အပိုင်း ၃၁၃
Viewers 53k

အခန်း.၃၁၃ “အင်ပါရီယာမြို့ထဲမှ အထိတ်တလန့်အခြေနေ”

"မင်း မြေရိုင်းလွင်ပြင်က နတ်ဘုရားကျောင်းကို လျော်ကြေးမပေးသင့်ဘူးလား "

ခုံပေါ်တွက် မှီထိုင်နေသော ပုဖန်က အကြီးအကဲဆန်း၏ မောက်မာထောင်လွှားသည့် စကားကြောင့် ကြောင်သွားမိသည်။ ထိုအကြီးအကဲဆန်းက မြေရိုင်းလွင်ပြင်မှ နတ်ဘုရားကျောင်းအတွက် လျော်ကြေးလာတောင်းနေလေရာ ပုဖန် စိတ်လွတ်သွားမိသည်။

“မြေရိုင်းလွင်ပြင်ဒေသက နတ်ဘုရားကျောင်းကို ငါက ဘာလို့ လျော်ကြေးပေးရမှာလဲ"

ပုဖန်က ပျင်းရိစွာဖြင့် အကြောအချဉ်ဆန့်လိုက်ပြီး အကြီးအကဲဆန်းကို အေးဆေးတည်ငြိမ်စွာ ပြန်မေးလိုက်သည်။

ပုဖန်၏ တုံ့ပြန်မှုကို ကြားလိုက်သောအခါတွင် အကြီးအကဲဆန်း၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။သူ၏ ဘေးနားတွင် ရပ်နေကြသော အစောင့်များကလည်း ပုဖန်က အကြီးအကဲဆန်းကို ဂရုမစိုက်သလို လုပ်သောကြောင့် တုန်လှုပ်သွားကြသည်။

"ပိုင်ရှင်ပု ဒီအကြီးအကဲဆန်းက မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းကပါ ပြီးတော့သူက အဆင့် (၈) စစ်နတ်ဘုရားတစ်ပါးပါ " အစောင့်တစ်ယောက်က သာကို ထိုသူနှင့် မိတ်ဆတ်ပေးလေသည်။

စစ်နတ်ဘုရားတစ်ပါး ဘာများအထင်ကြီးစရာရှိလို့လဲ ဒီလမ်းကြားလေးထဲတွင် မရေမတွက်နိုင်သော အဆင့် (၈) စစ်နတ်ဘုရားများ သေဆုံးခဲ့ရသည်။ထို့ကြောင့် ပုဖန်က စစ်နတ်ဘုရားများကို မနာလို အားကျမှုမဖြစ်သလို ကြောက်ရွံ့ခြင်းလည်း မရှိပေ။

ထိုအစောင့်ကလည်း ဒီဆိုင်ငယ်လေးမှာ ရှိသော လူများက မည်မျှပင်သန်မာကြကြောင်း ကောင်းစွာသိပေသည်။ထို့ကြောင့်ပင် သူက အရင်အချိန်က ဖြစ်ပျက်ခဲ့သမျှကို အကြီးအကဲဆန်းကို ပြောပြထားပြီးပြီ ဖြစ်သည်။

သို့သော်လည်း မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ လူတစ်ယောက်ဖြစ်သော အကြီးအကဲဆန်းက မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိပေ။ သူက ဖန်ဖန်ဆိုင်ငယ်လေးကို အဆင့်မြင့် သားရဲကောင်၏ ကာကွယ်စောင့်ရှောက်နေလျှင်ပင် ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။

"ဒီနေ့ ငါက ဘုရားကျောင်းသခင်ရဲ့ အမိန့်အရ ဒီကိုလာခဲ့တာ မင်းက ငါတို့ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းက ကျွမ်းကျင်သူ နှစ်ယောက်ကို သတ်ပစ်ခဲ့တယ် ဒီကိစ္စကို ငါတို့ကမမြင်သလို ကျော်မသွားနိုင်ဘူး" အကြီးအကဲဆန်းက ခိုင်မာစွာ ပြောလိုက်သည်။

ပုဖန်က အကြီးအကဲဆန်းကို အချိန်ခဏမျှ တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်နေသည်။ပုဖန်၏ စေ့စေ့စပ်စပ် အကြည့်များကြောင့် အကြီးအကဲဆန်း၏ စိတ်ထဲတွင် တင်းကျပ်သွားမိသည်။ သူက ဆိုင်ပတ်ဝန်းကျင်ကို အကြည့်လွှဲလိုက်လေရာ ဒီနေရာက အလွန်အန္တရာယ်များသည့် နေရာဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ရှားတနှင့်ရှားယုပင်လျှင်ဒီနေရာတွင် သေဆုံးခဲ့ရသည်။အကယ်၍ သူက ဒီဆိုင်ငယ်လေးကို တိုက်ခိုက်မည်ဆိုလျှင်ပင် ထိုသူတို့ထက် အနည်းငယ်မျှပင် ပိုကောင်းလိမ့်မည် မဟုတ်မှန်း သိသာပေသည်။ သို့သော်လည်း ထိုအဓိပ္ပါယ်က သူ ဒီဆိုင်ငယ်လေးကို ကြောက်ရွံ့သည်ဟု မဆိုလိုပေ။အကယ်၍ သူဒီဆိုင်ငယ်လေးကို တိုက်ခိုက်နိုင်စွမ်းမရှိဘူးဟု ဆိုလျှင်ပင် သူ၏ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းက ထိုဆိုင်ငယ်ကို ဖြိုဖျက်ပစ်နိုင်စွမ်း ရှိပေသည်။

သူတို့နတ်ဘုရားကျောင်းတွင် တကယ့်အစစ်အမှန် တန်ခိုးရှင် အဆင့်တစ်ယောက်ရှိခဲ့သည်။ထိုသူက အဆင့်မြင့်သားရဲကြီးကိုပင် တစ်ကြိမ်သတ်ဖြတ်ခဲ့ဖူးသည်။ ထိုအကြောင်းကြောင့်ပင် အကြီးအကဲဆန်းက အဆင့်မြင့်သားရဲကြီး စောင့်ရှောက်နေသည်ဆိုသော ဖန်ဖန်ဆိုင်ငယ်လေးကို မကြောက်ရွံ့ခြင်းပင် ဖြစ်သည်။

"မင်းပြောလို့ ပြီးပြီလား ပြီးပြီဆိုရင် ထွက်သွားတော့"

ပုဖန်က ခုံမှထရပ်လိုက်ပြီးနောက် ပျင်းရိစွာဖြင့် အကြောဆန့်လိုက်သည်။ပုဖန်က အကြီးအကဲဆန်းကို ဆိုင်မှ ထွက်သွားရန် ပြောပြီးသည်နှင့် ဘာမှမဖြစ်သကဲ့သို့ပင် မီးဖိုချောင်ဘက်ဆီသို့ လျှောက်သွားလိုက်သည်။

"လူငယ်လေး မင်းက အဆင့်မြင့် သားရဲကြီး ရှိနေတယ်ဆိုပေမယ့် မကြောက်မရွံ့မဆင်မခြင် လုပ်ဖို့အတွက် မလုံလောက်သေးဘူး ဒီကမ္ဘာကြီးက အရမ်းကျယ်ပြန့်တယ် အဆင့်မြင့် သားရဲကြီးတောင်မှ မလွှမ်းမိုးနိုင်ဘူး"

အကြီးအကဲဆန်းက အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးနောက် ပုဖန်ကို ခြိမ်းခြောက် ပြောဆိုလိုက်သည်။

အကြီးအကဲဆန်းက ဒီဆိုင်၏ စည်းမျဉ်းများကို သိပေသည်။ဒီဆိုင်ငယ်လေးထဲတွင် ပြဿနာမရှာမချင်း သူ၏ လုံခြုံမှုက စိတ်ချရကြောင်းကို သူသိပေသည်။ ထို့အပြင် သူက ဒီဆိုင်ကို သူ သတိပေးရန်သာ ရောက်ရှိလာခြင်း ဖြစ်ပြီး တိုက်ခိုက်ရန် မစီစဉ်ထားပေ။သူက အရူးတစ်ယောက် မဟုတ်ပေ။ ဒီဆိုင်ငယ်လေးက အဆင့်မြင့်သားရဲကြီးကို ပိုင်ဆိုင်ထားပေသည်။ရှားယုကလည်း ဒီနေရာတွင် သေဆုံးခဲ့ရသည်။ သူက ရှားယုနှင့် ယှဉ်လျှင် တော်တော်ကြီးကို အားနည်းနေပေ၏။

"တကယ်လို့ မင်းသာ ငါနဲ့ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းကို လိုက်ခဲ့မယ်ဆိုလျှင် ဘုရားကျောင်ူအရှင်က ဒီဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို ခွင့်လွှတ်ပေးလိမ့်မယ် ။ ပြီးတော့ မင်းက မင်းရဲ့ အပြစ်တွေကို နားလည်မယ်ဆိုရင် ငါတို့ ဘုရားကျောင်းအရှင်သခင်က ဖြစ်ပျက်ခဲါသမျှတွေကို ထားလိုက်ပါတော့လို့ ပြောလိမ့်မယ် ဒါပေမယ့်လည်း မင်းက ငါနဲ့ မလိုက်ခဲ့ဘူးဆိုရင်တော့ "

ထွက်သွား ....!!

ပုဖန်က သည်းမခံနိုင်လောက်အောင် ဒေါသထွက်လာသည်။သူက သူ၏ရှင်သန်မှုကို ထိုကဲ့သို့သော သူမျိုးများနှင့် မဖြုန်းတီးချင်ပေ။ ပုဖန်က မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ သူများသည် ဉာဏ်နုံနည်းသည်ဟု ခံစားမိသည်။ရှားယုလည်း အခု အကြီးအကဲဆန်းနှင့် အတူတူ ပင်ဖြစ်သည်။

အရင်အချိန်က ရှားယုက သူ၏ ဆိုင်ကိုလာ၍ ပြဿနာရှာခဲ့သည်။ယခုလည်း အကြီးအကဲဆန်းက သူကို မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းသို့ လိုက်ပါရန် ခေါ်ဆောင်နေပေသည်။

"ငါ့ကို အနှောင့်အယှက်မပေးတာက မင်းတို့အားလုံးအတွက် ပိုကောင်းလိမ့်မယ် ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘလက်ကီက မင်းတို့ကို သေတဲ့ထိ ရိုက်ကစ်လိုက်မယ် မင်းက ငါ့ကို အမှားသိဖို့အတွက် မြေရိုင်းလွင်ပြင်ဒေသ ဘုရားကျောင်းကို သွားစေချင်တာလား ...ဟာသပဲ"

အကြီးအကဲဆန်းက ပုဖန်၏ ပြောစကားကို ကြားလိုက်သော အခါတွင် သူ ဆက်၍ ခြိမ်းခြောက်ရန် ကြံရွယ်လိုက်သည်။သို့သော်လည်း သူ နောက်တစ်ကြိမ် ပါးစပ်မဟရသေးခင်မှာပင် မီးဖိုချောက်ဘက်ဆီမှ ကြီးမားသည့် ပုံရိပ်တစ်ရိပ်ထွက်လာပြီး သူ၏ရှေ့၌ လာရပ်သည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်၏ အနီရောင်မျက်ဝန်ူများက သူကို စူးစိုက်ကြည့်နေသောကြောင့် သူ၏ စိတ်ထဲမှာ ကူကယ်ရာမဲ့စွာပင် တုန်လှုပ်သွားမိသည်။

"အာ......ဒါ ဖန်ဖန် ဆိုင်ငယ်လေးရဲ့ အဝတ်ချွတ်ရတာကို ကြိုက်တဲ့ အရူးနတ်ဆိုးပဲ"

" ပိုင်ရှင်ပု စိတ်ဆိုးနေပြီ အကြီးအကဲဆန်း မင်း မြန်မြန်လေး ထွက်သွားသင့်တယ်"

အကြီးအကဲဆန်း၏ ရှေ့တွင်ရပ်နေသော ဝှိုက်တီ၏ ဝဝဖိုက်ဖိုက် ပုံရိပ်ကို မြင်လိုက်ရသော အခါတွင် အစောင့်များ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ အစောင့်တစ်ယောက်က အကြီးအကဲဆန်း၏ အင်္ကျီလက်စကို ဆွဲ၍ ဆိုင်ထဲမှ ခေါ်ထုတ်ရန် ကြိုးစားလိုက်သည်။

"မင်းတို့ အဲ့ဒါ ဘာဖြစ်တာလဲ "

အကြီးအကဲဆန်းက လှုပ်ရှားမှု ပြုရန်ပင် အချိန်မရှ်ိလိုက်ပဲ အစောင့်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။

သူတို့အားလုံး အပြင်ကို ရောက်ပြီးနောက် အစောင့်က ဝှိုက်တီ၏ အကြောင်းအားလုံးကို သူ့ကို ပြောပြလိုက်သည်။အကြောင်းအရာတစ်ခုလုံးကို နားထောင်ပြီးသည့်နောက် အကြီးအကဲဆန်း၏ စိတ်ထဲ၌ တင်းကျပ်သွားပြီး ခန္ဓာကိုယ် တုန်ယင်သွားသည်။

သူ၏ ခန္ဓာကိုယ်ကို အေးစက်ထက်မြေ့သည့် လေပြင်းများ ဖြတ်သွားသလိုပင် ခံစားလိုက် သည်။

အဝတ်တွေကို ချွတ်ရတာကြိုက်တဲ့ အရူးနတ်ဆ်ိုး......

"ဒီ အဝတ်ချွတ်ရတာ ကြိုက်တဲ့ နတ်ဆိုးက ရှားတရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်တယ်လို့လည်း ပြောကြတယ် ။ဒီရုပ်သေးက တော်တော် ကြောက်ဖို့ကောင်းတယ်"

အကြီးအကဲဆန်းက လမ်းကြားလေးထဲတွင် ရပ်၍ ဆိုင်ငယ်လေး၏ အပေါက်အဝဆီသို့ မရေရာမသေချာမှုများဖြင့် ကြည့်နေမိသည်။နောက်ဆုံး၌ သူ သက်ပြင်း အသာချလိုက်မိသည်။

"ကြည့်ရတာတော့ ငါတက်နိုင်တာ ဘာမှမရှိတော့ဘူး ဘုရားကျောင်း အရှင် ကိုယ်တိုင် လာတဲ့အချိန်ကိုပဲ စောင့်ရတော့မယ် ပြီးတော့လည်း ရှုရဂိုဏ်းက မကောင်းဆိုးဝါးတွေက နေရာအနှံ့မှာ ပြဿနာရှာနေကြတာဆိုတော့ ဘုရားကျောင်းရဲ့ ဂုဏ်ကျက်သရေကို ဘယ်သူ့ကြောင့်နဲ့မှ ပျက်စီးစေလို့ မဖြစ်ဘူး"

ထိုကိစ္စက အဖြစ်ပျက်သေးသေးလေးသာ ဖြစ်သောကြောင့် ဆိုင်ငယ်လေး၏ စီးပွားရေးကို ထိခိုက်စေခြင်းမရှိပေ။ နောက်တစ်နေ့၌ ယုဖူက ပုဖနါကို နှုတ်ဆက်၍ ကုန်သည်များ အနောက်သို့ လိုက်သွားခဲ့သည်။သူမ၏ ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေသို့ အိမ်ပြန်ခရီးက စတင်ခဲ့သည်။

ထိုနေ့မှာပင် ကွမ်းရှောင်ယီကလည်း အောင်မြင်စွာ အဆင့်ချိုးဖောက် တက်ရောက်နိုင်ပြီး အဆင့်က ဘုရင့်အဆင့်သို့ ရောက်ရှိသွားသည်။

ဟုတ်ပေသည်။ထိုကိစ္စက ရှားပါးလှသော ကံကြမ္မားအိုးဟင်းရည်၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ကွမ်းရှောင်ယီက သူမ၏ ငတုံးအကို သုံးယောက်ကို ဖြတ်ကျော်သွားနိုင်သောကြောင့် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သူမက အကိုသုံးယောက်၏ ရှေ့တွင် အချိန်အတော်ကြာထိ ဟန်ရေး ပြနိုင်ပေတော့မည်။

ဖန်ဖန်ဆိုင်ငယ်လေးက ပုံမှန်အတိုင်းပင် ဖွင့်လှစ်ထားခဲ့သည်။ဆိုင်အတွင်းတွင် ဝင်ထွက်သွားလာသူများ များပြားလှပြီး ဆိုင်၏ စီးပွားရေး လုပ်ငန်းက တိုးတက်လာသည်။

ကြည့်ရသည်မှာ စီးပွားရေးက အတော်လေး ကောင်းမွန်လှသည်ဟု ထင်ရသော်လည်း လမ်းကြားလေး၏ အပြင်ဘက်တွင်ရှိနေသော ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်နဲ့ နှိုင်းယှဉ်လိုက်လျှင် လူကြိုက်နည်းနေသေးသည်။

သို့သော်လည်း ပုဖန်က အဆင့်အတန်းမြင့်သည့် လူတန်းစား တစ်ရပ်ကိုသာ ပစ်မှတ်ထားထားသောကြောင့် ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က သူ့ကို မယှဉ်နိုင်ပေ။

လွတ်လွတ်လပ်လပ် အေးအေးလူလူ အပန်းဖြေလို့ရသော ပတ်ဝန်းကျင်တွင် အချိန်က သတိပင်မထားမိပဲ ကုန်ဆုံးသွားလေသည်။

ရုတ်တရက် အံ့အားသင့်စရာ သတင်းတစ်ရပ်က မြို့တော်ထဲ စတင် ပြန့်နှံ့လာခဲ့သည်။ထိုသတင်းကို ကြားလိုက်ရသော ပြည်သူများက အချိန်ခဏမျှ ကြောင်အ မှင်သက်သွားပြီး သူတို့ ဆူညံပူညံဖြင့် စတင်ဆွေးနွေးကြတော့သည်။လူတိုင်းက ထိုသတင်းကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။

"စစ်သေနာပတိချုပ် ရှောင်မန်ရဲ့တပ်က ကျဆုံးသွားပြီ ။စစ်သေနာပတိချုပ် ရှောင်မန်လည်း ရန်သူတွေကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တယ်။စစ်သေနာပတိချုပ် ရှောင်မန်ရဲ့တပ်က အရှက်ရမှုနှင့်အတူ မြို့တော်ကို ပြန်လာခဲ့ပြီ"

ထိုသတင်းက အင်ပါယာ မြို့တော်တစ်ခုလုံးကို လျှင်မြန်စွာပင် ပြန့်နှံ့သွားလေသည်။

ဖန်ဖန်ဆိုင်ငယ်လေးအတွင်းမှ စားသုံးသူများကလည်း ထိုအကြောင်းအရာကိုပင် ပြောဆိုဆွေးနွေးနေကြသည်။စစ်သေနာပတိချုပ် ရှောင်မန်၏ တပ်ကျဆုံးသွားခဲ့လျှင် အင်ပါယာ၏ တပ်များအားလုံးလည်း ကျဆုံးနိုင်ပေသည်။

ထိုအဓိပ္ပာယ်က ဘုရင်ခံယု၏ တပ်က အင်ပါရီယာမြို့တော်သို့ အလျှင်အမြန် ရောက်ရှိလာပေလိမ့်မည်။

ထိုအကြောင်းအရာက အင်ပါရီယာမြို့တော်အတွင်း နေထိုင်ကြသော ပြည်သူများအတွက် ဘေးအန္တရာယ်တသ်ခုပင်ဖြစ်သည်။သူတို့၏ ခေါင်းပေါ်တွင် အန္တရာယ်များ စုပြုံနေသည်ဟု ခံစားရသည်မှာ အချိန်ကြာမြင့်ခဲ့လေပြီ။

သူတို့က စစ်သေနာပတ်ိချုပ် ရှောင်မန်၏ အောင်ပွဲရမှုများကိုသာ ကြားဖူးခဲ့ပြီး ပထမဦးဆုံး အကြိမ် ရှုံးနိမ့်သည့်သတင်းကို ကြားရခြင်းဖြစ်သည်။ ထိုကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ်ရာ သတင်းကို ကြားလိုက်ရသောအခါတွင် သူတို့အားလုံး ကြောင်အ မှင်သက်နေမိကြသည်။

ပုဖန်က ထိုအကြောင်းအရာနှင့် ပတ်သတ်၍ စိတ်မဝင်စားပေ။သို့သော်လည်း ထိုအကြောင်းနှင့် ပတ်သတ်၍ ဆွေးနွေးသံများအားလုံးကို သူကုလားထိုင်ပေါ် ထိုင်နေရင်းနှင့်ပင် ကြားခဲ့ရသည်။ ထို့ကြောင့်ပင် ထိုအကြောင်းအရာနှင့်ပတ်သတ်၍ သူအတော်အတန် နားလည်ပေလေပြီ။

"အွန်း.....ကြည့်ရတာတော့ ရှောင်မန်က ရှုံးနိမ့်သွားပုံရတယ်"

ပုဖန်က တီးတိုးရေရွတ်လိုက်သည်။သူကအနောက်ပိုင်း ဆန်းကြယ်တပ်တွင်ရှိနေစဉ်အခါက စစ်သည်များနှင့် ရင်ဆိုင်တွေ့ကြုံဖူးသောကြောင့် ထိုကိစ္စရပ်ကို အံ့သြခြင်းမရှိပေ။ အကယ်၍ သူ၏ ရှားပါးလှသော ကံကြမ္မာအိုးဟင်းပွဲကိုသာ မစားသုံးခဲ့လျှင် ထိုစစ်သည်တော်များက သူတို့၏ အကန့်အသတ်အဆင့်သို့ ရောက်ရှိအောင် တိုးတက်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် အနောက်ပိုင်းဆန်းကြယ်မြို့ကလည်း သိမ်းပိုက်ခံရပြီး ဖြစ်ပေလိမ့်မည်။

ပုဖန်က ရှောင်မန် ရှုံးနိမ်ခဲ့ရခြင်းကို အံ့သြမှုမရှိပေ။ထိုထူးခြားဆန်းကြယ်သော အဖွဲ့က ပုံမှန်မဟုတ်သော ဆန်းပြားသည့် နည်းလမ်းများကို ပိုင်ဆိုင်ထားသည်ကို သူသိပေသည်။

ထို့ကြောင့် ရှောင်မန်ရှုံးနိမ့်ခဲ့ခြင်းက ပုံမှန်သာ ဖြစ်သည်။ထိုနေ့တွင်ပင် ရှောင်ယန်ယုနှင့် ရှောင်ယုတို့က ရှားရှားပါးပါးပင် သူဆိုင်သို့ ရောက်လာခဲ့ကြသည်။

ရှောင်ရှောင်လုံက သူ၏ အချက်အပြုတ်များကို လေ့ကျင့်နေစဉ်အတွင်းမှာပင် သူ၏ မျက်နှာအမူအရာက ဆိုးရွားနေပေသည်။ ရှောင်ယု ရောက်လာသည့်အချိန်တွင် သူက အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်ကို မြန်မြန်ဆန်ဆန်ပင်သောက်ပြီး ကျသင့်ငွေကို ဝိုင်ပုလင်းဖြင့် ဖိထားခဲ့သည်။

ရှောင်မိသားစုဝင်များ၏ အခြေအနေကိုကြည့်ခြင်းဖြင့် ရှောင်မန်က ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့် ပုံ ပေါ်သည်။ ရှောင်မန်၏ တပ်များကလည်း မြို့တော်ဆီသို့ ပြန်လည်ဆုတ်ခွာလာကြပြီး မြို့ကိုကာကွယ်ရန် ပြင်ဆင်ကြလေသည်။ယခုလက်ရှိ အင်ပါရီယာ မြို့တော်၏ အခြေအနေက ပြင်းပြင်းထန်ထန် စောင့်ကြပ်ခံထားရပေသည်။

အင်ပါရီယာ မြို့တော်၏ အပြင်ဘက်တွင် ဖုန်လုံးများနှင့် မီးခိုးငွေ့များ တလိမ့်လိမ့်တက်နေသည်။သိပ်သည်းထူးထဲလှသော စစ်တပ်တစ်တပ်က မြို့တော်ရှိရာဆီသို့ အလျှင်အမြန် နှင်လာပြီး မြို့ကို ဝိုင်းရံထားလိုက်သည်။

ထိုသူများက မြို့မှထွက်ခွာနိုင်သည့် လမ်းကြောင်းးအားလုံးကို ပိတ်ဆို့လိုက်သည်။

ချက်ချင်းဆိုသလိုပင် အင်ပါရီယာ မြို့တော်တစ်ခုလုံးကို ပြင်းထန်သည့် လေထုတစ်ရပ်က ဖိနှိပ်လာသည်။သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်၍ စိတ်ဝိညာဉ် မြင်းကို စီးထားသော ဂျိချန်းရွဲ့က မြို့တော်ရှိရာဆီသို့ ငေးမောကြည့်ရှုနေသည်။ သူ၏ မျက်ဝန်းထဲတွင် တပ်မက်သည့် အရိပ်အယောင်များ ရှိနေပြီး သူ၏ မျက်ဝန်းများက ခိုင်မာလေးနက်လှသည်။

တစ်နေ့ သူပိုင်ဆိုင်သည်များကို သူပြန်လာယူမည်ဟု သူပြောခဲ့သည်။ယနေ့ သူပြန်လာနိုင်ပေပြီ။သူ၏ နောက်တွင်လည်း အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျွမ်းကျင်သူများစွာ ရှိနေသည်။

ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ကျောက်မူရှန်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက်၏ ဘေးတွင် ရိုသေလေးစားစွာဖြင့် လိုက်ပါလာခဲ့သည်။ ထို လူကြီးက လက်နှစ်ဖက်ကို နောက်ပစ်၍ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေလေသည်။

အဓိက ခန်းမကြီးထဲ၌ ဂျိချန်းရွဲ့က နဂါးပလ္လင်ထက်၌ တည်ငြိမ်စွာဖြင့် ထိုင်နေသည်။ ဂျိချန်းယု၏ တပ်များက သူ၏ ရှေ့မောက်သို့ ရောက်နေပြီ ဖြစ်သော်လည်း သူ၏ အမူအရာက တည်ငြိမ်နေတုန်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက လေအလင်းအင်ပါယာ၏ ဧကရာဇ် တစ်ယောက်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သူက ဧကရာဇ် တစ်ပါးဖြစ်သောကြောင့် မည်သည့်ကိစ္စများပင် ဖြစ်ဖြစ် တည်ငြိမ်မှု ရှိရန် လိုအပ်ပေသည်။အကယ်၍ အခြားသူများအားလုံး ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်နေကြမည်ဆိုလျှင်တောင် သူကတော့ တည်ငြိမ်ရပေမည်။

သူ၏ ရှေ့မောက်၌ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ဝန်ကြီးမျာ ရှိနေသည်။တစ်ခြားအဖွဲ့အစည်းများမှ အရာရှိများလည်း ရှိနေကြသည်။

ထိုသူများ၏ မျက်နှာအမူအရာက အလွန်ပင် ရုပ်ဆိုးနေပေသည်။အဘယ်ကြောင့်ဆိုသော် ရှောင်မန်တစ်ယောက်တည်းသာလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ခြင်းသာ မဟုတ်ပဲ ထိုအရာရှိများ စေလွှတ်ခဲ့သည့် သူများသည်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။တစ်ချို့မှာမူ အသက်ပင်သေဆုံးခဲ့လေသည်။

ထိုသတင်းက အလွန်ပင်ဆိုးရွားလှသည်။ထိုအဓိပ္ပာယ်မှာ ရှုရဂိုဏ်းမှ ကျွမ်းကျင်သူများက သူတို့အစပိုင်း မျှော်လင့်ထားသည်ထက်ပင် သန်မာနေခြင်းပင်ဖြစ်သည်

"အရှင်မင်းကြီး မစိုးရိမ်ပါနှင့် မြေရိုင်းလွင်ပြင် ဒေသ နတ်ဘုရားကျောင်းက ဘုရားကျောင်းအရှင်လည်း လေအလင်းအင်ပါယာကို အမြန်ဆုံးလာနေပါပြီ။ ငါတို့ရဲ့ ဘုရားကျောင်းအရှင်က စစ်မှန်တဲ့ တန်ခိုးရှင်တစ်ယောက်ပါ သူ ဒီနေရာကို ရောက်ပြီဆိုတာနှင့် ရှုရဂိုဏ်းက မကောင်းဆိုးဝါးတွေ အကုန်လုံး သေကြေပျက်စီး သွားပါလိမ့်မယ်"

အကြီးအကဲဆန်းက ဂျိချန်းရွဲ့ကို လျှောက်တင်လိုက်သည်။ကျန့်ခုန်းက အကြီးအကဲဆန်းဆီသို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်ပြီးနောက် ဂျိချန်းရွဲ့ဘက်သို့ လှည့်၍ လျှောက်တင်လိုက်သည်။

"ငါတို့ရဲ့ တိမ်ဖြူစံအိမ်ကလည်း အကြီးအကဲချုပ်ကို စေလွှတ်လိုက်ပါပြီ အရှင်မင်းကြီးက အခု စိတ်အေးသက်သာ နေနိုင်ပါတယ်"

တိမ်ဖြူစံအိမ်၏ အကြီးအကဲချုပ်က စံအိမ်သခင် လက်အောက်ရှိ ကျွမ်းကျင်သူများ အားလုံးထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။သူကလည်း တန်ခိုးရှင်အဆင့်တစ်ယောက်သာ ဖြစ်သည်။

သူတို့က ရှုရဂိုဏ်း၏ သန်မာမှုကို မှားယွင်းစွာ သုံးသပ်ခဲ့မိသည်။ထို့ကြောင့်ပင် စစ်နတ်ဘုရား အများအပြားနှင့် တန်ခိုးရှင်အဆင့်သို့ နီးကပ်နေသော တစ်ခြားသူများက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထိုအချိန်အတောအတွင်း၌ ဆိုးရွားလှသည့် သတင်းမှာ အဖွဲ့အစည်းများဆီသို့ ရောက်ရှိသွားပြီး သူတို့ တုန်လှုပ်သွားကြသည်။ထိုသူများအားလုံးက သူတို့၏ ဂိုဏ်းအသီးသီးအားလုံးမှ ထိပ်သီး ကျွမ်းကျင်သူများကို လေအလင်းအင်ပါယာဆီသို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့က ရှုရဂိုဏ်း ပြန်လည် ထူထောင်သွားမည့် အခွင့်အရေး မပေးနိုင်ပေ။အတိတ်အချိန်က ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းနှင့် ရှုရဂိုဏ်း၏ စည်းမျဉ်းများအောက်တွင် နေထိုင်ခဲ့ရချိန်က ဆိုးရွားသည့် အမှတ်တရအားလုံးက အင်အားကြီးဂိုဏ်းများမှ လူတိုင်း၏ စိတ်ထဲတွင် ရှိနေတုန်းပင် ဖြစ်သည်။