အပိုင်း ၃၂၄
Viewers 53k

အခန်း ၃၂၄ “ဟောင်သံကြောင့် ပြိုကွဲသွားသော ရှုရဓားစိတ်ဆန္ဒ.. ”

ရှုရဂိုဏ်းမှ နတ်ဆရာ အရှင်သခင် တစ်ဦးက ခွေးလက်ဝါးဖြင့် ပြားနေအောင် ရိုက်နှက်ခြင်း ခံလိုက်ရသောကြောင့် သေဆုံးခဲ့ရသည်။ ဝဝဖိုင့်ဖိုင့် အကြီးအကဲက သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်ခွဲထွက်သွားသလ်ိုပင် ကြောင်အ အံ့သြ တုန်လှုပ်နေမိသည်။ သူ၏ မြင်ကွင်းရှေ့မှာပင် အရှင်သခင် အသတ်ခံလိုက်ရသော်လည်း သူမျက်လုံး သူမယုံကြည်နိုင် ဖြစ်နေမိသည်။

ထိုရှုရဂိုဏ်းမှ အရှင်သခင်က တန်ခိုးရှင်အဆင့် အလယ်အလတ်အဆင့် ဖြစ်ပြီး ရှုရဂိုဏ်း၏ ကျောရိုးလည်း ဖြစ်သည်။ ထို့အပြင် တောင်ပိုင်းဒေသ တစ်ခုလုံးကို ရက်စက်စွာ အုပ်ချုပ်ခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။ ထိုကဲ့သို့သော စစ်သည်တော်ကို တောင်ပိုင်းဒေသအတွင်း၌ မည်သူမှပင် ကြားဖူးခြင်းမရှိသည့် ကြုံရာခွေးတစ်ကောင်က သတ်ပစ်လိုက်လေသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် သူဖင်ကို စောင့်ကန်နိုင်လောက်အောင် အစွမ်းထက်ခဲ့သော အရှင်သခင်က ယခုမူ ခွေးတစ်ကောင်ကြောင့် အသားပြား ဖြစ်သွားပေပြီ။

"ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ...."

နောက်ဆုံး၌ ဝဝဖိုင့်ဖိုင့် အကြီးအကဲက တွေးတောနေရာမှ သတိဝင်လာပြီး ထိုခွေးကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။သူ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်နေပေ၏။

ကောင်းကင်ယံထက်၌ ရှိနေဆဲဖြစ်သော သွေးနီရောင် ရှုရဓားစိတ်ဆန္ဒက ခွေးနက်ကြီးကို အနှောင့်အယှက် မဖြစ်စေပေ။

"ဒီတစ်ကြိမ်တော့ ရှုရဂိုဏ်းက ဘယ်လိုပြဿနာမျိုးကို ရှာမိတာပါလိမ့် ...."

ရှုရဂိုဏ်း၏ အရှင်သခင် သေဆုံးသွားခြင်းက ရှုရဂိုဏ်း ပြိုကွဲသွားခြင်း မဟုတ်သေးဘူး တောင်ပိုင်းဒေသတစ်ခုလုံးကိုပင် လှုပ်ခါသွားစေလိမ့်မည်။

ပုဖန်ကလည်း ကြောင်အနေရာမြှပန်လည် အသက်ဝင်လာသည်။ထိုကဲ့သို့သော သန်မာလှသည့် စစ်သည်တော်က ဘလက်ကီ၏ ရိုက်ချက်တစ်ချက် ဖြင့်ပင် အလွယ်တကူ သေဆုံးသွားလိမ့်မည်ဟု မျှော်လင့်မထားမိပေ။

ဝီ.....

လေထုထဲ၌ နောက်ထပ်အသံတစ်သံ ထပ်မံ ထွက်ပေါ်လာသည်။ ရှုရဂိုဏ်းမှ အရှင်သခင် ပြုတ်ကျသွားသော နေရာဆီမှ အစစ်အမှန် လှိုင်းများ စတင် ထွက်ပေါ်လာသည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းများက လေထုကိုပင် ဆုတ်ဖြဲလု နီးပါး ဖြစ်သွားသည်။ ဖြူဖျော့နေသော စိတ်ဝိညာဉ်အနှစ်သာရများက စတင်၍ ထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဉ် ပုံရိပ်က ရှုရဂိုဏ်းမှ အရှင်သခင်၏ စိတ်ဝိညာဉ်ဖြစ်သည်။

ထိုသူ၏ စိတ်ဝိညာဉ်က ဒေါသတကြီး ဖြစ်နေပြီး အသံတိတ် အော်ဟစ်နေသည်။ သူ၏ ပုံရိပ်ကလည်း ကိုးယို့ကားယား ဖြစ်နေကာ မျက်နှာက ရက်စက် ကြမ်းကြုတ်ပုံပေါ်နေသည်။ ရုတ်တရက် နက်ရှိုင်းလှသော စုပ်ယူမှု စွမ်းအင် တစ်ခုက အပျက်အစီးပုံများ ကြားထဲမှ ထွက်ပေါ်လာသည်။ မီးခိုးဖြူရောင် ဝိညာဉ်နှုတ် မှော်ဖန်လုံးက လေထဲ၌ မျောလွင့်နေပြီး ရှုရဂိုဏ်းမှ အရှင်သခင်၏ စိတ်ဝိညာဉ် အနှစ်သာရက်ို ဆွဲယူနေပေသည်။

ထို့နောက် စိတ်ဝိညာဉ် အနှစ်သာရများ အားလုံးက မှော်လုံးထဲ ဆွဲယူ မျိုချခံလိုက်ရလေပြီ။ ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့် ရှုရဂိုဏ်းမှ အရှင်သခင်က လုံးဝ သေဆုံးသွားပြီ ဖြစ်ကြောင်း သံသယရှိစရာပင် မလိုတော့ပေ။ သွေးနီရောင် တိမ်တိုက်များက သွေးနီရောင် ဓားတစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားသည်။စွမ်းအားများ စုနေသည့် ဓားရှည်တစ်လက်က ကောင်းကင်ယံ၌ တည်ရှိနေလေ၏။

ရှုရဂိုဏ်းဓားစိတ်ဆန္ဒက အနီရောင်ဖြစ်နေသောကြောင့် သွေးများ စီးကျနေသလိုပင် ထင်ရသည်။ ထိုဓားက ဘလက်ကီ ရှိရာဆီသို့ ညွှန်လိုက်သည်။ ထို့နောက် ပြင်းထန်လှသော အရှိန်ဖြင့် လွှဲယမ်းလိုက်ရာ လမ်းတစ်ခုလုံးနီးပါး ပျက်စီးသွားသည်။

……

မြို့၏ အပြင်ဘက်၌ သူ၏ ဒဏ်ရာများကို ပြန်လည် ကုစားနေသော သွေးမျိုးနွယ် အစောင့်အရှောက် ရုတ်တရက် မျက်ဝန်းများ ဖွင့်လိုက်သည်။ ထို့နောက် စစ်တပ်၏ အရှေ့ဆီသို့ အရှိန် ဖြင့် ပြေးထွက်သွားသည်။ သူက အဝေးတစ်နေရာဆီမှ ကောင်းကင်ထက်၌ ရပ်တန့်နေသော ရှုရဓားစိတ်ဆန္ဒကို မြင်လိုက်ရသည်။ ထို့နောက် သူ၏ မျက်နှာထက်၌ ထိတ်လန့် အံ့အားသင့်မှုများ ဖုံးလွှမ်းသွားသည်။

"ရှုရဓားစိတ်ဆန္ဒ....နတ်ဆရာအရှင်သခင်က ရှုရဓားစိတ်ဆန္ဒကို ဖိတ်ခေါ်ဖို့ အတွက်တောင် ဖိအားပေးခံရတာလား...." သူကလေအေးများ ရှူရှိုက်လိုက်မိသည်။သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်လာလေ၏။

ဂျိချန်းယုနှင့် ကျောက်မူရှန်တို့ နှစ်ယောက်လုံး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာသည်ဟု ခံစားလိုက်ရသည်။စ်ိတ်ဝိညာဉ် မြင်းပေါ်တွင် ထိုင်နေဆဲ ဖြစ်သည့် သူတို့နှစ်ယောက်က အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ထားလိုက်သည်။

"အခြေအနေကို ကြည့်ရတာတော့ ရှုရဂိုဏ်းက အရှင်သခင်က ပုဖန်ကို မကိုင်တွယ်နိုင်ဘူး ထင်တယ်...."

ကျယ်ပြန့်လှသော နယ်စပ်မြို့တော်အတွင်း မဲမှောင်နေသည့် မျော်စင်တစ်ခုထဲ၌ မျက်နှာဖုံး တပ်ဆင်ထားသော နတ်ဆရာမ၏ မျက်တောင်လေးများ တဖြတ်ဖြတ် လှုပ်ခါလာပြီး မျက်လုံး ဖွင့်လိုက်လေသည်။ သူမ၏ စိတ်ထဲ၌ မကောင်းသော အငွေ့အသက်များကို ခံစားမိနေပြီး စိတ်နှလုံးက တုန်ယင်နေသည်။

သူမက လက်ကိုဝှေ့ယမ်းလိုက်ရာ များပြားလှသော ကျောက်စိမ်းအဆောင်ပြားများက ဆင့်ခေါ်ခြင်း ခံလိုက်ရသလိုမျိုး လေထဲသို့ မြင့်တက်လာသည်။သူမက သွယ်လျသော လက်ချောင်းလေးများကို ကွေးချည်ဆန့်ချည် လုပ်ရင်း စိတ်ထဲမှ တွက်ချက်မှု တစ်ချို့ ပြုလုပ်နေပေသည်။ ထိုအရာများကို ဆက်လက်လုပ်နေရင်းမှ သူမ၏ မျက်နှာဖုံးအောက်မှ နက်ရှိုင်းလှသော မျက်ဝန်းများ၌ ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လာလေသည်။

ကျယ်လောင်လှသော အသံနှင့်အတူ ကျောက်စိမ်းပြားက တစ်စစီ ပြိုပျက်သွားသည်။ထိုပေါက်ကွဲမှုကြောင့် အပိုင်ူပိုင်းအစ လေးများက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

"ဒါက ...."

နတ်ဆရာမက မတ်တပ်ထရပ်လိုက်သည်။သူမ အသက်ရှုမဝသကဲ့သို့ သူမ၏ နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ခါနေပေ၏။

"နတ်ဆရာအရှင်သခင်က သေဆုံးသွားပြီ....."

ဘုန်း...ဘုန်း.....ဘန်း......

နားကွဲလောက်စရာ ပျက်စီးသံများကြောင့် မျှော်စင်က တုန်ခါနေပေ၏။ နတ်ဆရာမက ထိတ်လန့်တကြားဖြင့် သူမ၏ နောက်မှ ထူထဲလှသည့် သံတံခါးကို ကြည့်လိုက်သည်။ ဝေးလံသော အရပ်ဆီမှ သိပ်သည်းလှသော စွမ်းအားတစ်ခုက သံတံခါးကိုဖြတ်သန်းလာသည်။

"အာ....ရ.....ဘယ်သူက ရှုရဓားစိတ်ဆန္ဒကို အစပျိုးလိုက်တလဲ ....ဒီစွမ်းအင်တွေက ဝိညာဉ်နှုတ် မှော်ဖန်လုံးရဲ့ စွမ်းအင်တွေလား...."

စစ်ဆေးမေးမြန်းသည့် အသံတစ်ခုက သံတံခါးကို ဖြတ်ကျော်၍ ထွက်ပေါ်လာသည်။နတ်ဆရာမက အသက်ရဲရဲပင် မရှုရဲတော့ချေ။သူမက ခက်ခက်ခဲခဲ ပြန်ပြောလိုက်ရသည်။

"နတ်ဆရာအရှင်သခင်က တကယ်ပဲ ကျဆုံးသွားပါပြီ...."

အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တိုးဖျော့သော အသံတစ်ခုက ပြန်လည် တုံ့ပြန်လာသည်။

"ငါသိပြီးသားပါ....ဝိညာဉ် နှုတ်မှော်ဖန်လုံးပေါ်မှာ ငါထားထားတဲ့ စိတ်ဝိညာဉ် အာရုံခံ ကိရိယာက နှိုးထလာခဲ့တယ်...."

……

ဘလက်ကီ၏ မျက်လုံးလေးများက ကောင်းကင်ယံထက်တွင် တည်ရှိနေသော သွေးနီရောင် ဓားကို ငေးမော ကြည့်ရှူနေသည်။ထိုဓားက အရွယ်အစား ကြီးမားလှပြီး ဖိအားများ ပြင်းထန်လှသော်လည်း ဘလက်ကီအပေါ်၌ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိပေ။ ထိုအစားသူက ဖျော်ဖြေရေးတစ်ခုကို ကြည့်ရသလိုသာ ကြည့်နေသည်။

ရှုရဓားစိတ်ဆန္ဒ ....

ထိုရှုရဓားစိတ်ဆန္ဒကို တောင်ပိုင်းဒေသကဲ့သို့ ဝေးလံ ခေါင်သည့် နေရာတွင် တွေ့လိုက်ရမည်ဟု မည်သူမှ မတွေးထင်မိပေ။ ဓားစိတ်ဆန္ဒက အသက်ဝိညာဉ် ကင်းမဲ့နေပြီး အပိုင်းအစများ ဖြစ်နေပုံရသော်လည်း တောင်ပိုင်းဒေသက မည်သူမှ မပိုင်ဆိုင်နိုင်သည့် ရှုရဓားစိတ်ဆန္ဒဖြစ်နေတုန်းပင် ဖြစ်သည်။ ကောင်းကင်ယံထက်၌ တည်ရှိနေသော သွေးနီရောင်ဓား၏ လွှမ်းမိုးမှုကြောင့် အင်ပါရီယာ မြို့သူမြို့သားများက စိတ်မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရသည်။

သူတို့၏ သွေးကြောထဲ၌ စီးဆင်းနေသော သန့်ရှင်း စင်ကြယ်လှသော သွေးများကို ထိုဓားက စုပ်ယူနေသကဲ့သို့ပင် ခံစားနေရ၏။ ထိုအရာက နတ်ဆိုးတစ်ကောင် သူတို့ဆီ ရောက်လာသကဲ့သို့ပင် ကြောက်စရာ ကောင်းလှပေသည်။မီးခိုးရောင် ဖျော့ဖျော့ ဝိညာဉ်နှုတ်မှော်ဖန်လုံးက စတင်၍ လည်ပတ်လာသည်။ ထိုမှော်ဖန်လုံးက အော်ဟစ် မြည်ကျွေးနေသော ရှုရဂိုဏ်းအရှင်သခင်၏ စိတ်ဝိညာဉ် အနှစ်သာရများကို မျိုချစားသုံးပြီးသည့်နောက် ထွန်းလင်း တောက်ပလာသည်။

ဒီအတိုင်းရှိနေသော ဝိညာဉ်နှုတ်မှော်ဖန်လုံးက ရုတ်တရက် အသက်ဝင်လာသလိုမျိုး လေထုကို ချောချောမွေ့မွေ့ ဖြတ်သန်းသွားသည်။ ထိုဝိညာဉ်နှုတ်မှော်ဖန်လုံးမှ ကြီးမားလှသော မီးခိုးရောင် အရိပ်တစ်ခု ဖောက်ကွဲ ထွက်ပေါ်လာသည်။ ထိုအရိပ်က ကောင်းကင်ယံထက်ဆီသို့ ပြင်းထန်လှသော ဖိအားများကို သယ်ဆောင်လာသည်။ ထိုဖိအားက ဝဝဖိုင့်ဖိုင့် အကြီးအကဲပေါ်တွင် ပြင်းထန်စွာ သက်ရောက်နေပြီး သူမျက်နှာတစ်ခုလုံး တစ္ဆတေစ်ကောင်ကဲ့ ဖြူဖျော့လာသည်။

ရှုရဂိုဏ်းရဲ့ အရှင်သခင် သွမ့်လင်....

ဝဝဖိုင့်ဖိုင့် အကြီးအကဲက တံတွေးတစ်ချက် မျိုချလိုက်မိပြီး သူ၏ မျက်ဝန်းများက ကြောက်ရွံ့မှုဖြင့် တုန်ရီနေသည်။ထိုနာမည်က သူအတွင် အိမ်မက်ဆိုး တစ်ခုပင် ဖြစ်သည်။ ရှုရဂိုဏ်းက တောင်ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းမိုးခဲ့စဉ်က ထိုနာမည်က လူတိုင်း၏ ခေါင်းအထက်တွင် ရေးထိုးထားလေသည်။

"သူ နှိုးထလာတာ ဖြစ်နိုင်လား...."

ထိုကြီးမားလှသော ပုံရိပ်က အထက်ကောင်းကင်တွင် ရှိနေသော သူနေရာမှ နေ၍ အောက်ဘက်တွင် ရှိနေသာ အရာအားလုံးကို အကဲခတ် စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံး၌ သူ၏ အကြည့်များက ကြီးမားလှသော ဘလက်ကီပေါ်သို့ ကျရောက်သွားလေသည်။ မျက်ဝန်းနှစ်စုံက ကောင်းကင်ယံထက်၌ ထိပ်တိုက် တွေ့ဆုံသွားကြသည်။

"ငါ့ ရှုရဂိုဏ်းက နတ်ဆရာကို မင်းသတ်လိုက်တာလား....ဘယ်လိုတောင် ရဲတင်းတာလဲ....."

ထိုကြီးမားလှသော ပုံရိပ်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ယံတွင် ရှိနေသော သွေးနီရောင် ဓားကို ဖမ်းချုပ်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံက ကောင်းကင်ကို ဖြတ်သန်း ထွက်ပေါ်လာသည်။

ရှုရဓားစိတ်ဆန္ဒက ပြင်းထန်စွာ ပေါက်ကွဲ သွားပြီး အင်ပါရီယာ မြို့ထဲမှာရှိသည့် လူတိုင်းကို ဖုံးလွှမ်းသွားလေသည်။ကြောက်စရာကောင်းလှသော ဖိအားများကြောင့် သူတို့၏ မျက်နှာများက နီရဲလာကြသည်။

"သေလိုက်......မင်းကို နတ်ဆရာအရှင်သခင်နှင့်အတူ အရှင်လတ်လတ် သဂြိုလ်ပစ်မယ်...."

သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော သွေးနီရောင်ဓားကြီးက ဘလက်ကီဆီသို့ ကျဆင်းလာသည်။ဘလက်ကီက အထင်မြင်သေးဟန်ဖြင့် နှုတ်ခမ်းတွန့်လိုက်သည်။ ထို့နောက် သူက ရှုရဓားစိတ်ဆန္ဒကို ကြည့်၍ အသက်ပြင်းပြင်းရှူကာ ကျယ်လောင်စွာ ဟောင်လိုက်သည်။ ထိုအသံက အင်ပါယာ မြို့တော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး ဂျိချန်းယုနှင့် သူ၏တပ်များ၏ နားထဲသို့ပါ ရိုက်ခတ်သွားသည်။

ဂျိချန်းယု နှင့် ကျောက်မူရှန်တို့ စီးထားသည့် မြင်းများက ထိုဟောင်သံကို ကြားလိုက်သောအခါ ဒူးထောက်ကျသွားသည်။သူတို့နှစ်ယောက်လုံး မြင်းပေါ်မှ ပြုတ်ကျသွားပြီး သူတို့၏ မျက်နှာ၌ မနှစ်မြို့မှုနှင့် ကြောက်ရွံ့မှုများ အထင်းသား ထင်ဟပ်နေလေသည်။ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။ဟောင်သံများကြောင့် ကောင်းကင်ယံထက်တွင် ရှိနေသော သွေးနီရောင်ဓားက တစ်စစီ ပြိုကွဲသွားသည်။

ထိုအပိုင်းအစလေးများက သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်ပါသွားလေ၏။

ကြီးမားလှသော ပုံရိပ်က တစစ်စစီ ပြိုကွဲသွားပြီး နဂို ဝိညာဉ်နှုတ်မှော်ဖန်လုံး အရွယ်အစားသို့ ပြန်လည် စုကျုံ့သွားသည်။ထိုမှော်ဖန်လုံးက ညကောင်းကင်ယံထက်တွင် ရှိနေသည့် ကြယ်ကလေးကဲ့သို့ ထွန်းလင်းတောက်ပနေသည်။

ထို့နောက် အဝေးတစ်နေရာဆီသို့ ပစ်လွှတ်လိုက်သလိုမျိုး မိုးကုတ်စက်ဝိုင်းအစွန်းကို အရှိန်ဖြင့် ဖြတ်ကျော်သွားလေ၏။ထိုအရာ၏ အမြန်နှုန်းက အသံထက်ပင် မြန်ဆန်လှသည်။

ဘလက်ကီ၏ ဟောင်သံက တစ်ဝက်တစ်ပျက်ပင် ရပ်တန့်သွားသည်။သူက လျှာထုတ်၍ နှုတ်ခမ်းများကို သပ်လိုက်သည်။ ထို့နောက် သူ၏ ကြီးမားလှသော ပုံရိပ်က နဂိုမူလ ဝဝဖိုင့်ဖိုင့်ဖြင့် ချစ်စရာကောင်းလှသော ခွေးတစ်ကောင်အဖြစ်သို့ ပြန်လည် ပြောင်းသွားသည်။ ဘလက်ကီက အဝေးသို့ ပျံသန်းသွားသော ဝိညာဉ်နှုတ် မှော်ဖန်လုံးကို အာရုံမစိုက်တော့ပေ။ ထိုအရာများက ပုဖန်၏ ဝက်နံရိုးချိုချဉ်ကြော် တစ်ဝက်လောက်ပင် ဆွဲဆောင်နိုင်စွမ်းမရှိပေ။

ဘလက်ကီက သူ၏ အမူအကျင့်တိုင်း ကြောင်တစ်ကောက်ကဲ့သို့ လျှောက်လှမ်းရင်း ဆိုင်ရှိရာသို့ ပြန်လာလိုက်သည်။

ပုဖန်က သူကို မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သကဲ့သို့ ဖြတ်ခနဲ တစ်ချက်ကြည့်လိုက်သည်။ဘလက်ကီက ပျော်ရွှင်စွာဖြင့် မျက်လုံး ပြန်လှန်ကြည့်လိုက်၏။ ထို့နောက် သူ၏ နေရာဆီသို့ သွားလိုက်ပြီး လှဲ၍ အိပ်ချလိုက်သည်။သူကို ကြည့်ရသည်မှာ ဘယ်တော့မှ အိပ်ရေးမဝနိုင်သလိုပင် ထင်ရသည်။

ပုဖန်က ယခုအခါတွင် အေးဆေးငြိမ်သက်နေပြီ ဖြစ်သော ဘလက်ကီကို ထပ်၍ ကြည့်လိုက်သည်။ထို့နောက် သူ ဆိုင်ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်လေ။

ဆိုင်ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသည့် အိမ်များအားလုံးက လုံးဝ ပျောက်ကွယ်သွားခြင်း မရှိပေ။ သို့သော်လည်း အခြားအဆောက်အဦးများ အားလုံးက လုံးဝ ပျက်စီး သွားပေပြီ။ ကျယ်ပြန့်လှသော အင်ပါရီယာမြို့တော်၏ သေးငယ်လှသော အစိတ်အပိုင်းလေးက လုံးဝ ရှင်းလင်း ဖယ်ရှားခံလိုက်ရေလေသည်။ဝဝဖိုင့်ဖိုင့် အကြီးအကဲက မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် ပြုတ်ကျသွားသည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသောကြောင့် တင်ပါးအောက်မှ ကျောက်တုံးများကိုပင် မခံစားမိပေ။ သူက ဖန်ဖန်ဆိုင်ငယ်လေးကို အရင်ကကဲ့သို့ တူညီသည့် အမြင်မျိုးဖြင့် ဘယ်တော့မှရမြင်နိုင်တော့မည် မဟုတ်ပေ။

ဆန်းကြယ်လှသော စားဖိုမှူး လူငယ် ၊ အဆင့် ၉ ရုပ်သေးရုပ် ၊ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှသည့် ခွေးဝတုတ် ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသည့် တည်ရှိမှုမျိုးက တောင်ပိုင်းဒေသတွင် အမှန်တကယ် ထိပ်ဆုံးသို့ပင် ရောက်ရ်ှနိုင်သည်။

ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ဘလက်ကီက ရုတ်တရက် နှာခေါင်းရှုံ့ပွရှုံ့ပွ လုပ်လိုက်သည်။သူ ငိုက်မြည်းနေသော မျက်ခွံများကို ကြိုစားဖွင့်လိုက်ပြီး အဝေးတစ်နေရာတီသို့ စူးစိုက်ကြည့်လိုက်၏။ ထိုနေရာ၌ သူကို ကျောပေးထားသော ဝဝဖိုင့်ဖိုင့် အကြီးအကဲကို တွေ့လိုက်ရသည်။ ရုတ်တရက် ဘလက်ကီက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသလို သူခန္ဓာကိုယ်က တောင့်တင်းသွားပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။

အင်ပါရီယာ မြို့တော်၏ အပြင်ဘက်.......

တောင်စဉ်တစ်ထောင်တောင်တန်း ၊ ကြည်လင်ကောင်းကင် ဘုရာကျောင်းမှ တန်ခိုးရှင်အဆင့်က ပြန်လာခဲ့သည်။သူက ဆိုးရွားစွာ ထိတ်လန့် တုန်လှုပ်နေသည်။သူက အံ့သြလောက်စရာ သတင်းတစ်ခုကို သယ်ဆောင်လာလေ၏။

ရှုရဂိုဏ်းမှ နတ်ဆရာ...

ဒီနေရာတွင် ရှိနေကြသော သူများအားလုံးတွင် အစွမ်းအထက်ဆုံး သူက သေဆုံးသွားပေပြီ သူက ဖန်ဖန်ဆိုင်ငယ်လေးကိုရင်ဆိုင်နေစဉ်အတွင်း သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထိုစိတ်ပျက် ဝမ်းနည်းဖွယ်ရာ သတင်းက ကျောက်မူရှန်နှင့် ဂျိချန်းယုတို့ နှစ်ယောက်စလုံးကို တုန်လှုပ် ဖြူဖျော့သွားစေသည်။