အခန်း(၇၄)
Viewers 12k


အခန်း(၇၄)《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


အသားများသည် ကျင်းတစ်ထောင်ကျော်ရှိ၏။ ကမ္ဘာပျက်ကပ်ကြီးစကတည်းက ဤအခြေစိုက်စခန်းရှိ လူအများစုသည် ဤသို့သောလတ်ဆတ်သည့်အသားများကိုမဆိုထားနှင့် အသားအရသာကိုတောင်မှ မည်သူမှ မမြည်းစမ်းခဲ့ကြရချေ။


နောက်ဆုံးတွင် ၀မ်ချန်းအခြေစိုက်စခန်းမှ တပ်ဖွဲ့ လေးဖွဲ့သည် ဝံပုလွေအသားများကို ခွဲဝေပိုင်းခြားကာ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာရန် တောင်ပိုင်းအခြေစိုက်စခန်းအား ဓာတ်ခွဲခန်းသို့ဝင်ရောက်ခွင့်ပြုရန် သဘောတူခဲ့ကြသည်။ ထိုနေ့၌ ဒေါက်တာယန်သည် သူ့လက်ထောက်နှစ်ဦးနှင့် သစ်သားစွမ်းအားရှင်နှစ်ဦးနှင့်အတူ ဓာတ်ခွဲခန်းသို့ ပြောင်းရွှေ့ခဲ့ပြီး အလွန်ဝမ်းသာနေခဲ့သည်။ 


အဆုံးအထိ ၀မ်ရွှီရုန်သည် သူ့မျက်နှာတွင် ပြဿနာတချို့ရှိနေတုန်းဖြစ်၏။ သူသည် နှုတ်ခမ်းတင်းတင်းထားပြီး အပြုံးတစ်ခုကို ပြသ‌ထား၏။


“ကံမကောင်းစွာပဲ ဒီအသားကိုအရသာခံဖို့ မင်းတို့ရည်မှန်းထားလို့မရတော့ဘူး။ မင်းတို့စိတ်ပြောင်းသွားရင် ၀မ်မိသားစုတံခါးက မင်းတို့ကို အချိန်မရွေး တံခါးဖွင့်ပေးထားလိမ့်မယ်။ ပြီးတော့ အသားဝေစုလည်း အမြဲရလိမ့်မယ်”


“ ဟားဟား ”


သူ့ကို တုံ့ပြန်သည့်အနေနှင့် ကျန့်ယွင်နှင့်တခြားသူများသည် တည်ငြိမ်စွာ ပြုံးပြလိုက်ကြ၏။


ဒေါက်တာယန်၏ စွမ်းရည်ဖြင့်ဆိုလျှင် ရက်အနည်းငယ်အတွင်း မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို ကျွမ်းကျင်နိုင်သင့်သည်။ သို့သော်လည်း ၎င်းသည် သူတို့ ၀မ်ချန်းအခြေစိုက်စခန်း၌ ရက်အနည်းငယ်ကြာအောင်နေရန် လိုအပ်သည်ဟုလ ည်း ဆိုလိုသည်။


ထိုည၌ အခြေစိုက်စခန်းတွင် အသားနံ့ပြင်းပြင်း ရနေခဲ့၏။ တပ်ဖွဲ့အားလုံးသည် အသားလတ်လတ်ဆတ်ဆတ်ကို ရခဲ့ကြသဖြင့် သူတို့သည် သဘာ၀ကျစွာ စားသောက်ရန်ထုတ်ယူချင်ခဲ့ကြသည်ပင်။ ယခုအချိန်၌ ရာသီဥတုသည် အလွန်ပူပြင်းလှသဖြင့် အသားကို မကြာခင်မှာပင် ဖယ်လိုက်ကြသည်။ 


၀မ်မိသားစုသည် စွပ်ပြုတ်အချို့ကို ချက်ရန် အသားအချို့ကို ထုတ်ယူပြီး သူတို့၏သြဇာလွှမ်းမိုးမှုအောက်တွင်ရှိသောလူများကို ဆွဲဆောင်မှုတစ်ခုအဖြစ်မှတ်ယူထားကာ ပေးခဲ့ကြလေ၏။ သူတို့သည် ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းကို ထုတ်ယူကာ ဝမ်မိသားစုလက်အောက်ရှိ သူများအတွက် အသားစားပွဲတစ်ခုလုံးကို ပြုလုပ်ခဲ့ကြသည်။

 

၀မ်မိသားစု၌ ပစ္စည်းများပေါများသော်လည်း သာမာန်အချိန်များတွင် အသားစားဖို့ ဝန်လေးတတ်ကြသည်။ သူတို့သည် ရံဖန်ရံခါလိုအပ်နေချိန်မှသာ စားဖို့ရန် အသားအချို့ကို ထုတ်လိုက်ရုံသာရှိသည်။လတ်ဆတ်သည့်အသားများနှင့်မတူဘဲ ကျပ်တိုက်အသားနှင့်ဘေကွန်များကို စားရလျှင်တောင်မှ အချို့အချိန်များတွင် အရသာမခံနိုင်ကြချေ။ အခုအချိန်အခါကာလာတွင် သူတို့သည် နောက်ဆုံး၌ အသားစားရသည့်အရသာကို သိခဲ့ကြပြီဖြစ်၏။ 


သန္ဓေပြောင်းများ၏ အသားများသည် ပြောခဲ့သလိုပင် အရသာရှိ၏။ ထိုနေ့တွင် အန်းဟွေ့မြို့ရှိ အခြေစိုက်စခန်း၌ ပွဲတော်နေ့တစ်ရက်ဖြစ်ပြီး အင်အားစုလေးခု၏လူများသည် သူတို့ပါးစပ်ဆီများဖြင့်မပြည့်မချင်း စားကြလေ၏။ 


အထူးသဖြင့် နယ်မြေခံတပ်သည် တပ်ဖွဲ့လေးခုတွင်အင်အားအနည်းဆုံးဖြစ်၏။ တခြားအင်အားစုများကဲ့သို့ စစ်သားများကို ကောင်းစွာမဆက်ဆံပေးနိုင်သည့်အပြင် သူတို့တွင် ရိက္ခာလည်း အနည်းဆုံးဖြစ်၏။ သူတို့အားလုံးသည် ကြိုးကြိုးစားစား အလုပ်လုပ်ကြသော်လည်း အကျိုးအမြတ်အနည်းဆုံးကိုသာ ရရှိကြသည်။ ၀မ်မိသားစု နှင့် ဟုန်မိသားစုတို့သည် အပြစ်မဲ့သူများ၏ အသက်များအကြောင်း အမြဲပြောနေခဲ့ကြ၏။ မည်မျှပင် အန္တရာယ်ရှိစေကာမူ မြို့စောင့်တပ်သည် ရှင်သန်ရန်မတတ်နိုင်စွာဘဲ သူတို့၏ဦးခေါင်းပေါ်တွင်သာ ရပ်တည်နိုင်ရုံသာရှိသည်။ ဤနေ့ရက်များတွင် လုမိသားစုကသာ သူတို့အားမကူညီခဲ့လျှင် စားဖို့တောင်မလုံလောက်နိုင်ချေ။


ယခုတစ်ကြိမ်တွင်တော့ သူတို့သည်အသားဝေစုအနည်းဆုံးသာရခဲ့သော်လည်း ကျင်းနှစ်ရာရတုန်းပင်။ နယ်မြေခံမြို့စောင့်တပ်မှူးသည် ဝမ်ချန်းရှိ တပ်ရင်းကို ဦးဆောင်သော ဒု-တပ်မှူး သိုက်(Dai) အမည်ရှိတပ်မှူးတစ်‌ဦးဖြစ်သည်။


ဒုတပ်မှူးသိုက်သည် အသားပမာဏကို စစ်ဆေးပြီးသည်နှင့် ခွဲခြမ်းသိမ်းထားမည့်အစား ညီအကိုများ ကောင်းကောင်းမစားရသည်မှာ ကြာပြီဖြစ်သဖြင့် အားလုံးကိုထုတ်ပြီး ချက်လိုက်၏။ အသားများအားလုံးကို ပေါင်းချက်လိုက်၏။ ဝံပုလွေအသားသည် အဆီများများစားစား မရှိသည်ကတော့ သနားစရာပင်။ အခြေခံအားဖြင့် အသားသီးသန့်စစ်စစ်သာဖြစ်၏။ အညိုရောင်ဆော့စ်နှင့် ပေါင်းထားပြီး ဝက်သားလောက်တော့ အရသာမကောင်းချေ။ သို့သော် အဆုံးမှာတော့ ၎င်းသည်အသားဖြစ်ဆဲပင်။ အနံ့ခံရုံနှင့်ပင် တံတွေးများ နေရာအနှံ့စိမ့်ထွက်နိုင်အောင် လုပ်နိုင်လေ၏။ 


စွပ်ပြုတ်ထဲတွင် ဟင်းထဲမှကျန်သည့် အသီးအရွက်ခြောက်များ ထည့်ပြုတ်ထားခဲ့သည်။ ဆူပွက်ကာ အရသာ အလွန်ရှိပြီး ထမင်းဖြူအိုးကြီး အနည်းငယ်ကိုချက်ကြကာ ရာနှင့်ချီသည့်အမျိုးသားများသည် အတူတကွထိုင်ချကြကာ စားသောက်နေစဉ် ခေါင်းတောင်မထောင်လာခဲ့ကြချေ။


ဒုဗိုလ်ကြီးသိုက်သည် ကွမ်းဟုန်နှင့်အခြားရဲဘော်များကိုလည်း စာသောက်ရန်အထူးဖိတ်ကြားခဲ့သည်။ အဆုံး၌ သူတို့အားလုံးသည် ရဲဘော်ရဲဘက်များပင်ဖြစ်ကြ၏။ ထို့အပြင် ဤအကြိမ်သူတို့သည် အဝေးမှသူတို့၏ရဲဘော်များကျေးဇူးကြောင့် အသားစားနိုင်ခဲ့ကြခြင်းဖြစ်သည်။


ကွမ်းဟုန်သည်မငြင်းဆိုခဲ့ဘဲ ညီအစ်ကိုများနှင့်အတူသွားခဲ့ကြသည်။ သူသည် ကျည်ဆန်အသစ်များအပြင် အသီးအရွက်ဖျော်ရည်များအကြောင်းကို ဒုဗိုလ်သိုက်အား ပြောရန် ဤအခွင့်အရေးကို ရယူလိုက်သည်။ အနည်းဆုံးတော့ သူတို့အင်အားကို သန်မာလာစေရန် ကူညီပေးနိုင်ရန်ဖြစ်သည်။


ကျန့်ယွင်နှင့်သူ့အဖွဲ့သည် သူ့နောက်သို့လိုက်မသွားခဲ့ချေ။ သူတို့သည်ဟိုတယ်ထဲတွင် ပုန်းကာ တံခါးကိုပိတ်ပြီး ငါးဟော့ပေါ့စားခဲ့ကြသည်။ အပြင်ဘက်တွင် အသားအနံ့များရနေသော်လည်း လူတစ်စုသည် ဤနေရာတွင်ပုန်းအောင်းနေပြီး အစားကောင်းကောင်းစားနေကြသည်ကို မည်သူမှ သတိမထားမိကြချေ။


“ ဟမ့်၊ သူတို့ရဲ့ဝံပုလွေအသားကို ဘယ်သူက အရမ်းဂရုစိုက်လို့လဲ။ သူတို့မှာ ဆီတောင်အလုံအလောက်မရှိဘဲနဲ့။ သူတို့ငတ်ပြီး သေတောင်သေတော့မယ်”


ကျန့်ကျားဟယ်သည် သူမကြိုက်သည်ကို ငြီးတွားရင်း သူ့ကိုယ်ပိုင်ပန်းကန်ထဲရှိ အသားပြားများကို မျက်နှာမူနေလိုက်ချေ၏။


“ ဟုတ်တယ်၊ ဒီလူတွေက အသားမစားရတာ နှစ်ထောင်ချီနေသလို ပြုမူနေကြတယ်။ ထရပ်ကားပေါ်မှာရှိတဲ့ ဝံပုလွေအသေကောင်တွေကို မြင်လိုက်ရတုန်းက သူတို့မျက်လုံးတွေ ပေါက်ထွက်လာမတတ်ပဲ”


စကားသိပ်မပြောတတ်သည့် စုန့်ချန်ရှုသည် ဝါကျတစ်ကြောင်းထပ်ထည့်လိုက်၏။ ၀မ်ရွှီရုန်၏ အသွင်အပြင်သည် လူတိုင်းထက်ပိုသာသည်ကို မြင်နိုင်ရန် မခက်ပါချေ။ ထိုကလေးသည် ရေတွင်းထဲက ဖားတစ်ကောင်လိုပင်။ သူသည် မိုးကြိုးစွမ်းအား နိုးထနိုင်ခဲ့၍ သူကသာ အကြီးမြတ်ဆုံးဟု ထင်နေပုံရလေသည်။


လူတိုင်းသည် တစ်ခုခုပြောလာကြပြီး အလွန်အသက်၀င်လာကြလေ၏။


ညစာစားပွဲတွင် စုရွေ့ကျယ်သည် စကားများများစားစားမပြောသော်လည်း သူအမြဲပြုံးနေခဲ့သည်။ သိသိသာသာပင် သူသည် ကျန့်ကျားဟယ် နှင့် အခြားသူများ၏ စကားများကို သဘောတူ ထောက်ခံနေခဲ့၏။သူသည် သူ့ကျန့်ကောနှင့် စကားပြောစဉ်က ရိုင်းစိုင်းလွန်းသော ၀မ်ရွှီရုန်ကို မိမိ၏ဖြောင့်မတ်ခြင်းနှင့်အတူ အထူးသဖြင့် စိတ်ပျက်သည်။ ၀မ် တို့သည် ဝံပုလွေသားများကို စားနေချိန်တွင် စုရွေ့ကျယ်နှင့် သူ့အဖွဲ့သားများသည် ငါးဟော့ပေါ့ကိုအတူတူစားခဲ့ကြသည်။


၀မ်ချန်းအခြေစိုက်စခန်းတွင် ဓာတ်အားထောက်ပံ့မှုမရှိသောကြောင့် သူတို့သည် ငါးဟော့ပေါ့ချက်ပြုတ်ရန်အတွက် ခရီးဆောင်မီးဖိုကို အသုံးပြုနေကြရဆဲဖြစ်သည်။


အိုး၏အောက်ခြေတွင် နေရာလွတ်ထဲမှ လတ်ဆတ်သောအနက်ရောင်ငါးဖြင့် ပြုတ်ထားသော ငါးဟင်းရည်ဖြစ်ပြီး အရသာရှိ၏။ စူပါမားကတ်မှယူလာခဲ့သည့် အဆင်သင့်ပြုလုပ်ထားသော အမြန်အေးခဲထားသည့် သိုးသားနှင့် အမဲသားလုံးအထုပ်များကို လတ်ဆတ်နေစေရန် နေရာလွတ်ရှိ ဂူငယ်လေးတွင် ထည့်ထားခဲ့ခြင်းဖြစ်သည်။


ယခုသူတို့သည် နဂိုကနှင့် မတူကြတော့ချေ။ ဟင်းသီးဟင်းရွက်များကိုလည်း နေရာလွတ်ထဲတွင် စိုက်ပျိုးထားသည်။ မုန်လာဥနီ၊ မျှစ်စိမ်းများ၊ အစိမ်းရောင်အသီးအရွက်များ၊ ဟင်းနုနွယ်ရွက်၊ ပဲပင်ပေါက်များ၊ မှိုများ စသဖြင့်ရှိလေ၏။ လူတစ်စုသည် ငါးများ အသားများနှင့် ပြည့်နေကြပြီး သူတို့၏ဗိုက်များဖောင်းလာကြ၏။ ရှောင်ဟေးတောင် ငါးစွပ်ပြုတ်ပန်းကန်နှစ်လုံးစာ စားခဲ့ပြီးပြီဖြစ်၏။ 


အလုံအလောက် စားသောက်ကြပြီး ကျန့်ယွင်သည် အစားအသောက်ပြင်ဆင်ရာ၌ ကျန်ခဲ့သည့် အညစ်အကြေးအမှိုက်များကို သူ့တိုက်စားခြင်းစွမ်းအားနှင့် တိတ်တဆိတ်ဖျက်စီးလိုက်သည်။ သူ့စွမ်းရည်သည် ထိုသို့သောလုပ်ဆောင်မှုမျိုးအတွက်အတော်လေးအရည်အချင်းပြည့်မီသော်လည်း အမြဲသတိထားရန် ကောင်းမွန်၏။ 


ကွမ်းဟုန် ပြန်ရောက်လာပြီးနောက် ကျန့်ယွင်ကို အမြန်လိုက်ရှာခဲ့သည်။ နယ်မြေခံတပ်သည် ကျည်အမျိုးအစားအသစ်သတင်းကို ကြားလိုက်ကြရပြီဖြစ်သည်။ သူတို့သည် တစ်ချိန်တည်းမှာပင် တုန်လှုပ်ခြောက်ခြားသွားပြီး စိတ်လှုပ်ရှားနေခဲ့ကြသည်။ သို့သော်လည်း သူတို့လက်ထဲတွင် ကျည်ဆန်အမျိုးအစားအသစ်ကို ပြုလုပ်ရန် သင့်တော်သည့်ကိရိယာများ မရှိခဲ့ပေ။ ထိုအစား လုမိသားစုတွင် ဒေသခံသေနတ်နည်းပညာတစ်ချို့ ရှိခဲ့ပြီး လုမိသားစုသည်သူတို့အား အများကြီးအကူညီပေးခဲ့ကြသဖြင့် လုမိသားစုနှင့်ပူးပေါင်းချင်ခဲ့ကြသည်။ သို့သော် ထိုသတင်းကောင်းကို လုမိသားစုအား မပြောပြခင် သူတို့သည် ကွမ်းဟုန်၏သဘောတူညီချက်ကို တောင်းခံချင်နေကြဆဲဖြစ်၏။ အဆုံးမှာတော့ ထိုသတင်းသည် ကွမ်းဟုန်မှ ပြောပြပေးခဲ့ခြင်းပင်ဖြစ်လေ၏။ 


ကွမ်းဟုန် ကတော့ ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့၏ ထင်မြင်ချက်များကို ကြားချင်နေခဲ့ပြီး အပင်များသည် ဖုတ်ကောင်ဗိုင်းရပ်စ်ကို တားမြစ်နိုင်သည့်အကျိုးသက်ရောက်မှုကို အမှန်တကယ်ရှာဖွေတွေ့ရှိခဲ့သူမှာ ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့ပင် ဖြစ်ကြလေသည်။


“ကျွန်တော်တို့မှာ ထင်မြင်ချက်မရှိပါဘူး”


ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကာ ပြန်ဖြေခဲ့လေ၏။ 


ဖုတ်ကောင်များသည် လူသားအားလုံး၏ ဘုံရန်သူဖြစ်သည်။ ငါတို့ နောက်ထပ်တစ်ကောင်ကို သတ်လိုက်လျှင် ငါတို့ မျှော်လင့်ချက် ပိုရှိလာလိမ့်မည်။ ထို့ကြောင့်ပင် ကျန့်ယွင် နှင့် စုရွေ့ကျယ်သည် ဤအချက်အလက်ကို အစကတည်းကပင် ဖုံးကွယ်ထားရန် မရည်ရွယ်ခဲ့ကြပေ။


ဤသတင်းကို နယ်မြေခံတပ်အား ပြောပြရသည့်ရည်ရွယ်ချက်မှာ သူတို့ကို အားကောင်းလာစေဖို့ ကူညီရန်ဖြစ်သည်။ လုမိသားစုသည် ၀မ်မိသားစုနှင့် ဟုန်မိသားစုကို တိုက်ထုတ်ဖို့ရန် နယ်မြေခံတပ်နှင့်ပူးပေါင်းခဲ့ပြီးဖြစ်၏။ အကယ်၍ သူတို့သာ သတင်းရရှိခဲ့ပါက သူတို့ ပိုအားကောင်းလာမည်ဖြစ်သည်။


ကွမ်းဟုန်လည်း ရယ်မောလိုက်ပြီး သူတို့သည် သေချာပေါက် ကိုယ့်ကိုကိုယ် အရူးလုပ်မည့်သူများ မဟုတ်ဘူးဆိုသည်ကို သူသေချာသိ၏။


“ခေါင်းဆောင်ကျန့်၊ လူကြီးမင်းစု၊ ငါ့မှာ မမျှော်လင့်ထားတဲ့ တောင်းဆိုချက်တစ်ခုရှိသေးတယ်...”


 “ဗိုလ်ကြီး ကျေးဇူးပြုပြီး မေးပါ”


“သူတို့ ကျည်ဆန်အသစ်တွေကို ထုတ်လုပ်ပြီး ကျွမ်းကျင်အောင်လုပ်ဖို့ဆို အချိန်အတော်ကြာလိမ့်မယ်၊ ဆို‌တော့ ကျွန်တော်တို့နဲ့အတူ ယူလာခဲ့တဲ့ ကျည်ဆန်အသစ်တွေကို သူတို့ကိုမျှဝေပေးချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ယူလာတဲ့ ကျည်ဆံတွေက အကန့်အသတ်နဲ့ဖြစ်‌နေတယ်။ မစ္စတာစုကို အပင်ကျည်ဆန်အချို့ အသွင်ပြောင်းခိုင်းရင် စိတ်ရှိမလားလို့ မေးချင်ပါတယ်”


သူပြောသည့်အတိုင်းပင် ကွမ်းဟုန်သည် ၀မ်ချန်းအခြေစိုက်စခန်းတွင် မြေဆီလွှာမဲ့စိုက်ပျိုးမှုနှင့် သစ်သားစွမ်းရည်၏ ရလဒ်ဖြစ်သည့် လတ်ဆတ်သော ပြောင်းဖူးကြီး နှစ်ဖူးကို ထုတ်ပေးခဲ့လာခဲ့လေ၏။


“ ရပါတယ် ” 


စုရွေ့ကျယ်အတွက် ၎င်းသည် အသေးအမွှားသာဖြစ်၏။ 


ကွမ်းဟုန်ထွက်သွားသောအခါ သူသည် ပြောင်းဖူးကျည်ဆန်အိတ်သေးတစ်အိတ် နှင့် ပြောင်းဖူးလက်ပစ်ဗုံးနှစ်လုံးကို ယူသွားခဲ့သည်။


ခြောက်ရက်ကြာပြီးနောက် ဒေါက်တာယန်သည် စမ်းသပ်မှုမှတ်တမ်းများနှင့် အချက်အလက်များဖြင့် အဖွဲ့သို့ ယုံကြည်မှုအပြည့်နှင့်ပြန်လာခဲ့ပြီး သူသင်ယူခဲ့သော မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လက်တွေ့အသုံးချရန် သူတို့ကိုယ်ပိုင်အခြေစိုက်စခန်းသို့ပြန်ရန် စိတ်အားထက်သန်နေခဲ့လေသည်။


ကွမ်းဟုန်သည် ဒုတပ်မှူးသိုက်အား နှုတ်ဆက်ပြီး ညအချိန်တွင် သူ့အဖွဲ့နှင့်အတူ ဝမ်ချန်းအခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့လေသည်။


အပြန်ခရီးသည်အလွန်ချောမွေ့ပြီး လေးရက်သာကြာခဲ့လေ၏။ ပဉ္စမမြောက်ညတွင် သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။


သို့သော် တောင်ပိုင်းအခြေစိုက်စခန်းသည် ရှုပ်ပွနေလိမ့်မည်ဆိုသည်ကို သူတို့တွေးမကြည့်နိုင်ခဲ့ကြချေ။


အခြေစိုက်စခန်းဂိုဒေါင်အတွင်းရှိ ဆန်စပါးတစ်ဝက်ကျော်သည် ရုတ်ချည်းပျောက်ကွယ်သွားသည်ကို သူတို့မသိခဲ့ကြချေ။ အခြေစိုက်စခန်းတွင် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခဲ့ရာ အခြေစိုက်စခန်းသို့ကြွက်များ၀င်ရောက်လာသည့် ကြွက်တွင်းတစ်ခုကိုရှာတွေ့ခဲ့ကြလေသည်။ ဗိုလ်မှူးကျန်းသည် ကြွက်များအားလုံးကို အတူတကွသုတ်သင်ရှင်းလင်းရန် စစ်သားအားလုံးကို အမိန့်ပေးခဲ့သော်လည်း ၎င်းတို့အားလုံးသည် ပြောင်းလဲသွားခဲ့ကြသည်။ ၎င်းတို့သည် ပိုမိုသန်မာလာကြပြီး ပိုရန်လိုလာကြလေသည်။ စစ်သားအများအပြားသည် ၎င်းတို့အကိုက်ခံခဲ့ကြရလေ၏။ 


ကြွက်များသည် ရောရာပိုးအများအပြားသယ်ဆောင်ကြပြီး အကိုက်ခံရသောစစ်သားများတွင် အရေပြားအနာနှင့် အဖျားပိုးရှိသော်လည်း လက်ရှိဆေးကုသမှုအဆင့်မှာ အလွန်နိမ့်ကျကာ ကုသရန်အတွက် ရောင်ရမ်းမှုသက်သာစေသော ဆေးဝါးများနှင့် ထိုးဆေးများပေးရုံလောက်သာတတ်နိုင်၏။ 


ယခု အခြေစိုက်စခန်းသည် စားနပ်ရိက္ခာပြတ်လပ်မှုအခြေအနေ နှင့် အဆုံးမရှိသော ကြွက်ကိုက်ဒဏ်ရာများနှင့် ရင်ဆိုင်နေရသည်။ အခြေစိုက်စခန်းသည် အထိတ်တလန့်ဖြစ်နေပြီး ဗိုလ်မှူးကျန်းသည် သူ့ဆံပင်များပြောင်လုနီးပါး ထိတ်လန့်တုန်လှုပ်နေခဲ့ရလေ၏။ 


သူသည် ကြွက်တွင်းများကို မီးခိုးမှုတ်ဖို့ကြိုးစားခဲ့ပြီး ရေစွမ်းအားရှင်များကို ရေဖြည့်ခိုင်းဖို့ ကြိုးစားခဲ့သည်။ သို့သော် ကြွက်တွင်းများသည် နေရာတိုင်းတွင် ရှိနေခဲ့၏။ ထိုတစ်ဖက်တွင် ပိတ်ဆို့ပါက ကြွက်များသည် တခြားတစ်ဖက်မှလွတ်မြောက်သွားကြလေ၏။ ကြွက်တွင်းများအားလုံးကို ပိတ်ဆို့ထားခြင်းမရှိပါက ၎င်းတို့အားလုံးကို သတ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။


စစ်သားများကို စပါးကျီအား 24 နာရီစောင့်ကြပ်ခိုင်းခြင်းသည် အသုံးမဝင်ပါချေ။ ကြမ်းပြင်ပေါ်တွင် ကြွက်ထောင်ချောက်များ ချထားရန် ကြိုးစားခြင်းသည်အသုံးမ၀င်ချေ။ ထိုကြွက်များသည် အလွန်စွမ်းအားကြီးလွန်းသောကြောင့် အစားအစာ အနည်းငယ်ကိုသာ သိမ်းထားလိုက်နိုင်ခဲ့၏...


ကျန့်ယွင်နှင့်အခြားသူများ ပြန်ရောက်လာကြပြီးနောက် ကျန်းရွှီကျိုးသည် ချက်ချင်းပင် သူတို့အား အခြေစိုက်စခန်းဌာနချုပ်သို့ လာရန်ပြောလိုက်လေ၏။ သူမှတ်မိသလောက် ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့တွင် အထူးအရည်အချင်းများရှိပြီး နည်းလမ်းရှာရန် ကူညီပေးနိုင်လိမ့်မည်။


ထိုအ‌ကြောင်းကိုကြားပြီးနောက် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် ခက်ခဲသည်ကို သိခဲ့ကြရကာ သူတို့သည် စမ်းကြည့်ရန် သဘောတူလိုက်ကြသည်။


ထို သန္ဓေပြောင်းကြွက်များသည် ဖြေရှင်းရန် ခက်ခဲလွန်းလေသည်။ ကျန့်ယွင်သည် ရှောင်ဟေးကို ယွီသုန်သုန်ဆီမှ ခေါ်လာပြီး ကြောင်တစ်ကောင်နှင့် စမ်းကြည့်ဖို့ စီစဉ်ခဲ့သည်။ ကြောင်များသည် ကြွက်များ၏ သဘာဝရန်သူဖြစ်သည်။ ထိုကြွက်များသည် သန္ဓေပြောင်းများဖြစ်ကြသော်လည်း ရှောင်ဟေးသည်လည်း သာမန်ကြောင်တစ်ကောင်မဟုတ်ပါချေ။ ကြီးကြီးမားမား အခန်းကဏ္ဍမှ ဆော့ကစားနိုင်သူလည်း ဖြစ်နိုင်ပါချေ၏။




စာရေးသူတွင်ပြောစရာရှိပါတယ်:


ရှောင်ဟေး(စက်ဆုပ်ရွံရှာနေပုံရ): ကြွက်တွေကို မစားချင်ဘူး။


ယနေ့ double sale, မင်းတစ်ခုခု၀ယ်ပြီးပြီလား။ ငါတော့ အစားအစာအများကြီး၀ယ်ခဲ့တယ်~~


【လမ်းမပေါ်က ပြဇာတ်ငယ်လေး】


စုရှောင်ကျယ်သည် သူ့ဓားကိုယူလိုက်ပြီး အလောင်းကောင်ကိုခုတ်ဖြတ်လိုက် : အား၊ ကျန့်ရှောင်ယွင်၊ သွေး၊ သွေးတွေအများကြီးပဲ။


ကျန့်ရှောင်ယွင် : ငါ့ဇနီးလေး ဘာဖြစ်တာလဲ။ ဟစ်စ်၊ ငါ့ဇနီးလေး၊ ဒေါက်တာစုန့်ကို ခေါ်ပေးပါ။


ဒေါက်တာစုန့် :ငါပြဿနာလုပ်မိလိမ့်မယ်၊ ဝေါင်း၊ ဒီသွေးရေတံခွန်က အနုပညာတစ်ခုလိုပဲ၊ ဘယ်သွေးလွှတ်ကြောမကြီး ဒဏ်ရာရသွားတာလဲ


စုရှောင်ကျယ် : လည်ပင်းသွေးလွှတ်ကြောမကြီးဖြစ်နိုင်တယ်ထင်တယ်။


ဒေါက်တာစုန့် : ဘာ၊ ငါ့ကိုပြ။


စုရွေ့ကျယ်သည် အလောင်းကောင်ကို ညွှန်ပြလိုက် : ကြည့်၊ သူတို့တွေ အားလုံး မတူဘူးလေ။ 


ဒေါက်တာစုန့် : ရေနွေးယူလိုက်၊ ငါ့ခံစားချက်တွေ အလဟဿပဲ၊ မင်းတို့အချစ်တွေကို ပြချင်နေရင် ငါ့ကိုမခေါ်နဲ့။ အလုပ်များတဲ့ကောင်တွေ အရမ်းအလုပ်များနေရင်တောင် သိက္ခာရှိသေးတယ်ကွ။


ရှောင်ဟေး : မြောင် ( လက်သည်းများနှင့် တစ်ချက်ယမ်း၊ ဖုတ်ကောင်လွင့်ထွက်သွား)


ဒေါက်တာစုန့် : ဘယ်သူ၊ ဘယ်သူဖုတ်ကောင်ကိုလွှင့်ပစ်လိုက်တာလဲ။ ကျန့်ကျားဟယ်၊ မင်းငါ့ရဲ့ကိုယ်ပိုင် ခန့်ငြားမှုကိုမကြိုက်ဘူးမလား၊ ဒါကြောင့် မင်းငါ့ကို သတ်ချင်နေတာပဲ။


ကျန့်ကျားဟယ် : မြောင်


ရှောင်ဟေး : မြောင် ~ (づ● – ●) づ