အပိုင်း၈၈
Viewers 14k

Chapter 88

Chapter 88


ကျောင်းလမ်းမကြီးက တိတ်ဆိတ်နေကာ မီးများလည်း မှိတ်သွားပြီဖြစ်ပြီး မနစ် 20 ကြာပြီးသောအခါ အဆောင်မှုးက အနီးအနားသို့ လှည့်ပတ်လေတော့သည်။ အဆိုးဆုံးသော ကျောင်းသားများပင် ထိုအချိန်တွင် ပြသနာမလုပ်ရဲပေ။


တိတ်ဆိတ်မှုနှင့် မှောင်မိုက်နေမှုကြားတွင် ယင်းကျောင်း၏ အနည်းငယ်ပြင်းသော အသက်ရှုသံကို သတိမူမိလိုက်ချိန် ကျင်းစစ်ခန္တာကိုယ်တွင် ပူပြင်းကာ တက်ကြွ ဖြစ်နေသော အရာတစ်ခုကို သတိထားမိလိုက်သည်။


ယင်းကျောင်း၏ နှလုံးခုန်သံမှာ မြန်ဆန်နေကာ သူ့ရင်ဘတ်က သိသာစွာပင် နိမ့်ချည် မြင့်ချည် ဖြစ်နေ၏။


သို့သော် သူ့ကို အတင်းဖိအားမပေးဘဲ အသာလေးပွေ့ဖက်လိုက်သည်။ ကျင်းစစ်သာ မလိုချင်လျှင် သူလည်းမလုပ်ဟု သူကို အတန်းပြီးနောက် ကစားကွင်းတွင် ကတိပေးခဲ့သည်။ 


သူတို့ မတွဲခင် ကေတီဗီ ခန်းထဲရှိ အနမ်းမှစ၍ သူတို့ယခုကဲ့သို့ အိပ်ယာပေါ်တွင် အတူအိပ်နေသည် အထိ ယင်းကျောင်းက သူ့ခံစားချက်များကို ဂရုစိုက်နေတုန်းဖြစ်သည်။


အမှန်တွင် ကျင်းစစ်က အိပ်ယာသေးသေးလေးကို မကြိုက်ပေ။ သူအိပ်လျှင် အိပ်ယာအလယ်တွင်သာ ပက်လက်အိပ်လေ့ရှိပြီး ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ မရွေ့ပေ။ အိပ်သည့်အချိန်မှ နိုးသည့်အချိန်အထိ ထိုပုံစံအတိုင်းသာ အိပ်လေသည်။ အိပ်ယာ သေးနေချိန် အခြားသူနှင့် အိပ်နေရလျှင် သူ့ စိတ်ပိုင်းဆိုင်ရာရော ခန္တာကိုယ်ပိုင်းဆိုင်ရာပါ သက်တောင့်သက်သာ မဖြစ်သောကြောင့် ဘေးဘက်သို့အနည်းငယ် ရွေ့လိုက်မည် ဖြစ်၏။


သို့ရာတွင် သူ့ဘေးမှ လူကမူ ယင်းကျောင်းဖြစ်နေသည့်အတွက် အရာအားလုံး ကွာခြားသွားပေသည်။


သူ့ရဲ့ ခေါင်းမာသောအကျင့်နှင့် မတူညီစွာ ကျင်းစစ်က သူ့ဘက်ကို ကပ်ကာ မှီထားချင်လေသည်။ သူက အနည်းငယ်ရှက်နေကာ သူ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကြောင့် လွှမ်းမိုးခံနေရသော်လည်း သူကို ရွေးချယ်ရန်အခွင့်အရေးထပ်ပေးပါက သူဒီကိုထပ်လာဦးမည် ဖြစ်သည်။


အမှန်တွင် ထိုအရာက ဘာမျှမဟုတ်ပေ။ ချစ်သူစုံတွဲများအိပ်ယာတစ်ခုတည်းတွင် အိပ်ခြင်းက ပုံမှန်ဟု ကျင်းစစ်တွေးလိုက်၏။


ယင်းကျောင်းက သူ့ကို ယခုအချိန် နမ်းလျှင်လည်း သူ့ရဲ့တုံ့ပြန်မှုက အတူတူပင် ဖြစ်လိမ့်မည်ပင်။


သူကသာ ယင်းကျောင်းကို နေရန် ပြောခဲ့သူဖြစ်ပြီး ယခုတွင်မူယင်းကျောင်းက အလွန်တရာမှသက်တောင့်သက်သာ ရှိနေသည်။


ကျင်းစစ်ရဲ့ ပါးလေးများက ပူနွေးလာကာ သူ့အသက်ရှူသံကမူ တိုတောင်းလာပြီး သူကူးပြောင်းလာပြီး မူလခန္တာကိုယ်ပိုင်ရှင်၏ မှတ်ဥာဏ်များကို မရချိန်ကထက် ပို၍ စိတ်လှုပ်ရှားနေမိ၏။


သူ့လည်ချောင်းက ခြောက်သွေ့နေပြီး သူ့လည်စေ့ကမူ အကြိမ်အနည်းငယ်မျှ အပေါ်အောက် ရွေ့လျားသွားကာ အချိန်အတော်ကြာ အရှိန်ယူပြီးနောက် ယင်းကျောင်းကို တိုးတိုးလေးခေါ်လိုက်သည်။


" ယင်းကျောင်း"


သူတို့နှစ်ယောက်က အပျော်တွဲနေခြင်းမဟုတ်သလို စမ်းသပ်ကာ ရည်းစားထားနေခြင်းမျိုးလည်း မဟုတ်ပေ။ သူတို့က တစ်ဘဝလုံး အတူရှိသွားကြမည်သူတွေပင်။ ထို့ကြောင့် အခုဖြစ်ဖြစ် နောင်ဖြစ်ဖြစ် ကိစ္စ မရှိပေ။ ထို့အပြင် သူ့မွေးနေ့သို့ရောက်ရန် တစ်ပတ်သာ လိုတော့သည်။


"ဟမ်" 


ယင်းကျောင်းက ပြန်ထူးလိုက်ချိန်တွင် သူ့အသံက အသက်ရှူသံကြားမှ အက်ကွဲစွာ ထွက်ပေါ်လာကာ သိသိသာသာ ထိန်းချုပ်နေရပုံပေါ်ပြီး မေးလာသည်။


"ဘာဖြစ်လို့လဲ ပေါင်ပေ့"


"မင်း..."


ကျင်းစစ်က အသက် ပြင်းပြင်းရှုလိုက်မိပြီး သူ့နှလုံးခုန်သံသည် ကျယ်လောင်လွန်းသောကြောင့် သူ့စကားအသံကိုပင် ဖုံးလုမတတ်ဖြစ်နေ၏။


" မင်းတကယ်လုပ်ချင်ရင် မင်းလုပ်လို့ရတယ် ..."


သူက ကျန်ရှိနေသော စကားများကို မပြောပေမဲ့ သူတို့နှစ်ယောက်လုံး နားလည်လေသည်။


ယင်းကျောင်းက အသက်ရှူကျပ်သွားပြီး သူ့ပခုံးပေါ်မှ လက်ကလည်းရုတ်တရက် တင်းကျပ်သွား၏။


ကျင်းစစ်က မရုန်းဘဲ သူ့ကို လုပ်ခွင့်ပေးထားလိုက်သည်။


"မင်း..." 


ယင်းကျောင်းက အံတင်းတင်းကြိတ်လိုက်ကာ သူ့ကို မယုံကြည်နိုင်စွာ ကြည့်ကာ မေးလိုက်သည်။


" မင်းဘာကို ပြောနေတယ်ဆိုတာရော သိရဲ့လား"


ကျင်းစစ်က ပေါ့ပါးစွာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဖာခ့်" 


ယင်းကျောင်းကအသံတိုးတိုးဖြင့် ​ကျိန်ဆဲလိုက်ပြီးနောက် ကျင်းစစ်ကို သူ့လက်မောင်းထဲထည့်ကာ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။ ထို့နောက် သူကလွှတ်ပေးလိုက်ပြီး အိပ်ယာပေါ်မှ လိမ့်ကာ ထသွားလိုက်တော့သည်။


တုန်းဟိုင်ပြည်နယ်စုရှိ ကျောင်းသားများ အဆောင်အခန်းတံခါးများတွင် အဆာင်မှူးများ လာရောက်ကြည့်ရှူဖို့အဆင်ပြေစေရန် သေးငယ်သောမှန်ပြတင်းပေါက်ငယ်များကို တပ်ဆင်ထားလေသည်။ ကော်ရစ်ဒါပေါ်မှ မီးရောင်က အခန်းမှန်ပြတင်းပေါက်ကို ဖောက်ကာ အခန်းထဲသို့ မှိန်မှိန်လေး ကျရောက်နေလေသည်။ ယင်းကျောင်းက ခုံဆီသို့ လျှောက်သွားလိုက်ပြီး အံဆွဲကို ဆွဲဖွင့်ကာ အထဲသို့ နှိုက်ကာ ရှာလိုက်သည်။


သူတစ်ကိုယ်လုံးက တင်းမာနေကာ မီးလောင်ရန် အသင့်ဖြစ်နေသလို ပူလောင်နေလေသည်။ သူက စီးကရက်ဘူးကို အကြိမ်ကြိမ် ရှာဖွေပြီးနောက် နောက်ဆုံးတွင် တွေ့သွားချေပြီ။


"ကိုယ့်ကို စိတ်ထဲမထားနဲ့ မင်းအိပ်တော့ ကိုယ်ဆေးလိပ် သောက်လိုက်ဦးမယ်"


ကျင်းစစ်က ထထိုင်လိုက်ပြီး မှောင်နေပေမယ့် သူယင်းကျောင်းကို မကြည့်ရဲပေ။ သူမျက်လုံးကို အောက်သို့အကြည့်လွှဲလိုက်ပြီး တည်ငြိမ်နေဟန်ဆောင်ကာ ပြောလိုက်သည်။


" မင်း မလုပ်ချင်ရင် ..."


"ကလေးလေး ကိုယ့်ကို ထပ်စမနေနဲ့တော့" 


ယင်းကျောင်းက သူ့ပါးစပ်ထဲတွင် စီးကရက်ကို ကိုက်ထားရင်းမှ  စကားဖြတ်ပြောလိုက်၏။


"လိမ္မာပါကွာ အိပ်တော့နော်"


သူက ဘယ်လိုလုပ် မလုပ်ချင်ဘဲနေပါ့မလဲ...သူအဲ့အကြောင်း တွေးမိတာနဲ့တင် ရူးတော့မယ်...


သူ့တွင် နွေဦးအိမ်မက် ဘယ်လောက်တောင် မက်ခဲ့လဲ မမှတ်မိတော့ပေမဲ့ မနက်တိုင်းတွင် သူ့အတွင်းခံ စိုရွှဲနေသည်မှာ ပုံမှန်လိုပင် ဖြစ်နေချေပြီ။


သို့သော် သူကျင်းစစ်ကို အဆောင်ထဲတွင်တော့ ထိမည် မဟုတ်ချေ။


သည်း...သည်းမခံနိုင်တော့ဘူး...


ထိုသို့သော အရာမျိုးက လူတစ်ယောက်ထဲအတွက်သာ သာယာမှု မဟုတ်ဘဲ လူနှစ်ယောက်၏ ပျော်ရွှင်မှုဖြစ်လေသည်။


ယခုကဲ့သို့ ညစ်ပတ်စုတ်ပြတ်နေသော ပတ်ဝန်းကျင်တွင် တစ်ယောက်ယောက်အချိန်မရွေး ပေါ်လာနိုင်ပြီး ဆရာများကိုလည်းသတိထားနေရဦးမည်ဖြစ်သည်။ ကျင်းစစ်က ရှက်တတ်လွန်းပြီး ကြံ့ကြံခံနိုင်မည် မဟုတ်ပေ။ ထိုအပြင် ကွန်ဒုံးနှင့် ချောဆီ မရှိသည့်အတွက် ဒဏ်ရာ အလွယ်တကူ ရနိုင်ပေ၏။


ယင်းကျောင်းက ညဝတ်အင်္ကျီ ကြယ်သီးကို ဖြုတ်လိုက်ကာ ပြတင်းပေါက်ရှေ့တွင် ရပ်နေလိုက်သည်။ တခါတရံတွင် ပြတင်းပေါက်၏ ဟနေသော နေရာများကြားမှ လေအေးများက သူ့ကို ထိခတ်ပြီး တိုက်ခတ်နေကာ အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်သွားစေသည်။


သူက အိပ်ယာဘေးမှ လက်ရန်းပေါ်သို့ မှီလိုက်ပြီး ကျင်းစစ်ကို မကြည့်မိစေရန် အကောင်းဆုံးကြိုးစားကာ ထိန်းချုပ်လိုက်နေရသည်။ သူဆေးလိပ် တစ်လိပ်သောက်ပြီးနောက် အနည်းငယ် တည်ငြိမ်သွားသည်။


သူ ချက်ချင်းပြန်မသွားသေးဘဲ လေအေးများ လုံလောက်အောင် အတိုက်ခံ ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြန်တည်ဆောက်နိုင်သွားသည်။ သားရဲကောင် အဖြစ် မပြောင်းလဲတော့တာ သေချာမှသာ သူ့ဖုန်းနှင့် မီးခြစ်ကို ဘေးသို့ ပစ်လိုက်ပြီး ဖိနပ်ချွတ်ကာ အိပ်ယာပေါ်တက်သွားလိုက်သည်။


ကျင်းစစ်က မအိပ်သေးဘဲ အိပ်ယာပေါ်တွင် မတ်မတ်ထိုင်နေ၏။


"ဘာလို့ မအိပ်သေးတာလဲ" 


ယင်းကျောင်းက သူ့ကို လှဲစေလိုက်သည်။


"မင်းကို စောင့်နေတာ "


ထို တန်းတန်းမတ်မတ်လာသော ဘောလုံးက ယင်းကျောင်းကို ထပ်ပြီး လဲပြိုကျလုပင် ဖြစ်သွားစေသည်။ သူထိန်းချုပ်ပြီး ကျင်းစစ်ရဲ့လက်ကို လွှတ်ပေးလိုက်ကာ ဘဲဥပုံရဲ့ စံညီမျှ ခြင်းများကို စိတ်ထဲတွင် အကြိမ်အကြိမ်ရေရွတ်လိုက်ပြီးနောက် နူးညံ့စွာ မေးလိုက်သည်။


"မင်းကိုယ့်ကို ပြောခဲ့တာ အမှန်ပဲလား တကယ်ဆန္ဒ ရှိတာလား"


ကျင်းစစ်က အင်း လို့ နူးနူးညံ့ညံ့လေးဖြေလိုက်သည်။


ယင်းကျောင်းက ထပ်သည်းမခံနိုင်တော့သဖြင့် ခေါင်းငုံ့ကာ ကျင်းစစ်ရဲ့နှုတ်ခမ်းများကို နမ်ရှိုက်လိုက်လေသည်။ သူ ပြင်းပြင်းထန်ထန် မနမ်းရဲပေ။ သူကခပ်ဖွဖွလေးထိလိုက်ပြီးနောက် ပြောလိုက်သည်။


" မင်းပထမဆုံးကို ဆန္ဒရှိရင် အကြွေးမှတ်ထားလိုက်လေ နောက်မှကိုယ့်ကို ပြန်ပေး အိုကေလား"


ကျင်းစစ်က ရှက်ရွံ့စွာ ခေါင်းငြိမ့်ပြလိုက်သည်။


" မင်းခေါင်းငြိမ့်တာက ဘာကိုဆိုလိုတာလဲ" 


ယင်းကျောင်းက အသားမစားရသောကြောင့် သူ့နှလုံးသားထဲတွင် ပူလောင်နေပြီး ကျင်းစစ်ကို အခြားသောနည်းလမ်းဖြင့် အနိုင်ကျင့်ချင်လာ၏။ 


"သဘောတူတာလား မတူတာလား"


ကျင်းစစ် ပါးများက နီရဲသွားပြီး တခဏ အကြာတွင် သူတိုးတိုးလေးပြောလိုက်သည်။


"သဘောတူတာ"


"ဒါဆို ကိုယ်နောက်ဆုံးပြောစရာရှိတယ် ကိုယ်လုပ်ချင်တာလုပ်မှာနော် နာခံမှာလား" 


ကျင်းစစ်က တိတ်ဆိတ်နေကာ စကားမပြောပေမယ့် သူ့အသက်ရှူသံကမူ မြန်ဆန်နေသည်။


ယင်းကျောင်းက ဆက်ကာ မေးလိုက်သည်။


" ဘာလို့ မဖြေတာလဲ နာခံမှာလားလို့"


ကျင်းစစ်က သူ့လက်သီးကို တင်းတင်းဆုတ်လိုက်မိပြီး သူ့နှလုံးသားလေးကမူ လည်ချောင်းမှ ခုန်ထွက်မလိုပင် ဖြစ်နေရသည်။ သူက စကားမပြောခင် တုံ့ဆိုင်းနေပြီးမှ မပွင့်တပွင့်လေး ပြောလိုက်သည်။


" နာခံမယ် "


ယင်းကျောင်းရဲ့ နှလုံးသားမှာ ဂွမ်းလုံးလေးကဲ့သို့ ရုတ်တရက် နူးညံ့သွားကာ စောင်ကို ဆွဲခြုံလိုက်ပြီးနောက် သူ့ခေါင်းကို ထိကာ မစတော့ဘဲ စကားဆိုလိုက်၏။


"အိပ်တော့"


ကျင်းစစ်က သူအိပ်မပျော်နိုင်လောက်ဘူးဟု ထင်ခဲ့သည်။ ပထမအနေဖြင့် သူ့အိပ်ချိန်ကို ကျော်လွန်နေပြီဖြစ်ပြီး ဒုတိယကမူ ယင်းကျောင်းဆီမှ အကြာကြီးအစခံထားရကာ သူ့နားတွင် ကပ်နေသောကြောင့် သူလုံးဝ မတည်ငြိမ်နိုင်ပေ။


သို့သော် ရလဒ်အနေနှင့် သူ လျှင်လျှင်မြန်မြန် အိပ်ပျော်သွားရုံသာမက အိမ်မက်ပင် မက်လိုက်သေးသည်။


အိပ်မက်က ဝေဝါးနေကာ သူ တက္ကသိုလ် ဝန်းထဲတွင် ရှိနေကြောင်းကိုသာ အိမ်မက်ထဲတွင် ဝိုးတဝါးခံစားမိလေသည်။ သူ့အိမ်မက်ထဲတွင် သူကခေါင်းမော့ပြီး ယင်းကျောင်းကို ပြောလိုက်သည်။


" ဒါဆို ငါအတန်းကို အရင်သွားနှင့်မယ် ပြီးရင်တွေ့မယ်နော်" 


ယင်းကျောင်းက ပြုံးကာ လက်ဝှေ့ယမ်းပြလာသည်။


နောက်တစ်ခုတွင် မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွားပြီး ယင်းကျောင်းနှင့်သူ ခွဲထွက်သွားကြသောနေရာတွင် ယင်းကျောင်းတစ်ယောက်တည်း မတ်တပ်ရပ်နေတာကို နေ့လည်မှည ညမှနေ့လည်သို့ အမျိုးမျိုးပြောင်းလဲကာတွေ့လိုက်ရသည်။ 


သူအိပ်ပျော်နေတုန်းတွင် ကျင်းစစ် ထူးထူးခြားခြား အေးစက်လာပြီး သူ့နှုတ်ခမ်းများက လှုပ်ရှားသွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။


" ယင်းကျောင်း"


"အင်း"


ယင်းကျောင်းက ​အိပ်ချင်မူးတူးဖြင့် မသိစိတ်အရ ပြန်ဖြေလိုက်ပြီး ကျင်းစစ် ကို သူ့လက်မောင်းထဲသို့ ဆွဲသွင်းလိုက်သည်။


ရင်းနှီးနေသော အနွေးဓါတ်ကို ခံစားမိပြီးနောက် ကျင်းစစ်ရဲ့တောင့်တင်းနေသောခန္တာကိုယ်မှာ ပြေလျော့သွားကာ ထပ်မံအိပ်ပျော်သွားပြန်သည်။


နောက်တစ်နေ့တွင် သူတို့နှစ်ယောက် နံနက်စာ စားပြီးနောက် အတန်းထဲသို့ စာလေ့လာရန် သွားပြီး အတော်ကြာသောအခါ ဆရာလျိုက ကျင်းစစ်ကို အပြင်ခေါ်ထုတ်လိုက်၏။


သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုများမှာ မဖုံးမဖိနိုင်စွာပွင့်ထွက်လျက် ပြောလာသည်။


" ချင်းဟွာတက္ကသိုလ်နဲ့ ပီကင်းတက္ကသိုလ် က ဝင်ခွင့်ရုံးက လူတွေရောက်လာပြီး အစည်းအဝေး ခန်းထဲမှာ မင်းကိုစောင့်နေကြတယ် "


နိုင်ငံ့လေ့ကျင်းရေးအသင်းထဲရှိ ပြိုင်ပွဲဝင်များအတွက် ကျောင်းနှစ်ကျောင်းမှ အင်တာဗျူး လာမေးမည်ဟု ရှောင်းလေ့ယွဲ့ ပြောတာကို ကြားခဲ့ဖူးသဖြင့် သူတို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး ဖြစ်သည်။ ကျင်းစစ်က ခေါင်းငြိမ့်လိုက်ပြီး ဆရာလျိုအနောက်သို့လိုက်ကာ အစည်းအဝေးခန်းထဲသို့ သွားလိုက်သည်။


သူ တံခါးသို့ ဝင်လိုက်သည်နှင့် သူရင်းနှီးနေသော ရှောင်းလေ့ယွဲ့ကို ချင်းဟွာ ရုံးမှလူများဘေးတွင် တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။


"ရှောင်ကျင်း" ရှောင်းလေ့ယွဲ့က မတ်တပ်ရပ်ကာ သူ့ကို နှုတ်ဆက်လာသည်။


ကျင်းစစ်က တံခါးကို ကိုင်ထားရင်းမှ သူ့ကို ပြုံးပြလိုက်သည်။


" အကိုရှောင်း အကိုက ဘာလို့ ရောက်နေတာလဲ"


" ကိုယ်တို့ ကျောင်းက ကိစ္စတစ်ခုကို ဟိုတယ်မှာ ကြေငြာဖို့ သွားတော့ အဲ့မှာ အသိမိတ်ဆွေနဲ့ တွေ့ခဲ့တယ်လေ ကိုယ်မင်းကို သိတယ်ဆိုတာ သူတို့သိလို့ ကိုယ့်ကို ဒီနေ့ ဒီကို ပို့လိုက်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ပါမောက္ခ က ဟိုတယ်မှာပဲ ရှိသေးလို့ မင်း ပြီးရင် ကိုယ်နဲ့လိုက်ခဲ့ပြီး သူ့ကိုတွေ့မလား"


ဘေးနားတွင် ထိုင်နေသော ပီကင်း တက္ကသိုလ်မှ ဝင်ခွင့်ရုံးခန်းမှ လူက ထိုစကားကို ကြားသောအခါ တွေးလိုက်လေသည်။ 


' အိုး မဖြစ်တော့ဘူး သူတို့က အကြီးကြီးကြံနေကြပြီ ရင်းနှီးတဲ့ ကတ်တွေပါ ထုတ်သုံးနေပြီ သူတို့ကျင်းစစ်ကို အရင်ခေါ်သွားခွင့် ပြုလို့ မဖြစ်ဘူး'


____


Translated By IQ-Team.