အပိုင်း ၃၁၆
Viewers 62k

အခန်း ၃၁၆ “ငါ့အစွမ်းအစနဲ့ ငါရထားတာကို ဘာကြောင့် ပေးရမှာလဲ .”

ရှောင်ယုက ရှောင်မန်ဆီသို့ အလျှင်အမြန်သွား၍ သူ၏ ခန္ဓာကိုယ်ကို တွဲကူလိုက်သည်။သူ့၏ အမူအရာကလည်း ချက်ချင်းဆိုသလို မဲမှောင်လာနေသည်။

ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာပြီး သူ့ နောက်ကျောရှိ ဓားအိမ်ထဲမှ ဓားက ကျွတ်ထွက်လာကာ တောက်ပလှသော ဓားက သူ့အထက်လေထဲတွင် မျောလွင့်နေလေ၏။

ထို့နောက် ဓါးကို ကောင်းကင်ကို ဆုတ်ဖြဲပစ်တော့မယောင် ထင်ရသော ကြယ်ပျံ အလင်းတန်း တစ်ခုကဲ့သို့ အကြီးအကဲဆန်းဆီသို့ ညွှန်ထားလေသည်။

"မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား "

အကြီးအကဲဆန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက လှုပ်ရှားသွားပြီး တုန်လှုပ်ချောက်ခြားစရာပင် ကောင်းလှသည်။ အကြီးအကဲဆန်းက လက်ကိုမြှောက်လိုက်ရာ သူ့၏ ခန္ဓာကိုယ်မှ အစစ်အမှန် စွမ်းအင်များ ပြန့်လွင့်ထွက်ပေါ်လာသည်။သူက ရှောင်ယုကို သူ့၏ စွမ်းအင်များဖြင့် မလှုပ်နိုင်အောင် ဖိနှိပ်လိုက်သည်။

"အကြီးအကဲဆန်း စိတ်ကိုထိန်းပါအုန်း "

တစ်ချိန်လုံး တိတ်တဆိတ်နေနေသော ကျန့်ခုံးက ရှေ့ကို တစ်လှမ်းတိုး၍ ရှောင်ယု၏ ရှေ့တွင် ရပ်လိုက်သည်။သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အကြီးအကဲဆန်း၏ ဖိနှိပ်မှု အင်အားကို ချိုးဖျက်လိုက်သည်။

ရှောင်ယု၏ အမူအရာက သူ့၏ ဓားကဲ့သို့ပင် အေးစက်နေလေသည်။သူက အကြီးအကဲဆန်းပေါ်တွင် အနည်းငယ်မျှပင် နှစ်သက်သည့် သဘောထားမရှိတော့ပေ။

ကျန့်ခုံးက တိမ်ဖြူစံအိမ်၏ အုပ်ချုပ်သူများထဲမှ တစ်ဦးဖြစ်သောကြောင့် အကြီးအကဲဆန်းက သူ့အပေါ်တွင် အမှားပြုလုပ်ခြင်း မရှိပေ။ထို့ကြောင့်ပင် သူ့၏ စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

သူက တစ်ခြားမည်သည့်အရာမှ လုပ်နိုင်စွမ်း မရှိတော့သောကြောင့် အေးစက်စွာဖြင့် နှာခေါင်း ရှူံ့လိုက်သည်။

"မင်းတို့အားလုံး ဘာလုပ်နေတာလဲ မြန်မြန်သွားပြီး ပုဖန်ကို ပစ္စည်းလွှဲပေးဖို့ ပြောလိုက်"

အကြီးအကဲဆန်းက သူ့၏ ဘေးနားတွင်ရှိနေကြသော ဝန်ကြီးများကို စူးစိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူတို့ထိတ်လန့်သွားကြသည်။

ဝန်ကြီးများအားလုံး၏ ခန္ဓာကိုယ်က စက္ကန့်အနည်းငယ်မျှ တောင့်တင်းနေပြီးမှ သူတို့ ပြန်ပြီး သတိဝင်လာကြသည်။သူတို့အားလုံးက ဖန်ဖန်ဆိုင်ငယ်လေးဆီကို အလျှင်အမြန် သွားစေရန်အတွက် မြို့ရိုးထက်ဆီမှ ပြေးဆင်းလိုက်ကြသည်။

"အဲ့ဒီနေရာမှာ ရပ်လိုက်ကြစမ်း မင်းတို့ အောက်ဆင်းဖို့အတွက် ငါဆီက အမိန့်ရပြီလား " ဂျိချန်းရွဲ့က စိတ်ဆိုးစွာ အော်ဟစ်လိုက်သည်။

"အရှင်မင်းကြီး"

အကြီးအကဲဆန်းက ဂျိချန်းရွဲ့ကို စူးစိုက်ကြည်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အောက်သို့ ပြေးဆင်းကြတော့မည့် ဝန်ကြီးများအားလုံးက အချိန်အနည်းငယ်ခန့် တုံ့ဆိုင်းသွားကြသည်။ သူတို့က ဂျိချန်းရွဲ့ အကြီးအကဲဆန်းကို ပြန်လည် ချေပခြင်း မပြုသည်ကို တွေ့မှသာလျှင် မြို့တံတိုင်းအောက်ဆီသို့ ပြန်လည်၍ အလျှင်အမြန် ပြေးဆင်းသွားကြသည်။ သူတို့က မြို့ရိုးအောက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် များပြားလှသည့် စစ်သည်တော် တပ်ဖွဲ့ကို ဦးဆောင်ပြီး ဖန်ဖန်ဆိုင်ငယ်လေးဆီသို့ ချီတက်သွားကြသည်။

ဂျိချန်းရွဲ့က အလွန်အမင်း ဒေါသထွက်နေပြီး သူ့၏ အမူအရာက ဖြူဖျော့နေသည်။သို့သော်လည်း

ထိုအကြောင်းအရာနှင့်ပတ်သတ်၍ သူတက်နိုင်တာ ဘာမှမရှိတော့ပေ။ သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်က မြို့တံတိုင်းပေါ်မှ ဂျိချန်းရွဲ့နှင့် အခြားတစ်ယောက်၏ ရန်ပွဲကို တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာပေါ်တွင် အထင်အမြင်သေးမှုက အထင်းသား ပေါ်လာသည်။ သူတို့က မြို့ရိုးပေါ်မှာရှိနေသော လူတိုင်းကို ကြည့်၍ အေးစက်စွာ ရယ်မောလိုက်သည်။ဂျိချန်းရွဲ့က ထို သွေးမျိုးနွယ်အစောင့်အရှောက်များ သူတို့ကို ရယ်မောသည်ကို သိလိုက်ရသောအခါတွင် ထိုသူများကို အေးစက်စွာပင် စူးစူးရဲရဲ ကြည့်လိုက်သည်။

……

အင်ပါရီယာမြို့တော်၏ လမ်းကြားလေးတစ်ခု အတွင်းရှိ ဖန်ဖန်ဆိုင်ငယ်လေး...........

ပုဖန်က ထိုင်ခုံပေါ်တွင် ပျင်းရိစွာဖြင့် ထိုင်နေတုန်း ဖြစ်သည်။သူက ပူနွေးလှသော နေရောင်ခြည်ကို ပျော်ပျော်ရွှင်ရွှင် ခံစားရင်း နွေးထွေးသည့် ခံစားချက်ထဲ နစ်မြှုပ်နေသည်။

ဘလက်ကီက ဆိုင်ရှေ့တွင် လဲလျောင်းရင်း ငိုက်မြည်းနေသည်။ကလေးမလေး ကွမ်ရှောင်ယီက ငါးလမ်းကြောင်း သိမြင်မှု သစ်ပင်နားတွင် ထိုင်နေ၏။သူက လေ့ကျင့်မှုကို စိတ်အားထက်သန်စွာဖြင့် လေ့ကျင့်နေပေသည်။

မီးဖိုချောင်ဘက်ဆီမှ ရှောင်ရှောင်လုံ၏ ချက်ပြုတ်လေ့ကျင့်သံများကလည်း ထွက်ပေါ်နေ၏။အရာရာတိုင်းက တိတ်ဆိတ်ငြိမ်းချမ်းနေပေ၏။ ရုတ်တရက် ဆိုင်ငယ်လေး၏ အပြင်ဘက် လမ်းကြားလေးဆီမှ ရှူပ်ထွေးလှသော ခြေသံများ ထွက်ပေါ်လာသည်။

ပုဖန်ငိုက်မြည်းနေရာမှ ဆတ်ခနဲ လန့်နိုးသွားသည်။သူမျက်လုံးဖွင့်ကြည့်လိုက်ရာ သူရှိရာဆီသို့ အလျင်စလို လာနေကြသော ဝန်ကြီးများ အုပ်စုကို တွေ့လိုက်ရသည်။ ထိုအုပ်စုကို သေချာစွာ ကြည့်လိုက်ရာ ဘေးတွင် စစ်သည်တော်များ ပါလာသည်ကိုလည်း တွေ့လိုက်ရသည်။

ထိုလူအုပ်ကြီးက ဖန်ဖန်ဆိုင်ငယ်လေးရှေ့သို့ ရောက်လာသော အခါတွင် မျက်ဝန်းတောက်တောက်များဖြင့် ပုဖန်ကို ကြည့်လိုက်ကြသည်။သူတို့၏ အကြည့်များက တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို တွေ့ရသကဲ့သို့ ပုဖန်ကို ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့၏ စူးရှသော အကြည့်များကြောင့် ပုဖန် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။တစ်ခုခု ထူးဆန်းတာ ဖြစ်နေပြီကို ခံစားမိသွားပြီး ပုဖန် ဆံပင်မွှေးများပင် ထောင်ထသွားလေသည်။

"ဒီဦးလေးကြီး အုပ်စုက ဒီကို ဘာလာလုပ်တာလဲ ဘယ်လိုဖြစ်ပြီး သူတို့က ငါ့က်ို စူးစူးရဲရဲ ကြည့်နေရတာလဲ…"

"ပိုင်ရှင်ပု "

ထိုဝန်ကြီးများ အုပ်စုက ဆိုင်ငယ်လေး၏ ခွန်အားအကြောင်းကို သေချာစွာ သိထားပေသည်။အင်ပါရီယာ မြို့တော်ထဲတွင် ဒီဆိုင်ငယ်လေး မည်မျှ ကြောက်ဖို့ကောင်းသည်ကို မသိသူ မရှိတော့ပေ။ အကယ်၍ သူတို့သာ ကူရာမဲ့မှုကို မခံစားရလျှင် ပုဖန်ကို လာရောက် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။

"အင်း.....မင်းတို့ အစားစားဖို့ လာကြတာဆိုရင် ကျေးဇူးပြုပြီး အထဲကို ကြွကြပါ " ပုဖန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အာ.......ပိုင်ရှင်ပု ဒီနေ့ ငါတို့ ဒီကို အစားစားဖို့ လာတာ မဟုတ်ပါဘူး ငါတို့ ပိုင်ရှင်ပုဆီက တောင်းဆိုစရာလေး တစ်ခုရှိလို့ လာခဲ့တာပါ " ဝန်ကြီးတစ်ယောက်က ကြိုးစားအားတင်း၍ ပြုံးပြီး ပြောလိုက်သည်။

ပုဖန် ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားသည်။

ဒီလူတွေက ငါဆီက တစ်ခုခု တောင်းဆိုမလို့ လာကြတာ သူတို့ငါဆီက ပိုက်ဆံလာချေးတာများ ဖြစ်နိုင်မလား… မဖြစ်နိုင်ပါဘူး ငါကအရမ်းဆင်းရဲတဲ့ ဟာကို......”

ပုဖန်က ခုံမှ ထိုင်၍ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်လိုက်သည်။ ထို့နောက် မည်သည့်စကားတစ်ခွန်းမှ မဆိုတော့ပဲ ဆိုင်ဘက်သို့ လှည့်ဝင်လိုက်လေသည်။ ဒီလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့် အချိန်တွင် တိတ်တိတ်နေခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"ပိုင်ရှင်ပု ထွက်မသွားပါနဲ့ ငါတို့က မင်းဆီက တစ်စုံတစ်ခုလေး ချေးငှားချင်တာပါ "

ဝန်ကြီးက ပုဖန်ထွက်သွားသည်ကို မြင်လိုက်သောအခါတွင် သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာပြီး အလျှင်အမြန် ပြောလိုက်သည်။

"ငါမျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့က ငါဆီက ပိုက်ဆံချေးချင်တာပဲ "

ပုဖန်က ထိုအချင်းအရာကို သတိပြုမိလိုက်သည်နှင့် သူခြေထောက်များက ပို၍ မြန်ဆန်လာလေသည်။

ပုဖန်အလျှင်အမြန် ထွက်ပြေးသွားသည်ကို မြင်လိုက်သောအခါတွင် ဝန်ကြီးများအားလုံး သွေးအန်လုနီးပါး ဖြစ်သွားသည်။

"ငါတို့က မင်းဆီက ပစ္စည်းလေးတစ်ခု ငှားချင်တာလေ ဘယ်လိုဖြစ်လို့ ကမ္ဘာပြိုသလိုမျိုး ထွက်ပြေးသွားတာလဲ မင်းက ဒီလိုထွက်ပြေးသွားပြီ ဆိုမှတော့ ငါတို့ ဘယ်လိုလုပ်ကောင်းကောင်းမွန်မွန် စကားပြောလို့ရတော့မှာလဲ"

"ပိုင်ရှင်ပု မင်းဆီမှာ ရှုရဂိုဏ်းနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ပစ္စည်းရှိလား…” ဝန်ကြီးတစ်ယောက်က သည်းမခံနိုင်တော့ပဲ အလျင်စလို ထုတ်မေးလိုက်သည်။

မီးဖိုခန်းထဲသို့ ရောက်ခါနီး ဖြစ်နေသော ပုဖန်က ရုတ်တရက် ရပ်တန့်လိုက်လေ၏။

"မင်းတို့အားလုံး ဒီကို လာတာက ရှုရဂိုဏ်းနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ပစ္စည်းကို ငှားချင်လို့လား"

ပုဖန်က မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ပြီး အဆောင်ပြား ငါးခုကို ဆင့်ခေါ်လိုက်သည်။ချက်ချင်းပင် အဆောင်ပြား ငါးခု မှော်အစီအရင်က သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။ ပုဖန်က နောက်သို့ လှည့်၍ မှော်အစီအရင်ကို အသားလွှဲယမ်းလိုက်ကာ မေးလိုက်သည်။

"မင်းတို့ ဒါကို ပြောတာလား"

ဝန်ကြီးများအားလုံးက အမှန်စင်စစ်တွင် အခြားဝန်ကြီးတစ်ယောက်၏ မေးခွန်းကို ကြားလိုက်ရစဉ်က သူတို့အများကြီး မျှော်လင့်မထားခဲ့ပေ။ သူတို့က ပုဖန် သူတို့ ရှာဖွေနေသည့် ပစ္စည်းကို ထုတ်ပြလိမ့်မည်ဟု မမျှော်လင့်ထားပေ။ဝန်ကြီးများအားလုံးက သတိပြန်ဝင်လာပြီး သူတို့ စိတ်ထဲ၌ ပုဖန်ကို မကျိန်ဆဲပဲ မနေနိုင်တော့ပေ။

"ဒီကလေးစုတ်က ငါတို့ သူဆီက ပိုက်ဆံလာချေးတယ်လို့ တကယ်ထင်နေတာပဲ …”

“တကယ်ပဲ...တကယ်ပဲ...ပိုင်ရှင်ပု အဲ့ဒီပစ္စည်းကို ငါတို့ကို ငှားလိုက်လို့ရမလား "

ဝန်ကြီးများ၏ မျက်ဝန်းများက တောက်ပလာပြီး သူတို့ ပုဖန်ကို မေးလိုက်သည်။ရှုရဂိုဏ်းနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုက ပိုင်ရှင်ပုထံတွင် အမှန်တကယ်ပင် ရှိနေပုံရသည်။

"ရှုရဂိုဏ်းရဲ့ သွေးမျိုးနွယ် အစောင့်အရှောက်တွေက တကယ်ကိုပဲ ဒီပစ္စည်းအတွက်နဲ့ လေအလင်း အင်ပါယာကို လာခဲ့ကြတာလား"

ပုဖန်က ခပ်မဲ့မဲ့ပြုံးလိုက်ပြီး သူ့လက်ထဲမှ မှော်အစီအရင်ကို လေထဲသို့ ပစ်လွှတ်လိုက်သည်။ထို မှော်အစီအရင်က လေထဲတွင် ခဏမျှ ဝဲလှည့်သွားပြီးနောက် စစ်စတမ်၏ သိုလှောင်နေရာထဲသို့ ဝင်ရောက်သွားလေသည်။

"ငါက မင်းတို့ကို မငှားနိုင်ဘူး" ပုဖန်က မျက်နှာတစ်ချက်မပျက် ပြန်ပြောလိုက်သည်။

ဖူး.......

ဝန်ကြီးများက အော်ငိုလု နီးပါးဖြစ်သွားလေသည်။သူတို့က ပုဖန် ထိုပစ္စည်းကို ငှားလိုက်မည် ထင်သောကြောင့် သူတို့ ဖမ်းဆီးရန်ပင် ပြင်ဆင်ထားကြသည်။သို့သော်လည်း ပုဖန်က လေထဲတစ်ဝက်မှာပင် သူ့ဘက်ဆီသို့ ပြန်လည် ဆွဲယူသွားလေသည်။

"ငါက ဘာကြောင့် ဒါကို ငှားရမှာလဲ "

"ဒါက လေအလင်း အင်ပါဟာရဲ့ အန္တရာယ်နဲ့ ပတ်သတ်နေတယ်" ဝန်ကြီးတစ်ဦးက အလျှင်အမြန် ပြန်ပြောလိုက်သည်။

“ဒီဟောင်းနွမ်း စုတ်ပျက်နေတဲ့ မှော်အစီအရင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မှော်အစီအရင်က လေအလင်း အင်ပါယာရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တာလား ဒီအစုတ်အပျက် အဆောင်ပြားတွေက တကယ်ပဲ တန်ဖိုးရှိတဲ့ ပစ္စည်းလား"

ပုဖန်က အဆောင်ပြားများကို ထုတ်ယူလိုက်ပြီး နောက်တစ်ကြိမ်သေချာစွာ လေ့လာလိုက်သည်။ အချိန်အတော်ကြာ ကြည့်ရှူပြီးသည့်နောက် သူပြန်၍ သိမ်းဆည်းလိုက်လေသည်။ထိုအဆောင်ပြားများပေါ်မှာ ပုံမှန် မဟုတ်သော မည်သည့်အရာကိုမှ ရှာမတွေ့ချေ။

……

မြို့တံခါး အပြင်ဘက်၌ သွေးမျိုးနွယ် အစောင့်အရှောက်များက ဒေါသများ ပေါက်ကွဲနေပေသည်။သူတို့ အသုံးပြုထားသည့် သံလိုက်အိမ်မြှောင်မှ ဝိညာဉ်စုပ်အစီအရင်၏ စွမ်းအင်အတက်အကျ လှိုင်းများကို အာရုံခံလိုက်မိသည်။ အချိန်အနည်းငယ်မျှ လင်းလက်တောက်ပပြီးသည့်နောက် ပြန်လည်၍ မှေးမှိန်သွားလေသည်။ထို့နောက် ထိုကဲ့သို့ ဖြစ်စဉ်မျိုး အချိန်အနည်းငယ်ခန့် ဖြစ်ပွားလေသည်။

"ဘာတွေ ဖြစ်နေတာလဲ"

သူတို့က ဝိညာဉ်စုပ် အစီအရင်ကို ပြန်လည် ရယူနိုင်ရန်အတွက် အင်ပါယာ မြို့တော်ထဲသို့ အလျင်စလို ဝင်ရောက်လိုကြသည်။

……

ဝန်ကြီးများက အလွန် စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး မြို့ရိုးပေါ်တွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ပုဖန်ကို ပြန်လည် ရှင်းပြလိုက်ကြသည်။ သူတို့က ပုဖန် သူတို့အပေါ်တွက် စာနာ နားလည်ပြီး ထို ပစ္စည်းကို လွှဲပြောင်းပေးရန် မျှော်လင့်နေကြသည်။

"ဘာကြောင့်ငါက ဒီပစ္စည်းကို သူတို့က လွှဲပေးရမှာလဲ မင်းတို့အဲ့ဒီ သွေးမျိုးနွယ် အစောင့်အရှောက်တွေကို သွားပြောလိုက် သူတို့မှာ အစွမ်းရှိရင် ကိုယ်တိုင်လာယူလို့ " ပုဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ပိုင်ရှင်ပု မင်း ဒီပစ္စည်းကို သူတို့ဆီကို လွှဲပေးလိုက်တာနဲ့ လေအလင်း အင်ပါယာအတွက် တန်ဖိုးရှိတဲ့ တစ်ရက်တာကို ဝယ်ယူလိုက်သလိုပဲ ဒီဟာက လေအလင်းအင်ပါယာရဲ့ ဘေးအန္တရာယ်အတွက် အလွန် အရေးကြီးတယ်"

ပုဖန်၏ တုံ့ပြန်မှုက မကျေနပ်သော ဝန်ကြီး တစ်ယောက်က ပြောလိုက်သည်။

"ငါ့အစွမ်းအစနဲ့ ငါရထားတဲ့ဟာကို ငါက ဘာလို့ပေးရမှာလဲ "

ပုဖန်က ထိုစကားကို ပြောပြီးနောက် ဝန်ကြီးများ အားလုံးကို လျစ်လျရှုလိုက်သည်။သူထိုဝန်ကြီးများကို ဆိုင်ရှေ့တွင် ထားခဲ့ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

ဝန်ကြီးများ၏ မျက်နှာအမူရာက ပြောင်းလဲသွားသည်။နောက်ဆုံးတော့ သူတို့ ပုဖန်ကို လက်လျှော့ အရှူံးပေးလိုက်ရလေသည်။သူတို့၌ ပုဖန်ကို အတင်းအကျပ် စေခိုင်းနိုင်သည့် စွမ်းအား မရှိသလို ဒီနေရာတွင် ပြဿနာရှာနိုင်သည့် စွမ်းရည်လည်း မရှိပေ။ ဒီဆိုင်ငယ်လေး၏ ကြောက်စရာကောင်းလှသည့် ဂုဏ်သတင်းကို အင်ပါယာမြို့တော်၌ လူသိများလှသည်။

"မင်းရဲ့ အခုအပြုအမူကြောင့် အင်ပါယာ မြို့တော်ထဲက မရေမတွက် နိုင်တဲ့ ပြည်သူတွေ အကုန်လုံး ဒုက္ခရောက်ကြလိမ့်မယ်… " နောက်ထပ် ဝန်ကြီး တစ်ယောက်ကမီးဖိုချောင်ဘက်ဆီသို့ လှမ်းအော်လိုက်သည်။

"သာမန် လူတွေကို အသုံးချပြီး ငါကို ဖိအားပေးဖို့ မကြိုးစားနဲ့ ထွက်သွား.....!!! "

မီးဖိုချောင်ဘက်ဆီမှ စ်ိတ်မရှည်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံကို ကြားလ်ိုက်သောအခါတွင် သူတို့အားလုံး ထခုန်မတက် လန့်သွားကြပြီး ချက်ချင်းပင်လအနားပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူတို့ အဆင့်မြင့် သားရဲကြီးကို မမြင်သော အခါမှသာလျှင် စိတ်သက်သာရာ ရသွားကြသည်။အဝတ်ကို ချွတ်ပစ်တက်သော အရူးနတ်ဆိုး ပေါ်မလာသည်ကိုလည်း တွေ့သောအခါမှ စိတ်သက်သာရာရစွာ သက်ပြင်း တစ်ချက်ချလိုက်ပြီး ထွက်ခွာသွားကြသည်။

ကျောက်တုံးကဲ့သို့ ခေါင်းမာလှပြီး စိတ်ပုပ်ရှိသော ပုဖန်နှင့် သူတို့ မည်သို့ ပြောဆိုဆက်ဆံရမည်မှန်း မသိတော့ပေ။ထိုဝန်ကြီးများ အားလုံးက လက်လျှော့လိုက်ပြီး မြို့တံတိုင်းဆီသို့သာ ပြန်သွားကြသည်။

မြို့တံတိုင်းထက်ဆီမှ လေထုက အရင်အခ်ျိန်အတိုင်း တင်းမာနေတုန်းပင် ရှိသည်။

"ဘယ်လိုလဲ မင်းတို့ အဲ့ဒီပစ္စည်းကို ယူလာပြီလား " အကြီးအကဲဆန်းက အေးစက်စွာ မေးလိုက်သည်။

"ငါတို့ မယူလာဘူး ပိုင်ရှင်ပုက ငါတို့ကို ထွက်သွားခိုင်းတယ် " အကြီးအကဲဆန်းကို ကြောက်ရွံ့နေသော ဝန်ကြီး တစ်ယောက်က လျှင်မြန်စွာပင် ပြန်ပြောလိုက်သည်။

မြို့တံတိုင်း အရှေ့ဘက်တွင် ရပ်နေကြသော သွေးမျိုးနွယ်အစောင့်အရှောက်များက စိတ်မရှည်နိုင် ဖြစ်နေပြီမှာ ကြာမြင့်လှပေပြီ။သူတို့က ဝန်ကြီး၏ စကားကို ကြားသောအခါတွင် မျက်ဝန်းများ ပို၍ နီရဲလာကြသည်။

"မင်းဆိုလိုတာက အဲ့ဒီသူဆီမှာ တကယ်ပဲ ပစ္စည်းရှိနေတယ်ပေါ့"

သွေးမျိုးနွယ် အစောင့်အရှောက်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။သူတို့၏ မျက်ဝန်းထဲတွင် စိတ်မရှည်နိုင်မှုနှင့် ဒေါသတရားများ ပြည့်နှက်နေသည်။ သူတို့က အင်ပါယာမြို့တော်ထဲကို အလျှင်အမြန် ဝင်ရောက်နိုင်ရန် စီစဉ်ပြီး သူတို့၏ အစစ်အမှန် စွမ်းအင်များကို နှိုးဆွလိုက်သည်။သူတို့ အစစ်အမှန် စွမ်းအင်များကို နှိုးဆွလိုက်သည့် အချိန်တွင် တစ်စုံတစ်ခု ဖြစ်ပွားလာလေသည်။

ကောင်းကင်ထက်ဆီမှ ကျယ်လောင်စူးရှသော အသံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ကြီးမားလှသော နေပြင်းငှက်ဘီလူး တစ်ကောင်က တောင်ပံများကို ဖြန့်ခါ၍ ကောင်းကင်ထက်ဆီမှ ထိုးဆင်းလာလေသည်။

ထိုငှက်ထွက်ပေါ်လာသည့် အချိန်တွင် ပတ်ဝန်းကျင်၌ လေပူများ ဖြစ်ပေါ်လာသည် ။ထိုနေပြင်းငှက်ဘီလူး၏ ကျောပေါ်တွင် အနည်းငယ် ဝဖြိုးသော လူကြီးတစ်ယောက် လိုက်ပါလာသည်။

ထိုသူ၏ မျက်နှာက ဖော်ရွေနွေးထွေးလှပြီး လက်ထဲမှ ရေခဲချောင်းကို တစ်ကိုက်ချင်း ကိုက်စားနေပေသည်။နေပြင်းငှက်ဘီလူးက ကျည်ကျည်ကျာကျာ အော်မြည်ရင်း မြို့ရိုးထက်ဆီသို့ ဆင်းသက်လိုက်သည်။

ထိုငှက်ပေါ်မှ ပုံရိပ်ကို မြင်လိုက်သည်နှင့် တောင်စဉ်တစ်ထောင် တောင်တန်း ကြည်လင် ကောင်းကင် ဘုရားကျောင်းမှ ကျွမ်းကျင်ပညာရှင်များက ရွှင်လန်းတက်ကြွသွားသည်။ သူတို့က ရှေ့ကို တိုးလိုက်ပြီး ထိုပုံရိပ်ကို ဦးညွှတ်၍ သံပြိုင်နှုတ်ဆက်လိုက်သည်။

"မဟာအကြီးအကဲ ယဲ့ယွင်ချင်းကို နှုတ်ဆက်ပါတယ်"