အပိုင်း၉၀
Viewers 14k

Chapter 90

Chapter 90


ယင်းကျောင်း မျက်လုံးပင့်ကာ ကျင်းစစ်ကို စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။


ကျင်းစစ်က သူ့အကြည့်များကို သတိမထားမိဘဲ သူသည် နှင်းဆီပန်းပွင့်လေးကိုသာ အာရုံစိုက်နေလေသည်။


နှင်းဆီပွင့်လေးသည် လုံးဝ ခြောက်သွေ့နေပြီး  မြေပြင်ပေါ်သို့ ရုတ်တရက် ပြုတ်ကျသောအခါ ခြောက်သွေ့ကာ ကြွပ်နေသော ပွင့်ချပ်လေးများကြွေသွားပြီး မျက်စိရှေ့တွင်ပျက်ဆီးသွားလေသည်။


ကျင်းစစ် အလွန် စိတ်သောက ရောက်သွားကာ သူ့၏လျို့ဝှက်ချက်ကို တွေ့သွားသောကြောင့် ဖြစ်ပေါ်လာသော ရှက်ရွံ့မှုများပင် ပျောက်ကွယ်သွားလေသည်။ သူ ထိုင်ချလိုက်ပြီး ပန်းပွင့်လေးကို ကောက်ချင်ပေမဲ့ သူကိုင်လိုက်လျှင် ပို၍ ကြွေကြသွားမည်ကို စိုးရိမ်သဖြင့် သူမထိရဲပေ။


သူမတတ်နိုင်တော့ဘဲ ရင်ထဲတွင် နောင်တရသလို ခံစားလိုက်ရပြီး မျက်မှောင်ကြုံ့ကာ တိုးတိုးလေးရေရွတ်လိုက်လေသည် " ဘာလို့များ ဒီလို ပြုတ်ကျသွားတာလဲ..."


ယင်းကျောင်း သည်းမခံနိုင်တော့ဘဲ မတ်တပ်ရပ်လိုက်ကာ ကျင်းစစ်ကို သူ့လက်မောင်းထဲသို့ သွင်းလိုက်လေတော့သည်။ 


သူက ဘယ်လောက်တောင် ကံကောင်းတဲ့ လူမို့လို့ ကျင်းစစ်လို အရမ်းကောင်းတဲ့လူနဲ့ ဆုံခွင့် ရခဲ့တာလဲ...


ထိုသံဘူးထဲတွင် ကျင်းစစ် ပထမရခဲ့တုန်းက စာမေးပွဲဖြေလွှာတွေပါတာလို့ သိခဲ့ပြီး ထိုအရာသည် ယင်းကျောင်း အတွက် အရေးအကြီးဆုံးဖြစ်လေသည်။


ယခုတွင် ကျင်းစစ်သည် ယင်းကျောင်းအတွက် အဖိုးတန်သော သီးသန့်နေရာလေးကို ထားပေးလေသည်။


သင်္ချာတွင် 102 မှတ်ရသော်လည်းသူသည် အရင်ကထက် အနည်းငယ် တိုးတက်လာသောကြောင့် ကျင်းစစ် အရမ်းပျော်ခဲ့လေသည်။


"ပန်းကို တက်မနင်းနဲ့" ကျင်းစစ်ခေါင်းကို စောင်းကာ မြေပြင်ပေါ်သို့ ကြည့်လိုက်သော်လည်း ယင်းကျောင်းသည် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလေသည်။


"ကိုယ်သိပါတယ် ကိုယ်မလုပ်ပါဘူး" 


ယင်းကျောင်း ကျင်းစစ်၏ နဖူး မျက်ခွံများနှင့် နှုတ်ခမ်းထောင့်စွန်းလေးများကို ညှင်သာစွာ လိုက်နမ်းလိုက်ပြီး မယုံကြည်နိုင်စွာ နူးနူးညံ့ညံ့လေး မေးလိုက်သည် "ကိုယ်ဘာလို့ ဒီပန်းတွေကို ဝယ်ရတာလဲ မင်းသိလား?"


သူ့နှလုံးသားကို တန်ဖိုးထားခံရသည်ဟုသော ပျော်ရွှင်မှုသည် ယင်းကျောင်းနှလုံးသားကို တုန်ခါစေသည်။


သူသည် တစ်ကိုယ်တည်းနေကာ သူ့ကိုယ်သူ ထင်ပေါ်အောင် နေရသည်ကို မကြိုက်ပေမဲ့ ယင်းကျောင်းကို သူနည်းလမ်းများဖြင့် ချဥ်းကပ်ကာ မြတ်နိုးတန်ဖိုးထားရန် အလွန်ကြိုးစားလေသည်။


ကျင်းစစ် မျက်တောင်များသည် တုန်နေပြီး သူနူးညံ့စွာပြောလိုက်သည် " ပန်းတွေရဲ့ အဓိပ္ပါယ်က ..."


ယင်းကျောင်း နားလည်လိုက်သည် ။


"မင်း ဘာလို့ ..."


ယင်းကျောင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ ချိုမြိန်မှုများကြားတွင် နစ်မြှပ်သွားတော့မလို ခံစားလိုက်ရကာ ပြောလိုက်သည်


 " မင်းဘာလို့ အရမ်းချစ်ဖို့ ကောင်းနေတာလဲ"


ကျင်းစစ်သူ့မျက်လုံးများကို အံ့အားသင့်စွာ မော့ကြည့်လိုက်လေသည်။


ယင်းကျောင်း ရယ်လိုက်ပြီး ခေါင်းငုံ့ကာ သူ့ကိုနမ်းလိုက်လေသည်။


"မင်း ပါးစပ်ဟလိုက်" ယင်းကျောင်း ကျင်းစစ်၏ နှုတ်ခမ်းများကို ဖွဖွလေး လျက်လိုက်ကာ တိုးတိုးလေးပြောလိုက်သည် 


ကျင်းစစ် နာခံစွာသူ့နှုတ်ခမ်းများကိုခွာလိုက်ပြီး ယင်းကျောင်း၏ လျာဖျားလေးကို ဝင်လာခွင့်ပေးလိုက်လေသည်။


သူတို့အကြာဆုံးနှင့် အနူးညံ့ဆုံး နမ်းဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ် ဖြစ်လေသည်။ အိပ်ယာဘေးနားမှ တံခါးဆီအထိတိုင်အောင် ယင်းကျောင်းသည် သူ့အချစ်များအားလုံးကို အနမ်းတွင် ထည့်ကာ ကျင်းစစ်ဆီသို့ပေးနေသကဲ့သို့ သူ့ကို ပြင်းပြင်းထန်ထန်ကာ နမ်းနေလေသည် ။


ယင်းကျောင်း သူ့ကို လွှတ်လိုက်သောအခါ ကျင်းစစ်၏ ခြေထောက်များ မတ်တပ်ပင် မရပ်နိုင်လောက်အောင် အားနည်းနေလေသည်။ သူ့နှဖူးကို ကျင်းစစ် ပခုံးပေါ်သို့ မှီထားကာ နားနေပြီး မောဟိုက်စွာ အသက်ရှူနေလေသည်။


"မင်း နဖူးနာလား..." ယင်းကျောင်း သူ၏ခါးကို ကိုင်ကာ မြှောက်လိုက်လေသည်။


"မနာပါဘူး"


"အဲ့တာက မနာရင်တောင် အရမ်းအလုပ်မလုပ်နဲ့" ယင်းကျောင်း သူ၏ကျောကို ညှင်သာစွာ ပွတ်ပေးလိုက်ပြီး သူ့ဆံပင်များမှ ခေါင်းလျော်ရည်နံ့ကို ရှူရှိုက်လိုက်ပြီးနောက် သူ့နှလုံးသားလေး နူးညံ့သွားလေသည်။


ကျင်းစ်သည် သူ့ကို ဖိအားမပေးပေမဲ့ သူနှင့် တူညီသော တက္ကသိုလ်သို့ သွားရန် မျှော်လင့်ထားလေသည်။


သူဘာမျှမပြောခဲ့ဘဲ သူ့မှတ်စုများထုတ်ကာ သူ့စာအုပ်များကို ရွေးထုတ်ပေးပြီး သူတတ်နိုင်သမျှသူ့ကို ကူညီခဲ့လေသည်။ ယင်းကျောင်း၏အောင်မြင်မှုတစ်ခုချင်းစီကို မှတ်ထားကာ သူ၏ နှလုံးသားထဲတွင် တိတ်တိတ်လေး အားပေးနေခဲ့သည်။


မလုံလောက်သေးပေ။ ယင်းကျောင်း တွေးလိုက်သည် ။ သူ၏ ကြိုးစားအားထုတ်မှုများသည် မလုံလောက်သေးပေ။


ကျင်းစစ်၏ သံဘူးလေးထဲတွင် စာရွက်များ အတွဲလိုက်ထည့်ထားလေသည်။ သူကိုယ်တိုင်အတွက် ထည့်မတွက်ဘဲ ယင်းကျောင်းကိုသာ အကောင်းဆုံးများပေးချင်သည်။


သူတိုနှစ်ယောက်သည် အတော်ကြာ အချင်းချင်း ဆုပ်ကိုင်ထားပြီး သူတို့၏ အသက်ရှူသံများ တည်ငြိမ်သွားမှသာ ခန္တာကိုယ်ချင်း ခွာလိုက်ကြလေသည်။


"မင်းထိုင်နေ ကိုယ်ရှင်းလိုက်မယ် " ယင်းကျောင်း ထိုင်လိုက်ပြီး စာရွက်များကို တစ်ရွက်ချင်း သံဘူးထဲသို့ ကောက်ထည့်လိုက်လေသည်။


သူပန်းပွင့်ကို ကောက်လိုက်သောအခါ သူအမှတ်တမဲ့ အားသုံးလိုက်မိသောကြောင့် ပွင့်ဖတ် အနည်းငယ်သာ ရှိသော သနားဖွယ် ပန်းပွင့်လေးသည် ချွတ်ကနဲမြည်ကာ ကြေသွားပြန်သည်။


ကျင်းစစ် အသက်ပြင်းပြင်း ရှူလိုက်ပြီး ချက်ချင်းပြောလိုက်သည် " မလှုပ်နဲ့ ငါလာမယ် "


သူ ယင်းကျောင်းဆီမှ ပန်းပွင့်ကို ဂရုတစိုက်ယူလိုက်ပြီး သံဘူးထဲသို့ ဖွဖွလေး ထည့်လိုက်လေသည်။ ထည့်ပြီးသောအခါ သူမထသေးဘဲ ကြမ်းပြင်ပေါ်မှ ကြွေထားသော ပွင့်ဖျပ်များကို ဆက်ကောက်လေသည်။


တစ်ခုပြီးတစ်ခု ကို အတိအကျ အသေးစိတ် ဖြင့် စိတ်ရှည်စွာ ကောက်လိုက်ပြီး သူ့လက်ဖဝါးထဲတွင် စုလိုက်လေသည်။


သူထိုသို့ လုပ်နေသည်ကို ကြည့်နေရင်း ယင်းကျောင်း ဘာကြောင့်မှန်းမသိ ရယ်ချင်နေသည်။ သူ့မျက်လုံးများက ကျင်းစစ်ပေါ်သို့ အကြည့် ရောက်သွားကာ သူ့နှုတ်ခမ်းထောင့်စွန်းများသည် ထိန်းမရနိုင်စွာ မြင့်တက်သွားလေသည်။ သူထရပ်ဖို့ပင် မေ့နေပြီး ကြမ်းပြင်တွင်သာ ဆောင့်ကြောင့် ထိုင်နေပြီး ဂုဏ်ယူစွာပြုံးနေကာ ပျော်နေလေသည်။


ကျင်းစစ် ပွင့်ချပ်များထည့်ရန် ဘူးအလွတ်ကို ဘီဒိုနားသွားရှာချိန်တွင် သူ နောက်မှလိုက်လာပြီး ကျင်းစစ်ကို နောက်ဘက်မှ ပွေ့ဖက်ထားလေသည်။


ကျင်းစစ် ခတ္တမျှ အံအားသင့်သွားကာ သူ့မျက်လုံးများကို အောက်ချလိုက်ပြီး သူ့နှုတ်ခမ်းက အနည်းငယ် ပြုံးသွားကာ စိတ်ပြေလျော့သွားလေသည်။


နောက်တစ်နေ့သည် ဆောင်းတွင်းအားလပ်ရက် မတိုင်ခင် နောက်ဆုံးတစ်ရက်ဖြစ်၏။ ကျောင်းသားများသည် စာလုပ်ရန် စိတ်မပါဘဲ အားလပ်ရက်ကိုသာ စိတ်ရောက်နေကြသည်။ ဆရာများသည်လည်း အတန်းတွင်းစည်းကမ်းများကို ဂရုစိုက်ရန် ပျင်းလွန်းသောကြောင့် မသိချင်ဟန်ဆောင်ပေးထားလိုက်သည်။


နေ့လည်တွင် ယင်းကျောင်းက ကျင်းစစ်နှင့် ကန်တင်းသို့ နေ့လည်စာ စားရန်မသွားဘဲ ဗီယန်းထီယန်း သို့ ထွက်လာခဲ့လိုက်သည်။


ဒီဇိုင်းနာနှင့် စကားပြောပြီးနောက် ဘာဂါ ဆိုင်ကိုတွေ့သောအခါ ဝင်စားလိုက်လေသည်။


တချိန်တည်းတွင် အဖေကျင်းသည်လည်း ကုမ္ပဏီမှ ထွက်လာကာ စတော်ဘယ်ရီနှင့် ချယ်ရီသီးများကို လမ်းဘေးသစ်သီးဆိုင်မှ ဝယ်လိုက်ပြီး တုန်းဟိုင်စီရင်စုကျောင်းသို့ ကားမောင်းလာလိုက်သည်။


ယခုသည် သူကျောင်းသို့ ပထမဆုံးအကြိမ်လာဖူးခြင်းဖြစ်သည်။ အစောင့်များကို နေရာများမေးပြီးနောက် လေတိုက်သောကြောင့် ပုံပျက်သွားသော ဆံပင်များကို ပြန်လည်ပြုပြင်လိုက်ကာ ကျောင်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။


သို့သော် ပထမစာသင်ဆောင်နှင့် ဒုတိယစာသင်ဆောင်သည် နီးကပ်ကာ တစ်ပုံစံထဲတူလေသည်။ အစောင့်သည် အဆောင်သို့လက်ညိုးထိုးပြလိုက်ပြီး အရမ်းဝေးနေသောကြောင့် အဖေကျင်းသည် ဘယ်အဆောင်မှန်းမသိပေ။


အဆောင်မှားဝင်ကာ ကိုယ့်ကိုယ်ကို ဟာသ ဖြစ်မည်ကို စိုးရိမ်သဖြင့် သူ ဘယ်ညာကို ကြည်လိုက်ပြီး သူ့ရှေ့တွင် တစ်စုံတစ်ယောက်ကို တွေ့သောအခါ သူ့မျက်လုံးများသည် တောက်ပသွားပြီး "ကျောင်းသားလေး" ဟု သူမြန်မြန်အော်ခေါ်လိုက်ပြီး သူ့နောက်သို့ လိုက်သွားလေသည်။


" ဒုတိယနှစ်ရဲ့ တန်းခွဲ 7 က ဘယ်အဆောင်လဲမေးပါရစေ "


ယင်းကျောင်း သူ့ကို ကြည့်ကာ ပြောလိုက်သည် " ကျွန်တော်နဲ့လိုက်ခဲ့ ကျွန်တော်လည်း တန်းခွဲ 7 ကပဲ"


"အာ တိုက်ဆိုင်လိုက်တာ! " အဖေကျင်းသည် သူ့ကံကောင်းမှုအတွက် သက်ပြင်းချလိုက်ကာ သိမ်မွေ့နူးညံ့သည့် ပုံစံလုပ်ကာ ပြောလိုက်သည် "ဒါဆို မင်းက ကျင်းစစ် အတန်းဖော်ပေါ့ ဦးလေးက ကျင်းစစ် အဖေပါ"


ယင်းကျောင်း သူ့ခေါင်းကို ဆတ်ခနဲ လှည့်လိုက်လေသည်။


အဖေကျင်းသည် ယင်းကျောင်း၏မျက်လုံးများ ပြောင်းလဲမှုကို မသိသည့်အတွက် သူပြောလိုက်လေသည် " မင်းတို့ အတန်းထဲမှာ ကျင်းစစ်က ဘယ်လိုလဲ အတန်းနဲ့ရော အဆင်ပြေရဲ့လား? သူက ပျင်းဖို့ကောင်းပြီး စာပဲနေ့တိုင်းလုပ်နေတာမလား..."


ယင်းကျောင်း အဖေကျင်းကို အပေါ်အောက်ကြည့်လိုက်သည် ထိုလူက သားရဲအိုကြီးပဲ ။ သူ့အပြင် ပုံစံက လူနဲ့တူပေမဲ့ သူသည် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာတွင်တော့ လူကောင်းမဟုတ်ပေ။ 


သနားဖို့ကောင်းတာသည်တော့ သူကဘယ်လိုပဲဖြစ်ဖြစ် ကျင်းစစ်ရဲ့ သွေးရင်း အဖေဖြစ်နေခြင်းပင်။ မဟုတ်လျှင်တော့ သူထိုလူကို ရှင်းပစ်လိုက်မည် ဖြစ်သည်။


"သူက အရမ်း သဘောကောင်းတယ် " ယင်းကျောင်း သူ့မျက်ခုံးကို ပင့်လိုက်ပြီး အကြောင်းအရာကို ခေါင်းစဥ်ပြောင်းလိုက်လေသည်


 " ကျင်းစစ်က အတန်းထဲမှာ နာမည်ကြီးတယ်လေ အတန်းထဲက လူတိုင်းကလည်း သူ့ကို သဘောကျကြတယ်လေ အထူးသဖြင့် ကျွန်တော်ပေါ့"


ကျင်းစစ်ရဲ့ စရိုက်ကို သိသလောက်တော့ သူက နာမည်ကြီးနိုင်ပါ့မလား...အဖေကျင်း စကားတစ်လုံးကိုတောင် မယုံနိုင်ပေ။


သို့သော် ဤအတန်းဖော်သည် စကားနည်းလေသည်။


သူယင်းကျောင်း ဘေးနားက လိုက်သွားပြီး မေးလိုက်သည် " မင်းနာမည်က ဘယ်လိုခေါ်လဲ? မင်းက ကျင်းစစ်နဲ့ ဆက်ဆံရေးကောင်းပုံပဲ"


"ယင်းကျောင်း" ယင်းကျောင်း အဖေ့ကျင်းကို အပြုံးတစ်ဝက်ဖြင့်ပြောလိုက်သည် " အင်း ကျွန်တော်တို့က နေ့တိုင်းအတူတူရှိနေတာ"


အဖေကျင်း တစ်ခုခု ပြောချင်ပေမဲ့ ယင်းကျောင်း ထပ်ပြောလိုက်လေသည် " ဒီရက်ပိုင် ကျင်းစစ် ဘာဖြစ်နေမှန်း မသိဘူး သူ ကန်တင်းကို သွားရင်လည်းအသားမစားတော့ဘဲ အသီးအရွက်ပဲ စားတော့တယ် ဦးလေးရော အကြောင်းအရင်းကို သိလား..."


အဖေကျင်း ခေါင်းထဲတွင် တဝီဝီမြည်သွားပြီး သူ့ပါးများသည် ပူလာလေသည်။


သူသည် သူ၏ ဂုဏ်သိက္ခာကို ဂရုစိုက်သောသူဖြစ်လေရ ယခုတွင် သူ ယင်းကျောင်းနှင့် စကား ဆက်မပြောချင်တော့ဘဲ တန်းခွဲ 7 သို့သာ မြန်မြန်ရောက်ချင်နေသည်။


"စောင့်ဦး ငါ့ကို စောင့်ပါဦး" 


ယင်းကျောင်း နှာမှုတ်လိုက်သည်။ သူတို့ ဆက်နွယ်နေသည်မှာ သွေးရင်းတော်နေသောကြောင့်သာ ဖြစ်သည်။


"ဟေး ငါတို့ မသွားတော့ဘူးလား?" အဖေကျင်းသည် အပြစ်ရှိသည်ဟု ခံစားမိသောကြောင့် ယင်းကျောင်းကို မကြည့်ရဲဘဲ ရှုခင်းများကိုကြည့်သလို ဟန်ဆောင်နေလိုက်သည် ။ ထိုအချိန်တွင် အစောင့်ပြောလိုက်သော အဆောက်အဦးနှစ်ခု ဆီသို့ သွားနေခြင်းမဟုတ်ကြောင်း တွေ့လိုက်ရသည်။


ယင်းကျောင်း ပုံမှန် မျက်နှာဖြင့်ပြောလိုက်လေသည် "အင်း"


အဖေကျင်းသည် စိတ်ရှုပ်သွားလေသည် " ဒါပေမဲ့ အစောင့်ပြောတာတော့ မင်းတို့က စာသင်ဆောင်ရဲ့ တတိယထပ်မှာဆို"


"အဲ့ဒါက အရင်တုန်းက ဒါပေမဲ့ တတိယနှစ်တွေအတွက် အခန်းလုပ်ချင်လို့ ကျောင်းဝန်းထဲကို လွန်ခဲ့တဲ့ နှစ်ရက်ကရွေ့လိုက်တယ်" ယင်းကျောင်း၏ မျက်နှာသည် မပြောင်းလဲသလို သူ့နှလုံးသားသည်လည်း အခုန်မြန်မနေပေ "ကံကောင်းလို့ပေါ့ ဦးလေးကျွန်တော့်ကို တွေ့တာ မဟုတ်ရင် လမ်းမှားသွားမှာ"


အဖေကျင်း ရုတ်တရက် ပြောလိုက်လေသည် "အဲ့လိုလား အဲ့ဒါဆိုရင်တော့ ကျေးဇူးပဲ"


ယင်းကျောင်းသည် ပျင်းရိစွာ နှုတ်ခမ်းကို ပြုံးလိုက်ပြီး ပြောလိုက်သည် "မလိုပါဘူး"


တုန်းဟိုင်ပြည်စီရင်စုကျောင်းရဲ့ စီဟယ်ရွမ် က ဖုန်းရွှေ အတော်လေးကောင်းသည်ဟု ပြောကြသည်။ အသုံးမကျသူများ အလိုအလျောက်ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် ပင်မပေါက်တွင် သံတံခါးကို တပ်ဆင်ထားလေသည်။


တံခါးရှေ့တွင် ရှည်လျားဖြောင့်ဆင်းကာ ခိုင်မာသော သစ်ပင် နှစ်ပင်သည် တံခါးကို စောင့်ကြပ်နေသော နတ်ဘုရားများကဲ့သို့ ဘယ်နှင့် ညာတွင် တည်ရှိလေသည်။


နေ့လည်စာစားချိန်ဖြစ်သောကြောင့် တစ်ကျောင်းလုံးသည် တိတ်ဆိတ်နေကာ ကစားကွင်းတွင် မည်သူမျှ မရှိတော့ပါ


ယင်းကျောင်းသည် အဖေကျင်းကို ကျောင်းဝန်း၏ တံခါပေါက်သို့ ဦးဆောင်ခေါ်သွားကာ သစ်ပင်နှစ်ပင်ထဲမှ တစ်ပင်ကို ညွှန်ပြကာပြောလိုက်သည် " လေတိုက်နေတော့ သစ်ပင်အောက်မှာစောင့်နေလေ ကျွန်တော် အထဲဝင်ပြီး ကျင်းစစ်ကို ခေါ်လိုက်ဦးမယ်"


ထိုစီစဥ်မှုသည် အဖေကျင်း ဆန္ဒနှင့်ထပ်တူညီလေသည် ။


ကျင်းစစ်သည် သူ့ကို ကော်ရစ်ဒါတွင် ပြသနာ ရှာမည်ကို အထူးစိုးရိမ်သဖြင့် ယခုနေရာတွင် တွေ့ဆုံခြင်းသည် ပိုကောင်းလေသည်။


အဖေကျင်း စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး သစ်ပင်အောက်သို့ လျှောက်ဝင်သွားလေသည် " ဦးလေး မင်းကို ဒုက္ခပေးမိပြီ"


"မဟုတ်ပါဘူး"


ယင်းကျောင်းက ကျောင်းဝန်းထဲသို့ မရပ်တန့်ဘဲဝင်သွားကာ လုံခြုံရေးခန်းထဲသို့ တိုက်ရိုက် သွားလိုက်လေသည်။


ကျောင်းဝန်းထဲသို့ ဝင်ရန် ပင်မပေါက်သာရှိပြီး လုံခြုံရေးခန်းထဲတွင်တော့ အပြင်ထွက်ရန် တံခါးပေါက် သေးသေးလေးတစ်ခု ရှိလေသည်။


သစ်ပင်အောက်မှ အဖေကျင်းကို ပြန်လှည့်ကြည့်လိုက်ပြီး ယင်းကျောင်း ပြုံးလိုက်လေသည်။


တုန်းဟိုင်ပြည်နယ်စု အထက်တန်းကျောင်း၏ ဆောင်းရာသီ အမှတ်အသားမှာ ကျီးကန်းအုပ် ဖြစ်လေသည်။


ဘာကြောင့်မှန်း မသိပေမဲ့ ကျီးကန်းများသည် ကျောင်းဝင်ပေါက်ရှိ သစ်ပင် နှစ်ပင်ကို အထူးကြိုက်ကာ ထိုနေရာတွင် ဝင်နားလေ့ရှိကြသည်။


ထို့အပြင် တုန်းဟိုင်စီရင်စုကျောင်းမှ ဆရာများနှင့်ကျောင်းသားများသည် စိတ်ထဲတွင် ထိုအရာကို မှတ်ထားလေသည်။ ၎င်းမှာ သူတို့သည် ထိုသစ်ပင်များအောက်တွင် ဘယ်သောအခါမျှ မရပ်ရန်ဖြစ်ပြီး မဟုတ်လျှင် ငှက်ချီးများဖြင့် တိုက်ခိုက်ခံရမည် ဖြစ်သည်။


အဖေကျင်းသည် ငှက်ချီးများ ဖုံးလွှမ်းနေသောခန္တာကိုယ်ဖြင့် ကျင်းစစ်ကို သွားရှာဦးမည်ဟု မယုံပေ။


ကျင်းစစ်သည် အနားမယူဘဲ အိုလံပစ်သင်္ချာ ပုဒ်စာများကို တွက်နေလေသည်။ ပုံမှန်တွင် ယင်းကျောင်းသည် သူစာလုပ်နေသည်ကို နှောက်ယှက်မည် မဟုတ်ပေမဲ့ ယနေ့တွင်တော့ တမူထူးခြားလေသည်။


ထိုအချိန်တွင် အတန်းသည် စကားပြောရန်ပင် တိတ်ဆိတ်လွန်းနေသည်။ ယင်းကျောင်း ကျင်းစစ်လက်ကို ဆွဲကာ အပြင်ခေါ်လာလေသည်။


အဖေကျင်းသည် ဒုတိယ အကြိမ်ထပ်လာနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ထားသည်ထက် ကြိုတင်ပြောထားခြင်းသည် ပိုကောင်းပေမည်။


ယင်းကျောင်း၏ အပြုအမူကြောင့် တစ်ခုခုဖြစ်နေမှန်း ကျင်းစစ်သိလေသည်။ သူမေးလည်းမမေး ခုလည်းမခုခံပဲ သူ့နောက်လိုက်ကာ အတန်းပြင်ထွက်လာလိုက်သည်။


"မင်းအဖေ ဒီရောက်လာတယ်" အတန်းတံခါးကို ပိတ်ပြီးသည်နှင့် ယင်းကျောင်း ကျင်းစစ်ကို ပြောလိုက်လေသည် " ကိုယ်အခုလေးတင် အပြင်မှာ သူ့ကို တွေ့လာတာ"


ကျင်းစစ်၏ မျက်ဆံများရုတ်တရက် ကြုံ့သွားကာ သူ့မျက်လုံးများသည် ချက်ချင်း အေးစက်သွားလေသည် " သူဘယ်မှာလဲ ?"


"ကိုယ်သူ့ကို ကျောင်းပေါက်ဝက သစ်ပင်ဆီခေါ်သွားလိုက်တယ် " ယင်းကျောင်း နူးညံ့စွာ မေးလိုက်သည် " သူက မင်းကို တချိန်လုံး ဒုက္ခပေးနေတာမလား?"


ကျင်းစစ် ခေါင်းငြိမ့်လိုက်လေသည်။


အရင်က အဖေကျင်းသည် သူ့ကို အကြိမ်များစွာ ဖုန်းခေါ်လေသည်။ သူ ဖုန်းချလိုက်ပြီးတဲ့နောက် ကျင်းစစ် သူ့ဖုန်းကို ဖြေမှာ မဟုတ်ကြောင်း သိသွားကာ ထိုအစား wechat မှပို့လေသည်။


ယင်းကျောင်း နှာမှုတ်ကာ ပြောလိုက်သည် " သူက တကယ်မျက်နှာပြောင်တိုက်ရဲတာပဲ"


သူ ကျင်းစစ်၏ လက်ကို လှုပ်ခါကာ ပြောလိုက်သည်


 " အဆင်ပြေပါတယ် မင်းစိတ်ကို ပြင်ဆင်ထားဖို့ ကိုယ်က ပြောပြတာ ဒီနေ့တော့ သူမင်းကို လာရှာနိုင်မှာ မဟုတ်တော့ဘူး"


ယင်းကျောင်း ခေါင်းငုံ့ကာ သူ့အသံကို တိုးလိုက်လေသည် 


" မင်းအဲ့ဒါကို အပြီးအပြတ် ဖြေရှင်းချင်ရင် ကိုယ့်မှာ နည်းလမ်းရှိတယ် မင်း ... "


သူ့စကားမဆုံးခင် အနောက်ဘက်မှ ဆရာလျို၏ ကြမ်းမောင်းသံထွက်ပေါ်လာလေသည် " မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ?"


ဆရာလျှိုသည် ကျင်းစစ်ကို လျစ်လျူရှုကာ ယင်းကျောင်းကို ဆူလိုက်လေသည် " မင်း ကျင်းစစ်နဲ့ ဘာလုပ်နေတာလဲ အတန်းထဲမှာတောင် မပြောရလောက်အောင် အရေးကြီးနေလို့လား?"