အခန်း၈၄
Viewers 8k

Chapter 84



နစ်ကို က ပြောလာသည်။


"နှစ်တိုင်းကျင်းပတဲ့ အမျိုးသားမက်ခါလိဂ် ပြိုင်ပွဲအတွက် မှတ်ပုံတင်မယ့်ရက်ကို လာမဲ့ လလယ်ကျရင် စမှာ… အသက် 35 နှစ်အောက်က ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်တယ်တဲ့… ပဏာမပြိုင်ပွဲက လကုန်ကျရင် star Network မှာလုပ်မှာလေ…မင်းလည်း ကြိုးစားကြည့်ပါလား"


ပဲနီအုန်းနို့ ကဲ့သို့သော လက်ထောက်ကုထုံးပညာရှင်တစ်ဦးသည်မက်ခါ ပြိုင်ပွဲတွင် ပါဝင်ပြီး တိုက်ခိုက်ရေးသမားအများအပြားကို အနိုင်ရပါက သူမ ပျော်ရွှင်နေလိမ့်မည်ဟု နစ်ကို ခံစားမိသည်။


"ကောင်းပြီ…ကြည့်သေးတာပေါ့"


'အင်းဆက်တွေက မြို့တော် ကို မတိုက်ခိုက်လို့ မက်ခါလိဂ် ကို မဖျက်သိမ်းဘူးဆိုရင် ငါကြိုးစားကြည့်ရမှာပဲ'


ထို့နောက် မောင်နှမနှစ်ယောက်သည် မက်ခါဧည့်ခန်းသို့ ပြန်သွားကြသည်။


လင်းယောင်ယောင် သည် လင်းရွှမ် တစ်ဖက်မှာ အလုပ်များနေမှုကို အခွင့်ကောင်းယူကာ အော့ဖ်လိုင်းမဖြစ်မီ ခြေဖျားထောက်ပြီး သူ့မေးစေ့ကို အမြန်နမ်းလိုက်သည်။ထိုအခါ ရင်တုန်းပန်းတုန်းဖြစ်သွားသော လင်းရွှမ် က ရယ်ရမလား ၊ငိုရမှန်းမသိသည့်မျက်နှာဖြင့် သူ့မေးစေ့ကို ထိကြည့်လိုက်၏။ ကလေးမလေးက သူ့ကို စတင်လက်ခံနေကြောင်း သူခံစားနိုင်သော်လည်း သူမစိတ်ထဲမှာ စိုးရိမ်မှုများ ရှိနေပုံပေါ်သည်။


တစ်ဖက်မှာတော့ ရှောင်မင် သည် ၏ အကြွင်းမဲ့ခွန်အားကို နောက်တစ်ကြိမ် ခံစားလိုက်ရသော်လည်း အတွေးထဲကဖျောက်လို့ရသွားသည်။ လင်းယောင်ယောင် ကသာ အခုအချိန်မှာ အတော်လေး လူချင်လူခင်ပေါများပြီး ၊သူမ နောက်ကွယ်က လင်းမိသားစုကလည်း အားမကောင်းနေဘူးဆိုလျှင် သူ့ဆီကနေ သူမကို လုယက်ခဲ့သည့် လင်းရွှမ် အား ရှင်းပစ်မိမှာပင်။ သို့သော် မကြာခင်မှာ သူက လူတိုင်း၏ အာရုံစိုက်မှုကို ခံရတော့မှာမို့ သိပ်ပြီး အတွေးမများလည်းဖြစ်သည်။


Star Network မှဆင်းပြီးနောက် လင်းယောင်ယောင် သည် ချက်ချင်းအိပ်ရာမဝင်ဘဲ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ထို့နောက် သူမသည် ဇာ့ခ် အသားကို ဆားရည်ဖြင့် ရေဆေးပြီး အစပ်ဆုံး၊အသင့်အတင့်အစပ်နှင့် အနည်းငယ်အစပ်ဟူ၍ အရသာသုံးမျိုးခွဲလိုက်သည်။ထို့နောက် အသားကို ပြုတ်ပြီးဆယ်၍ ဟင်းခတ်အမွှေးအကြိုင်တွေနှင့်နှပ်ထားရသည်။ပြီးလျှင်၊ အစာပလာအရည်များကို စစ်လိုက်ပြီး မနက်ကျ ဖုတ်ရမှာဖြစ်သည်။ ပြုတ်ထားသောအသားကို စောင့်နေစဉ်တွင် မှိုကြော်နှင့် မုန်ညှင်းချဉ်၊သခွားသီးများကို သုံး၍ ပိုင်မုန့်ဖုတ်လိုက်၏။ ထို့နောက် အဘိုးလင်း၊ သူမ၏ မိဘများ၊ အဘိုးဝေ့၊ အဘွားဝေ့၊ ဦးလေးဝေ့နှင့် အဒေါ်ဝေ့တို့အား ပို့ပေးရပေဦးမည်။


လင်းရွှမ် သည် သူမကို ကူညီရာတွင် ပို၍ ကျွမ်းကျင်လာသည်။


"ယောင်ယောင်...တရုတ်ရှေးဟောင်း ဟင်းပွဲတွေကို ဘယ်လို ချက်ပြုတ်နိုင်တာလဲ၊ ဒီဟင်းချက်နည်းတွေကို Star Network ဖိုရမ်မှာ ဘယ်သူကမှ ရေးတင်ထားကြမယ်မထင်ဘူး"


သူမသည် ပြီးပြည့်စုံသော ဆင်ခြေကို မစဉ်းစားနိုင်သော်လည်း သူမ ချစ်နေသူကို မလှည့်ဖြားချင်ပေ။ထို့ကြောင့် အမှန်ကိုပြောလိုက်သည်။


"ညီမလေး အရင်ဘဝက ရှေးတရုတ်လူမျိုးလေ…ပြီးတော့ မိသားစုစားသောက်ဆိုင်ဖွင့်ထားတယ်… နောက်ဆုံးအကြိမ် မေ့မြောသွားတုန်းက၊ အနာဂါတ်ကို စိတ်ကူးနဲ့ မြင်နိုင်ရုံတင်မကဘဲ တရုတ်ဟင်းလျာတွေ ချက်နည်းတွေရောအပါအဝင် အရင်ဘဝက အမှတ်ရစရာတွေကိုလည်း ပြန်ပြီး သတိရသွားခဲ့တာ"


လင်းရွှမ် သည် သူမ၏ ရှေ့ဖြစ်အိပ်မက်များက အမှန်တစ်ကယ်ဖြစ်ကြောင်း အတည်ပြုနိုင်သောကြောင့် သူမ ပြောလိုက်သော အတိတ်ဘဝက ဆိုသည်ကိုလည်း နားလည်ပေးမိပြီး တစ်ကယ်အဟုတ်မှတ်သွားတော့သည်။ ထို့အပြင် သူ့ မသိစိတ်ကလည်း ယုံကြည်ပြီး ဤကမ္ဘာမှာ ယခုလိုမျိုး အဖြစ်များရှိနေသေးတာကိုလည်း အံ့သြသွား၏။


မဟုတ်ရင် သူမရဲ့ ရှေးဟောင်း တရုတ် ဟင်းလျာတွေနဲ့ ပတ်သက်တဲ့ နည်းနာတွေက ဘယ်ကလာတာလဲ…


လင်းရွှမ် သည် သူမအား အသေးစိတ်မေးမြန်းရန် ကြံစည်နေသော်လည်း သူမ တိုးတိုးလေးပြောလာ၏။


"ညီမလေး မပြောနိုင်တော့ဘူး… အစ်ကိုကြီးကို ပြောပြရမလား ဘယ်လိုပြောပြရမယ်ဆိုတာ မသိသေးဘူး"


ယခု သူမမှာရှိသမျှ အရာအားလုံး ဆုံးရှုံးသွားမှာကို သူမ ကြောက်မိသည်။ထို့ကြောင့် သူမ၏တစ်ကိုယ်ကောင်းဆန်မှုကို သူ ခွင့်လွှတ်လိမ့်မည်ဟုသာ မျှော်လင့်မိသည်။


လင်းရွှမ် သည် လင်းယောင်ယောင် က သူ့ကို သဘောကျစပြုလာသည်ဟု ရိပ်မိခဲ့သော်လည်း သူမပုံစံက တစုံတစ်ခုကို တုံ့ဆိုင်းနေပြီး ခံစားချက်က ရောယှက်နေသလိုပင်။ သူမ၏ အဓိကအချက်ကို သိချင်သော်လည်း ကလေးမလေး၏ စိုးရိမ်ပူပန်မှုကို သူ မြင်ရသောအခါတွင် ဘာမှ အတင်းအကြပ် မမေးချင်တော့။


"ရပါတယ်…အဲဒါကိုစဉ်းစားပြီးတဲ့အထိ ကိုယ်စောင့်မယ်.... မင်း ကိုယ့်ကိုမပြောချင်ဘူးဆိုရင် ကိစ္စမရှိပါဘူး"


သူမကသာ သူ့ကို ပြောပြခဲ့မည်ဆိုလျှင် သူတို့ကြားက မောင်နှမ ဆိုသည့် အတားအဆီးကြီးကို ဖျက်ပစ်ရုံတင်မကဘဲ ဝေ့ မိသားစုရှိ မိဘများ၊ အဘိုးအဘွားများအထိပါ သွားပြီးနားလည်အောင်ပြောပြဖို့ ယုံကြည်ချက်ရှိသည်။ သူတို့က ဆန့်ကျင်ခဲ့လျှင်တောင် တစ်နေ့မှာ သူတို့ကို အနိုင်ယူနိုင်ဖို့ သူ စိတ်ပိုင်းဖြတ်ထားသည်။


သို့သော် အနာဂတ်၊ အတိတ်ဘဝများအကြောင်း၊ ဤလျှို့ဝှက်ဆန်းကြယ်ပြီး မသိနိုင်သော နယ်ပယ်များအကြောင်းကို သိလာသောအခါတွင် သူ ဘယ်လိုမှ အနာဂါတ်ကို မှန်းဆမရတော့ဘဲ စိတ်ပူစပြုလာသည်။ လင်းမိသားစု၏ ကျဆုံးခြင်းသည် ရှောင်လွှဲမရလျှင်၊ လင်းယောင်ယောင်သည် သူမ၏ ကံကြမ္မာနှင့် လင်းမိသားစု၏ ကံကြမ္မာကို လုံးဝသွေဖယ်သွားနိုင်စေရန် သူမ၏ ရှေးဖြစ် အိမ်မက်များနှင့် ရှေးတရုတ်အစားအစာ ချက်ပြုတ်နည်းများကို အားကိုးနေရခြင်းဖြစ်နိုင်သည်။


ဒီလိုလုပ်လို့ သူမအတွက် ဘာတွေများကောင်းသွားမှာလဲ...


ထို့နောက် လင်းရွှမ် သည် စိတ်ကူးယဉ်ဒရမ်မာဇာတ်ကားများထဲမှ တစ်ကားကို ပြန်အမှတ်ရသွား၏—ဥပမာ၊ သူမ၏ ဝိညာဉ်ကို အမှောင်ဘုရားသခင်ထံ ရောင်းချခဲ့သည့် ဇာတ်လမ်းကိုဖြစ်သည်။ လင်းရွှမ်သည် အမြဲတမ်း အေးစက်စက်နှင့် မျက်နှာထားက တင်းမာနေပြီး မာနကြီးသူဖြစ်ကာ၊ တည်တည်ငြိမ်ငြိမ်နှင့် ယုံကြည်မှုရှိသူလည်းဖြစ်သည်။ သို့သော် သူမအား ဆုံးရှုံးရနိုင်ခြေကို တွေးလိုက်သောအခါ ရုတ်တရက် စိတ်ရှုပ်လာသည်။


"မင်းမှာ လျှို့ဝှက်ချက်လေးတွေ ဘယ်လောက်ရှိတယ်ဆိုတာ ကိုယ် ဂရုမစိုက်ဘူး…မင်းကိုယ့်ကို ဘာမှ မပြောဘဲနဲ့ တစ်နေ့ကျရင် ရုတ်တရက် ဘယ်တော့မှ မထားခဲ့နဲ့....မဖြစ်စေရဘူး… ဘယ်လောက်ပဲ ခက်ခဲပါစေ၊ကိုယ် မင်းနဲ့ အတူရှိမယ်"


အရပ်ရှည်ရှည်လူကြီးသည် သူမလက်ပေါ်ရှိ ဂျုံမှုန့်ကိုပင် လျစ်လျူရှုပြီး သေးငယ်သော သူမ ခန္ဓာကိုယ်ကို အနောက်မှ ပွေ့ဖက်ထားလိုက်ပြီး လည်ချင်းယှက်ထားလိုက်၏။


ဇာ့ခ် အသားကို ပိုင်မုန့်လုပ်နေသည့် လင်းယောင်ယောင် : ...


လင်းရွှမ် ၏ ဝန်ခံမှုနှင့် ချစ်ခြင်းမေတ္တာ ကြေငြာချက်သည် အလွန်လွှမ်းမိုးချုပ်ကိုင်သော်လည်း သူမရှေ့မှ အင်းဆက်အသားမုန့်များ၊ အသားပြုတ်ထားသော အမွှေးအကြိုင်ရနံ့များနှင့် အိုးကြီးထဲတွင်လည်း အင်းဆက်ပိုးမွှားများ ရှိနေသဖြင့် လင်းယောင်ယောင် အနည်းငယ် ရယ်ချင်မိသည်။ သူမ၏ နှလုံးသားထဲက မကျေနပ်ချက်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နားရွက်တွေနီရဲလာကာ သူမ အနောက်ကလူကို တွန်းထုတ်ချင်လာသည်။ သို့သော် သူမအား အလေးအနက်ထားသည့် သူ့ခံစားချက်ကြောင့် တိတ်တဆိတ် ဝမ်းသာနေမိသည်။


သို့သော်လည်း လင်းရွှမ် ၏ စကားကြောင့် လုံး၀ အံ့ဩသွားရသည်။


"ဘာကိုလဲ…ဘာလာပြောနေတာလဲ…မြန်မြန်ဖယ်နော်… ပြဿနာတက်အောင် မလုပ်နဲ့…ဒီမှာ မုန့်လုပ်ဖို့အများကြီးကျန်သေးတယ်၊ ဒါက အရမ်းစားကောင်းမှာ"


လင်းရွှမ် က ‌လင်းယောင်ယောင်ကို သူ့အား ထားမသွားဖို့အကြောင်း အာမခံချက်တောင်းချင်သည်။ လိုအပ်ပါက သူသည် ဒရာမာထဲကလို ဗ်ိုလ်ချုပ်ကြီး၏ မီးဖိုချောင်ထဲက အကြင်နာအချစ်ခန်းတောင် လုပ်ချင်သေးသည်။သို့သော်၊သူမက သူ၏ လွှမ်းမိုးချုပ်ကိုင်တတ်သည့် အပြုအမူကို မနှစ်သက်ပေ။


'......ဒီကောင်မလေးကို ဇာ့ခ် အသားပိုင်မုန့်လုပ်တာပဲ ကူညီလိုက်ပါ့မယ်'


'...... အနည်းဆုံးတော့ ငါက ဖက်လိုက်ပေမယ့် ဒီကလေးမလေးက လုံးဝ ငါ့ကို မရွံသွားဘူးပဲ'


တုံးအသော ဗိုလ်ချုပ်လင်းသည် စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။


ခဏကြာသောအခါ၊ ဇာ့ခ် အသားနှင့် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသည့် ပိုင်မုန့်၏ မွှေးရနံ့က မီးဖိုချောင်၊ ဧည့်ခန်းတစ်ခုလုံးကို ပြည့်လျှံစေသည်။


ကံကောင်းထောက်မစွာပင်၊ အခြားအနီးနားရှိအိမ်များသည် မီတာ ၅၀ ကျော်ခြားနေ၍သာ၊ မဟုတ်ပါက ညဥ့်နက် သန်းခေါင် စိတ်အနှောင့်အယှက်ဖြစ်စရာ အစားအသောက်အနံ့ကြောင့် သူမတို့ကို လာပြီးစွပ်စွဲကြလိမ့်မည်ဖြစ်သည်။


အင်းဆက်အသားသည် စွမ်းအင်ကြွယ်ဝလွန်းသည်။ ‌လင်းယောင်ယောင်သည် အိပ်ရာမဝင်ခင်ဖြစ်၍ အလွန်အကျွံမစားခဲ့ရပေ။ လင်းရွှမ် က သူမကို မုန့်တစ်ကိုက်သာ ခွင့်ပြုလိုက်ပြီး ကျန်မုန့်များကို သူ့ပါးစပ်ထဲ အတင်းထည့်လိုက်သည်။ ဇာ့ခ်အသား နှင့် ပိုင်မုန့်သည် မွှေးပြီး အရသာရှိကာ အသီးအရွက်ချဉ်များဖြင့် လုပ်ထားသည့် မုန့်မှာ စိတ်ကိုလန်းဆန်းစေသည်။


သူမ လုပ်ထားသည့် မုန့်ကပဲ အရသာရှိလို့လား၊သို့မဟုတ် သူပါ ကူလုပ်ခဲ့၍များလား ၊သို့မဟုတ်လည်း သူ၏ ချစ်လှစွာသော ကောင်မလေးက အရင်ကိုက်ထားတာကြောင့်လား ဆိုတာကို ဘယ်သူသိနိုင်မလဲ...


လင်းရွှမ် သည် အစားအစာဖြုန်းတီးခြင်းကို မကြိုက်သော်လည်း သန့်ရှင်းသပ်ရပ်မှုကို အနည်းငယ် စွဲလမ်းခဲ့သည်။ သာမာန်အားဖြင့် သူသည် အခြားသူများ စားထားသည့်အရာကို မစားတတ်ပေ။ သို့သော်လည်း သူသည် လင်းယောင်ယောင်၏ ထမင်းပန်းကန်လုံးတစ်ဝက်ကို လွန်ခဲ့သည့်အချိန်မှ စားခဲ့ပြီး ဤစည်းကမ်းကို ချိုးဖောက်ခဲ့သည်။ ယခုလည်း သူမ စားပြီးသားကို စားရတာတောင် သဘောကျနေမိတော့သည်။ အရသာက ပိုကောင်းရုံတင်မကဘဲ သူ့နှလုံးသားထဲမှာလည်း အတော်လေး ခံစားချက်ကောင်းမွန်ပေသည်။


နောက်တစ်နေ့တွင် ‌လင်းယောင်ယောင် သည် စောစောထကာ ပြုတ်ထားသော အသားများကို နှပ်ပြီး ထည့်ထား၍ မီးဖိုထဲသို့ ထည့်ထားလိုက်သည်။ခဏကြာလျှင် ကျက်သွားလေ၏။


လင်းရွှမ် က သူ၏ အသဲပုံကြက်ဥမွှေကြော်ကို ကြော်နေခြင်းဖြစ်၍ သူမလည်း ထိုကြက်ဥကြော်ကို စားလိုက်၏။ ဤကြက်ဥကြော်က အရသာမရှိသော်လည်း ဆိုင်နှင့် ယှဉ်လျှင် ပိုကောင်းပေသည်။ ထို့နောက် သူမသည် ပြုတ်ထားသော ဇာ့ခ် အသားများ၊ ဇာ့ခ် အသား အရသာငါးမျိုး၊ ဇာ့ခ် အသားမုန့် အရသာ နှစ်မျိုးကို ဟင်းဘူးများထဲ ထည့်ရန် စက်ရုပ်အိမ်ထိန်းကို ခိုင်းစေခဲ့သည်။ လေးခုကို မိသားစုဝင်များထံ ပေးပို့ခဲ့ပြီး ကျန်တစ်ခုကို သူမ ယူထားပြီး ကျန်တစ်ခုမှာ လင်းရွှမ် အတွက်ဖြစ်သည်။ 012 အတွက် သီးသန့် ဖျော်ရည်တစ်ခု ပေးလိုက်၏။


012 ကလေး သွေးစပျစ်နွယ်ပင်သည် မကြာသေးမီက အင်းဆက်အသားများကို အများအပြားစားခဲ့သဖြင့် သူ၏ စွမ်းအင်သည် လုံလောက်သည်ထက် ပိုများလာခဲ့၏။ ထို့အပြင် အရပ်က ၁.၈ မီတာအထိ လျင်မြန်စွာ ကြီးထွားလာသည့်အတွက် အပြင်ထွက်ဖို့ အဆင်မပြေတော့‌ေပ။ ၎င်းအပင်တို့သည် လေးမီတာ၊ ငါးမီတာအထိ ကြီးထွားလာသည်အထိ စောင့်ရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အရပ်မီတာဝက်အဖြစ်သို့ မပြောင်းလဲမီ အဆင့်-၅သို့ တရားဝင်ရောက်ရှိမှရမည်ဖြစ်သည်။ ထုံးစံအတိုင်း ‌လင်းယောင်ယောင် သည် 012 အတွက် ဇာ့ခ် အသားဟင်းရည်အိုးကြီးတစ်လုံးကို ချက်ပြုတ်ထားသောကြောင့် ကလေးငယ်၏သွေးစပျစ်နွယ်ပင်သည် အရပ်ရှည်လာသည်။


လင်းရွှမ် က သူမ ပေးလာသည့် ဟင်းဘူးကို ကြည့်ပြီး


"မင်းကိုယ့်ကိုပေးတာလား"


"အစ်ကိုကြီး ကြိုက်တဲ့သူကို ပေးလို့ရတယ်လေ... ဒါက လုပ်အားခပဲ... အစ်ကိုကြီးရဲ့ အပေါင်းအသင်း ဒါမှမဟုတ် ရဲဘော်တွေဆီလည်း ပို့ပေးလို့ရတယ်"


သူ၏ တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့် တခြားသူများကို လင်းရွှမ် ပေးချင်စိတ်မရှိချေ။


သို့သော် ဇာ့ခ်အသား၏အရသာကိုမြှင့်တင်ပြီး သူတို့၏ဆက်ဆံရေးကို ပြသရန်အတွက် သူ၏ ရင်းနှီးသောသူငယ်ချင်းများထံ ပေးရန် သဘောတူလိုက်သည်။ အထူးသဖြင့် ချန်ပင်း နှင့်လုလင်းတို့သည် သူတို့ ဆက်ဆံရေးကို သိပြီးသားဖြစ်၍ ပေးရမည်ဖြစ်သည်။


ထို့နောက် နှစ်ယောက်သား အတူတူ ညစာစားဖို့ ချိန်းထားပြီး အမြန်ကားဖြင့် ထွက်သွားကြသည်။ လင်းယောင်ယောင် နောက်မှ သဘောပေါက်သွားသည်။


'နေဦး...ငါနဲ့ လင်းရွှမ်တို့ ဆက်ဆံပုံက လင်မယားတွေလို ဖြစ်နေတယ်လို့ ဘာလို့ ငါခံစားနေရတာလဲ"


‌လင်းယောင်ယောင် သည် ကျောင်းရှိ အစားအသောက် ကုထုံးသုတေသနစခန်းသို့ ရောက်ရှိလာသောအခါတွင် သူမ၏ဆရာ ချိုက်ယူဟုန် ၊ စီနီယာအစ်ကို ချိုက်မူပိုင် နှင့် စီနီယာ အစ်မ ရန်နင် တို့ စောင့်နေပြီဖြစ်သည်ကို တွေ့ရှိခဲ့သည်။ အားလုံးက သူမကိုတွေ့တာနှင့် စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ကြသည်။


သို့သော်လည်း မကြာမီ ထိုလူများအားလုံး သူမ လက်ထဲမှ ဟင်းဘူးများအား ကြည့်နေကြသည်ကို သိလိုက်ရသည်။ မစ္စတာချိုက် သည် အတော်လေး ငြိမ်သက်နေပြီး ဟင်းဘူးကို ချက်ချင်းကြီး မယူလိုက်ပေ။ မည်သို့ပင်ဆိုဆို၊ သူသည် ဆရာတစ်ယောက်လို ပြုမူရမည်။


"ယောင်ယောင်လေး ဇာ့ခ် အသားပါဝင်ပစ္စည်းတွေကို ယူလာတာလား...ဒါပဲလား"


ထို့နောက် အဘိုးကြီးချိုက် က သူ့အစီအစဉ်ကိုပြောပြလိုက်သည်။


"ငါက နောက်ထပ် ရိုးရိုးရှင်းရှင်း ဇာ့ခ် အသားပွဲကို လုပ်ချင်တာလေ...သိပ်လည်း ရှုပ်မှာ မဟုတ်ဘူး...လေးငါး ပွဲစာလောက်ဆို လုံလောက်ပါပြီ… အစားအသောက်သုတေသန စင်တာက လူကြီးတွေဆီ ပို့ပေးလိုက်မယ်...သူတို့ ဗိုက်ထဲက လောဘကြီးတဲ့ ပိုးကောင်တွေကို နှိုးဆွပေးလိုက်မယ်...ဘယ်လိုလဲ...နောက်ဆို ကျန်တာကို ကိုင်တွယ်ဖြေရှင်းလို့ရသွားပြီ"


ပြုတ်ထားသည့် ဇာ့ခ် အသားက အတော်လေး အရသာရှိပြီး အချဉ်ဆော့စ်မျိုးစုံဖြင့် တို့စား၍ရပေသည်။ အသားခြောက်များသည် ဝါး၍ အတော်ကောင်း၍ ဟင်းခတ်အမွှေးအကြိုင်၊ စပ်စပ်၊ အလွန်အစပ်ဟူ၍ သုံးမျိုးရှိသောကြောင့် ထမင်းနှင့် လည်း စားနိုင်သလို သရေစာအဖြစ်လည်း စားသုံးနိုင်သည်။ သယ်ရပြုရလည်း အလွန်လွယ်ကူသည်။


မှို (သို့) ဂေါ်ဖီချဉ်နှင့်စားရသော ဟင်းလျာနှစ်မျိုးလုံးသည် လက်ကမချချင်လောက်အောင် ဖမ်းစားနိုင်သည်။သနားစရာကောင်းသည်က အစားအသောက် ကုထုံး ပညာရှင်များပင်။ သူတို့ ကိုယ်လုံးကိုယ်ပေါက်မှာ စွမ်းအင်အများကြီး မသုံးနိုင်တာကြောင့် တစ်ခုချင်းစီကို နည်းနည်းလောက်သာ စားကြည့်နိုင်သည်။


‌လင်းယောင်ယောင် ၏ ဇာ့ခ် အသားများမှာ လောလောဆယ် အကန့်အသတ်ရှိသောကြောင့် အဘိုးကြီးချိုက် က သူတို့ကို မစားရန် အမိန့်ပေးခဲ့သည်။ မဟုတ်ပါက စွမ်းအင်သုံး ဆေးဝါးများကို ဖြုန်းတီးပစ်သလိုသာ ဖြစ်ပေလိမ့်မည်။



xxxxxxx


Ei Thet Hmue