အပိုင်း ၃၂၃
Viewers 53k

အခန်း ၃၂၃

ဒါက ဘယ်လိုခွေးမျိုးလဲ...


နူးညံ့ငြင်သာသော အမျိုးသားတစ်ယောက်၏ အသံက ဧရိယာ တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ထိုအသံ၏ နောက်မှ ကျေနပ်နှစ်သိမ့်စွာ လေတက်လိုက်သော အသံက ကပ်လျက်လိုက်ပါလာသည်။


ဂစ်......


လေတက်လိုက်သော အသံက မိုးကြိုး ပစ်ချလိုက်သကဲ့သို့ပင် ကောင်းကင်ပေါ်တွင် ဝဲလှည့်နေဆဲ ဖြစ်သော ရှုရဂိုဏ်းမှ အရှင်သခင်ကို အံ့သြကြောင်အသွားစေသည်။


သူ၏ သွေးနီရောင် ဆံပင်များက ထောင်ထနေပြီး ပါးစပယ်ဟောင်းလောင်း ပွင့်နေသော သူ၏ ပုံစံက ရယ်စရာ ကောင်းလှသည်။ ရှုရဂိုဏ်းက အရှင်သခင်က လက်ထဲမှ ဝိညာဉ်နှုတ်မှော်ဖန်လုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး စွံ့အနေသည်။


"သူအခု ဘာတွေ တွေ့လိုက်ရတာလဲ......"


ကောင်းကင်ယံထက်တွင် ပြည့်နှက်နေသော ငိုဟစ်မြည်ကျွေးနေကြသည့် စိတ်ဝိညာဉ်များက ခွေး၏ အငမ်းမရ မြိုချစားသောက်ခြင်းကို ခံလိုက်ရသည်။


သူတို့ရှုရဂိုဏ်းက ကြိုးစားပမ်းစား စုဆောင်းထားရသည့် စိတ်ဝိညာဉ် အနှစ်သာရ များစွာ ပါဝင်သော ဝိညာဉ်စုပ် မှော်အစီအရင်ပြားက ခွေးတစ်ကောင်ကို ကျွေးဖို့ ဖြစ်သွားလေပြီ။


"ဒီခွေးက ဘယ်ကရောက်လာတာလဲ .....ဘယ်လိုဖြစ်လို့ အရသာရှိတဲ့ ခွေးအစာတွေအစား စိတ်ဝိညာဉ်အနှစ်သာရတွေကို စားလိုက်ရတာလဲ.....မင်းက ငါ့ကို လာပြောင်နေတာလား....."


အရှင်သခင်က သူ၏ နှလုံးသားကို ဆုတ်ခြေခံလိုက်ရသလို ခံစားလိုက်ရသည်။ထိုသိနိးချီသော စိတ်ဝိညာဉ်အနှစ်သာရများက ရှုရဂိုဏ်း ပြန်လည်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်ပင် ဖြစ်သည်။ယခုတော့ အရာရာအားလုံးက သဲထဲရေသွန် ဖြစ်သွားပေပြီ။


အရှင်သခင်က သူလက်ထဲမှ ဝိညာဉ်နှုတ်မှော်ဖန်လုံးကို တင်းတင်းဆုပ်ကိုင်ပြီး အသားကုန်အော်ဟစ်လိုက်သည်။ရှုရဂိုဏ်းမှ အရှင်သခင်၏ ခန္ဓာကိုယ်က အနက်ရောင်စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး စွမ်းအင်လှိုင်းများက တဟုန်ထိုး မြင့်တက်လာသည်။


ထိုအချိန်၌ ရှုရဂိုဏ်းမှ အရှင်သခင်က ရူးသွပ်လုမတက် ဒေါသပေါက်ကွဲနေပေသည်။သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ကြောက်စရာကောင်းလှသော စွမ်းအင်လှိုင်းများက လူတစ်ယောက်၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေသည်။


ဝဝဖိုင့်ဖိုင့် အဘိုးအိုက အရှင်သခင်၏ ရူးသွပ်လုနီးပါး ဝမ်းနည်းကြေကွဲဖွယ်ရာ အခြေအနေကြောင့် ကြိတ်၍ ဝမ်းသားနေပေသည်။


သို့သော်လည်း သူက အရှင်သခင်ဆီမှ ပေါက်ကွဲထွက်လာသော များပြားလှစွာသော စွမ်းအင်ပမာဏကြောင့် ကူကယ်ရာမဲ့စွာ ထိတ်လန့် တုန်လှုပ်သွားမိသည်။


ဂစ်......


ဘလက်ကီမှ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟ၍ နောက်တစ်ကြိမ် ထပ်မံ လေတက်လိုက်သည်။


"ငါတကယ်ပြောတာ အဲ့ဒီ စိတ်ဝိညာဉ် အနှစ်သာရတွေက လုံးဝ အရသာမရှိဘူး အဲ့ဒါတွေက နဂါးနံရိုးကနေလုပ်ထားတဲ့ နံရိုးချိုချဉ်ကြော် လောက်မကောင်းဘူး ...."


ဘလက်ကီက သူ၏ ထင်မြင်ချက်ကို အရိုးသားဆုံး ပြောလိုက်သည်။


ပုဖန်က ထိုနတ်ဆရာအရှင်သခင် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို ခံစားမိလေသည်။


"သေသင့်တဲ့ခွေး မင်းအခု ဘာတွေကို မျိုချလိုက်တာလဲဆိုတာကို သိလား....မင်းဟာ ရှုရဂိုဏ်းရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်ကံကြမ္မာကို အငမ်းမရ စားသုံးလိုက်တာပဲ....."


အရှင်သခင်၏ သွေးနီရောင် မျက်ဝန်းများ၌ အန္တရယ်အငွေ့အသက်များ လဲ့ဖြာသွားသည်။သူက ဝိညာဉ် နှုတ်မှော်ဖန်လုံးကို အန္တရာယ် ကင်းရာမှာ ထားလိုက်ပြီး ကျော့ရှင်းစွာရပ်၍ သူကို စူးစိုက်ကြည့်နေသည့် ဘလက်ကီဆီသို့ အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။


သူ၏ သွေးနီရောင် ဆံနွယ်များက လေထဲ ပြန့်နှံ့သွားပြီး ကြောက်စရာကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များ မြင့်တက်လာသည်။ဘလက်ကီက လျှာထုတ်၍ ခေါင်းမော့ကြည့်လိုက်သည်။


"ဒီတော့ မင်းတို့ ရှုရဂိုဏ်းရဲ့ မျှော်လင့်ချက်လို့ ခေါ်တဲ့ဟာက နံရိုးချိုချဉ်ကြော်ရဲ့ အရသာထက် ဆိုးတယ် ..."


"ချီးပဲ စားလိုက်....."


ရှုရဂိုဏ်းအရှင်သခင်မှ ဒေါသများ ပေါက်ကွဲထွက်သွားသည်။သူက လေထဲ၌ မျောလွင့်သွားပြီး အသံထက်မြန်သော နှုန်းဖြင့် ဘလက်ကီဆီသို့ တိုးဝင်သွားသည်။


"အဆင့်မြင့် သားရဲကြီး ဟမ်း...ဒါက ဆိုင်ငယ်လေးထဲမှာ ပုန်းကွယ်နေတဲ့ အဆင့်မြင့်သားရဲကြီးပဲ ဖြစ်ရမယ် ....မင်းက အဆင့်မြင့်သားရဲကြီးဆိုရင်တောင်မှပဲ ရှုရဂိုဏ်းရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့တဲ့ အတွက် တန်ရာတန်ကြေး ပြန်ပေးရမယ်....မင်းဘာကိုပဲ မျိုချလိုက်လိုက် အခုပဲ ပြန်ထွေးထုတ်....."


ဝေရာ....


အစစ်အမှန် စွမ်းအင်လှိုင်းများ ပါဝင်သော လက်သီးချက်က ခွေးနက်ကြီးဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။အနီရောင် လင်းလက်နေသော မျက်ဝန်းများဖြင့် ဝံပုလွေတစ်ကောင်၏ ပုံရိပ်က ရှုရဂိုဏ်းမှ အရှင်သခင်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။


အဝေးတစ်နေရာမှ ကြည့်နေသော ဝဝဖိုင့်ဖိုင့် အကြီးအကဲ၏ နှလုံးသားက ပြုတ်ကျသွားသလိုပင် ခံစားလိုက်မိသည်။


ထိုရှုရဂိုဏ်းမှ အရှင်သခင်၏ လက်သီးချက်၌ ကြောက်စရာကောင်းလှသော အော်ရာများ ပါဝင်နေသည်ကို ခံစားမိ၏။ထိုလက်သီးချက်သာ သူပေါ်ကို ကျရောက်သွားလျှင် သူခေါင်းပြုတ်သွားပေလိမ့်မည်။


"ဒါကို ရပ္လို့မရေတာ့ဘူး....."


ပုဖန်က ကောင်းကင်ယံထက်ဆီမှ သွေးလန့်နေသော ကျည်ဆံတစ်ခုကဲ့သို့ ကျဆင်းလာသော ရှုရဂိုဏ်းမှ အရှင်သခင်ကို ကြည့်နေသည်။သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွား၏။


သူက ခွေးဝတုတ်အတွက် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပေ။သူ ဘလက်ကီ၏ စွမ်းဆောင်ရည်များကို ထိုးဖောက် မမြင်နိုင်သော်လည်း အလွန်ပင် ယုံကြည်စိတ်ချထားပေသည်။


ဘလက်ကီက လျှာတန်းလန်းထုတ်ထားပြီး သူ၏ နူးညံ့သိမ်မွေ့လှပလှသော ခွေးလက်ဖဝါးလေးကို မြှောက်ထားလိုက်သည်။ထို့နောက် သူ၏ အနက်ရောင် လက်ဖဝါးလေးကို ရှုရဂိုဏ်း အရှင်သခင်ဘက်ဆီသို့ အသာလေး ဝှေ့ယမ်းလိုက်သည်။


ထို့နောက် ထိုလက်ဝါး အရိပ်က ကောင်းကင်ယံထက်၌ ထွက်ပေါ်လာသည်။ထိုခွေးလက်ဖဝါး ပုံရိပ်လေးက မကြီးမားလှပေ။


သို့သော်လည်း ထိုလက်ဖဝါးနှင့် ရှုရဂိုဏ်းမှ အရှင်သခင်တို့ တိုက်မိသွားပြီး အခါ၌ ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲထွက်သွားပြီး အသံကျယ်ကြီး မြည်ဟီးသွားလေသည်။


ဗုံးပေါက်ကွဲသကဲ့သို့ နားကွဲလောက်စရာ အသံက အင်ပါရီယာ မြို့တော်တစ်ခုလုံးကို ပြန့်နှံ့သွားသည်။


မြို့တံတိုင်းထက်တွင် ရှိနေသော ဂျိချန်းရွဲ့နှင့် သူ၏ လူစုက စားသောက်ဆိုင်ရှိရာ ဘက်ဆီသို့ အလန့်တကြား ကြည့်လိုက်မိကြသည်။


"ဒါက ရှုရဂိုဏ်းမှ အရှင်သခင်နဲ့ ဆိုင်ငယ်လေးမှာ ရှိတဲ့ အဆင့်မြင့် သားရဲကြီးတို့ ကြားက ကြီးကျယ်တဲ့ တိုက်ပွဲလား...."


မြို့အပြင်ဘက်မှာရှိနေသော ဂျိချန်းယုနှင့် ကျောက်မူရှန်တို့ကလည်း စိတ်မရှည်နိုင် ဖြူနေကြသည်။


"မျှော်လင့်ထားတဲ့ အတိုင်းပဲ ပုဖန်ရဲ့ ဆိုင်ငယ်လေးက ကိုင်တွယ်ရ မလွယ်ကူဘူး ဒါပေမယ့် သူတို့ရဲ့ အရှင်သခင်က အဲ့ဒီ အဆင့်မြင့် သားရဲကြီးတော့ မရှုံးနိုင်မှာ သေချာပါတယ်...ဟုတ်တယ်မှတ်လား....

"


ရှုရဂိုဏ်းမှ အရှင်သခင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက တဖြေးဖြေး မြင့်တက်လာသည်။သူ၏ သွေးနီရောင် ဆံပင်များက ပြင်းထန်လှသော လေပြင်းဒဏ်ကြောင့် တဖြတ်ဖြတ် လွင့်ခါနေသည်။


သူ၏ မျက်နှာအမူအရာက ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာမှုများ အထင်းသား ပေါ်လွင်နေသည်။သူ၏ လက်သီးချက်ဖြင့် ခွေးလက်ဖဝါးတို့ ထိပ်တိုက်တွေ့သွားရာတွင် အစစ်အမှန် စွမ်းအင်များက သူဆီသို့ ပြန်ကန် ထွက်လာသည်ကို တွေ့လိုက်ရသည်။


ထိုကန်ထွက်လာသော အင်အားကြောင့် သူ၏ နှလုံးသားထဲမှပင် တုန်လှုပ်သွားသည်။သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အန္တရာယ်အငွေ့အသက်များနှင့် ထိတွေ့လိုက်ရသည်ကို ခံစားလိုက်ရသည် ။


ဘန်း .....


သူ၏ မျက်စိရှေ့မှာပင် ခွေးလက်ဖဝါးက သူဝံပုလွေ၏ လက်ဖြင့် ထိုးဖောက် ဖြတ်ကျော်လာပြီးနောက် သူဆီသို့ ဦးတည်လာသည်။


ထို လက်ဖဝါးက သူဆီသို့ မကျရောက်သေးခင်မှာပင် အရှင်သခင်၏ ခန္ဓာကိုယ်ကို အစစ်အမှန် စွမ်းအင် ကိုယ်ပွား တစ်ခုက လွှမ်းခြုံသွားသည်။အရှင်သခင်က အနောက်ဘက်ကို ပျံသန်းလိုက်သည်။


ကောင်းကင်ယံကို ဖြတ်ကျော်လာသော ထိုလက်ဖဝါးက နောက်ဆုံး၌ မြေပြင်ကို ပြင်းထန်စွာ ထုချလိုက်သည်။


ဘေးပတ်ပတ်လည်တွင် ရှိနေကြသော အရာရာတိုင်းကအနည်းငယ်ဆီ ပျက်စီးသွားပြီး ပြိုကျ ပျက်စီးမှုကြောင့် အဝန်းဝိုင်းကြီး ဖြစ်ကျန်ခဲ့လေသည်။


ဟမ်.....


ဘလက်ကီ၏ မျက်ဝန်းထဲ၌ စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။


"ဒီလက်ဝါးချက်က သူကို အဆုံးမသတ်နိုင်သေးဘူးလား....ကြည့်ရတာတော့ ဒီလူရဲ့ တိုက်ခိုက်မှု စွမ်းအင်က တော်တော်လေး ကောင်းတာပဲ...."


အရှင်သခင်က ကောင်းကင်ယံထက်ဆီသို့ ပြန်လည် တက်လိုက်ရာ လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်သွားသည်။သူ၏ ခန္ဓာကိုယ်ပေါ်မှ အစစ်အမှန် စွမ်းအင် သံချပ်ကာကလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားပေပြီ။


သူ၏ အမူအရာကလည်း အရင်ကထက်ပင် မဲမှောင်နေသည်။သူ၏ မျက်ဝန်းထဲ၌လည်း စိုးရိမ် ပူပန်သည့် အရိပ်အငွေ့များ ယှက်ဖြာနေ၏။


"ဒီအဆင့်မြင့် သားရဲကြီးက တန်ခိုးရှင် အဆင့် နောက်ဆုံးအဆင့်လား.....ဒါမှမဟုတ်ရင် တန်ခိုးရှင်အဆင့် အထွဋ်အထိပ်လား......"


ကြောက်စရာကောင်းလှသော အတွေးများက အရှင်သခင်၏ စိတ်ထဲ၌ တဖျတ်ဖျတ် ဖြတ်ပြေးသွားသည်။အဆင့်၉ တန်ခိုးရှင် အဆင့်နှင့် အထွဋ်အထိပ် အဆင့်ကြား၌ ကွာခြားချက်များ ရှိသည်။


သူတို့ကြား၌ အဆင့် အသေးလေး တစ်ခုသာ ကွာခြားသော်လည်း တိုက်ခိုက်နိုင်မှု စွမ်းဆောင်ရည်ကွာခြားချက်က ကြီးမားလှသည်။


ဥပမာအားဖြင့် အရှင်သခင်က အလွယ်တကူ အနိုင်ယူလိုက်သော ကနဦး အစ တန်ခိုးရှင်အဆင့်မှာသာ ရှိသေးသည့် ဝဝဖိုင့်ဖိုင့် အကြီးအကဲကို ကြည့်နိုင်လေသည်။


အကယ်၍ သူ၏ ရှေ့မှ သားရဲကြီးက နောက်ဆုံးအဆင့် သို့မဟုတ် အထွဋ်အထိပ် အဆင့်သို့ ရောက်ရှိနေလျှင် အခြေအနေက ပို၍ ခက်ခဲသွားပေလိမ့်မည်။တကယ်တမ်းတွင် သူပင် ရှုံးနိမ့် သွားနိုင်ပေမည်။


"မဟုတ်ဘူး မဖြစ်နိုင်ဘူး....ဒီအဆင့်မြင့် သားရဲကြီးက နောက်ဆုံး အဆင့်ကို ရောက်နေတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး .....ဒီလို အဆင့်ကို ရောက်နေတဲ့ စိတ်ဝိညာဉ် သားရဲတစ်ကောင်အနေနဲ့ ဒီလိုဆိုင်ငယ်သေးသေးလေးရဲ့ တံခါးစောင့် လုပ်ဖို့ဆိုတာက သိက္ခာကျလွန်းတယ်....."


အရှင်သခင်က စိတ်သက်သာရာရစွာ တွေးလိုက်ပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။သူက ထိုခွေး၏ သွင်ပြင်ကြောင့် လှည့်စားခံလိုက်ရသည်ဟုသာ ယုံကြည်နေသည်။


"မသေသေးဘူးလား...."


နူးညံ့လှသော အမျိုးသားတစ်ယောက်၏ အသံက လေထဲ၌ ပြန့်လွင့်လာသည်။အရှင်သခင်၏ နှလုံးသားက တဒုန်းဒုန်း လှုပ်ခါသွားပြီး သူ၏ မျက်ဝန်းများက စူးရှကျဉ်းမြောင်းသွားသည်။


သူ၏ရှေ့ရှိ မြေပြင်ပေါ်တွင် လှပတင့်တယ်စွာ ရပ်နေသော ခွေးနက်ကြီးက အသွင်ပြောင်းလဲသွားသည်။


သူ၏ နဂိုမူလ သေးငယ်ပြီး ချစ်စရာကောင်းလှသော ပုံသဏ္ဍာန်က သဲသောင်ပြင်ထက်ဆီသို့ တလိမ့်လိမ့် တက်လာသော ကြီးမားလာသည့် လှိုင်းလုံးကြီးများ အသွင် ယူလိုက်သကဲ့သို့ပင် တဖြေးဖြေး မြင့်တက်လာသည်။


သူ၏ သေစေနိုင်သော အကြည့်များက သူခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံနေသည့် သားမွှေးများနှင့် လိုက်ဖက်ညီမှု ရှိလှသည်။


ဘန်း......


ခွေးလက်ဖြင့် မြေပြင်ကို ကုတ်ခြစ်လိုက်မှုကြောင့် တုန်ခါသွားပြီး နားကွဲလောက်စရာ အသံများ ထွက်ပေါ်လာသည်။အရှင်သခင်က သူ၏ မျက်ဝန်းရှေ့၌ ကြီးမားလှသည့် ပုံရိပ်ကြီး ပေါ်ထွက်လာသည်ကို ကြည့်ပြီး လေပြင်းဖြင့် ရိုက်ထုတ်ခံလိုက်ရသလိုပင် ခံစားမိ၏။


အချိန်ခဏ၌ အရှင်သခင်က သူပြိုင်ဘက်၏ မျက်ဝန်းထဲ၌ ရက်စက်ကြမ်းကြုတ်ပြီး အဆင်အခြေမဲ့လှသော အရိပ်ယောင်များကို ရှာတွေ့လိုက်သည်။သူမကြာခင်မှာပဲ ရှုံးနိမ့်တော့မည်ဟု ခံစားရပြီး သူနှလုံးသားက အကြမ်းပတမ်း တုန်ခါလာသည်။


"မဟုတ်ဘူး....."


အရှင်သခင်က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။သူက ဘလက်ကီ၏ ကြီးမားလှသော ခေါင်းဆီသို့ ချိန်ရွယ်၍ ထိုးနှက်လိုက်၏။ သို့သော် သူ၏ ထိုးနှက်ချက်က မရောက်သေးခင်မှာပင် ခွေးလက်ဝါး၏ ထုနှက်မှုကို ခံလိုက်ရသည်။


ထိုရိုက်ချက်ကြောင့် သူမြေပြင်ပေါ်သို့ ပြင်းထန်စွာဟပြုတ်ကျသွားပြီး မြေကြီးထဲ နစ်ဝင်သွား၏။


ဘုန်း......


ဘလက်ကီ၏ ဧရာမ ခြေလက်လေးချောင်းလုံးက မြေပြင်ပေါ်ကို သက်ဆင်းလိုက်သောကြောင့် သူအောက်ရှိ မြေပြင်က ငလျင်ကဲ့သို့ တုန်ခါသွားသည်။


အရှင်သခင်က အပျက်အစီးပုံများကြားထဲမှ တွားသွား၍ ထွက်လာသည်။သူက တစ်ဖက်သတ် တိုက်ခိုက်ခံနေရသလိုပင် ထိုခွေးက အလွန်အမင်း ကြောက်စရာကောင်းလှသည်။


ခွေးလက်ဖဝါး ရိုက်ချက်က အရှင်သခင်ကို ရာဘာဘောလုံး သကဲ့သို့ နောက်သို့ လွင့်သွားစေပြီး အဆောက်အဦးများကြား ညှပ်သွားစေသည်။


မှင်သက်မူးမောနေသော အရှင်သခင်က နောက်တစ်ကြိမ် နီးကပ်လာသော ဖိအားများကို ခံစားလိုက်ရသည်။


"နောက်ထပ်ပြီးတော့လား......"


သူ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာသည်။သူ၏ တန်ခိုးရှင်အဆင့် ခန္ဓာကိုယ်ကလည်း အသားပြားဘဝ ပြောင်းပေတော့မည်။သူ လက်ကိုဝှေ့ယမ်းလိုက်ပြီး အဆောင် ကျောက်စိမ်းပြားများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။


ထို့နောက် သူခန္ဓာကိုယ်မှ အစစ်အမှန် စွမ်းအင်လှိုင်းများ စတင်လည်ပတ်လာပြီး ထို ကျောက်စိမ်းပြားများဖြင့် ဘလက်ကီဆီသို့ ပစ်ပေါက်လိုက်သည်။


ထိုအဆောင်ပြားများက လေထဲ ဝဲလည်သွားပြီး ပေါက်ကွဲသွားလေရာ ကောင်းကင်ယံထက်၌ မီးရှုးမီးပန်းများ ပစ်ပေါက်လိုက်သကဲ့သို့ပင် ရှိသည်။


ဒီတစ်ကြိမ်၌ ပုဖန်က ဘလက်ကီ၏ တိုက်ခိုက်မှုကို ဒုတိယအကြိမ် မျက်မြင်တွေ့ရခြင်း ဖြစ်သည်။ပထမအကြိမ် နည်းသိူ့ပင် သူ၏ တိုက်ခိုက်မှုက ခန်းနားကြီးကျယ်လှပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။


ထို အရှင်သခင်က တန်ခိုးရှင်အဆင့် အလယ်လတ်ဖြစ်သော်လည်း ဘလက်ကီက လုံးဝ လွှမ်းမိုးထားနိုင်ခဲ့သည်။


"ဘလက်ကီက ဘယ်လို ခွေးမျိုးလဲ...."


 ပုဖန်က ရုတ်တရက် ဘလက်ကီ၏ မူလအစကို သိချင်စိတ် ပြင်းပြလာသည်။


လေပေါ်တွင် ဝဲနေသော ဝဝဖိုင့်ဖိုင့် အကြီးအကဲက အသိစိတ်လွတ်မတက် ကြောက်ရွံ့သွားသည်။ဘလက်ကီက ဒေါသပေါက်ကွဲပြီး အရှင်သခင်ကို အနိုင်အထက် ပြုမူနေသည်။


ထိုနတ်ဆိုးခွေးက ရက်စက်ကြမ်းကြုတ်လှသည်။ထိုအရာက သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန် သွားပေပြီ။


အဟွတ် ...အဟွတ်.....


ရှုရဂိုဏ်းမှ အရှင်သခင်က သွေးတစ်လုတ် အန်လိုက်သည်။သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကျိုးကြေမတက်ဖြစ်နေ၏။ထိုခွေး၏ လက်ဝါးရိုက်ချက် အနည်းငယ်ကို ခံနိုင်ရည်မရှိပေ။


သူကိုယ်သူ စွမ်းအားမဲ့လွန်းသူဟု ခံစားနေရမိပြီး ထိုခွေးက သူကို အရုပ်တစ်ရုပ်ကဲ့သို့ ကစားနေသည်ဟုလည်း ခံစားမိပေပြီ။


"ခွေးတစ်ကောင်ရဲ့ ကစားခြင်းကို ခံနေရတယ်..."


သူက အားနည်းနေသော်လည်း သူလက်ထဲမှ နောက်ဆုံးကျန်သည့် ကျောက်စိမ်းပြားကို ဖိထားတုန်းပင် ဖြစ်သည်။မကြာခင်မှာပင် ကျောက်စိမ်းပြားက ကျိုးကြေသွားပြီး အဝေးဆီမှ ရုတ်တရက် ဓားဆန္ဒတစ်ခု နှိုးထလာသည်။


သူက သွေးနီရောင် ဓားကို ဆင့်ခေါ်လိုက်ပြီး တစ်နေရာဆီသို့ လွှဲခုတ်ချလိုက်သည်။ကြည်လင်လှသော ဓားအလင်ူတန်းက ကောင်းကင်ယံတွင် ပြည့်နှက်သွားသည်။


"ဒါက ရှုရဓား....မဟုတ်ဘူး...

ရှုရဓားဆန္ဒ....."


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ ဝဝဖိုင့်ဖိုင့် အကြီးအကဲက ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားသည်။နတ်ဆရာအရှင်သခင်က အဆက်မပြတ် ချောင်းဆိုးလိုက်ပြီး ကျယ်လောင်စွာဟအော်ဟစ် ရယ်မောလိုက်သည်။


သူက ကြီးမားလှသော ခွေးကြီးကို အညှိုးတကြီး ဖြင့် စိုက်ကြည့်လိုက်သည်။


ထိုဓားစိတ်ဆန္ဒက ရှုရဂိုဏ်း၏ အရေးကြီးဆုံး ဓားစိတ်ဆန္ဒ ဖြစ်ပြီး ရှုရဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်၏ အစွမ်းလည်း ဖြစ်သည်။


ထိုဓားအစွမ်းက တန်ခိုးရှင်အဆင့် နောက်ဆုံးအဆင့်ကိုပင် အမြစ်ဖြတ် သုတ်သင်နိုင်လောက်အောင် အားကောင်းသန်မာလှသည်။


"သေသင့်တဲ့ ခွေး ..သေပေတော့...."


ရှုရဂိုဏ်းမှ အရှင်သခင်က မျက်လုံးပြူး မျက်ဆံပြူးဖြင့် အသားကုန် အော်ဟစ်လိုက်သည်။


ဘလက်ကီက ခေါင်းမော့၍ လေထဲတွင် ဝဲပျံနေသော ရှုရဓားစိတ်ဆန္ဒ၏ အရိပ်ကို အေးဆေးစွာ တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ဟားတိုက် ရယ်မောနေသော အရှင်သခင်ကို အသာအယာ ပြန်ကြည့်လိုက်သည်။


"ဆူလိုက္တာ..."

 

ဘန်း.....


ဘလက်ကီ၏ ခွေးလက်ဝါးက ရှုရဂိုဏ်းမှ အရှင်သခင်ဆီသို့ ပျံသန်းသွားသည်။သူက ဟက်ဟက်ပက်ပက် ရယ်နေသော အရှင်သခင်ကို နောက်လွင့်သွားအောင် ရိုက်ရမည့်မစား မှုန့်မှုန့်ညှပ်ညှပ် ကျေသွားအောင် တိုက်ရိုက် ထုချေ ချလိုက်သည်။


ရှုရဂိုဏ်း၏ အရှင်သခင် တန်ခိုးရှင် အဆင့် စစ်သည်တော်က ကျဆုံးသွားပေပြီ။