အပိုင်း ၃၁၅
Viewers 52k

အခန်း ၃၁၅ “ပုဖန်ကိုလွှဲပေးပါ...”

ရှောင်မန်က ကြွေးကြော်သံများကို ကြားလိုက်သောအခါတွင် သူ၏ မျက်နှာက လေးနက်တည်ကြည်သွားပြီး သူ မတ်တပ်ထရပ်လိုက်သည်။သို့သော်လည်း သူ တက်နိုင်တာ ဘာမှမရှိပေ။ ထိုအချိန်ခဏ၌ ရှောင်မန်၏ ရင်ဘတ်၌ နာကျင်လာပြီး သူအပြင်းအထန် ချောင်းဆိုးလိုက်သည်။သူက ခပ်လှမ်းလှမ်းဆီသို့ သွားလိုက်ပြီး ပါးစပ်အပြည့် သွေးအနက်များ အန်ထုတ်လိုက်လေသည်။

ထိုသွေးအနက်များ အန်ထုတ်လိုက်ပြီးနောက် သူ၏ သွင်ပြင်က ပို၍ ဆိုးရွားလာသည်။အဆိပ်က အလွန်ပြင်းထန်ပုံပေါ်သည်။အဆင့် (၇) သူတော်စင် အဆင့်တစ်ယောက်ပင်လျှင် အဆိပ်၏ သက်ရောက်မှုကြောင့် အားနည်းသွားသည်။ ရှောင်မန်က သလင်းကျောက်အချို့ကို ထုတ်ယူလိုက်ပြီး ပုဖန်ကို ပေးလိုက်သည်။ထို့နောက် သူ ဆိုင်အပေါက်ဝဆီသို့ လှည့်ထွက်သွားလေသည်။

အင်ပါယာ၏ အုပ်ချုပ်သူ တစ်ယောက်အနေဖြင့် သူအဆိပ်မိနေသည်ဆိုလျှင်အင် ရှေ့ဆုံးမှနေ၍ ရန်သူများကို ရင်ဆိုင် တိုက်ခိုက် ရပေမည်။ဒါက သူ၏ ဂုဏ်သရေပင် ဖြစ်သည်။

အဓိကခန်းမကြီးထဲတွင် ကျွမ်းကျင်ပညာရှင်များက ရန်သူများကို မည်သို့ ရင်ဆိုင်မည် အကြောင်းကိုတိုင်ပင် ဆွေးနွေးနေကြသည်။ထိုအချိန်မှာပင် မျှော်လင့်မထားစွာပင် အော်ဟစ်ကြွေးကြော်သံများ ထွက်ပေါ်လာသည်။ နဂါးပလ္လင်ထက်တွင် ထိုင်နေသော ဂျိချန်းရွဲ့၏ အမူအရာက ပြောင်းလဲသွားသည်။

"သေစမ်း ဘုရင်ခံယုက သူ ရဲ့စကားကို မတည်ဘူး"

ဂျိချန်းရွဲ့၏ အမူအရာက ပို၍ ဆိုးရွားလာသည်။သို့သော်လည်း သူ၏ မျက်နှာအမူအရာသာ ဆိုးရွားနေခြင်း မဟုတ်ပဲ ခန်းမထဲတွင် ရှိနေသော အားလုံး၏ အမူအရာက တူညီနေကြသည်။ ဘုရင်ခံယု၏ တပ်က ရှုရဂိုဏ်းမှ ထောက်ပံ့မှုကို ပိုင်ဆိုင်ထားလေသည်။ထို့ကြောင့်ပင်လျှင် ခန်းမထဲတွင်ရှိနေကြသော ကျွမ်းကျင် ပညာရှင်များက ရှုရဂိုဏ်းမှ ပညာရှင်များကို အနိုင်ယူရန် ယုံကြည်မှု မရှိကြပေ။

သူတို့က သူတို့ဂိုဏ်းမှ တန်ခိုးရှင်အဆင့်များ ရောက်လာခြင်းအထိ စောင့်နေကြရနမ အစီအစဉ်ဆွဲရန် စောင့်နေကြခြင်းဖြစ်သည်။သူတို့ဂိုဏ်းမှ တန်ခိုးရှင်များ ရောက်လာခဒ့လျှင် ရန်သူများကို တိုက်ခိုက်ရန် အင်အား အလုံအလောက်ရှိပေပြီ။ သူတို့၌ အထောက်အပံ့များ မရှိသေးခင် ရန်သူများက အရင်လာရောက်တိုက်ခိုက်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။

ချက်ချင်းဆိုသလိုပင် သူတို့အားလုံး ပြာယာခတ်သွားကြသည်။ဂျိချန်းရွဲ့က ခန်းမထဲမှ ထွက်ခွာသွားသည်။သူက တပ်ထဲသို့ လိုက်ခဲ့စဉ်ကလိုပင် သူ၏ စစ်ဝတ်စစ်စားကို ဝတ်ဆင်လိုက်ပြီး မြို့တံခါးဝသို့ သွားရန် စီစဉ်လိုက်သည်။ သို့သော်လည်း သူ နန်းတော်မှ ထွက်ခွာလိုက်သည့် အချိန်တွင် မျက်နှာဖြူဖျော့စွာနဲ့ပင် စစ်တပ်ရှိရာဆီသို့ လျှောက်လာသော ရှောင်မန်ကို တွေ့လိုက်ရသည်။

ဂျိချန်းရွဲ့က ရှောင်မန်၏ အားနည်းလှသော အသွင်အပြင်ကို ကြည့်၍ သက်ပြင်း တစ်ချက် အသာအယာ ချလိုက်သည်။သူ မြို့တံခါးဝဆီသို့ ဆက်လျှောက်သွားလိုက်သည်။ သူမြို့တံတိုင်းပေါ်သို့ ရောက်ပြီးသည့်နောက် ဘုရင်ခံယု၏ တပ်ရှိရာဆီသို့ ကြည့်လိုက်လေသည်။မြို့အပြင်ဘက်တွင် ရှိနေကြသော စစ်သည်တော်များက သူတို့၏ လှံရှည်များကို ဆွဲကိုင်ဝှေ့ယမ်းရင်းကျယ်လောင်စွာ အော်ဟစ်နေကြသည်။

ထိုမြင်ကွင်းကို မြင်တွေ့ရသော မည်သူမဆို ကြောက်ရွံ့ထိတ်လန့်ကြပေလိမ့်မည်။ရွှေရောင်သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသော ဂျိချန်းရွဲ့က မြို့တံတိုင်းပေါ်တွင် ရပ်နေသည်။ သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အောက်ခြေရှိ စစ်သည်တော်များကို စူးစိုက်ကြည့်နေလေ၏။စစ်သည်တော်များက ဂျိချန်းရွဲ့ကို မြင်လိုက်သောအခါတွင် သူတို့၏ အခြေအနေက ပို၍ တည်ငြိမ်လာကြသည်။

တပ်အတွင်း၌ ဘုရင်ခံယုက စိတ်ဝိညာဉ်မြင်းကို သူရဲကောင်းဆန်စွာ စီးနင်ထားလေသည်။သူက မြို့ရိုးပေါ်မှာ ရပ်နေသော ဂျိချန်းရွဲ့ကို မော့ကြည့်လိုက်သည်။

"ချစ်လှစွာသော ညီငယ်လေးမင်းငါ့ကို အပြစ်မတင်သင့်ဘူး ငါတကယ်ပဲ မင်းကို အသက်ရှူဖို့ အချိန်ခဏလောက် ပေးချင်ခဲ့တာ ဒါပေမယ့်လည်း ထူးခြားတာလေး တစ်ခု ဖြစ်သွားခဲ့တယ်" ဂျိချန်းယုက ပြုံးထေ့ထေ့ဖြင့် ပြောလိုက်သည်။

ဘုရင်ခံယု၏ စကားကိုကြားလိုက်ရသော ဂျိချန်းရွဲ့၏ မျက်နှာက အေးစက်သွားလေသည်။အကယ်၍ သူသာ ဘုရင်ခံယု၏ နောက်မှာရှိနေသော ကျွမ်းကျင်ပညာရှင်များကို ကြောက်နေရခြင်းသာ မဟုတ်လျှင် သူ၏ တပ်ကို အလျှင်အမြန်ပင် စေလွှတ်တိုက်ခိုက်စေလိမ့်မည်။ အဘယ်ကြောင့် ဘုရင်ခံယု၏ စကားက ကျွမ်းကျင်ပညာရှင်များကြားတွင် သူ အရှက်ကွဲရခြင်းကြောင့် ဖြစ်သည်။

နောက်ထပ် စိတ်ဝိညာဉ်မြင်းတစ်ကောင်ကို စီးထားသော ကျောက်မူရှန်က ဂျိချန်းယု၏ ဘေးနားသို့ ရောက်လာသည်။သူက ဂျိချန်းရွဲ့ကို ဟန်ဆောင်အပြုံးဖြင့် စိုက်ကြည့်ရင်း တကျွတ်ကျွတ် စုပ်သပ်လိုက်သည်။သူ၏ မျက်လုံးထဲမှလည်း အေးစက်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

"ငါတို့မင်းရဲ့မြို့ကို ဘာကြောင့် ဝိုင်းထားရလဲဆိုတာ သိလား ဘာကြောင့်လဲဆိုတော့ မင်းမြို့ထဲမှာ ရှိနေတဲ့ လူတစ်ယောက်ကြောင့်ပဲ တကယ်လို့ မင်းသာ အဲ့ဒီလူကို ငါတို့ကို လွှဲပေးလိုက်မယ်ဆိုရင် အခုငါရဲ့တပ်တွေကို ပြန်ပြီး ဆုတ်ခွာဖို့ အမိန့်ပေးလိုက်မယ်။ငါတို့မနက်ဖြန်ကျမှ ဆွေးနွေး ညှိနှိုင်းဖို့ကို ဆက်ပြီး လုပ်နိုင်တယ်" ဂျိချန်းရွဲ့၏ နဖူးကြောများ တွန့်ရှူံ့သွားပြီး တွေးလိုက်မိသည်။

“....ဘာ...!! ငါတို့ကို လူတစ်ယောက်ကြောင့် တိုက်ခိုက်တာ မင်းက ငါရဲ့ လေအလင်း အင်ပါယာကို အထင်သေးနေတာလား ......”

ဂျိချန်းရွဲ့က ကျောက်မူရှန်၏ စကားကြောင့် ဒေါသထွက်သွားသော်လည်း သူ ကျောက်မူရှန်ကို ဒေါသထွက်၍ မရမှန်းသိပေသည်။ထိုကြောင့်ပင် သူ၏ ဒေါသများကို ဖောက်ခွဲရန်အတွက် မြို့ရိုးကို ဒေါသတကြီး ထိုးနှက်လိုက်သည်။

"ဘယ်သူလဲ? "

ဒေါသတရားများကို ဖိနှပ်ထားရသည့် ဂျိချန်းရွဲ့၏ အသံက မြို့ရိုးထက်ဆီမှနေ၍ လွှင့်ပြယ်ထွက်လာသည်။သူတုန့်ပြန့်တာကို ကြားလိုက်ရသော ကျောက်မူရှန်နှင့် ဘုရင်ခံယုက သရော်လှောင်ပြောင်ဟန် ပြုံးလိုက်ကြသည်။

"သူကို မင်းတော်တော်လေး ရင်းနှီးပါတယ်။သူက ဖန်ဖန်ဆိုင်ငယ်လေးက ပုဖန်လေ ငါတို့ ပုဖန်ကို လိုချင်တယ်"

ကျောက်မူရှန်က အေးဆေးစွာ တစ်လုံးချင်းပြောလိုက်သည်။သူဆီမှ ထိုစကားများထွက်လာသော အခါတွင် အားလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

"ဘာ....!! ပိုင်ရှင်ပု" ဂျိချန်းရွဲ့၏ အမူအရာကလည်း ပြောင်းလဲသွားသည်။

“သူတို့က လေအလင်းအင်ပါယာဆီကနေပြီးတော့ ဘာကြောင့် ပိုင်ရှင်ပုကို လက်လွှဲ ယူချင်တာလဲ … ဘာလို့ သူတို့ရည်ရွယ်ချက်က ပိုင်ရှင်ပု ဖြစ်နေတာလဲ …. ပိုင်ရှင်ပုက နှိမ့်ချတဲ့လူ တစ်ယောက်ပဲလေ.......”

ပိုင်ရှင်ပုက တော်တော်လေး နာမည်ကြီးလာပြီး အင်ပါရီယာ မြို့တော်ထဲတွင် ထင်ရှားကျော်ကြားလာသည်။မြို့ရိုးပေါ်တွင် ရှိနေကြသော သူအားလုံးက ပိုင်ရှင်ပုဆိုသည်မှာ မည်သို့သော တည်ရှိမှုမျိုး ဖြစ်ကြောင်းကို သိရှိကြပေသည်။ဖန်ဖန်ဆိုင်ငယ်လေးတွင်လည်း အဆင့်မြင့်လသားရဲကောင်ကြီး တစ်ကောင်ကို ပိုင်ဆိုင်ထားလေရာ သူတို့က မည်ကဲ့သို့ ပိုင်ရှင်ပုကို လက်လွှဲပေးရမည်နည်း။

အကယ်၍ သူတို့က လွှဲပေးချင်လျှင်ပင် ပိုင်ရှင်ပုက နာခံတက်သော ကလေးတစ်ယောက်ကဲ့သို့ သူတို့၏ စကားကို နားထောင်လိမ့်မည် မဟုတ်ပေ။

"မဖြစ်နိုင်ဘူး ငါ ပိုင်ရှင်ပုကို မင်းတို့လက်ထဲ မလွှဲပေးနိုင်ဘူး"

ဂျိချန်းရွဲ့က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။ပိုင်ရှင်ပု၏ အနုပညာဆန်သော ချက်ပြုတ်ရေးစွမ်းရည် ၊ သူ၏ သန်မာမှု ၊ နောက်ခံအင်အား မည်သည့်အရာကို ကြည့်ပစေ ဂျိချန်းရွဲ့အနေဖြင့် ပိုင်ရှင်ပုကို သူတို့လက်ထဲ လွှဲပေးနိုင်ရန် မဖြစ်နိုင်ပေ။

ပုဖန်က အင်ပါရီယာ မြို့ထဲတွင် ထူးခြားသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။သူက အုပ်ချုပ်ရေးနှင့် တရားစီရင်မှု၏ အပြင်ဘက်တွင် တည်ရှိ နေပေသည်။ ကျောက်မူရှန်က ဂျိချန်းရွဲ့ တုံ့ပြန်မှုကို မျှော်လင့်ထားပုံရသည်။ထို့ကြောင့်ပင် သူက ဂျိချန်းရွဲ့ ပြောသမျှကို ပယ်ဖျက်သည့်အနေဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကောင်းပြီလေ မင်းသူကို လွှဲမပေးချင်ဘူးဆိုရင်လည်း အဆင်ပြေတယ်။ဒါပေမယ့် သူယူသွားတဲ့ ပစ္စည်းကိုတော့ ငါတို့ကို လွှဲပေးရမယ်"

"ပစ္စည်း ဘာပစ္စည်းလဲ"

မြို့ရိုးပေါ်တွင် ရှိနေကြသော လူများအားလုံးက ကျောက်မူရှန် မည်သည့်အရာကို ပြောနေမှန်း မသိကြသောကြောင့် စိတ်ရှူပ်ထွေးသွားကြသည်။

ရုတ်တရက် တပ်ဖွဲ့ထဲမှ သွေးမျိုးနွယ် အစောင့်အရှောက် တစ်ယောက်ထွက်ပေါ်လာပြီး လေထဲတွင် မျောလွင့်နေကြသည်။သူတို့၏ရှေ့တွင် သွေးပင်လယ်ကြီးကို ကြည့်နေရသကဲ့သို့ သူတို့၏ မျက်ဝန်းအကြည့်များက ရေခဲတမျှ အေးစက်လှသည်။

"အဲ့ဒီလူကို အပ်ပါ ။အဲဒီလိုဆိုရင် ငါမင်းတို့ကို အချိန်ပိုပေးမယ် ။ဒီလိုမှ မဟုတ်ဘူးဆိုရင် မင်းတို့အားလုံး ဒီနေရာမှာပဲ သေကြလိမ့်မယ်"

သွေးမျိုးနွယ် အစောင့်အရှောက် တစ်ယောက်က အက်ရှရှအသံဖြင့် ခြိမ်းခြောက်ပြောဆိုလိုက်သည်။ထိုစကားကို ကြားလိုက်ရသော မြို့ရိုးပေါ်ရှိ ကျွမ်းကျင် ပညာရှင်များ အားလုံးက အလွန်ပင် ဒေါသထွက်သွားကြသည်။ အထူးသဖြင့် အာကာသအာနန် ဂိုဏ်းနှင့် အခြားဂိုဏ်းကြီးများမှ ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်။သူတို့၏ မျက်ဝန်းထဲ၌ ဒေါသမီးတောင်များ တောက်လောင်လာပြီး ထိုသူတို့ကို စူးစိုက်၍ ကြည့်လိုက်ကြသည်။

"သူတို့က ရှုရဂိုဏ်းက နတ်ဆိုးတွေပဲ"

ထိုသူနှစ်ယောက် မည်သူဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် အားလုံး၏ နှလုံးသားများက အေးစက်သွားကြသည်။သူတို့အားလုံးက ရှုရဂိုဏ်းက မကောင်းဆိုးဝါးများနှင့် အရင်အချိန်တုန်းက ရင်ဆိုင်ခဲ့ဖူးသောကြောင့် သူတို့၏ ဂိုဏ်းအသီးသီး၌ မှတ်တမ်းမှတ်ရာများကို ပိုင်ဆိုင်ထားကြပေသည်။ သူတို့က ရှုရဂိုဏ်းက အသုံးပြုသည့် နည်းစနစ်ကို ရှင်းရှင်းလင်းလင်းပင် သိကြပေသည်။အစွမ်းထက် အော်ရာရှိသူများက သွေးနီရောင် ဝတ်ရုံကိုသာ ဝတ်ဆင်လေ့ရှိသည်။ထိုသူများက ရှုရဂိုဏ်း၏ သွေးမျိုးနွယ် အစောင့်အရှောက်မှ လွဲ၍ မည်သူမှ ဖြစ်လိမ့်မည်မဟုတ်ပေ။

သွေးမျိုးနွယ် အစောင့်အရှောက်မှ အဖွဲ့ဝင်တိုင်းက စစ်နတ်ဘုရား ထိပ်ဆုံးအဆင့်များ ဖြစ်ကြပြီး တန်ခိုးရှင် အဆင့်တစ်ဝက်သို့ ရောက်ရန်အတွက် ခြေတစ်လှမ်းမျှသာ လိုတော့သည်။နောက်ထပ် တစ်ဆင့် တက်လိုက်လျှင် သူတို့ တန်ခိုးရှင်အဆင့်များ ဖြစ်လာကြပေလိမ့်မည်။ ရှုရဂိုဏ်း အထွဋ်အထိပ်ရောက်ခဲ့သော ရွှေရောင်ကာလများ၌ သူတို့တွင် သွေးမျိုးနွယ် အစောင့်အရှောက် ဒါဇင်ခန့်ရှိသည်။ထိုအချိန်တွင် တောင်ပိုင်း နယ်မြေတစ်ခုလုံးကို ရှုရဂိုဏ်း၏ စည်းမျဉ်းများ အဖြစ်သာ အုပ်ချုပ်ခဲ့လေသည်။

ထို့ကြောင့်ပင် ဂိုဏ်းအသီးသီးမှ ကျွမ်းကျင် ပညာရှင်များက သွေးမျိုးနွယ် အစောင့်အရှောက် များကို ရင်းနှီးနေခြင်းဖြစ်သည်။ သူတို့၏ အဆင့်အရ မြို့ရိုးပေါ်တွင် ရှိနေကြသော သူအားလုံးကို သတ်ဖြတ်ရန် လုံလောက်နေပေပြီ။

လူတိုင်းက သွေးမျိုးနွယ် အစောင့်အရှောက်များကို ကြောက်ရွံ့ထိတ်လန့်နေကြသည်။အချိန်ကြာလာလေလေ သူတို့၏ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုက ကြီးထွားလာလေလေပင်ဖြစ်သည်။

"အရှင်မင်းကြီး ငါတို့ပိုင်ရှင်ပု လက်ထဲက ပစ္စည်းကို သူတို့ကို လွှဲပေးသင့်တယ် သူတို့ပိုင်ဆိုင်ထားတဲ့ အော်ရာတွေက အလွန် ကြောက်စရာကောင်းတယ်"

မြို့ရိုးပေါ်တွင် ရှိနေသောဝန်ကြီးတစ်ဦးက သွေးမျိုးနွယ် အစောင့်အရှောက်များ ထုတ်လွှင့်သည့် ဖိအားဒဏ်ကို မခံနိုင်တော့ပေ။သူ၏ ခြေထောက်များက တုန်ခါနေပြီး သူဖိအားဒဏ်ကို မခံနိုင်တော့သောကြောင့် ဂျိချန်းရွဲ့ကို အကြံဉာဏ်ပေးလိုက်သည်။

တစ်ဦးက ဦးဆောင်လိုက်သည်နှင့် အခြားသူများကလည်း နောက်မှ လိုက်ပါလာကြသည်။သူတို့အားလုံးက ဂျိချန်းရွဲ့အား ပုဖန်ကို ပစ္စည်းလွှဲပြောင်းပေးရန်အတွက် တိုက်တွန်းဖို့ တောင်းဆိုလိုက်ကြသည်။ သူတို့၏ တိုက်ခိုက်လာမှုက ပစ္စည်းလွှဲပြောင်းပေးမှုအပေါ်တွင် မူတည်နေသောကြောင့် သူတို့က မည်သည့်အရာကိုမှ စဉ်းစားလိုက်တော့မည် မဟုတ်ပေ။

သူတို့ချက်ချင်းပင် ထိုပစ္စည်းကို လွှဲပြောင်းပေးလိုက်မည်ပင် ဖြစ်သည်။အကယ်၍ ဖန်ဖန်ဆိုင်ငယ်လေးက အဆင့်မြင့်သားရဲကြီးကို ပိုင်ဆိုင်ထားသည်ဆိုလျှင်ပင် သူတို့က ပုဖန်ကို ပစ္စည်းလွှဲပေးရန် တောင်းဆိုကြပေလိမ့်မည်။

"ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ ဘာမှ စဉ်းစားနေစရာမလိုဘူးလေ ဟုတ်တယ်မှတ်လား"

"တိတ်စမ်း..သူတို့ တောင်းဆိုတာကို သဘောတူလိုက်မယ်ဆိုရင် ငါတို့မျက်နှာကို ဘယ်နားမှာ သွားထားရမလဲ … ပိုင်ရှင်ပုကိုသာ လွှဲပြောင်းပေးလိုက်မယ်ဆိုရင် သူတို့က လေအလင်းအင်ပါယာရဲ့ ဂုဏ်သိက္ခာကို ချနင်းသွားလိမ့်မယ်"

ဂျိချန်းရွဲ့က သူ၏ လက်ကို ဝှေ့ယမ်း၍ အနားမှာ ရပ်နေကြသော ဝန်ကြီးများကို လှည့်၍ ဟိန်းဟောက်လိုက်ပေသည်။သူ ထိုဝန်ကြီးများကို တော်တော်လေး စိတ်ပျက်နေမိသည်။ သူက ပုဖန်ကို မျက်နှာသာပေးရမည်ဟု မပြောသော်လည်း ပိုင်ရှင်ပု၏ တည်ရှိမှုက ထိုထူးဆန်းသော ဂိုဏ်းများမှ တစ်စုံတစ်ယောက် နှောင့်ယှက်နိုင်သည့် တည်ရှိမှုမျိုး မဟုတ်ပေ။ ဂျိချန်းရွဲ့က အရူးတစ်ယောက် မဟုတ်ပေ။ထို့ကြောင့် သူက မည်သည့်နည်းနှင့်မှ ပုဖန်ကို လွှဲပေးလိမ့်မည် မဟုတ်ပေ။

မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ အကြီးအကဲဆန်းက ထိုအချိန်၌ ဝင်ရောက်၍ စကားပြောလိုက်သည်။သူ၏ မျက်ဝန်းများက အမျိုးမျိုးသော အလင်းရောင်တန်းများ ရိပ်ခနဲ လှုပ်ရှားနေပေသည်။

"အရှင်မင်းကြီး ငါတို့က အင်ပါယာ တစ်ခုလုံးကို လူတစ်ယောက်အတွက်နဲ့ မဖျက်စီးသင့်ဘူး ။တကယ်လို့ ငါတို့ တိုက်ခိုက်မှုကို အချိန်ဆွဲထားနိုင်မယ်ဆိုရင် ငါတို့ရဲ့ ဘုရားကျောင်း အရှင်သခင် ရောက်လာတဲါ အချိန်ကြရင် အင်ပါရီယာ မြို့တော်က လုံခြုံသွားပြီ အခုသာ ငါတို့ တိုက်ခိုက်ကြမယ်ဆိုရင် ငါတို့ သေချာပေါက် ရှုံးနိမ့်မှာပဲ"

အကြီးအကဲဆန်းက ပုဖန်ကို အကြီးအကျယ် ဒေါသထွက်နေဆဲ ဖြစ်သည်။ယခု ပုဖန်ကို ဖယ်ရှားပစ်ရန် အခွင့်အလမ်း ရှိလာပြီ ဖြစ်သောကြောင့် အကြီးအကဲဆန်းက ရှုရဂိုဏ်းကို ဝမ်းသာအားရဖြင့် ဝင်ရောက်ကူညီလိုက်သည်။

"မဖြစ်နိုင်ဘူး ငါတို့ သူကို လွှဲပြောင်ူမပေးနိုင်ဘူး ။ငါတို့ ဘယ်သူကိုမဆို လွှဲပြောင်းပေးလို့ရတယ်။ဒါပေမယ့် ပုဖန်တော့ မပါဘူး "

ဂျိချန်းရွဲ့က သူ၏ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။အကြီးအကဲဆန်း၏ အမူအရာက ချက်ချင်းပင် အေးခဲသွားလေသည်။

"အရှင်မင်းကြီး ငါတို့ သူကို လွှဲပေးသင့်လား မသင့်ဘူးလားဆိုတာက မင်းအပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး။ တကယ်လို့ ငါတို့ တိုက်ခိုက်မှုကို ဘုရားကျောင်း အရှင်သခင် ရောက်မလာခင်အချိန်ထိ အချိန်မဆွဲနိုင်ဘူးဆိုရင် လေအလင်းအင်ပါယာက မင်းလက်ထဲမှ ပျက်စီးသွားလိမ့်မယ် " အကြီးအကဲဆန်းက ဒေါသထွက်လာသည်။

ဂျိချန်းရွဲ့က မည်သို့ လုပ်ဆောင်ရမည် မသိတော့ပဲ ကျင်းထဲကျပ်ထဲ ကျရောက်သွားသည်။

"အရှင်မင်းကြီး ငါတို့ ပိုင်ရှင်ပုကို မလွှဲပေးသင့်ဘူး " ရှောင်မန်က ငြိမ်၍ မနေနိုင်တော့ပဲ ဝင်ပြောလိုက်သည်။သူ၏ မျက်နှာအမူအရာက ဖြူဖျော့နေဆဲ ဖြစ်သော်လည်း သူ တည့်တည့်မတ်မတ်ပဲ ရပ်၍ အကြီးအကဲဆန်းကို ဆန့်ကျင် ပြောဆိုလိုက်သည်။

သူ၏ စကားမဆုံးသေးခင်မှာပင် အကြီးအကဲဆန်းက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ အကြီးအကဲဆန်း၏ စွမ်းရည်များကြောင့် ရှောင်မန်က အဝေးသို့ လွင့်ထွက်သွားပြီး သွေးတစ်လုတ်အန်လိုက်ရလေသည်။

"မင်းက ဒီနေရာမှာ စကားပြောခွင့်မရှိဘူး မင်းတို့အားလုံးပဲ အခု ဖန်ဖန်ဆိုင်ငယ်လေးဆီကိုသွား ပုဖန်ကို ပစ္စည်းကို လွှဲပေးဖို့ပြောလိုက် သူကိုယ်တိုင် သူတို့လက်ထဲကို လွှဲပေးမယ်ဆိုရင်တောါ အကောင်းဆုံးပေါ့ "

အကြီးအကဲဆန်း၏ ဂျိချန်းရွဲ့၏ နောက်တွင် ရပ်နေသော ဝန်ကြီးများကို ညွှန်၍ အေးစက်စွာ ပြောလိုက်သည်။သူတို့က အကြီးအကဲဆန်း၏ ဟိန်းဟောက် ပြောဆိုမှုကို ခံလိုက်ရသော အခါတွင် သူတို့၏ ခြေထောက်များက တဆတ်ဆတ် တုန်ယင်သွားကြသည်။