Chapter(22)
Viewers 12k

မယုံကြည်နိုင်ဖြစ်မိဆုံးခန့်မှန်းချက်အတည်ပြုလိုက်ရာတွက် လုစစ်၏စိတ်မှာတစ်အောင့်မျှဗလာကျင်းသွားရသည်။


ကောင်လေးကသေသွားတာကြာပြီတဲ့လား။ သူကသူ၏အတိတ်နှင့်လက်ရှိဘဝမှာလူမှားမုန်းတီးနေခဲ့မိသည်။ သူကလူငယ်လေးကိုလုရန်ကျားရှေ့တမင်ခေါ်ဆောင်သွားခြင်းအားရဖြင့် ကောင်လေးကိုလက်တုံ့ပြန်ဖို့ပင်စီစဥ်ထားခဲ့သည်။


သို့သော်ကောင်လေးကိုသတ်ခဲ့တဲ့လူမှာလုရန်ကျားဖြစ်နိုင်လောက်သည်၊ မဟုတ်ရင် လင်ခုံးလုအတုလုပ်ခဲ့တဲ့မျက်လုံးနဲ့သွေးကဘယ်ကရောက်လာမှာလဲ။


လုစစ်မှာရုပ်တုပမာတောင့်ခဲသွားရပြီး သူ့တစ်ကိုယ်လုံးအေးစက်သွားရပေမဲ့ သူ့နှလုံးသားမှာနာကျင်မှုဖြင့်စူးနစ်သွားရသည်။


သူအခြေအနေမမှန်တာကိုလန့်စ်သတိထားမိကာအသိပေးလိုက်ရသည်။

"သခင်၊ သခင်လေးကဒီဘဝမှာအသက်ရှင်နေတုန်းပဲလေ။"


လုစစ်လက်ထဲကပဲ့တံကိုအလိုလိုညှစ်လိုက်မိသည်။


ဟုတ်တယ်၊ ဒီဘဝမှာကောင်လေးကအသက်ရှင်နေတုန်းပဲ၊ သူကသူပြန်လာပြီးလက်ထပ်မှာကိုစောင့်နေတုန်းပဲ။ ကိစ္စတွေကအရင်ဘဝကလောက်မဆိုးဘူး၊ ဒါပေမဲ့....


"ဒါပေမဲ့ဘာဖြစ်လဲ။ သူမှတ်ဉာဏ်ပြန်ရလာရင်မင်းကိုကြိုက်နေအုံးမယ်ထင်နေတာလား။"

လုရန်ကျား၏အသံကထွက်လာပြန်သည်။

"မင်းကမင်းရဲ့မှတ်ဉာဏ်တွေနဲ့ပြန်မွေးဖွားလာခဲ့တာ၊ ဘာလို့လဲဆိုတော့ မင်းသူ့ကိုမုန်းလို့ သူ့ကိုရှေ့တန်းကိုခေါ်သွားပြီးတော့ အန္တရာယ်များတဲ့အခြေအနေမှာထားခဲ့တယ်။"


"သူမတော်တဆမှတ်ဉာဏ်ပျောက်သွားပြီးနောက်ပိုင်း မင်းကသူ့ကိုမင်းနဲ့ချစ်သွားအောင်တမင်သက်သက်လှည့်စားခဲ့တယ်။ မင်းကသူ့ကိုအပျော်ရွှင်ဆုံးအချိန်မှာအနာကျင်ရဆုံးမှတ်ဉာဏ်တွေကိုပြန်ရလာစေချင်တယ်၊ ဒါမှသာမင်းရဲ့လက်စားချေမဲ့ပန်းတိုင်ကိုအောင်မြင်နိုင်မှာမလား။"


"ကျွတ်ကျွတ်၊ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ခန့်မှန်းချက်ပဲ၊ မင်းနဲ့ငါတောင်ပြန်မွေးဖွားလာနိုင်ရင် သူလည်းအဲ့လိုဖြစ်နိုင်တယ်မလား။"


"ဒါမှမဟုတ်၊ ငါတစ်ယောက်ယောက်ကိုသူ့ဆီအဖြစ်မှန်သွားပြောခိုင်းပြီးပြီလားလို့? မင်းကသူ့ကိုလူမှားမုန်းပြီး သူ့ကိုဒီလိုလက်စားချေဖို့တွက်ချက်နေတာကိုသာသူသိသွားလို့ရှိရင် သူမင်းနဲ့အတူရှိနေအုံးမှာတဲ့လား။"


သူ့လေသံကားရက်စက်လှပြီး သူ၏စကားများမှာလှည့်စားလျက်။ သူ့ကြည့်ရတာလုစစ်ကိုနာကျင်အောင်လုပ်ဖို့ကြိုးစားနေပုံပင်။


လုစစ်၏မျက်နှာမှာကြောက်မက်ဖွယ်ကောင်းလောက်အောင်အရုပ်ဆိုးသွားရသည်။ ဒါပေါ့၊ သူတစ်ဖက်လူရဲ့စကားတွေကြောင့်လွှမ်းမိုးခံလိမ့်မည်မဟုတ်၊ ဒါပေမဲ့လူငယ်လေးသာသူ့အရင်ဘဝအကြောင်းအဖြစ်မှန်ကိုတကယ်သိသွားလို့ရှိရင် သူ့မှာမကောင်းတဲ့ရည်ရွယ်ချက်ရှိခဲ့တာကိုသိသွားလို့ရှိရင်....


"တွေးကြည့်ရင် နာကျင်ရတယ်မလား။ သိပ်ကိုကြေကွဲနေရလား။ နောင်တရနေပြီလား။"

လုရန်ကျားအကြင်နာကင်းမဲ့သောအသံဖြင့်ပြောလာပြန်သည်။

"မင်းပြောင်းလဲချင်တာမဟုတ်ဘူးလား။"


"ဥပမာ လင်ခုံးလုကိုအကုန်မေ့သွားပြီးတော့မင်းတစ်ယောက်ထဲကိုပဲတစ်သက်လုံးချစ်စေချင်တာမလား။ ပြီးတော့ မင်းအပျော်ရွှင်ရဆုံးဖြစ်ခဲ့တဲ့အချိန်ကိုပြန်သွားချင်တယ်မလား။ အရမ်းရိုးရှင်းပါတယ်ကွ၊ မင်းသာမင်းဝိညာဥ်ရဲ့စွမ်းအားကိုစတေးလိုက်တာနဲ့ နောင်တတွေအကုန်လုံးကိုပြန်ပြင်...."


သူ့စကားလုံးများမှာရှင်းရှင်းလင်းလင်းကိုစည်းရုံးသိမ်းသွင်းနေခြင်းဖြစ်ပေမဲ့ လုစစ်သူ့ကိုအေးစက်သောအသံဖြင့်ဝင်ဖြတ်ပြောလိုက်သည်။

"မင်းသူ့ကိုသတ်ခဲ့တာမလား။"


၎င်းမှာမေးခွန်းစာသားဖြစ်ပေမဲ့ အတည်ပြုမှုကိုဆောင်ကျဥ်းလျက်။


လုရန်ကျားတစ်အောင့်ကြာမိန်းမောသွားရပြီး တစ်အောင့်ကြာမှသူသာမန်ကာလျှံကာဖြစ်ချင်ယောင်ဆောင်ကာပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။ ငါအလှလေးကိုဘာမှမလုပ်ပါဘူး၊ ဒါပေမဲ့...."


လုစစ်ဗုံးလွှတ်သည့်ခလုတ်တန်းနှိပ်လိုက်ပြီး အဓိပ္ပါယ်မရှိစကားများကိုနားထောင်မနေတော့ပေ။ တစ်ဖက်လူ၏တန့်သွားကာဖုံးကွယ်လိုက်သောလေသံမှတဆင့် သူအဖြေကိုအတည်ပြုလိုက်ပြီပင်။


သူထိုသို့လုပ်လိမ့်မည်ဟုလုရန်ကျားမထင်ထားမိပေ၊ "ဖာ့ခ်"ဟုတဲကာ နေရာလွတ်ချက်ချင်းဆွဲဖွင့်ပြီး ထွက်ပြေးသွားလိုက်ရသည်။


သို့သော် ဒီတစ်ကြိမ်တွင် လုစစ်ကသူနှင့်အတူကြောင်နှင့်ကြွက်ကစားမနေတော့ပေ။ သူနေရာလွတ်ကိုဖြတ်သွားပြီး နောက်တည်နေရာတစ်ခုမှာပေါ်လာချိန်တွင် လုစစ်ပစ်လိုက်သည့်နောက်ဗုံးတစ်လုံးကြောင့်တမဟုတ်ချင်းပေါက်ကွဲသွားတော့သည်။


ဆူညံသောအသံများပျောက်ကွယ်သွားပြီး လောကကြီးမှာပြန်လည်အေးချမ်းသွားပေမဲ့ လုစစ်၏နှလုံးသားမှာမအေးဆေးနိုင်။


သူတာဝန်ကိုအောင်အောင်မြင်မြင်ပြီးမြောက်သွားကြောင်းသိလိုက်ရရင်း မာရှယ်အိုကြီးကဂုဏ်ပြုမက်ဆေ့ချ်တစ်စောင်အမြန်ပို့ကာ အမိန့်ပေးလာသည်။

"ဒါကိုအခွင့်ကောင်းယူပြီး မင်းဒီနေ့အလုပ်ကြိုးစားပြီးတော့ ရီမုကွန်ထရိုးနဲ့အမိန့်ပေးပြီး ဒီကြယ်သူခိုးအုပ်စုကိုဖမ်းခဲ့။"


လုစစ်သူ့မျက်နှာထက်ဗလာမျက်နှာထားနှင့်အတူ ခေါင်းငြိမ့်ပြကာ နောက်ဆက်တွဲအစီအစဥ်ကိုစီစဥ်လိုက်သည်။ သူ့အာရုံလွှဲဖို့သူတစ်ခုခုလုပ်ဖို့လိုအပ်သည်။


လုရန်ကျားမရှိတော့ချိန် ကြယ်သူခိုးအုပ်စုမှာပွက်လောရိုက်သွားပြီး လုစစ်၏အမိန့်ပေးမှုဖြင့်ဖယ်ဒရယ်စစ်ထပ်ထံမှအမြန်ဆုံးတိုက်ခိုက်ခံလိုက်ရတော့သည်။


အကျဥ်းသားများကိုလိုက်ပို့ပေးစဥ် မြင်ကွင်းမှပုံရိပ်များကိုဆက်တိုက်ကြည့်နေပြီး အကျဥ်းသားတစ်ယောက်ချင်းစီ၏မျက်နှာများကိုကြည့်နေမိသည်။ သူကားခပ်ဖျော့ဖျော့မျှော်လင့်ချက်ဆုပ်ကိုင်ထားသေးပုံပင်၊ လုရန်ကျားကပေါက်ကရလျှောက်ပြောနေတာ၊ သူကသူ့ကိုလိမ်နေတာ....


သို့သော်လည်း "ရင်းနှီးသော"မျက်နှာတစ်ခုကကင်မရာထဲမှာပေါ်လာချိန်တွင် လုစစ်၏နှလုံးသားမှာနောက်ဆုံးအပြီးအပိုင်နစ်မြုပ်သွားရသည်။


အချိန်အတော်ကြာတိတ်ဆိတ်မှုအပြီးတွင် သူလိုက်ပို့ပေးသည့်စစ်သားကိုပြောလိုက်သည်။

"ခုနကအဖြူရောင်နဲ့ကောင်ကိုခေါ်လာခဲ့။"


ယင်းကားနူးညံ့သောမျက်နှာသွင်ပြင်နှင့်မျှတသောအသားအရည်ရှိသည့်အလွန်လှပသောအိုမီဂါတစ်ယောက်ဖြစ်ပြီး ကြယ်သူခိုးအုပ်စုထဲမှထွက်လာသည့်တစ်ယောက်နှင့်မတူပေ။ ဆန့်ကျင်ဘက်အနေနှင့် သူကားကြယ်မြို့တော်မှာမွေးဖွားလာခဲ့သည့်မြင့်မြတ်သောသခင်လေးနှင့်တူပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားရှိအမူအရာပင်လင်ခုံးလုနှင့်တစ်ထပ်တည်းတူညီလျက်။


"မင်းမျက်နှာပြင်လိုက်ပြီပေါ့? မင်းဓားဘယ်နှချောင်းသုံးလိုက်ရလဲ။"

လူကိုခေါ်လာပြီးနောက် လုစစ်ဗလာကျင်းစွာမေးလိုက်သည်။


အိုမီဂါကဖြူရော်သွားကာ ထစ်ထစ်အအပြောလာသည်။

"မ၊ မဟုတ်ပါဘူး၊ ကျွန်တော်မပြင်ထားပါဘူး။"


လုရန်ကျား၏ပံ့ပိုးမှုမရှိဘဲ သူဟာသိသိသာသာကိုသူ့အရင်ဘဝကလောက်သတ္တိမရှိပေ။


လုစစ်လျစ်လျူရှုကာ ထပ်မေးလိုက်သည်။

"မင်းရဲ့နာမည်အစစ်ကဘာလဲ။"


အိုမီဂါမှာ"လင်ခုံးလု"ဟုအလိုလိုပြောလိုက်မိပေမဲ့ လုစစ်၏မျက်နှာမှာအေးစက်သွားတာကိုမြင်လိုက်ရသော် သူ့စကားလုံးများကိုကြောက်လန့်တကြားပြောင်းလိုက်ရသည်။

"ချောင်၊ ချောင်လော့။"


သိသိသာသာကိုပင်၊ သူဟာလေ့ကျင့်ပေးခံရပြီးနောက် သူ့ကိုယ်သူလင်ခုံးလုဟုခေါ်နေခဲ့ပေသည်။


သူ့အရင်ဘဝကဒီလူလုပ်ခဲ့သည့်အရာများနှင့်သူထိခိုက်စေခဲ့သည့်လူများကိုလုစစ်တွေးမိကာ ရွံရှာစွာအကြည့်လွှဲလိုက်မိပြီး သူ့ဘေးရှိစစ်ဆရာဝန်ကိုပြောလိုက်သည်။

"သူ့ကိုစစ်ဆေးလိုက်။"


စစ်ဆရာဝန်ကရှေ့တိုးကာအိုမီဂါခေါ်သွားပြီး အချိန်အတော်ကြာပြီးနောက်ပြန်လာတင်ပြသည်။

"တကယ်မျက်နှာတင်မဟုတ်ဘူး...."


လုစစ်အဆုံးထိနားမထောင်ဘဲဖြတ်ပြောလိုက်သည်။

"သူ့ကိုပြန်ခေါ်သွားလိုက်တော့။"


တစ်စုံတစ်ယောက်ကကောင်လေးဟန်ဆောင်ကာ မကောင်းသောကိစ္စများထပ်လုပ်တာကိုသူမမြင်ချင်ပေ။ ဒီချောင်လော့ကတွန်းအားပေးခံရတာဆိုရင်ပိုကောင်းလိမ့်မည်၊ ဒါပေမဲ့ရှေ့တန်းကစုံစမ်းစစ်ဆေးမှုအရဆိုရင်တော့ သူကသိသိသာသာကိုအဲ့လိုမဟုတ်ပေ။


သူစစ်ဌာနချုပ်ကပြန်လာချိန်တွင် နှစ်ရက်နှင့်တစ်ညကုန်ဆုံးသွားပြီဖြစ်သည်။ ထိုအတောအတွင်းလုစစ်မျက်လုံးမမှိတ်ခဲ့ပေမဲ့ သူလုံးဝမအိပ်ချင်ပေ။ လုရန်ကျားမသေခင်ပြောသွားသည့်အရာကိုသူစဥ်းစားနေမိဆဲပင်။


"...ဒါမှမဟုတ်၊ ငါတစ်ယောက်ယောက်ကိုသူ့ဆီအဖြစ်မှန်သွားပြောခိုင်းပြီးပြီလားလို့?"


ကားကဗီလာဝင်ပေါက်မှာရပ်သွားသည်အထိလုစစ်မှာမျက်လုံးအတင်းမှိတ်ထားမိပြီး သူ၏မိန်းမောနေသောအခြေအနေမှထွက်မလာနိုင်သေးပေ။


"ကိုကိုပြန်လာပြီပေါ့? ဖြေရှင်းပြီးသွားပြီလား။"

လင်ခုံးလုသူ့ကိုမြင်ရလို့အလွန်အံ့သြသွားမိသည်။


တကယ်တော့ လုရန်ကျားသေသွားပြီဆိုတာသူသိသည်။ အကွာအဝေးမှာဝေးလွန်းသဖြင့် စနစ်ကမြင်ကွင်းကိုလိုက်ဗ်မပြနိုင်ပေမဲ့လည်း bugကိုဖော်ပြသည့်လက္ခဏာများပျောက်ကွယ်သွားပြီဖြစ်သည်။


ဒီတစ်ခေါက်လုစစ်ကသူ့ကိုbugကူရှင်းပေးခဲ့ရုံတင်သာမက သူ့အရင်ဘဝအကြောင်းအမှန်တရားကိုပါသိသွားလောက်ပြီဖြစ်ရာ ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်လိုက်တာပင်။


လင်ခုံးလုစိတ်အခြေအနေကောင်းနေပေမဲ့ သိပ်မကြာခင်လုစစ်၏အခြေအနေနှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေမှန်းတွေ့လိုက်ရသည်။


"ကိုကိုဘာဖြစ်နေတာလဲ။ ပင်ပန်းနေတာလား။ အရမ်းရုပ်ဆိုးနေသလိုပဲ။"

သူအလိုလိုမေးလိုက်မိပြီး လက်မြှောက်ကာတစ်ဖက်လူ၏နှဖူးကိုထိကြည့်လိုက်မိသည်။


သူဗီလာမှာရှိနေအုံးမည်ဟုလုစစ်မထင်ထားမိသဖြင့် အနည်းငယ်အံ့အားသင့်သွားရသည်။


သူလူငယ်လေး၏လက်ကိုအလိုလိုဆုပ်ကိုင်မိလျက် အချိန်အတန်ကြာဗလာသက်သက်စိုက်ကြည့်နေမိပြီးမှ နူးညံ့စွာပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ကိုယ်ကောင်းကောင်းအနားမယူခဲ့လို့ဖြစ်မယ်။"


"အိုး၊ ဒါဆိုကိုကိုအပေါ်ထပ်သွားပြီးအရင်အနားယူချင်လား။ ဘာမှမစားရသေးဘူးမလား။ အနားမယူခင်တစ်ခုခုစားလိုက်ပါလား။"

လင်ခုံးလုစိုးရိမ်ပူပင်မှုနှင့်ပြောလိုက်မိပြန်သည်။


လုစစ်ခေါင်းခါကာဟင့်အင်းဟုပြောလိုက်ပြီး သူ့လက်ကိုဆွဲယူကာ ဆိုဖာပေါ်သွားထိုင်လိုက်သည်။


သူ့ရှေ့ရှိကော်ဖီစားပွဲပေါ်မှာ လက်ထပ်ပွဲအစီအစဥ်စာအုပ်အတွဲများပျံ့ကြဲလျက် ရှုပ်ရှုပ်ပွပွထားထားပြီး စာအုပ်အတွဲတစ်ခုစီတိုင်းမှာကောင်လေးဘောပင်နီနှင့်သေချာဂရုတစိုက်ဝိုင်းထားသည့်အမှတ်အသားများရှိနေပေသည်။


လုစစ်၏မျက်လုံးများတစ်အောင့်မျှတန့်သွားပြီးမှ ရုတ်တရက်မှိန်ကျသွားတော့သည်။ သို့သော်လည်း လင်ခုံးလုကစာအုပ်ကိုကိုင်ကာ ပျော်ရွှင်စွာမေးလာသည်။

"ကိုကိုဘယ်ဟာကြိုက်လဲ။"


လုစစ်သူ၏ပျော်ရွှင်နေသောမျက်နှာကိုကြည့်ကာ သူ့အတိတ်ဘဝအကြောင်းတွေးမိသွားချိန်တွင် သူ့နှလုံးသားမှာပိုမိုခါးသက်ကာ အပြစ်ရှိစိတ်ဝင်လာပြီး အနည်းငယ်မသက်မသာဖြစ်လာရသည်။


"ရှောင်လု။"

သူခက်ခဲသောအသံဖြင့်မေးလိုက်မိသည်။

"အခုနောက်ပိုင်း...လုရန်ကျားမင်းကိုတစ်ခုခုထပ်ပို့လာသေးလား။ ဒါမှမဟုတ် မင်းမသိတဲ့တစ်ယောက်ယောက်ကမင်းကိုထူးဆန်းတဲ့အရာတွေပို့လာသေးလား။ "

အဆုံးတွင်သူစိုးရိမ်ကြောက်လန့်နေမိဆဲပင်၊ သူကလူငယ်လေးကိုသူ့ကိုသတ်ခဲ့တဲ့လူသတ်သမားရှေ့တမင်ခေါ်သွားခဲ့ဖူးတဲ့အပြင် သူမှတ်ဉာဏ်ပျောက်သွားပြီးနောက်ပိုင်း သူတို့ကချစ်နေကြသည်ဟုသူ့ကိုတမင်သက်သက်လိမ်ပြောခဲ့သည်။


သူ၏အစပိုင်းအတွေးများမှာလုရန်ကျားခန့်မှန်းသွားသည့်အရာနှင့်တူညီသည်၊ သူမှတ်ဉာဏ်ပြန်ရလာပြီးအမှန်တရားကိုသိသွားပြီးနောက်ပိုင်းမှာ ကောင်လေးဘယ်လိုပြိုလဲသွားမလဲဆိုတာသူအစကမြင်ချင်နေခဲ့သည်ပင်။


ကောင်လေးကအတိတ်မေ့ချင်ယောင်ဆောင်နေသည်ဟုသူထင်ခဲ့ဖူးပေမဲ့ အခုတော့၎င်းမှာအမှန်ဖြစ်ဖို့သူမျှော်လင့်မိသည်ဓ


တကယ်အတိတ်မေ့တာသာဆိုရင် အနည်းဆုံးတော့ကောင်လေးကအခုသူ့ကိုချစ်နေအုံးမည်ပင်၊ တစ်ဖက်လူဘယ်တော့မှပြန်မမှတ်မိလာဖို့သူယုတ်မာစွာမျှော်လင့်လို့ရသည်။


သို့သော် သူသာအတိတ်မေ့ချင်ယောင်ဆောင်နေတာသာဆိုရင် ကောင်လေးကသူ၏လက်တုံ့ပြန်မှုကိုကြောက်လို့ သူ့ကိုချစ်ချင်ယောင်ဆောင်တာဖြစ်လောက်သည်။ လုရန်ကျားကသူမသေခင် ကောင်လေးကိုသူ့အရင်ဘဝအကြောင်းပြောပြဖို့လူလွှတ်ပြီးတစ်ခုခုတကယ်ပို့ခိုင်းခဲ့လို့ရှိရင် ကောင်လေးကသေချာပေါက်သူ့ကိုထားသွားလိမ့်မည်ပင်။


ပြီးတော့သူ့မှာသူ့ကိုဆွဲထားဖို့အကြောင်းပြချက်မရှိပေ။


သူ့စကားများကိုကြားလိုက်ရချိန်တွင်လင်ခုံးလုလန့်သွားကာခေါင်းခါလျက်ပြောလိုက်မိသည်။

"ဟင့်အင်း။"


လုစစ်အလိုလိုသက်မချလိုက်မိပေမဲ့ ထို့နောက်သူ့ကိုယ်သူယုတ်မာသည်ဟုခံစားလိုက်ရပြန်သည်။ ဒီဟာနှင့်ပတ်သတ်ပြီးသူကံမကောင်းသင့်ပေမဲ့ သူသာလက်ဦးမှုရယူပြီးဝန်ခံလိုက်ရင်...


သို့သော်လင်ခုံးလုကရုတ်တရက်လင်ပါးပါးထံမှဖုန်းဝင်လာပြီး ဖုန်းချပြီးနောက်သူတောင်းပန်လိုက်မိသည်။

"ကျွန်တော့်ပါးပါးကကျွန်တော့်ကိုပြန်လာခိုင်းနေတယ်။"


လုစစ်တိတ်ဆိတ်သွားရ​ကာ တစ်အောင့်ကြာပြီးမှပြောလိုက်သည်။

"ဒါဆိုမင်းအရင်ပြန်နှင့်လေ။"


လင်ခုံးလုခေါင်းငြိမ့်လိုက်ပေမဲ့ သူဂိတ်တံခါးဆီမောက်မောက်နှင့်အတူလျှောက်သွားချိန် လုစစ်ကသူ့ကိုရုတ်တရက်တားလာသည်။


"မင်း..." လုစစ်တုံ့ဆိုင်းသွားရပေမဲ့ အဆုံးတွင်သူပြောလိုက်မိသည်။

"လမ်းမှာဂရုစိုက်။"


ကောင်လေးထွက်သွားပြီးနောက် လုစစ်အနည်းငယ်စိတ်ပျက်အားလျော့သွားရသည်။


သူအပေါ်ထပ်တက်သွားကာ စာကြည့်ခန်းထဲလျှောက်သွားလိုက်သည်။ လန့်စ်ကစာကြည့်ခန်းထဲမှာ"ပင်လယ်ကိုမုန်းတီးပြီးကောင်းကင်ချစ်၊ မင်းကိုပြန်ရဖို့ကိုယ်ဘာလုပ်ရမလဲ၊ အချစ်ရယ်"ကိုဖတ်နေတာဖြစ်သည်။ သူဝင်လာတာကိုမြင်လိုက်ရသော် သူမလုံမလဲဖြစ်သွားရသည်။


ဇာတ်လမ်းထဲတွင် ထျန်ထျန်ကလက်ထပ်ပွဲအတွက်ပျော်ရွှင်စွာပြင်ဆင်နေပေမဲ့ သူတွေးထားခဲ့သည့်ပျော်ရွှင်မှုကတကယ်တမ်းပုံရိပ်ယောင်ဖြစ်ကာ သူ့ကိုလက်တုံ့ပြန်ချင်သည့်မုန်းတီးမှုဖြစ်နေမှန်းမသိခဲ့ပေ။ သူအပျော်ရွှင်ဆုံးအချိန်မှာသူ့ကိုအနာကျင်ရဆုံးအရာများခံစားရအောင်လုပ်လိမ့်မည်။ ဇာတ်လိုက်ကမသိခဲ့ပေ၊ ထျန်ထျန်ကဘာမှမလုပ်ခဲ့ဘဲ အရာအားလုံးကဗီလိန်လုပ်ခဲ့တာဖြစ်မှန်း.....


"ဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူး"


"ဒါဘာလဲ။"

လုစစ်ဗလာသက်သက်မေးလိုက်သည်။


"....." ""မင်းကိုပြန်ရဖို့ကိုယ်ဘာလုပ်ရမလဲ၊ ကိုယ့်အချစ်ရယ်"။"

လန့်စ်ထူးဆန်းစွာပြောလိုက်သည်။


သူကသခင်နှင့်သခင်လေး၏ဇာတ်လမ်းကိုလေ့လာကြည့်ကာ မနေနိုင်ဘဲသူ့ခံစားချက်များကိုဖော်ပြမိသည်။ သူကဒီခွေးသွေးဒရာမာကိုပြန်ကြည့်နေမိပြီး သူ့ကိုလက်ပူးလက်ကြပ်မိသွားမည်ဟုလုံးဝမထင်ထားမိပေ။


လုစစ်ကမထင်မှတ်ထားစွာဖြင့်ဘာမှမဆိုဘဲ ရီမုကိုယူကာ "ဆန်ကုန်မြေလေးA"ကဒူးထောက်ပြီးအတူပြန်ရှိခွင့်ပေးဖို့တောင်းဆိုနေသည့်ဇာတ်ဝင်ခန်းကို​ကြည့်လိုက်မိသည်။


"ဆန်ကုန်မြေလေးA"နှိပ်စက်ညှင်းပန်းခံမှုကိုဗလာမျက်နှာဖြင့်ကြည့်ပြီးနောက် သူမက်ခါပေါ်ကအသံဖိုင်ကိုမာဆိုးချစ်ပမာဖွင့်လိုက်ပြန်သည်----


"သူမတော်တဆမှတ်ဉာဏ်ပျောက်သွားပြီးနောက်ပိုင်း မင်းကသူ့ကိုမင်းနဲ့ချစ်သွားအောင်တမင်သက်သက်လှည့်စားခဲ့တယ်။ မင်းကသူ့ကိုအပျော်ရွှင်ဆုံးအချိန်မှာအနာကျင်ရဆုံးမှတ်ဉာဏ်တွေကိုပြန်ရလာစေချင်တယ်၊ ဒါမှသာမင်းရဲ့လက်စားချေမဲ့ပန်းတိုင်ကိုအောင်မြင်နိုင်မှာ...."


လန့်စ်: "...." သခင်၊ ရူးသွားပြီလား။


သူကဒရာမာကိုကြည့်လိုက်၊ အသံဖိုင်ကိုကြည့်လိုက်ပြီးမှ လုစစ်ကိုကြည့်ကာ ရုတ်တရက်မေးခွန်းထုတ်လိုက်မိသည်။

"သခင်ဒီလိုလုပ်ဖို့မစီစဥ်ထားဘူးမလား။"


လုစစ်နှင့်လန့်စ်မှာပြိုင်တူနောက်လှည့်ကြည့်လိုက်မိရာ လင်ခုံးလုနှင့်ကြောင်စက်ရုပ်ကပြန်ရောက်လာပြီး တံခါးဝမှာရပ်လျက် သူတို့ကိုထိတ်လန့်တကြားကြည့်နေပုံကိုမြင်လိုက်ရတော့သည်။


____________________________________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


နဂိုစမှတ်ကိုပြန်သွားရရင် မှတ်ဉာဏ်ထဲကမင်းရဲ့ထိတ်လန့်နေတဲ့မျက်နှာ~


လင်ခုံးလု: ဘော့စ်လုကတကယ်တော့ခွေးသွေးဒရာမာတိတ်တိတ်လေးကြည့်နေတာပဲ၊ အိုး၊ အမြင်ကျိုးပဲ့သွားပြီ။


______________________________________