အပိုင်း ၃၂၁
Viewers 53k

အခန်း ၃၂၁ မဟူရာလိပ်ခုံးဒယ်အိုးဖြင့် အရှင်သခင်ကို ထုရိုက်ခြင်း...


အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့်ပုံရိပ်တစ်ခုက ကောင်းကင်ယံထက်မှ ဖြတ်သန်း၍ အင်ပါရီယာ မြို့တော်ထဲသို့ ချည်းနှီးဝင်ရောက်လာခဲ့သည်။ သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် အကောင်အထည်မရှိသော လေထုက အစိုင်အခဲ ရုပ်ထည်အဖြစ် ဖြစ်ပွားလာပြီး သူ့ကိုကျော်ဖြတ်နင်းခွင့်ပြုလိုက်သလိုပင်။


မဲမှောင်နေသော မျက်နှာထားဖြင့် ရှုရဂိုဏ်းမှ အရှင်သခင်က ဖန်ဖန်ဆိုင်ငယ်လေး တည်ရှိရာ နေရာဆီသို့ အလျင်စလို ဦးတည်သွားလေသည်။


…..


အင်ပါရီယာ မြို့တော့ အပြင်ဘက်၌ ဂျိချန်းရွဲ့က သူ၏ တပ်ကို အမိန့်ကို စောင့်ဆိုင်းရန် ညွှန်ကြားထားပြီဖြစ်သည်။ ဒီတစ်ကြိမ်၌ သူ တကယ်ကို ကြောက်ရွံ့တုန်လှုပ်နေမိသည်။ရှုရဂိုဏ်းမှ သွေးမျိုးနွယ်အစောင့်အရှောက် နှစ်ယောက်ပင် ရှုံးနိမ့်လာခဲ့သည် ဆိုလျှင် အရှင်သခင်က သူတို့၏ ထောက်ပံ့မှုမရှိပဲ ပုဖန်ကို ရင်ဆိုင်နိုင်ပါမည်လား........


အကယ်၍ အရှင်သခင်သာ ရှုံးနိမ့်ခဲ့လျှင် သူတို့ တစ်ဖွဲ့လုံး ရွေးချယ်စရာ မရှိတော့ပဲ ပြန်လည်၍ ဆုတ်ခွာရပေလိမ့်မည်။အမှန်စင်စစ် အားဖြင့် အရှင်သခင်တိုင်း အဆင့်မြင့် သားရဲကြီးနှင့် ရင်ဆိုင်နိုင်စွမ်းရှိလေရာ သူတို့ ဆုတ်ခွာစရာ အကြောင်းမရှိပေ။


……


ဖန်ဖန် ဆိုင်ငယ်လေးအတွင်း၌ ပုဖန်က သွေးမျိုးနွယ် အစောင့်အရှောက်များကို ရိုက်နှက်၍ ထွက်ပြေးသွားအောင် ဖိအားပေးပြီးနောက် မှော်အစီအရင်အဆောင်ပြားကို နောက်တစ်ကြိမ် ပြန်ထုတ်ယူလိုက်သည်။ ထိုပစ္စည်းကို လာရောက်ရှာဖွေသူ များပြားနေလေရာ ဒီပစ္စည်းက အဖိုးတန် ပစ္စည်းဖြစ်ပေလိမ့်မည်။ထိုပစ္စည်းတွင် သူမသိနိုင်သော လျှို့ဝှက်ချက်များ ရှိနေနိုင်သည်လား......


ပုဖန်က မျက်မှောင် ကြုတ်လိုက်၍ သေသေချာချာ စူးစိုက်ကြည့်၍ လေ့လာလိုက်သည်။ မှော်အစီအရင် အဆောင်ပြားငါးခုတွင် အနုစိတ်လှသော မှော်အစီအရင် ပုံစံများကို သေချာစွာ ထွင်းထုထားသည်။ ထို အစိတ်အပိုင်းများ ပေါင်းစည်းလိုက်လျှင် ဆန်းကြယ်လှသော မှော်အစီအရင်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။


ထိုပစ္စည်းကို မှော်အစီအရင်အစား အကျည်းထောင် တစ်ခုဟု ပြောလျှင် ပို၍ တိကျပေလိမ့်မည်။ထိုမှော်အရိပ်အောက်တွင် ငိုကြွေးနေသော ဝိညာဉ်များ သွားဖြဲပြနေသူများနှင့် သူတို့၏ လက်သည်းများကို ဝှေ့ယမ်းပြနေသည့် ဝိညာဉ်ပုံရိပ်တို့ကို မြင်နေရသည်။


"ဘယ်လိုတောင် ဆုတ်ရွံ့တဲ့ ပစ္စည်းလဲ "


ပုဖန်က ထိုမှော်အစီအရင်ကို စားပွဲတစ်ခုပေါ် တင်လိုက်သည်။ထို့နောက် သူ၏ လက်ကောက်ဝတ်မှ အစိမ်းရောင် မီးခိုးငွေ့လေးများ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားပေါ်လာသည်။


'ဒီမှော်အစီအရင်ကို အပိုင်းပိုင်းခွဲလိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ"


ပုဖန်က စမ်းကြည့်ရန်အတွက် စိတ်လှုပ်ရှားလာမိသည်။သူ၏ဓားဖြင့် မှော်အစီအရင် အခင်းအကျင်းကို ထိုးခွဲဖွင့်ရန် နီးကပ်လာသည့် အချိန်၌ ဆိုင်ငယ်လေးကို ပြင်းထန်လှသည့် ဖိအားများ သက်ရောက်လာသည်။ာထိုအင်အားက အစောပိုင်းက တွေ့ကြုံခဲ့ရသော သွေးမျိုးနွယ် အစောင့်အရှောက်၏ ဖိအားထက်ပင် ပြင်းထန်လှသည်။ပုဖန်၏ စိတ်ထဲ၌ တုန်လှုပ်သွားမိသည်။


ဘုန်း......ဘုန်း.....ဘန်း......


ကောင်းကင်တစ်ခုလုံးနီးပါး မဲမှောင်သွားပြီး ခဏအတွင်းမှာပင် တိမ်မဲများက ဆိုင်ငယ်လေးကို ဖုံးအုပ်သွားလေသည်။


ပုဖန်က မှော်အစီအရင်ပြားကို ပြန်လည် သိမ်းဆည်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒီနေ့၌ ပြဿနာရှာသူ အတော်များနေပေသည်။


"တစ်ယောက်ပြီးတော့ နောက်တစ်ယောက်လား...."


ပုဖန်က ဆိုင်အပေါက်ဝသို့ လျှောက်သွားလိုက်သည်။လေထဲထုမှနေ၍ သူရှေ့ရာဆီ ဖြတ်သန်းလာနေသော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သည်တော် တစ်ယောက်ကို ချက်ချင်း သတိပြုမိလိုက်သည်။ထိုသူ၏ ပုံစံက သူရင်းနှီးကျွမ်းဝင်နေပေသည်။


"ဒီတစ်ယောက်ကလည်း ရှုရဂိုဏ်းက လူ မဟုတ်ဘူးလား "


ပုဖန်က ရှုရဂိုဏ်းများမှ သူများနှင့် ကြုံတွေ့ခဲ့ရဖူးသောကြောင့် သူတို့၏ တူညီလှသော အနက်ရောင် အဝတ်အစားကို မှတ်မိနေပေပြီ။


ထိုနတ်ဆရာအရှင်သခင်က ဆိုင်ငယ်လေး၏ တည်ရှိရာနေရာကို မသိပေ။သို့သော်လည်း သူက မှော်အစီအရင် ရှိသည့်နေရာကိုမူ အလွယ်တကူ ရှာဖွေနိုင်သည်။ သူ၏ လက်ထဲ၌ ဝိညာဉ်နှုပ် မှော်ဖန်လုံးကို ဆုပ်ကိုင်ထားပြီး ဝိညာဉ်စုပ် အစီအရင်မှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကို အလွယ်တကူပင် ခြေရာခံနိုင်သည်။


ရှုရဂိုဏ်းမှ အရှင်သခင်၏ အေးစက်လှသော အကြည့်များက ပုဖန်ပေါ်သို့ ကျရောက်လာသည်။ သူ၏ အနက်နှင့်အဖြူရောနေသော ဆံနွယ်များက လေတွင် တဖြတ်ဖြတ် လွင့်ခါနေသည်။


"အဆင့် ၆ အင်ပါယာ အဆင့်လေး"


နတ်ဆရာအရှင်သခင်က ချက်ချင်းပင် ပုဖန်၏ စွမ်းအင်အဆင့်ကို ထိုးဖောက်မြင်ရောက်လာပြီး သူမျက်မှောင် ကြုတ်လိုက်မိသည်။သို့သော်လည်း သူ၏ စိတ်ထဲ၌ ပို၍ပင် ကျေနပ် နှိမ့်သိမ့်သွားမိသည်။ သူ ဆိုင်၏ အထက်လေထဲ၌ ဝဲပျံနေရုံနှင့်ပင် အန္တရာယ်အငွေ့အသက်များ သူကို ရိုက်ခတ်သည်ကို ခံစားလိုက်ရသည်။သူကဲ့သို့ တန်ခိုးရှင်အဆင့်တစ်ယောက်ပင် ခံစားရသော အန္တရာယ်အငွေ့အသက်က မည်သို့ ဖြစ်နိုင်မည်နည်း…


"ဒီဆိုင်ထဲမှာ ဘယ်လို မယုံကြည်နိုင်စရာ တည်ရှိမှုမျိုး ရှိနေရတာလဲ အဲ့ဒါဘာဖြစ်နိုင်မလဲ....."


နတ်ဆရာအရှင်သခင်၏ စိတ်ထဲ၌ သံသယများဖြင့် ပြည့်နှက်နေသည်။သူက ပုဖန်၏ နောက်မှ ဝှိုက်တီကို ဆက်၍ ကြည့်လိုက်သည်။ထို့နောက် ခေါင်းမော့၍ ကြည့်နေသော ကွမ်ရှောင်ယီဘက်သို့ ကြည့်လိုက်သည်။ ဆိုင်ပတ်ဝန်းကျင် အခြေအနေ အားလုံးကို အကဲခတ်ကြည့်ရှူ ပြီးနောက် သူ၏ အကြည့်က ဆိုင်အပေါက်ဝတွင် ပျင်းရိစွာ အိပ်နေသော ခွေးနက်ကြီးဆီသို့ ရောက်သွားသည်။


"ခွေးတစ်ကောင်"


ဆိုင်တစ်ခုလုံးကို အကဲခတ်ကြည့်ရှုပြီးနောက် အဆင့်မြင့်သားရဲကြီးနှင့် တူသည့်အရာဆို၍ ခွေးတစ်ကောင်သာရှိပေသည်။သို့သော်


" ခွေးတစ်ကောင်က အဆင့်မြင့်သားရဲကြီးလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "


ထို့အပြင် ထိုခွေးနက်ကြီးပေါ်တွင် အဆင့်မြင့်သားရဲကြီး၏ စွမ်းအင်လက္ခဏာနှင့် တူသည့် အရိပ်အယောင်များလည်း မတွေ့ရပေ။


"မင်းက ရှုရဂိုဏ်းက သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့သူလား ....." နတ်ဆရာအရှင်သခင်က ပုဖန်ကို အေးစက်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။


ပုဖန်က နှုတ်ခမ်းတွန့်ရုံ မဲ့လိုက်သည်။မျှော်လင့်ထားသည့်အတိုင်းပင် သူ လက်ဝှေ့ယမ်းလိုက်ပြီး မှော်အစီအရင်ကို ပြန်လည် ထုတ်ယူလိုက်သည်။


"မင်းကလည်း ဒီမှော်အစီအရင်အတွက် လာတဲ့သူပဲ....."


ဝိညာဉ်စုပ်မှော်အစီအရင်......


မှော်အစီအရင်ပြားကို မြင်လိုက်သည့်အခါ၌ အရှင်သခင်၏ မျက်ဝန်းများက စူးရှသွားသည်။ ထိုပစ္စည်းက သူတို့ရှုရဂိုဏ်းပြန်လည် ထူထောင်မည့် ကံကြမ္မာနှင့် ချိတ်ဆက်နေပေသည်။


"ဟုတ်တယ် အဲ့ဒါ ငါ့ကိုပေး"


အရှင်သခင်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။သူရဲ့ပုံရိပ်က ဝေဝါးသွားပြီး အရိပ်များအဖြစ် လေထုကိုဖြတ်သန်းကာ ပုဖန်၏ရှေ့၌ ပေါ်လာသည်။ကြီးမားလှသော ဖိအားကြောင့် စွမ်းအင်လှိုင်းများက ကောင်းကင်ယံဆီသို့ မြင့်တက်သွားသည်။


ထိုအချင်းအရာက တန်ခိုးရှင် အဆင့်တစ်ယောက်၏ စွမ်းအားပင် ဖြစ်သည်။သို့သော်လည်း ဆိုင်အတွင်း၌ ရှိနေသော ပုဖန်ကို မည်သည့် သက်ရောက်မှုမှ မရှိပေ။


ဝဝဖိုင့်ဖိုင့် အကြီးအကဲက အဝေးမှနေ၍ ထိုမြင်ကွင်းကို လှမ်းကြည့်နေသည်။သူ ထိုမြင်ကွင်းကြောင့် အသက်ရှုရပ် မတန့်ပင် ဖြစ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။


"အို့.......ဘုရားရေ...ပိုင်ရှင်ပုက ဘယ်လိုလူမျိုးလဲ သူက တန်ခိုးရှင် အဆင့်တစ်ယောက်ရဲ့ ဖိအားအောက်မှာပဲ အေးအေးဆေးဆေးနေနိုင်နေတယ် ဘယ်လ်ို မကောင်းဆိုးဝါးပါလိမ့်......."


"ဒီနေ့ ငါဆီကနေ ဒီပစ္စည်းကို လာတောင်းဆိုတဲ့ အဖွဲ့သုံးဖွဲ့ ရောက်လာတယ် မင်းက တတိယအဖွဲ့ပဲ ဒီပစ္စည်းက တကယ်ပဲ အရေးကြီးတာလား ...."


ပုဖန်က ထို မှော်အစီအရင်ပြားကို မြှောက်တင်လိုက်ရာ နတ်ဆရာအရှင်သခင်၏ အသက်ရှုသံများပင် မြန်ဆန်လာသည်။ ရှုရဂိုဏ်း၏ ပြန်လည်ရှင်သန်ခြင်းနှင့် သက်ဆိုင်နေသည့် ပစ္စည်းကို ထိုကောင်လေးက သူ၏ ရှေ့မှာ ပစ်မြှောက်၍ ကစားနေပေသည်။ထိုအချင်းအရာက သူကို လုံးဝ စော်ကားလိုက်ခြင်းပင် ဖြစ်၏။ ထိုကဲ့သို့သော အရှက်ကွဲမှုမျိုးကို ရှင်းလင်းပစ်ရန်မှာ ပုဖန်ကို သုတ်သင်လိုက်သည့် နည်းတစ်နည်းသာ ရှိသည်။


"ငါပြောနေတယ် အဲ့ဒါ ငါ့ကိုပေး....."


အရှင်သခင်က အော်ဟစ်လိုက်သည်။သူ၏ မိုးခြိမ်းသံကဲ့သို့ အသံက သမုဒ္ဒရာလှိုင်းလုံးများ တလိမ့်လိမ့်တက်လာသလို ရိုက်ခတ်လာသည်။လမ်းခင်းကျောက်များပင် အက်ကွဲလာပြီး စတင်၍ တုန်ခါလာသည်။


ဝှိုက်တီ၏ မျက်ဝန်းများက ချက်ချင်းပင် ခရမ်းရောင် ပြောင်းလဲသွားသည်။ကြီးမားလှသည့် ဓားပြားကြီးတစ်လက် ထွက်ပေါ်လာပြီး ပုဖန်၏ ခန္ဓာကိုယ်ကို ဒိုင်းတစ်ခုသဖွယ် ကာရံလိုက်သည်။ ဓားအလင်းရောင် တစ်ချက်နှင့်အတူ ဓားပြားကြီးက နတ်ဆရာ အရှင်သခင်ရှိရာဆီသို့ လွှဲခုတ်ချလိုက်သည်။


"ဖယ်စမ်း..."


နတ်ဆရာအရှင်သခင်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဝှိုက်တီ၏ ဓားချက်နှင့် တွေ့ဆုံသွားသည်။


ဘန်း.....


အရှင်သခင်၏ ရိုက်ချက်ကြောင့် ဝှိုက်တီက အနောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။သူ၏ ခရမ်းရောင် မျက်ဝန်းများက တဖျတ်ဖျတ် ဖြစ်သွားသည်။


နတ်ဆရာအရှင်သခင်ကလည်း သူ၏ လက်မှ ပြင်းထန်သော နာကျင်မှုကို ခံစားရ၍ ငုံ့ကြည့်လိုက်သည်။သူလက်မှ သွေးများ ယိုစီးထွက်လာသည်ကို တွေ့လိုက်ရ၏။သူက တန်ခိုးရှင် အဆင့်များကြားမှာပင် သန်မာလှသည့် စစ်သည်တော်တစ်ဦးဖြစ်သည်။


"သံရုပ်သေးတစ်ရုပ်က သူကို ဘယ်လိုလုပ်များ ဒဏ်ရာရအောင် လုပ်နိုင်တာလဲ....မင်းက အဆင့် (၉) ရုပ်သေးပဲ ....ငါက မင်းကို လျှော့တွက် မိသွားတယ် "


နတ်ဆရာအရှင်သခင်က အထင်မြင်သေးစွာ ရယ်မောရင်း ပြောလိုက်သည်။ မည်သည်ပင်ဆိုစေကာမူ သူကိုအနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ ရုပ်သေးရုပ်တစ်ရုပ်က သူကို ကြောက်ရွံ့စွာ မလုပ်နိုင်ပေ။အဆင့် (၉ )ရုပ်သေးရုပ်ကလည်း ရုပ်သေးရုပ်သာ ဖြစ်သည်။


ပုဖန်ကလည်း အံ့အားသင့်သွားသည်။သူက ဝှိုက်တီ နောက်ဆုတ်လိုက်ရသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။သူ၏ ရှေ့က လူအုပ်ကြီးက မြင့်မားသည့် စွမ်းအင်အဆင့် ရှိရပေမည်။


နတ်ဆရာ အရှင်သခင်ဆီမှ အစစ်အမှန်စွမ်းအင် အနက်ရောင်လှိုင်းများ ပေါ်ထွက်လာပြီး အစစ်မှန် စွမ်းအင်ဖြင့် ဖွဲ့တည်ထားသော ဝံပုလွေများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုကြမ်းကြုတ်ရက်စက်လှသော ဝံပုလွေများထံမှ နက်မှောင်လှသော စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်။သူတို့၏ သွေးနီရောင်နီရဲနေသော မျက်ဝန်းများက ဝှိုက်တီကို စူးစိုက်ကြည့်နေကြသည်။ ဝံပုလွေ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ထိုဖန်တီးထားသည့် သားရဲများက ဝှိုက်တီဆီကို တိုးဝင်သွားကြသည်။


ဝှိုက်တီက ကြီးမားလှသည့် ဓားကြီးကို ဝှေ့ယမ်းလိုက်ပြီး အစစ်အမှန် စွမ်းအင် ဝံပုလွေများကို စုတ်ဖြဲပစ်လိုက်သည်။ ဝှိုက်တီ၏ စက်ရုပ်ခန္ဓာကိုယ်က ကျောက်တုံးကဲ့သို့ မာကြောလှလေရာ ဝံပုလွေများ၏ ကြောက်စရာကောင်းလှသော ကိုက်ချက်က သူကို ထိုးဖောက်နိုင်စွမ်း မရှိပေ။


အရှင်သခင်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။သူက ထိုကဲ့သို့ ထူးခြားလှသည့် ရုပ်သေးရုပ်မျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ နဂါးမြို့ဟောင်း တိုက်ကြီးမှာရှိသော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရုပ်သေးဂိုဏ်းတွင်ပင် ထိုကဲ့သို့ ထူးခြားသည့် ရုပ်သေးရုပ်မျိုး မပိုင်ဆိုင်ပေ။ သို့သော်လည်း ထိုရုပ်သေးက မည်မျှပင် အစွမ်းထက်ထက် ကိစ္စမရှိပေ။ဝိညာပ်စုပ် မှော်အစီအရင်ကို ပြန်လည်ရယူခြင်းအား ဟန့်တားလာပါက သူကိုလည်း ဖြိုဖျက်ပစ်ရပေမည်။


အရှင်သခင်နတ်ဆရာက ရှေ့သို့ ခြေတစ်လှမ်း ထက်လှမ်းလိုက်သည်။သူ၏ ပုံရိပ်က မြောက်များလှစွာသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဝှိုက်တီ၏ ရှေ့၌ ပြန်၍ ပေါ်ထွက်လာသည်။ သူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။သူက မီးတောင် ပေါက်ကွဲသလို အားပြင်းထန်လှသော လက်သီးချက်ဖြင့် ဝှိုက်တီကို ထိုးနှက်လိုက်သည်။


ဝှိုက်တီက ကြီးမားလှသော ဓားဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ပြင်းထန်လှသော ပေါက်ကွဲမှု အပြီး၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နောက်သို့ လွင့်သွားသည်။ သူ့ခြေထောက်အောက်၌ ရှိနေသော လမ်းခင်းကျောက်များက တစ်စစီ ပြိုပျက်သွား၏။ပုဖန်က ဝှိုက်တီ အရေးနိမ့်နေသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်၏။


ဝှိုက်တီ၏ စက်ရုပ်ခန္ဓာကိုယ်က ပြင်းထန်လှသည့် ပြင်ပ ဒဏ်ရာများကို ကုစားပေးနိုင်စွမ်းရှိသော်လည်း ထိုကဲ့သို့ အခြအနေမျိုး ဖြစ်မနေသင့်ပေ။ ပုဖန်၏ စိတ်ထဲ၌ တစ်ချက်လှုပ်ခါသွားပြီး သူ့လက်ထဲ၌ မဟူရာလိပ်ခုံး ဒယ်အိုး ထွက်ပေါ်လာသည်။နက်ဆွေးလှသော မဟူရာဟလိပ်ခုံးဒယ်အိုးက စိုးရွံ့ထိတ်လန့်ဖွယ် ခံစားချက်များကို ပေးစွမ်းလေသည်။မဟူရာလိပ်ခုံး ဒယ်အိုးမှာ အစစ်အမှန် စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး လေထဲ၌ မျောလွင့်နေသည်။


ဒယ်အိုးပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော မှော်ပုံစံများက ချက်ချင်းပင် တောက်ပလာသည်။နက်ဆွေးနေသော ဒယ်အိုးမှာ တောက်ပလှသော ရွှေရောင် အလင်းတန်းများ ထုတ်လွင့်လာ၏။ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည့် ယခုအခါ၌ ထိုအလင်းတန်းများက ရွှေနဂါးအရိုးမီးဖိုချောင်သုံး ဓားကဲ့သို့ပင် တောက်ပလှသည်။


ပုဖန်က ရွှေရောင် ဒယ်အိုးကိုဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှိုက်သွင်းလိုက်သည်။ထို့နောက် မျက်နှာသေဖြင့်ပင် ထိုဒယ်အိုးကို လွှဲ၍ ပစ်လိုက်သည်။ မဟူရာလိပ်ခုံး ဒယ်အိုးက မြင့်မားလှသော တောင်ကြီးတစ်ကောင်ကဲ့သို့ ပြင်းထန်လှသော အားမျိုးဖြင့် နတ်ဆရာအရှင်သခင်ဆီသို့ တိုးဝင်သွားသည်။


ထိုဒယ်အိုးက လေထုအပါအဝင် အရာရာတိုင်းကို ဆုတ်ဖြဲဖျက်ဆီးလိုက်သလို ရှိသည်။ဝှိုက်တီကို တိုက်ခိုက် ပြီးနောက် အရှင်သခင်က ခေါင်းမော့ကြည့်လိုက်ရာ သူရှေ့ရာဆီသို့ တည့်တည့်တိုးဝင်လာသော ရွှေရောင်ဒယ်အိုးကြီးကို တွေ့လိုက်ရသည်။


"ဒါဘာကြီးလဲ "


"နတ်ဘုရား တစ်ပိုင်း အဆင့် ပစ္စည်း"


နတ်ဆရာ အရှင်သခင်က မျက်မှောင်ကြုတ်လိုက်ပြီး လက်သီးဖြင့် မဟူရာ လိပ်ခုံးဒယ်အိုးဆီသို့ ထိုးနှက်လိုက်သည်။


ဘန်း.......


လက်သီးနှင့် ဒယ်အိုးတို့ ထိပ်တိုက်တွေ့ဆုံသွား၏။နတ်ဆရာအရှင်သခင်၏ အမူအရာက ဆိုးဆိုးရွားရွား ပြောင်းလဲသွား၏ သူ၏ လက်သီးချက်က တောင်ကြီးကို ထိုးနှက်လိုက်သလိုပင် ခံစားရသည်။သူ၏ လက်ဆစ်များပင် စတင်၍ နာကျင်လာ၏။


"ဒါဘာကြီးလဲ....."


နတ်ဆရာအရှင်သခင်က သူခန္ဓာကိုယ်ရှိ အစစ်အမှန် စွမ်းအင်များ အားလုံးကို စုစည်းလိုက်ပြီး လက်ဖဝါးဆီသို့ တွန်းပို့လိုက်သည်။ထို့နောက် လက်နှစ်ဖက်လုံးကို အသုံးပြု၍ မဟူရာလိပ်ခုံး ဒယ်အိုးကို အားအပြည့်ဖြင့် တွန်းထုတ်လိုက်၏။ သူ၏ ပုံရိပ်က လေဟာနယ်ထဲသို့ အရှိန်ဖြင့် လွင့်မျောသွားပြီးနောက် မဟူရာလိပ်ခုံး ဒယ်အိုးကို တားဆီးနိုင်သွားသည်။


မဟူရာလိပ်ခုံးဒယ်အိုးက သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက်ကို နှိမ်နင်းနိုင်ခဲ့သော်လည်း တကယ့် တန်ခိုးရှင်အဆင့် တစ်ယောက်အတွက်မူ ပြိုင်ဘက်မဟုတ်ပေ။


ပုဖန်က နမြောတဿ ဖြစ်မှုကို ခံစားလိုက်ရသည်။သူ့ ဒယ်အိုးကို အသုံးပြုဖို့အတွက် သူ့၏ စွမ်းအား တစ်ဝက်ကျော်ကျော်ခန့်ကို အသုံးပြုခဲ့ရသည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားနှင့် နှိုင်းယှဉ်လိုက်လျှင် ဒီမဟူရာ လိပ်ခုံး ဒယ်အိုးကို အသုံးပြုရသည်က သူစွမ်းအင်များ ပိုမိုကုန်ဆုံးနေသည်။


အစစ်အမှန်စွမ်းအင် လှိုင်းများ ပြိုကွဲသွားပြီးနောက် မဟူရာလိပ်ခုံး ဒယ်အိုးက တဖြေးဖြေးပျောက်ကွယ်သွားကာ ပုဖန်၏ ဘေးသို့ ပြန်ရောက်လာသည်။ပုဖန်က လက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။


"ဒါက တကယ်ကို နတ်ဘုရားတစ်ပိုင့် အဆင့် ပစ္စည်းပဲ .....အဆင့် ၉ ရုပ်သေးရုပ်..... နတ်ဘုရားတစ်ပိုင်းအဆင့် ပစ္စည်း .....


"မင်းရဲ့ တကယ့်အစစ်အမှန်က တကယ်ပဲ ဘယ်သူလဲ ...တောင်ပိုင်းဒေသက မင်းလိုလူမျိုး တစ်ယောက်ကို မွေးမထုတ်ပေးနိုင်ဘူး မင်းက တစ်ခြားတစ်နေရာကနေ ရောက်လာတာလား....."


နတ်ဆရာအရှင်သခင်က နာကျင်နေသော သူ၏လက်ကို ယမ်းခါရင်း ပုဖန်ကို မလွဲတမ်း ကြည့်နေသည်။နတ်ဆရာအရှင်သခင်က နာကျင်နေသော သူ၏ လက်ကို ယမ်းခါရင်း ပုဖန်ကို မလွှဲတမ်း ကြည့်နေသည်။


ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေဆဲ ဖြစ်သော ဘလက်ကီက

အရှင်သခင်၏ စကားများကို ကြားသောအခါ သူ၏ နားရွက်လေးများ လှုပ်ခါသွားသည်။ ထို့နောက် သူက အလွန်အမင်း အံ့အားသင့်နေသော နတ်ဆရာအရှင်သခင်ကို ခေါင်းမော့၍ စူးစိုက် ကြည့်လိုက်သည်။