အခန်း(၆၇)
Viewers 12k

အခန်း(၆၇)《 ကျည်ဆန်အသစ်များ 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


သူတို့ မှတ်ပုံတင်ရုံးမှ ထွက်လာကြချိန်တွင် နားမလည်နိုင်စွာ ထွက်ပေါ်လာပြီး မသိနိုင်စွာထွက်ပြေးသွားသော မိန်းကလေးမှာ ပျောက်ကွယ်သွားခဲ့သည်။


အဖွဲ့သားများသည် လေထဲရှိ အစားအသောက်ရနံ့ကြောင့် စွဲဆောင်ခံလိုက်ကြရသည်။ ယခုရက်ပိုင်းတွင် သူတို့သည် တာဝန်ကျနေကြသည်ဖြစ်ပြီး အစားအစာခြောက်များကိုသာ စားခဲ့ကြရသည်။ ပူပူနွေးနွေးဟင်းပွဲများနှင့် ပူပူနွေးနွေးထမင်းကို မစားနိုင်ခဲ့ကြ‌ချေ။ ယခုမူ သူတို့သည် အစားအစာအနံ့ကိုခံပြီး ဗိုက်ဆာလာခဲ့ကြသည်။


ယနေ့တွင် ကန်တင်း မှ ဟင်းရွက်ခေါက်ဆွဲပြုတ်နှင့် ပြောင်းဖူးကိတ်များနှင့် မုန်လာဥနီစွပ်ပြုတ်ကို ရနိုင်ပြီး တစ်ခုချင်းစီတွင် အလုပ်မှတ်တစ်ခုသာ လိုအပ်လေသည်။ ပြောင်းဖူးပန်ကိတ်၏ အရသာမှာ သာမန်သာဖြစ်သော်လည်း ပမာဏအားဖြင့်တော့ပြည့်၀လေသည်။ တစ်ခုစီတွင် 100 ဂရမ်မှ 150 ဂရမ်အထိ အလေးချိန်ရှိပြီး မုန်လာဥနီ အရိုးစွပ်ပြုတ်ပန်းကန်တစ်လုံးနှင့်လည်း လိုက်ဖက်လေသည်။ 


လိုင်းထဲတွင် တန်းစီရပ်လိုက်ကြသောအခါ သူတို့သည် စစ်သားအချို့လည်း စာသောက်ရန် လာရောက်ကြသည်ကိုတွေ့လိုက်ကြရသည်။ အထက်မှအောက်ခြေအထိ အခြေစိုက်စခန်းတစ်ခုလုံးတွင် တပ်ကြပ်ကြီးဖြစ်စေ စစ်သားများဖြစ်စေ သူတို့သည် သာမာန်အသက်ရှင်ကျန်ရစ်သူများကဲ့သို့ပင်။ 


သူတို့သည် ကန်တင်းမှ ဘာပဲချက်ချက်စားကြလေသည်။ ကျန့်ကျားဟယ်သည် သူတို့နှင့် စကားပြောပြီး သူတို့သည် ချက်ချင်းပင် တစ်ဦးနှင့်တစ်ဦး သိလာကြလေသည်။ သူတို့အထဲမှ ဗိုလ်ချုပ်ကြီးကျန်း အား ရိက္ခာများရရှိဖို့အတွက် ကူညီပေးခဲ့သည့် တပ်ကြပ်ကြီးတစ်ယောက်လည်း ပါလာခဲ့‌သည်။ ထုံးစံအတိုင်း သူသည် သူတို့အား မှတ်မိခဲ့သည်။ ထို့အတွက် သူ သူတို့နှင့်ရင်းနှီးခွင့်ရခဲ့၍ ဝမ်းသာနေခဲ့ကာ သူတို့နှင့် စကားပြောကောင်းနေခဲ့သည်။ 


တပ်ကြပ်ကြီး၏ အဆိုအရ ယမန်နေ့က ပစ္စည်းများစုဆောင်းရန် မြို့မှထွက်ခွာလာသောအဖွဲ့သည် ပြေးလွှားသောင်းကျန်းနေသည့် သန္ဓေပြောင်း၀က်တစ်ကောင်နှင့် ဆုံခဲ့ကြသည်။ လူငါးဦး သို့မဟုတ် ခြောက်ဦးသည် ဒဏ်ရာရရှိခဲ့ကြပြီးနောက် သူတို့သည် ဝက်ကို ဖမ်းကာ သတ်စားရန်အတွက် ပြန်ယူလာခဲ့ကြသည်။ 


အသားကို ဂျင်းငါးရာ သို့မဟုတ် ခြောက်ရာအထိခွဲခဲ့ကြသည်။ အရိုးများကို ဟင်းချိုချက်ရန် ကန်တင်းသို့ ပို့ဆောင်ခဲ့ပြီး အသားမစားရသည်မှာ အချိန်အကြာကြီးရှိနေပြီဖြစ်သည့် အသက်ရှင်ကျန်သူများ အရသာခံနိုင်ကြပေသည်။ မုန်လာဥနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို အပင်ဌာနမှ ကျွမ်းကျင်သူနှစ်ဦးက ထုတ်လုပ်ခဲ့သည်။ ၎င်းတို့သည် အရေအတွက်ပမာဏနည်းပြီး ကန်တင်းကို ထောက်ပံ့ပေးနိုင်ရန် ရှားပါးလှသည်။ 


ကျန့်ယွင်၏အဖွဲ့သားများ သူတို့ပြန်လာသောအခါတွင် ထိုသို့သောကောင်းသည့်အရာများကို ဖမ်းဆုပ်မိခြင်းမှာ ကံကောင်းခြင်းပင်ဖြစ်လေသည်။ သူတို့သည် အလုပ်မှတ်များကို ဖြတ်တောက်ရန် ID ကတ်များကို ပွတ်ဆွဲကာ အစားအသောက်များကို ချောချောမွေ့မွေ့ရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့၌ အလုပ်မှတ်များ အများကြီးရှိသောကြောင့် ခေါက်ဆွဲစွပ်ပြုတ်နဲ့ ကိတ်မုန့်များ ဝေစုရခဲ့ကြသည်။ သို့သော် မည်သူကမှ သူတို့အလွန်အကျူး၀ယ်ခြင်းဟု မတွေးခဲ့ကြချေ။ အထူးသဖြင့် ယနေ့ အစားအသောက်သည် အမှန်တကယ်အရသာရှိသောကြောင့်ဖြစ်သည်။ လူများစွာသည် သူတို့၏ သွားများကိုတင်းတင်းကြိတ်ကာ စားသောက်ဖို့ တစ်ခုထက်ပိုပြီး ဝယ်ယူခဲ့ကြသည်။


ပြောင်းဖူးကိတ်သည် အရသာ အနည်းငယ်ခြောက်သော်လည်း မုန်လာဥစွပ်ပြုတ်နှင့် အများကြီးပိုကောင်းခဲ့သည်။ မုန်လာဥစွပ်ပြုတ်တွင် လက်ချောင်းလောက်အထူရှိသည့် မုန်လာဥနီ‌လေးနှစ်တုံးသာပါခဲ့သည်။ ပြုတ်ထားသည့် မုန်လာဥပြုတ်သည် အသားအရသာနှင့် ကြွပ်ကြွပ်ဆတ်ဆတ်ရှိသည်။ ဟင်းချိုကို အလွန်တန်ဖိုးထားကြပြီး စားလို့အလွန်ကောင်းကြသဖြင့် တစ်စက်က‌လေးတောင် မဖြုန်းတီးဘဲ သန့်သန့်ရှင်းရှင်း သောက်ကြခဲ့တယ်။


ခေါက်ဆွဲပြုတ်ထဲရှိ အသီးအရွက်များကို ကောင်းစွာလှီးဖြတ်ထားပြီး နုတ်နုတ်စင်းထားသည့် အသားအချို့ပါရှိသည်။ ခေါက်ဆွဲနှင့်အတူ သာမန်လူ စားနိုင်လောက်အောင် လုံလောက်သည်။ ဟင်းချိုဟင်းပွဲ၊ ခေါက်ဆွဲစွပ်ပြုတ်နှင့် အရိုးစွပ်ပြုတ်အားလုံးအရသာရှိလှသည်။ သန့်ရှင်းသည့် နေရာသို့ ပေးပို့လာသော ပန်းကန်လုံးများသည် သန့်ရှင်းသည်အထိ လျက်ခံထားရလေသည်။ ယခုတွင် လူများသည် အစားအသောက်ကို အလွန်မြတ်နိုးကြပြီး စားကြွင်းစားကျန်များ အလွန်နည်းပါးသော်လည်း ဤကဲ့သို့သော ပန်းကန်လုံးများကို လျက်ထားသည်ဟုဆိုနိုင်လောက်သည်အထိ အခြေအနေမှာ ပထမဆုံးပင်ဖြစ်သည်။ 


ကျန့်ယွင်၏အဖွဲ့သားအားလုံးသည် စွမ်းအားရှင်များဖြစ်ကြပြီး သူတို့အားလုံး အစာစားချင်စိတ် ကောင်းကောင်းရှိကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့တွင် အလုပ်မှတ်များစွာရှိကြသောကြောင့် သူတို့သည် လိုက်ပွဲများကို အကြိမ်ပေါင်းများစွာ ယူရန်သွားခဲ့ကြသည်။


သူတို့ပတ်ဝန်းကျင်ရှိ လူများ၏ပြောဆိုသံများမှ ယခု အခြေစိုက်စခန်းသည် အထူးသဖြင့် ရေအမျိုးအစားနှင့် သစ်သားအမျိုးအစား စွမ်းအားရှင်များကိုစုဆောင်းနေပြီဟု သိခဲ့ကြရသည်။ နေ့စဉ်နေ့တိုင်း သူတို့သည် ရေကိုအသုံးပြုပြီး ဟင်းသီးဟင်းရွက်စိုက်သည့်အတွက် သူတို့၏ အရေးပေးမှုသည် အတော်လေး ကောင်းမွန်ပါချေ၏။ 


ရေအမျိုးအစားစွမ်းရည်သည် တစ်နေ့လျှင် ရေသန့်လီတာတစ်ရာထုတ်လုပ်နိုင်သည်ဟု ဆိုကြသည်။ သစ်သားအမျိုးအစားသည် နေ့စဉ် ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုးနိုင်ပြီး အလုပ်မှတ်ငါးခုရရှိသည်။ မြို့စောင့်တပ်သည်လည်း တိုက်ခိုက်ရေးသမားများကို စုဆောင်းနေပြီး တိုက်ခိုက်ရေးသမားများကိုလည်း ပိုပြီးပေးလိမ့်မည်ဟု သူတို့ကြားခဲ့ကြသည်။ 


စုရွေ့ကျယ်သည် သူ၏ယခင်ဘဝတွင် လင်းချန်အခြေစိုက်စခန်း၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ဖူးသော်လည်း အခြေစိုက်စခန်းတွင် ကန်တင်းမရှိခဲ့ချေ။ ထို့ကြောင့် သူသည် သူ့အလုပ်ပြီးသွားသောအခါတွင် ဘီစကွတ်တစ်ထုပ် သို့မဟုတ် နှစ်ထုပ် ရလေ့ရှိခဲ့သည်။


အကြီးဆုံးဦးလေးနှင့် သူ့မိသားစုထံ ဝေငှရန် သူ့ရိက္ခာတစ်စိတ်တစ်ပိုင်းကို ချွေတာရန်လည်း လိုအပ်ခဲ့သည်။ သူတို့သည် အခြေခံအားဖြင့် နေ့စဉ် ဆာလောင်နေခဲ့ကြသည်။ ချန်ဟွေ့ကျန်းသည် ဟင်းသီးဟင်းရွက်များကို တိတ်တဆိတ်၀ှက်ထားရန် တွန်းအားပေးသော်လည်း အခြေစိုက်စခန်းမှ ပေးသော အစေ့များသည် နေ့စဉ်ပြုပြင်ပြောင်းလဲထားပြီး ပို့ဆောင်ပေးရသော ဟင်းသီးဟင်းရွက်များသည် လုံလောက်ရမည်ဖြစ်သောကြောင့် လုံးဝမဝှက်ထားနိုင်ခဲ့ပေ။


ထိုသစ်သားအမျိုးအစား စွမ်းအားရှင်များ၏ ဆက်ဆံပုံကို နားထောင်ရင်း စုရွေ့ကျယ်သည် စကားမပြောနိုင်လောက်အောင် မနာလိုဖြစ်သွားခဲ့ရသည်။


“ဘာဖြစ်လို့လဲ ”


ကျန့်ယွင်သည် စုရွေ့ကျယ်အာရုံပြောင်းသွားသည်ကို သတိပြုမိလိုက်ပြီး သူ့လက်ကို လှမ်းဆွဲလိုက်လေသည်။ 


“ဘာမှမဟုတ်ပါဘူး ”


ကျန့်ယွင်၏ စိုးရိမ်သောကအပြည့်နှင့်မျက်လုံးများကိုမြင်လိုက်ရသောအခါ စုရွေ့ကျယ်၏မျက်နှာသည် တောက်ပသောအပြုံးဖြင့် ပွင့်လန်းသွားလေသည်။ ယခုလက်ရှိ သူ့ဘဝသည် ယခင်ဘဝနှင့် လုံးဝမတူတော့ပေ။


စားသောက်ပြီးကြသည်နှင့် သူတို့နေထိုင်ရာ အထပ်မြင့် အဆောက်အအုံဆီသို့ပြန်လာခဲ့ကြသည်။ ခြောက်ရက် သို့မဟုတ် ခုနစ်ရက်ကြာပြီဖြစ်သဖြင့် အိမ်၌ ဖုန်မှုန့်များ စုပုံနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် အခန်းအား အတူတကွသန့်ရှင်းရေးလုပ်ကြလေသည်။ ကျန့်ကျားဟယ်သည် အခန်းသန့်ရှင်းရေးလုပ်ရန် ဖုန်စုပ်စက် သို့မဟုတ် သန့်ရှင်းရေးစက်ရုပ်တစ်ရုပ် သို့မဟုတ် တစ်ခုခုကို နောက်တစ်ကြိမ် သူအခွင့်အရေးတစ်ခုခုရခဲ့ပါက ယူရမည်ဟု တိုးတိုးတိတ်တိတ်ပြောနေလေသည်။


နောက်တစ်နေ့တွင် စစ်သားများသည် အခြေစိုက်စခန်း၌ နေရောင်ခြည်စွမ်းအင်သုံး စက်ပစ္စည်းများကို စတင် နေရာချထားကြသည်။ နေ့ခင်းဘက်နေရောင်သည် အလွန်ပူပြင်းလေသည်။ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ခြင်းသည် အလွန်ထိရောက်ပြီး အခြေခံအားဖြင့် ခိုင်မာသော လျှပ်စစ်ဓာတ်အားကို အာမခံ‌နိုင်လေသည်။


အသက်ရှင်ကျန်ရစ်သူအများအပြား စုဝေးလေ့ရှိသည့် တာ၀န်ခန်းမ နှင့် ကန်တင်းကဲ့သို့သော နေရာများတွင် လေအေးပေးစက်များ စတင်လည်ပတ်ပြီဖြစ်သည်။ အိပ်ဆောင်အဆောင်အအုံများတွင် လျှပ်စစ်ပန်ကာကိုဖွင့်ထားကြပြီး လူများအပေါ်တွင် အပူချိန်မြင့်မားမှု၏ သက်ရောက်မှုကို သိသိသာသာ သက်သာစေနိုင်သည်။


တပ်ခွဲမှူးကျန်းသည် သူပေးထားခဲ့သည့် ကတိအတိုင်းတည်ခဲ့သည်။ သူသည် လူများကို ကျန့်ယွင်၏အိမ်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီး သူတို့အတွက် အထူး ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကိရိယာ အစုံတစ်ခုကို တပ်ဆင်ပေးခဲ့သည်။


လူတိုင်းပျော်ရွှင်နေခဲ့ကြသည်။ ဤနည်းဖြင့် သူတို့သည် အခန်းအတွင်းရှိ လေအေးပေးစက်များကို အသုံးပြုရုံသာမက ရေနွေးဖြင့်ရေချိုးရန် လျှပ်စစ်ရေပူပေးစက်ကိုလည်း အသုံးပြုနိုင်ကြမည်ဖြစ်သည်။


သို့သော် တပ်ခွဲမှူးကျန်းသည် သူတို့ကို ပေးထားသည့်ကတိအတိုင်း ဆုကြေးပေးရုံသာမက မက်ဆေ့ချ်တစ်ခုပေးဖို့လည်း လူကိုယ်တိုင် ရောက်လာခဲ့သည်။


'အပင်များတွင် ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်သည့် အချို့သောဒြပ်စင်များပါရှိသည်' ဟု သုတေသနအဖွဲ့မှ အတည်ပြုခဲ့ပြီးဖြစ်သည်။ မကြာသေးမီရက်များတွင် အခြေစိုက်စခန်း၏ သုတေသနစင်တာသည် စုရွေ့ကျယ်ပေးခဲ့သော အပင်ကျည်ဆန်နမူနာများကို အခြေခံ၍ သုတေသနပြုလုပ်ခဲ့ကြရာ ယခုအခါတွင် ထိုလုပ်ငန်းတွင် တိုးတက်မှုတစ်ခု ပြုလုပ်နိုင်ခဲ့ကြသည်။ 


သူတို့သည် အပင်ကျည်ဆန်တစ်မျိုးကို တီထွင်နိုင်ခဲ့ကြသည်။ သုတေသီများသည် အပင်များမှ အနှစ်သာရကို ထုတ်ယူကာ ၎င်းတို့အား အထူးပြုလုပ်ထားသော ကျည်ဆန်များအတွင်းသို့ ထည့်ကာ အထူးပြုလုပ်ခဲ့ကြသည်။ သဘောတရားမှာ ဝံပုလွေနှင့် ဗန်ပိုင်းယား အနောက်တိုင်းရုပ်ရှင်အချို့တွင် ငွေနိုက်ထရိတ်ပါရှိသောကျည်ဆန်များနှင့် အလားတူပင်ဖြစ်နိုင်သည်။


လက်တွေ့စမ်းသပ်ချက်ပြီးနောက် အပင်ကျည်ဆံသည် ဖုတ်ကောင်ကို ထိလိုက်သည်နှင့် အပင်၏အနှစ်သာရသည် ဖုတ်ကောင်၏ခန္ဓာကိုယ်ထဲသို့ဝင်သွားသည်။ ၎င်းသည် ဖုတ်ကောင်များကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေလိမ့်မည်ဖြစ်သည်။ ထိခိုက်ပျက်စီးမှုသည် စုရွေ့ကျယ်ပေးခဲ့သည့် ပဲကျည်ဆန်နှင့်ညီမျှပြီး အခြေစိုက်စခန်းသည် ကျည်ဆန်အသစ်များကို ပမာဏ အမြောက်အမြား ထုတ်လုပ်ဖို့ ကြိုးစားနေကြသည်။


အခြေစိုက်စခန်းသည် အသက်ရှင်ကျန်ရစ်သူများအတွက် ကျည်ဆန်အသစ်များအတွက် လဲလှယ်‌ရေးကောင်တာတစ်ခုဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူတို့သည် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များသည် ဖုတ်ကောင်ကုတ်ခြစ်ခံရသူများအား ဗိုင်းရပ်စ်၏တိုက်စားမှုကို တွန်းလှန်နိုင်စေရန် ကူညီပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများအား စွမ်းအားရှင်အချိုး တိုးတက်လာစေရန်နှင့် စခန်းတွင်းမှ သတ္တိရှိရှိ ထွက်သွားနိုင်ရန် အသက်ရှင်ကျန်ရစ်သူများအား တိုက်တွန်းလို၍ဖြစ်သည်။ 


ကမ္ဘာပေါ်တွင် လူဦးရေ ခုနစ်ဘီလီယံမှ ရှစ်ဘီလီယံအထိရှိပြီး ထိုအထဲတွင် တရုတ်နိုင်ငံ လူဦးရေသည် ငါးပုံနှစ်ပုံနီးပါးရှိကာ သူတို့ထဲမှထက်ဝက်ကျော်သည် ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားကြကာ ဖုတ်ကောင်အရေအတွက်သည် ဆက်လက်တိုးပွားလာနေဆဲဖြစ်သည်။ ဖုတ်ကောင်များသည် မောပန်းနွမ်းနယ်မှုမရှိ၊ သေခြင်းကိုကြောက်ရွံ့ခြင်းမရှိဘဲ ဆက်လက်တိုးတက်နေကြဆဲဖြစ်သည်။ အကယ်၍ သူတို့သည် ယခုအချိန်တွင် ဖုတ်ကောင်များကို တတ်နိုင်သမျှများများ မသတ်ခဲ့လျှင် သူတို့သာ သေရပေလိမ့်မည်။


အခြေစိုက်စခန်းသည် စုရွေ့ကျယ်နှင့်သူ့အဖွဲ့အား အခြေစိုက်စခန်းတွင် သူတို့၏ ပံ့ပိုးကူညီမှုအတွက် အထူးပင်ကျေးဇူးတင်ရှိခဲ့ကြပြီး ကျေးဇူးတင်စကားကို ပစ္စည်းများ သို့မဟုတ် အလုပ်မှတ်များအဖြစ်ပေါင်းထည့်ပေးကာ သူတို့အား ဆုချရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့တွင် အခြားလိုအပ်ချက်များရှိပါက သူတို့၏ ကိုယ်ပိုင်လိုအပ်ချက်များကို လွတ်လွတ်လပ်လပ်တင်ပြနိုင်ပြီး အခြေစိုက်စခန်းမှ ၎င်းတို့အားတွေ့ရန် ကြိုးစားလိမ့်မည်ဖြစ်သည်။


အခြေစိုက်စခန်း၏ ဆုံးဖြတ်ချက်အတွဲလိုက်ကြီးသည် စုရွေ့ကျယ်နှင့် ကျန့်ယွင်တို့အား တောင်ပိုင်းအခြေစိုက်စခန်းနှင့်ပတ်သတ်ပြီး ပိုမိုကောင်းမွန်သော ခံစားချက်ကို ရရှိစေခဲ့သည်။ တောင်ပိုင်းအခြေစိုက်စခန်း၏ပုံစံသည် အလွန်သင့်‌တော်လျောက်ပတ်လှသည်။ လူတိုင်း၏ အကျိုးစီးပွားအတွက် အမှန်တကယ်အလုပ်လုပ်နေကြပြီး လူတိုင်းအတွက် အတတ်နိုင်ဆုံးနေထိုင်ရန် အခွင့်အရေးရရှိရန်နှင့် လူသားတို့၏ အနာဂတ်အတွက် ကြိုးပမ်းလျက် ရှိပေသည်။