အပိုင်း ၃၁၉
Viewers 53k

အခန်း ၃၁၉ “မိုးကောင်းကင်ကိုပစ်ချမည့်ဒယ်အိုး..”


မဟူရာလိပ်ခုံးဒယ်အိုးကို ရှေးကျလှသော ဆန်းကြယ်သည့် အခွံတစ်ခုဖြင့် ပြုလုပ်ထားသည်။ထိုပစ္စည်းက အလွန်ပင်ကြံ့ခိုင်လှပြီး အလေးချိန် စည်းလှသည်။


သို့သော်လည်း ပုဖန်က သူ့၏ ပိုင်ရှင်ဖြစ်သောကြောင့် ကြီးမားလေးလံမှုကို ခံစားရခြင်းမရှိပေ။သူက တခြားသူများကို လှောင်ပြောင်ရန်အတွင် ထိုပစ္စည်းကိူ လက်နက်တစ်ခုအဖြစ် အသုံးမပြုပဲ မနေနိုင်ပေ။


ဝှိုက်တီကို ရန်သူများ၏ ကန့်သတ်ချုပ်နှောင်ခံရခြင်းကို ပုဖန် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ယခင်အချိန်များက ဝှိုက်တီက သူ့၏ ရန်သူများကို လျှင်မြန်စွာပင် သုတ်သင် ရှင်းလင်းနိုင်ခဲ့သည်။ သို့သော်လည်း ယခုတွင်လျှင်မူ သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်ကြောင့် ဝှိုက်တီ အကျပ်အတည်း တွေ့နေပုံရသည်။


သွေးမြူများမှ ပြောင်းလဲသွားသော သွေးနဂါး၏ ဟိန်းဟောက်သံက ဦးရေပြားကို အပ်များဖြင့် ထိုးစိုက်လိုက်သလို နာကျင်ခံစားရစေသည်။


ဝှိုက်တီက ထိုသွေးနဂါးပုံရိပ်ကို ခုတ်ဖြတ်လိုက်သည့် အချိန်တိုင်းတွင် အချိန်ခဏမျှသာ သွေးတိမ်များ အဖြစ်သို့ ကျုံ့သွားပြီးနောက် သက်ရှိတစ်ကောင်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။


ထိုအချင်းအရာက ပုဖန် ဝှိုက်တီကို ကူညီရန်အတွက် တွန်းအားပေးလိုက်သလိုရှိသည်။ပုဖန်က စနစ်ဆီမှ ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက်ကို မရရှိသေးပေ။ ယခုချိန်ထ်ိတိုင်အောင် သူ မဟူရာလိပ်ခုံး ဒယ်အိုးကိုသာ ရရှိပေသေးသည်။ပုဖန်က ထို့ကြောင့်ပင် ဒယ်အိုးကို လက်နက်အဖြစ် အသုံးပြုရန် အကြံဉာဏ်ရရှိသွားခြင်း ဖြစ်သည်။


တန်ချန်များစွာလေးသော ဒီဒယ်အိုး၏ ထုနှက်မှုကို ခံလိုက်ရသည့်သူက အမေတ၍ ငိုယိုပြီး အိမ်သို့ ပြန်ပြေးရပေလိမ့်မည်။ ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ဆုပ်ကိုင်လိုက်သည်။ထိတွေ့မှုမှ တစ်ဆင့် သူ၏ ခေါင်းမှ ခြေထောက်ထ်ိတိုင်အောင် ရေခဲတမျှ အေးစိမ့်မှုက ပြန့်နှံ့သွားသည် သို့သော်လည်း သူ၏ နှလုံးသားထဲ၌ မီးတောက်ကဲ့သို့ လောင်ကျွမ်းမှုကို ခံစားရသည်။


ပုဖန်က ခြေတစ်လှမ်းဆုတ်လိုက်ပြီးနောက် မဟူရာ လိပ်ခုံးဒယ်အိုးကို သူနောက်ကျောဘက်ထိ ရောက်အောင် ဆွဲယမ်းလိုက်သည်။ထို့နောက် ရုတ်တရက် အရှေ့ဘက်ဆီသို့ တရှိန်ထိုး ပစ်လွှတ်လိုက်သည်။


"သွားတော့......"


အလင်းတန်းများ ဖြစ်ပေါ်လာပြီး မဟူရာလိပ်ခုံး ဒယ်အိုးက ကောင်းကင်ယံထက်ဆီသို့ တွန်းပို့ခြင်းခံလိုက်ရသည်။ မဟူရာလိပ်ခုံး ဒယ်အိုးတွင် နောက်ထပ် ထူးခြားချက် တစ်ချက်လည်းရှိနေ၏။ထိုအရာက ဒယ်အိုး၏ အရွယ်အစားကို ပြောင်းနိုင်ခြင်းပင် ဖြစ်သည်။


သို့သော်လည်း ဒယ်အိုးကို အသက်သွင်းလိုက်သည့် အချိန်တွင် ပုဖန်၏ အစစ်အမှန် စွမ်းအင်များ လောင်ကျွမ်းမှု နှုန်းက မြန်ဆန်လာသည်။ ဒီတစ်ကြိမ်၌ ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားကို အသုံးပြုသကဲ့သို့ သူ့၏ အစစ်အမှန် စွမ်းအင်များ စီးဆင်းမှု မလုပ်ပဲ မဟူရာလိပ်ခုံး ဒယ်အိုးကို အရွယ်အစား ပြောင်းလိုက်သည်။


နက်ဆွေးလှသော မဟူရာလိပ်ခုံး ဒယ်အိုးက ကျယ်ပြန့်လှသော သမုဒ္ဒရာထဲတွင် အထီးကျန် လှေလေးတစ်စင်းက သမုဒ္ဒရာ၏ဗဟိုချက်ဆီသို့ သွားနေသကဲ့သို့ တဝုန်းဝုန်း ဆူညံ ရိုက်ခတ်နေသည်။


ကျယ်လောင်ဆူညံလှသော အသံများက သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်၏ အာရုံကို ဆွဲဆောင်လိုက်သည်။သို့သော် သူတို့ထဲမှ တစ်ယောက်က မထီမဲ့မြင် ပုံစံဖြင့် တစ်ချက်သာ ကြည့်လိုက်သည်။


အဘယ်ကြောင့်ဆိုသော် သူက တစ်ချက်ကြည့်လိုက်ယုံမျြှဖင့်ပင် ပုဖန်၏ ကျင့်ကြံမှု စွမ်းအင်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ထိုလူငယ်လေးက အင်ပါယာ အဆင့်မျှသာ ရှိသေးသည်။


ထိုကဲ့သို့သော သူများက သူ့လိုစွမ်းအားကြီးသော စစ်သည်တော် တစ်ယောက်အတွက် ပုရွတ်ဆိတ်တစ်ကောင်မျှသာ ရှိသည်။သူက ထိုပုရွတ်ဆိတ်များကို သတ်ဖြတ်ရန်အတွက် လက်လေးနှစ်ချောင်းဖြင့် ဖြစ်ညှစ်လိုက်ရုံသာ လိုအပ်သည်။


ထို့ကြောင့်ပင် အင်ပါယာအဆင့်တစ်ယောက်၏ တိုက်ခိုက်ရန် ပြုလုပ်နေမှုကို သူက အများကြီး မတွေးတောခြင်း ဖြစ်သည်။


"တွေးကြည့်ပါ သေးငယ်လှသော ပုရွတ်ဆိတ်လေးတစ်ကောင်က မင်းရှိရာဆီသို့ တွားသွားလာပြီး ကိုက်ဖို့ ခြိမ်းခြောက်မယ်ဆိုရင် မင်း၏ တုံ့ပြန်မှုက ဘယ်လိုနေလိုက်မလဲ သေချာပေါက်ကို လက်ဝါးဖြင့် ရိုက်သတ်လိုက်မှာပဲ မဟုတ်ဘူးလား....."


သူတို့ရှိရာဆီသို့ ပြန်လွင့်လာသော ဒယ်အိုးကလည်း အခြေအနေတူတူပင် သူတို့အတွက် ဘာဆိုဘာမှ မဟုတ်ပေ။ သူတို့၏ အဓိကပစ်မှတ်က စွမ်းအားပြင်းလှသော သံရုပ်သေးသာ ဖြစ်သည်။သူတို့နှစ်ယောက်ပေါင်း ခွန်အားက တန်ခိုးရှင် အဆင့်တစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင်သည် ဆိုသော်လည်း ထို ရုပ်သေးနှင့် ယှဉ်လိုက်လျှင် မည်သည့် အားသာချက်မှ မရှိတော့ပေ။


ဘန်း.....ဘန်း......


ပေါက်ကွဲသံ နှစ်ချက် ထွက်ပေါ်လာပြီးနောက် ဝှိုက်တီက သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်၏ ဘေးတွင် ရစ်ခွေနေသော သွေးနဂါးပုံရိပ်ကို ခုတ်ပိုင်းလိုက်သည်။သွေးတိမ်တိုက်လှိုင်းများက လွင့်ပျယ် ပျောက်ကွယ်သွား၏။


သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။သူတို့၏ မျက်ဝန်းထဲ၌လည်း ရက်စက်ကြမ်းကြုတ်သည့် အရိပ်ယောင်များ ဖြတ်သန်းသွားသည်။ ထို့နောက် သွေးတိမ်တိုက်များက ပြန်လည်၍ စုကျုံ့လာပြီး ဝှိုက်တီဆီသို့ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်သည်။


အနက်ရောင်ဒယ်အိုးကြီး ပျံသန်းလာသော လမ်းကြောင်းက တည်ငြိမမလှသော်လည်း အရှိန်က နှေးလှ၏ သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်၏ ကျင့်ကြုံမှု နည်းလမ်းအရ သူတို့၏ မျက်လုံးထဲတွင် အံ့သြလောက်စရာ အရှိန်နှင့် မသွားသော မည်သည့် ပစ္စည်းမဆို လေသွားနှုန်ဖြင့်သွားသည်ဟုသာ ထင်မြင်မိသည်။


"ခရုတစ်ကောင် နှုန်းထားနဲ့ လာနေတဲ့ အဲ့ဒီဒယ်အိုးက ဘာလဲ သူတို့ကို နှိပ်နယ်ပေးဖို့လား ....." သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်က လှောင်ပြောင်ရယ်မောလိုက်ကြသည်။


ဆိုင်အတွင်း၌ ပုဖန်က သူ၏ လက်မောင်းကို လွှဲယမ်းနေသည်။မဟူရာ လိပ်ခုံးဒယ်အိုး၏ မယုံနိုင်စရာ အလေးချိန်က ပိုင်ရှင်အပေါ် သက်ရောက်မှုမရှိဟု ဆိာသော်လည်း သူ၏ အရွယ်အစားက အဆမတန် ကြီးမားနေသေးသည်။ ထို့ကြောင့် ဒယ်အိုး၏ ပုံမှန် အလေးချိန်ကတော့ ရှိနေတုန်းပင် ဖြစ်သည်။ပုဖန်က ထိုဒယ်အိုးကို လွှဲပြောင်းပစ်ပြီးနောက် သူလက်မောင်းက ထုံကျင်မှုကို ခံစားလိုက်ရသည်။


သူလက်ကို လှုပ်ခါနေပြီး မဟူရာလိပ်ခုံး ဒယ်အိုးကို စူးစိုက်ကြည့်လိုက်သည်။


"သွားစမ်း....."


စက္ကန့်အနည်းငယ်မျှ ပျံသန်းပြီး နောက်ဆုံး၌ မဟူရာလိပ်ခုံး ဒယ်အိုးက အေးစက်စွာ လှမ်းကြည့်လိုက်သော သွေးမျိုးနွယ်အစောင့်အရှောက်တစ်ယောက်၏ နံဘေးသို့ ချဉ်းကပ်သွားသည်။


သူက ဒယ်အိုးကို အပိုင်းလေးများဖြစ်သွားအောင် အစစ်အမှန် စွမ်းအင်များဖြင့် ပစ်ပေါက်လိုက်သည်။


"ဒါက ဒယ်အိုးတစ်လုံးပဲလေ မိုးကောင်ကင်ကို ပစ်တော့ကော ဘာဖြစ်လာမှာမို့လဲ "


သွေးမျိုးနွယ် အစောင့်အရှောက်၏ ရှုထောင့်မှကြည့်လျှင် အဆင့် (၆ )အင်ပါယာအဆင့် ပစ်လွတ်လိုက်သော ဒယ်အိုးကို မဆိုထားနှင့် အဆင့် (၇) သူတော်စင်အဆင့်၏ တိုက်ခိုက်မှုပင် သူ့အတွက် ဘာမှမဟုတ်ပေ။


နဂါးတစ်ကောင်ကဲ့သို့ သွေးနီရောင် စွမ်းအင်များနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ ပြင်းထန်စွာ တိုက်မိသွားကြသည်။ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက မျှော်လင့်ထားသော ပေါက်ကွဲမှု မဟုတ်သလို ဒယ်အိုး အဝေးသို့ လွင့်စင်သွားသည့် ပေါက်ကွဲမှုလည်း မဟုတ်ပေ။


သွေးနီရောင် စွမ်းအင်များက မဟူရာ လိပ်ခုံး ဒယ်အိုးကို ထိုးနှက် တိုက်ခိုက်လိုက်သော်လည်း ကျောက်တုံးကို ဖြင့်ပေါက်လိုက်သကဲ့သို့ အက်ရာများထင်ပြီး အလင်းစက်လေးများအဖြစ် လွင့်ပါးပျောက်ကွယ်သွားသည်။ မဟူရာလိပ်ခုံးဒယ်အိုးက အနည်းငယ်မျှပင် ယိမ်းယိုင် ခြင်းမရှိပဲ ဆက်လက်၍ ရွေ့လျားလာသည်။


လေတိုးသံနှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုး ဆက်လက်ရွေ့လျားနေသည်ကို မြင်လိုက်ရသော သွေးမျိုးနွယ်အစောင့်အရှောက်က အံ့အားသင့်သွသည်။


"ဒီဒယ်အိုး ဘယ်လိုဖြစ်လို့ အခုထိရှိနေသေးတာလဲ....." သူ၏မျက်နှာက အေးခဲနေပြီး တုန်လှုပ်စွာဖြင့် မေးလိုက်သည်။


"မင်း အဲ့ဒါကို မထုချေရသေးဘူး မဟုတ်လား....."


သွေးမျိုးနွယ် အစောင့်အရှောက် နောက်တစ်ယောက်က ဇဝေဇဝါဖြင့် မေးလိုက်သည်။သူတို့ အဆင့် (၉ )ရုပ်သေးရုပ်နှင့် တိုက်ခိုက်နေသည့် တိုက်ပွဲအလယ်သို့ ဒယ်အိုးက ပျံသန်းဝင်ရောက်လာခြင်းဖြစ်သည်။


"သူတို့၏ အစီအစဉ်ကို ပျက်စီးသွားမည့် အခွင့်အရေး ဘာကြောင့် ပေးရမည်နည်း.........."


ပထမသွေးမျိုးနွယ် အစောင့်အရှောက်၏ မျက်နှာက မဲမှောင်သွားသည်။ထို့နောက် သူ အသက်တစ်ချက် မှုတ်ထုတ်လိုက်ရာ သွေးနီရောင် စွမ်းအင်များက သူ့၏ လက်မောင်း၌ ရစ်ပတ်လာသည်။ထို့နောက် သူက မဟူရာလိပ်ခုံးဒယ်အိုးဆီသို့ တိုက်ခိုက်လိုက်သည်။


သူက မဟူရာလိပ်ခုံးဒယ်အိုးကို အလေးအနက်မထားကြောင်း သိသာလှသည်။ တိုက်ခိုက်ပြီးသည်နှင့် သူ့၏ အကြည့်က သံရုပ်သေးရုပ်ဆီသို့ ပြန်လည် ကျရောက်သွားသည်။


သူက မိုးကြိုး မုန်တိုင်းကဲ့သို့ပင် ရုပ်သေးရုပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ မဟူရာလိပ်ခုံးဒယ်အိုးက ယမ်းခါနေသည်။သွေးမျိုးနွယ် အစောင့်အရှောက်၏ ရိုက်ချက်နှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ ထိတွေ့သွားသည်ကို ပုဖန်က မျက်ဝန်းတောက်တောက်များဖြင့် ငေးကြည့်နေ၏။


လက်ဝါးရိုက်ချက်တွင် ပါဝင်သော အစစ်အမှန် စွမ်းအင်လှိုင်းများက ဒယ်အိုးထဲသို့ စိမ့်ဝင်သွားသည်။နောက်ဆုံး၌ သူ၏ အမူအရာက ရှုံ့မဲ့သွားလေသည်။ သွေးမျိုးနွယ်အစောင့်အရှောက်၏ လက်ဝါးရိုက်ချက်က ဒယ်အိုးကို တစ်လက်မမျှပင် ရွေ့လျားစေခြင်း မရှိပေ။ သူ့၏ လက်ဝါးက မြင့်မားလှသည့် တောင်ကို ရိုက်ခတ်လိုက်သလိုမျိုး ခံစားမိလေသည်။


"မင်း ငါ့ကို လာနောက်နေတာလား ဒါက ဒယ်အိုးတစ်လုံးပဲ မဟုတ်ဘူးလား......."


ဆက်လက်ရွေ့လျားလာသော ဒယ်အိုးက သူ့အနား တဖြေးဖြေး နီးကပ်လာသည်။ထိုအကွာအဝေးသို့ ရောက်မှသာလျှင် ထိုဒယ်အိုးက သူဆီကို တည့်တည့်ကြီး ဦးတည်နေမှန်း သတိပြုမိုက်သည်။ အေးစိမ့်လှသော ဒယ်အိုးကသူ၏ လက်ကို တိုက်ချသွားသည်။မည်သည့်ကာကွယ်မှုမှမရှိပဲ ခေါင်းကို ထိုးနှက်ခံရသကဲ့သို့ပင် ခံစားလိုက်ရ၏။


"သေပြီ......"


ဘန်း........


အလင်းလှိုင်းလေးများက လေထုထဲတွင် တုန်ခါသွားသည်။တစ်ခြားသွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူလှည့်ကြည့်လိုက်ရာ ထိတ်လန့်ခြောက်ခြားဖွယ်ရာ မယုံနိုင်စရာ မြင်ကွင်းကို တွေ့လိုက်ရသည်။


ထိုသွေးမျိုးနွယ် အစောင့်အရှောက်က ဒယ်အိုး၏ တိုက်ခိုက်မှုကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။သူပါးစပ်အဟောင်းသား ပွင့်နေပြီး မျက်နှာတွင်လည်း မယုံကြည်နိုင်မှုက အထင်သား ပေါ်လွင်နေ၏။


မဟူရာ လိပ်ခုံးဒယ်အိုး၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်နှင့် သူ၏ ကမ္ဘာကြီးက မဲမှောင်သော မီးခိုးရောင်အရိပ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူ၏ မြင်ကွင်းထဲမှ အရာရာက ဇောက်ထိုးမိုးမြှော် ဖြစ်နေပြီး ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနေသည်။ ခေါင်းများကိုက်ခဲကာ သွားခြေများပင် ကျဉ်နေသည်ဟု ခံစားလိုက်ရသည်။


"ဒီဒယ်အိုးက တကယ့်ကိုပဲ ကောင်းကင်က်ိုတောင် ပစ်ချနိုင်တယ် ..."


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မဟူရာ လိပ်ခုံး ဒယ်အိုးက မီးခိုးလုံးများအဖြင့် ပြည့်နှက်သွားပြီး ပုဖန်၏ ဘေးဆီသို့ ပြန်ရောက်သွားသည်။ပုဖန်က သူ၏ ဘေးနားတွင် ငြိမ်သက်စွာရှိနေသော မဟူရာ လိပ်ခုံးဒယ်အိုး၏ နှုတ်ခမ်းသားလေးများကို ပွတ်သပ်လိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးက တန်တစ်သောင်း လေးသည်ဟူသော နာမည်နှင့် ညီလှသည်။သူက သွေးမျိုးနွယ် အစောင့်အရှောက်ကို သေအောင် သတ်ဖြတ်နိုင်ခြင်း ရှိသော်လည်း တစ်ချက်တည်းနှင့်ပင် ကန်ထုတ်ပစ်လိုက်နိုင်သည်က သေချာလှသည်။


ပုဖန်၏ စိတ်ထဲ၌ တစ်စုံတစ်ရာ မကျေနပ်မှုကို ခံစားနေရသည်။သို့သော်လည်း သူလျှင်မြန်စွာပင် ပြန်လည် ချေဖျောက်လိုက်သည်။ အဆုံးတွင် သူက အင်ပါယာအဆင့်တစ်ယောက်မျှသာ ရှိသေးသည်။တန်ခိုးရှင် အဆင့်နီးပါးကို ကန်ထုတ်လိုက်နိုင်ခြင်းက အသက်ရှူရာပင် ပိုကောင်းမွန်လှစေသည်။


သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်က အံ့သြနေစဉ်မှာပင် ဝှိုက်တီ၏ ခရမ်းရောက်မျက်လုံးများက အလင်းများတောက်ပလာသည်။စူးရှသော အသံတစ်ချက်နှင့်အတူ ဝှိုက်တီ၏ ခြေထောက်အောက်မှ အုတ်ခဲများက အက်ကွဲပျက်စီးသွားသည်။သူ၏ ပုံရိပ်က သွေးမျိုးနွယ် အစောင့်အရှောက်ဆီသို့ တဟုန်ထိုး ဦးတည်သွား၏။


အစောင့်အရှောက်၏မျက်နှာက သွေးရောင်မဲ့သွားသည်။


"အဲ့ဒီနေရာက အမြန်ဖယ်....."


ကြောင်အနေသော သွေးမျိုးနွယ် အစောင့်အရှောက်ကို ပြန်လည်နှိုးထစေရန် မျှော်လင့်ပြီး သူ ကုန်းအော်လိုက်သည်။


ထိုအော်သံကြောင့် ကြောင်အနေသော သွေးမျိုးနွယ် အစောင့်အရှောက်က ပြန်လည် သတိဝင်လာပြီး သူ၏ ကမ္ဘာက ပြန်ကြည်လင်လာသည်။


သူအရှက်ရသွားပြီး ဒေါသတရားက လွှမ်းခြုံလာသည်။ထိုအချင်းအရာက တစ်စုံတစ်ယောက်မှရသူကို မသန့်ရှင်းသော အရာများ စားခိုင်းသည်နှင့်ပင် ဆင်တူလှသည်။


"သေလိုက်စမ်း....."


သူက အဆင့်မြင့် စစ်သည်တော် တစ်ယောက်ဖြစ်ပြီး တန်ခိုးရှင်အဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။ အင်ပါယာအဆင့် တစ်ယောက်မျှက ဒယ်အိုးတစ်လုံးဖြင့် သူကို အရုပ်တစ်ရုပ်လို လာကစားနေသည်ကို ဘယ်လိုမှ သည်းမခံနိုင်ပေ။


"ငါ့ရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားပြီလဲ....."


ဝီ.......


ခရမ်းရောင်အလင်းတန်းများက သူ့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသောကြောင့် သူ တုန်လှုပ်သွားသည်။


ပြူးကျယ်ဝိုင်းစက်နေသော မျက်ဝန်းအကြည့်များက စူးစူးဝါးဝါး အကြည့်များ အဖြစ် ပြောင်းလဲသွားသည်။သူဝှိုက်တီ၏ ကြီးမားလှသော ဓားကြီးက နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေသည်ကို တွေ့လိုက်ရသည်။


"သေပေတော့....."


လေပြင်းများနှင့်အတူ ထိုဓားကြီးက သူ့အပေိါသို့ ကျဆင်းလာသောကြောင့် ရေခဲကန်ထဲ ပြုတ်ကျသွားသလိုပင် ခံစားလိုက်ရ၏။ လျှပ်စီးကဲ့သို့ မြန်လှသော ဓားချက်က လေကိုပင် ဟတ်တက်ခွဲမတက် ဖြစ်နေလေသည်။


ရွှပ်......


ထိုအသံက သွေးမျိုးနွယ်အစောင့်အရှောက်၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။သူတို့နှစ်ယောက်က အဆင့် (၉)ဖြစ်သော ဝှိုက်တီနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်က အမှန်ပင် ဖြစ်သည်။ သို့ရာတွင် ပြိုင်ဘက်၏ စွမ်းအားများ လျော့နည်းသွားစေရန် အဝေးတစ်နေရာမှ ထိန်းချုပ်နိုင်စွမ်းရှိသော အခြေအနေပင်ဖြစ်သည်။


ရိုးရှင်းစွာပင် သူတို့၏ ခန္ဓာကိုယ်များက ထိုရုပ်သေး၏ သံ ခန္ဓာကိုယ်နှင့် ယှဉ်နိုင်စွမ်းမရှိပေ။ထို့နောက် ထိုရုပ်သေးက သူတို့နှင့် ပို၍ နီးကပ်စွာ တိုက်ခိုက်လာသည်။


ရွှပ်.......


လွှဲခုတ်သော ဓားချက်က သူခန္ဓာကိုယ်အနှံ့ ကျရောက်လာသည်။သွေးမျိုးနွယ် အစောင့်မရှောက်တစ်ဉီးက ကြောင်အနေသော သူ့အဖော်ကို နှစ်ပိုင်းခြမ်းခံရမည့်အရေးမှ အချိန်မီဆွဲထုတ်လိုက်နိုင်သည်။ သို့သော်လည်း ထိုကြောင်အနေသော သွေးအစောင့်အရှောက်၏ လက်မောင်းတစ်ဖတ် ဆုံးရှုံးသွားရသည်။


သွေးများပန်းထွက်လာသည်နှင့်အတူ စိတ်ပျက်ဖွယ်ရာ အော်ဟစ်သံတစ်ခုပါ ထွက်ပေါ်လာသည်။ လက်တစ်ဖက် ဆုံးရှုံးသွားသော သွေးမျိုးနွယ်အစောင့်အရှောက်၏ မျက်ဝန်းများက နီရဲနေသည်။သူက ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် ဆုံးရှုံးသွားသည့် သွေးများနှင့် ဖြတ်တောက်သွားသော လက်ကို ပြန်လည် ဆုပ်ယူလိုက်သည်။


လေထဲတွင် လှည့်လည်နေသော ဝှိုက်တီက မြေပြင်သို့ ပြန်လည် ဆင်းသက်လာသည်။သူခြေထောက်နှင့် မြေကြီး ထိမိသည်နှင့် တစ်ပြိုင်နက် သွေးမျိုးနွယ်အစောင့်အရှောက်နှစ်ယောက်ဆီသို့ တဟုန်ထိုးပြေးဝင်သွားသည်။သူ၏ခရမ်းရောင် စက်ရုပ်မျက်ဝန်းများက စူးရှတောက်ပနေသည်။ သူ၏ ဓားက နဂါးတစ်ကောင်ကဲ့သို့ပင် သူတို့ဆီသို့ တိုးဝင်လာသည်။


"သွား ..သွားမယ် သွားကြမယ် ငါတို့က ဒီရုပ်သေးရုပ်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး"


လက်တစ်ဖက်ဆုံးရှုံးသွားသော သွေးမျိုးနွယ် အစောင့်အရှောက်က အော်ဟစ်လိုက်သည်။တစ်ခြားတစ်ယောက်ကလည်း တစက္ကန့်မျှပင် တုံ့ဆိုင်းမနေပဲ အလျှင်အမြန် ထွက်ပြေးလိုက်ကြ၏။


သူတို့က တိမ်များကို နင်းဖြတ်ကျော်နိုင်စွမ်းရှိသောကြောင့် ဝှိုက်တီအတွက် အချိန်မီ လိုက်ဖမ်းရန် ခက်ခဲသွားသည်။


ဘုန်း......


ဝှိုက်တီက မြေပြင်ပေါ် ပြန်လည် ဆင်းသက်လိုက်ရာ ဘေးပတ်ဝန်းကျင်၌ ဖုန်တထောင်းထောင်း ထသွားသည်။


ဆိုင်ထဲ၌ ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။သူက နောက်တစ်ကြိမ် ထပ်ပစ်ရန် ပြင်ဆင်နေသော်လည်း သရဲဘောကြောင်သည့် သူများက ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။


ထိုငတုံးများက စိတ်ဝင်စားစရာမကောင်းသောကြောင့် ပုဖန်က သူ၏ စိတ်ကို ပြန်လည် စုစည်းလိုက်သည်။မဟူရာလိပ်ခုံး ဒယ်အိုးက မီးခိုးငွေ့များအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး သူ၏ လက်ကောက်ဝတ်ထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။


ပုဖန်က သူ နှုတ်ခမ်းသပ်၍ မေးစေ့ကို ပွတ်လိုက်သည်။ထိုဒယ်အိုးဖြင့် ဖြေရှင်း၍ မရသည့်အရာ ဘာမှမရှိပေ။အကယ်၍ တစ်ခါနှင့် မရလျှင် နှစ်ခါ လုပ်ရပေမည်။