အခန်း(၆၃)
Viewers 12k


အခန်း(၆၃)《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


လုယန်သည် Nမြို့ဇာတိဖြစ်သည်။ ကမ္ဘာကြီးအဆုံးမသတ်မီက သူ့မိသားစုသည် ကုန်စုံဆိုင်တစ်ခုဖွင့်လှစ်ထားခဲ့သည်။ သူ့တွင် အလိုလိုက်သည့်ဖခင်တစ်ယောက်ရှိ၍ မိသားစုအခြေအနေများသည် အလွန်ကောင်းမွန်လှသည်မဟုတ်ချေ။ သို့သော်လည်း လုယန်သည် အစားအသောက်နှင့်အဝတ်အစားလိုအပ်သည်မရှိခဲ့ချေ။ သူတို့သည်အသက် 40 နီးပါးရှိပြီး မိန်းကလေးတစ်ဦးနှင့် လက်မထပ်နိုင်သည့် ဖက်တီးကို ပြုစုပျိုးထောင်ခဲ့ကြသည်။ ကမ္ဘာကြီးပျက်သည့်အချိန်ရောက်လာသောအခါ သူသည် ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားသည့် ဖခင်ဖြစ်သူ၏ အကိုက်ခံခဲ့ရသည်။


သို့သော်လည်း သူ့အဖေသည် အသက်ကြီးပြီး သွားများအကုန်ဆုံးရှုံးသွားပြီဖြစ်၍ သွားမရှိဘဲ ကိုက်မိခြင်းကြောင့် အရေပြားနည်းနည်းသာပဲ့သွားလေသည်။ လုယန်သည် ဤကံဆိုးမှုနှင့် ကံကြမ္မာကြောင့် သူ့အစွမ်းကို ရရှိခဲ့ပါသည်။ သူသည် ကြီးမားသည့် သန်မာမှုခွန်အားကိုရရှိခဲ့လေသည်။ အစွမ်းထက်သည့် ဖုတ်ကောင်တစ်ကောင် (သို့မဟုတ်) နှစ်ကောင်ကို ကိုင်တွယ်ရခြင်းသည် ဖရဲသီးကို ခွဲပြီး အသီးအရွက်များ လှီးဖြတ်ရသလောက် လွယ်ကူခဲ့လေသည်။ လူတစ်ကိုယ်လုံးသည် လျင်မြန်စွာ တိုးတက်ဖွံ့ထွားလာခဲ့သည်။ သူ သည် ညီငယ်တစ်စုကို စုစည်းပြီး ရိက္ခာပစ္စည်းများကို စုဆောင်းပြီး သူ့ကုန်စုံဆိုင်၏ စာရင်းကို ထိန်းသိမ်းထားလိုက်သည်။ ရပ်ရွာထဲတွင် တောင်ပေါ်ဘုရင် တစ်ယောက်ဖြစ်ရသည်နှင့် ခပ်ဆင်ဆင်တူလေသည်။


အဆုံးသတ်သည် သာမန်လူများအတွက် ကမ္ဘာ၏ အဆုံးသတ်ဖြစ်နိုင်သော်လည်း လုယန်အတွက် ၎င်းသည် သူ့ဘဝ၏အစသစ်တစ်ခုပင် ဖြစ်ပေသည်။ ယခုတွင် သူသည် လေနှင့်မိုးကို ထိန်းချုပ်ချင်နေပြီဖြစ်သည်။ ယခု သူ့တွင် စွမ်းရည်ရှိပြီး လူများ၏မျက်နှာကိုကြည့်ရန် မလိုအပ်တော့ပေ။ ကမ္ဘာကြီးအဆုံးမသတ်ခင်က သူ့အားအကူအညီမတောင်းခဲ့ဖူးသည့် ချောမောလှပသည့်အမျိုးသမီးများကလည်း သူ့အပေါ် တွယ်ကပ်နေခဲ့ကြသည်။


လုယန်၏ တပ်ဖွဲ့များသည် ပိုမိုချောမွေ့စွာ ဖွံ့ဖြိုးလာခဲ့သည်။ သူ့အချိန်ရောက်လာပြီဟု သူထင်ခဲ့နေခဲ့သည်။ သို့သော် ရက်ပေါင်းများစွာကို သက်တောင့်သက်သာမရှိခဲ့ရတာတော့ သနားစရာကောင်းပေသည်။ သူ့နယ်မြေတွင် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များရှိလာပြီး ညီငယ်များစွာကို သတ်ဖြတ်ခဲ့လေသည်။ သူသည် လူများစွာနှင့် အပြေးအလွှား ထွက်လာခဲ့ရလေသည်။


လုယန်သည် လွတ်မြောက်လာသူများအခြေစိုက်စခန်းတစ်ခုကို တည်ထောင်ခဲ့ကြောင်း ရေဒီယိုမှ ကြားခဲ့ရသော်လည်း မသွားချင်ခဲ့ချေ။ လွတ်လပ်သောဘဝတစ်ခုတွင် နေထိုင်လိုခဲ့လေသည်။


ဤအချိန်တွင် သူသည် လင်းချန်၏တစ်ဖက်ကမ်းရှိ အခြေစိုက်စခန်းငယ်တစ်ခုကို ရှာတွေ့ခဲ့လေသည်။ လင်းချန်သည် ခရိုင်မြို့ငယ်တစ်ခုဖြစ်ပြီး နေရာသည် ကြီးကြီးမားမားကျယ်၀န်းလှသည်မဟုတ်ချေ။ သို့သော်လည်း စိုက်ပျိုးရေးကို အဓိကအားထားပြီး ဆောင်းဦးရာသီ၏ ရိတ်သိမ်းချိန်ဖြစ် နေခဲ့သည်။


လင်းချန်မြို့တွင် စားစရာများ အလွန်ပေါသည်။လင်းချန်အခြေစိုက်စခန်း၏ ခေါင်းဆောင်သည် ကမ္ဘာပျက်ကပ်ကြီး စတင်ဖြစ်ပွားသည့်အချိန်တွင် လင်းချန်ထောင်ထဲမှ ညီအစ်ကိုတစ်စုနှင့်အတူ ထောင်အစောင့်များဆီမှ သေနတ်များလုယူထွက်ပြေးလာခဲ့သည့် လူတစ်ယောက်ဖြစ်သည်ဟူသော ကောလဟာလသတင်းများ ထွက်ပေါ်နေခဲ့သည်။ ထိုလူအများစုသည် စွမ်းရည်များ နိုးထရလောက်သည်အထိ ကံကောင်းခဲ့ကြသည်။ ထိုနေ့ရက်များတွင် သူတို့သည် လင်းချန်မြို့ရှိ ဖုတ်ကောင်အများစုကို သတ်ဖြတ်ပြီး လူများကိုစုရုံးကာ လင်းချန်မြို့တွင် အခြေစိုက်စခန်းတစ်ခုကို စတင်တည်ထောင်ခဲ့ကြသည်။


လင်းချန်အခြေစိုက်စခန်း၏ ခေါင်းဆောင်သည် စွမ်းအားရှင်တစ်ဦးဖြစ်သောကြောင့် စွမ်းအားရှင်များ၏စွမ်းအားကို နားလည်သဘောပေါက်ပြီး လင်းချန်အခြေစိုက်စခန်းရှိ စွမ်းအားရှင်များ၏ အဆင့်အတန်းနှင့် ပြုစုဆက်ဆံမှုသည် အလွန်ကောင်းမွန်ပါချေသည်။ ၎င်းသည် စွမ်းအားရှင်အချို့ကို ဆွဲဆောင်ခဲ့ပြီး လုယန်သည်လည်း ၎င်းသည် သူ့အတွက် ပို၍သင့်လျော်သည်ဟု ထင်မြင်ခဲ့သော်လည်း သူ့တွင် သာမန်ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တစ်ခုသာရှိလေသည်။ သူသည် အင်္ဂါငါးပါးကို ထိန်းချုပ်နိုင်သည့်သူများထက် ပိုမိုအားကောင်းသော်လည်း လင်းချန်တွင် ခိုင်မြဲစွာရပ်တည်လိုပါက လက်ထဲတွင် ကတ်များပိုလိုအပ်သည်။


သို့သော်လည်း သူသည် လင်းချန်ဘေးရှိ ပစ္စည်းများကို မရွေ့နိုင်ခဲ့ချေ။ သူသည် အပြင်ထွက်ပြီး ရှာဖို့သာ တတ်နိုင်တော့သည်။ သူ ခေါ်ယူလာသည့်လူအားလုံးသည် သေသေချာချာ ရွေးချယ်ထားခြင်းဖြစ်သည်။သူတို့သည် အခြေစိုက်စခန်းသို့ ပြေးချင်သည့် အသက်ရှင်ကျန်ရစ်သူများကို လှည့်စားရန် အဝေးပြေးလမ်းဆုံတွင် တည်းခိုနေထိုင်ခဲ့ကြသည်။ ထိုနေရာများကို ရှာဖွေရန် ကားမောင်းလာကြသည့်သူများသည် ကားထဲတွင်ပစ္စည်းများ များစွာ ရှိရမည်ဖြစ်သည်။ အန္တရာယ်ကင်းသော မျက်နှာထားနှင့် ကြင်နာတတ်သော စိတ်အားထက်သန်သည့် မိသားစုပုံစံနှင့်အတူ သူတို့သည် အကြိမ်တိုင်း အနိုင်ရခဲ့ကြသည်။


ဤတစ်ကြိမ်တွင် သူသည် လမ်းဘေးတွင် ပုန်းလျှိုးကွယ်လျှိုးနေရင်း ပိုက်ကွန်ထဲသို့ သားကောင်ဝင်လာရန် စောင့်မျှော်နေခဲ့လေသည်။ မမျှော်လင့်ထားစွာဖြင့် လီမင်းနှင့်သူ့အဖွဲ့ကို ဆုံတွေ့ခဲ့ကြသည်။ စစ်ကားများနှင့် ထရပ်ကားကြီးများကို ကြည့်လိုက်ပြီး လုယန်သည် ရုတ်တရက် ဆိုးရွားသောအတွေးတစ်ခု ဝင်လာခဲ့သည်။ စစ်ကားလေးစီး၊ စစ်သားအယောက်တစ်ရာ၊ ၎င်းသည် သေနတ်အလက်တစ်ရာကျော်ပါရမည်။ ထို့အပြင် ထို ကြီးမားသောထရပ်ကားသည် ပစ္စည်းများ များစွာတင်ဆောင်ထားနိုင်သည်။


လုယန်၏ စိတ်နှလုံးတစ်ခုလုံး စိတ်လှုပ်ရှားစွာ တုန်လှုပ်သွားပြီး ၎င်းသည် ကြီးမားသော ရိတ်သိမ်းမှုကြီးတစ်ခုပင်။


ထိုသို့ဖောက်ပြန်သည့်လုပ်ရပ်ကို သူလုပ်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပဲ လူပိုနည်းသည်နှင့် လူပိုများသည့်ကိစ္စတစ်ခုသာပင်ဖြစ်သည်။ 


စောစောစီးစီးလုပ်ရန် အစီအစဉ်မရှိခဲ့ သော်လည်း ဒီလူတွေဆီကလည်း အရာအားလုံးကို ယူချင်ခဲ့သည်။ ထို့အပြင် SUV ထဲက လူများသည် သူ့ကို အလွန်အန္တရာယ်များသည့် ခံစားချက်ပေးခဲ့သည်။ ထိုအဖွဲ့သည် G မြို့တွင် တာ၀န်တစ်ခုကို ထမ်းဆောင်ရန် သွားနေကြခြင်းဖြစ်ကြောင်းသိပြီး သူသည် ထိုတာ၀န်အကြောင်း အလွန်အမင်း သိချင်နေခဲ့သည်။ သူသည် အကျိုးအမြတ်များများရနိုင်မည်ဟု အမြဲတမ်း တွေးထားခဲ့ပြီး အထူးသဖြင့် SUV ကားထဲက ယောက်ျားလေးများဆီမှဖြစ်သည်။ သူသည် မိန်းကလေးနှစ်ယောက်ကိုလည်း သူတို့ဆီသွားဖို့ ပြောခဲ့သည်။ ကံမကောင်းစွာနှင့် သူတို့သည် သိပ်မရခဲ့ချေ။


သူသည် အချိုရည်ဘူး တစ်ဖာကို ပြင်ဆင်ပြီး စွမ်းအားရှင်များနှင့် ခွန်အားရှိသူများအတွက် အထူးပြုလုပ်ထားသည့် အထူးစပယ်ရှယ်ဆေးကိုထည့်ခဲ့သည်။ ထိုဆေးသည် လင်းချန်အခြေစိုက်စခန်း ဇီဝဗေဒဆိုင်ရာ သုတေသနတွင် ပါဝင်သော လူငယ်တစ်ဦးမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


၎င်းကို သန္ဓေပြောင်းအပင်၏ ဝတ်မှုန်ဖြစ်သည်။ စားလိုက်သူသည် ဘာမှမခံစားရသော်လည်း သန္ဓေပြောင်းပန်း၏ရနံ့ကို တစ်ကြိမ်လောက်ရလိုက်သည်နှင့် ခန္ဓာကိုယ်တွင်း၌ အလွန်အဆိပ်အတောက်ဖြစ်စေသော အဆိပ်တစ်ခု ဖြစ်ပေါ်လာပြီး ချက်ချင်းသေဆုံးနိုင်ကြောင်း သူရှင်းပြခဲ့သည်။


သူ သူတို့အားသေစေချင်သည့်အချိန်တိုင်း ထိုလူများ အချိုရည်ကိုသောက်နေသရွေ့ သူတို့ သေဆုံးမည်ဖြစ်သည်။ သန္ဓေပြောင်းပန်း၏ရနံ့နှင့် မေ့ဆေး အာနိသင်သည် တစ်စုံတစ်ယောက်သည် သူပြင်ဆင်ထားသည့်အတိုင်း မသောက်လျှင်တောင်မှ စက္ကန့်အနည်းငယ်အတွင်းမှာပင် သေသွားလိမ့်မည်ဖြစ်သည်။ သူဆန္ဒရှိသ၍ သူ့လက်ထဲတွင်အမြဲတမ်း တမ်းဆုပ်ကိုင်ထားနိုင်မည် သေချာနေလေသည်။


နောက်မှသာ သူ့လူများသည် လီမင်းသည် လူထွားတစ်ယောက်ကို G မြို့တွင် ဆင့်ကဲပြောင်းလဲနေသော ဖုတ်ကောင်တစ်ကောင်အကြောင်းပြောနေသည်ကို ကြားခဲ့ရလေသည်။ သူသည် N မြို့ရှိ ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များကြောင့် ကြောက်လန့်ခဲ့ရလေသည်။ လုယန်သည် ထိုစကားလေးလုံးကို ကြားလိုက်ရသောအခါတွင် သူ အနည်းငယ် ကြောက်ရွံ့လာလေသည်။ ထို့ကြောင့် ၎င်းကို ကြိုလုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူသည် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များကို ရင်ဆိုင်ဖို့ရန် G မြို့ကို ဘယ်တော့မှ သွားလိမ့်မည်မဟုတ်ချေ။ 


အလျင်စလို အရမ်းဖြစ်လွန်းနေခဲ့သည်။ လုယန်သည် ထိတ်လန့်တကြားဖြစ်နေတုန်းပင်။ သို့သော်လည်း ဆိုရိုးရှိသည်အရ မင်းကျားတွင်းထဲကို မဝင်ရင် ကျားရဲ့ရတနာကို ရရှိနိုင်မှာ မဟုတ်ချေ။ မင်းစွန့်စားမှုတချို့တော့ လုပ်ရမည်။ မင်းအောင်မြင်ပြီးသည်နှင့် မင်း ရာနှင့်ချီသည့်လက်နက်များ နှင့် ကြီးမားသော ပစ္စည်းရိက္ခာပမာဏကို ရလိမ့်မည်။ 


အားလုံးအိပ်ပျော်သွားသောအခါတွင် ထိုလူများ၏ဦးတည်ရာသို့ ပန်းမျိုးစုံ၏ရေမွှေးကို ပက်ဖျန်းလိုက်ရာ ရနံ့သည် လျင်မြန်စွာပျံ့လွင့်သွားလေသည်။ သူသည် အချိန်အတော်ကြာအောင် စိတ်ရှည်သည်းခံ စောင့်ဆိုင်းပြီးနောက် ချွန်ထက်သော ဓားမြှောင်တစ်ချောင်းကို ကိုင်ပြီး ဖြည်းညှင်းစွာထရပ်ကာ ထိုလူများဆီသို့ လျှောက်သွားခဲ့သည်။


လီမင်းနှင့် သူတို့တော်တော်များများသည် အချိုရည်များ သောက်နေသည်ကို သူ့မျက်စိနှင့် မြင်ခဲ့သည်။ ယခု ခန္ဓာကိုယ်သည် လုံးဝအေးခဲသွားပြီဖြစ်ရမည်။ လွတ်မြောက်ပြီး အိပ်ပျော်သွားသည့် ကျန်သည့်လူများကိုလည်း ရှင်သန်ခွင့်မပေးနိုင်ချေ။ သူတို့အားလုံးကို သတ်ပစ်ရမည်ဖြစ်သည်။


ထို့အပြင် သူ့ကို စိတ်မသက်မသာဖြစ်စေခဲ့သည့် SUV ကားကို မောင်းလာသည့်အဖွဲ့သားများကို သတ်ပစ်ရမည်ဖြစ်သည်။ သို့သော် ထိုလှပသည့်ကောင်မလေးနှစ်ယောက်ကတော့ တစ်ခဏလောက်တော့ နေနိုင်လိမ့်မည်။ သူတို့ နိုးလာသည့်အခါ သူတို့ ပတ်ဝန်းကျင်ရှိ လူအားလုံး အလောင်းများ ဖြစ်သွားတာကို တွေ့လိုက်ရပါက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်အထိ ကြောက်လန့်သွားကြလိမ့်မည်။ ထို့နောက်မှာတော့ သူပြောတာကို မလိုက်နာဘဲ နေနိုင်ပါ့မလား။


လုယန်သည် သူ့မျက်နှာပေါ်တွင် အလွန်ဆိုးရွားသော အပြုံးတစ်ခုဖြင့် သူ့နှလုံးသားထဲတွင် ထိုအရာအားလုံးကို တွေးနေခဲ့ပြီး ကျန့်ယွင်အနားသို့ ဖြည်းညှင်းစွာ ရောက်လာခဲ့လေသည်။


ကျန့်ယွင်၏အသက်ကိုယူဖို့ ဓားမြှောင်ကို မြှောက်လိုက်ချိန်မှာပဲ အခန်းသည် ရုတ်တရက်လင်းထိန်သွားလေ၏။ မှန်တံခါးမှ နေရောင်ခြည်ကို တားဆီးထားသည့် အ၀တ်ကို ဆွဲဖွင့်လိုက်သည့်သူမှာ ဝူကျင်းပင်ဖြစ်၏။  


လုယန်သည် သူ့ရှေ့တွင် တောက်ပသော အလင်းတန်းတစ်ခုသာ ရှိနေသည်ကို ခံစားလိုက်ရသည်။ ပိန်ပါးသောလူတစ်ယောက် သူ့ဆီရောက်လာသည့်အချိန်ကိုပင် မသိလိုက်ချေ။ သူသည် သူ့လက်ထဲရှိ ဓားမြှောင်ကို ဆွဲယူကာ သူ့ဗိုက်ကိုကန်ကျောက်လိုက်ပြီး လေးငါးမီတာနီးပါး အကွာအဝေးသို့ ပျံသန်းသွားစေလိုက်လေသည်။


လုယန်၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် ပြူးကျယ်သွားလေသည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကို အသုံးပြုသူတစ်ဦးဖြစ်၏။ တစ်စုံတစ်ယောက်သည် သူ့လက်ထဲမှ ဓားမြှောင်ကို မည်ကဲ့သို့ လုယူ၍ သူ့အားအဝေးကြီးသို့ ကန်ထုတ်နိုင်သနည်း။


ထိုအချိန်တွင် သူသည် ကြောင်နက်ကလေးကို ပိုက်ထားသောယွီသုန်သုန်ကို သတိထားမိလိုက်လေ၏။ လုယန်သည် အခြားသူများ၏ အားနည်းချက်များကို ရှာဖွေရန် သိသူတစ်ယောက်ဖြစ်သည်။ ဤလူအုပ်စုတွင် ကလေးတစ်ယောက်ရှိသည်ကို သိထားခဲ့ပြီး သူတို့သည် သူ့အား အလွန်အဖိုးတန်သည်ဟု မှတ်ယူထားကြလေသည်။ ထို့ကြောင့် သူသည် ကြမ်းပြင်ပေါ်မှ ကုန်းထကာ ယွီသုန်သုန်ဆီသို့ အလျင်မြန်ဆုံးနှုန်းဖြင့် ပြေးသွားခဲ့လေသည်။ သူသည်ဤကလေးကို ဖမ်းပြီး ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုလိုခဲ့သည်။


သို့သော်လည်း သူ ယွီသုန်သုန်ဆီကို အမြန်ပြေးသွားခဲ့ရုံသာရှိသေးသည်၊ သူ့လက်ကို မဆန့်ထုတ်ခင်မှာပင် သူ့ရင်ဘတ်တွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် မယုံကြည်နိုင်စွာ ခေါင်းငုံ့ကြည့်လိုက်ပြီး သု့ရင်ဘတ်တွင် ဓားတစ်ချောင်း ထိုးစိုက်နေသည်ကို တွေ့လိုက်ရလေသည်။ ထို့အပြင် ဓားကိုင်ထားသူမှာ အသက်ဆယ့်ခုနစ်နှစ်ဆယ့်ရှစ်နှစ်လောက်သာ ရှိသေးပြီး လိမ္မာပြီး အန္တရာယ်ကင်းပုံရသည့် ကောင်လေးတစ်ယောက်ဖြစ်လေသည်။ ထိုလူငယ်လေးသည် သူ့မျက်လုံးတွေကို ကြည့်လိုက်သည်နှင့်တင် အဆိပ်ပြင်းတစ်ခုကဲ့သို့ ပြင်းထန်နေလေသည်။


လုယန်သည် သူ့ပါးစပ်ကိုဖွင့်ပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ကာ ဆန္ဒမရှိစွာပဲ မြေပြင်ပေါ် သို့လဲကျသွားလေသည်။ 


စုရွေ့ကျယ်သည် သူ့ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး သူ့အဝတ်အစားပေါ်သုတ်၍ သန့်ရှင်းလိုက်ပြီး သူနေရာလွတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။


ခြေလှမ်းများကို နှေးလိုက်ပြီး ကျန့်ကျားဟယ်သည် မြင်ကွင်းကို ကြည့်ကာ သူ့တံတွေးကို မြိုချလိုက်သည်။ ပြီးနောက် နောက်သို့လှည့်ပြီး စစ်သားများကို တိုက်ခိုက်မည့်သူများကို ရပ်တန့်ဖို့ရန် ပြေးသွားခဲ့လေသည်။


လီမင်းနှင့် သူ့အဖွဲ့ကို ကျန့်ယွင်က သောက်ချင်ယောင်ဆောင်ပြီး တကယ်မသောက်ဖို့ပဲလိုကြောင်း သတိပေးခဲ့သော်လည်း ပန်း၏ရနံ့သည်ရုတ်တရက်မို့ မူးဝေနေကြဆဲဖြစ်ကာ ချက်ချင်း အသက်ရှုကြပ်သွားခဲ့ကြသေးသည်။ 


ထို့အပြင် ဘေးကင်းစေရန်အတွက် လုယန်သည် ငါးမိနစ်ကျော်စောင့်ဆိုင်းခဲ့ပြီး ပန်းရနံ့များသည် ပျောက်ကွယ်သွားသည်အထိ မစတင်ခဲ့ချေ။ စစ်သားတစ်ယောက် ဘယ်လောက်ပင် ပြင်းထန်သန်မာနေပါစေ သူသည် အချိန်အကြာကြီး အသက်ရှူမဝနိုင်တော့ပေ။ လေနှင့် ရနံ့အများစုကို အချိန်မီ မှုတ်ထုတ်နိုင်ခဲ့သည့် ချန်ကျောင်းကြောင့်သာ မဟုတ်ပါက လုယန် စီစဉ်ထားသည့်အတိုင်း တကယ်အောင်မြင်သွားပေလိမ့်မည်။ 


လုယန်လဲကျသွားသည်ကို တွေ့သောအခါ တခြားသူများသည် အခြေအနေဘယ်လောက်ဆိုး ကြောင်း သိလိုက်ကြပြီး ချက်ချင်းပြန်တိုက်ခိုက်ကြလေသည်။ လုယန်၏လူများသည် အမှိုက်များမဟုတ်ကြချေ။ သူတို့အားလုံးသည် စွမ်းအားရှင်များဖြစ်ကြသော်လည်း အားလုံးတွင် ပြင်းထန်သောစွမ်းအားများမရှိကြချေ။ 


အသက်ကြီးသည့်မိန်းကလေးတွင် ရေစွမ်းအားရှိပြီး ကံမကောင်းစွာနှင့်ပင် သူမ၏အဆင့်သည်နိမ့် နေခဲ့သည်။ ရေပိုက်ခေါင်းထဲမှထုတ်လွှတ်သည့် ရေပမာဏလောက်နှင့်သာ အတူတူနီးပါးဖြစ်ကာ ပြင်းထန်ကြမ်းတမ်းဖို့ရာ ခက်ခဲလေသည်။ ပိုငယ်သည့်မိန်းကလေးမှာတော့ ဆီစားသက်သာသည့်စွမ်းအားမရှိခဲ့ချေ။ သူမ၏ဆံပင်များ ရှည်လာပြီး သူမသည် သူမ၏ဆံပင်ကို ကြာပွတ်ကဲ့သို့ တိုက်ခိုက်ခဲ့ပြီး သူမတွင် တိုက်ခိုက်နိုင်စွမ်းအချို့ရှိခဲ့သည်။


ထိုလူငယ်သုံးယောက်သည် တစ်ဦးသည် လျင်မြန်ပြီး၊ တစ်ဦးသည် ခုန်တက်နိုင်ကာ တစ်ဦးသည်အရောင်ပြောင်းနိုင်ကာ သူတို့သည် တိုက်ခိုက်နိုင်စွမ်း အလွန်ကောင်းသော်လည်း ကျန့်ယွင် ၏ဆွဲငင်အားရှေ့တွင်တော့ မလုံလောက်ကြပါချေ။ ကျန့်ယွင်၏ဆွဲငင်အားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် နာခံမှုရှိရှိသာ လှဲလျောင်းနေနိုင်ကြလေတော့သည်။


ဤအရာများ ယိုယွင်းပျက်စီးလာနေသည်ကို သက်လတ်ပိုင်း အမျိုးသမီးမြင်လိုက်ရသဖြင့် ဘာမှ ဂရုမစိုက်တော့ချေ။ သူမသည် ချက်ချင်း တောက်တဲ့တစ်ကောင် ဖြစ်သွားကာ တံခါးဆီသို့ အမြန်တက်လိုက်လေသည်။ 


မြောင် 


ရှောင်ဟေးသည် အော်ပြီး ယွီသုန်သုန်၏လက်ထဲမှ ခုန်ထွက်ကာ တောက်တဲ့၀တုတ်ဆီသို့ ပြေးသွာလေ၏။ 


ရှောင်ဟေးသည် တောက်တဲ့ကို ပြင်းပြင်းထန်ထန် ဖိလိုက်တာကြောင့် တောက်တဲ့ရဲ့ အမြီးကို ဖြတ်ထုတ်လိုက်လေသည်။ တောက်တဲ့သည် အော်ပြီး လွတ်မြောက်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ ရှောင်ဟေးသည် သူ့လက်သည်းများအောက်ရှိ အမြီးကိုကြည့်နေခဲ့ပြီး ကြောင်၏မျက်လုံးများ တဖြတ်ဖြတ်ဖြစ်သွားလေသည်။ သူဘာတွေဖြစ်နေတာလဲကို နားမလည်နိုင်ဖြစ်နေပုံရလေသည်။ 


အမြီးပြတ်နေသည့် တောက်တဲ့တစ်ကောင်သည် မှန်တံခါးဆီသို့ပြေးသွားလေ၏။မှန်တံခါး အက်ကွကြောင်းမှ ဖြတ်သွားမည့်အချိန်တွင် လေဓားတစ်ခုဖြင့် ဦးခေါင်းကို ခုတ်ခံလိုက်ရလေ၏။ 


ထို့နောက်မှာတော့ တောက်တဲ့၏ကိုယ်သည် တဖြည်းဖြည်း ခေါင်းမရှိသည့် ကိုယ်လုံးတီးအမျိုးသမီးခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းသွားလေ၏။ 


ထိုပုံသည် အလွန်ညစ်ညမ်းပြီး အမြင်ဆိုးရွားလေသည်။ 


လူတိုင်းသည် ချန်ကျောင်းအား ပြောစရာစကားမဲ့စွာ ကြည့်လိုက်ကြလေ၏။ 


ချန်ကျောင်းသည် သူမ၏ မက်မွန်မွင့်မျက်လုံးလေးများကို အပြစ်ကင်းစွာ ခတ်လိုက်ပြီး 


“အာ..ငါ အဲ့လိုဖြစ်ဖို့ မရည်ရွယ်ပါဘူး....”


သူမ၏ စွမ်းရည်ကို ထိန်းကျောင်းရာတွင် လုံလုံလောက်လောက် မကျွမ်းကျင်ခဲ့ပေ။ ဓါး၏ တိကျမှုသည် မကောင်းသေးချေ။ သူမ၏ ဓားသည် တောက်တဲ့ခေါင်းကို တစ်ချက်တည်းနှင့် ဖြတ်လိုက်မိမည်ကို သူမ မည်သို့ သိနိုင်မည်နည်း။ 


နောက်ဆုံးတွင် ချန်ကျောင်းသည် ဦးခေါင်းမပါသော အမျိုးသမီးအလောင်း၏ အလောင်းကိုအဝတ်တစ်ထည်ကိုယူကာအုပ်လိုက်ပြီး ကျန့်ကျားဟယ်အား လုယန်နှင့် သူမ၏အလောင်းကို အတူတကွ ပစ်ထုတ်ပစ်ရန်ပြောနေစဉ် စုန့်ချန်ရှုသည် မြေပြင်ပေါ်ရှိ သွေးများအားလုံးကို ဆေးကြောနေလေသည်။