အပိုင်း ၃၁၄
Viewers 52k

အခန်း ၃၁၄ “သွေးမျိုးနွယ်အစောင့်အရှောက်များရောက်ရှိလာခြင်း”

ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေ......

ခွန်အားကြီးမားလှသော အဆင့်၇ စိတ်ဝိညာဉ် သတ္တဝါနှစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ရွှံ့နွံမြေထဲတွင် အံ့အားသင့်စရာကောင်းလှသည့် တိုက်ပွဲ တစ်ခု ဖြစ်ပွားနေခဲ့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် ရွှံ့နွံများက နေရာအနှံ့လွှင့်စင်နေပေသည်။ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေထဲတွင် စိတ်ဝိညာဉ်သားရဲများ တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်ကြခြင်းမှာ ပုံမှန်ဖြစ်ပွားနေကြအရာပင် ဖြစ်သည်။

မြေရိုင်းလွင်ပြင် ဒေသကဲ့သို့ပင် ပုံရိပ်ယောင် စိတ်ဝိညာဉ်နွံမြေအတွင်းပိုင်းသို့ ဝင်ရောက်လာလေလေ စိတ်ဝိညာဉ် သားရဲများက အင်အားကြီးမားလာလေလေ ဖြစ်သည်။ ဤဒေသတွင် ထို အဆင့်၇ သားရဲနှစ်ကောင်ကို အစွမ်းထက်ဆုံးဟု သတ်မှတ်၍ မရပေ။ သူတို့နှင့်ယှဉ်လိုက်လျှင် အခြားအစွမ်းထက်သော သားရဲများစွာ ရှိနေပေသေးသည်။

ရုတ်တရက် ရွှံ့နွံအထက်လေထဲ၌ အသံလှိုင်းတစ်ခု ပဲ့တင်ထွက်ပေါ်လာသည်။ထိုအသံလှိုင်းက ရွှံ့နွံထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် ရွှံ့နွံများ ဘေးဘက်သို့ လွှင့်စင်သွားစေသည်။ သားရဲနှစ်ကောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူတို့၏ တိုက်ခိုက်မှု ခဏမျှ ရပ်တန့်သွားလေသည်။သူတို့က အရှေ့တွင်ပေါ်လာသော ပုံရိပ်ကို ကြည့်လိုက်သည်။

ထိုပုံရိပ်က အသံလှိုင်းကို ဖြစ်ပေါ်စေခဲ့သည့် သူပင်ဖြစ်သည်။ထိုသူက အရပ်ရှည်ပြီး သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် သန်သန်မာမာ သူတစ်ယောက်ပင်ဖြစ်သည်။ သူ၏ အစစ်အမှန်စွမ်းအင်များက နဂါးတစ်ကောင်ကဲ့သို့ပင် သူအနားတွင် ပတ်ခွေနေသည်။ထိုသူ၏ မျက်နှာက တည်ကြည်နေပြီး တိုက်ခိုက်နေကြသော သားရဲ နှစ်ကောင်ကို စူးစိုက်၍ ကြည့်နေသည်။ထို့နောက် သူ၏ မျက်ခုံးများက အနည်းငယ်တွန့်ကွေးသွားသည်။

သူ၏ ခန္ဓာကိုယ်က ကြောက်စရာကောင်းသည့် အရှိန်အဝါများ ထုတ်လွတ်လိုက်ပြီး ထိုသားရဲနှစ်ကောင်ကို ဖိအားပေးလိုက်သည်။သားရဲ နှစ်ကောင်က ချက်ချင်းပင် ရွှံ့နွံထဲဝင်သွားပြီး အချိန်အတော်ကြာသည်ထိ ခေါင်းမဖော်ရဲတော့ပေ။ သူတို့က သားရဲများ ဖြစ်သောကြောင့် ထိုသူက အလွန်အမင်း အန္တရာယ်ရှိလှကြောင်း ခံစားမိလေသည်။

လေထုကိုပင် ဆုတ်ဖြဲပစ်တော့မယောင် ထင်ရသော နောက်ထပ် အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ထိုသူက အရှေ့ကို အလျှင်နှင့် ပြေးထွက်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ရွှံ့နွံမြေထဲက ထွက်ခွာသွားသည်။

……

မြေရိုင်းလွင်ပြင်ဒေသ.....

ကောင်းကင်ကို ထ်ိစပ်နေသကဲ့သို့ မြင့်မားလှသော သစ်ပင်က ရုတ်တရက် နှစ်ခြမ်းခွဲခံလိုက်ရသည်။ ကြီးမားလှသော သားရဲငှက်တစ်ကောင်က ထက်မြေ့လှသော အတောင်ပံများကို တဖြတ်ဖြတ်ခတ်၍ ပျံသန်းသွားသည်။ သူ၏ အတောင်ပံများ သက်ရောက်သည့် နေရာတိုင်းရှိ သစ်ပင်များက ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။

ထိုကြောက်စရာကောင်းလှသော ငှက်၏ ကျောပေါ်တွင် ရက်စက်ကြမ်းကြုတ်ပုံရသော ခေါင်းပြောင်နှင့် လူငယ်လေး တစ်ယောက် ထိုင်နေသည်။ထိုသူ့၏ အသားအရည်က အညိုရောင်ရှိပြီး သူ့၏ ခန္ဓာကိုယ် တစ်ခုလုံးက အတော်လေး ထူးဆန်းနေပေသည်။ သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြေးနီဖြင့် ပြုလုပ်ထားသကဲ့သို့ပင် ထင်ရသည်။သူခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ကြောက်စရာကောင်းလောက်အောင် သန်မာလှသော ကြွက်သားများဖြင့် ပြည့်နှက်နေသည်။

ထိူလူငယ်လေးက မတ်တပ်ထရပ်လိုက်စဉ်တွင် သူ၏ မျက်ဝန်းထဲတွင် လျှပ်စီးကဲ့သို့ အလင်းတန်းတစ်ခု လင်းလက်သွားသည်။သူက အဝေးတစ်နေရာဆီသို့ စူးစိုက်ကြည့်နေလေ၏ ။သူ၏အကြည့်များက မြေရိုင်းလွင်ပြင်ဒေသ အပြင်ဘက်တစ်နေရာသို့ ကြည့်နေသည်ဟု ထင်ရသည်။

"ဒီတစ်ကြိမ်တော့ ငါရဲ့ နတ်ဘုရားကျောင်းတော်က ကျွမ်းကျင် ပညာရှင် နှစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ် ရှားယုက တော်တော်လေး အလားအလာ ရှိတဲ့သူ တစ်ယောက်ပဲ အနာဂတ်မှာ သူက တန်ခိုးရှင် အဆင့်တစ်ယောက် ဖြစ်လာဖို့တောင် အခွင့်အရေးရှိတယ် အဲ့ဒီလိုလူက လေအလင်းအင်ပါယာရဲ့ မြို့တော်မှာ တကယ်ပဲ သေဆုံးခဲ့ရတယ် ငါသူတို့အတွက် တရားမျှတမှုကို သေချာပေါက် ပြန်ရှာပေးရမယ်။ငါ ရှုရဂိုဏ်းက မကောင်းဆိုးဝါးတွေကိုလည်း လုံးဝ ဖယ်ရှားပစ်ရမယ် တကယ်လို့ ရှုရဂိုဏ်းက ပြန်လည်ထူထောင်လာပြီဆိုရင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားပြီး ဘယ်တော့မှ ငြိမ်အေးတော့မှာ မဟုတ်ဘူး"

ထိုသူ၏ မျက်ဝန်းများက အေးစိမ့်နေသည်။သူက ခြေထောက်အောက်မှ သားရဲငှက်ကို ခပ်ပြင်းပြင်း စောင့်နင်းလိုက်ရာ စိတ်ဝိညာဉ်သားရဲ ငှက်က စူးရှသည့်အော်မြည်သံ တစ်ခုကို ထုတ်လွတ်လိုက်သည်။

ထို့နောက် သူ၏ အတောင်ပံများကို ခတ်လိုက်ပြီး အရှိန်ကို မြှင့်တင်လိုက်လေသည်။လူတစ်ယောက်နှင့် သားရဲ တစ်ကောင်က အရှိန်ကို မြှင့်တင်လိုက်သောကြောင့် လျှပ်စီးတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုလျှပ်စီးတန်းက ချက်ချင်းပင် မြေရိုင်းလွင်ပြင်ဒေသထဲမှ ပျောက်ကွယ်သွားလေသည်။

…..

မိုးထိအောင် မြင့်မားလှသော ဝူလျန်တောင်တန်းနှင့် အဆုံးမဲ့ ကျယ်ပြောလှသော တောင်စဉ်တစ်ထောင် တောင်တန်း .......

မရေမတွက်နိုင်အောင် များပြားလှသော ကျွမ်းကျင် ပညာရှင်များက လေအလင်းအင်ပါယာဆီသို့ စတင် ထွက်ခွာလာကြသည်။သူတို့က ရှုရ ဂိုဏ်း၏ အင်အားနှင့် ပတ်သတ်၍ မှားယွင်းစွာ သုံးသပ်ခဲ့မိကြကြောင်း သိရှိပေသည်။ ထို့ကြောင့်ပင်လျှင် ကျွမ်းကျင်ပညာရှင်များကို အလျှင်အမြန် စုဆောင်း၍ လေအလင်း အင်ပါယာရှိရာဆီသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

……

အင်ပါရီယာ မြို့တော်မှ မိုင် ရာပေါင်းများစွာ ကွာဝေးသော တစ်နေရာ.........

ဘုရင်ခံယု၏ တပ်များက ဒီနေရာတွင် တပ်ဆွဲထားကြသော်လည်း အင်ပါရီယာ မြို့တော်ကို တိုက်ခိုက်ခြင်း မရှိသေးပေ။မဆင်မခြင် တိုက်ခိုက်ခြင်းက လေအလင်စအင်ပါယာ၏ အင်ပါရီယာမြို့တော်ကို သိမ်းယူလိုက်နိုင်မည် မဟုတ်မှန်း သူတို့ ရှင်းရှင်းလင်းလင်း သိကြပေသည်။

သူတို့ စိတ်အေးအေးထား၍ အစီအစဉ်ကို စဉ်းစားရမည်ဖြစ်ကြောင်း ကောင်းစွာ သိကြပေသည်။အင်ပါယာတစ်ခုလုံး၏ မြို့တော် ဖြစ်သောကြောင့် အင်ပါယာ၏ သန်မာဆုံးသော ကျွမ်းကျင် ပညာရှင်များ ထိုနေရာတွင် စုစည်းနေကြသည်။

ရှုရဂိုဏ်းက သူကို ထောက်ပံ့ပေးနေမည်ဆိုလျှင်ပင် ဘုရင်ခံယုက အင်ပါရီယာ မြို့တော်ကို တိုက်ခိုက်ရာတွင် သတိထားရမည်ဖြစ်ကြောင်း ကောင်းစွာ သိပေသည်။ အကယ်၍ နောက်စစ်ပွဲတစ်ပွဲ၌ သူရှုံးနိမ့်ခဲ့ပါက သူကို တစ်ခုတည်းသော ရလဒ်တစ်ခုကသာ စောင့်ကြိုနေပေလိမ့်မည်။ထိုအရာက သေခြင်းတရားထက် ကျော်လွန်နေမည် ဖြစ်ကြောင်း သံသယရှိစွာပင် မလိုပေ။

ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသော ကျောက်မူရှန်က ပေါ့ပါးသည့် အပြုံးတစ်ခုကို ဆင်မြန်းရင်း ဘုရင်ခံယုရှိရာဆီသို့ လျှောက်လာခဲ့သည်။

"ဘုရင်ခံယု နောက်ဆုံးတော့ အင်ပါရီယာ မြို့တော်ကို ပြန်နိုင်ပြီ ဆိုတော့ မင်သေချာပေါက် စိတ်လှုပ်ရှားနေရမယ် ဒါကို မင်း ပိုင်ဆိုင်နိုင်တော့မယ်"

"ငါက ဘယ်လိုလုပ်ပြီး စိတ်လှုပ်ရှားမှာလဲ ဒီစစ်ပွဲမှာ အများအပြား သေကြေပျက်စီးခဲ့ရတယ်။လူအများကြီး သေဆုံးခဲ့ရတာက ဒီအရာတွက်ပဲလေ " ဘုရင်ခံယုက အသက်ပြင်းပြင်း ရှိုက်ရင်း ပြောလိုက်သည်။

ကျောက်မူရှန်က အေးဆေးသက်သာသော အပြုံးနှင့် ဘုရင်ခံယု၏ ဘေးတွင် ရပ်လိုက်သည်။သူကအဝေးတွင် လှမ်းမြင်နေရသော မြင့်မားလှသည့် အင်ပါရီဟာ မြို့တော်ကို စူးစိုက်ကြည့်ရင်း သူအကြည်းများက စူးရှလာသည်။

"အင်ပါရီယာ မြို့တော်ကို သိမ်းယူမည်ဆိုရင် ငါမှာ တစ်ခြားဘာမှ တောင်းဆိုစရာ မရှိဘူး။မင်း ငါလက်ထဲကို ပုဖန်ကို လွှဲပေးဖို့ တစ်ခုတည်းသာ ငါမျှော်လင့်တယ် "

"ပုဖန် ...သူရဲ့ဆိုင်ကို အဆင့်မြင့်သားရဲကြီးက ကာကွယ်ထားတယ်လေ "

"ဒါက အဆင့်မြင့် သားရဲကောင်တွေလေ ငါတို့ဘက်မှာ တန်ခိုးရှင်းအဆင့်တစ်ယောက်ရှိနေမှတော့ ဒိအဆင့်မြင့် သားရဲလောက်ကို ကြောက်စရာမဟုတ်ဘူး အဲ့ဒီ ဖန်ဖန် ဆိုင်ငယ်လေးမှာ လျှို့ဝှက်ချက် ကြီးကြီးမားမား တစ်ခု ဖုံးကွယ်ထားတယ်လို့ ငါထင်မြင်မိတယ် တကယ်လို့ သူမှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူးဆိုရင်တောင်မှ သိမြင်မှုသစ်သီးပင် တစ်ခုတည်းနဲ့တင် ငါအတွက် တန်နေပြီ" ကျောက်မူရှန်၏ မျက်ဝန်းတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

ရုတ်တရက် ကျောက်မူရှန်က ခေါင်းမော့ကြည့်လိုက်ရာ သူတို့ရှိရာဆီသို့ လျှင်မြန်စွာ လာနေသော သွေးနီရောင် အလင်းတန်းနှစ်ခုကို တွေ့လ်ိုက်ရသည်။တပ်ထဲတွင် ထိုင်နေသော မီးခိုးရောင်ဆံပင်နှင့် အဖိုးအို၏ မျက်လုံးများ ပွင့်သွားသည်။ သူကရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကောင်းကင်ယံထက်၌ ထွက်ပေါ်လာသည်။ထိုသူကသွေးနီရောင် အလင်းတန်းနှစ်ခု၏ လေထဲ၌ လွင့်မောနေသည်။

"မျိုးနွယ်စု အစောင့်အရှောက်တွေ မင်းတို့ နှစ်ယောက်လုံးက အထွဋ်အမြတ် မျှော်စင်ကို ကာကွယ်နေတာ မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး မင်းတို့နှစ်ယောက်လုံး ဒီရောက်လာတာလဲ ငါတ်ို့ရဲ့ အထွဋ်အမြတ်မျှော်စင်မှာ တစ်ခုခု ဖြစ်နေလို့လား " ထ်ိုအဖိုးအိုက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"အရှင့်ကို နှုတ်ဆတ်ပါတယ်"

မျိုးနွယ်စု အစောင့်အရှောက်နှစ်ယောက်က လက်နှစ်ဖက်ကို ယှက်၍ သူတို့ရှေ့တွင် လျှောက်လာသော အဘိုးအိုကို နှုတ်ဆက်လိုက်သည်။ သူတို့က ဒီကို ရောက်လာရသည့် အကြောင်းအရင်းကို လျှင်မြန်စွာ ရှင်းပြလိုက်သည်။သူတို့နှစ်ယောက်က နတ်ဆရာမ၏ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့ခြင်း ဖြစ်သည်။

ခိုးယူခံလိုက်ရသော ဝိညာဉ်စုပ် အစီအရင်က အင်ပါရီယု မြို့တော်အတွင်း ပေါ်ထွက်လာခဲ့သည်။အရှင်သခင်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး အေးစက်လှသော အလင်းရောင်တစ်ချက် လက်တောက်သွားသည်။

"အာကာသအာနန်ဂိုဏ်းက လူတွေ ခိုးတာများ ဖြစ်နေမလား "

"မဖြစ်နိုင်သေးဘူး အာကာသ အာလန်ဂိုဏ်းက လူတွေက အင်ပါရီယာ မြို့တော်ထဲမှာ ပေါ်မလာသေးဘူး ဒီတော့ သူတို့မဖြစ်နိုင်ဘူး "

"ဒါဆို တောင်စဉ်တစ်ထောင်တောင်တန်းက ကျွမ်းကျင်ပညာရှင်တွေများ ဖြစ်နိုင်လား"

အရှင်သခင်က အင်ပါရီယာ မြို့တော်ကို စောင့်ကြည့်ရန်အတွက် ကျွမ်းကျင် ပညာရှင်များစွာကို စေလွှတ်ထားခဲ့ပြီးပြီ ဖြစ်သောကြာင့် အတော်လေး ဇဝေဇဝါ ဖြစ်နေပေသည်။ သူအချိန်အတော်ကြာ စဉ်းစားပြီးသည့်တိုင်အောင် ဖြစ်နိုင်ချေရှိသည့် မည်သူကိုမှ မတွေးမိပေ။

"ဝိညာဉ်စုပ် မှော်အစီအရင်ကို ဘယ်သူများ ခိုးယူသွားတာ ဖြစ်နိုင်မလဲ "

သူတို့သုံးဦး မြေအြင်ပေါ်သို့ ဆင်းသက်လာသည့် အချိန်တွင် ကျောက်မူရှန်နှင့် ဘုရင်ခံယုတို့ကလည်း သူတို့ဆီသို့ လျှောက်လာကြသည်။ ဘုရင်ခံယုတို့ နှစ်ယောက်က သူတို့သုံးဦးကို နှုတ်ဆတ်စကားပြောလိုက်သည်။သို့သော်လည်း သွေးမျိုးနွယ်အစောင့်အရှောက်နှစ်ဦးက သူတို့၏ အစောင့်အရှောက် နှစ်ဦးကို ဂရုစိုက်ခြင်းမရှိပေ။ လူ့လောက ဂိုဏ်းများအကြောင်းကို သူတို့ စိတ်ဝင်စားမှု မရှိသောကြောင့် သာမန်သာပင်သူတို့ ခေါင်းညိတ်ပြလိုက်သည်။

ကျောက်မူရှန်က သူတို့ပြောဆိုနေသည့် အကြောင်းအရာများကို နားထောင်ပြီးသည့်နောက် သူ၏ မျက်ဝန်းများက တောက်ပသွားသည်။

"အရှင်သခင် မင်းတို့ရဲ့ ဝိညာဉ်စုပ် မှော်အစီအရင်ကို ဘယ်သူခိုးသွးတာလဲဆိုတာ ငါသိတယ်ထင်တယ်"

"ဘယ်သူလဲ"

ကျောက်မူရှန်၏ စကားကို ကြားလိုက်ရဿာအခါ သွေးမျိုးနွယ်အစောင့်အရှောက်၏ မျက်ဝန်းများက တောက်ပသွားပြီး အလျှင်စလို အော်လိုက်သည်။သူတို့၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်လှသည့် ဖိအားများကို ထုတ်လွှင့်လာလေသည်။ ထိုဖိအားကြောင့် ကျောက်မူရှန်နှင့် ဘုရင်ယုတို့နှစ်ယောက်စလုံး လေအေးများကို ရှုရှိုက်လိုက်မိသည်။

"အင်ပါရီယာမြို့တော်ထဲမှာ ဆိုင်ငယ်လေးတစ်ခုရှိတယ် အဲ့ဒီ ဆိုင်ငယ်လေးကို ဖန်ဖန် ဆိုင်ငယ်လေးလို့ခေါ်တယ် အဲဒီဆိုင်ကို အဆင်မြင့်သားရဲကြီး တစ်ကောင်က စောင့်ရှောက်နေတယ် အခုလက်ရှိ အင်ပါရီယာ မြို့တော်ထဲမှာ တန်ခိုးရှင်အဆင့်တွေ မရှိဘူးဆိုတော့ သူတစ်ယောက်တည်းကပဲ ခိုးတဲ့သူ ဖြစ်နိုင်ချေရှိတယ်"

ကျောက်မူရှန်၏ မျက်ဝန်းများက တဖြတ်ဖြတ် လှုပ်ခါနေပြီး သူအလျင်စလို ရှင်းပြလိုက်သည်။ အရှင်သခင်က ကျောက်မူရှန်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ သဘာဝကျစွာပင် သူက ကျောက်မူရှန်၏ လှည့်ကွက်လေးကို ထွင်းဖောက်မြင်နေရသည်။သို့သော်လည်း အကယ်၍ ကျောက်မူရှန်သာ အမှန်တိုင်း ပြောဆိုနေခြင်း ဖြစ်လျှင် သူဆိုင်ငယ်လေးဆီသို့ သွားရပေလိမ့်မည်။ထိုဆိုင်ငယ်လေးက အဆင့်မြင့်သားရဲကြီးကို ပိုင်ဆိုင်ထားလျှင်ပင် ပြဿနာမဟုတ်ပေ။

သူတို့ကလည်း မကြာခင်မှာပင် အင်ပါရီယာ မြို့တော်ကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့လေရာ ထိုကဲ့သို့ အဆင့်မြင့်သားရဲကောင်တွေ တည်ရှိနေခြင်းကို လျစ်လျူ မရှုနိုင်ပေ။

"ဒီလိုဆိုမှတော့ ငါတို့က ဘာစောင့်နေတာလဲ အင်ပါရီယာ မြို့တော်ကို မြန်မြန် တိုက်ခိုက်ကြမယ်လေ နတ်ဆရာမကို ကြည့်ရတာလည်း စိတ်ဆိုးနေပုံ ရတယ် "

သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်က နတ်ဆရာမအကြောင်းကို တွေးလိုက်မိသည်နှင့် သူ့၏ ခန္ဓာကိုယ်က မထိန်းနိုင်အောင် တုန်လှုပ်လာလေသည်။ သူက စိုးရိမ်ကြောင့်ကြနေပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး အင်ပါရီယာ မြို့တော်ကို တိုက်ခိုက်ချင်နေပေသည်။သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်၏ အမူအရာများက ပြောင်းလဲသွားပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ လက်ထဲတွင် သံလိုက်အိမ်မြှောင်လေးတစ်ခု ပေါ်လာလေသည်။ ထိုအိမ်မြှောင်အဝိုင်းလေးထဲတွင် အလင်းစက်ငယ်လေးများ အများအပြားရှိနေပြီး ထိုထဲမှ တစ်ခုက သာမန်ထက်ပို၍ ထူးထူးခြားခြား တောက်ပနေသည်။

"ဝိညာဉ်စုပ် မှော်အစီအရင်က နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ပြီ" သွေးမျိုးနွယ်အစောင့်အရှောက်က ပြောလိုက်သည်။

……

အင်ပါရီယာ မြို့တော်၏ လမ်းကြားလေးတစ်ခုအတွင်းရှိ ဖန်ဖန် ဆိုင်ငယ်လေး........

ပုဖန်က ထိုင်ခုံတစ်ခုပေါ်တွင် မှီ၍ထိုင်နေပြီး မျက်ဝန်းများကို မှေးစင်းထားလေသည်။ အေးမြလှသော လေပြေလေညှင်းများက သူ၏မျက်နှာကို ပွတ်သပ် ရိုက်ခတ်သွားသည်။ယနေ့အတွက် ဆိုင်၏ စီးပွားရေးအခြေအနေက မကောင်းလှပေ။

ရှောင်မန် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သော သတင်းကြောင့် လူအများက ကြောက်ရွံ့ထိတ်လန့်နေကြသည်။လူအများက အိမ်ထဲမှာသာ ပုန်းအောင်းနေသောကြောင့် သူ၏ စီးပွားရေးကိုပါ ရိုက်ခတ်လာသည်။ ပုဖန်က တစ်စုံတစ်ခုကို တွေးတောမိသွားပြီး အလွန် စိတ်ကသိကအောင့် ဖြစ်သွားသည်။သူ၏ လက်ထဲ၌ အနောက်ပိုင်း ဆန်းကြယ်မြို့တော်၏ တိုက်ပွဲမှ ယူဆောင်လာခဲ့သော အဆောင်ပြား ငါးခု အစီအရင်များ ပေါ်လာသည်။

ထိုအဆောင်ပြားများက ဟောင်းနွမ်းစုတ်ပြတ်နေသလို ထင်ရသည်။အဆောင်ပြားပေါ်တွင် ဖြတ်တောက်ရာများနှင့် အက်ရာများ ရှိနေပြီး အချိန်မရွေး ပြိုပျက်သွားတော့မည့်ပုံ ပေါ်သည်။ ထိုအဆောင်ပြားများဖြင့် မှော်အစီအရင်တစ်ခုကို ခင်းကျင်းထားပြီး ထိုမှော်အစီအရင်ထဲတွင်လည်း စိတ်ဝိညာဉ် အနှစ်သာရများကဲ့သို့ အဖြူရောင် မီးခိုးကွေ့များလည်း ပါဝင်နေသည်။

အခါအားလျော်စွာ ထိုမီးခိုးငွေ့များထဲတွင် လူသားများ၏ မျက်နှာများ ပေါ်လာတက်ပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ အသံများကို ထုတ်လွှင့်ကာ မီးခိုးထဲသို့ ပြန်လည် ပျောက်ကွယ်သွားလေ့ရှိသည်။

"ဒီ မှော်အစီအရင်က တကယ့်ကို မကောင်းဆိုးဝါးပဲ" ပုဖန်က မျက်ခုံးကြောများ တွန့်ရှူံ့သည်အထိ မျက်မှောင်ကြုတ်လိုက်ပြီး မှတ်ချက်ချလိုက်သည်။

ပုဖန်က အဆောင်ပြားများကို လေ့လာပြီးသော်လည်း သူစိတ်ကသိကအောင့် ဖြစ်နေတုန်းပင် ဖြစ်သည်။သူက အဆောင်ပြားများကို ပြန်လည်၍ သိမ်းဆည်းလိုက်သည်။ ခပ်လှမ်းလှမ်းဆီမှ သူဆီသိူ့ လာနေသော ပုံရိပ်တစ်ခူကို ပုဖန် တွေ့လိုက်ရသည်။ထိုပုံရိပ်ကို အနီးကပ်မြင်လိုက်ရသော အခါတွင် ပုဖန် တစ်စက္ကန့်မျှ ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။

ထိုပုံရိပ်က ဒဏ်ရာအပြင်းအထန်ရထားသည်ဟု နာမည် ကြီးနေသော ရှောင်မန်သာ ဖြစ်သည်။ရှောင်မန်၏ အသွင်အပြင်က မကောင်းလှပေ။သူ၏ အသားအရည်က အတော်လေး ဖြူဖျော့နေပြီး တဖြေးဖြေးချင်း အနက်ရောင် အဖြစ်သို့ ပြောင်းလဲနေပေသည်။ပုဖန်က မတ်တပ်ထရပ်လိုက်ပြီး ရှောင်မန်ကို ဆိုင်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

ကွမ်းရှောင်ယီက ရှောင်မန်ကို မြင်လိုက်ရသည့် အခါတွင် အံ့သြတကြီး ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။သူ၏ အားနည်းပြီး ဖျော့တော့လှသော အသွင်အပြင်က သူမကို စိုးရိမ်လှစေသည်။

"ပိုင်ရှင်ပု ငါ့ကို အေးခဲ ကျောက်စိမ်း နှလုံးသားဝိုင် တစ်လုံးပေးပါ "

ရှောင်မန်က စကားလုံးအနည်းငယ် ပြောပြီးသည့်နောက် မထိန်းချုပ်နိုင်စွာဖြင့် ချောင်းဆိုးလိုက်သည်။ထို့နောက် သူ ပါးစပ်အပြည့် သွေးအနက်ရောင်များ အန်ထုတ်လိုက်လေသည်။

"မင်းအဆိပ်မိနေတယ်"

ပုဖန်က အေးစိမ်းတည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ထိုသွေးနက်များက သူအတွက် တော်တော်လေး ရင်းနှီးနေပေသည်။

ရှောင်မန် မိခဲ့သော အဆိပ်က တောင်ပိုင်း မြို့တော်ရှိ ဒုတိယ ရှောင်သခင် မိခဲ့သည့် အဆိပ်နှင့် တူညီနေသည်။သို့သော်လည်း ရှောင်မန်မိခဲ့သည့်အဆိပ်က ဒုတိယရှောင်သခင် မိခဲ့သည့် အဆိပ်ထက် ပို၍ ပြင်းထန်နေပုံပေါ်သည်။

သူ၏ သိုလှောင်နေရာထဲတွင် နတ်ဆိုးငါး၏ အသားများ ရှိနေလေရာ ရှောင်မန်ကို ကူညီကောင်း ကူညီနိုင်ပေသည်။

"ငါဒီတစ်ကြိမ်တော့ ငါ့ကိုယ်ငါ တော်တော်လေး စိတ်ပျက်မိတယ် ရန်သူတွေက အင်ပါရီယာ မြို့တော်ကို အရှိန်အဟုနိနှင့် လာနေချိန်မှာ ငါက ဒဏ်ရာရထားတယ် ဒီလိုဆိုးရွားနေတဲ့ အခြေအနေမျိုးမှာ ငါရှောင်မန်က တကယ်ပဲ ကိုယ့်ကိုကိုယ် ဒဏ်ရာရစေခဲ့တယ် ငါအင်ပါရီယာ မြို့သားတွေကို မျက်နှာ ပြစရာတောင်မရှိတော့ဘူး မနက်ဖြန်ကျရင် အရှင်မင်းကြီးက ဘုရင်ခံယုနှင့် နောက်ဆုံး ဆွေးနွေးပွဲ လုပ်လိမ့်မယ် တကယ်လို့ ကျဆုံးခဲ့မယ်ဆိုရင် စစ်ပွဲက ချက်ချင်းပဲ စတင်လိမ့်မယ် ။နောက်ဆုံးစစ်ပွဲမှာ ငါရှောင်မန်က အသက်ရှင်သန်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး " ရှောင်မန်က ခါးသီးစွာ ပြုံးလိုက်သည်။

"ငါ့မှာ ရှင်သန်နိုင်တဲ့ အခွင့်အရေးမရှိတော့ဘူးဆိုမှတော့ ငါက ဒီမှာ နောက်ဆုံးအနေနဲ့ အေးခဲ ကျောက်စိမ်း နှလုံးသား ဝိုင်ကို လာသောက်တာ"

သူစကားပြောပြီးသွားသည့်အချိန်တွင် သူ၏ အရှေ့သို့ ပုံရိပ်လေးတစ်ခု ရောက်လာသည်။ထိုပုံရိပ်လေးက လှပချောမွေ့လှသည့် ရှောင်ယန်ယုပင် ဖြစ်သည်။ ရှောင်ယန်ယုက မျက်နှာကာကို မဝတ်ဆင်ထားသောကြောင့် သူရဲ့ တောက်ပလှသော မျက်နှာလေးတွင် စိုးရိမ်ပူပန်မှုက အထင်းသား ပေါ်လွင်နေသည်။

"အဖေ" ရှောင်မန်၏ အမူအရာကို မြင်လိုက်သောအခါ ရှောင်ယန်ယု၏ အသံက ဆို့နင့်သွားသည်။

ပုဖန်က စကားတစ်ခွန်းမှ ဝင်ပြောခြင်းမရှိပဲ မီးဖိုချောင်ဘက်သို့ လှည့်ဝင်လိုက်သည်။မကြာခင်မှာပင် သူက အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင် တစ်အိုးကို သယ်၍ ပြန်လာပြီး ရှောင်မန်၏ အရှေ့၌ ချပေးလိုက်သည်။

ရှောင်မန်က ဝိုင်အိုးကိုကြည့်၍ ရယ်မောလိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးလိုက်သည်။ထို့နောက် သူက ဝိုင်ကို တစ်ငုံ သောက်လိုက်ပြီး နှစ်လိုစွာဖြင့် ရယ်မောလိုက်သည်။

အဆိပ်များက ရှောင်မန်၏ ခန္ဓာကိုယ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင် ပြန့်နှံ့နေပြီ ဖြစ်သော်လည်း သူ၏ အသွင်အပြင်က ရှောင်ဒုတိယသခင်၏ အခြေအနေနှင့် အနည်းငယ် ကွာခြားနေတုန်းပင် ဖြစ်သည်။

တစ်ချိန်တုန်းက ပုဖန်က ရှောင်ဒုတိယ သခင်၏ အဆိပ်များကို ကုသပေးနိုင်ခဲ့ကြောင်း ရှောင်ယန်ယုက သိနေပေသည်။ထို့ကြောင့်ပင် သူမ ပုဖန်ကို ရှာဖွေရန် စဉ်းစားခဲ့သည်။ သို့သော်လည်း ပုဖန်၏ အဆိပ်ဖြေသည့် နည်းလမ်းက နတ်ဆိုးငါးအသားပေါ်တွင် မူတည်နေသည်ကိုလည်း သူမသိနေပေသည်။

ထိုနတ်ဆိုးငါးတွင် ပါဝင်သော အနှစ်သာရများက အဆိပ်ကို ချေဖျက်ပစ်လိုက်ခြင်း ဖြစ်ကြောင်းကိုလည်း သူမကောင်းစွာသိသည်။သို့သော်လည်း ထိုငါးအသားက ရှောင်ဒုတိယသခင်၏ အဆိပ်ကို ဖြေပေးနိုင်သော်လည်း ရှောင်မန်၏ အဆိပ်ကို ဖြေပေးနိုင်ချေရှိမရှိကို သူမ မသေချာပေ။

ပုဖန်က သက်ပြင်းတစ်ချက်အသာချရင်း ရှောင်မန်နှင့် ခွက်ချင်း တိုက်လိုက်သည်။ထို့နောက် သူက ဝိုက်ခွက်ကို တရှိန်ထိုးမော့သောက်လိုက်လေသည်။သူတို့နှစ်ယောက်သား ဝိုင်သောက်နေသည့်အချိန်တွင် မြို့တော်၏ အပြင်ဘက်မှ နားကွဲလောက်စရာ ကြွေးကြော်သံများ ထွက်ပေါ်လာသည်။

ထိုအသံများက အင်ပါရီယာမြို့တော်၏ အပြင်ဘက်တွင် ရှိနေသော သောင်းချီသသည့် စစ်သားများ၏ ကြွေးကြော်သံ များဖြစ်ကြောင်း ထင်ရှားပေသည်။ရှောင်မန်က အံ့အားသင့်သွားသည်။သူဝိုင်အိုးကို ပြန်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

"သူတို့အရင်ဆုံးဆွေးနွေးကြအုံးမယ်လို့ မပြာခဲ့ဘူးလား ဘာကြောင့် ဘုရင်ခံယုက မြို့တော်ကို တိုက်ရိုက်တိုက်ခိုက်လာတာလဲ"