Chapter(26)
Viewers 10k

"ဟေ့၊ မင်းတိုးတိုးတိတ်တိတ်ပဲခေါ်လို့ရတယ်နော်။ အနာဂတ်မှာမင်းနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကထွက်သွားလို့ရှိရင် မင်းအဲ့လိုမခေါ်နဲ့တော့။"

လင်ခုံးလု၏စကားလုံးများကိုကြားလိုက်ရသော် 0687မှာမသိမသာချွေးပြန်သွားရသည်။


စင်စစ်ပင်၊ နေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကလူအများစုကအရှင်ဧကရာဇ်ကိုအာဏာရှင်ကြီးဟုတိုးတိုးတိတ်တိတ်ခေါ်ကြပြီး ၎င်းမှာသမိုင်းရှည်ကြီးရှိပေသည်။


လွန်ခဲ့သောဆယ်နှစ်ကျော်ခန့်က ပင်မကမ္ဘာ၏စွမ်းအားမှာရုတ်တရက်စတင်ယုတ်လျော့ကျဆင်းကာ မရေတွက်နိုင်သောကမ္ဘာငယ်များဖြစ်ပေါ်လာစေခဲ့သည်။ သို့ပေမဲ့ ထိုကမ္ဘာငယ်လေးများမှာတည်ငြိမ်စွာမတည်ရှိနိုင်ဘဲ သူတို့ဖြစ်ပေါ်လာပြီးမကြာမီတွင်မကြာမကြာပြိုကွဲလေ့ရှိသည်။ ပင်မကမ္ဘာ၏စွမ်းအားအလဟဿဖြစ်သွားတာကိုမပြောနှင့်၊ ကမ္ဘာငယ်လေးတို့၏သက်ရှိများဟာလည်းခံစားရကာသေကြေခဲ့ရသည်။


ထိုအချိန်တုန်းကနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကဒီဖရိုဖရဲကမ္ဘာငယ်တို့ကိုဘယ်လိုစီမံရမလဲလေ့လာခဲ့ကြရသည်၊ သို့မှသာ၎င်းတို့ကအစီအစဥ်တကျတိုးတက်လာပြီး ရှေ့ကျသောလူရိုင်းခေတ်မှချောမွေ့စွာ ခေတ်မှီတိုးတက်ပြောင်းလဲလာနိုင်ကာ ပင်မကမ္ဘာကိုစွမ်းအင်ပြန်ထောက်ပံ့ပေးနိုင်မှာဖြစ်ပေမဲ့  အဲ့အချိန်မှာ....


0687: "ငါတို့အာဏာရှင်ကြီး၊ အဟမ်း၊ မဟုတ်ဘူး၊ ငါတို့အရှင်မင်းကြီးကအောင်မြင်သွားခဲ့တယ်။ သူ့ရဲ့အကြီးဆုံးဝါသနာကနေရာအနှံ့တိုက်ခိုက်ရတာ၊ သူ့ရဲ့ဒုတိယဝါသနာက လူတွေကိုမက်ခါတွေအတွက်စွမ်းအင်ကျောက်တုံးထောက်ပံ့ဖို့အမိန့်ပေးရတာကိုပဲ၊ ဒါမှသာ သူနေရာအနှံ့ဆက်တိုက်ခိုက်နိုင်မှာလေ။"


"ကမ္ဘာငယ်ကစွမ်းအင်ကိုဘဲစုပ်ယူပြီး ပြန်ထောက်ပံ့မပေးတာမို့ ပင်မကမ္ဘာကသတ္ထုတွင်းတွေကထုတ်လုပ်လိုက်တဲ့ စွမ်းအင်ကျောက်တုံးရဲ့အရည်အသွေးကိုအပြင်းအထန်ထိခိုက်စေတယ်။ အရှင်မင်းကြီးကနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကိုတိုက်ရိုက်အမိန့်ပေးခဲ့တယ်၊ ပင်မကမ္ဘာနဲ့ကမ္ဘာငယ်လေးကြားကဆက်သွယ်မှုကိုဖြတ်တောက်ပြီး ကမ္ဘာငယ်ကိုသူ့ဘာသာသူရှင်သန်ခိုင်းခဲ့တယ်။ အဲ့လိုအခြေအနေမှာ..."


"အဲ့လိုအခြေအနေမှာ မတော်တဆ နေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကဝန်ထမ်းတစ်ယောက်ကပင်မကမ္ဘာရဲ့စွမ်းအင်စီးဆင်းမှုထဲကိုဝတ္ထုထည့်မိသွားပြီး ဆန်းကြယ်မှုတစ်ခုဖြစ်လာခဲ့တယ်။ အသစ်ထွက်လာတဲ့ကမ္ဘာငယ်လေးကဒီဝတ္ထုကိုနှလုံးသားအဖြစ်အသုံးချပြီး ရှေးခေတ်ကိုတိုက်ရိုက်ကျော်သွားပြီးတော့ လူသားအဖွဲ့အစည်းဖြစ်လာပြီး တည်တည်ငြိမ်ငြိမ်ရှင်သန်တော့တယ်၊ စွမ်းအင်မဆုံးရှုံးသွားတော့ဘဲ အပိုအလျှံစွမ်းအင်ကပင်မကမ္ဘာကိုအောင်အောင်မြင်မြင်ပြန်ထောက်ပံ့လာခဲ့တယ်။"

လင်ခုံးလုရွေးချယ်စရာမရှိပါဘဲသူ့အစားအပြီးသတ်ပေးလိုက်သည်။

"ငါဒါတွေအားလုံးကိုသိပါတယ်၊ အဓိကအချက်ကိုတန်းသွားရအောင်။"


0687: "ဟေ့၊ အဓိကအချက်ကနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကအခြေအနေကိုမကြာခင်သတင်းပို့လိမ့်မယ်။ အရှင်မင်းကြီးကနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကိုနောက်ထပ်အချိန်သုံးနှစ်ပေးထားတယ်၊ ဒါပေမဲ့အဲ့သုံးနှစ်အတွင်းမှာ ငါတို့ကအရှုံးကိုအမြတ်အဖြစ်ပြောင်းပြီးတော့ ကမ္ဘာငယ်လေးကပြန်ထောက်ပံ့တဲ့စွမ်းအားကပင်မကမ္ဘာဆုံးရှုံးသွားတဲ့စွမ်းအင်ထက်ပိုများရမယ်၊ မဟုတ်ရင် ငါတို့အဘမ်းခံရလိမ့်မယ်။ အခုဆိုရင်သုံးနှစ်ကာလကနီးကပ်လာပြီ၊ ငါတို့ကပန်းတိုင်ကိုမအောင်မြင်သေးတာမို့ ငါတို့အိုဗာတိုင်ဆင်းရမယ်၊ ဒါမှကမ္ဘာငယ်လေးမပြိုလဲသွားနိုင်မှာ။"


"ဇာတ်ကြောင်းစီစဥ်ရေးဌာနကကမ္ဘာငယ်လေးအတွက်ရေးပေးတဲ့ဇာတ်ညွှန်းက ပင်မဇာတ်ကြောင်းကိုပိုပိုပြီးရက်စက်အောင်လုပ်တယ်နော်?"


ရိုးရိုးသားသားပြောရရင် သူတို့ထဲကတာဝန်ထမ်းဆောင်သူတစ်ယောက်ကမှ ဇာတ်ကြောင်းစီစဥ်ရေးဌာနကဇာတ်ညွှန်းရေးဆရာများကိုတစ်ခါမှမမြင်ဖူးသကဲ့သို့ ခွေးသွေးရေးစာရေးဆရာကိုဒီနေ့လိုသေပါစေဟုမဆဲရေးဖူးပေ။


"ဟုတ်တယ်၊ ကမ္ဘာငယ်လေးကကံကောင်းခြင်းသားတော်အနားမှာလည်ပတ်နေတာ။ ကံကောင်းခြင်းသားတော်ရဲ့ဘဝကအတက်အကျများလေလေ ကမ္ဘာငယ်လေးကပိုတည်ငြိမ်လာပြီး ပြိုလဲဖို့မလွယ်ဘူးဆိုတာကိုတွေ့ရှိခဲ့ရတယ်။'

0687သက်ပြင်းချမိသည်။

"တကယ်တော့ ဇာတ်ညွှန်းရေးဆရာတွေကဓားမရေးချင်ပေမဲ့ နည်းလမ်းမရှိဘူးလေ။"


"အိုး။"

လင်ခုံးလုခေါင်းငြိမ့်လိုက်သည်၊ သူကားကမ္ဘာပေါင်းများစွာဖြတ်သန်းကာ ပွိုင့်များသာစုခဲ့ပေမဲ့ ဒီကိစ္စများကိုတကယ်နားမလည်ခဲ့ပေ။


"ဒါဆိုငါဒီကမ္ဘာမှာအကြာကြီးနေတာကကော၊ သက်ရောက်မှုရှိသွားမှာပဲလား။"

သူမေးမိပြန်သည်။

"အဲ့အကြောင်းလတ်တလောစိတ်ပူစရာမလိုဘူး။"

0687ကသူနှင့်ပေါင်းလာတာကြာပြီမို့ သူ၏လက်ရှိအတွေးများကိုပမာဏတချို့အထိနားလည်နိုင်သည်။ စနစ်ကသူ့ကိုနှစ်သိမ့်ပေးခဲလှသည်။

"အရှင်မင်းကြီးကဘုရားကျောင်းတချို့ကိုသွားတိုက်ခိုက်ခဲ့လို့ သူဒဏ်ရာအပြင်းအထန်​ရပြီး သတိလစ်နေတာမို့ နေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကိုလာမနှောင့်ယှက်နိုင်ဘူးဆိုပဲ။"


"ဘုရားကျောင်း?"

လင်ခုံးလုရေရွတ်မိသည်။


"အဲ့ဒါကယုံကြည်ကိုးကွယ်မှုဆိုင်ရာအဖွဲ့အစည်းပဲ။ သူတို့ကမကြာခဏလူသားတွေကိုယဇ်ပူဇော်လေ့ရှိတယ်။ ပြီးတော့နတ်ဘုရားအချို့ကိုကိုးကွယ်တယ်လို့ပြောကြတာပဲ။ ဒါပေမဲ့ ကြယ်စုခေတ်မှာဒါကိုယုံကြည်တဲ့လူတွေရှိနေတုန်းပဲ။ အရှင်မင်းကြီးကတိုက်ခိုက်ဖို့စစ်တပ်ချန်ထားခဲ့တယ်။ သူတို့ကကိုးကွယ်တဲ့နတ်ဘုရားက အနီရောင်ဝတ်ရုံ၊ အဖြူရောင်ဆံပင်နဲ့တော်တော်လေးလှပတဲ့ရုပ်ရည်ရှိတဲ့ကောင်လေးတစ်ယောက်ဆိုပဲ။ ဒါပေမဲ့သူကအရှင်မင်းကြီးကိုဆွဲဆောင်ဖို့ကြိုးစားခဲ့လို့ နတ်ဘုရားပလ္လင်ပေါ်မှာပစ်သတ်ခံလိုက်ရတယ်ဆိုပဲ။"

0687မှာဒီနေ့စကားအများကြီးပြောလိုက်ရပေမဲ့ ပြောပြီးသွားသော် လင်ခုံးလုကဘာလုပ်ရမှန်းမသိဖြစ်နေပြီး သူ့မျက်နှာထားမှာဗလာကျင်းလျက် ညှို့ကွင်းထဲကျရောက်သွားသည့်အလား သူ့မျက်လုံးများကဦးတည်ရာမဲ့နေပုံကိုမြင်လိုက်ရသည်။


"Host? Host?"

0687သူ့ကိုအလန့်တကြားခေါ်လိုက်မိသည်။


လင်ခုံးလုရုတ်တရက်အသိပြန်ဝင်လာပြီး သူ့နားထင်များကိုဖိကာ မျက်မှောင်ကြုတ်ပြီးမေးလိုက်မိသည်။

"ဘာဖြစ်တာလဲ။"


"ငါကမင်းကိုမေးချင်နေတာ။"

0687၏နှလုံးသားမှာကြောက်ရွံ့နေမိသည်။ ၎င်းဟာHostနှင့်အချိန်အကြာကြီးပေါင်းစည်းလာခဲ့ပြီး အရင်ကထိုကဲ့သို့အခြေအနေမျိုးနှင့်တစ်ခါမှမကြုံခဲ့ရဖူးပေ။


လင်ခုံးလု၏ခေါင်းမှာအနည်းငယ်နာကျင်လျက် သူ့စိတ်မှာတစ်ခဏကြာပျောက်ဆုံးသွားပြီးမှ ခေါင်းခါကာပြောလိုက်မိသည်။

"ဘာမှမဖြစ်ပါဘူး၊ ငါမင်းပြောတဲ့ဇာတ်လမ်းကိုကြားပါတယ်၊ ငါ့အထင် တော်တော်လေးရင်းနှီးနေသလိုပဲ။"


"အို။"

0687မအံ့သြသွားဘဲပြောမိသည်။

"အဲ့အချိန်တုန်းကမင်းအဲ့မှာရှိနေခဲ့တာဖြစ်မယ်၊ ငါမင်းကိုဘုရားကျောင်းအနားမှာတွေ့ပြီးတော့ မင်းနဲ့ပေါင်းစည်းခဲ့တာ။ ကံဆိုးချင်တော့ မင်းမှတ်ဉာဏ်ပျောက်သွားပြီး ဘာမှမမှတ်မိဘူးလေ။"


ထိုသို့ပြောရင်း သူ့Host၏အတိတ်မေ့တာကတကယ်တမ်းတော်တော်လေးကောင်းသည်ဟု0687တွေးမိသည်။


၎င်းသူ့ကိုရှာတွေ့တုန်းက Hostမှာအသိစိတ်ကိုယ်ထည်သာဖြစ်သဖြင့် ခန္ဓာမှာသေဆုံးသွားပြီဟုဆိုလိုခြင်းပင်။ Hostကဘုရားကျောင်းထံမှပြန်ပေးဆွဲခံခဲ့ရကာ ထိုတိုက်ပွဲမှာတုန်းကမတော်တဆသေဆုံးသွားခဲ့ရသည့်လူဆင်းရဲတစ်ယောက်ဖြစ်လောက်မည်ဟု၎င်းခန့်မှန်းမိသည်။


အိုက်ရုး၊ ပြောရင်းနဲ့ hostကကမ္ဘာပေါင်းများစွာကြိုးစားပမ်းစားဖြတ်သန်းလာပြီးတော့ ပွိုင့်တွေယူခဲ့တာက ပင်မကမ္ဘာမှာပုံမှန်လူတစ်ယောက်လိုမျိုးအသက်ရှင်နိုင်ဖို့ သက်ရှိခန္ဓာကိုယ်တစ်ခုရဖို့အတွက်ပဲမဟုတ်ဘူးလား။ အောင်မြင်ခါနီးဖြစ်ပေမဲ့ ဒုတိယရည်မှန်းချက်ဖြစ်လာပြီး လုစစ်အပေါ်ကျသွားတာသနားစရာပဲ။


0687ဒါကိုတွေးမိကာ မနေနိုင်ဘဲသက်ပြင်းချမိသည်: လုစစ်၊ လုစစ်၊ မင်းHostအပေါ်ကောင်းပေးရမယ်နော်ဉ Hostကမင်းကြောင့်ပွိုင့်တွေတောင်မလိုချင်တော့ဘူးရယ်။


သူသက်ပြင်းချနေစဥ် လုစစ်ကကိစ္စပြီးသွားကာပြန်ရောက်လာသည်။


သူကားထဲဝင်လိုက်သည်နှင့် လင်ခုံးလု၏အသားအရောင်မကောင်းမှန်းသတိမူမိသွားကာ မနေနိုင်ဘဲသူ့နှဖူးကိုလှမ်းထိပြီး စိတ်ပူတကြီးမေးမိသည်။

"မင်းနေမကောင်းဘူးလား။ ခုနကဓာတ်ခွဲခန်းမှာတုန်းက...."


လင်ခုံးလုသူ့လက်ကိုလှမ်းဆွဲပြီး ခေါင်းခါကာ​ပြောလိုက်သည်။

"အဲ့ဒီ့ကိုယ်ပွားတွေကိုဖျက်ဆီးခဲ့လား။"


လုစစ်ခေါင်းငြိမ့်ကာ"အင်း"ဟုပြောလိုက်သည်။


လင်ခုံးလုသက်မချလိုက်ပြီးမှ သူ့လက်မောင်းကြားထဲလှဲကာ သူ့ကိုပွေ့ဖက်ပြီး နူးညံ့စွာပြောလိုက်သည်။

"ကြယ်မြို့တော်ကိုပြန်သွားရအောင်လေ။"


ဒီနေရာကသူ့ကိုအနည်းငယ်အဆင်မပြေဖြစ်စေသည်။


သူအဆင်မပြေဖြစ်နေမှန်းလုစစ်ခံစားမိလိုက်ပြီး သူ့မျက်ခုံးနှစ်ဖက်အလယ်ကိုအသာနမ်းရှိုက်ကာ နူးညံ့စွာပြောလိုက်သည်။

"ကောင်းပြီ။"


လင်ခုံးလုသူ့ရင်ခွင်ထဲမှာမှီလျက် ဖော်ပြမရစွာသက်တောင့်သက်တာဖြစ်သွားသည်။


ပင်မကမ္ဘာ၊ လျို့ဝှက်အဆောက်အအုံထဲတွင်-


"No.1သေသွားတယ်၊ မစ်ရှင်ကျရှုံးသွားပြီ။"


"လုရန်ကျား? သူ့ကိုထပ်လွှတ်လိုက်လေ။"


"အပြီးအပိုင်ကျရှုံးသွားတာ၊ အသိစိတ်သုတ်သင်ခံလိုက်ရတာ?"


"ဘာ?"


"နတ်ဘုရားရဲ့စွမ်းအားကိုရှာတွေ့တယ်၊ နတ်ဘုရားလုပ်ခဲ့တာလား။"


"မဖြစ်နိုင်တာ၊ နတ်ဘုရားကနတ်သက်ကြွေသွားပြီလေ။"


"ဟိုအာဏာရှင်ကနတ်ဘုရားကိုဆွဲဆောင်လိုက်လို့ နတ်ဘုရားကသူ့ကိုစွမ်းအားပေးခဲ့တာဖြစ်မယ်။"


"သေစမ်း၊ အဲ့အာဏာရှင်လွှတ်သွားပြန်ပြီပေါ့။"


လုစစ်နှင့်လင်ခုံးလုကြယ်မြို့တော်ကိုပြန်သွားပြီးနောက်ပိုင်း သူတို့ကလက်ထပ်ပွဲအတွက်စတင်ပြင်ဆင်ကြပြန်သည်။


လုစစ်ကအရင်ဗီလာကကံမကောင်းတာမို့ အဲ့တစ်လုံးကိုရောင်းပြီး နောက်တစ်လုံးဝယ်ဖို့စီစဥ်ထားသည်။


လင်ခုံးလုဆွံ့အသွားရကာ မေးမိသည်။

"ဘယ်နေရာကကံမကောင်းတာလဲ။"


လုစစ်: "ကိုယ်တို့ဒီဗီလာကိုဝယ်လိုက်ကတည်းက ကိုယ်တို့ကြားမှာအထင်လွဲမှုမျိုးစုံရှိလာတယ်၊ ကိုယ်ကမင်းကိုအထင်လွဲခဲ့သလို မင်းကလည်းလှေကားပေါ်ကပြုတ်ကျသွားတယ်၊ ဒါတွေအားလုံးဒီဗီလာထဲမှာဖြစ်သွားခဲ့တာမို့ ဒီနေရာကဖုန်းရွှေကမမှန်ဘူးဆိုတာပြသနေတယ်လေ။"


"ကို..ဖယ်ဒရယ်ကိုလိုနယ်ကြီးဖြစ်တဲ့ကိုကိုကဒါကိုတကယ်ကြီးယုံတယ်လား။"

လင်ခုံးလု၏မျက်နှာထားမှာဖော်ပြမရလောက်အောင်ပင်။


လုစစ်: " 'မယုံကြည်တာထက်ယုံကြည်လိုက်တာကပိုကောင်းတယ်'တဲ့လေ၊ ဒီလိုအရာမျိုးကိုယ်၌ကသိပ်ကိုဆန်းကြယ်တာ။ ပြီးတော့ ကိုယ်တို့တွေအကုန်ပြန်မွေးဖွားလာနိုင်မှတော့ ဘယ်အရာကမဖြစ်နိုင်ဘဲနေမလဲ။"


လင်ခုံးလု: "...." ကောင်းရော၊ ငါတို့ရဲ့ပြန်မွေးဖွားမှုကတက္ကိဗေဒနဲ့ဘာမှမဆိုင်လောက်ဘူး၊ အဲ့ဒါကနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကကမ္ဘာကိုပြန်စတင်လိုက်တာပဲ။


"ငါတော့အဲ့လိုမထင်ဘူး။"

လင်ခုံးလုခေါင်းခါကာပြောမိသည်။

"ငါ့အထင် ငါတို့မှာအရင်ကအပေါ်ယံမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပေမဲ့ တကယ်တော့အ​မြဲတမ်းပုန်းကွယ်နေတဲ့အန္တရာယ်တွေရှိနေခဲ့တာ။ ငါတို့ကတစ်ယောက်ကိုတစ်ယောက်လိမ်နေပြီးတော့ တူညီတဲ့စိတ်မရှိခဲ့ကြဘူး။ ငါတို့ဒီဗီလာကိုဝယ်ခဲ့တယ်။ အဆုံးမှာ ဝိရောဓိအကုန်ပေါ်လာပြီးတော့ မကောင်းတဲ့ကိစ္စတချို့ဖြစ်သွားပုံပေါ်ပေမဲ့ တကယ်တမ်းရလဒ်အကုန်လုံးကကောင်းတယ်၊ ပြီးတော့...."


သူရုတ်တရက်လုစစ်ကိုအနောက်မှပွေ့ဖက်ကာ ခြေဖျားထောက်လျက်တစ်ဖက်လူ၏နားထဲတီးတိုးပြောလိုက်သည်။

"ငါဒီနေရာကိုအရမ်းကြိုက်တယ်။ ဒါကကိုကိုငါ့ကိုပေးခဲ့တဲ့ပထမဆုံးလက်ဆောင်လေ။"


လုစစ်၏မျက်လုံးများအသာလှုပ်ခတ်သွားကာ အနောက်လှည့်၍သူ့ကိုနမ်းရှိိုက်လိုက်မိပြီး အက်ရှရှအသံဖြင့်ပြောလိုက်သည်။

"အင်းပါ၊ ဒါဆိုကိုယ်မရောင်းတော့ဘူးနော်။"


တကယ်တမ်း ပထမဆုံးလက်ဆောင်မှာထိုဓားဖြစ်ပေမဲ့ သူတို့နှစ်ဦးစလုံးအလိုလိုနားလည်စွာထိုအကြောင်းမပြောမိကြပေ၊ ၎င်းကဆိုးဝါးလွန်းတာမို့ဖြစ်လောက်သည်။


လက်ထပ်ပွဲမှာနောက်သုံးလအကြာတွင်ကျင်းပမည်ဖြစ်ပြီး ထိုအချိန်အတွင်းမှာစုန့်ချင်းရွှီကလင်ရွှမ်းလော့ကိုစက်ကျောရိုးနှင့်အာရုံကြောထည့်ပေးကာ သူ့ကိုမတ်တပ်ပြန်ရပ်စေသည်။


လက်ထပ်ပွဲနေ့မှာ သူနှင့်လင်ပါးပါးကသူ့ညီငယ်လေး၏လက်ကိုကိုင်ကာ လုစစ်ဆီတည်ငြိမ်စွာလွှဲပေးခဲ့သည်။


လက်စွပ်လဲလှယ်စဥ် လုစစ်၏လက်များကမသိမသာတုန်ယင်လျက်။ ဘိသိက်ဆရာက"သတို့သားနှစ်ယောက်နမ်းလို့ရပါပြီ"ဟုပြောလိုက်ချိန်တွင် သူလင်ခုံးလုကိုတင်းကြပ်စွာပွေ့ဖက်လိုက်မိပြီး သူ့မျက်လုံးများမှာအနည်းငယ်စိုစွတ်လျက် နူးညံ့စွာပြောမိသည်။

"ကိုယ်နောက်ဆုံးတော့မင်းကိုလက်ထပ်ခဲ့ပြီ။"


အရင်ဘဝ၊ ဒီဘဝ၊ နှစ်ဘဝစာချစ်ခြင်းမေတ္တာမှာနောက်ဆုံးတော့ကောင်းမွန်သောရလဒ်ထွက်လာသည်။


လင်ခုံးလုကလည်းသူ့ကိုပွေ့ဖက်ထားမိပြီး အချိန်ဘယ်လောက်ကြာသွားမှန်းမသိ သူတို့နှစ်ယောက်လူချင်းခွဲကာ တစ်ယောက်ကိုတစ်ယောက်အပြုံးတစ်ပွင့်ဖြင့်ကြည့်မိကြပြီးမှ နင့်နင့်နင်နဲနဲနမ်းရှိုက်မိကြသည်။


ထိုညဗီလာမှာ လင်ခုံးလုကဝိုင်တချို့သောက်ပြီး အနည်းငယ်ရီဝေဝေဖြစ်လို့နေသည်။ ဧည့်ခန်းထောင့်ကပီယာနိုကိုမြင်လိုက်ရသော် သူရုတ်တရက်ပြောမိသည်။

"ငါကိုကို့အတွက်သီချင်းတီးပေးချင်တယ်။"


လုစစ်သူ့ကိုနက်ရှိုင်းစွာကြည့်လိုက်ပြီး စကားမပြောပေမဲ့ သူ့မျက်လုံးတစ်စုံကအရာအားလုံးကိုအ​ဖြေပေးလျက်။


လင်ခုံးလုကပီယာနိုရှေ့မှာဝင်ထိုင်ပြီး သူ့လက်ချောင်းများမှာပီယာနိုခလုတ်များပေါ်မှာကျွမ်းကျင်ပိုင်နိုင်စွာလှုပ်ရှားသွားပြီး ၎င်းမှာစိတ်ခံစားချက်မပါသောတေးသွားဖြစ်နေဆဲဆိုပေမဲ သူကတေးသွားနှင့်အတူနူးညံ့စွာလိုက်ညည်းနေပြီး သူလိုက်ညည်းနေသည့်အသံမှာအချစ်အပြည့်နှင့်ပင်။


လုစစ်မသိမသာလန့်သွားမိပြီး လူငယ်လေးကပီယာနိုတီးရာတွင်ခံစားချက်မရှိတာမဟုတ်ဘဲ သူဟာပီယာနိုသံနှင့်အတူသူ့ခံစားချက်များကိုဘယ်လိုထည့်သွင်းရမလဲမသိတာဖြစ်ကြောင်းနောက်ဆုံးနားလည်သွားရသည်။


သူအထင်လွဲခဲ့မိပြန်ပြီပဲ။


အရင်ဘဝကကောင်လေးကသူ့ကိုပရိုပို့စ်လာလုပ်ခဲ့ပြီး သူကဒီသီချင်းကိုတီးလိုက်ချိန်တွင် သူ့အချစ်ကိုဘယ်လိုထည့်သွင်းရမလဲမသိခဲ့ပေ။


လင်ခုံးလုတီးလို့ပြီးသွားသော် သူအနောက်လှည့်ကာမေးလိုက်မိသည်။

"ဒီသီချင်းကိုဘာလို့'ဖွင့်ဟဝန်ခံချက်'လို့ခေါ်တာလဲသိလား။"


လုစစ်၏မျက်ဝန်းထဲတွင်နက်ရှိုင်းသောချစ်ခြင်းမေတ္တာဖြင့် သူထရပ်ကာဖြည်းညှင်းစွာလျှောက်သွားပြီး တီးတိုးဆိုမိသည်။

"ဟယ်တိုင်းပြည်မှာနေတဲ့ဘုရင်တစ်ပါးကတိုက်ပွဲအတွင်းမှာဒဏ်ရာအပြင်းအထန်ရသွားပြီးတော့ တောအုပ်ထဲကနတ်သူငယ်လေးကမိန်းကလေးအဖြစ်ပြောင်းပြီးသူ့ကိုကယ်ခဲ့တယ်။ ဘုရင်ကြီးကမိန်းကလေးကိုချစ်သွားပေမဲ့ သူမဖော်ပြရဲတာမို့ သူ့အချစ်ကိုစမ်းသပ်ဖို့ဒီသီချင်းကိုဖန်တီးခဲ့တယ်၊ ဒီသီချင်းထဲမှာသူ့အချစ်ကိုဝှက်ထားတယ်လို့ပြောကြတယ်...."


သူပြောပြီးသွားသော် သူမိန်းမောသွားရသည်၊ သူဒီပုံပြင်ကိုဘာလို့သိနေတာလဲ။


လင်ခုံးလုလည်းအံ့သြသွားကာမေးမိသည်။

"ဒီပုံပြင်ကိုဘယ်လိုသိတာလဲ။"


သိသိသာသာကို ဒီကမ္ဘာမှာဒီသီချင်းကော၊ ဒီပုံပြင်ကောမရှိပေ။


"ကိုယ်တစ်ယောက်ယောက်ဆီကကြားခဲ့တဲ့ပုံပဲ။"

လုစစ်မျက်မှောင်ကြုတ်မိသည်။


လင်ခုံးလု: "...." တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါလည်းတစ်​ယောက်ယောက်ဆီကကြားခဲ့တဲ့ပုံပဲ။


လုစစ်ထိုအကြောင်းတစ်ခဏလောက်စဥ်းစားကြည့်ပေမဲ့ မမှတ်မိတာမို့လက်လျှော့လိုက်သည်။


လင်ခုံးလုစဥ်းစားနေဆဲဖြစ်ကြောင်းမြင်လိုက်ရရင်း သူရှေ့တိုးကာ တစ်ဖက်လူကိုသူနှင့်ပီယာနိုကြားမှာထားပြီး ခပ်တိုးတိုးအသံဖြင့်ပြောလိုက်သည်။

"မဂ်လာဦးညမှာ မင်းဒီအကြောင်းစဥ်းစားကြီး တကယ်အချိန်ဖြုန်းချင်တာလား။"


လင်ခုံးလု: "အာ?"


သူချိုမြပြီးချဥ်တဲ့ဇီးစိမ်းဝိုင်နံ့ရလိုက်သလိုပဲ။


လုစစ်ခါးကိုင်းကာသူ့ကိုကြည့်ပြီး အက်ရှရှအသံဖြင့်ပြောလိုက်သည်။

"တကယ်တော့ ကိုယ်ဒီပီယာနိုကိုစဝယ်တုန်းက ကိုယ်မင်းကိုဒီပေါ်မှာဖိထားပြီး လုပ်ပစ်ချင်ခဲ့တာ...."


လင်ခုံးလု: မစ္စတာကိုလိုနယ်ခင်ဗျ၊ ခင်ဗျားရုတ်တရက်သားရဲကြီးတစ်ကောင်နဲ့တူလာသလိုပဲ။ ဒါပေမဲ့....


ငါကြိုက်တယ်။


လင်ခုံးလုကလည်းကလုစစ်၏လည်တိုင်ကိုပွေ့ဖက်ပြီး ခေါင်းမော့ကာပြန်နမ်းလိုက်သည်။ သူတို့နှစ်ဦး၏ဝင်လေထွက်လေများရောယှက်သွားပြီး လေထုမှာပြင်းရှလာကာသိပ်မကြာခင် ဧည့်ခန်းမှာဇီးစိမ်းဝိုင်နှင့်နှင်းဆီပန်းတို့၏ချိုမြိန်သောရနံ့များဖြင့်ပြည့်နှက်သွားသည်။


နောက်တစ်နေ့မနက် လင်ခုံးလုမာစတာအိပ်ခန်းထဲကအိပ်ရာကြီးပေါ်မှာမျက်လုံးဖွင့်လိုက်ပြီး သူ၏ထုံကျင်နေသောခါးကိုပွတ်သပ်ကာ သက်ပြင်းချမိသည်။

"မစ္စတာကိုလိုနယ်ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကတကယ်ကြာရှည်ခံတာပဲ။"


မနေ့ညတုန်းက၊ သူသက်ပြင်းချမိသည်။ ဒေါက်တာစုန့်တီထွင်ထားတဲ့စက်ကျောရိုးကအရမ်းခွန်အားကြီးတယ်လို့ကြားတယ်။ အနာဂတ်မှာစက်ကျောရိုးတပ်ထားတဲ့လူတွေမှာသေချာပေါက်ကောင်းမွန်တဲ့ခါးရှိမှာပဲ။


ဒါဆို လုစစ်ကတော့တစ်ခုခုပဲ၊ သူကစက်နဲ့ယှဥ်ပြိုင်ပြီး သူ့ကိုအိပ်ရာထဲမှာသတ်တော့မလိုပဲ။


0687စပ်စပ်စုစုမေးမိသည်။

"တကယ်ခွန်အားကြီးတာလား။ ငါမနေ့ကတစ်ညလုံးဆင်ဆာတွေကြည့်ခဲ့ရတာ။"


"ဒါဆိုမင်းနောက်ရက်အနည်းငယ်ပိုပြီးတော့ကြည့်ရလိမ့်မယ်။"

လင်ခုံးလုလေးလေးနက်နက်ပြောလိုက်သည်။

"Heatကရက်အတော်ကြာမယ်ဆိုပဲ။"


0687: "...." ကျေးဇူးပြုပြီးတော့၊ ငါမင်းရဲ့ဆင်ဆာကိုမကြာမကြာကြည့်ဖို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးပါပြီ။


လုစစ်ကမနက်အစောကြီးထကာ မီးဖိုချောင်းထဲသွားပြီးချက်ပြုတ်ခဲ့သည်။ သူပြန်လာချိန်တွင် သူကနိုးနေလေပြီ။ ပျော်ရွှင်သောစိတ်အခြေအနေဖြင့် သူကသူ့ကိုပင့်ချီကာ ပါးကိုနမ်းပြီးပြောလိုက်သည်။

"မောနင်း။"


"မောနင်း။"

လင်ခုံးလုလည်းသူ့ပါးကိုအသာပြန်နမ်းလိုက်ပြီးနောက် မျက်လုံးမှေးစင်းလိုက်ပြီး သူ့ရင်ခွင်ထဲမှာပျင်းရိပျင်းတွဲမှီလိုက်သည်။


"အဟမ်း၊ ခါးနာနေတုန်းပဲလား။"

ဒါကိုမြင်လိုက်ရသော် လုစစ်အပြစ်ရှိစိတ်ခံစားလိုက်ရကာ သူ့ကိုညင်သာစွာနှိပ်ပေးမိသည်။


လင်ခုံးလုမျက်လုံးဖွင့်ကာ သူ့ကိုထပ်နမ်းပြီး အပြုံးလေးနှင့်ပြောလိုက်သည်။

"မစ္စတာကိုလိုနယ်၊ ကိုကိုကသိပ်ညင်သာတာပဲဗျာ။"


မနက်ခင်းနေရောင်ခြည်ကပြတင်းပေါက်ကိုဖြတ်၍ သူတို့ကိုယ်ပေါ်မှာနွေးထွေးသောရွှေရောင်အလင်းဖြာကျလျက်။


___End of Arc(1)_________