Chapter(27) : Arc(2)ဘုရင်ခံမင်းသား။
Viewers 10k

Arc(2): ဘုရင်ခံမင်းသား။


လက်ထပ်ပြီးသိပ်မကြာခင်မှာ လုစစ်ကသူ့ကိုယ်စားလက်တုံ့ပြန်ခဲ့သည်။


မကြာသေးခင်ကစုံစမ်းစစ်ဆေးမှုများအပြီးတွင် သူဟာနောက်ဆုံးတော့သူ့အရင်ဘဝကပြန်ပေးဆွဲသမားများကိုဖမ်းမ်ခဲ့ပြီး ၎င်းတို့ကိုငရဲပို့ပေးလိုက်သည်။ ဤအထုံးကိုဖယ်ရှားပြီးနောက် သူအိမ်ပြန်ကာလင်ခုံးလုကိုသူ့ရင်ခွင်ထဲထည့်အိပ်လိုက်မှ သူအတော်လေးစိတ်သက်သာရာရသွားခဲ့သည်။


ဒါပေါ့၊ သူကလင်ခုံးလုကိုဒီအကြောင်းမပြောခဲ့ပေ၊ မကောင်းသောမှတ်ဉာဏ်များပြန်ရလာမှာစိုးသောကြောင့်ပင်။


လင်ခုံးလုကဒီကမ္ဘာမှာသူနှင့်အတူဘဝတစ်လျှောက်လုံးကုန်ဆုံးခဲ့သည်။ သူထွက်လာချိန် လုစစ်၏ကိုယ်ထဲမှနွေးထွေးသောစွမ်းအားတစ်ခုထွက်လာကာ သူ့မျက်ခုံးနှစ်ဖက်ကြားထဲတွင်ခိုနားလာကာ သူ့အသိစိတ်ကိုသိမ်းဆည်းလိုက်သည်။ လင်ခုံးလုကသူ၏မှိတ်ထားသောမျက်ဝန်းများကိုနမ်းရှိုက်လိုက်သည်။


သူမျက်လုံးတစ်ဖန်ပြန်ဖွင့်လိုက်တော့ လင်ခုံးလုမှာအရိုးစိမ့်ဖွယ်ကျောချမ်းမှုကိုခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာခံစားမရသယောင်။


သူ့မှာခြေထောက်မရှိဘူးလား။


"မင်းမှာခြေထောက်ရှိပါတယ်၊ အအေးဓာတ်ကြောင့်ခံစားမှုပျောက်သွားတာ။"

0687ကဆိုသည်။

"မင်းကိုဘယ်သူမှလာမကယ်လို့ရှိရင် မင်းမှာခြေထောက်တွေရှိတော့မှာမဟုတ်ဘူး။"


သူ့ရှေ့မှာမျက်စိကျိန်းလောက်အောင်ဖြူစွတ်လျက်။ လင်ခုံးလုမျက်စိခဏမှိတ်ပြီးမှပြန်ဖွင့်လိုက်သည်။ ၎င်းမှာကျယ်ပြောသောနှင်းလွင်ပြင်ကျယ်ဖြစ်ပြီး သူ့ခန္ဓာအောက်ပိုင်းကနှင်းထဲမှာမြုပ်နေသည်၊ သူအရမ်းအေးလွန်းလို့ခံစားမှုပျောက်သွားတာအံ့သြစရာမရှိပေ။


အကြည့်တစ်ချက်တည်းဖြင့် ဒါကဘာကမ္ဘာလဲဆိုတာသူသိသွားသည်။


ဒီကမ္ဘာကသူ၏ဇာတ်ကောင်မှာပလ္လင်ဆက်ခံပြီး တကယ့်အာဏာမရှိသည့်ဗီလိန်ဧကရာဇ်ငယ်လေးဖြစ်သည်။ သူ့ခြေထောက်များဟာကြီးမားသောနံရံအပြင်ဘက်တွင်နှင်းကိုက်ခံခဲ့ရသောကြောင့် သူဟာလမ်းလျှောက်ရာမှာသိပ်မကောင်းလှ။ ထိုကတည်းက သူ့မှာမည်းမှောင်ကာမနှစ်သက်ဖွယ်ကိုယ်ကျင့်စရိုက်ရှိလာပြီး သူ့ကိုနှင်းထဲကကယ်ခဲ့သည့်ဘုရင်ခံကိုရူးမိုက်စွာချစ်မိသွားခဲ့သည်----ကျောက်ကျင်းစစ်။


သူ့ကိုကျောက်ကျင်းစစ်သဘောကျစေရန်အလို့ငှာ ဧကရာဇ်ငယ်လေးကပြယ်ရယ်ပြုချင်စရာကိစ္စမျိုးစုံပြုလုပ်ခဲ့သည်၊ ဥပမာ သူ့အချစ်ကိုလရောင်အောက်မှာဖွင့်ဟဝန်ခံခြင်း၊ သူ့ကိုပုံမှန်ရေချိုးခိုင်းခြင်းနှင့်တစ်ဖက်လူ၏အိပ်ရာပေါ်တက်ခြင်းအစရှိသဖြင့်။


တိုင်းပြည်၏မြင့်မြတ်သောဧကရာဇ်ကအပျော်မယ်ယောင်ဆောင်ကာ ဘုရင်ခံကိုသေရည်ကူသောက်ပေးပြီး သူ့ကိုဖြားယောင်းဖို့ဒီအရာကိုအခွင့်ကောင်းယူရန်ကြံရွယ်ထားခဲ့သဖြင့် ဘုရင်ခံမှာဒေါသထွက်သွားကာလူသတ်လုနီးပါးဖြစ်သွားခဲ့သည်။


ဧကရာဇ်ငယ်လေးကရိုးတွင်းခြင်ဆီထဲမှာအနည်းငယ်ရူးနှမ်းလို့နေပြီး သူကသူ့ကိုဖြားယောင်းဖို့ကျရှုံးသွားချိန်တွင် သူကပို၍ပင်ရူးနှမ်းလာကာ သူ့ကိုစတင်တွန်းအားပေးလာခဲ့သည်။


ဘုရင်ခံကိုဆွဲချကာ မောင်းမဆောင်ထဲတိုက်ရိုက်သွင်းပြီး ဘုရင်ခံကိုဧကရီဖြစ်စေခဲ့ကာ တိုင်းပြည်၏တားမြစ်အမိန့်ကိုပင်ထုတ်ပြန်ခဲ့သဖြင့် ကျောက်ကျင်းစစ်၏မျက်လုံးထဲမှာထူးဆန်းသွားခဲ့သည်။


ဒီကမ္ဘာ၏ဇာတ်လိုက်အနေဖြင့် ကျောက်ကျင်းစစ်ဟာသူ့ဖခင်အန်းဝမ်ကစောစီးစွာဆုံးပါးသွားပြီး သူ့မိခင်ကနယ်နိမိတ်ကိုတစ်​ယောက်တည်းစောင့်ကြပ်ခဲ့ရခြင်းကြောင့် သူကဆယ်ကျော်သက်အရွယ်တုန်းကမြို့တော်ဆီအခေါ်ခံလာခဲ့ရသည်။


ပထမဧကရာဇ်ကသူ၏ဖခင်ကြောင့်တင်မကဘဲ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပါ သူ့ကိုကောင်းမွန်စာဆက်ဆံခဲ့သည်။ ပထမဧကရာဇ်ကနာမကျန်းဖြစ်နေသည့်အပြင် သူ၏တစ်ဦးတည်းသောသားတော်မှာလည်းငယ်ရွယ်ပေရာ သူကသူ၏သားတော်ကိုလေ့ကျင့်ရေးဆင်းရန်သူ့ကိုကူညီပေးစေချင်သည်။


ကျောက်ကျင်းစစ်ကတုံးအပြီးသစ္စာရှိသောလူတစ်ယောက်မဟုတ်ပေမဲ့ ပထမဧကရာဇ်ကသူ့အပေါ်သဘောကောင်းသည့်အပြင် သူ့မိခင်နှင့်ဧကရာဇ်ငယ်လေး၏မယ်တော်တို့မှာအပြန်အလှန်လက်ကိုင်ပုဝါပေးခဲ့ကြသဖြင့် ဧကရာဇ်ငယ်လေးပလ္လင်မဆက်ခံခင် သူ့ကိုယ်စားပလ္လင်ကိုခဏတာကူဂရုစိုက်ပေးဖို့အဆင်ပြေလေသည်။


"ကောက်ကျစ်သောယုန်သေသွားတယ်၊ ထွက်ပြေးသွားတဲ့ခွေးချက်စားခံရတယ်"ဆိုသောဖြစ်နိုင်ချေအတွက် ကျောက်ကျင်းစစ်စိတ်ပူမနေပေ။ ပထမအချက်၊ သူ့အမြင်မှာဧကရာဇ်ငယ်လေးကအလွန်အားနည်းနေဆဲဖြစ်ပြီး ဒုတိယအချက်၊ သူဟာသူ့ကိုယ်သူအတွက်ထွက်ပေါက်လုံးဝမချန်ထားခဲ့မှာမဟုတ်။


သို့သော် ဧကရာဇ်ငယ်လေးမှာထီးနန်းမဆက်ခံခင်တုန်းကပုံမှန်ဖြစ်ပြီး တစ်ခါတရံအနည်းငယ်ပင်ချစ်စရာကောင်းပေမဲ့ ထီးနန်းဆက်ခံပြီးသိပ်မကြာခင် သူ့အကျင့်စရိုက်ကပြောင်းလဲသွားလိမ့်မည်ဟုသူလုံးဝမထင်ထားမိပေ။ ဧကရာဇ်ဝူရှန်းကသူ့ကိုဖိနှိပ်ခဲ့တာကြောင့် သူ၏တကယ့်စရိုက်မှန်ပေါ်လာခဲ့တာလား၊ ဒါမှမဟုတ် သူကသူ့ကိုရူးနှမ်းတဲ့အခြေအနေထိတကယ်ချစ်ပေးခဲ့တာကြောင့်လားမသိပေ။


သူသာအချစ်ကိုသဘာဝကျကျထုတ်ဖော်ပြသလို့ရှိရင် သာမန်လူတို့စဥ်းစားပေးလောက်ပါသေးသည်။ သို့ပေမဲ့ ဧကရာဇ်ငယ်လေး၏လုပ်ရပ်ကဲ့သို့သောလွန်ကျူးသည့်နည်းလမ်းများမှာသေချာပေါက်ရှုံ့ချခံရလိမ့်မည်ပင်၊ သူ့ရာထူးအဆင့်အတန်းကသာမန်မဟုတ်တာဆိုရင်ပြောမနေနှင့်တော့။


ကျောက်ကျင်းစစ်အစကသည်းခံနိုင်သည်၊ ဧကရာဇ်ငယ်လေးကခဏတာစိတ်ကစားခြင်းဖြစ်သည်ဟုသူခံစားရပြီး သူ့ဆီသွားတိုင်း မျက်မှောင်ကြုတ်ကာသွန်သင်ဆုံးမမိသည်။


သို့သော် ထိုကဲ့သို့ချဥ်းကပ်မှုမျိုးမှာအလုပ်မဖြစ်ဘဲ ကိစ္စများ၏တိုးတက်မှုမှာလျင်မြန်စွာထိန်းချုပ်မှုကင်းမဲ့လာသည်။


ပိုးပန်းမှုကျရှုံးသွားလေရာ ဧကရာဇ်ငယ်လေးမှာပိုမိုရူးနှမ်းလာသည်။ တစ်စုံတစ်ယောက်၏အကြံပြုချက်ကိုနားထောင်အပြီးတွင် သူကသူ့ကိုရန်သူနှင့်ပူးပေါင်းပြီးသစ္စာဖောက်သည်ဟုစတင်စွပ်စွဲကာ သူ၏စစ်တပ်အာဏာကိုယူပြီး သူ့ကိုထောင်ထဲထည့်ကာနှိပ်စက်ညှင်းပန်းပြီး သူ့အတောင်ပံများကိုဖြတ်ပစ်ချင်သည်ဟုဆို၏။


ထိုနောက်ပိုင်း ဧကရာဇ်ငယ်လေးကပိုမိုလိမ်မာကာယုံကြည်စိတ်ချစရာကောင်းလာပြီး သစ္စာရှိအမတ်တို့ကိုသတ်ကာ သစ္စာဖောက်များကိုအသုံးချခဲ့ပြီး သူဟာပလ္လင်ပေါ်တက်ခါစတုန်းကနှင့်လုံးဝကွဲပြားသွားချေသည်။


သို့သော်လည်း အရင်တစ်ခါတုန်းကပါဝင်ခဲ့သောလူတစ်ယောက်အနေဖြင့် လင်ခုံးလုကကောင်းကောင်းသိထားတာမို့ နောက်ပိုင်းထိုအရာများကိုတကယ်မလုပ်ပေ။


ဧကရာဇ်ငယ်လေး၏"ရူးသွပ်မှု"ကားအကြောင်းရင်းမရှိဘဲမနေ။ သူဟာအချစ်ကူအဆိပ်ကြောင့် ကိုမာဝင်သွားပြီးနောက်ပိုင်း သူမျက်လုံးဖွင့်လိုက်ချိန်တွင်သူပထမဆုံးမြင်လိုက်ရသည့်လူနှင့်ချစ်သွားလိမ့်မည်ပင်။


ဤကဲ့သို့အချစ်မျိုးဟာအချိန်နှင့်အမျှပိုမိုယိုယွင်းလာကာ မိမိကိုယ်ကိုချုပ်တည်းရခက်လာပြီး ကိုယ့်စိတ်ကိုပင်ဆုံးရှုံးရလိမ့်မည်ပင်။ ပုံမှန်အားဖြင့် မရနိုင်လေလေ ပိုမိုရူးသွပ်လာလေလေပင်။


သူ့ကိုလှည့်စားခဲ့သည့်လူကသူ့ကိုကျောက်ကျင်းစစ်နှင့်ချစ်ကျွမ်းမဝင်သွားစေချင်ပေ။ တစ်ဖက်လူကသူ့အတွက်အဖော်တစ်ယောက်စီစဥ်ပေးထားခဲ့ပြီး သူမျက်လုံးဖွင့်ကာ ထိုလူကိုမြင်လိုက်ရပြီး ချစ်မိသွားပြီးနောက်မှသာသူ့ကိုထိန်းချုပ်လို့ရနိုင်မည်ပင်။


သို့သော် မထင်မှတ်ထားစွာဖြင့် ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးရှေ့မှာအရင်ဆုံးပေါ်လာခဲ့ပြီး ထိုလူ၏အကြံအစည်ကိုမတော်တဆဖျက်ဆီးပစ်မိသွားသည်။


ဒါပေမဲ့ ရလဒ်ကအဆုံးသတ်မှာမပြောင်းလဲသွားပေ၊ ဧကရာဇ်ငယ်လေးကရူးနှမ်းနေဆဲပင်။ ကျောက်ကျင်းစစ်အကျဥ်းချခံထားရစဥ် သူကရုပ်သေးရုပ်ဖြစ်လာသည်။


ဒီအခိုက်အတန့်ကိုပြန်တွေးမိချိန် လင်ခုံးလုသက်ပြင်းနင့်နင်နဲနဲချလိုက်မိသည်။


ဘာလို့ဒီကမ္ဘာလဲ။ ဒီကမ္ဘာမှာခံစားရတဲ့အပိုင်းတွေရှိတယ်။


"မင်းမျက်လုံးမြန်မြန်မျက်လုံးမှိတ်ထားလိုက်တာပိုကောင်းမယ်နော်၊ မဟုတ်ရင် မင်းမိန်းမစိုးတစ်ယောက်ကိုချစ်မိသွားအုံးမယ်။"

0687ကအသိပေးသည်။


လင်ခုံးလု: "......"


ဟုတ်တယ်၊ သူ့ကိုအဆိပ်ခတ်ခဲ့တဲ့လူကသိပ်ကိုရက်စက်လွန်းတယ်၊ သူကသူ့ကိုအနာဂတ်မှာနိုင်ထက်စီးနင်းလုပ်ဖို့ တမင်သက်သက်မိန်းမစိုးတစ်ယောက်စီစဥ်ပေးထားခဲ့တယ်လေ။


လင်ခုံးလုမျက်စိမှိတ်ထားလိုက်ပြီး သိပ်မကြာခင်နှင်းထဲမှာနင်းချလိုက်သည့်ဖိနပ်သံကိုကြားလိုက်ရသည်။


သူကပလ္လင်ဆက်ခံခါစဖြစ်ပြီး ခေါင်းမာကာမောက်မာချင်ယောင်ဆောင်ကာ ခေါင်းမာမာနှင့်နယ်နိမိတ်ကိုသွားချင်နေခဲ့ပေမဲ့ တကယ်တော့စစ်တပ်အာဏာစုဆောင်းဖို့ဖြစ်သည်။


သို့သော် သူကြီးမားသောနံရံအပြင်ရောက်သွားချိန်တွင် ကံမကောင်းစွာဖြင့်နှင်းမုန်တိုင်းနှင့်ကြုံကြိုက်ကာ ကင်းလှည့်သည့်တပ်သားများနှင့်ကွဲလျက် သူ့ဘေးမှာငယ်ရွယ်သောမိန်းမစိုးတစ်ယောက်သာကျန်ခဲ့သည်။ ထို့ကြောင့် ဒီအချ်ိန် သူ့ခြေထောက်မှာနှင်းကိုက်နာခံစားခဲ့ရပြီး မသန်မစွမ်းဖြစ်လာကာ အချစ်ကူအဆိပ်မိပြီး လမ်းမှန်ကိုဘယ်တော့မှပြန်သွားလို့မရတော့ပေ။


မိန်းမစိုးငယ်လေးကနှင်းထဲမှာအချိန်အတော်ကြာမြုပ်နေခဲ့ပေမဲ့ သူကကြိုတင်ပြင်ဆင်ထားပြီး သူ့ထက်ဉာဏ်ပိုကောင်းသဖြင့် သူ့ခြေထောက်များကိုအဝတ်နှင့်ချည်လိုက်တာမို့ ရောဂါ၏အမြစ်ကမပျောက်သွားပေ။


မိန်းမစိုးငယ်လေးကလျင်မြန်စွာချဥ်းကပ်လာပြီး ဒူးထောက်ကာခပ်နိမ့်နိမ့်အော်ပြောလာသည်။

"အရှင်မင်းကြီး? အရှင်မင်းကြီး...."


လင်ခုံးလုမကြားချင်ယောင်ဆောင်လိုက်သည်။ မင်းသာတကယ်စိတ်ပူနေလို့ရှိရင် သူ့ကိုနှင်းတွင်းထဲကအရင်ကူထုတ်ပေးရမှာမလား။


ဒါပေမဲ့ သူအကြာကြီးမြုပ်နေစရာမလိုပေ။ ခပ်လှမ်းလှမ်းမှမြင်းခွာသံများထွက်လာကာ ကျောက်ကျင်းစစ်ရောက်လာသည်။


အချိန်ကုန်သွားပြီး သူမနိုးလာသေးကြောင်း မိန်းမစိုးငယ်လေးမြင်လိုက်ရသဖြင့် သူပိုမိုစိုးရိမ်ပူပင်လာပြီး သူ့မျက်နှာကိုပင်ရဲတင်းစွာပုတ်ကာ စိတ်ပူတကြီးပြောလိုက်မိသည်။

"အရှင်မင်းကြီး၊ မြန်မြန်ထပါတော့၊ မျက်လုံးဖွင့်ပြီး ဒီအစေခံကိုကြည့်လိုက်ပါ၊ ဒီအစေခံကရှောင်ရှီဇီလေ...."


လင်ခုံးလုမျက်စိမဖွင့်ဘဲ စနစ်နှင့်စကားသွားပြောလိုက်သည်။


"ငါ့စိတ်ထဲကအချစ်ကူအဆိပ်ရဲ့လွှမ်းမိုးမှုကိုကာပေးလို့ရလား။"


0687: "ရတယ်၊ ဒါပေမဲ့ ကာပေးတာကအဲ့ဒါမတည်ရှိဘူးလို့မဆိုလိုဘူး။ မင်းအခုမျက်လုံးဖွင့်လိုက်တာနဲ့ တားပေးလို့ရတယ်၊ ဒါပေမဲ့ ငါမတော်တဆတာဝန်ပျက်ကွက်သွားတာနဲ့ မင်းဒီမိန်းမစိုးလေးကိုရူးရူးမိုက်မိုက်ချစ်မိသွားအုံးမှာ...."


"ငါ့ကိုကူကာပေး။"

လင်ခုံးလုတည့်တိုးဖြတ်ပြောလိုက်သည်။


0687ကသူပြောတဲ့အတိုင်းလုပ်ပေးလိုက်ပေမဲ့ သူ့အတွက်စိတ်ပူမိဆဲပင်။

"မင်းဒီတစ်ခေါက်ပင်မဇာတ်လမ်းအတိုင်းလုပ်မှာလား။"


လင်ခုံးလုလည်းသက်ပြင်းချမိသည်၊ မြင်းခွာသံကသူ့နားထဲနီးကပ်လာချိန်တွင် သူဖြည်းညှင်းစွာမျက်လုံးဖွင့်လိုက်ပြီးမှ အေးခဲသွားရသည်။


မြင်းပေါ်ကအမျိုးသားကားချပ်ဝတ်တန်ဆာဝတ်ထားပြီး တည်တင်းသောမျက်နှာထားနှင့်အတူ သူ့ကိုအေးစက်စက်ငုံ့ကြည့်လျက်၊ သူ့နောက်မှာမြင်းတပ်ထောင်ချီရှိနေပေသည်။


ရောက်လာသည့်လူမှာကျောက်ကျင်းစစ်ဖြစ်သည်။ သူကတစ်ကိုယ်လုံးထက်ကျောချမ်းမှုနှင့်အေးစက်မှုတို့ထုတ်လွှတ်လို့နေပေမဲ့ လင်ခုံးလုမှာမဖော်ပြနိုင်လောက်အောင်ရင်းနှီးကျွမ်းဝင်မှုတစ်စွန်းတစ်စခံစားလိုက်ရသည်။


သူကနှလုံးခုန်သံလာရာနေရာကိုဖိကာ စနစ်ကိုအလိုလိုမေးမိသည်။

"မင်းငါ့စိတ်ထဲကအချစ်ကူအဆိပ်ရဲ့လွှမ်းမိုးမှုကိုကာပေးထားတယ်မလား။"


"အင်းလေ။"

0687ထူးဆန်းစွာပြောမိသည်။


ဒီလိုကာထားတာတောင် ဘာကြောင့်များ.....


လင်ခုံးလုရုတ်ခြည်းတောင့်ခဲသွားရသည်။


အရင်ကမ္ဘာမှာတုန်းက လုစစ်ကနောက်ဆုံးမှာသူ့ကိုဝိညာဥ်စွမ်းအားပေးသွားခဲ့ပြီး ထို့နောက်သူကသူနှင့်တူညီသောအသိစိတ်နှင့်အတူထိုကမ္ဘာမှထွက်လာခဲ့မှန်းသူသတိရသွားသည်။ ဖြစ်နိုင်တာက.... လင်ခုံးလုရုတ်ခြည်းပြုံးကာ မြင်းပေါ်ကလူထံလက်ဆန့်ပေးကာ ပြောလိုက်သည်။

"ကျောက်ချင်း၊ ကိုယ်တော့်ကိုမထူပေးချင်ဘူးလား။"


ရှောင်ရှီဇီကချက်ချင်းရှေ့ကိုင်းကာ သူ့ရှေ့မှာချောမောသောမျက်နှာလေးဖြင့် အပြုံးတစ်ပွင့်နှင့်ပြောလာသည်။

"ဒီအစေခံအရှင်မင်းကြီးကိုကူညီပေးပါ့မယ်။"


လင်ခုံးလု၏မျက်လုံးများကသူ့ကိုမမြင်သည့်အလား ကျောက်ကျင်းစစ်အပေါ်တွင်သာကျရောက်နေလျက်၊ သူကတိုက်ရိုက်လက်မြှောက်ကာ သူ့မျက်နှာကိုပုတ်ထုတ်လိုက်ပြီး ကျောက်ကျင်းစစ်ကိုဆက်ပြောလိုက်သည်။

"ကျောက်ချင်း?"


ကျောက်ကျင်းစစ်၏မျက်လုံးများမှာအေးစက်စွာတစ်ချက်လက်သွားပြီး သူဆန့်ပေးထားသည့်လက်ကိုလျစ်လျူရှုကာ ဘေးကိုပြောလိုက်သည်။

"အရှင်သခင်ကိုကောင်းကောင်းမကာကွယ်ပေးခဲ့တဲ့အဲ့အစေခံကိုရှင်းပစ်လိုက်။"


ရှောင်ရှီဇီတမဟုတ်ချင်းထိတ်လန့်မှုကိုဖော်ပြမိကာ လင်ခုံးလုကိုအလျင်စလိုအကူအညီတောင်းချင်မိသည်။ သို့ပေမဲ့ ကျောက်ကျင်းစစ်၏လူများကပိုမိုလျင်မြန်စွာလှုပ်ရှားကာ ချက်ချင်းရှေ့တိုးလာပြီး သူ့ပါးစပ်ကိုအုပ်ကာလျက်သူ့ကိုဆွဲခေါ်သွားကာ သူ့ကိုစကားပြောဖို့အခွင့်အရေးလုံးဝမပေးပေ။


လင်ခုံးလု၏မျက်နှာပေါ်ကအပြုံးမှာအေးခဲသွားရပြန်သည်၊ အခြေအနေမကောင်းပေ၊ ကျောက်ကျင်းစစ်ကအရင်ဘဝတုန်းကလူသတ်ဖို့အမိန့်မပေးခဲ့သည့်အပြင် သူ့အပေါ်ထိုကဲ့သို့မထူးခြားမခြားနားမဟုတ်ခဲ့ပေ။ ဧကရာဇ်ငယ်လေးရှေ့မှာဘာမေးခွန်းမှမမေးမြန်းဘဲ ထိုကဲ့သို့ကိစ္စမျိုးကိုဖြေရှင်းဖို့ သူ့လူတွေကိုဆွဲခေါ်သွားခိုင်းဖို့ဆိုင်ရာပြောမနေနှင့်တော့။


ဇာတ်ကြောင်းသွေဖီသွားတဲ့ဒီသောက်ကျိုးနည်းရင်းနှီးတဲ့ခံစားချက်ကြီးက....


လူရှာဖို့အတူလာခဲ့သည့်စစ်သူကြီးဝေ့ကျီမှာဒါကိုမြင်လိုက်ရသော် မျက်လုံးကြုတ်လိုက်မိပြီး ကျောက်ကျင်းစစ်၏လုပ်ရပ်ကအရိုအသေမဲ့ရာရောက်သည်ဟုခံစားလိုက်ရသည်။ သို့သော် ဧကရာဇ်ငယ်လေးကသူ့လိုကြမ်းတမ်းသောလူမျိုးအနားကပ်တာကိုသဘောမကျတာမို့ သူရှေ့မတိုးသွားရဲပေ။


"စနစ်?"

လင်ခုံးလုသက်ပြင်းချမိသည်။


0687ချက်ချင်းနားလည်သွားကာပြောလိုက်သည်။

"ငါစစ်ဆေးလိုက်တယ်၊ ဒီကမ္ဘာမှာအရင်ဘဝကလက်ကျန်ပုံရိပ်မရှိဘူး။ ဇာတ်လိုက်ကပြန်မွေးဖွားလာတာလား။"


လင်ခုံးလုပြုံးလိုက်သည်။

"ထင်တာပဲ။"


0687ကနှစ်သက်မှုတန်ဖိုးနှင့်မကောင်းတဲ့စိတ်တန်ဖိုးကိုစစ်ဆေးကြည့်လိုက်သည်၊ သေချာတာပေါ့၊ အနုတ်၇၀၊ ၈၀ဖြစ်သည်။


ကျောက်ကျင်းစစ်ကတကယ်ပြန်မွေးဖွားလာခြင်းပင်။ အရင်ဘဝတုန်းက သူ့လူယုံတော်များကသူ့ကိုအကျဥ်းထောင်ထဲမှလာကယ်ချိန်တွင် နန်းတော်မှာပျက်စီးယိုယွင်းနေသောအခြေအနေတွင်ရှိနေပြီဖြစ်သည်။ သူ့မိခင်ကသူ့ကိုကယ်ရာတွင်သေလားရှင်လားမသိရ။ သူ၏လူယုံတော်များပင်အများစုကဒဏ်ရာရရင်ရ၊ ဒါမှမဟုတ်သေဆုံးသွားခဲ့ကြသည်။


သူအရင်ကဧကရာဇ်ငယ်လေးအတွက် ပလ္လင်ကိုဂရုစိုက်ပေးရန် သူ့မိခင်နှင့်ပထမဧကရာဇ်ကိုကတိပေးခဲ့ဖူးပေမဲ့ ထိုအခိုက်အတမ့်မှာ ရွှေရောင်ပလ္လင်ထက်ကလူကဧကရာဇ်ဖြစ်ဖို့လုံးဝမထိုက်တန်ဟု အလွန်အမင်းခံစားလိုက်ရသည်။


သူကသူ့အမုန်းတရားကိုဖိနှိပ်ကာ သူ့စစ်တပ်အာဏာပြန်ရယူရန် သူ့လူယုံတော်များနှင့်အတူနယ်နိမိတ်ကိုခိုးကြောင်ခိုးဝှက်ပြန်သွားခဲ့သည်။ သူမြို့တော်ကိုပြန်သွားကာ ဧကရာဇ်ငယ်လေးကိုရှင်းပစ်ခဲ့သင့်ပေမဲ့ ကံမကောင်းစွာဖြင့် သူဘာမှမလုပ်ရသေးခင် ဧကရာဇ်ငယ်လေးမှာသူ့အနားကလူတို့ထံမှသစ္စာဖောက်ခံရကာ အရင်သေဆုံးသွားခဲ့သည်ပင်။


ကျောက်ကျင်းစစ်မြင်းပေါ်ကဆင်းကာ သူ့နှုတ်ခမ်းထက်ကအေးစက်စက်အပြူံးကိုဖိနှိပ်ပြီး ဧကရာဇ်ငယ်လေးထံခြေလှမ်းကျယ်များဖြင့်လျှောက်သွားလိုက်သည်။


ကံမကောင်းစွာဖြင့် သူကမသင့်တော်သောအချိန်မှာပြန်မွေးဖွားလာခဲ့သည်။


ဧကရာဇ်ငယ်လေးကထိုရယ်စရာကောင်းကာရူးမိုက်သောကိစ္စများကိုမလုပ်ရပေးတာမို့ သူတစ်ဖက်လူကိုအခုချက်ချင်းရှင်းပစ်လို့မရပေ။


သူ့မျက်လုံးထဲမှာတစ်ချက်လက်သွားသည့်အေးစက်သောအလင်းရောင်ကိုမြင်လိုက်ရသော် သူပြန်မွေးဖွားလာမှန်းလင်ခုံးလုသေချာလုနီးပါးဖြစ်သွားသည်။


ကျောက်ကျင်းစစ်ကသူ့ရှေ့မှာရပ်ကာ တစ်အောင့်မျှငုံ့ကြည့်နေပြီးမှ သူ့လက်မောင်းကိုလှမ်းဆွဲလိုက်ပြီး ရိုသေလေးစားမှုနှင့်ညင်သာမှုတို့လုံးဝမပါဘဲ တိုက်ရိုက်ဆွဲထူလိုက်သည်။


လင်ခုံးလုသူ့ခြေထောက်များကိုမခံစားရဘဲ ယိမ်းထိုးသွားကာ သူ့လက်မောင်းကြားထဲတိုက်ရိုက်ကျသွားပြီး ညည်းညူလိုက်မိသည်။


ကျောက်ကျင်းစစ်၏မျက်လုံးထဲမှာအေးစက်သောအကြည့်ရှိနေပြီး သူဘာစဥ်းစားနေမှန်းမသိသဖြင့် သူ့ကိုခပ်မြန်မြန်တွန်းထုတ်လိုက်သည်။


လင်ခုံးလုမှာသူ့ဘေးကလူထံမှအချိန်မီဖေးမခံလိုက်ရကာ မျက်မှောင်ကြုတ်လိုက်မိသည်။


သူမှားသွားတယ်၊ သူအရင်ဘဝကစိတ်ခံစားချက်တွေဆီကအမြန်ဆုံးရုန်းထွက်ပြီး ဒီကမ္ဘာရဲ့ဇာတ်ကြောင်းထဲဝင်ရောက်ရမယ်၊ သူ့ရှေ့ကလူက...လုစစ်ဖြစ်နိုင်တယ်ဆိုရင်တောင်မှပေါ့။


အရမ်းကြာသွားတော့ ငါ့သရုပ်ဆောင်စကေးတွေကိုမေ့သွားတော့မလိုပဲ။


ဒီတစ်ခေါက်ဝေ့ကျီမှာသည်းမခံနိုင်တော့ဘဲပြောလာသည်။

"ဝမ်ရယ်၊ ဝမ်ရယ်လုပ်လိုက်တာမမှန်ဘူးနော်။"


လင်ခုံးလုလက်ဝေ့ရမ်းကာပြောလိုက်သည်။

"ဘာမှမဖြစ်ဘူး။"

သူကျောက်ကျင်းစစ်ကိုမော့ကြည့်လိုက်ချိန်တွင် သူအမိန့်ပေးလိုက်သည်။

"ကိုယ်တော့်ခြေထောက်တွေကိုခံစားလို့မရဘူး၊ ကျောက်ချင်းကိုယ်တော့်ကိုကျောပိုးသွားချည်။"


ကျောက်ကျင်းစစ်လှည့်ကာ မျက်လုံးအသာမှေးကျဥ်းပြီး သူ့ကိုကြည့်ကာ သူ၏နှုတ်ခမ်းပါးပါးကိုဖွင့်လိုက်သည်။

"အရှင်မင်းကြီးဘာပြောလိုက်တယ်?"


လင်ခုံးလုလည်းသူ့ကိုကြည့်ကာ လုံးဝအားမနည်းစွာဖြင့် တစ်လုံးချင်းပြောလိုက်သည်။

"ကိုယ် တော့် ကို ကျောက် ချင်း ကိုယ် တိုင် ကျော ပိုး သွား စေ ချင် တယ်။"


___________________________________