Chapter 86
ယင်းကျောင်းက ဟယ့်ကျိုးအားကြည့်ပြီးပြောလိုက်သည်။
"သံပုရာလိုချဉ်လား..."
ဟယ့်ကျိုးက ချက်ချင်းခေါင်းညိတ်ပြကာပြောလိုက်သည်။
"ချဉ်တယ်..."
"ဒါဆို ဘာလို့မသွားသေးတာလဲ..."
ဟယ့်ကျိုးက တစ်ချက်ကြောင်ငမ်းသွားပြီး သူ့ကိုသတ်ချင်သလောက်ကို ဒေါသထွက်သွားသည်။
အောက်ကိုချက်ချင်းဆင်းလာခဲ့ဖို့ ဘယ်သူပြောတာလဲ...ခွီးမှပဲ...
ဟယ့်ကျိုး တံခါးကိုတွန်းပိတ်ကာ ထွက်သွားတော့သည်။
ယင်းကျောင်းက အိမ်သာတံခါးကို သော့ပိတ်လိုက်ပြီး ကျင်းစစ်အားကြည့်လိုက်သည်။
"ရပြီ...အခုကိုယ်တို့၂ဦးပဲ...ရှိတော့တယ်"
ကျင်းစစ်ရဲ့မျက်နှာက အနည်းငယ် ကူကယ်ရာမဲ့သွားပုံပေါ်နေသည်။ သို့သော် ယင်းကျောင်းအား သူမတားဆီးလိုက်ပေ။
"အခုပဲမေးလိုက်တာကို ဘာလို့မဖြေသေးတာလဲ..."
ယင်းကျောင်းက ငုံ့ကြည့်ပြီးမေးလိုက်သည်။
"ကိုယ်အပြစ်ပေးခံရမှာကို စိုးရိမ်နေတာလားလို့..."
ကျင်းစစ်က ခေါင်းညိတ်ပြလိုက်သည်။
"ကျင်းရှန်းက တံခါးကိုဝင်တိုက်ပါတယ်ဆိုတဲ့ ကောလဟာလတွေကို မစိုးရိမ်ဘူးလား..."
ကျင်းစစ်၏မျက်နှာအနေအထားက မပြောင်းလဲသွားပေ။
"ကိစ္စမရှိပါဘူး..."
ချစ်စရာကောင်းလွန်းသော သူ့ပုံစံလေးကြောင့် ယင်းကျောင်းမှာ ပေါက်ကွဲမတက်ဖြစ်ကာ တောင့်မခံနိုင်တော့သဖြင့် ဆွဲဖက်လိုက်သည်။
ကျင်းစစ်က အလိုအလျှောက် ခေါင်းကိုစောင်းလိုက်သည်။
ယင်းကျောင်းက ပြုံးဖြီးဖြီးဖြင့်ပြောလိုက်သည်။
"စိတ်မပူပါနဲ့...မင်း ကိုယ့်ရင်ခွင်ထဲကို ဝင်မလာမခြင်း မင်းရဲ့နဖူးကိုမထိပါဘူးကွာ..."
ကျင်းစစ်ရဲ့ပါး၂ဖက်က နီရဲတက်သွားပြီး ဂရုမစိုက်ဟန် နေနေလိုက်သည်။
ခဏအကြာတွင် သူ တဖြည်းဖြည်းချင်း ယင်းကျောင်း၏ကျောကိုဖက်ကာ ပုခုံးပေါ်တွင်မှီလိုက်၏။
ယင်းကျောင်းမှာ ရုတ်တရက်ကြောင်သွားပြီး နှုတ်ခမ်းက ထိန်းမနိုင်သိမ်းမရ မြင့်တက်သွားကာ ကျင်းစစ်အား တင်းကျပ်စွာဖက်ထားလိုက်သည်။
နေ့လည်စာနားချိန်အပြီးတွင် ယင်းကျောင်းက အပြင်ထွက်သွားသည်။ သူပြန်လာသောအချိန်တွင် သူ့လက်ထဲမှာရေခဲအိတ်နှင့်အတူပြန်ရောက်လာသည်။
"ခေါင်းမော့..."
ယင်းကျောင်းက ရေခဲအိတ်ကိုယူကာ ကျင်းစစ်ဖက်သို့လှည့်လိုက်သည်။
ကျင်းစစ်က ပြောစကားအတိုင်းလုပ်ပြီး မေးလိုက်သည်။
"ကျောင်းက ဒါရောင်းလို့လား..."
"နိုး...ကိုယ်က တောက်တိုမယ်ရအဝယ်တော်လေ..."
ယင်းကျောင်းက ရေခဲအိတ်ကို ကျင်းစစ်၏နဖူးပေါ် ဂရုတစိုက်တင်ထားရင်း နောက်လက်တစ်ဖက်နှင့် ရေခဲအိတ်ကိုထိန်းကိုင်ထားလိုက်၏။
"နာလား..."
ကျင်းစစ် ခေါင်းခါပြလိုက်ပြီး "ဟင်အင်း...မနာဘူး..."
သူနာကျင်နေလျှင်တောင် အခြားသူများကဲ့သို့မဖော်ပြတတ်ဘဲ နေတတ်တာကို ယင်းကျောင်းသိသည်။ ထိုမှပင် သူလုပ်စရာရှိတာများကို အေးအေးဆေးဆေးလုပ်နိုင်မည်ဖြစ်သည်။
ကံကောင်းစွာပင် ကျင်းစစ်၏အနာဖုမှာ ပြင်းထန်သော်လည်း အရမ်းကြီးမားနခြင်းမျိုးမဟုတ်ပေ။
မူးရောင်ခြင်းသိပ်မရှိတော့သည့်အပြင် ယင်းကျောင်းစိတ်အေးသွားနိုင်လောက်အောင်အထိ အရောင်ကျသွားပြီဖြစ်သည်။
နေ့လည်တွင် အစိုးရအရာရှိများက စီရင်စုဆီသို့ ရောက်လာကြသည်။
ကျောင်းအတွင်းလှည့်ပတ်ကြည့်ရှုပြီးနောက် ကျင်းစစ်အား ဆုချရန်အကြောင်းကို ကျောင်းအုပ်ကြီးနှင့်တိုင်ပင်အပြီးတွင် ပြောရေးဆိုခွင့်ရှိသူက ကျင်းစစ်နှင့်တွေ့ဆုံရန် ပြောလာ၏။
အင်တာနက်မှ ပုံများအားသူတို့တွေ့ပြီးသားဖြစ်သည်။ ထိုကလေးက ကြည့်ကောင်းသဖြင့် လူကိုယ်တိုင်တွေ့မြင်ချင်နေကြသည်။
ကျင်းစစ်၏နဖူးမှအနာကိုတွေးမိပြီး ထုတ်မပြရဲပေ။ အကြောင်းမသိသောသူများက မတော်တဆအကြောင်းကိုမသိဘဲ ကျောင်းတွင်းအကြမ်းဖက်မှုကြောင့်ဟုထင်မြင်ကြမည်စိုးသဖြင့် အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်လိုက်သည်။
ထိုသို့နှင့် ထူးခြားစွာဖြစ်ပွားခဲ့သောမတော်တဆမှုက ကျင်းစစ်အားလွတ်မြောက်သွားစေခဲ့သည်။
--------
မူရင်းခန္ဓာ၏သေဆုံးခြင်းမြင်ကွင်းကို ယခုအကြိမ်တွင်မြင်ယောင်ခြင်းက မတော်တဆဟု ကျင်းစစ်ထင်ခဲ့သည်။ သို့သော် ထိုသို့မဟုတ်ကြောင်း မကြာခင်တွင် ကျင်းစစ်သိလာရသည်။ ထိုနေ့မှစ၍ မူရင်းခန္ဓာ၏မှတ်ဉာဏ်များက ကျင်းစစ်ဆီသို့ ရံဖန်ရံခါပြန်ရောက်လာသည်။
--------
ကျင်းမိသားစု၏ဆိုဖာပေါ်တွင် ဆံပင်အဝါရောင်နှင့်ကောင်လေးတစ်ယောက်ထိုင်နေတာကို မြင်နေရသည်။ သူတောင့်ခံထားသော်ငြား ပျော်ရွှင်နေသော မိသားစု၃ဦးကို တိတ်တဆိတ်ခိုးကြည့်မိသည်။
သူအိပ်ယာပေါ်တွင် လှဲနေတာကို မြင်နေရသည်။ ယင်းကျောင်းရဲ့နာမည်ကို ရေးနေကျအတိုင်းချရေးနေသည်။ သူ့မျက်နှာမှာ ခေါင်းမာသော၊ ဆုံးဖြတ်ချက်ချထားပြီးသော အနေအထားကိုမြင်နေရသည်။
ယင်းကျောင်းအနားသို့ ရောက်လို့ရောက်ညား ယင်းကျောင်းအနားရှိသူများကို သူခေါင်းတွေညိတ် ဦးညွှတ်နေတာကို မြင်နေရ၏။
သူဒေါသတကြီး ချောင်အန်းယန်ကိုရှာနေတာကို မြင်နေရပြီး ချောင်အန်းယန်အား ထိုးကြိတ်ပြီးနောက် မာန်တက်နေပုံဖြင့်ရပ်နေသည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်မှအမာရွတ်များရှိနေတာကို မေ့နေခဲ့သည်။
အကြောင်းအရာတော်တော်များများကို မြင်တွေ့ရသောကြောင့်လားမသိပေ။ မူရင်းခန္ဓာအား မျှဝေခံစားပေးနိုင်ပြီး တဖြည်းဖြည်းထပ်တူကျလာသည်။ ပုံရိပ်များက သူတကယ်ကြုံတွေ့ခဲ့ရတယ်ဟု ခံစားနေရသည်။
ကျင်းစစ်အပေါ် အသေအချာကို အကျိုးသက်ရောက်ခဲ့သည်။
သူ ယင်းကျောင်းနှင့် ဆက်ဆံရေးတစ်ခုဖန်တီးခဲ့သည်။ သို့သော် သူ့ကိုတကယ်ကြိုက်နှစ်သက်ပေမယ့် သူဘယ်တော့မှခြေလှမ်းစလှမ်းမည်မဟုတ်ပေ။
နောက်ပိုင်းတွင် သူတို့၂ဦး ပို၍နီးစပ်လာသည်။ သူတဖြည်းဖြည်းနှင့် ရှက်ဖြာစွာ တစ်ချို့စကားများကိုပြောလာနိုင်သည်။ သို့သော် ယင်းက အကန့်အသတ်နှင့်သာဖြစ်သည်။
ကလေးဆိုးတစ်ယောက်ကဲ့သို့ပြုမူခြင်း သို့မဟုတ် ပထမဦးဆုံးစ၍ တောင်းဆိုခြင်းကို သူ့အတွက် ပြုလုပ်ရန်လုံးဝမဖြစ်နိုင်ပေ။
သို့သော် ယခုတွင်မူ-
ညနေစာကျက်ချိန်အပြီးတွင် ကျင်းစစ်နှင့်ယင်းကျောင်းတို့ စာသင်ဆောင်ဘေးရှိ ပန်းခင်းဆီသို့ထွက်လာလိုက်ကြသည်။
ယခု သူတို့၏လျှို့ဝှက်အချစ်တည်နေရာလေးက ထိုနေရာလေးဖြစ်နေပြီဖြစ်သည်။
အချင်းချင်းနွေးထွေးမှုများပေးကြပြီးနောက် စာသင်ချိန်နောက်တစ်ချိန်နှင့်နီးနေပြီဖြစ်သည်။ ယင်းကျောင်းက ကျင်းစစ်အားလွှတ်ပြီးပြောလာသည်။
"သွားကြမယ်..."
ကျင်းစစ်က တိတ်ဆိတ်နေသည်။ ယင်းကျောင်းက သူ့လက်ကိုကိုင်ကာ သွားမည်အလုပ်တွင် သူရပ်တန့်လိုက်သည်။
"ယင်းကျောင်း..."
ယင်းကျောင်းက ခေါင်းလှည့်ပြီး သူ့ကိုပြုံးကြည့်နေသည်။
"ဟင်..."
ကျင်းစစ် နားရွက်များနီနေပြီး မျက်လွှာချထားရင်း ပါးစပ်က ပွင့်လိုက် ပိတ်လိုက်ဖြစ်နေသည်။ ထို့နောက်မှ မရဲတရဲပုံစံနှင့်ပြောလိုက်သည်။
"ဒီ...ဒီည မပြန်လို့ရမလား..."
ဘာကြောင့်မှန်းသူမသိပေ။ ယခုလိုအတူရှိနေပြီး လမ်းလျှောက်နေရတာတောင်မှ ယင်းကျောင်းကို ကျင်းစစ်လွမ်းနေမိသည်။
နှစ်ပေါင်းများစွာ အရမ်းကြိုးစားခဲ့ပြီးနောက် သူ့အနားရောက်လာသကဲ့သို့ လွမ်းနေမိသည်။ သူ့ကိုမတွေ့တော့သည်နှင့် စိတ်ထဲတွင်ပူလောင်နေမိ၏။
ယင်းကျောင်းက သူ့ဖက်သို့လှည့်ကာ မယုံကြည်နိုင်ဟန်ဖြင့်ပြန်မေးလိုက်သည်။
"ဘာပြောလိုက်တာ..."
ကျင်းစစ်ရာ...မင်းကိုယ့်ကို ကလေးဆိုးလေးတစ်ယောက်လို ဆိုးချင်နေတာလား...
ကျင်းစစ်၏ပါးပြင်မှာ ပူနွေးနေသည်။ သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ထပ်ပြောလိုက်၏။
"မင်း...မင်း...မင်းအဆောင်မှာနေ..."
သူ့စကားမဆုံးမီ ယင်းကျောင်းက သူ့ခေါင်းကိုကိုင်ဆွဲကာ သူ့နှုတ်ခမ်းကို တစ်စုံတစ်ရာနှင့်ပိတ်သိမ်းလိုက်သည်။
အနမ်းများပြီးဆုံးသွားသည်နှင့် ယင်းကျောင်းက သူ့ကိုလွှတ်ပေးပြီးပြောလိုက်သည်။
"ကလေးလေး...ကိုယ်ဒီညမပြန်ပါဘူး...မင်းကိုတစ်နေရာခေါ်သွားလို့ရမလား..."
ကျင်းစစ်က ယင်းကျောင်းအားမော့ကြည့်လိုက်သည်။ သူက လှိုက်မောတွေဝေနေဆဲပင်။
"ဘယ်...ဘယ်ကိုလဲ..."
ယင်းကျောင်းက သူ့ဂုတ်သားကိုကိုင်ကာ မေးလိုက်သည်။
"အရင်ဆုံးဖြေ...လိုက်မလား မလိုက်ဘူးလား..."
ကျင်းစစ်က ခေါင်းညိတ်ပြလိုက်သည်။
ယင်းကျောင်းက ပြုံးလိုက်ပြီး "မင်းကို ကိုယ်ရောင်းစားလိုက်မှာမကြောက်ဘူးလား..."
ကျင်းစစ်က နှုတ်ခမ်းတစ်ချက်စူကာ ပြောလိုက်သည်။
"မကြောက်ပါဘူး..."
"ဒါဆိုရင်တော့ မင်းမှားသွားပြီ...မင်းကို ကိုယ်ဒီည ရောင်းစားမှာ..."
ကျင်းစစ်က အံ့အားသင့်မှုနှင့်အတူ မော့ကြည့်လိုက်မိသည်။
ယင်းကျောင်းကခေါင်းငုံ့ကာ သူ့နှုတ်ခမ်းကို နမ်းလိုက်ပြီး အသံတိုးတိုးနှင့်ပြောလိုက်သည်။
"မင်းရဲ့အမျိုးသားရဲ့အိပ်ယာပေါ်ကို..."
ကျင်းစစ်၏ ခေါင်းမှာ ပေါက်ကွဲသွားပြီး သူ့မျက်နှာပေါ်ရှိ အပူမှာ ရုတ်တရက် တရှိန်ထိုး တက်သွားလေသည်။
ယခု အကြိမ်သည် ယင်းကျောင်း ထိုစကားကို ပြောသည့် ဒုတိယ အကြိမ်ဖြစ်လေသည်။ အရင်အကြိမ်ပြောသည်ထက် ပို၍လည်း ရှင်းလင်း၏။
ယင်းကျောင်းက အဲ့ဒီကိစ္စကို ဆိုလိုခြင်း ဟုတ်မဟုတ် မသေချာပင်။
" နောင်တ ရနေပြီလား"
ယင်းကျောင်းက ကျင်းစစ်၏ မေးစေ့ကို ကိုင်ကာ သူ့ကို အတင်းကြည့်စေလိုက်ပြီး တခစ်ခစ် ရယ်ကာပြောလိုက်သည်။
" ငြင်းလည်း အသုံးမဝင်ဘူး ကျင်းစစ်"
ယင်းကျောင်း၏အသံက တိုးပြီး ဆွဲငင်နေကာ ပေါ့ပါ့ပါးပါးပါးပြောလိုက်သည်။ ယခုအချိန်တွင် ယင်းကျောင်းသည် နမ်းပြီးကာစ ဖြစ်သောကြောင့် သူ့အသံမှာ အနည်းငယ် အက်ကွဲနေလေသည်။ ထို့အပြင် သူ့အသံက အထူးသဖြင့် မြူဆွယ်သံပေါက်နေလေသည်။
ကျင်းစစ်၏ နှလုံးသားမှာ တဒုတ်ဒုတ် ခုန်နေပြီး သူ့လည်စေ့က လှုပ်ရှားသွားပြီး ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
"နောက်ကျနေပြီ ညကျရင် ဆရာတွေက အခန်းတွေကို လိုက်စစ်လိမ့်မယ်..."
ယင်းကျောင်းက ဉာဏ်များစွာ ပြုံးလိုက်ပြီး သူမျက်နှာမူပူမနေရုံသာမက သူ့နှလုံးသားကလည်း ပျာယာခတ်မနေချေ။
" အဲ့အချိန်မှာ ကိုယ်က လှုပ်ရှားလို့ မရဘူးပေါ့ "
သူကရပ်တန့်လိုက်ပြီး မရေရာစွာပြောလိုက်သည်။
" အရေးမကြီးပါဘူး မင်းကိုယ်တိုင်မလုပ်နိုင်ရင်လည်း ပြီးမှ အဆောင်ကဆရာတွေကို လာဘ်ထိုးရတာ ကိစ္စမရှိပါဘူး"
ပြီးမှ ...
ကျင်းစစ်၏ ခန္တာကိုယ် တစ်ခုလုံး ပူလောင်လာရသည်။ သူသည်းမခံနိုင်တော့သဖြင့် သူ့ခေါင်းကို ဘေးသို့စောင်းလိုက်သည်။
သို့သော်လည်း ယင်းကျောင်းက သူ့ကို လွှတ်မပေးပေ။
"မင်းဘာပြောမလဲ ဘယ်ကို ကြည့်နေတာလဲ"
ယင်းကျောင်းက သူ့မျက်နှာကို လှည့်လိုက်ပြီး ကျင်းစစ်၏ ခါးကို လက်တစ်ဖက်တည်းဖြင့် တင်းတင်းဆုတ်ကိုင်ထားကာ မေးလိုက်သည်။
" အဲ့ဒါက လုပ်ဖြစ်မှာလား"
ကျင်းစစ်က မျက်လုံးများကို အောက်သို့စိုက်ထားပြီး ဘာမျှ မပြောပေ။
ယင်းကျောင်းက သူရဲ့ ရှက်ရွံ့နေသောမျက်နှာကို ကြည့်ကာ ရပ်တန့်လိုက်ပြီး ရုတ်တရက် လျှင်မြန်စွာ မေးလိုက်သည်။
"မင်း တံခါးကို တိုက်မိတုန်းက ချောင်အန်းယန်ကို တွေ့ခဲ့တာလား"
ထိုနေ့က ကျင်းစစ်၏ စိတ်အခြေအနေက သိသာစွာ ဆိုးရွားနေလေသည်။ သူ အကြိမ်ပေါင်းများစွာ မေးနေပေမဲ့ အဖြေပြန်မရခဲ့ပေ။
လွန်ခဲ့သော ရက်များတွင် ယင်းကျောင်းက မေးရန် သင့်တော်သော အခွင့်အရေးကို ရှာမတွေ့ခဲ့သဖြင့် ယခုတွင် အချိန်ကိုက် ဖြစ်သွားသောကြောင့် သူမမေးဘဲ မနေနိုင်ချေ။
ထိုစကားများကို ကြားသောအခါ ကျင်းစစ်၏ စိတ်များက ယောက်ယက်ခတ်စွာဖြင့် ဖြေလိုက်သည်။
" ငါသူ့ကိုတွေ့ခဲ့တယ်"
ကျင်းစစ်၏ နှလုံးခုန်နှုန်းမှာ ကြိမ်နှုန်း အနည်းငယ် ရပ်တန့်သွားရသည် ။
ယင်းကျောင်းက သူ့ကို ဘာလို့မေးတာလဲ...သူ...သူ တစ်ခုခု သိသွားလို့လား...
"မင်း..."
သူကခြောက်သွေ့စွာ တံတွေးမျိုချလိုက်မိပြီး သူနှလုံးသားကမူ မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားလာသည်။
"ဘာလို့ သူ့အကြောင်း ရုတ်တရက်ကြီး ပြောတာလဲ"
"မင်းတို့နှစ်ယောက် ရန်ဖြစ်ခဲ့သေးလား"
ယင်းကျောင်း၏ အမူအရာကမူ မည်သည့် ပြောင်းလဲမှုမှရှိမနေဘဲ သူက သဘာဝကျစွာ ပြောလာသည်။
" ကိုယ်အဲ့ဒီနေ့က လှေကားအောက်ဆင်းနေတုန်း သူ့ကိုမြင်လိုက်လို့လေ အခုမှ သတိရတာနဲ့ မေးလိုက်တာ"
ကျင်းစစ် မယုံပေ။ သူစကားက ထိုကိစ္စကို မေးဖို့ အချိန်ကိုက်ကို စောင့်နေသလို ဖြစ်နေ၏။
"တကယ်လား"
"မဟုတ်ရင်..."
ယင်းကျောင်းက သူ့မျက်ခုံးများကို ပင့်ကာ သူ့ကိုဖက်ထားရင်း စာသင်ဆောင်ဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။
"မဖြစ်နိုင်တာ ကလေးလေးကလည်း"
သူ့မျက်လုံးများကို ကျင်းစစ်ဘက်လှည့်ကာ မှေးကြည့်လိုက်ပြီး ပြောလိုက်သည်။
" မင်းသဝန်တိုလို့လား"
ကျင်းစစ်က ရှက်သွားပေမယ့် မငြင်းပေ။ သူသဝန်တိုသွားတယ်လို့ သူထင်သွားတာများလား...
ယင်းကျောင်းက သူပိုပြီး တွေးနေမည်ကို စိုးရိမ်သဖြင့် ခုနက ခေါင်းစဥ်ကို ပြန်ပြောင်းပြောလိုက်သည်။
" မင်းကိုယ့်ဆီကို ဒီည လာမှာလား"
ကျင်းစစ်က နှုတ်ခမ်းများ လှုပ်ရှားသွားပေမယ့် ဘာမျှ မပြောပေ။
"စိတ်မပူပါနဲ့"
ယင်းကျောင်းက သူ့ခေါင်းကို ပွတ်သပ်ချင်ပေမယ့် သူ့နှဖူးကို ဂရုတစိုက် ရှောင်ကာ ပြောလိုက်သည်။
" ကိုယ်မင်းကို မထိပါဘူး"
ကျင်းစစ်က သူ့ကို မော့ကြည့်လေသည်။
"မင်းက လူကြီးတောင် မဖြစ်သေးဘူး ကိုယ်က သားရဲကောင်ကြီး မဟုတ်ပါဘူးကွာ ကိုယ်က မင်းကို စနေတာလေ မင်းကငတုံးလေးလား"
သူကပြောပြီးနောက် ပြုံးလိုက်သည်။
"ဒါပေမဲ့လည်း ကိုယ်က သားရဲကောင် ဖြစ်ချင်နေတုန်းပဲ"
ကျင်းစစ်၏ ပါးများမှာ ပူနွေးသွားပြီး ပို၍ရှက်ရွံနေကာ အမြတ်နိုးခံရခြင်းကြောင့်လည်း ပို၍ စိတ်လှုပ်ရှား သွားရ၏။
သူကခေါင်းငြိမ့်လိုက်ပြီး လက်ကို မြှောက်လိုက်ကာ သူ့ပခုံးပေါ်မှ ယင်းကျောင်း၏ လက်ကို ဖယ်လိုက်သည်။
ယင်းကျောင်းက အံ့အားသင့်စွာဖြင့် သူ့လက်ကို နောက်ပြန်ဆွဲထားပြီး ကစားကွင်းရောက်သည်အထိ လွှတ်မပေးတော့ပေ။
နှစ်ယောက်သား အတန်းထဲသို့ ပြန်ရောက်သောအခါ စာသင်ချိန်ပင် ရောက်ခါနီးနေချေပြီ။
ယင်းကျောင်းက အတန်းထဲတွင် စာလုပ်ရန် အလျှင်မလိုဘဲ ကျင်းစစ်ကို ပြောလိုက်သည်။
"မင်းခေါင်းကို ကြည့်ခွင့်ပေး"
သူတို့က အပြင်ထွက်လိုက်၏။ ဘာ့ကြောင့်ဆို ကစားကွင်းပေါ်ရှိ မီးရောင်က အလွန်မှိန်သောကြောင့် သူဘာကိုမျှ မမြင်ရပေ။
ကျင်းစစ်က ကြားသောအခါ သူဘေးဘက်သို့ နာခံစွာ လှည့်လိုက်ပြီး သူ့ဆံပင်ကို ဦးစွာလှန်ပေးလိုက်သည်။
ယင်းကျောင်း၏ မျက်လုံးများထဲရှိ အပြုံးမှာ ပို၍ နက်ရှိုင်းသွားပြီး အနီးကပ်ကြည့်ရန် မှီလိုက်လေသည်။
ကျင်းစစ် ဆောင့်မိခြင်းက ပြင်း၏။ သူရေခဲကို 24 နာရီကပ်ပြီး အဆီ တစ်မျိုးကို လိမ်းခဲ့သော်လည်း အရင် နှစ်ရက်ကလိုပင် ထူးခြားမှု မရှိသေး။
"ဘာလို့ အရောင်မကျသေးတာလဲ" ယင်းကျောင်းကမျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
"မင်းဆေးခန်းကို သွားဖို့ မလိုဘူးလား မင်းခေါင်းမူးနေလား"
" မလိုပါဘူး"
ကျင်းစစ်က သူ့လက်ကို ဆွဲချလိုက်ပြီး သူ့ကို ပြုံးကာ ပြောလိုက်သည်။
" အဆင်ပြေပါတယ် ငါခေါင်းမမူးဘူး နောက်ရက် အနည်းငယ်အတွင်း အဆင်ပြေသွားလိမ့်မယ် "
ယင်းကျောင်းက သူ့ကို စိတ်ပူစွာပြောလိုက်သည်။
"မင်းနေရတာ အဆင်မပြေရင် ကြိတ်ခံမနေနဲ့ ကိုယ့်ကို ပြောရမယ်နော် သိပြီလား"
ကျင်းစစ်က ခေါင်းငြိမ့်လိုက်သည်။
ယင်းကျောင်းက အေးဆေးတည်ငြိမ်စွာ ဆက်မေးပြန်သည်။
" မင်း အခုရက်ပိုင်း ခေါင်းကိုက်သေးလား ခဏခဏလည်း ဝင်မတိုက်မိစေနဲ့ အရင် အနာတွေတောင် မပျောက်သေးဘူး"
ကျင်းစစ်က အမှန်အတိုင်း ဖြေလိုက်သည်။
" တစ်ခါတစ်လေတော့ နာတယ် ဒါပေမဲ့ အရင်ကလောက်တော့ မဆိုးဘူး"
ယင်းကျောင်း စိုးရိမ်မည် စိုးသဖြင့် ထပ်ပြောလိုက်သည်။
" စိတ်မပူပါနဲ့ မကြာခင် ကောင်းသွားလိမ့်မယ် "
မကြာခင် ကောင်းသွားမယ်.. ကျင်းစစ် ဘာတွေသိနေလို့လဲ...
ယင်းကျောင်းက သူ့ရဲ့သံသယတွေကို ဖိနှိပ်ပြီး ပြောလိုက်သည်။
"တော်သေးတာပေါ့"
အတန်းစတော့မည် ဖြစ်၍ ကျင်းစစ်က သူရဲ့ခုံထဲမှ အိုလံပစ်စာအုပ်ကို ထုတ်ပြီး နောက်တစ်ချိန်တွင် ဖတ်ရန် အသင့်လုပ်နေလိုက်သည်။ သို့ရာတွင် ယင်းကျောင်းကမူ မျက်လွှာချကာ မလှုပ်မရှပ်ထိုင်နေပေ၏။
ကျင်းစစ်တစ်ယောက် တံခါးကို တိုက်မိချိန်က ချောင်အန်းယန်ကို တွေ့သည်ဟုပြောသည် ။ ဒီကိစ္စက ချောင်အန်းယန် လုပ်တာများလားလို့ ယင်းကျောင်းတွေးလိုက်မိသည် ။
ကျင်းစစ်ရဲ့ ခေါင်းကိုက်တာ သက်သာလာပြီဟု ကြားသောအခါ ယင်းကျောင်း ထိုသို့ မထင်တော့ပေ။
ခေါင်းကိုက်ပျောက်လာခြင်းက ချောင်အန်းယန်၏ ကျင်းစစ် အပေါ်လွှမ်းမိုးမှုသည် တဖြည်းဖြည်းလျော့နည်းလာပြီ ဟု ဆိုနိုင်ပြီး စိတ်ကူးထဲရောက်အောင် အိပ်ငွေ့ချရန် မဖြစ်နိုင်ပေ။
(mm T/n : ကျင်းစစ် အိပ်ငွေ့ချထားခံရသလိုဖြစ်ပြီး တံခါးကို တိုက်မိတာကိုပြောတာ)
အဲ့ဒါဆို ဘာလို့လဲ...
ယင်းကျောင်းက အတော်ကြာတွေးနေမိပြီး အဖြေမရှာနိုင်သောကြောင့် အခြားအကြောင်းအရာကို တွေးလိုက်လေသည်။
ကျင်းစစ် ယောင်ချန်းတွင် ရှိနေချိန်တွင် သူက တစ်ခါ ခေါင်းကိုက်ခဲ့သည်။ ထိုအခေါက်သည် အရင်ကကဲ့သို့ပေမဲ့ အနည်းငယ်သာ နာကျင်ခြင်းဖြစ်သည်။ သူ ကျင်းစစ်နှင့် သဘောတူညီမှုလုပ်ထားသော်လည်း ကျင်းစစ်ကသူ့ကို ပြောမည် မဟုတ်ချေ။
ထို ခေါင်းကိုက်ခြင်းနှစ်ခုက အရမ်းနီးကပ်နေပေမဲ့ ခေါင်းကိုက်သည့် နာကျင်မှု ပမာဏကမူ လုံးဝ ကွာခြားပေသည်။
အဲ့ဒါဆို စာမေးပွဲဖြေနေချိန် အတောအတွင်းမှာ သူတို့နှစ်ယောက်ကြား သံလိုက်စက်ကွင်းက ဘာဖြစ်သွားတာလဲ...
ယင်းကျောင်းက ကျင်းစစ်ကို အတွေးများနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုအချိန် အတောအတွင်းတွင် ကျင်းစစ်တွင် ဖြစ်သွားသည့် ကိစ္စကြီးမှာ နိုင်ငံ့လေ့ကျင့်ရေး အသင်းထဲသို့ ဝင်ရောက်သွားနိုင်ခြင်း ဖြစ်၏။
တကယ်လို့ သူ့အတွေးသာ မှန်ရင် ကျင်းစစ်က ပိုကောင်းလာပါကချောင်အန်းယန်ရဲ့ ကျင်းစစ် အပေါ် လွမ်းမိုးနိုင်မှုတွေကလည်း တဖြည်းဖြည်း အားနည်းလာမှာ မလား...
သူ ထိုအကြောင်းတွေးနေချိန်တွင် ဖုန်းက ရုတ်တရက် တုန်ခါလာလေသည်။ ယင်းကျောင်း ကောက်ယူပြီး ကြည့်လိုက်သောအခါ ကျန့်ချွယ်ဆီမှ မက်ဆေ့ချ် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
[ကျန့်ချွယ်က မမှန်ဘူး] : အကိုကျောင်း အကို အားလပ်ရက်တွေမှာ စန်းယွဲ့ဝမ် မှာနေမှာလား
[ကျောင်း] : မသွားဘူး ဘာဖြစ်လို့လဲ
[ကျန့်ချွယ်က မမှန်ဘူး] : အဲ့ဒါဆို ကျွန်တော် အဲ့မှာ ခဏလောက်နေမယ် ကျွန်တော် အားလပ်ရက် အိမ်မပြန်ချင်ဘူး
[ကျောင်း] : မင်းနေချင်သလောက်သာနေ အဲ့အိမ်မှာက ရှင်းတယ်
[ကျန့်ချွယ်က မမှန်ဘူး] : ကျေးဇူးပါ ဖေဖေရေ...
ယင်းကျောင်းက သူ့ကို လျစ်လျူရှုလိုက်ပြီး သူ့ဖုန်းကို ချတော့မည့် အချိန်တွင် အခြားမက်ဆေ့ချ် တစ်ခုပေါ်လာသည်--
[ဦးလေးဟယ့်] : ယိုး ဘယ်လိုလေမျိုး တိုက်လိုက်လို့ မင်းလို အလုပ်ရှုပ်တဲ့ လူက စကားပြောတဲ့ ဂရုထဲ ရောက်လာတာလဲ
ယင်းကျောင်းက နှာမှုတ်ပြီး စာရိုက်လိုက်သည်--
[ကျောင်း] : မင်းပြောတာ နားထောင်မှပဲ ကောက်ခါငင်ကာ ဘဝင်မြင့်တဲ့ စိတ်တွေ ပေါ်လာတော့တယ်
[ဦးလေးဟယ့်] : ထွက်သွားစမ်း! ခွေးမသား!
[ဦးလေးဟယ့်] : ငါမင်းကို ပြောပြမယ် သူဘယ်လောက်ရွံဖို့ကောင်းတယ် ဆိုတာ မင်းမသိလို့...တစ်နေ့က ရေချိုးခန်းထဲမှာလေ ငါ့မျက်လုံးနဲ့ သေချာ မြင်ခဲ့တာနော် တခြားသူတွေဆို ကြက်သီးမွေးညှင်းထလောက်တာတွေကို သူနဲ့ အစ်ကိုစစ် လုပ်နေတာ...
[ကျန့်ချွယ်က မမှန်ဘူး] : ဘာတွေလုပ်ခဲ့တာလဲ...ကျွန်တော်ကြားချင်တယ် ဟေး...ဟေး...ဟေး...
[ဦးလေဟယ့်] : လူအိုကြီးကျန့် မင်းရောကွေးသွားပြီလား မင်းရဲ့ ညီမလေးက မတောင်နိုင်တော့ဘူးလား
[ဖန်ချန်းချန်း] : ...
[ကျန့်ချွယ်က မမှန်ဘူး] : မဟုတ်ဘူး !
[ကျောင်း] : ငါသာ ငါ့ကောင်လေးနဲ့ ချစ်သူတွေ မဟုတ်ရင် နမ်းတာတွေ ဖက်တာတွေ ဂိမ်းအတူတူကစားတာတွေလုပ်ပါ့မလား မင်းတို့ဦးနှောက်က အပေါက်ဖြစ်သွားပြီလား...
[ကျောင်း] : သူငယ်ချင်းတို့ မင်းတို့ နားမလည်ရင်လည်း တိတ်တိတ်နေလေ စင်ဂယ်ဖြစ်နေရတဲ့ ခါးသီးတဲ့ ခံစားချက်ကို ငါနားလည်ပါတယ် ဒါပေမဲ့ ကျေးဇူးပြုပြီး ငါတို့နဲ့ ချိုမြိန်တဲ့ သမီးရည်းစား ဆက်ဆံရေးကို နားလည်ပေးပါ ကျေးဇူးတင်ပါတယ်
[ကျန့်ချွယ်က မမှန်ဘူး] : ...
[ဦးလေးဟယ့်] : ...
[ဖန်ချန်းချန်း] : ...
___
စာရေးသူမှာ ပြောစရာရှိတယ်~
အကိုကျောင်းရဲ့အရှက်မရှိအပြုအမူတွေကအထိန်းအကွပ်မဲ့စွာ ယိုစိမ့်ထွက်လာပါပြီ
___
Translated By IQ-Team.