အပိုင်း ၃၂၂
Viewers 53k

အခန်း.၃၂၂ 

မှော်အစီအရင်ကွဲပျက်သွားခြင်းနှင့် ဝိညာဉ် တသောင်းငိုကြွေးခြင်း....


ပုဖန်က မဟူရာ လိပ်ခုံး ဒယ်အိုးကို ဆုပ်ကိုင်လိုက်ပြီး အသာအယာ အသက်တစ်ချက် ရှိုက်ထုတ်လိုက်သည်။လေထုကလည်း အေးခဲနေသလိုပင် လေထဲ၌ ရှိနေဆဲ ဖြစ်သော နတ်ဆရာ အရှင်သခင်က ထိတ်လန့် အံ့သြဖွယ်ရာ စွမ်းအင်များကို ထုတ်ဖော်၍ ပုဖန်ကို မလွှဲတမ်း ကြည့်နေသည်။


အဝေးတစ်နေရာဆီမှ ဝဝဖိုင့်ဖိုင့်အကြီးအကဲကလည်း နှုတ်ခမ်းများကို သပ်လိုက်အိသည်။ပုဖန်၏ မူလအစက ထင်ရှားမှု မရှိပေ။


အဆင့် ၉ အစောင့်အရှောက်နှင့် နတ်ဘုရားတစ်ပိုင်း အဆင့် ပစ္စည်းကို ပိုင်ဆိုင်ထားသောသူက မထင်မရှား မြို့ငယ်လေး၏ စားသောက်ဆိုင် ပိုင်ရှင် မည်သို့ ဖြစ်နိုင်ပါမည်နည်း။


သူ၏ ကျောထောက်နောက်ခံက ကြီးကြယ် မြင့်မြတ်လှသော သူများ ဖြစ်ရပေမည်။ဝဝဖိုင့်ဖိုင့် အကြီးအကဲက တောင်ပိုင်း ဒေသတစ်ခုလုံးကို လွှမ်းမိုးမှု ရှိသော အမြင့်ဆုံး ဂိုဏ်းဟု သတ်မှတ်ကြသည့် ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ စစ်သည်တော် တစ်ယောက် ဖြစ်သော်လည်း ပုဖန်၏ နောက်ကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးပေ။


သူ ကြားခဲ့ဖူးသည့် တစ်ကြိမ်ကလည်း သူ၏ တပည့်က ပုဖန်၏ ဟင်းပွဲများကို မရပ်မနား ချီးကျူးနေသည့် အချိန်ကသာ ဖြစ်သည်။


"နှိမ့်နှိမ့်ချချနေတဲ့ တစ်စုံတစ်ယောက် ဘယ်လိုတောင် ထူးခြားတာလဲ.....ဟမ်း...မင်းဘယ်သူပဲ ဖြစ်ဖြစ် ...မင်းအနောက်မှာ ဘယ်သူပဲရှိရှိ ကိစ္စမရှိဘူး....တကယ်လို့ မင်းက ရှုရဂိုဏ်းရဲ့ ပြန်လည်ထူထောင်မဲ့ လမ်းကြောင်းမှာ ပိတ်ဆို့နေမယ်ဆိုရင်တော့ မင်းကျဆုံးသွားရမယ်......"


ရှုရဂိုဏ်းမှ အရှင်သခင်ပ အချိန်ခဏမျှ တိတ်ဆိတ်နေ၏။သူ၏ မျက်ဝန်းများကလည်း မှေးမှိန်ဖြော့တော့နေသည်။သို့သော်လည်း သူ စတင်၍ စကားပြောလိုက်သည့် အခါတွင်တော့ သူ၏ စကား၌ ခြိမ်းခြောက်မှုများဖြင့်သာ ပြည့်နှက်နေသည်။


သူက ပုဖန်၏ နောက်တွင် မည်သူရှိနေမှန်းမသိပေ။သို့သော်လည်း စပ်စပ်ပတ်သတ်မှုများကို မကြာခင် ရှာတွေ့ပေလိမ့်မည်။


ဝိညာဉ်စုပ် မှော်အစီအရင်က ရှုရဂိုဏ်းပြန်လည် ရှင်သန် ထမြောက်ခြင်း၏ အဓိကသော့ချက် ဖြစ်သည်။ထိုကဲ့သို့ အရေးကြီးသော ပစ္စည်းမျိုးကို သူစိမ်းတစ်ယောက်၏ လက်ထဲ၌ သူမထားနိုင်ချေ။


ဝှီး......


အသံတစ်ချက်နှင့်အတူ အချုပ်အနှောင်မှ အကျဉ်းသား တစ်ယောက် ချိုးဖောက် လွတ်မြောက်လာသကဲ့သို့ ရှုရဂိုဏ်း၏ အရှင်သခင်၏ ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာသည်။


ထိုအခ်ျိန်ခဏ၌ သူ၏ ဆံပင်များကလည်း သွေးအရိပ်များ အဖြစ် ပြောင်းလဲသွားသည်။သူ့၏ အသွင်အပြင် တစ်ခုလုံးက ငယ်ရွယ်နုပျိုမှု အဖြစ်သို့ ပြောင်းလဲသွားသည်။


ကြွက်သားအပြည့်နှင့် သန်မာလှသော သူ၏ ခန္ဓာကိုယ်က စပရိန်တစ်ခုကဲ့သို့ပင် ကောင်းကင်ယံထက်ဆီသို့ ကန်ထွက်လာသည်။ထို့နောက် စစ်သေနတ် မရပ်မနားပစ်သကဲ့သို့ ပုဖန်ကို တရပ်စပ်ခတိုက်ခိုက်လိုက်သည်။ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက လက်သွားပြီး ပုဖန်၏ ရှေ့၌ ပိတ်ဆို့ ကာကွယ်လိုက်သည်။


သူ၏ ဓားလက်ကို မြှောက်တင်လိုက်ပြီး စွမ်းအင်လှိုင်းများကို အားဖြင့် ခုတ်ချလိုက်သည်။


"ဖယ်စမ်း...."


နတ်ဆရာအရှင်သခင်၏ မျက်ဝန်းများက သွေးဆာနေပြီး ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။သူက ဝှိုက်တီကို တစ်ချက်ထိုးချလိုက်သည်။


အစစ်အမှန် စွမ်းအင် အနက်ရောင် လှိုင်းများကို သယ်ဆောင်လာသော တိုက်ခိုက်မှုက ဝှိုက်တီ၏ ဓားစွမ်းချက်ကို ပြိုပျက်သွားစေသည်။


ဘန်း.....


ဝှိုက်တီက ထိုလက်သီးချက်ကြောင့် အနောက်သို့ လွင့်သွားပြီး သူ၏ ခန္ဓာကိုယ်က လေထဲတွင် အကြိမ်များစွာလိမ့်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားသည်။


သို့သော်လည်း သူက ဝှိုက်တီကို အမြစ်ဖြတ် သုတ်သင်နိုင်ခြင်းတော့ မရှိပေ။အဝေးတစ်နေရာဆီသို့ ရပ်နေသော ဝဝဖိုင့်ဖိုင့် အကြီးအကဲက သူ ကူညီသင့်မသင့်ကို တွန့်ဆုတ်နေမိသည်။


သို့သော်လည်း လက်တွေ့ကျကျပြောရလျှင် သူပါဝင်လိုက်ခြင်းက အခြေအနေကို ကွဲပြားခြားနားသွားနိုင်မည်က မသေချာပေ။


ရှုရဂိုဏ်းမှ မကောင်းဆိုဝါးက လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်များလည်း ရှိပြီး အလွန်တရာ အင်အားကြီးမားလှသည်။သူ့အနေဖြင့် ထိုအကြီးအကဲနှင့် တိုက်ခိုက်လျှင် အသာစီးရဖို့ ယုံကြည်ချက်မရှိပေ။


သူက အပြန်ပြန်အလှန်လှန် တွေးတောနေမိသည်။ရုတ်တရက် သူ၏ အကြည့်များက ဒယ်အိုးကို နောက်တစ်ကြိမ် လွှဲပစ်ရန် လုပ်နေသော ပုဖန်ကို သတိပြုမိသွားပြီး အေးခဲသွားသည်။


ပုဖန်က အသက်ပြင်းပြင်းတစ်ချက်ရှု သွင်းလိုက်သည်။သူ ဒယ်အိုးကို သေချာ စွာ စုပ်ကိုင်လိုက်ပြီးနောက် သူ၏ ရန်သူရှိရာဆီသို့ အားဖြင့် ပစ်လွှဲလိုက်သည်။


"ဒီသံဒယ်အိုးက ဒီမကောင်းဆိုးဝါးအပေါ်မှာ အလုပ်မဖြစ်ဘူး မဟုတ်လား ....ဘာလို့ နောက်တစ်ကြိမ် ထပ်ပစ်နေတာလဲ....."


ဝဝဖိုင့်ဖိုင့်အကြီးအကဲ၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်သွားလေသည်။တစ်ခြားတစ်ဖက်တွင်မူ ရှရဂိုဏ်းမှ အရှင်သခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။


သူက အစစ်အမှန် စွမ်းအင်လှိုင်းများကို စုစည်းလိုက်ပြီး သူ၏ လက်ကို ဖုံးလွှမ်းလိုက်ကာ လက်ဖြင့် ဆက်ခနဲ ရိုက်ထုတ်လိုက်သည်။


ပုဖန်က ခပ်တိုးတိုး တစ်ချက် အော်လိုက်သည်။သူ၏ ခန္ဓာကိုယ်ကိုလှည့်၍ ရွှေရောင်ဒယ်အိုးကို နောက်တစ်ကြိမ် ထပ်လွှဲ ပစ်လိုက်သည်။


"ဟမ်း......အဆင်ခြေမဲ့လိုက်တာ ....မင်းအခုထိ စိတ်မကုန်သေးဘူးလား ...."


ပုဖန်က ယခင်နည်းလမ်းအဟောင်းတိုင်း အသုံးပြုနေသည်ကို မြင်လိုက်ရသောကြောင့် နတ်ဆရာအရှင်သခင်က ပါးစပ်ဟောင်းလောင်းပွင့် အံ့အားသင့်သွားပြီး လှောင်ပြုံး ပြုံးလိုက်သည်။


သူက သူဆီသို့ တည့်တည့် ပျံသန်းလာနေသော ရွှေရောင်ဒယ်အိုးကို ကြည့်ပြီးနောက် အစစ်အမှန်စွမ်းအင်များဖြင့် ရစ်ပတ်ထားသော လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။


ထိုလက်သီးချက်က ဒယ်အိုးကို ကြမ်းတမ်းစွာ ထ်ိမှန်သွားသည်။မဟူရာလိပ်ခုံးဒယ်အိုး၏ မယုံနိုင်စရာ အလေးချိန်က အရှင်သခင်ကို နိမ့်ဆင်းကျသွားစေသည်။


သူ၏ လက်ကို ရစ်ပတ်ထားသော အစစ်အမှန် စွမ်းအင် အလွှာက ပေါက်ကွဲ သွားပြီး အရှင်သခင်၏ မျက်နှာက မဲမှောင်သွားသည်။


သို့သော်လည်း သူ၏ လက်သီးချက် ကျရောက်သွားသည့် ခဏမှာပင် မဟူရာလိပ်ခုံးဒယ်အိုးက သူလာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်သွားလေသည်။


"ဟေး....မင်းရဲ့ အဆောင်ပြားကို မလိုချင်တော့ဘူးလား....."


ဒယ်အိုးက သူ၏ လမ်းကြောင်းအတိုင်း ပြန်သွားသည့် အချိန်မှာပင် အေးစက်လှသည့် အသံတစ်သံက အရှင်သခင်၏ နားအတွင်းသို့ ပဲ့တင်ရိုက်ခတ်လာသည်။


အရှင်သခင်၏ မျက်ဝန်းများက စူးရှသွားပြီး သူခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များ အားလုံး ထထောင်သွားသည်။သူက မဟူရာလိပ်ခုံး ဒယ်အိုး၏ အနောက်မှ အဆောင်ပြား ငါးပြားအစီအရင်ကို တွေ့လိုက်ရသည်။ထိုအစီအရင်က မယုံနိုင်စရာ အမြန်နှုန်းဖြင့် သူရှိရာဆီသို့ ပျံသန်းလာနေသည်။


ထို့အပြင် သူက မဟူရာလိပ်ခုံးဒယ်အိုးကို တွန်းထုတ်လိုက်သောကြောင့် ထိုနှစ်ခုက တိုက်မိပေတော့မည်။


"သေစမ်း....မဟုတ်ဘူး....."


အရှင်သခင်၏ ကျောရိုးထဲမှပင် စိမ့်တက် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။သူက အသားကုန်အော်ဟစ်လိုက်ပြီး လျှပ်စီးတန်းကဲ့သို့ မြန်လှသော အလင်း အလျှင်နှုန်းဖြင့် ဝိညာဉ်စုပ်မှော်အစီအရင် ရှိရာဆီသို့ ဦးတည်သွားလိုက်သည်။သူဝိညာဉ်စုပ် မှော်အစီအရင်ကို ဘာမှ ဖြစ်ခွင့်မပေးနိုင်ပေ။


ဝှိုက်တီ၏ ပုံရိပ်က မြေပြင်ရှ် အပျက်အစီး ပုံများကြားထဲမှ ချက်ချင်းပေါ်ထွက်လာသည်။သူ၏ ခရမ်းရောင် မျက်ဝန်းများက တောက်ပပြီး အေးစက်လှသည်။သူက ကြီးမားလှသော ဓားကြီးဖြင့် အရှင်သခင်ကို ခုတ်ပိုင်းချလိုက်သည်။


အရှိန်ဖြင့် ပျံသန်းလာသော နတ်ဆရာအရှင်သခင်၏ ခန္ဓာကိုယ်က ကြားဖြတ်တိုက်ခိုက်ခံလိုက်ရသည်။


မည်သို့ပင်ဆိုစေ ဝှိုက်တီကလည်း အဆင့် ၉ ရုပ်သေးရုပ် ဖြစ်သောကြောင့် ထိုခွန်အား၏ ဖိနှိပ်မှု ဒဏ်ကို နတ်ဆရာအရှင်သခင်က အလွယ်တကူ ရင်ဆိုင်နိုင်ခြင်း မရှိပေ။သူသတိလက်လွတ် နောက်ပြန်ဆုတ်လိုက်ရသကဲ့သို့ သူခန္ဓာကိုယ်ပေါ်ရှိကြွက်သားများကလည်း ပြန့်ကားသွားသည်။


ဒီအခြေအနေက သူကိုအတော်တရာနက်သည့် ချောက်ထဲ ပစ်ချလိုက်သကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။ထို့နောက် တောင်တစ်တောင်ကဲ့သို့ လေးလံလှသော မဟူရာ လိပ်ခုံး ဒယ်အိုးနှင့် ဝိညာဉ်စုပ် အစီအရင် တိုက်မိသွားသည်ကို အကူရာမဲ့စွာငေးကြည့်နေရ၏။


မျက်မှောင်ကြုတ် ကြည့်နေသော ပုဖန်၏ စိတ်ထဲ၌ ရုတ်တရက် ပျော်ရွှင် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။


ခွပ်......


ကျွတ်ဆတ်သော အသံတစ်သံ ထွက်ပေါ်လာပြီး အစီအရင်ပြားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


ပျက်စီးယိုယွင်းနေသော မှော်အစီအရင်က လေးလံလှသော မဟူလိပ်ခုံး ဒယ်အိုး၏ တိုက်ခိုက်မှု တစ်ခုတည်းကိုပင် ခံနိုင်ရည်မရှိသည်က သေချာလှသည်။


တိုက်မိသည်နှင့် တစ်ပြိုင်နက် မှော်အစီအရင်အခင်းအကျင်းက ပြိုကွဲသွားပြီး အစိတ်ပိုင်းလေးများဖြင့် ပျက်စီးသွားလေသည်။


မျက်နှာပြင်ပေါ်တွင် ရေးဆွဲထားသော သိပ်သည်းလှသည့် ဆန်းကြယ်သည့် ပုံစံများကလည်း လုံးဝ ပြိုပျက်သွားသည်။


ဝီ......


လေပြင်းတစ်ချက် တိုက်ခိုက်လာသည်။စီကနဲ ထွက်ပေါ်လာသော စူးရှသည့် အော်သံများက လူတိုင်းကို ကြက်သီးမွှေးညှင်း ထသွားစေသည်။


"ဒါက ဝိညာဉ်စုပ်မှော်အစီအရင်ပဲ အဲ့ဒီထဲမှာ သိန်းချီတဲ့ စိတ်ဝိညာဉ် အနှစ်သာရတွေကို စုဆောင်းထားတယ် ....အခုအဲ့ဒါက ပြိုကွဲ သွားပြီဆိုရင် နတ်ဆိုးအာရုံတွေကို ထုတ်လွင့်ပေးပြီးတော့ ဆယ်မိုင်အတွင်းမှာရှိတဲ့ အရာရာတိုင်းက မကောင်းဆိုးဝါး နတ်ဆိုး မြို့တော်အဖြစ် ပြောင်းလဲသွားလိုက်မယ်...."


နတ်ဆရာအရှင်သခင်၏ မျကနှာ၌ ဒေါသတရားများ အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။သူက ဆယ်မိုင်အတွင်းရှိ အရာရာအားလုံး နတ်ဆိုး မြို့တော်အဖြစ် ပြောင်းလဲသွားခြင်းကို နည်းနည်းမှ ဂရုမစိုက်ပေ။


သို့သော်လည်း သူကြိုးစားစုဆောင်းထားသော စိတ်ဝိညာဉ် အနှစ်သာရများကို ဆုံးရှုံးလိုက်ရခြင်းက သူ့အား အလွန်အမင်း နာကျင်စေသည်။


စိတ်ဝိညာဉ် အနှစ်သာရများနှင့် မကောင်းဆိုးဝါး အာရုံခံစားမှုများကို ဆုံးရှုံးလိုက်ရခြင်းက ရှုရဂိုဏ်းအတွက် ပြင်းထန်သည့် ထိုးနှက်ချက်ကြီးပင် ဖြစ်သည်။


နာကျင်ငိုကြွေးသံများက အင်ပါရီယာ မြို့တော်တစ်ခုလုံးကို ဖြတ်သန်းရိုက်ခတ်သွားသည်။ကောင်းကင်ယံထက်ဆီ၌ အနက်ရောင်တိမ်တိုက်များ တလိပ်လိပ် ဖြစ်ပေါ်လာပြီး အမှောင်ထုက မြို့ကို ဖုံးလွှမ်းလာသည်။


မကောင်းဆိုးဝါး စိတ်အာရုံများနှင့် အဖြူရောင် တစ္ဆပေုံရိပ်များက အစီအရင်ထဲမှနေ၍ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။သူတို့ ထုတ်လွင့်လိုက်သော နာကျဉ်းသည်ြ ခံစားချက်များနှင့် ခါးသီးနာကျင်သည့် ခံစားချက်များက ကောင်းကင်ယံထက်ဆီသို့ ထိုးတက်သွားသည်။


ပုဖန်က အနည်းငယ် အူကြောင်ကြောင် ဖြစ်နေသည်။မှော်အစီအရင် ပျက်စီးသွားခြင်းက ထိုမျှလောက် ဆိုးရွားသည့် မြင်ကွင်းကို သယ်ဆောင်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။


အဝေးတစ်နေရာ၌ ရှိနေသော ဝဝဖိုင့်ဖိုင့် အကြီးအကဲကလည်း အေးခဲ တောင့်တင်းနေသည်။


ရှုရဂိုဏ်းက မြောက်များလှစွာသော စိတ်ဝိညာဉ် အနှစ်သာရများကို စုဆောင်းပြီး ဂိုဏ်း၏ ပြန်လည်ရှင်သန် ထမြောက်ခြင်းကို ပြင်ဆန်ရန်အတွက် စစ်ပွဲကို ရည်ရွယ်ချက်ရှိရှိ စတင် ခဲ့ကြောင်းကို သူသိပေသည်။


သို့သော်လည်း ထိုမျှသေးငယ်လှသော မှော်အစီအရင်ထဲတွင် မရေမတွက်နိုင်အောင် များပြားလှသော စိတ်ဝိညာဉ်များက စီးဆင်းနေမည်ဟု သူ မတွေးဖူးခဲ့ဘူးပေ။


ရှုရဂိုဏ်းက ရက်စက်ကြမ်းကြုတ်ပြီး တကယ်ကို စက်ဆုပ်ဖွယ်ရာ ကောင်းလှသည်။သူ ရုတ်တရက် ရှုရဂိုဏ်း၏ လက်ထဲ၌ တောင်ပိုင်းဒေသတစ်ခုလုံး ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး သွေးလန့်ခဲ့သည့် အချိန်ကို ပြန်သတိရသွားသည်။


ရှုရဂိုဏ်းမှ အရှင်သခင်က သူ၏ အစီအစဉ်များ ပျက်စီးသွားသည့်အတွက် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် အိတ်ထဲမှ မီးခိုးရောင် ဖန်လုံးတစ်ခုကို အလျှင်မြန်စွာ ထုတ်ယူလိုက်သည်။


နတ်ဘုရားတစ်ပိုင်း အဆင့်ပစ္စည်း....ဝိညာဉ်နှုတ် မှော်ဖန်လုံး.....


ဝဝဖိုင့်ဖိုင့် အကြီးအကဲက အံ့အားသင့်သွားပြီး သူ၏ မျက်ဝန်းများ လင်းလက်လာသည်။စိတ်ထဲ၌ တုန်လှုပ်မှု တစ်ခုနှင့် အတူ ရှုရဂိုဏ်းမှ အရှင်သခင်က ဝိညာဉ်နှုတ် မှော်ဖန်လုံးကို စတင်၍ အသက်သွင်းလိုက်ရာ ဖြော့တော့သော အဖြူရောင်အရိပ်လေးများ တောက်ပလာသည်။


မှော်အစီအရင်က ပျက်စီးသွားပေမယ့် လွတ်မြောက်လာသော စိတ်ဝိညာဉ် အနှစ်သာရများကို ပြန်ဆယ်ယူနိုင်ရန် ကြိုးစားရပေသည်။ရှုရဂိုဏ်းမှ အရှင်သခင်က အံတင်းတင်းကြိတ်လိုက်ပြီး ဝိညာဉ်နှုတ်မှော်ဖန်လုံးကို အသက်သွင်းလိုက်သည်။


စိတ်ဝိညာဉ် နှုတ်အနှစ်သာရများက ဝိညာဉ်နှုတ်မှော်ဖန်လုံးဆီသို့ ပျံသန်းသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံထက်၌ စိတ်ချမ်းမြေ့စရာ စူးစူရှရှအော်သံများဖြင့် ပြည့်နှက်သွားသည်။


သို့သော်လည်း ရုတ်တရက် ပျင်း ရိလေးတွဲသော ဟောင်သံတစ်ခုက ကောင်းကင်ယံထက်ဆီသို့ ဖြန့်ကျက်လာသည်။


ထိုဟောင်သံက အကျယ်ကြီးမဟုတ်သော်လည်း ဟောင်သံတစ်ချက်တိုင်း၌ ကေားကင်ယံထက်ဆီ၌ ပြည့်နှက်နေသော မကောင်းသည့် စိတ်အာရုံများနှင့် စိတ်ဝိညာဉ်အနှစ်သာရများက သူတို့၏ လမ်းကြောင်း၌ ပင် ရပ်တန့်သွားကြသည်။


ဝိညာဉ်နှုတ်မှော်ဖန်လုံးထဲသို့ တစ်ပိုင်းတစ်စ တိုးဝင်ပြီး ဖြစ်သော ပုံရိပ်များသည်ပင် အေးခဲသွားသည်။


နတ်ဆရာအရှင်သခင်၏ မျက်နှာ၌ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။သူ၏ စိတ်ထဲ၌ တင်းကျပ်သွားပြီး လှည့်ကြည့်လ်ိုက်ရာ ဆိုင်ရှေ့၌ အိပ်နေသော ဝဝဖိုင့်ဖိုင့် ခွေးနက်ကြီးက ရုတ်ချည်း ထရပ်နေသည်ကို တွေ့လိုက်ရသည်။


ထိုခွေးက ကျော့ကျော့မော့မော့လမ်းလျှောက်လိုက်ရာ သူခန္ဓာကိုယ်ပေါ်မှ အဆီများပင် တုန်ခါသွားသည်။သူ၏ ခွေးလက်လေးများက ပေါ့ပါးသွက်လက်နေပြီး မြေပြင်နှင့် ထိသည့်နေရာ၌ မည်သည့် အသံမှ ထွက်မလာပေ။


အရှင်သခင်၏ မျက်ဝန်းများက အံ့အားသင့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး ပြူးကျယ်ဝိုင်းစက်နေသည်။


"ဒီခွေးကကော စွမ်းဆောင်ရည်တစ်ချို့ ရှိနေတာ ဖြစ်နိုင်လား......"


လမ်းကြားလေး၏ အလယ်၌ လှည့်ပတ်နေသော ဘလက်ကီက ကောင်းကင်ယံထက်တွင် ပြည့်နှက်နေသော မကောက်းသည့် စိတ်အာရုံများနှင့် စိတ်ဝိညာဉ် အနှစ်သာရများကို မော့ကြည့်လိုက်သည်။


ထို့နောက် သူ ပါးစပ်ကျယ်ကျယ်ဟကာ အကျယ်ကြီး ဟောင်လိုက်သည်။ဒီတစ်ခါ ဟောင်သံက မိုင်ထောင်ချီ အထိ ပြန့်နှံ့သွားသည်။


ခပ်မှိန်မှိန်လေး လင်းနေသေည ဝိညာဉ်နှုတ် မှော်ဖန်လုံးကဘရုတ်တရက် စိတ်ဝိညာဉ် အနှစ်သာရများ စုပ်ယူနိုင်သည့် စွမ်းအားကို ဆုံးရှုံးသွားသည်။


ကောင်းကင်ယံ၌ ဝဲလည်နေသော ဝိညာဉ်ပုံရိပ်များက ကန်တော့ပုံ သဏ္ဍာန်ပြောင်းလဲသွားပြီး ဘလက်ကီ၏ ပါးစပ်ထဲသို့ တဟုန်ထိုး ထိုးဆင်းလာသည်။


လေပြင်းတိုင်ခတ်သည့်အသံက ပိုမိုကျယ်လောင်လာပြီး ကောင်းကင်ပေါ်ရှိ တိမ်များက ပြန်လည် အရောင်ပြောင်းသွားသည်။


သူက အကြိမ်အနည်းငယ်မျှ ရှိုက်သွင်းလိုက်ပြီးနောက် သွားများဖြင့် ကြိတ်ချေလိုက်သည်။စိတ်ဝိညာဉ် အနှစ်သာရများက ဘလက်ကီ၏ လည်ချောင်းထဲသို့ ကျဆင်းသွားလေသည်။


အမှောင်ထုက လွင့်ပါး ပျောက်ကွယ်သွားပြီး တိတ်ဆိတ် အေးချမ်းသော အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။


နောက်ဆုံး၌ ဟောင်သံက ရပ်တန့်သွားပြီး နှစ်လိုဖွယ်ရာ အစားအသောက် စားပြီးနောက် စိတ်ကျေနပ်စွာဖြင့် လေတက်လိုက်သည့်အသံက အစားထိုး ဝင်ရောက်လညသည်။


"ဟွန်း ....ငါထင်တဲ့ အတိုင်းပဲ.....စိတ်ဝိညာဉ်အနှစ်သာရတွေနဲ့ မကောင်းဆိုးဝါး အာရုံခံစားမှုတွေရဲ့ အရသာက အရသာရှိတဲ့ ဝက်နံရိုးချိုချဉ်ကြော်နဲ့ မယှဉ်နိုင်ဘူး ...."


နူးညံ့လှသော ယောက်ကျားတစ်ယောက်၏ အသံက လေထဲသို့ ပြန့်လွင့်လာသည်။ဘလက်ကီက လျှာထုတ်၍ နှုတ်ခမ်းများကို လျက်လိုက်သည်။


ထို့နောက် သူက ကြောင်အမ်းအမ်းဖြစ်နေသော ရှုရဂိုဏ်းမှ အရှင်သခင်ကို စူးစိုက် ကြည့်လိုက်၏။