောလေသံဖြင့်ပြောလာသည်။

"ငါသူတို့ကိုဒီအတိုင်းပြောလိုက်ရုံပဲ။"


"ကျွန်တော်သိပါတယ်။"

လုစစ်ခေါင်းငြိမ့်ပြလိုက်သည်။


မာရှယ်အိုကြီးကားသူ့ဖခင်၏ဘော့စ်ဖြစ်ခဲ့ဖူးပြီး သူကသူ့ပါရမီစွမ်းရည်ကိုတန်ဖိုးထားပေမဲ့ တစ်ချိန်တည်း၌သူဟာလည်းသူ့ကိုဂျူနီယာအဖြစ်သတ်မှတ်ခဲ့ပြီး သူ့ကိုသူ့ငယ်သားဟောင်း၏ကလေးကိုဂရုစိုက်သလိုမျိုးသူ့ကိုဆက်ဆံပေသည်။


"မင်းရဲ့သတို့သားလောင်းလေး၊ အဆင်ပြေတယ်မလား။"

မာရှယ်အိုကြီးကစိုးရိမ်ပူပင်မှုဖြင့်မေးလာသည်။


"အဆင်ပြေပါတယ်၊ မာရှယ်ရဲ့စိုးရိမ်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်။"

လုစစ်ပြောလိုက်သည်။


"အိုး၊ ကောင်းတယ်။"

အကုန်အဆင်ပြေကြောင်းသိလိုက်ရသော် မာရှယ်အိုကြီးကဘာမေးခွန်းမှထပ်မမေးတော့ဘဲ တည့်တိုးပြောလိုက်သည်။

"ငါ့ကိုအမှန်ပြော၊ မင်းဒီလူ့ကိုတကယ်ဖမ်းနိုင်တာလား။"


"ဖမ်းလို့ရပေမဲ့ ပိတ်လှောင်ထားလို့မရဘူး။"

လုစစ်ရိုးသားစွာပြောလိုက်သည်။

"သူ့မက်ခါရဲ့ထူးခြားတဲ့သတ္ထုကြောင့် သူကနေရာလွတ်ဆွဲဖွင့်ပြီးထွက်ပြေးသွားနိုင်တယ်လို့ကျွန်တော်တို့အရင်ကထင်နေခဲ့တာ၊ ဒါပေမဲ့ဒီနေ့ကျသူကမက်ခါမသုံးဘဲ နေရာလွတ်ကိုဆွဲဖွင့်ပြီးထွက်ပြေးသွားခဲ့တာပဲ။"


ဒီလိုလူမျိုးကိုဖမ်းရခက်လှသည်၊ ကွာခြားချက်မှာတကယ်တမ်းမကြီးမားပေ၊ ဘာပဲဖြစ်ဖြစ် သူကထပ်ထွက်ပြေးသွားလိမ့်မည်ပင်။


"သူ့ကိုအရှင်ဖမ်းစရာမလိုဘူး၊ တစ်ခါထဲရှင်းပစ်လိုက်ဖို့ကျွန်တော်အကြုံပြုတယ်။"

လုစစ်ပြောလိုက်ပြီး သူ့မျက်လုံးထဲမှာအေးစက်သောအကြည့်တစ်ချက်ဖြတ်ပြေးသွားသည်။


"အဲ့ဒါကတစ်ခုထဲသောနည်းလမ်းပဲကိုး။"

မာရှယ်အိုကြီးမှာအနည်းငယ်နောင်တရသွားမိသည်။


"ကြယ်သူခိုးကမက်ခါရဲ့ထူးခြားတဲ့သတ္ထုကြောင့်နေရာလွတ်ဆွဲဖွင့်နိုင်တယ်ထင်ထားခဲ့လို့ စစ်ဌာနကအဲ့ဒါကိုလေ့လာချင်နေသေးတာ။ အခုတော့မျှော်လင့်ချက်မရှိတော့ဘူးပဲ....."


"ငါမင်းကိုဒီကိစ္စအတွက်အမြင်ဆုံးအမိန့်ပေးတယ်၊ မင်းဖြေရှင်းရမယ်။ အမှားလုပ်လို့မဖြစ်ဘူး၊ ဒီကိစ္စအတွက်ကိုဂရုစိုက်ဖို့သမ္မတကညွှန်ကြားခဲ့တာပဲ။"

မာရှယ်အိုကြီးကရှင်းပြလာသည်။


လုစစ်ခေါင်းငြိမ့်ကာ အမိန့်ကိုလက်ခံလိုက်သည်။ သူတကယ်တော့လူအများကြီးမလိုပေ၊ သူလုရန်ကျားကိုအရင်ဆုံးရှာတွေ့သည်နှင့် တစ်ဖက်လူဘယ်နေရာကိုဘယ်လိုပြေးမယ်ဆိုတာသူကြိုတင်ခန့်မှန်းနိုင်သည်။


သူ့အရင်ဘဝတုန်းက သူ့ဦးနှောက်တစ်ဝက်ကိုစက်တပ်ထားတာမို့ နေရာလွတ်ကိုစမ်းသပ်ပြီးနောက်ပိုင်းမှာ တစ်ဖက်လူပေါ်လာဖို့များသည့်ကိုသြဒိနိတ်များကိုအတိအကျတွက်ချက်နိုင်ပေသည်။ 


ထို့အပြင် လုရန်ကျားကကြယ်မြို့တော်ထဲမှာရှိနေသေးဆဲဖြစ်ကြောင်းသူခန့်မှန်းမိသည်။


ဟုတ်တာပေါ့၊ စုံစမ်းစစ်ဆေးမှုနာရီပေါင်းများစွာကြာပြီးနောက် လုစစ်ကသံသယရှိသည့်နေရာအများအပြားကိုသတ်မှတ်လိုက်ပြီး သိပ်မကြာခင်ဒီလူ၏အရိပ်အယောင်ကိုရှာတွေ့ခဲ့သည်။ ထို့နောက် အရာရာတိုင်းမှာသူမျှော်လင့်ထားတာထက်ပိုနေသည်။ လုရန်ကျားမှာရေဒါတားဂတ်ပမာ၊ သူဘယ်နေရာကိုပြေးပြေး သူကြိုခန့်မှန်းနိုင်သည်။


လုရန်ကျား၏စွမ်းရည်မှာတကယ်တမ်းမပြီးပြည့်စုံပေ၊ သူကနေရာလွတ်ဆွဲဖွင့်ပြီးနောက်အဝေးကြီးပြေးလို့မရပေရာ တိကျသောအကွာအဝေးလစ်မစ်ရှိရမည်။


လုစစ်ကသူ့ကိုတစ်ခါတည်းဗုံးနှင့်မပစ်သတ်လိုက်ဘဲ ကြိုမှန်းထားသည့်ကိုသြဒိနိတ်များကိုတိုက်ခိုက်ချိန်တွင် သူကတစ်စက္ကန့်၏ဒသမအနည်းငယ်သာနောက်ကျကျန်နေခဲ့သဖြင့် တစ်ဖက်လူကိုနေရာလွတ်ဆွဲဖွင့်ပြီးထွက်ပြေးလွတ်မြောက်သွားဖို့အခွင့်အရေးရသွားစေသည်။


သို့သော် လုရန်ကျားနေရာလွတ်ဆွဲဖွင့်ပြီးနောက်ကိုသြဒိနိတ်ဆီပျံသွားချိန်တွင် လုစစ်ကထိုနေရာမှာတိုက်စစ်ဆင်ထားမှန်းသူရှာတွေ့သွားရလိမ့်မည်ဖြစ်ရာ သူလွတ်မြောက်ပြီးတိုက်ခိုက်ခံရပြန်....အစရှိသဖြင့်။


လုစစ်၏လက်အောက်ငယ်သားများကထိုမြင်ကွင်းကိုမြင်လိုက်ရသော် သက်ပြင်းမချဘဲမနေနိုင်ပေ။

"တကယ်မိုက်တယ်။ ထင်ထားတဲ့အတိုင်း၊ ကိုလိုနယ်လုရဲ့လက်ထဲမှာပြစ်မှုကျူးလွန်တဲ့ဘယ်သူမဆိုလွတ်မြောက်နိုင်စွမ်းမရှိဘူးပဲ။"


တိုက်ခိုက်ရေးမစ်ရှင်လုပ်ဖို့အပြင်အခေါ်ခံလာရသည့်လန့်စ်မှာတွေးမိသည်။

"....တကယ်ကြောင်နဲ့ကြွက်ကစားနေသလိုပဲ။"


အကြိမ်ပေါင်းများစွာတိုက်ခိုက်ခံရပြီးနောက် လုရန်ကျားနောက်ဆုံးမှာသည်းမခံနိုင်တော့ပေ။


"ဖာ့ခ်၊ ငါရွံဖို့ကောင်းတဲ့လူတွေကိုမြင်ဖူးပေမဲ့ ဒီလောက်ရွံဖို့ကောင်းတဲ့လူကိုတော့တစ်ခါမှမမြင်ဖူးဘူး။"

သူခပ်တိုးတိုးဆဲရေးလိုက်မိပြီး လုစစ်ကသူ့ကိုသတ်ဖို့ရည်ရွယ်ချက်မရှိပုံပေါ်ကြောင်းသဘောပေါက်သွားသဖြင့် သူပြေးမနေတော့ပေ။


သေချာတာပေါ့၊ သူရပ်လိုက်သည်နှင့် လုစစ်ကမတိုက်ခိုက်တော့ပေ။


သူခန့်မှန်းတာမှန်သည်ဟုလုရန်ကျားတွေးမိသွားကာ တိတ်တခိုးပျော်ရွှင်သွားရသည်။ သူကလုစစ်၏ကိုယ်ပိုင်ချန်နယ်ထဲကျူးကျော်ဝင်ရောက်ကာအော်ပြောလိုက်သည်။

"လူတိုင်းပြန်မွေးဖွားလာတာပဲကို၊ ဘာလို့သတ်ဖြတ်နေမှာလဲ။"


လုစစ်သူ့ကိုတမင်ဆက်သွယ်ခွင့်ပေးကာလှောင်ပြုံးပြုံးလိုက်သည်။

"မင်းသေရမှာ၊ ငါမဟုတ်ဘူး။"


လုရန်ကျား"ကျွတ်ကျွတ်"ဟုနှစ်ခါဆိုကာပြောလိုက်သည်။

"ဒီလိုဆိုရင်ကော၊ ငါမင်းကိုလျို့ဝှက်ချက်တစ်ခုပြောပြမယ်၊ မင်းငါ့ကိုလွှတ်ပေးလေ။"


လုစစ်: "အိုး?"


"မင်းလင်ခုံးလုကိုချစ်သွားပြန်ပြီလား။ သူမင်းကိုထပ်လိမ်ခဲ့တာကိုမင်းသိပြီးပြီလား။ သိပ်နာကျင်စရာကောင်းတယ်မလား။ မင်းကသူ့ကိုဖျက်ဆီးခဲ့တော့ အခုလည်းမင်းကိုသူမုန်းနေပြီ။ မင်းအတိတ်ကိုဘယ်တော့မှပြန်သွားလို့မရနိုင်ဘူးမလား။ ဟားဟား၊ မင်းမှာဒီအတွက်အကြောင်းပြချက်ရှိလားငါသိချင်မိတယ်? တကယ်တော့..."


"ဓာတ်ပုံထဲကအဲ့ဒီ့'လင်ခုံးလု'ကဘယ်သူလဲ။"

လုစစ်သူ့ကိုရုတ်တရက်ဖြတ်ပြောလိုက်ပြီး သူ့အသံမှာချန်နယ်မှတဆင့်ကူးသွားကာ အေးစက်မှုတို့စွက်လျက်။


လုရန်ကျားအနည်းငယ်အံ့သြသွားပုံပင်။ စက္ကန့်အနည်းငယ်ကြာတန့်သွားပြီးမှ သူအံ့သြတကြီးပြောမိသည်။

"ဆိုတော့မင်းသိပြီးပြီပေါ့? ကျွတ်ကျွတ်၊ ကိစ္စတွေကပိုပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီပဲ။ အင်း၊ ငါမင်းကိုပြောပြမယ်၊ တကယ်တော့...."


လုစစ်လက်သီးအလိုလိုဆုပ်လိုက်မိပြီး သူလက်မြှောက်လိုက်ကာ သူ့မျက်နှာထားမှာတင်းမာလျက်။


ဓာတ်ပုံထဲကလင်ခုံးလုဘယ်သူဆိုတာသူတကယ်စိတ်မဝင်စားပေ။ သူတကယ်သိချင်တဲ့အရာကအရင်ဘဝတုန်းကသူ့ကိုချောက်ချခဲ့တဲ့လူက....သူချစ်တဲ့ကောင်လေးမဟုတ်ဘူးလားဆိုတာကိုပဲ?


အဲ့လိုဆိုရင် အဲ့လူကဘယ်တုန်းကနေရာယူလိုက်တာလဲ? ကောင်လေးဘယ်ရောက်သွားလဲ?


လုစစ်စဥ်းစားလို့ရတဲ့တစ်ခုတည်းသောအရာမှာ အဖြစ်နိုင်ဆုံးကလင်ခုံးလုပြန်ပေးဆွဲခံလိုက်ရတုန်းကပဲ။ ဒါပေမဲ့ ဒီဟာလည်းသူနက်နက်ရှိုင်းရှိုင်းမစဥ်းစားရဲတဲ့တစ်ခုတည်းသောအရာပဲ။ တကယ်အဲ့အချိန်တုန်းကသာဆိုရင်၊ တကယ်သာဆိုရင်....


ဟင့်အင်း၊ မဖြစ်နိုင်ဘူး၊ သူအဲ့တုန်းကကောင်လေးကိုကယ်ခဲ့တယ်လေ၊ သူ့အရင်ဘဝတုန်းကကောင်လေးကိုကယ်ခဲ့ရမယ်။ ဒါတွေအားလုံးကသူထင်နေတဲ့အမှန်တရားထက်စာရင်တကယ်သစ္စာဖောက်ခဲ့တာဖြစ်ဖို့ပိုလိုလားမိတယ်....


"တကယ်တော့မင်းထင်တာမှန်တယ်၊ ဓာတ်ပုံထဲကလူကလင်ခုံးလုမဟုတ်ဘူး။"

လုရန်ကျားကဘာကိုမှမဖုံးကွယ်ထားဘဲ ရက်စက်သောစကားများကချန်နယ်မှတဆင့်ထွက်လာသည်။

"အဲ့ဒါတင်မကဘူး၊ အတိတ်ဘဝတုန်းကမင်းကိုသစ္စာဖောက်ခဲ့တဲ့လင်ခုံးလုကလည်းအတုပဲ၊ ဟားဟားဟား။"


အက်ရှသောရယ်သံကမက်ခါခေါင်းခန်းထဲမှာပဲ့တင်ထပ်သွားပေမဲ့ လုစစ်မကြားနိုင်ဘဲ သူ့နားထဲမှာစကားတစ်ခွန်းကထပ်လို့နေသည်: အရင်ဘဝတုန်းကမင်းကိုသစ္စာဖောက်ခဲ့တဲ့လင်ခုံးလုကအတု၊ အတု၊ အတု.....


သူ့အသံကစက်ရုပ်ဆန်စွာမေးလိုက်တာကိုသူကြားလိုက်ရသည်။

"သူအစစ်က...ဘယ်ရောက်သွားလဲ။"


"သူကလား။"

လုရန်ကျားဆန်းကြယ်စွာပြုံးကာပြောလိုက်သည်။

"ဒါပေါ့၊ သူသေသွားတာကြာပြီလေ။"


____________________________________