အခန်း(၆၄)
Viewers 12k


အခန်း(၆၄)《 အဆင့်သုံးဖုတ်ကောင် 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


လီမင်းနှင့် အခြားသူများ သတိပြန်ရလာကြသောအခါ ဖက်တီးနှင့် သူ၏ 'ဇနီး' တို့သည် သေဆုံးသွားကြပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ လူငယ်များသည် အရာအားလုံးကို ၀န်ခံခဲ့ကြလေသည်။ လီမင်း၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး သူတို့ကြုံတွေ့ရမည့်အရာပင်ဖြစ်သည်။


သူတို့၏ မူလအစ ရည်ရွယ်ချက်ကို သိသွားသည့်အခါမှာတော့ လီမင်းနှင့်တခြားလူများအားလုံး တိတ်ဆိတ်သွားကြလေသည်။


ဤလူများသည် စစ်တပ်ကို ဓားပြတိုက်ဖို့သာမက သတ်ပစ်ဖို့ပါ ရည်ရွယ်ထားကြလေသည်။သူတို့သည် ငယ်ရွယ်ကြသော်လည်း ၎င်းကိုလုပ်ဖို့ရန် ရက်စက်ကြမ်းကြုတ်နေကြပြီဖြစ်သည်။ အကယ်၍ ဤမစ်ရှင်တွင် ကျန့်ယွင်နှင့်သူ့အဖွဲ့၏ပူးပေါင်းပါဝင်မှု မရှိခဲ့ဘူးဆိုလျှင် အခုဆို ဒီနေရာတွင် စစ်သားများ သေဆုံးသွားကြမည် မဟုတ်ပါလား။ သူတို့သည် အေးခဲနေသည့် အလောင်းများဖြစ်နေပေလိမ့်မည်။


“ကျေးဇူးပြုပြီး ကျွန်မတို့ကို သွားခွင့်ပြုပါ...”


“ကျွန်မတို့ မှားတာကိုသိပါပြီ......”


“ကျွန်မတို့ ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်မလုပ်ရဲတော့ပါဘူး ဝူး ဝူး ဝူး ”


လူတိုင်းသည် ကြောက်ရွံ့ထိတ်လန့်ပြီး အဆက်မပြတ် တောင်းပန်နေခဲ့ကြလေသည်။ မိန်းကလေးနှစ်ယောက်သည် ငိုယိုပြီး တောင်းပန်နေခဲ့ကြလေသည်။


ယခု သူတို့ရှေ့တွင် ရွေးချယ်စရာနှစ်ခုသာရှိသည်။ သူတို့ကို သတ်ရမလား နှင့် တခြားတစ်ခုသည် သူတိုကို လွှတ်ပေးလိုက်ရမလားပင်။ 


သူတို့ကို လွှတ်လိုက်ဖို့ လုံးဝမဖြစ်နိုင်ချေ။ ဤလူများသည် ငယ်ရွယ်ပုံပေါက်သော်လည်း လုယန်အား မကောင်းမှုများစွာကို ပြုလုပ်ဖို့ ကူညီပေးခဲ့ကြပြီး သူတို့၏လက်များတွင် အပြစ်မဲ့လူများစွာ၏ သွေးများစွန်းထင်းနေကြပေသည်။ သူတို့ကိုလွှတ်ပေးလိုက်ခြင်းသည် ကျားကို တောင်ပေါ်သို့ ပြန်လွှတ်လိုက်သလိုပင်ဖြစ်လိမ့်မည်။ ယနေ့ သူတို့၏တဒင်္ဂအားနည်းမှုသည် နောင်အနာဂတ်တွင်အပြစ်မဲ့သေဆုံးမှုများ ပိုများလာလေမလားဆိုသည်ကို မည်သူသိနိုင်ပါမည်နည်း။ 


လီမင်းသည် စက္ကန့်အနည်းငယ်မျှ မျက်လုံးမှိတ်ထားပြီး ပြန်မဖွင့်မီ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။  


“သူတို့ကို ထုတ်လိုက် ”


“ဟုတ်ကဲ့ ”


စစ်သားအချို့သည် ရှေ့သို့လာပြီး တချိန်လုံး ငိုနေကြသည့်လူများကို သူတို့၏ပါးစပ်များကို အုပ်ကာ ဆွဲထုတ်သွားကြလေသည်။ 


စစ်သားများသည် မကြာခင် ပြန်ရောက်လာပြီးသူတို့ဆွဲထုတ်သွားသည့်လူများမပါလာခဲ့ချေ။ အပြင်ဘက်တွင် မီးလောင်နေပြီး ဘယ်နေရာကမှန်း ဘယ်သူသိပါ့မလဲ။ မီးလောင်သည့်အနံ့ကို ရနေကြသော်လည်း ဘယ်သူမှ မေးခွန်းမမေးလာကြဘဲ မသိတာက ပိုကောင်းပါသည်။ 


အခန်းသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားလေသည်။ ဝူကျင်းသည် မှန်တံခါးများကို ပိတ်ကာ အဝတ်ပုဝါဖြင့် ပိတ်ကာလိုက်သည်။ နောက်ဆုံးတွင် သူတို့ ကောင်းကောင်းအနားယူနိုင်ကြပြီသည်။


ညဘက်ရောက်သောအခါ တစ်ခုခုစားကြပြီး လမ်းပေါ်ပြန်တက်ခဲ့ကြလေသည်။


ဝန်ဆောင်မှုဧရိယာတွင် စီးပွားရေးလုပ်ငန်းသုံးကားအလွတ်တစ်စီးနှင့် ပြာများသာ ကျန်ရှိခဲ့တော့သည်။


နှစ်ရာရီ၀န်းကျင်လောက်တွင် အဖွဲ့သည် Gမြို့ဆိုင်းဘုတ်ကို မြင်လိုက်ကြရသည်။ 


“ငါတို့ ရှေ့က တိုးဂိတ်ကိုဖြတ်ပြီးတာနဲ့ Gမြို့ထဲကို ၀င်ရောက်ပြီဖြစ်လိမ့်မယ်။ သတိကပ်ထားကြပါ။ Gမြို့ထဲမှာ ဆင့်ကဲပြောင်းလဲနေတဲ့ ဖုတ်ကောင်တွေတစ်ကောင်ထက်ပိုရှိပြီး မြို့က အရမ်း အန္တရာယ်များတယ်။ ”


Gမြို့သို့ မ၀င်ရောက်မီ လီမင်းသည် နှစ်မျိုးသုံး ရေဒီယိုမှတဆင့် အချိန်မရွေးတိုက်ပွဲအတွက် အသင့်ပြင်ဆင်ထားကြရန် လူတိုင်းအား သတိပေးလိုက်သည်။ 


G မြို့တွင်လည်း လျှပ်စစ်ဓာတ်အားမရှိခဲ့ချေ။ အဖွဲ့သည် မီးမဖွင့်ဘဲ မောင်းလာခဲ့ကြသည်။ အဝေးက မှောင်မိုက်နေသည့် မြို့ကြီးသည် အဆုံးမရှိသည့် မဲမှောင်နေသည့် အပေါက်တစ်ခုလိုပင် အဖွဲ့ကို ဖြည်းညှင်းစွာ ဝါးမျိုသွားသကဲ့သို့ပင် ဖြစ်နေသည်။


“ရှေ့လမ်းခွဲရောက်ရင် ဘယ်ဘက်ကိုကွေ့ ”


လီမင်းသည် ဓာတ်မီးတစ်ခုကိုကိုင်ထားပြီး လျှပ်စစ်စက်ရုံအသစ်တည်နေရာဆီသို့ အဖွဲ့အားလမ်းညွှန်ပေးရန် မြေပုံကို ကြည့်နေခဲ့သည်။ 


“ရပ်၊ ရပ် ”


ကျန့်ယွင်၏ အရေးတကြီးအော်သံသည် ရေဒီယိုမှတဆင့်ထွက်လာလေ၏။ 


အရှိန်ပြင်းပြင်းနှင့် မောင်းနေသည့်ကားသည် ချက်ချင်း ဘရိတ်အုပ်လိုက်၏။ ဘရိတ်အုပ်သံသည် လူတိုင်း၏ နားစည်ကို ထိခိုက်သွားလေသည်။


“ခေါင်းဆောင်၊ ဘာဖြစ်လို့လဲ။ ဘာလို့ရပ်လိုက်တာလဲ ”


အီနားရှားကြောင့် လီမင်း၏ခေါင်းသည် ကားဘောင်ကို တိုက်မိလိုက်သော်လည်း သူ့ဒဏ်ရာများကို ဂရုစိုက်ရန် အချိန်မရချေ။ နာကျင်မှုကို ခံနိုင်ရည်ရှိရန် ကြိုးစားပြီး ရေဒီယိုကို ကောက်ကိုင်ကာ ဘာဖြစ်သွားတာလဲဟု ကျန့်ယွင်အား မေးလိုက်သည်။


“အပြင်ဘက်ကိုကြည့်လိုက် ”


လီမင်၏ နှလုံးသားထဲတွင် တားမြစ်ထားသည့် အာရုံတစ်ခု တိုးထွက်လာလေသည်။ သူ့စကားအတိုင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ အမှောင်ထဲတွင် နီရဲနေသောမျက်လုံးအစုံများသည် အနီရောင်မီးလုံးကြီးတစ်လုံးကဲ့သို့ တောက်ပနေသည်။ သူတို့သည် ဘယ်အချိန်က သူတို့အား ဖုတ်ကောင်များ ဝိုင်းလာသည်ကို မသိလိုက်ကြချေ။ 


“ပြန်လှည့်၊ မြန်မြန်၊ ဒီကနေထွက်သွားကြမယ် ”


ယခု သူတို့သည် မြို့ထဲသို့၀င်လာခဲ့ပြီး အဆောက်အဦးများ နှင့် လမ်းများ၀န်းရံနေသည်။ အထဲတွင် ဖုတ်ကောင်မည်မျှ ပုန်းနေမည်ကို ဘုရားသာသိလိမ့်မည်။ သူတို့သည် ဤနေရာမှ အမြန်ဆုတ်ကာ ပိုပွင့်လင်းသည့်နေရာတစ်ခုသို့ အမြန်သွားကြရမည်။ 


ကမောင်းသူသည် ချက်ချင်းပြန်ဆုတ်လေသည်။ သို့သော် ပြတ်သားသည့် သေနတ်သံသည် လူအုပ်အားလုံး၀ကို တင်းမာသွာစေ၏။ အရှေ့ဘက်တွင် တိုက်ပွဲစတင်ခဲ့ပုံရသည်။ 


“ဘာဖြစ်နေတာလဲ၊ ကျေးဇူးပြုပြီး၊ ပြန်ဖြေပါ! ကျေးဇူးပြုပြီး၊ ပြန်ဖြေပါ ”


နှစ်မျိုးသုံးရေဒီယိုမှ ပြင်းပြင်းထန်ထန် အက်ကွဲသံများကြားရပြီးနောက် ဖန်ကွဲအက်သံများနှင့် သံပြားပေါ်မှ လက်သည်းများ ကုတ်ခြစ်နေသည့် အေးစက်စက်အသံများကိုသာ ကြားလိုက်ကြရသည်။


“ရှေ့မီးတွေကိုဖွင့်လိုက်၊ လူတိုင်း တိုက်ခိုက်ဖို့အသင့်ပြင် ”


လီမင်းသည် ထိတ်လန့်သွားပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။


 စစ်တပ်ကားများပေါ်မှ မီးသီးများစွာကို ဖွင့်လိုက်ကြသည်။ လီမင်းအမိန့်ပေးလိုက်ပြီးနောက် သူတို့ဖွင့်လိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ အမှောင်လမ်းများသည် နေ့အလင်းရောင်ကဲ့သို့ တောက်ပလာခဲ့ပြီး အမှောင်ထဲတွင် ပုန်းနေသော ရုပ်လုံးများကို ထုတ်ဖော်ပြသလိုက်လေသည်။ 


သိသိသာသာပင် လီမင်း၏အဖွဲ့သည် တိုက်ခိုက်ခံနေရပြီး အကူအညီလိုနေခဲ့သည်။ 


“အားချီ၊ ကျောင်းကျောင်း၊ ငါနဲ့အပြင်လိုက်ခဲ့။ ကျန်တဲ့သူတွေ ကားထဲကစောင့်နေကြ ”


ကျန့်ယွင်သည် သေနတ်ကိုယူကာ တံခါးကိုအမြန်ဖွင့်ပြီး ကားထဲမှ ထွက်လိုက်၏။ 


ချန်းချီနှင့် ချန်းကျောင်းတို့သည်လည်း အနီးမှ ကပ်လိုက်သွားကြကာ လူသုံးယောက်သည် ကျောချင်းကပ်ထားကြကာ လျင်မြန်သည့်လှုပ်ရှားမှုဖြင့် ရှေ့သို့သွားနေကြသည်။ 


သုံးယောက်သားသည် လှုပ်ရှားရင်း ဆက်တိုက်ပစ်ခတ်နေကြသည်။ ပစ်ချက်တိုင်းသည် နီးကပ်လာသည့် အလောင်းကောင်ကို တိကျစွာ ပစ်နိုင်ခဲ့သည်။


ရုတ်တရက် တစ်စုံတစ်ယောက်က SUVကား၏ ခေါင်မိုးပေါ်သို့ ခုန်ဆင်းသွားသလိုမျိုး အပေါ်ကနေ ကျယ်လောင်သည့် အသံတစ်ခုထွက်လာလေသည်။


နောက်အခိုက်အတန့်မှာပင် သံစိမ်းရောင်အရေပြားနှင့် အရိုးငေါငေါလက်တစ်ဖက်သည် ၎င်း၏အမဲရောင်လက်သည်းများဖြင့် ခေါင်မိုးပေါ်သို့ကုတ်ခြစ်ပြီး တည့်တည့်စိုက်၀င်သွားလေသည်။ 


ကျန့်ကျားဟယ်သည် သူ့ပုံမှန်ဂေါက်ကလပ်ကို ချက်ချင်း လွှဲယမ်းလိုက်ပြီး ၎င်း၏လက်မောင်းကို ပြင်းပြင်းထန်ထန် ထိသွားလေသည်။ ၎င်းသည် သာမာန်ဖုတ်ကောင်တစ်ကောင်ဆိုပါက ဤအဆင့်နှစ်စွမ်းအားရှင်၏ ရိုက်ချက်ကြောင့် ၎င်း၏ လက်မောင်းရိုးများ လုံးဝကွဲသွားစေသင့်သည်။ ဖုတ်ကောင်၏လက်မောင်းသည် ရွဲ့စောင်းနေပြီး အရိုး နေရာလွဲသွားပုံရသော်လည်း ကျန့်ကျားဟယ်၏လက်များထုံနေချိန်တွင် ၎င်းသည်လုံးဝမကျိုးသွားခဲ့ချေ။ 


“၀ှက်သယ်ဖက်၊ အဲ့ဒါကြီးက ဘယ်လိုတောင်လဲ။ဖုတ်ကောင်ရဲ့အရိုးတွေက စတီးနဲ့လုပ်ထားတာလား ”


ကျန့်ကျားဟယ်သည် မကျိန်ဆဲဘဲမနေနိုင်တော့ချေ။


စုရွေ့ကျယ်သည် သူ့စကားကိုကြားသောအခါ သူထိတ်လန့်သွားသည်။ မာကျောသောအရိုးများ၊ ကြမ်းတမ်းသော အသားအရည်နှင့် တိုးလာသောခွန်အား။ စသည့်အရာများအားလုံးသည် အဆင့် သုံး ဖုတ်ကောင်များ၏ ညွှန်ပြချက်များပင်ဖြစ်သည်။


အကယ်၍ အစပိုင်းတွင်ပေါ်လာခဲ့သော သာမန်ဖုတ်ကောင်များသည် လှုပ်ရှားမှုနှေးကွေးပြီး၊ မီးခိုးရောင်နှင့် ကိုင်တွယ်ရလွယ်ကူသည့် ဖြတ်ကောင်များသည် အဆင့်တစ် ဖုတ်ကောင်များဖြစ်ကာ နောက်ဆင့်ကဲဖြစ်စဉ်သည် အဆင့်နှစ် ဖုတ်ကောင်ဖြစ်သည်။ ထို့အပြင် ယခု သူတို့သည် နောက်တစ်ကြိမ် ဆင့်ကဲတိုးတက်သွားသည့် အဆင့်သုံးဖုတ်ကောင်များနှင့် ရင်ဆိုင်နေကြရပြီဖြစ်သည်။


၎င်းသည် အဆင့်တစ် စွမ်းအားရှင်များ တွန်းလှန်နိုင်သည့်အရာမဟုတ်ပေ။ ကျန့်ကျားဟယ်သည် အဆင့်နှစ်စွမ်းအားရှင်တစ်တစ်ယောက် ဖြစ်နေခဲ့လျှင်တောင် ၎င်းသည် ရင်ဆိုင်ဖြေရှင်းရန် အလွန်ခက်ခဲကြောင်း တွေ့လိမ့်မည်ပင်....


“ကားထဲကမထွက်နဲ့၊ ကျွန်တော် အဲ့ဖုတ်ကောင်ကို ဂရုစိုက်လိုက်မယ်”


စုရွေ့ကျယ် သူ့သူငယ်ချင်းများအား ပြောလိုက်၏။ 


အနည်းဆုံးတော့ သူသည် အဆင့်သုံးစွမ်းအားရှင်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ယခု သူသည်ထိန်းချုပ်နိုင်သည့် အပင်များစွာ ရှိနေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် အခြားသူများထံမှ ပုန်းကွယ်မနေချင်တော့ချေ။ သူ့တွင် သူကာကွယ်ချင်သည့်သူအားလုံးကို ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု သူယုံကြည်သည်။


လက်သည် ကားခေါင်မိုးသို့ နောက်တစ်ခါကျလာပြန်သည်။ ဤတစ်ကြိမ်တွင် စုရွေ့ကျယ်၏ဘက်ဆီသို့ တိကျစွာ ချိန်ရွယ်ထားလေသည်။


စုရွေ့ကျယ်သည် သူ၏ ဘယ်လက်ထဲတွင် အခွံမာသီးတစ်လုံးကို ကိုင်ထား၏။ သူ့စွမ်းရည်ကို အသက်သွင်းပြီးနောက် စုရွေ့ကျယ်သည် ဖုတ်ကောင်များ၏ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးပိတ်ဆို့နိုင်သည့် အဝါရောင်ဒိုင်းငယ်တစ်ခုကို ဖန်တီးခဲ့သည်။


တစ်ချိန်တည်းမှာပင် ကားတံခါးကိုဖွင့်ပြီး ကားထဲမှ အမြန်ထွက်လာခဲ့သည်။


ဖုတ်ကောင်သည် သူ့ကို ပစ်မှတ်ထားနေပုံရပြီး ကားခေါင်မိုးပေါ်ကနေ ခုန်ချလာခဲ့သည်။ ၎င်းသည် ခြောက်သွေ့နေသည့် ဖုတ်ကောင်တစ်ကောင်ဖြစ်သည်။ မျက်နှာတစ်ပြင်တစ်ခုလုံးသည် ရုပ်ရှင်ထဲက ET လောက် ထိတ်လန့်ကြောက်ရွံ့စရာကောင်းသည်။ ၎င်းသည် ၎င်း၏အပြာရောင်မျက်နှာနှင့် အစွယ်များနှင့် ကြောက်စရာကောင်းလှသည်။ 


ဖုတ်ကောင် မြေပေါ်သို့ရောက်သည်ကို မစောင့်ဘဲ စုရွေ့ကျယ်သည် သူ့သေနတ်ကို မြှောက်ကာ ဖုတ်ကောင်ကို တိကျစွာ ပစ်လိုက်သည်။ အစိမ်းရောင်ကျည်ဆန်သည် ဖုတ်ကောင်၏ရင်ဘတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသော်လည်း သွေးများထွက်မလာခဲ့ချေ။ ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို ဦးခေါင်းရှိ အမြုတေမှ စုပ်ယူသွားခဲ့ပြီးဖြစ်သည်။


ဂရား 


ဖုတ်ကောင်သည် ဒေါသထွက်နေပုံရပြီး သွေးလိုနီရဲနေသည့် မျက်လုံးများဖြင့် စုရွေ့ကျယ်အား စိုက်ကြည့်လာလေကာ ချက်ချင်းစားချင် နေသကဲ့သို့ပင်။


သူ့ဆီရောက်လာသောအခါ ဘေးဘက်ဆီသို့ရှောင်တိမ်းကာ ဖုတ်ကောင်ကို သုံးချက်ဆက်တိုက် ပစ် လိုက်သည်။ ဖုတ်ကောင်တိုက်ခိုက်သည့်အချိန်တိုင်း စုရွေ့ကျယ်၏လက်ထဲရှိ အခွံမာသီးဒိုင်းကာသည် ဖုတ်ကောင်ကို ပိတ်ဆို့ထားလိမ့်မည်ဖြစ်သည်။


ဆက်တိုက် တိုက်ခိုက်ပြီးနောက် ပဲစေ့ကျည်ဆန်သည် နောက်ဆုံးတွင် ၎င်း၏အာနိသင်ကိုပြလာ ‌လေသည်။ အဆင့်သုံး ဖုတ်ကောင်သည် လဲကျသွားပြီး ၎င်း၏ အရေပြားသည် အရောင်ပြောင်းသွားလေသည်။


ဂရား


ဖုတ်ကောင်သည် ကျယ်လောင်စွာ အော်ဟောက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို နှိုးဆွခံလိုက်ရသလိုဖြစ်လာသည်။ ၎င်းတို့အားလုံးသည် လှည့်လာပြီး စုရွေ့ကျယ်ဘက်ဆီသို့ စုရုံးလာကြလေသည်။ 


သို့သော် စုရွေ့ကျယ်သည် မတုန်လှုပ်ခဲ့ပါချေ။ သူ့လက်ထဲတွင် ချယ်ရီဗုံးနှစ်လုံးရှိသည်။ သူသည် ဖုတ်ကောင်များဆီ ချိန်ပြီး ၎င်းတို့ကို ပစ်ချလိုက်လေသည်။


ဘွန်း


ဗုံးသည် ပေါက်ကွဲသွားလေပြီး ဖုတ်ကောင်များစွာသည် ပေါက်ကွဲကုန်ကြလေသည်။ 


ဂရား


ဖုတ်ကောင်သည် ဆက်၍ အော်ဟောက်နေဆဲဖြစ်လေသည်။ 


နေရာတိုင်းဆီမှ ဖုတ်ကောင်များသည် တဖွဲဖွဲရောက်လာကြလေသည်။ ကြောက်ရွံ့မှုဆိုသည်ကို မသိပါဘဲ ၎င်းတို့သည် စုရွေ့ကျယ်ဘက်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာကြကာ ထို့နောက်မှာတော့ ၎င်းတို့သည် တစ်ခါ ထပ်ခါပင် လဲပြိုကုန်ကြလေ၏။ 


စုရွေ့ကျယ်၏နဖူးမှ ချွေးအေးများ တဖြည်းဖြည်းထွက်လာလေသည်။ သူ့စွမ်းအားသည် အားကောင်းသန်မာလျှင်တောင် အားအင်ကုန်ခမ်းသွားသောအခါတွင် အသုံးမဝင်တော့ချေ။အဆက်မပြတ် အပင်များကို လက်နက်များအဖြစ်အသွင်ပြောင်းလဲခြင်းသည် သူ့စွမ်းအားများစွာ သုံးစွဲခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ စွမ်းအားများ အချိန်မီ ဖြည့်တင်းနိုင်ရန်အတွက် ကြည်လင်သောအမြုတေ အများအပြားကို သယ်ယူလာခဲ့သည်။


ဤနေရာတွင် စုဝေးနေသည့် ဖုတ်ကောင်များ အလွန်များပြားလာ‌နေသည်။ ဖုတ်ကောင်များသည် SUVကားနှင့် ဆက်တိုက်တိုက်မိနေကြသည်။ ကျန့်ကျားဟယ်နှင့် ကျန်းရှို့လျန်တို့သည် သေနတ်များဖြင့် ပစ်ခတ်နေကြသော်လည်း သူတို့၏ သတ်ဖြတ်မှုအမြန်နှုန်းသည် ဖုတ်ကောင်များစုရုံးသည့် အရှိန်ထက် များစွာနှေးကွေးနေသည်။


အခြေအနေ မကောင်းချေ။ ဤနေရာတွင် ဖုတ်ကောင်များ များစွာစု‌ဝေးနေခဲ့ပြီးဖြစ်သည်။ တခြားသူများ အန္တရာယ်ရှိလိမ့်မည်။ အဆင့် သုံးဖုတ်ကောင်ကို အရင်ဆုံးဖြေရှင်းရမည်။


နောက်တစ်ဖန် စုရွေ့ကျယ်သည် သူ့နေရာလွတ်မှ ပဲစိမ်းလက်တစ်ဆုပ်စာကို ထုတ်ယူလိုက်ပြီး ငုံးဥအရွယ်ပဲစေ့တစ်စေ့အဖြစ် သူ့စွမ်းအားနှင့် ပေါင်းစပ်ကာ ကျည်ဆန်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဤတစ်ကြိမ်တွင် ပဲကျည်ဆန်များသည် အစိမ်းရောင်တောက်လုနီးပါး ဖြစ်လာခဲ့သည်။


စုရွေ့ကျယ်သည် သူ၏ စုတ်ပြတ်နေသော အခွံမာသီးဒိုင်းကာကို ချွတ်ဖယ်ပစ်လိုက်ပြီး အဆင့်သုံးဖုတ်ကောင်ဆီသို့ ပြေးသွားခဲ့လေသည်။


အဆင့်သုံးဖုတ်ကောင်သည် အန္တရာယ်ကို သိနေသော်လည်း သူ့ရှေ့ရှိ လူ့ခန္ဓာကိုယ်၏ မွှေးကြိုင်သောရနံ့ကို မခုခံနိုင်ခဲ့ချေ။ ၎င်းသည် သူ့အားစားနိုင်သရွေ့ သန်မာလာလိမ့်မည်ဖြစ်သကဲ့သို့ သူ့ရှေ့ရှိ လူ့အသွေးအသားကို တောင့်တနေခဲ့လေသည်။


စုရွေ့ကျယ်သည် သူ့သေနတ်ကို မြှောက်လိုက်ပြီး အဆင့်သုံးဖုတ်ကောင်ကောင်ကို ချိန်ကာ အသက်ပြင်းပြင်းရှူပြီးနောက် မောင်းခလုတ်ကို ထပ်မံဆွဲလိုက်လေသည်။


အဆင့်သုံးဖုတ်ကောင်သည် သူ့အနားသို့ပိုနီးနီးရောက်လာလေသည်။ သူ့နှာခေါင်းမှပင် အဆင့် သုံးဖုတ်ကောင်၏ ပါးစပ်အတွင်းမှ အပုပ်နံ့ဆိုးများကို ရနေနိုင်ပြီး ၎င်း၏အနက်ရောင်လက်သည်းများသည် သူ့လည်ပင်းသို့ရောက်ရှိလုနီးပါးပင်...


သို့သော်လည်း နောက်တစ်ခဏတွင် အဆင့်သုံးဖုတ်ကောင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ယိုယွင်းလာကာ အော်ဟောက်ပြီး မြေပြင်ပေါ်သို့ လဲကျသွား‌လေသည်။


စုရွေ့ကျယ်သည် အဆင့်သုံးဖုတ်ကောင်၏ ခေါင်းကိုတူးပြီး ၎င်းထဲမှလိမ္မော်ရောင်နီရောင် အမြုတေကိုထုတ်ကာ လက်ကိုင်ပဝါဖြင့်သုတ်လိုက်ပြီး ဘေးကင်းစေရန် သူ့နေရာလွတ်၌ထားလိုက်သည်။


အဆင့်သုံးဖုတ်ကောင်၏ အဆက်မပြတ် ခေါ်ခြင်းမရှိဘဲ အနီးနားရှိဖုတ်ကောင်များ ပြေးလွှားပြီးထပ်ရောက်မလာတော့ချေ။ စစ်တပ်၏ပစ်ခတ်မှုအောက်တွင် ၎င်းတို့အား လျင်မြန်စွာဖယ်ရှားပစ်နိုင်ခဲ့လေသည်။



စာရေးသူတွင် ပြောစရာရှိပါတယ်။ 


【လမ်းမပေါ်ကပြဇာတ်ငယ်လေး 】


လုယန် : ဒီစစ်တပ်က ငါ့ရဲ့တောက်ပတဲ့အနာဂတ်ကို နှောင့်ယှက်ဟန့်တားနေတာပဲ။ သူတို့ကို ဖယ်ထုတ်လိုက်စမ်း။ ဒီအဖွဲ့က မပျော်‌နေဘူးပဲ။ သူတို့အကုန်လုံးကို ဖယ်ထုတ်လိုက်စမ်း။


ကျန့်ရှောင်ယွင် : ဖီ၊ မင်းဘာအကြောင်းပြောနေတာလဲ။ စကားပြောဖို့ နောက်ကျလွန်းနေပြီမဟုတ်ဘူးလား။ 


ညီငယ်လေးများ : သခင်လေး၊ အသက်ချမ်းသာပေးပါ။


စုရှောင်ကျယ် : အကြောင်းပြချက် တစ်ခုပေး။


အမျိုးသမီး A : ကျွန်မမှာ ရေစွမ်းအားရှိပါတယ်။ (ကျန့်ကျားဟယ် : ဝေါင်း၊ ဒီရေက ပန်းတွေအတွက်အကူအညီဖြစ်နိုင်တာပဲ)


လူငယ် A : ကျွန်တော်...ကျွန်တော် မြန်မြန်ပြေးနိုင်ပါတယ် ( ကျန့်ကျားဟယ် : လေလိုယောက်ျားတစ်ယောက်ကို ဘာအတွက်သုံးရမှာလဲ)


လူငယ် B : ကျွန်တော် အမြင့်ခုန်နိုင်ပါတယ် (ကျန့်ကျားဟယ် : မင်း နေနဲ့ ဘေးချင်းကပ်အထိ ရောက်နိုင်လို့လား) 


လူငယ် C : ကျွန်တော် အရောင်ပြောင်းနိုင်ပါတယ်။(ကျန့်ကျားဟယ် : မင်းက သဘာ၀ကြီးနဲ့ ပေါင်းစပ်ချင်နေတာလား) 


အမျိုးသမီး B : ကျွန်မ လွတ်မြောက်ဖို့အတွက် တောက်တဲ့တစ်ကောင်အဖြစ်ပြောင်းနိုင်ပါတယ်။ (ကျန့်ကျားဟယ် : တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပြီးတဲ့နောက်အထိ တိရိစ္ဆာန်တွေ ကျင့်ကြံနေနိုင်တုန်းလား။ ချန်ကျောင်း: မိစ္ဆာ၊ နင်မလွတ်မြောက်နိုင်ဘူး )