အခန်း(၇၉)
Viewers 12k


အခန်း(၇၉)《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



ဆေးတပ်သားသည် ကုသဖို့ရန်အတွက် စွမ်းအားရှင်အား လျင်မြန်စွာသယ်ဆောင်သွားလေသည်။ သတင်းအချက်အလက်ကို စနစ်က မရှာဖွေနိုင်ပါက နောက်ပိုင်းတွင် စစ်ဆေးမေးမြန်းခံရလိမ့်မည်ဖြစ်သည်။ သူ အလွယ်တကူ သေဆုံး၍ မရနိုင်ချေ။ မေ့မျောနေသော ဒေါက်တာယန်အား ဆေးကုသပေးရန် ခေါ်ဆောင်သွားခဲ့လေသည်။

 

ထိုအချိန်တွင် ကောင်းကင်မှ ထွက်ပေါ်လာသော လက်ပိုင်ရှင်သည် သူမ၏ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုတဖြည်းဖြည်းပြသလာပြီး သူမ၏ခန္ဓာကိုယ်ကို အက်တမ်မှုန်အဖြစ်ပြောင်းလဲနိုင်သည့် ဝူကျင်းဖြစ်လေသည်။ သူမ၏ စွမ်းရည်သည် ကိုယ်ပျောက်စွမ်းရည်ထက် အမှန်တကယ် သာလွန်ပေသည်။


မြူခိုးကို မမြင်နိုင်ချေ။ မြုခိုးများသည် မမြင်နိုင်လောက်အောင် ပါးလွှာသွားသောအခါ သူမမည်သည့်နေရာ တွင်ရှိနေသည်ကို မည်သူမှရှာမတွေ့နိုင်တော့ချေ။ သူမ၏အချိန်ကိုက်လက်၏ အကူအညီဖြင့် သူမသည် လက်ပစ်ဗုံးကိုင်ထားသည့် စွမ်းအားရှင်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၍ပင် သို့မဟုတ်လျှင် ၎င်းသည် အလွန်ဆိုးရွားသော အကျိုးဆက်များကို ဖြစ်စေလိမ့်မည်ဖြစ်သည်။


ကျန်းရွှီကျိုးသည် ဤအဖြစ်အပျက်အတွက် ချီးကျူးဂုဏ်ပြုခြင်းကို အလွန်သတိထားလေ၏။ သူသည် စုရွေ့ကျယ်နှင့် ဝူကျင်းတို့အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လေသည်။


ရိုးရိုးသွေးခြေဥခြင်းသာဖြစ်ပြီး ပတ်တီးစီးပြီးနောက် ကျူးကျော်သူသည် မကြာမီနိုးလာပြီး စစ်ဆေးမေးမြန်းနိုင်ခဲ့သည်။


သူ့လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို ကြားပြီးနောက် ကျန်းရွှီကျိုးသည် သူတို့အား စစ်ကြောရေးတွင် အတူတကွတက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ သုတေသနစင်တာထဲသို့ တိတ်တဆိတ်ခိုးဝင်ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့် အခြားအရာများကို သူနှင့်အတူယူဆောင်လာပုံရသည်။ ဤနေရာတွင် ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်တစ်ခုရှိပုံရလေသည်။ စွမ်းအားရှင်တစ်ဦးပင်လျှင် ထိုသတ္တိမျိုးမရှိနိုင်ချေ။ တစ်စုံတစ်ဦးသည် သူ့နောက်ကွယ်တွင်ရှိရမည်ဖြစ်သည်။


ကျန့်ယွင်နှင့်အခြားသူများသည်လည်း နောက်ကွယ်မှ မည်သူမည်ဝါဖြစ်ကြောင်း သိချင်ကြသဖြင့် စစ်ကြောရေးအခန်းသို့ ကျန်းရွှီကျိုးနောက်မှလိုက်သွားခဲ့ကြသည်။ 


ကျန့်ယွင်နှင့်မတူဘဲ စုရွေ့ကျယ်နှင့်တခြားသူများအားလုံးသည် စစ်ကြောရေးအခန်း၏ အသွင်အပြင်ကို ပထမဆုံးအကြိမ် တွေ့ခဲ့ရပြီး တီဗီမှာကဲ့သို့ပင် ဆင်တူလေ၏။ အလုံပိတ်ခန်းထဲတွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးပါရှိပြီး နံရံတစ်ဖက်သည် တစ်ဖက်မြင် မှန်တစ်ချပ်ဖြစ်ကာ တစ်ဖက်အခန်းမှ လူများစောင့်ကြည့်နိုင်ရန်ဖြစ်သည်။


ကျန်းရွှီကျိုးနှင့် သူ့လက်အောက်ငယ်သားနှစ်ယောက်သည် စစ်ကြောရေးခန်းထဲသို့ဝင်သွားကြပြီး ကျန့်ယွင်နှင့်တခြားသူများသည် နားထောင်ခန်းထဲသို့ ဝင်လိုက်ကြသည်။


ကျူးကျော်သူ၏ လက်များနှင့် ခြေများကို သံထိုင်ခုံပေါ်တွင် တင်းတင်းကြပ်ကြပ် လက်ထိပ်ခတ်ထားလေသည်။ ဆေးဘက်ဆိုင်ရာ စစ်သားများသည် သူ့အား ထုံဆေးထိုးအပ်ဖြင့် မထိုးထားချေ၊ ထို့ကြောင့် ဒဏ်ရာ၏နာကျင်မှုကြောင့် ချွေးစီးများထွက်ကာ တစ်ကိုယ်လုံးအနည်းငယ် တုန်ယင်နေဆဲဖြစ်လေသည်။


လက်ပ်တော့တစ်လုံးကို စားပွဲပေါ်တွင်တင်ထားပြီး ထိုလူအား ကွန်ပြူတာမှ ကြိုးများအများအပြားဖြင့်ချိတ်ဆက်ထားလေသည်။ ကျူးကျော်သူသည် လိမ်ညာပြောဆိုနေသမျှကာလပတ်လုံး ကွန်ပြူတာစခရင်သည် သူ၏လိမ်လည်မှုကိုဖော်ထုတ်ရန် ကွဲပြားသောအထွတ်အထိပ်ကိန်းဂဏန်းများကို ပြသလိမ့်မည်ဖြစ်သည်။


“လာစမ်းပါ၊ မင်းကိုဘယ်သူပို့လိုက်တာလဲ ငါ့ကိုပြောစမ်း ”


ကျန်းရွှီကျိုးသည် လက်သီးနှင့် စားပွဲပေါ်ကို နှစ်ကြိမ်ထုလိုက်လေ၏။


 “ဘယ်သူမှမရှိဘူး” 


ကျူးကျော်သူသည် ပြုံးရွှင်သောအမူအရာကို ပြလေသည်။


ကျန်းရွှီကျိုးသည် ကွန်ပြူတာဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာဆက်မေးလေ၏။


 “မင်းက တခြားအခြေစိုက်စခန်းကလား ” 


“ဘာအခြေစိုက်စခန်းလဲ မဟုတ်ဘူး ”


 “မင်း သေချင်လား ”


 “ဘာ” 


ကျူးကျော်သူသည် “ငါ့ကို လာမခြိမ်းခြောက်နဲ့၊ မင်းက စစ်သားပဲလေ။ မင်းဆန္ဒအတိုင်း သတ်လို့မရဘူး”


ကျန်းရွှီကျိုးသည် ကွန်ပြူတာစခရင်ကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်၏။ 


“အခုကမ္ဘာကြီးက နိဂုံးချုပ်ပျက်စီးသွားပြီ။ ဥပဒေတွေက အသုံးမဝင်တော့ဘူး။ ဒါ့အပြင် ကမ္ဘာမပျက်ခင်က စည်းမျဉ်းစည်းကမ်းတွေအတိုင်းဆိုရင်တောင် မင်းလိုစစ်တပ်နယ်မြေကို ကျူးကျော်လာသူတွေကိုတော့ သေနတ်နဲ့ပစ်သတ်ပစ်နိုင်ပါသေးတယ်”


ပစ်ခတ်ခြင်းနှင့် ပတ်သက်လာသည့် အချိန်တွင် ကျန်းရွှီကျိုးသည် အလေးပေးပြောကြားခဲ့လေသည်။ 


သူသည် ထိုအကြောင်းကြားလိုက်သည်နှင့် ထိုလူ၏မျက်နှာသည် ပြောင်းလဲသွားကာ သူ့သွားများကို တင်းတင်းကြိတ်ကာပြောလိုက်၏။


 “ဘာပဲဖြစ်ဖြစ် ” 


အမှန်တကယ်တမ်းတွင် သူသည် မသေချင်ပေ။ ဤလူသည် စွမ်းရည်နိုးထလာသည့် ကံကောင်းသည့်သာမာန်လူတစ်ယောက်သာဖြစ်သည်။ အထူးလေ့ကျင့်ထားခြင်းမရှိဘဲ ပိုလီဂရပ်ကို လှည့်စား၍မရနိုင်ချေ။ မေးခွန်းတသီတတန်းကြီးပြီးနောက် ပိုလီဂရပ်သည် အခြေလိုင်းသို့ရောက်ပြီး ယခု အမှန်တကယ်ကို စစ်ဆေးမေးမြန်းဖို့ စတင်နိုင်ပြီဖြစ်သည်။


“မကြာသေးခင်က ငါတို့၏အခြေစိုက်စခန်းကို လာရောက်လည်ပတ်တဲ့ မစ်ရှင်ခြောက်ခုရှိခဲ့ပြီး သူတို့ထဲက နှစ်ခုက စစ်ဘက်နောက်ခံရှိပြီး ဒါကိုလုပ်ဆောင်ဖို့ မတတ်နိုင်ဘူး။ တခြားအခြေစိုက်စခန်းလေးခုက အရမ်းသံသယဖြစ်စရာရှိတယ်”


ကျန်းရွှီကျိုးသည် ၎င်းကိုပြောပြီးနောက် ထိုလူအားကြည့်လိုက်၏။ “မင်းက ဝမ်ချန်းကလား”


ထိုလူသည် မဖြေရန် ဆုံးဖြတ်ထားခဲ့သော်လည်း ယခု ကျန်းသည် သူ့အဖြေကို မလိုအပ်တော့ချေ။ ပိုလီဂရပ်ပေါ်ရှိ အချက်အလက်အားလုံးကို ကြည့်ပြီး သူလိုအပ်သည့် နိဂုံးချုပ် ရောက်လာနိုင်သည်။


“တောင်ပေါ်မြို့လား၊ လင်းချန်၊ ဒါမှမဟုတ်...၀မ်ချန်းလား ”


၀မ်ချန်းနှင့်ပတ်သက်သည့်အချိန်ရောက်သောအခါ ကွန်ပြူတာစခရင်၏ အထွတ်အထိပ်တန်ဖိုးသည်သိသိသာသာကို ရုတ်တရက်ပြောင်းလဲသွားလေသည်။


“ငါသိပြီ၊ မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်”


ကျန်းရွှီကျိုး၏ လက်အောက်ငယ်သားများသည် မှတ်စုတစ်ခုလုပ်လိုက်၏။ သူတို့သည် ချက်ခြင်း ရှေ့တိုးလာပြီး ထိုလူ၏ လက်ထိတ်ကိုဖြုတ်ကာ ကုလားထိုင်မှ တိုက်ရိုက်ဆွဲထုတ်လိုက်ကြသည်။


 “အာ့ ” 


ထိုလူသည် ဆဲထုတ်ခံရ‌ပြီး ဒဏ်ရာကိုသက်ရောက်သွားသောကြောင့် နာကျင်စွာဖြင့် ချက်ချင်းအော်ပြီး


 “မင်းတို့ အခု ဘာလုပ်မှာလဲ၊ မင်းတို့ ငါ့ကိုဘာလုပ်မှာလဲ ”


သို့သော် မည်သူမျှ ပြန်မဖြေခဲ့ဘဲ စစ်သားနှစ်ဦးက သူ့အား မည်သည့်အမူအရာမှမရှိဘဲ စစ်ကြောရေးအခန်းမှ ဆွဲထုတ်သွားခဲ့ကြလေသည်။ စစ်ကြောရေးအခန်းမှ ဆွဲထုတ်လိုက်ရာ နောက်ဆုံးတွင် ထိုလူသည် သူကြောက်လန့်နေမှန်းသိကာ ကျယ်လောင်စွာ အော်ဟစ်တောင်းဆိုခဲ့သော်လည်း မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။


“ငါပြောမယ်၊ ငါအားလုံးပြောပါ့မယ်၊ ငါမသတ်ပါနဲ့၊ ငါ့ကိုမသတ်ပါနဲ့၊”


ထိုလူ၏ အဆက်မပြတ်ငိုကြွေးပြီး အသနားခံသည့်အသံသည် ပျောက်ကွယ်သွားခဲ့လေသည်။


“၀မ်ချန်းက ငါတို့ရဲ့သူငယ်ချင်းတွေကို စကားပြောဖို့ ဖိတ်ခေါ်လိုက်ကြရအောင်”


ကျန်းရွှီကျိုး၏လေသံသည် မခြားနားပါသော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာသည် အေးစက်နေခဲ့လေသည်။


အခြေစိုက်စခန်းတပ်ဖွဲ့များ၏ အရှိန်သည် အလွန်လျင်မြန်၏။ မိနစ် 20ထက်ပိုနည်းသည့်အချိန်အတွင်း ဝမ်ချန်းအခြေစိုက်စခန်းမှ လာရောက်သော အဖွဲ့အားလုံးကို လက်နက်ကိုင်တပ်ဖွဲ့များမှ စောင့်ကြပ်ပေးခဲ့သည်။


ကျန့်ယွင်နှင့်အဖွဲ့သည် တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးများသည် သူ့အပေါ်စိုက်ကြည့်နေလေ၏။ ခေါင်းဆောင်သည် အသိအကျွမ်းတစ်ယောက်ပင်ဖြစ်၏။


“ဗိုလ်ချုပ်ကျန်း၊ ခင်ဗျားဘာကိုဆိုလိုတာလဲ။ ဒါက မင်းတို့တောင်ပိုင်းအခြေစိုက်စခန်းက ဧည့်သည်တွေကို ဆက်ဆံတဲ့နည်းလမ်းလား”


၀မ်ရွှီရုန်၏မျက်နှာသည် အရှက်ခွဲခံရပြီးနောက် ဒေါသထွက်‌နေသည့်ပုံဖြင့် နှင့် နီရဲလာခဲ့လေသည်။


“ ဟားဟား ခေါင်းဆောင်ဝမ်လား။ ကျေးဇူးပြုပြီး ထိုင်ပါ”


ကျန်းရွှီကျိုးသည် အလွန်ကောင်းမွန်နေသောသဘောထားဖြင့် သူနှင့်ဆန့်ကျင်ဘက် ကုလားထိုင်ကို လက်ညှိုးထိုးပြလိုက်၏။ သူတို့အခြေစိုက်စခန်းထဲသို့ ဝင်လာသည့်အချိန်တွင် ၀မ်ချန်းအခြေစိုက်စခန်းမှ လာရောက်လည်ပတ်သည့် ဧည့်သည်အဖွဲ့၏ မှတ်ပုံတင်အချက်အလက်များကို ရရှိခဲ့ပြီးဖြစ်သည်။ ၀မ်ချန်းအခြေစိုက်စခန်းမှ လူများသည် လွန်ခဲ့သည့်လေးရက်ကတည်းက အခြေစိုက်စခန်းထဲသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ မှတ်ပုံတင်ထားသည့် လိုင်းရှိ လူ40တွင် ကိုယ်ပျောက်ကျူးကျော်သူ မပါ၀င်ခဲ့ချေ။


အပေါ်ယံတွင်တော့ အဆိုပါကိစ္စသည် ၀မ်ချန်းအခြေစိုက်စခန်း၏ လာရောက်လည်ပတ်သည့်အဖွဲ့နှင့်မသက်ဆိုင်ချေ။ သို့သော်လည်း ၀မ်ချန်းအခြေစိုက်စခန်းမှလာရောက်လည်ပတ်သည့်အဖွဲ့သည် သူတို့ အခြေစိုက်စခန်းသို့ရောက်ရှိသည့်နေ့တွင် သုတေသနစင်တာသို့သွားရောက်ကြည့်ရှုရန် တောင်းဆိုခဲ့သည်။ ငြင်းပယ်ခံရပြီးနောက် ၀မ်ချန်းအခြေစိုက်စခန်းမှလာရောက်လည်ပတ်သည့်အဖွဲ့သည် ရက်အတော်ကြာ အရောင်းအ၀ယ်ပြုလုပ်ရန်အတွက် အရေးပေါ်တောင်းဆိုခဲ့ပြီး သုတေသနစင်တာ၏တည်နေရာကို နည်းလမ်းများစွာဖြင့် စုံစမ်းမေးမြန်းခဲ့ကြသည်။


ကွမ်းဟုန် နှင့် ကျန့်ယွင်တို့သည် မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာရန် ၀မ်ချန်းအခြေစိုက်စခန်းသို့ သွားခဲ့ကြသည့်အချိန်က သူတို့သည် ကျည်ဆန်အသစ်များနှင့် ဟင်းရွက်ဖျော်ရည်များအကြောင်းကို ဒေသခံမြို့စောင့်တပ်အား ပြောပြခဲ့ဖူးသည်။ နောက်ပိုင်းတွင် နယ်မြေခံတပ်၏အင်အားသည် သိသိသာသာ တိုးတက်လာခဲ့လေသည်။


ယခုအခါတွင် နယ်မြေခံတပ်သည် လုမိသားစုနှင့်ပူးပေါင်းပြီးနောက် ၀မ်မိသားစု နှင့် ဟုန်မိသားစုတို့နှင့် ယှဉ်ပြိုင်နိုင်သည့် ခွန်အားများ တဖြည်းဖြည်းရရှိလာလေသည်။ ထို့ကြောင့် ၀မ် နှင့် ဟုန်မိသားစုတို့သည် တောင်ပိုင်းအခြေစိုက်စခန်းတွင် ဖြေဆေးနှင့်စွမ်းရည်‌မြှင့်ဆေးများရှိကြောင်း ကြားသိခဲ့ကြရသဖြင့် သူတို့သည် ဤနေရာသို့ စိတ်အားထက်သန်စွာလာရောက်ခဲ့ကြလေသည်။ ထိုအရာနှစ်ခုအတွက် ဝယ်လိုအားသည် အလွန်ကောင်းမွန်ကြောင်း သူတို့ပြောနိုင်လေ၏။


သို့သော်လည်း ဤဆေးအသစ်၏ ပြတ်လပ်မှုသည် ထင်ရှားလေ၏။ ၀မ်ရွှီရုန်လည်း ကွမ်းဟုန်နှင့် သူတို့၏ဒေသခံတပ်များသည် မတိုင်ခင်က ၀မ်ချန်းအခြေစိုက်စခန်းတွင် ရင်းနှီးသောဆက်ဆံရေးရှိခဲ့ကြောင်း ကောင်းစွာသိထားလေသည်။ တောင်ပိုင်းအခြေစိုက်စခန်းမှ သူတို့အား ဆေးဝါးများရောင်းချလိုစိတ်မရှိမည်ကို စိုးရိမ်နေသောကြောင့် သူသည် လုယူခြင်းအတွက် ကြိုတင်ပြင်ဆင်ထားပုံရလေသည်။


၀မ်ရွှီရုန်သည် ဒေါသအပြည့်မျက်နှာနှင့် ထိုင်ချလိုက်ပြီး ခြိမ်းခြောက်ရန်ဆက်ပြောလေ၏။


“ ဒီလိုကိစ္စကို ငါတို့ ဖြေရှင်းမှာမဟုတ်ဘူး၊ မင်းတို့ ငါ့ကို ရှင်းချက်ပေးရမယ် ”


ကျန်းရွှီကျိုး ပြုံးပြီး ဆက်ပြော၏။ “ ဒီနေ့ ငါတို့အခြေစိုက်စခန်းရဲ့ သုတေသနစင်တာထဲကို ကျူးကျော်ခံရပြီး ကျူးကျော်သူကို ငါတို့က ဖမ်းထားလိုက်ပြီ။ သူပြောတဲ့အတိုင်းဆို သူ့ကို ၀မ်ချန်းအခြေစိုက်စခန်းက ညွှန်ကြားထားတာတဲ့။ ဒီအကြောင်း ပြောစရာတစ်ခုခုရှိသေးလား ခေါင်းဆောင်၀မ် ”


“အဓိပ္ပါယ်မရှိတာ၊ ငါတို့ အဲ့သောက်ကိစ္စမျိုး မလုပ်ဘူး။ တစ်စုံတစ်ယောက်က အဲဒါကို တမင်လုပ်တာပဲဖြစ်ရမယ်။ ဗိုလ်ချုပ်ကျန်း၊ ခင်ဗျား လူဆိုးတစ်ယောက်ရဲ့ တစ်ဖက်သတ်စကားတွေကို မယုံနိုင်ဘူး။ ဒီတစ်ခါ ခင်ဗျားတို့အခြေစိုက်စခန်းနဲ့ ခင်မင်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ တကယ်လိုချင်တာ”


၀မ်ရွှီရုန်သည် အလွန်ယုံကြည်ချက်ရှိလေ၏။ သူသည် အပြစ်ရှိသည့်ပုံ လုံး၀မရှိချေ။ ထိုအကြောင်းပြောသောအခါတွင် ဆဲဆိုနေလေ၏။ သူ ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် မပါ၀င်သည်မှာ သနားစရာပင်။


“ဒါပေမယ့် ငါ့လက်အောက်ငယ်သားတွေက မင်းရဲ့အိမ်မှာ ကျူးကျော်သူရဲ့ လက်ဗွေနဲ့ DNA ကိုတွေ့ပြီး သူမင်းနဲ့အတူ တကယ်နေထိုင်တယ်ဆိုတာကို ညွှန်ပြနေတယ်။ ခေါင်းဆောင်၀မ် ပြောခဲ့တာနဲ့ တော့မတူဘူးလား ”


ကျန်းရွှီကျိုးသည် မျက်လုံးကို အနည်းငယ် မှေးကျဉ်းကာ မေးလိုက်သည်။


“ဟင့်အင်း ဒါကမဖြစ်နိုင်ဘူး၊ အဲ့ဒါက ကြံစည်ထားတာပဲ ” 


၀မ်ရွှီရုန်၏မျက်နှာသည် နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့၏။ တောင်ပိုင်းအခြေစိုက်စခန်းသည် ၎င်း၏ကိုယ်ပိုင်ဓာတ်အားထောက်ပံ့မှုကို အပြည့်အဝသဘောပေါက်ခဲ့ပြီး အီလက်ထရွန်နစ်ကိရိယာများစွာကို ထုတ်လုပ်ခဲ့ကြောင်း သူမထင်ထားခဲ့ချေ။ ထိုကဲ့သို့သောသဲလွန်စများကိုပင် သူတို့ရှာတွေ့ခဲ့သည်။ ယခုအခါတွင် သူသည် ၎င်းကို၀န်မခံရန် သွားများကိုသာ တင်းတင်းကြိတ်ထားနိုင်လေသည်။


“ ရပါတယ် ခေါင်းဆောင်၀မ်။ ငါတို့က မင်း ၀န်ခံဖို့မလိုချင်ပါဘူး။ ဒါပေမယ့် မင်း ငါတို့အခြေစိုက်စခန်းမှာနေဖို့ မသင့်တော်တော့ဘူး”


ကျန်းရွှီကျိုးသည် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။


“ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ငါတို့ကို မောင်းထုတ်တာလား ”


၀မ်ရွှီရုန်လည်း ထရပ်လိုက်ပြီး စားပွဲကိုရိုက်လိုက်လေသည်။ သူ့ပတ်ဝန်းကျင်တွင် ခပ်ဖျောဖျော့လျှပ်စစ်စီးကြောင်းတစ်ခု ရှိနေ၏။ ခြိမ်းခြောက်မှုက သိသာထင်ရှားလှသည်။


သို့သော်လည်း ကျန်းရွှီကျိုးသည် နှေးနှေးနှေးကွေးစွာ နောက်ပြန်ဆုတ်သွားကာ သူ့နောက်မှ စစ်သားနှစ်ဦးသည် သူ့ကိုကာကွယ်ရန် ချက်ခြင်းရှေ့တိုးလာကြလေ၏။ တစ်ဦးမှာ ကျောက်ခဲများဖြင့် ကာကွယ်ပေးထားစဉ် တစ်ဦးမှာမီး တောက်များပွင့်ထွက်လာလေသည်။ ၀မ်ရွှီရုန်၏နောက်တွင် နံရံတွင် အပေါက်ပေါင်းများစွာရှိလေ၏။ စက်သေနတ်ပေါင်းများစွာသည် ၀မ်ရွှီရုန်အားချိန်ထားလေ၏။

သူ လှုပ်ရှားရန်သတ္တိရှိသရွေ့ သူတို့သည့် သူ့အား ပစ်ခတ်ပြီး ချက်ခြင်း ဇကာအဖြစ် ပြောင်းပစ်လိမ့်မည်ဖြစ်သည်။


၀မ်ရွှီရုန်၏နဖူးတွင် ရုတ်တရက် အေးစက်သောချွေးများ ထွက်လာ၏။ တံတွေးတစ်လုတ်ကို မျိုချလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လျှပ်စီးကြောင်းများကို စုဆောင်းလိုက်လေသည်။ စွမ်းအားရှင်သည် စူပါမန်းမဟုတ်ချေ၊ နောက်ဆုံးမှာတော့ ကျည်ဆန်များကို ဘာမှမတတ်နိုင်သည့် သာမန်ခန္ဓာကိုယ်သာရှိလေသည်။


“ဗိုလ်ချုပ်ကျန်း၊ အခုလေးတင် ကျွန်တော့်ရဲ့လှုံ့ဆော်မှုဖြစ်သွားတာပါ။ ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါ...”


“ မလိုပါဘူး၊ ကျွန်တော် ခေါင်းဆောင်၀မ်ကို ပြန်သွားပြီး သန့်ရှင်းရေးလုပ်ဖို့ပြောတာပါ။ တစ်နာရီအတွင်း အခြေစိုက်စခန်းကနေ ထွက်သွားမှာ သေချာပါစေ”


ကျန်းရွှီကျိုးသည် အေးစက်သည့်အသံနှင့် ပြောလိုက်ပြီး စစ်ကြောရေးအခန်းထဲမှ ထွက်သွားလေသည်။


“ ခေါင်းဆောင်၀မ် သွားကြစို့” 


အရာရှိနှစ်ယောက်သည် သူ့အားဖိတ်ခေါ်သည့် အမူအရာပေးလိုက်ပြီး သူ့နောက်တွင် သေနတ်ကိုင်ထားသည့် စစ်သားဆယ်ယောက် ရပ်နေလေ‌သည်။


၀မ်ရွှီရုန်သည် သူ့သွားများကို တင်းတင်းကြိတ်ထားပြီး ဆန္ဒအလျောက်သာ ထွက်သွားနိုင်ရုံသာရှိလေသည်။


ကျန်းရွှီကျိုးသည် စစ်ကြောရေးခန်းမှ ထွက်သွားပြီးနောက် ဘေးအခန်းထဲသို့ ဝင်ခဲ့သည်။


“ဗိုလ်ချုပ်ကျန်း၊ သူ့ကို သွားခွင့်ပြုလိုက်မှာလား ”ကျန့်ယွင် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။


၀မ်ရွှီရုန်သည် မြင်မြင်ချင်းမှာပင် အလွန်ရန်လိုသော လူဆိုးတစ်ယောက်နှင့်တူသည်။ ယခု နှစ်ဦးနှစ်ဖက် ဆန့်ကျင်နေသော အခြေအနေတွင်ရှိနေ၏။ ၀မ်ရွှီရုန်သည် နောက်ပိုင်း လက်စားချေရန်အတွက် ပြန်လာခြင်းဖြစ်ပါက နောင်တွင်ဒုက္ခဖြစ်စေလိမ့်မည်ဖြစ်သည်။


“နောက်ဆုံးတော့ အဲဒါက တခြားအခြေစိုက်စခန်းက လာလည်တဲ့အဖွဲ့ပဲ။ ငါတို့ သိပ်အများကြီးလုပ်လို့ မရဘူး”


ကျန်းရွှီကျိုးသည် သက်ပြင်းချလိုက်ပြီး အပြင်ဘက်ကို ညွှန်ပြလိုက်၏။


“ ဒါပေမယ့် အခု အပြင်ဘက်မှာ အရမ်းအန္တရာယ်များတယ်၊ ဘာမဆို ဖြစ်သွားနိုင်တယ်လေ ”


ကျန့်ယွင် နားလည်သွားပြီး သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။


သူတို့ရဲ့မျက်နှာပေါ်ရှိ မကောင်းသည့်ရည်ရွယ်ချက်များကိုကြည့်ပြီး တခြားသူများသည် မကြာခင် သဘောပေါက်သွားကြ၏။ ကျန့်ကျားဟယ်နှင့် ကြောင်နက်လေးကို ကိုင်ထားသည့်ယွီသုန်သုန် တို့သာ စိတ်ရှုပ်ထွေးနေကြဆဲဖြစ်လေ၏။