အဆုံးတွင်လုစစ်ကအချိန်အတော်ကြာမြင့်မားသောအနေအထား(အရေထူ)နေခဲ့သဖြင့် သူကလင်ခုံးလုထက်ပိုတည်ငြိမ်ပြီး လင်ရွှမ်းလော့၏လှောင်ပြောင်မှုကိုမကြားသည့်အလား အနောက်လှည့်ကာစကားတစ်လုံးမဆိုဘဲနှုတ်ဆကိလိုက်သည်။
"အစ်ကိုကြီး။"
လင်ရွှမ်းလော့: "....."ဘယ်သူကမင်းရဲ့အစ်ကိုကြီးလဲ။
သို့သော်လည်း လုစစ်ကသူ့မာနကိုတကယ်လွှတ်ချနိုင်လိမ့်မည်ဟုလင်ရွှမ်းလော့မထင်ထားခဲ့ပေ။ နောက်ရက်အနည်းငယ်မှာ သူနှင့်လင်ပါးပါးကမည်မျှခက်ခဲအောင်လုပ်ပါစေ တစ်ဖက်လူကမလှုပ်မရှားနှင့်သူတို့အိမ်ကိုနေ့တိုင်းလာခဲ့သည်ပင်။
သူနှင့်လင်ပါးပါးကဒုက္ခသိပ်မပေးပေ၊ အများဆုံးသူတို့ကသူ့ကိုပန်းကိုင်းဖြတ်၊ ပေါင်းပင်ရှင်း၊ စားစရာချက်ကာခွေးကိုကျွေးခိုင်းရုံသာ။
သို့သော်မလွယ်ကူလှ။ အစကတည်းက သူနှင့်လင်ပါးပါးကကောင်းမွန်သောအကြည့်မဖော်ပြခဲ့ပေမဲ့ ဒီလူကအမြဲတမ်းပုံမှန်ဖြစ်သယောင်။ လင်မိသားစုအဆိုးဆုံးအချိန်မှာ လုစစ်ကဘယ်သူ့ဆီကိုမှခေါင်းလုံးဝငုံ့ခဲ့ခြင်းမရှိပေ။ သူကားအမြဲတစေသီးသန့်ဆန်ကာမောက်မာလှပေမဲ့ သူဟာအခုဆိုရင်သူ့ညှီလေးအတွက်ဘာမဆိုလုပ်ဖို့ဆန္ဒရှိနေပေသည်။
ဒါကိုတွေးမိရင်း လင်ရွှမ်းလော့မနေနိုင်ဘဲသက်ပြင်းချကာ လင်ခုံးလုကိုပြောမိသည်။
"တကယ်တော့၊ ညီလေး၊ မင်းကအရမ်းတော်နေတုန်းပဲ။"
လူတွေကိုမမြင်ကွယ်ရာမှာသင်ပေးနိုင်တယ်။
လင်ခုံးလု: "?"
လင်ရွှမ်းလော့: "ငတုံးတစ်ယောက်ဆီမှာလည်းကောင်းချီးရှိတာပဲ။"
လင်ခုံးလု: "....ကျွန်တော်ကမတုံးပါဘူးနော်။"
လင်ရွှမ်းလော့ပြုံးလိုက်ပြီး အလိုလိုက်စွာပြောလိုက်သည်။
"ဟုတ်တယ်၊ ဒါပေမဲ့ မင်းရဲ့မိသားစုဝင်လုစစ်ကိုတစ်နေရာရာအမြန်ခေါ်သွားလိုက်တော့။ သူငါတို့အိမ်ကိုနေ့တိုင်းလာနေတုန်းကသူစစ်ဌာနချုပ်ကိုသတင်းပို့စရာမလိုဘူးမလား။"
"စိတ်မပူပါနဲ့၊ အစ်ကိုကြီး၊ မာရှယ်ကကျွန်တော့်ကိုခွင့်ရက်ရှည်ပေးထားပါတယ်။"
လုစစ်ကဘယ်အချိန်ကမှန်းမသိသူတို့နောက်မှာရပ်နေပေသည်။
လင်ရွှမ်းလော့: "အန်?" ဘယ်သူကစိတ်ပူနေလို့လဲ။
"မာရှယ်ကကျွန်တော့်ဇနီးလေးကိုစိတ်အေးလက်အေးဆွဲဆောင်ဖို့ပြောခဲ့တယ်။ ခွင့်ရက်ကမလုံလောက်ရင် သူထပ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်ယောက္ခမနဲ့ယောက်ဖရဖို့အဆင်သင့်ဖြစ်နေပါပြီ။ သူကမဂ်လာသေရည်သောက်ဖို့စောင့်နေတုန်းပဲ။"
လုစစ်အလေးအနက်ပြောလိုက်ပြီး ထိုသို့ပြောပြီးနောက် သူကလင်ခုံးလုကိုတစ်ချက်စိုက်ကြည့်လိုက်သည်။
လင်ခုံးလုမှာခပ်တည်တည်မျက်နှာထားနှင့်ချောင်းအသာဟမ့်လိုက်ပေမဲ့ သူ့နားရွက်များမှာတဖြည်းဖြည်းချင်းနီရဲလာသည်။
လင်ရွှမ်းလော့: "......" အော်၊ ဒီတော့သူကနှိပ်စက်ညှင်းပန်မှုတွေကိုလုံးဝမခံစားချင်တော့ဘူးပေါ့။
ဒါကဘယ်လိုနှိပ်စက်ညှင်းပန်းမှုမျိုးလဲ။ ဒါကသိသိသာသာကိုသူ့ကိုနှိပ်စက်ညှင်းပန်းနေတာကြီးကို၊ နေ့တိုင်းခွေးစာထိုးကျွေးတယ်၊ အချစ်တွေထုတ်ပြတယ်၊ တကယ်တော့လုစစ်မွေးနေ့တုန်းက သူတမင်သက်သက်မီးသီးလုပ်ခဲ့လို့ သူ့ကိုလက်တုံ့ပြန်နေတာမလား။
"Host? Host?" 0687မှာခွေးစာစားလိုက်ရပြီး သူ့စိတ်ထဲမှာတိတ်တိတ်လေးအသိပေးလိုက်သည်။
"မင်းတစ်ခုခုမေ့နေတာလား။"
လင်ခုံးလု: "ဘာလဲ?"
0687: "အဲ့ဒါက....ဇာတ်လိုက်ရဲ့နှစ်သက်မှုနှုန်းကပြည့်နေပြီ၊ မကောင်းတဲ့စိတ်တန်ဖိုးကလည်းဗလာဖြစ်သွားပြီဆိုတော့ မစ်ရှင်ကအောင်မြင်သွားပြီလေ၊ ငါတို့ထွက်သွားဖို့ပြင်ဆင်လိုက်ရမလား။"
လင်ခုံးလုအပြုံးလေးနှင့်အေးခဲသွားရကာပြောလိုက်သည်။
"အလျင်မလိုပါနဲ့လား။"
0687: "....."
၎င်းရုတ်တရက်မသက်မသာဖြစ်သွားရကာ မေးလိုက်မိသည်။
"Host၊ မင်း....ဇာတ်လိုက်ကိုတကယ်ချစ်မိသွားတာလား။"
ထိုအကြောင်းတွေးမိတော့ တကယ်ဖြစ်နိုင်တယ်၊ Hostကဇာတ်ကြောင်းတာဝမ်တွေကိုလုံးဝလိုက်နာပြီးတော့ သူ့နှလုံးသားနောက်မလိုက်ခဲ့ဖူးဘူးလေ၊ သူကသူအခုလုပ်နေသလိုမျိုးသူ့ရဲ့ကိုယ်ပိုင်ဇာတ်ကြောင်းကိုဖန်တီးပြီးတော့ လူတစ်ယောက်ကိုတိုက်ခိုက်ရာမှာအချိန်အကြာကြီးဖြုန်းမယ်တဲ့လား။
လင်ခုံးလုမျက်ဝန်းထဲရှိအပြုံးမှာအနည်းငယ်မှိန်ကျသွားပြီး သူပြောလိုက်မိသည်။
"ငါတကယ်ချစ်မိသွားတော့ကော? နေရာလွတ်-အချိန်စီမံခန့်ခွဲရေးအုပ်ချုပ်မှုဌာနရဲ့စည်းမျဥ်းအရဆိုရင် အနှေးနဲ့အမြန်ထွက်သွားစရာမလိုဘူးမလား။"
"အမှန်ပဲ။" 0687နက်ရှိုင်းစွာသဘောတူလိုက်သည်။
"ချက်ချင်းထွက်သွားဖို့ဖြစ်နိုင်တဲ့မမျှော်လင့်ထားတဲ့အခြေအနေမရှိလာသ၍ပေါ့။ ဥပမာ- ထွက်သွားတာကကမ္ဘာကိုပြိုလဲသွားစေလိမ့်မယ်၊ ဒါမှမဟုတ် ထွက်သွားတာကတာဝန်ထမ်းဆောင်သူကိုအသက်အန္တရာယ်ရှိစေလိမ့်မယ်။"
လင်ခုံးလု: အိုး၊ သူသဘောပေါက်သွားပြီးပဲ။
"ဒါဆိုHost၊ မင်းဘယ်တော့ထွက်သွားဖို့စီစဥ်ထားလဲ။"
0687အလိုလိုမေးမိသည်။
"အလျင်မလိုပါနဲ့၊ အချိန်မတန်သေးဘူး။"
လင်ခုံးလုပြုံးလိုက်သည်။
0687: "?"
လုစစ်ကအခုဆိုရင်လင်အိမ်တော်ကိုနေ့တိုင်းသတင်းလာတင်ပြလေ့ရှိပြီး စစ်ဌာနချုပ်ကိုသွားတာထက်လုံ့လဝီရိယပိုရှိနေသဖြင့် သူဟာဒီမှာနေတော့မလိုပင်။
လင်ရွှမ်းလော့အစကရှိုးကောင်းကောင်းကြည့်ခဲ့ပေမဲ့ အချိန်အတော်ကြာပြီးနောက် သူသည်းမခံနိုင်တော့ပေ။
မနက်ပိုင်းနံနက်စာစားပွဲဝိုင်းမှာ ငယ်ရွယ်သောစုံတွဲကစတင်ချစ်ပြကြလိမ့်မည်ပင်။ ဘယ်သူမှမရှိသည့်အလား မင်းကငါ့အတွက်တူယူပေး၊ ငါကမင်းအတွက်ပုစွန်အခွံခွာပေးမယ်လုပ်နေကြသည်။
လင်ရွှမ်းလော့အလွန်ကူကယ်ရာမဲ့လျက်၊ သူနေ့တိုင်းခွေးစာစားရတာငြီးငွေ့နေပြီနော်၊ ဟုတ်ပြီလား။ ထိုးသိပ်ပြီးတော့သာထည့်လိုက်တော့။
နောက်ဆုံးတွင်လင်ပါးပါးမှာသည်းမခံနိုင်တော့ဘဲမျက်မှောင်ကြုတ်ကာပြောလိုက်ရသည်။
"ရှောင်လု၊ မင်းဒီကိုနေ့တိုင်းပြေးလာနေရတာ၊ ငါ့အထင် မင်းတို့လက်ထပ်လိုက်တော့တာပိုကောင်းမယ်။"
လင်ခုံးလု: "ဟင်? ပါးပါး၊ သားကဒီမှာနေတာလေ။"
လင်ပါးပါး: "...." ထားလိုက်တော့၊ ဒီကလေးကလည်းရှောင်လုလို့ခေါ်တာပဲ။
"ငါမင်းကိုမပြောဘူး။"
လင်ပါးပါးဒေါသတကြီးပြောမိသည်။
လုစစ်ကသူ့စကားလုံးထဲရှိဆူးများကိုမကြားသည့်အလား သဘောတူခေါင်းငြိမ့်လိုက်သည်။
"ယောက္ခမကြီးခွင့်ပြုမယ်ဆိုရင် ကျွန်တော်မနက်ဖြန်ပြောင်းလာပါမယ်။"
လင်ပါးပါး: "....." ဘယ်သူကမင်းရဲ့ယောက္ခမလဲ။
သွားပြီ၊ ဒီကလေးကလည်းသူ့ရှောင်လုဆီကအလိုလိုက်ခံထားရတော့ သူကအရေထူအောင်လေ့လာခဲ့တာပဲ။
ဤကဲ့သို့မနှစ်မြို့ဖွယ်မြင်ကွင်းကရက်အနည်းငယ်ပိုကြာလောက်မည်ဟုလင်ပါးပါးနှင့်လင်ရွှမ်းလော့ထင်ထားမိပေမဲ့ မထင်မှတ်ထားစွာဖြင့် နေ့လယ်ခင်းမှာလုစစ်ကရုတ်တရက်ရှေ့တန်းဆီကဖုန်းကောလ်ရရှိခဲ့သည်။
ဖုန်းချပြီးနောက် သူကလင်ခုံးလုကိုအပြစ်ရှိစွာတစ်ချက်ကြည့်လိုက်မိပြီး ထို့နောက်အခြားနှစ်ယောက်ကိုကြည့်ကာ တောင်းတောင်းပန်ပန်ပြောလိုက်ရသည်။
"ယောက္ခမ၊ အစ်ကိုကြီး၊ ရှောင်လု၊ ရှေ့တန်းမှာတစ်ခုခုဖြစ်သွားလို့ ကျွန်တော်ပြန်သွားရမှာမို့ ကျွန်တော်နေုက်အနည်းငယ်လောက်ပြန်လာနိုင်မှာမဟုတ်ဘူး။ စကားမစပ်၊ ကျွန်တော်ချိုးချိုးအတွက်ခွေးစာတချို့မှာထားတာ၊ မနက်ဖြန်လာပို့လိမ့်မယ်။"
ချိုးချိုးကားဒီရက်တွေမှာ သူလင်မိသားစုကိုကူပြီးအစာကျွေးခဲ့သည့်ခွေးလေးဖြစ်ပြီး ၎င်းဟာလည်းလင်ခုံးလုပျိုးထောင်ထားတာဖြစ်သည်။
လင်ပါးပါးလက်ဝှေ့ယမ်းလိုက်သည်။
"စစ်တပ်ကိစ္စတွေကအရေးကြီးတယ်လေ၊ မြန်မြန်သွားတော့။"
"ဟမ့်။" လင်ရွှမ်းလော့မျက်လုံးလှိမ့်ကာ သူ့အတွက်နားလည်ပေးဖို့ကြိုးစားလိုက်သည်။
ခွေးစာကမူမမှန်သလိုပဲ။
လင်ခုံးလုခုနကတစ်ခုခုကြားခဲ့ပြီး ဒီတစ်ခေါက်လုစစ်ရှေ့တန်းကိုသွားတဲ့ခရီးကလုရန်ကျားဦးဆောင်သည့်ကြယ်သူခိုးအုပ်စုနှင့်ဆိုင်နေမှန်းသိလိုက်တာမို့ သူချက်ချင်းပြောလိုက်သည်။
"ကျွန်တော်လည်းသွားမယ်။"
"မင်းကအပျော်လိုက်သွားမလို့လား။"
လင်ပါးပါးကသူ့ကိုစူးစိုက်ကြည့်လာသည်။
လင်ခုံးလုဘာမှမပြောဘဲ လုစစ်နောက်တိတ်တိတ်လေးရွေ့သွားကာ တစ်ဖက်လူ၏အကျီအဖျားကိုဆောင့်ဆွဲလိုက်ပြီး လုစစ်ခေါင်းလှည့်ကြည့်လာချိန်တွင် သူခေါင်းမော့ကာ စိုစွတ်သောမျက်ဝန်းတစ်စုံဖြင့်သူ့ကိုကြည့်လိုက်သည်။
လုစစ်တကယ်နှလုံးသားပျော့ပြောင်းသွားရကာ ဒီခရီးကအတည်ပြုရုံသက်သက်ပေမို့ အန္တရာယ်မရှိလောက်ဟုတွေးမိရင်း သူလင်ပါးပါးကိုပြောလိုက်သည်။
"ရှောင်လုကအဲ့ကိုကျွန်တော့်ရဲ့သီးသန့်မက်ခါအပြင်သမားအနေနဲ့သွားလို့ရပါတယ်။"
"ဟမ့်။" လင်ရွှမ်းလော့မျက်လုံးလှိမ့်မိပြန်သည်။
လင်ခုံးလု: သွားပြီ၊ ငါ့ကိုကြီးမသန်မစွမ်းဖြစ်နေတာအရမ်းကြာသွားလို့ စိတ်ဖိစီးလွန်းအားကြီးပြီးစိတ်ပိုင်းဆိုင်ရာပြိုလဲသွားတာလား။
0687: ငါမင်းရဲ့ခွေးစာတွေကြောင့်နင်နေပြီ၊ ဟမ့်!
လင်ခုံးလုနောက်ဆုံးမှာလုစစ်နှင့်အတူထွက်ခွာလာခဲ့သည်။ ရှေ့တန်းကိုရောက်သွားပြီးနောက် ကြယ်သူခိုးအုပ်စု၏ခိုလှုံရာနေရာကိုရှင်းဖို့တာဝန်ယူထားသည့်အရာရှိကသူတို့ကိုခပ်မြန်မြန်လာနှုတ်ဆက်သည်။
"ကျွန်တော်တို့တွေဆိုးဝါးတဲ့အရာတချို့တွေ့လိုက်ရလို့ မရှင်းပစ်ခင်မင်းကိုသတင်းပို့ဖို့လိုအပ်တယ်ထင်လို့ပါ။"
အရာရှိကလမ်းလျှောက်ရင်းရှင်းပြလာသည်။
သူ၏လမ်းပြမှုအောက်တွင် လုစစ်နှင့်လင်ခုံးလုတို့ ဒီဂြိုဟ်ပေါ်ကကြယ်သူခိုးများ၏ခိုလှုံရာဆီသိပ်မကြာခင်ရောက်လာသည်။
ဤသည်ကားဓာတ်ခွဲခန်းနှင့်ဆင်တူသည့်နေရာတစ်ခုဖြစ်သည်။ အဆောက်အအုံထဲလျှောက်ဝင်လာရင်း မည်းမှောင်ကာအေးစက်သောခံစားချက်ရသည်။
ဒီနေရာကိုလုစစ်၏လူတို့ကတာဝန်လွှဲယူထားတာမို့ ကော်ရစ်ဒါတစ်ဖက်တစ်ချက်စီမှာစောင့်ကြပ်နေသည့်စစ်သားများရှိသည်။ အရာရှိကသူတို့ကိုအဆောက်အအုံအောက်ထပ်ဆီခေါ်သွားကာ အကြီးဆုံးဓာတ်ခွဲခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။
ထိုနေရာတွင်နှစ်တန်းခွဲစီထားသည့်ထွင်းဖောက်မြင်ရသောအခန်းငယ်များဒါဇင်ထက်ပိုရှိသည်။ အခန်းငယ်တစ်ခုချင်းစီမှာလူရွယ်အမျိုးသားခန္ဓာကိုယ်ရှိပြီး သေးသွယ်သောပိန်တစ်ချောင်းကသူတို့၏ကိုယ်နှင့်ဆက်သွယ်ထားကာ အသက်ကိုထိန်းသိမ်းဖို့အာဟာရများပေးပို့ပေးနေပုံပင်။
အထူးဆန်းဆုံးအရာမှာ ထိုလူတို့အားလုံးမှာတူညီသောမျက်နှာရှိကြပြီး လုရန်ကျားနှင့်မျက်နှာတစ်ထပ်တည်းတူညီပေသည်။
လင်ခုံးလုမသိမသာအသက်ရှုတန့်သွားရသည်။
အာဟာရအခန်းငယ်ကခန္ဓာကိုယ်နှင့်ဆက်သွယ်ထားသည့်ပိုက်နှင့်ဆက်သွယ်ထားကာ သူတစ်နေရာရာမှာမြင်ဖူးသယောင်။ သို့သော်မှတ်ဉာဏ်ထဲတွင် သွေးနီရောင်ဖြစ်ပြီး ထိုကြည်လင်ကာဖောက်ထွင်းမြင်နိုင်သောအခန်းငယ်တို့နှင့်မတူပေ။
သူယိမ်းထိုးသွားကာ ရုတ်တရက်အနည်းငယ်မူးဝေသွားရသည်။
လုစစ်ကအလျင်စလိုသူ့ကိုကူတွဲကာ စိတ်ပူတကြီးမေးလာသည်။
"ဘာဖြစ်တာလဲ။"
"ဘာမှမဖြစ်ပါဘူး။"
လင်ခုံးလုခေါင်းခါလိုက်ပြီး ထိုအကြောင်းခပ်မြန်မြန်မေ့သွားကာ သူ့မျက်နှာမှာပုံမှန်ပြန်ဖြစ်လာသည်။
သူအာဟာရအခန်းငယ်ကိုထပ်မော့ကြည့်လိုက်ချိန် မူးဝေမှုမှာပျောက်သွားတော့သည်။
သူတကယ်အဆင်ပြေကြောင်းမြင်လိုက်ရသော် လုစစ်စိတ်သက်သာရာရသွားကာသူ့ကိုလွှတ်ပေးလိုက်သည်။
"ဒါဘာအခြေအနေလဲ။"
လင်ခုံးလုစနစ်ကိုမေးလိုက်မိသည်။
0687: "....ကိုယ်ပွားပဲ။"
လင်ခုံးလု: "ငါသိတယ်၊ ဒါပေမဲ့ဘာလို့လုရန်ကျားကသူ့ကိုယ်သူဘာလို့ဒီလောက်အများကြီးပွားထားရတာလဲ။"
သက်ရှိလူခန္ဓာကိုယ်ကိုပွားတာကဖယ်ဒရယ်မှာတရားမဝင်ပေ။
လုစစ်သိသိသာသာကိုပြဿနာ၏လေးနက်မှုကိုသတိပြုမိကာ မျက်မှောင်ကြုတ်လျက်အရာရှိကိုမေးလိုက်သည်။
"အခြားမူမမှန်တာကောရှိလား။"
အရာရှိကခေါင်းခါကာဆိုသည်။
"မရှိဘူး။"
လင်ခုံးလုထိုဖောက်ထွင်းမြင်ရသောအာဟာရအခန်းငယ်များရှေ့ဖြည်းညှင်းစွာလျှောက်သွားကာ ၎င်းတို့ကိုတစ်ခုချင်းကြာ့်ရင်း ရုတ်တရက်သူ့စိတ်ထဲမှာအလင်းတစ်ချက်လက်သွားကာ စိတ်ထဲဖြစ်နိုင်ချေတစ်ခုဝင်လာသည်။
"ငါသိပြီ၊ သူထပ်လာချင်တာပဲ။"
0687: "ဘာကြီး?"
"ငါအရင်ကပြောခဲ့သလိုမျိုး သူကလည်းတာဝန်ထမ်းဆောင်သူတစ်ယောက်ပဲ။ ပုံမှန်အခြေအနေအောက်မှာ အပြင်လူတစ်ယောက်ကကမ္ဘာငယ်လေးထဲဝင်လာရင် သူကတူညီတဲ့ခန္ဓာကိုယ်ထဲဘဲဝင်လို့ရတယ်။ ပထမဆုံးအကြိမ်ကူးပြောင်းဝင်ရောက်လာပြီးနောက်မှာ အသိစိတ်ကိုယ်ထည်....ဒါမှမဟုတ်ဝိညာဥ်ကပထမဆုံးခန္ဓာကိုယ်ရဲ့အခြေအနေအလိုက်သတ်မှတ်ချက်ဘောင်နဲ့ပေါင်းစပ်သွားတယ်။ နောက်ကျ မင်းအခြားကိုယ်ထဲကူးပြောင်းချင်ရင် မင်းမှာသဟဇာတမဖြစ်တဲ့ပြဿနာတွေရှိလာလိမ့်မယ်။ သူကအရမ်းကိုမဆင်မခြင်နဲ့ ဒီကမ္ဘာကိုဂိမ်းတစ်ခုကိုဆက်ဆံတာမို့ သူ့အတွက်သူချန်ထားခဲ့တာဖြစ်ရမယ်။"
လင်ခုံးလုစမ်းစစ်လိုက်သည်။
"ဒီတော့သူကပင်မခန္ဓာကိုယ်အတိုင်း တူညီတဲ့အခြေအနေအလိုက်သတ်မှတ်ချက်ဘောင်နဲ့ခန္ဓာကိုယ်ပွားတာက တစ်နေ့ကျရင်မတော်တဆသေဆုံးမှုကိုကာကွယ်ဖို့ပေါ့လေ၊ ဒါမှသူပြန်လာနိုင်မှာပေါ့?"
0687ရှော့ခ်ရသွားသည်။
ဒါကသူတို့ရဲ့နေရာလွတ်-အချိန်စီမံခန့်ခွဲရေးဗျူရိုထက်ပိုတော်နေပါလား။
လင်ခုံးလု: "ကံကောင်းချင်တော့ အချိန်မီသိလိုက်ရတာမို့ ဒီခန္ဓာကိုယ်တွေကိုချက်ချင်းဖျက်ဆီးပစ်ရမယ်။"
တိုက်ဆိုင်စွာဖြင့်သူပြောလို့ပြီးသွားသည်နှင့်တစ်ပြိုင်နက် သူ့အနောက်ရှိအာဟာရအခန်းငယ်ကရုတ်တရက်အလိုအလျောက်ပွင့်လာပြီး အထဲရှိလူဟာလည်းမျက်စိဖွင့်ကာ သူ့ပုခုံးပေါ်လက်တင်လာသည်။
သူ့ပုခုံးနစ်မြုပ်သွားသည်ဟုလင်ခုံးလုခံစားလိုက်ရပြီး ကိုယ်ပွားမှာအသက်ရှိနေကြောင်းတွေ့လိုက်ရသည်။ သူတောင့်တင်းသွားရကာ"သေစမ်း"ဟုပြောမိပြီး ခေါင်းလှည့်ကာတားလိုက်ရသည်။
ကိုယ်ပွားမှာအခုမှနိုးလာပုံရပြီး မြဲမြဲရပ်နိုင်စွမ်းမရှိဘဲ ခန္ဓာကိုယ်ကသူ့အပေါ်တည့်တည့်ကျလာရာ သူ့လည်တိုင်ကထိုတစ်ယောက်ထဲလက်ထဲမှာအညှစ်ခံလိုက်ရသလိုဖြစ်သွားသည်။
"ရှောင်လု?"
အခြေအနေကိုအာရုံခံမိရင်း လုစစ်ကသူ့ဆီပြေးလာကာ တစ်ချိန်တည်း၌သေနတ်ဆွဲထုတ်လိုက်သည်။
အေးစက်သောစေးကပ်သောအထိအတွေ့ကလင်ခုံးလု၏ဦးခေါင်းခွံကိုတမဟုတ်ချင်းတင်းကြပ်သွားစေကာ ကြက်သီးများထလာရသည်။ ဒါကလုရန်ကျားပြန်ရောက်လာတာဖြစ်လောက်သည်၊ ဒီလူကနေရာလွတ်ဆွဲဖွင့်ကာထွက်ပြေးသွားနိုင်တာမို့ သူတကယ်လွတ်သွားလို့ရှိရင် လုစစ်ရဲ့အရင်ကလုပ်ရပ်ကအလကားဖြစ်သွားမှာမဟုတ်ဘူးလား။
ဒါကိုတွေးမိရင်း သူမျက်မှောင်ကြုတ်မိကာ အကြင်နာတရားကင်းမဲ့လာပြီး သူ့လက်များကိုအားစိုက်လိုက်မိသည်။ သူ့ဝိညာဥ်အနက်ရှိုင်းဆုံးဆီကစွမ်းအားတစ်ခုရုတ်တရက်ပေါက်ထွက်လာကာ အခုလေးတင်ဒီကိုယ်ပွားထဲဝင်လာသည့်အသိစိတ်ကိုတမဟုတ်ချင်းချေမွပစ်လိုက်သည်။
လုစစ်ကဒီခွန်အားကိုမမြင်ရတဲ့အပြင် ဒီလူသေသွားပြီမှန်းလည်းမသိပေ။ တစ်ချိန်တည်း၌ သူကအချက်ပေါင်းများစွာဆက်တိုက်ပစ်ခတ်ကာ ကိုယ်ပွားကိုဇကာပေါက်များဖြစ်သွားစေသည်။
အခြားသူများမမြင်ရပေမဲ့ 0687ထိတ်လန့်အံ့သြသွားရကာမေးမိသည်။
"ဒါဘယ်လိုစွမ်းအားမျိုးလဲ။ မင်းဘယ်တုန်းကဒီလောက်စွမ်းအားကြီးလာတာလဲ။"
လင်ခုံးလုလည်းဆွံ့အနေလျက်ပြောမိသည်။
"မသိဘူး။"
သူထိုစွမ်းအားကိုသုံးပြီးသွားသော် ရုတ်တရက်ပြိုလဲသွားတော့သည်။
လုစစ်ရောက်လာကာ သူ့ကိုကူတွဲပေးလျက် စိုးရိမ်စွာမေးလိုက်သည်။
"ဘယ်လိုနေလဲ။ သူမင်းကိုထိခိုက်အောင်လုပ်ခဲ့သေးလား။"
လင်ခုံးလု: "...." ငါသူ့ကိုထိခိုက်အောင်လုပ်လိုက်မိပုံ...မဟုတ်ဘူးပဲ၊ ငါသူ့ကိုသတ်ခဲ့တာ။
0687ကခပ်မြန်မြန်စမ်းစစ်ကာပြောလာသည်။
"ဝိညာဥ်စွမ်းအားဖြစ်လောက်မယ်။ ဝိညာဥ်စွမ်းအားကအသိစိတ်ပျောက်မသွားအောင်ထိန်းပေးတဲ့အံ့ဖွယ်စွမ်းအားတစ်ခုပဲ။ မင်းအများကြီးသုံးလိုက်မိတယ်မလား။ မပျောက်သွားလောက်ပါဘူးနော်?"
လင်ခုံးလု: "...."
"အာ၊ ငါပျောက်ကွယ်သွားတော့မဲ့ပုံပဲ။"
သူရုတ်တရက်အသိပြန်ဝင်လာကာ လုစစ်ရင်ခွင်ထဲလှဲချပြီး သူ့လက်များကိုပွတ်သပ်လျက်ပြောလိုက်သည်။
"ကြည့်ရတာဇာတ်လိုက်ရဲ့ကံကောင်းမှုကငါ့အသိစိတ်မပျောက်သွားအောင်ထိန်းပေးနိုင်တဲ့ပုံပဲ။"
0687: "....."
"?" လုစစ်သူတို့စကားဝိုင်းကိုမကြားရသဖြင့် သူ၏ရုတ်တရက်ရင်းနှီးသောအပြုအမူကြောင့်ဇဝေဇဝါဖြစ်သွားမိသည်။
လင်ခုံးလုကသူ့လုပ်ဆောင်ချက်မပြီးသေးဘဲ အနောက်လှည့်ကာသူ့ကိုပွေ့ဖက်ပြီး အားနည်းစွာပြောလိုက်သည်။
"ကျွန်တော်ဘာလုပ်ရမလဲ။ ကျွန်တော်သေတော့မဲ့ပုံပဲ၊ ကျွန်တော်ကိုလိုနယ်လုဖက်တာခံရဖို့လိုတယ်။"
0687: "....."
သူကထိုသို့တည့်တိုးပြောလိုက်ပေရာ ခပ်လှမ်းလှမ်းကအရာရှိမှာအနည်းငယ်ရှက်ရွံ့သွားသည်၊ ထွက်သွားရင်ကောင်းမလား။
လုစစ်၏မျက်နှာထားမှာတည်ငြိမ်နေဆဲဖြစ်ပေမဲ့ သူ့နားရွက်များမှာနီစွေးလျက်။ သူကောင်လေးကိုအလျားလိုက်ပွေ့ဖက်ကာ ခေါင်းငုံ့ပြီး နူးညံ့စွာပြောလိုက်သည်။
"ဒီလိုဆိုရပြီလား။"
"နည်းနည်းပိုပြီးတင်းတင်းလေးဖက်ပေးဖို့လိုသလိုပဲ။"
လင်ခုံးလုကသူ့လည်ပင်းကိုပွေ့ဖက်ကာ သူ့လည်တိုင်ထဲခေါင်းမြှုပ်ထားလိုက်သည်။
ဤတစ်ကြိမ် လုစစ်၏မျက်နှာပင်နီရဲလာပြီး သူချောင်းအသာဟမ့်ကာအရာရှိကိုပြောလိုက်သည်။
"အပြင်အရင်ထွက်နှင့်၊ တစ်ယောက်ယောက်ကို ဒီကိုယ်ပွားတွေအကုန်လုံးကိုဖျက်ဆီးခိုင်းလိုက်။"
အရာရှိကလွတ်ငြိမ်းချမ်းသာခွင့်ရသွားသည့်အလား ခပ်မြန်မြန်အရိုအသေပေးကာ လှည့်ထွက်သွားတော့သည်။
မထင်ထားဘူး၊ အမြဲတမ်းသီးသန့်ဆန်ပြီးတည်ငြိမ်လေးနက်ပုံပေါက်တဲ့ကိုလိုနယ်လုကတကယ်တမ်းဒီပုံစံကိုသဘောကျမယ်လို့ မထင်ထားမိဘူးကွာ။
ကျွတ်၊ ပျင်းစရာကြီး။
လုစစ်မှာလင်ခုံးလုကြောက်နေတယ်ထင်ပြီး ထိုတစ်ယောက်ထွက်သွားသည်နှင့် လေကာအကျီကိုလက်တစ်ဖက်နှင့်ဆွဲချွတ်ကာ ကောင်လေးကိုခေါင်းစခြေဆုံးဖုံးလျက် သူ့ကိုကားဆီပွေ့ခေါ်လာခဲ့သည်။
လင်ခုံးလုသက်ပြင်းမချဘဲမနေနိုင်ပေ၊ လုစစ်ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကတကယ်ကောင်းတာပဲ။
သူဘယ်လောက်ငယ်ငယ် သူကလူရွယ်တစ်ယောက်ဖြစ်နေတုန်းပဲမလား။ လုစစ်ကသူ့ကိုတစ်လျှောက်လုံးပွေ့ဖက်ထားကာ အသက်ပင်မရှုမိပေ။
ကားထဲပွေ့ခေါ်ခံလာရပြီးနောက် လင်ခုံးလုမနေနိုင်ဘဲချီးကျူးလိုက်သည်။
"ကိုလိုနယ်လုကတအားကြင်နာတတ်တာပဲ၊ ကိုကို့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်ပါးကတကယ်ကြာရှည်ခံတယ်နော်။"
လုစစ်၏မျက်နှာမှာမဖော်ပြနိုင်လောက်အောင်ရှက်သွေးဖြာသွားပြီး သူခါးကိုင်းကာကားထဲဝင်ပြီး ကောင်လေး၏ပါးကိုအသာဆွဲညှစ်ကာ အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"အခုကစပြီး မင်းကိုယ့်ကိုလောင်ကုန်းလို့ခေါ်ရမယ်။"
လင်ခုံးလု: "?" မင်းတော့တစ်ခုခုမှားနေပြီ။
0687: "...." မင်းတစ်ခုခုမှားနေတာမဟုတ်ဘူးလား။
လုစစ်ကအခြေစိုက်စခန်း၏ကိစ္စရပ်များကိုဖြေရှင်းရအုံးမည်မို့ သူကသူ့ကိုကားထဲမှာထားကာ သူ့ကိုသူ့ကုတ်အကျီခြုံပေးပြီး ညွှန်ကြားချက်အနည်းငယ်ပေးလိုက်ပြီးမှ အနောက်လှည့်ကာပြန်သွားလိုက်သည်။
0687နောက်ဆုံးမှာမအောင့်အီးနိုင်တော့ဘဲမေးမိသည်။
"Host၊ မင်းဘာလုပ်နေတာလဲ။"
"ခုနကမပြောခဲ့ဘူးလား။ ငါ့အသိစိတ်ပျောက်ကွယ်သွားတော့မှာမို့ ငါဇာတ်လိုက်ရဲ့ကံကောင်းမှုပေါ်မှီခိုပြီးတည်ငြိမ်အောင်လုပ်ရပါမယ်ဆို။ အိုက်ယား၊ ငါအချိန်တစ်ခုစာလောက်ထွက်သွားလို့မရတဲ့ပုံ။ မင်းအထက်ကိုသတင်းသွားပို့လို့ရပြီ။"
လင်ခုံးလုနောင်တရစွာပြောမိသည်။
0687: "...." မင်းပျောက်ကွယ်သွားတော့မယ်လို့ ငါလုံးဝမမြင်မိပါဘူးနော်။
ခုနကသူ့Hostထံမှလှည့်စားခံလိုက်ရပုံပေါ်မှန်း စနစ်နောက်ဆုံးအချိန်နှောင်းမှသဘောပေါက်သွားရသည်။
"ဒါပေမဲ့ဇာတ်လိုက်ကအခုဒီမှာမရှိဘူးလေ။"
0687ရန်လိုစွာပြောလိုက်သည်။
ဒီတော့မင်းဘာကံကောင်းမှုမှမလိုဘူးပေါ့။
လင်ခုံးလု: "တစ်ဖက်လူကဒီမှာမရှိပေမဲ့လည်း သူ့အကျီချန်ထားပေးခဲ့တာမို့ အကျီပေါ်မှာသူ့ကံကောင်းမှုနည်းနည်းရှိတယ်လေ။
ထိုသို့ပြောပြီးနောက် သူအကျီထဲနှာခေါင်းနှစ်ကာ နင့်နင့်နဲနဲရှူလိုက်သည်။
0687: "...." Host၊ မင်းတော့တကယ်တစ်ခုခုဖြစ်နေပြီ၊ အရောင်ပြောင်းသွားသလိုပဲ။
"ဒါဆို...ဘယ်လောက်ကြာမှာလဲ။"
"ပြောရခက်တယ်။"
လင်ခုံးလုဖြည်းညှင်းစွာပြောလိုက်သည်။
"သုံးနှစ်ကနေငါးနှစ်အထိကြာရင်ကြာ၊ နှစ်၃၀ကနေနှစ်၅၀အထိကြားရင်ကြာ၊ ဒါမှမဟုတ် နှစ်၃၀၀ကနေနှစ်၅၀၀ကြာရင်ကြာလောက်...."
"လုစစ်ကအဲ့လောက်အကြာကြီးအသက်ရှင်နိုင်လို့လား။" 0687မနေနိုင်ဘဲရွဲ့ပြောမိသည်။
"ကျွတ်။" လင်ခုံးလုနားကလော်ကာပြောလိုက်သည်။
"မင်းကိုသတင်းပို့ဖို့ပြောရင် သတင်းသွားပို့ရမှာပေါ့။ ဘယ်လို့ဒီလောက်စကားများနေတာတုန်း? ငါကHostလား၊ မင်းကHostလား။"
"ဒါဆိုငါအရင်ဆုံးရှင်းပြပါရစေ။"
0687အသိပေးလိုက်သည်။
"မင်းမှာအကြောင်းပြချက်ကောင်းမရှိဘူးဆိုရင် မင်းရဲ့ပွိုင့်တွေအနှုတ်ခံရနိုင်တယ်နော်။"
"ဘာမှမဖြစ်ပါဘူး၊ ငါကကမ္ဘာအများကြီးဖြတ်သန်းလာတော့ ငါ့မှာပွိုင့်အလုံအလောက်ရှိတာမို့ မင်းကြိုက်သလောက်နှုတ်ပစ်လို့ရတယ်။"
လင်ခုံးလုမထူးခြားမခြားနားပြောလိုက်သည်။
0687: "...." Host၊ မင်းပြောင်းလဲသွားပြီ။ မင်းပွိုင့်တွေနဲ့ ရွှေရောင်ဆုတံဆိပ်ရှင်တာဝန်ထမ်းဆောင်သူအဆင့်နဲ့ပတ်သတ်ပြီး အရမ်းစိုးရိမ်ခဲ့ဖူးလေ။ ဘယ်အရာကများကမင်းကိုထူးကဲတဲ့ဝန်ထမ်းအဖြစ်ကနေငါးဆားနယ်အဖြစ်အကျင့်ပျက်သွားစေတာတုန်း?
Host၏"အကျင့်ပျက်ယွင်းမှု"ကြောင့်"နှလုံးသားလေး"ကြေကွဲသွားရပေမဲ့လည်း 0687ကရိုးသားပွင့်လင်းစွာသတင်းတင်ပို့ဖို့ကူညီပေးလာဆဲပင်။
တစ်အောင့်ကြာသော် စနစ်ပိုရှုပ်ထွေးစွာပြောမိသည်။
"သတင်းပို့ပြီးသွားပြီ။"
ရက်စက်လိုက်တာ၊ အသိစိတ်ပျောက်ကွယ်သွားတော့မှာအမှန်ပဲဆို နည်းပညာဌာနကလူတွေမသိကြဘူးလား။
လင်ခုံးလုသက်ပြင်းချကာပြောလိုက်သည်။
"မင်း၊ မင်းတစ်ခါမှမချစ်ဖူးတာမို့ မင်းနားလည်မှာမဟုတ်ပါဘူး။"
0687: "...." မင်းကတော့ချစ်တတ်နေပြီပေါ့? မင်းအခုမှသိတာမလား။ မင်းပထမဆုံးဒီအကြောင်းပြောဖူးတာမဟုတ်ဘူးလား။
လင်ခုံးလု: "ဒါပေါ့၊ ငါအဆင်ပြေမှန်းအထက်ကလူတွေသိတယ်၊ ဒါပေမဲ့ငါထွက်လာပြီးရင်ဒီကမ္ဘာတစ်ခုခုဖြစ်သွားမှာကိုသူတို့စိတ်ပူနေကြတာ။"
0687: "?"
လင်ခုံးလု: "မင်းရဲ့ဦးနှောက်သေးသေးလေးနဲ့ မင်းတစ်ခဏလောက်သဘောပေါက်မှာမဟုတ်ဘူးလို့ငါထင်တယ်။"
ဒီကမ္ဘာရဲ့အခြေအနေကထူးခြားတယ်။ လုရန်ကျားလိုမတော်တဆမှုမျိုးထပ်မဖြစ်အောင်ကာကွယ်ဖို့အလို့ငှာ အထက်ကလည်းသူခဏလောက်ကြာကြာနေပေးနိုင်မယ်လို့မျှော်လင့်နေကြတယ်။ ဒါ့အပြင် လုစစ်ရဲ့အခြေအနေက....အရမ်းထူးခြားတယ်။ တကယ်လို့ သူထွက်လာပြီးနောက်ပိုင်း လုစစ်ကမကောင်းတဲ့စိတ်ဝင်လာပြန်လို့ ကမ္ဘာပြိုလဲသွားရင်ကော?
အဆုံးတွင် ဒီကမ္ဘာမှာbugများစွာရှိနေပြီးသူကဒီလောက်အကြာကြီးအလုပ်ကြိုးစားပေးခဲ့တဲ့အပြင် အဆုံးမှာသူ့ခံစားချက်တွေပါပါဝင်လာခဲ့တယ်။ အပိုဆိုမရှိတဲ့အလုပ်ကြိုးစားမှုပဲ။ နေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကဝန်ထမ်းတွေကိုဘာအကျိုးအမြတ်မှမပေးဘူးလေ?
သူသာတကယ်သူ့ကိုတိုက်ရိုက်ပြန်ခေါ်ရဲခဲ့လို့ရှိရင် သူအလုပ်ထွက်ပြီး ခေါင်းဆောင်ကိုကျန်သက်တမ်းတစ်လျှောက်လုံးပြန်ပြင်ခိုင်းလိုက်မည်ပင်။
"ဒါနဲ့ ဒီကမ္ဘာထပ်ပြိုလဲသွားရင်ဘာဖြစ်မှာလဲ။"
လင်ခုံးလုမေးမိသည်။
အထက်ကကမ္ဘာငယ်လေးပြိုလဲသွားမှာစိုးရိမ်နေသည့်အကြောင်းရင်းကိုသူရုတ်တရက်သိချင်မိသည်။
"လုံးဝသွားပြီပဲ၊ ဒီကမ္ဘာရဲ့လည်ပတ်မှုကိုထောက်ပံ့တဲ့စွမ်းအားလည်းပျောက်ကွယ်သွားမှာလေ။"
စနစ်ကဆိုသည်။
"ကမ္ဘာငယ်တစ်ခုပြိုလဲတာကို အကျိုးသက်ရောက်မှုကမကြီးမားသင့်ဘူးမလား။"
"တစ်ခုနှစ်ခုကဘာမှမသက်ရောက်ဘူးဆိုပေမဲ့ တာဝန်ထမ်းဆောင်သူတွေပိုသွားရလေလေ ပြဿနာကပိုကြီးသွားလေပဲ။"
စနစ်ပြောလိုက်သည်။
"မင်းငါတို့ပင်မကမ္ဘာရဲ့စည်းမျဥ်းရေးဆွဲသူကိုသိလား။"
"သိတယ်၊ အင်ပါယာရဲ့အာဏာရှင်ကြီးလေ။"
လင်ခုံးလုပြောလိုက်သည်။
"မင်းဘာလို့အရှင်ဧကရာဇ်မင်းကြီးကိုအာဏာရှင်ကြီးလို့ခေါ်ရတာလဲ။"
0687ထိတ်လန့်သွားသည်။
လင်ခုံးလု: "....လူတိုင်းအဲ့လိုတိတ်တိတ်လေးခေါ်နေတာကိုငါကြားခဲ့တာ။"
_________________________