အပိုင်း ၃၂၅
Viewers 53k

အခန်း ၃၂၅ “ ငါ သတင်းအမှားကြီးကြားလာတာပဲ ဖြစ်ရမယ်.. ”

တောက်ပလှသော အလင်းတန်းတစ်ခုက အံ့အားသင့်စရာ အမြန်နှုန်ူးဖြင့် ကောင်းကင်ယံထက်တွင် ဖြတ်သန်းသွားသည်။ လူတိုင်း၏ နားထဲ၌ ဗုံတီးနေသကဲ့သို့ ဆူညံသံက ထိုးဖောက်ဝင်ရောက်လာသည်။ အင်ပါရီယာ မြို့တော်မှနေ၍ စတင်ထွက်ပေါ်လာသော ထိုအလင်းတန်းက အချိန်ခဏမျှပင် ရပ်တန့်ခြင်းမရှိပဲ မြို့တော်တော်များများကို ဖြတ်ကျော်သွားလေပြီ။

ထ်ိုမြို့တိုင်းရှိလူများအားလုံးက သူတို့ခေါင်းပေါ်မှ ဖြတ်သန်းသွားသော အလင်းတန်းကို အံ့အားသင့်သင့်ဖြင့် မော့ကြည့်မိကြသည်။ ထူထပ်လှသော သစ်တောအတွင်း၌ ဆံပင်အတိုဖြင့် ပုံရိပ်တစ်ခုက အရှေ့သို့ ပြေးထွက်လာသည်။ သူ၏ ခန္ဓာကိုယ်၌ အစစ်အမှန် စွမ်းအင်လှိုင်းများ ရစ်ဝဲနေပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ကြမ်းကြုတ်သည့် နဂါးတစ်ကောင်ကဲ့သို့ စွမ်းအင်များကလည်း ရစ်ဝဲနေသည်။

သတိပေးခြင်းမရှိပါပဲ ပြေးနေသည့် ပုံရိပ်က တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။ သူခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ယံထက်၌ တောက်ပနေသည့် အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရသည်။ သူ၏ မျက်ဝန်းထဲ၌ စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်များ ပြည့်နှက်သွားလေ၏။

"အဲ့ဒါဘာလဲ....ကြည့်ရတာ လေအလင်းအင်ပါယာ အင်ပါရီယာ မြို့တော်ရှိတဲ့ဘက်ကနေ ပျံသန်းလာသလိုပဲ....."

ဆံပင်တိုနှင့် သူက သူ့ပါသာ တွေးတောနေမိသည်။ထို့နောက်သူက အရှိန်တင်၍ အင်ပါရီယာ မြို့တော်ဆီသို့ ဆက်သွားလိုက်သည်။ရှုရဂိုဏ်းမှ မကောင်းဆိုးဝါးများက ပုံစံတူများနှင့် ပူးပေါင်းပြီး အင်ပါရီယာ မြို့တော်ကို လာရောက်တိုက်ခိုက်မည်ဟု သတင်းရသောကြောင့် သူက ပုံရိပ်ယောင် စိတ်ဝိညာဉ် နွံမြေမှနေ၍ အင်ပါရီယာ မြို့တော်ဆီသို့ သွားနေခြင်းဖြစ်သည်။

ရှုရဂိုဏ်း၏ မကောင်းဆိုးဝါးများကြား၌ တန်ခိုးရှင်အဆင့်နှင့် တစ်ယောက် ရှိပုံပေါ်သည်။ထိုအရာကို အင်ပါယာ၏ စစ်သည်များက ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

အကယ်၍ သူ ထိုနေရာကို မကြာခင် မရောက်ခဲ့လျှင် မြို့တစ်ခုလုံးက ရန်သူများ၏ ခြေမှုန်းခြင်းကို ခံရပေလိမ့်မည်။

အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို ပြန်လည် ဖြည့်တင်း ပြီးသည့်နောက် အင်ပါယာမြို့တော်ဆီသို့ ပြေးထွက်သွားလေသည်။ အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသကဲ့သို့ သူ၏ ခန္ဓာကိုယ်က အလင်းကဲ့သို့ အလျှင်ဖြင့် ကောင်းကင်ယံထက်၌ ဖြတ်သန်းသွားလေသည်။

အကယ်၍ သူသာ တန်ခိုးရှင်အဆင့်သို့ ရောက်သွားလျှင် အသံကဲ့သို့ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပေလိမ့်မည်။

ဂျိချန်းယုနှင့် ကျောက်မူရှန်တို့ နှစ်ယောက်လုံး၏ မျက်နှာ၌ ကြောက်ရွံ့ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ရှုရဂိုဏ်းမှ နတ်ဆရာ ကျဆုံးသွားသည့် သတင်းကို ကြားခဲ့ပြီးသည့်နောက် သူတို့၏ စိတ်ထဲ၌ ဖန်ဖန်ဆိုင်ငယ်လေး၏ ကြောက်စရာကောင်းလှပုံများကို ပြန်လည်၍ အမှတ်ရမိနေကြသည်။

ဖန်ဖန်ဆိုင်ငယ်လေး၌ နှိမ့်ချစွာ ဆက်ဆံခဲ့ရသည့် အမှတ်တရများက သူတို့၏စိတ်ကိုလွှမ်းမိုးထားပေသည်။

မကောင်းသော အတိတ်နမိတ်များက တကယ်ကိုပင် မှန်ကန်နေပေသည်။ထို မကောင်းဆိုးဝါး စားသောက်ဆိုင်က ဘေးအန္တရာယ်မှ လွတ်မြောက်လာသည့်အပြင် ပို၍ အစွမ်းထက်လှပြီး အဆင့် ၉ တန်ခိုးရှင်အဆင့်ကိုပင် သုတ်သင်နိုင်ခဲ့သည်။

"ဒီတော့ နတ်ဆရာက တကယ်ပဲ သေဆုံးသွားပြီပေါ့...."

ကျောက်မူရှန်က ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။ထ်ိုအရာက အမှန်တရားဖြစ်သော်လည်း သူ၏ မသိစိတ်ထဲမှ ထိုရလဒ်ကို လက်ခံရန် ငြင်းဆန်နေမိသည်။ သူက အစောပိုင်းအချိန်တုန်းက သူ့ကို မြို့ထဲမှ ဒဏ်ရာအနာတရဖြင့် ထွက်ပြေးရအောင် လုပ်ခဲ့သော ပုဖန်ကို လက်စားချေချင်ခဲ့သည်။သူ၏ ဆုံးရှုံးမှုများအတွက် ပုဖန်ကို ပြန်လည် ပေးဆပ်စေလိုသည်။

ရှုရဂိုဏ်းမှ နတ်ဆရာ ဒီကိစ္စရပ်များအတွင်း ဝင်ရောက်လာသည်နှင့် ဒီတစ်ကြိမ်၌ ပုဖန် ချမ်းသာပေးရန် အသနားခံရလိမ့်မည်ဟု သူထင်မြင်ခဲ့မိသည်။ သို့သော်လည်း ရက်စက်လှသော အမှန်တရားက သူမျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင် ခံစားခဲ့ရသည်။ ဒီတစ်ကြိမ်ရှုံးနိမ့်မှုက သူ၏ လက်စားချေချင်သော အလိုဆန္ဒများကို လုံးဝ ပျက်စီးသွားစေသည်။

ဤဆိုင်ငယ်လေး၌ တန်ခိုးရှင်အဆင့်ပင် သေဆုံးခဲ့ရသည်။သူ၏ သိက္ခာကို ပြန်လည် ဆယ်ယူရန်အတွက် သူမည်သည့် နည်းလမ်းဖြင့် ယှဉ်ပြိုင်၍ ရပါတော့မည်နည်း။ အကယ်၍ သူသာအဆင်မြင့်သားရဲကြီးနှင့် ထိပ်တိုက် ရင်ဆိုင် တွေ့ကြုံခဲ့ရလျှင် တစ်မိနစ်ကြာအောင်ပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

ဟား ....ဟား....ဟား....

မြို့တံတိုင်းထက်တွင်ရှိနေသော ဂျိချန်းရွဲ့ကလည်း ထိုတူညီသည့် သတင်းကို လက်ခံရရှိခဲ့သည်။ပထမဦးဆုံးသူ အချိန်ခဏမျှ အံ့အားသင့်နေပြီးနောက် မထိန်းချုပ်နိုင်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ၏ ဟက်ဟက်ပက်ပက် ရယ်သံက လေထဲလွင့်မျောသွားပြီး မြို့တံတိုင်းကိုပင် တုန်ခါသွားစေသည်။အားလုံး၏ အမူအရာကလည်း ယခုမှပင် စိတ်သက်သာရာ ရသွားကြသည်။

အင်ပါရီယာ မြို့တော်၏ အရာရှိများ အားလုံးက စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်ကြပြီး သူတို့၏ စိုးရိမ်ပူပန်နေသော အမူအရာများ ပျောက်ကွယ်သွားသည်။

ရှောင်မန်နှင့် ရှောင်ယုက သူတို့၏ ပုခုံးပေါ်မှ တာဝန်များ လျော့ကျသွားသလို ခံစားလိုက်ရပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ရှောင်မန်၏ အသွင်အပြင်က ဖျော့တော့နေပြီး လူသေနှင့်ပင် တူနေသည်။

သို့သော်လည်း ယခုအချိန်၌ ဂျိချန်းယု၏ တပ်မှ စစ်သည်တော်တိုင်း၏မျက်နှာကလည်း လူသေကဲ့သို့ပင် ဖြူဖျော့နေပေပြီ ။သူတို့အားထားရသော အရှင်သခင်က သေဆုံးသွားပြီ ဆိုမှတော့ သူတို့ ဘယ်လိုနည်းနှင့် အင်ပါရီယာ မြို့တော်ကို အနိုင်ရပါတော့မလဲ......

သူတို့ယခင်က စစ်ပွဲများကို အောင်နိုင်ခဲ့ရခြင်းမှာလည်း နတ်ဆရာအရှင်သခင်၏ ကြီးမားလှစွာသော အထောက်အကူများကြောင့် ဖြစ်သည်။ ယခု သူတို့၏ ဖျက်စီး၍ မရနိုင်သော အမြင့်ဆုံး စစ်သည်တော်က သေဆုံးသွားလေရာ မည်သည့်နည်းဖြင့် စစ်ပွဲများကို အောင်နိုင်ပါတော့မည်နည်း။ ဂျိချန်းယုက အချိန်အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်းပင် သူစစ်တပ်ကို ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။

ဂျိချန်းယု၏ တပ်က အမိန့်ရပြီးသည်နှင့် ချက်ချင်းပင် ပြန်လည် ဆုတ်ခွာလိုက်ကြပြီး လေအလင်းအင်ပါယာမှ ထွက်ပြေးတိမ်းရှောင် လိုက်ကြသည်။ တပ်အတွင်း၌ ရှိနေသော သွေးမျိုးနွယ် အစောင့်အရှောက် နှစ်ယောက်က ယခုထိတိုင်အောင် အံ့အားသင့် တုန်လှုပ်နေကြဆဲ ဖြစ်သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ....နတ်ဆရာက ဘယ်လိုဖြစ်ပြီးသေသွားရတာလဲ ...."

ထိုဆိုင်ငယ်လေး၌ အဆင့် ၉ ရုပ်သေးရုပ်တစ်ရုပ်ပင် ရှိလေသည်။ထိုရုပ်သေးရုပ်က အလွန်အမင်း သန်မာသည် ဆိုလျှင်တောင် သူတို့နှစ်ယောက်ပင်လျှင် အဖွဲ့အဖြစ် ရင်ဆိုင်နိုင်ခဲ့ပေသည်။

နတ်ဆရာအရှင်သခင်က တန်ခိုးရှင်အလယ်အဆင့် ဖြစ်လေရာ ထိုရုပ်သေးရုပ်ကို ရင်တစ်ချက်ပင် မခုန်ပဲ သုတ်သင်နိုင်သင့်ပေသည်။

အနက်ရောင် ဒယ်အိုးအတွက်မူ ထိုအရာက ဂရုစိုက်စရာကို မလိုပေ။အဆင့် ၆ အင်ပါယာ၏ ဒယ်အိုးပျံက တန်ခိုးရှင် အဆင့်တစ်ယောက်ကို မည်သည့်နည်းနဲ့မှ ထိခိုက်နိုင်စေခြင်း မရှိပေ။

"ငါ သတင်းအမှားကြီး ကြားလာတာပဲ ဖြစ်ရမယ်...."

လက်တစ်ဖက်ပြတ်ထားသော သွေးမျိုးနွယ် အစောင့်အရှောက်တစ်ယောက်က ဒေါသတကြီး ပြောလိုက်ပြီးနောက် သွေးတစ်လုတ် အန်လိုက်ရသည်။သူ၏ မျက်နှာ၌လည်း ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။ သို့သော်လည်း တကယ့်အမှန်တရားအနေက သူတို့၏ နောက်ဆုံး မျှော်လင့်ချက်လေး ပြိုပျက်သွားရပေပြီ။

ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ ဝဝဖိုင့်ဖိုင့် အကြီးအကဲ ပြန်လာသည့်အချိန်တွင် သူတို့၏ နတ်ဆရာကတော့ ပြန်မလာခဲ့ပေ။ထိုအဓိပ္ပာယ်က လူအုပ်ကြီးပြောသည့် စကားများက အမှန်ပင် ဖြစ်လေသည်။

ဂျိချန်းယု၏ စစ်တပ်က ကြီးကြီးမားမား ဆုံးရှုံးခဲ့သည်ဟု ပြော၍ မရသော်လည်း ယခုအချိန်၌ ထိုကဲ့သို့ ဖော်ပြနေလျှင်ပင် ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။ သူတို့၏ စိတ်ဓာတ်ရေးရာက ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး စိတ်ပျက်နေသော သူတို့၏ မျက်နှာများက တိုက်ပွဲဝင်ရန် ဆန္ဒမရှိတော့ကြောင်း အထင်အရှား ဖော်ပြနေပေသည်။ နတ်ဆရာအရှင်သခင် ကျဆုံးသွားမှုက သူတို့၏ စိတ်ဓာတ်ရေးရာကို အကြီးအကျယ် ထိုးနှက်လိုက်ကြောင်း ထင်ရှားပေသည်။

ဂျိချန်းရွဲ့၏ တပ်များက ရန်သာများ ဆုတ်ခွာသွားသော်လည်း လိုက်လံ၍ အောင်ပွဲခံခြင်းမျိုး မရှိပေ။သူတို့အနေဖြင့် ထိုကဲ့သို့ လုပ်စရာ အကြောင်းလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဂျိချန်းယု၏ တပ်များက ဆုတ်ခွာသွားရသည်ဆိုသော်လည်း သူ၏ တပ်များက အနည်းငယ်မျှပင် လှုပ်ရှားမှု မပြုလုပ်ခဲ့ပေ။သူတို့က လူမြင်ကွင်း၌ပင် ပုဖန်ကို ဆန့်ကျင် ပြောဆိုခဲ့ကြသေးသည်။

ဂျိချန်းယု၏ တပ်ထဲ၌ ရှုရဂိုဏ်းမှ စစ်သည်တော် အနည်းငယ်မျှသာ ပါရှိသည်။အကယ်၍ သူက ထိုသူများကို ဖယ်ထုတ်ပစ်ချင်သည် ဆိုလျှင်တောင် ဂျိချန်းယု၏ စစ်သည်များက လက်ခံလိုက်မည် မဟုတ်ပေ။ ရန်သူများက ရှင်သန်ရန် လိုအပ်နေသည့် အချိန်၌ ဒေါသတကြီး အဆင်ခြင်မဲ့ မပြုလုပ်ခြင်းက ပို၍ ကောင်းပေသည်။ထိုကဲ့သို့ ဖြစ်ပွားလာခဲ့လျှင် ဂျိချန်းရွဲ့လည်း ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

"ဖြစ်နိုင်သည့် အတိူင်းအတာ အတွင်း၌ပဲ လုပ်ဆောင်ပါ ..."

မြို့တံတိုင်းထက်ဆီ၌ ကျယ်လောင်စွာ အောင်ပွဲခံသည့် အသံများ ထွက်ပေါ်နေသည်။ထိုလူအုပ်ထဲ၌ ရှားရှားပါးပါး ကသိကအောင့် ဖြစ်နေသည့် သူတစ်ယောက်ကိုလည်း တွေရပေသည်။

ထိုသူက မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ အကြီးအကဲဆန်းဖြစ်သည်။ အတိအကျပြောရလျှင် သူက နတ်ဘုရားကျောင်းမှ စစ်သည်ကို စောင့်ဆိုင်းနိုင်ရန်အတွက် အချိန်ဆွဲရန် ပုဖန်ကို လက်လွှဲပေးဖို့ ပြောခဲ့သူ ဖြစ်သည်။ လူအများက သူကို အကဲခတ်သလို ကြည့်နေကြသော်လည်း သူက မျက်နှာပြောင်ပြောင် ဖြင့်ပင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

နောက်ဆုံးရလဒ်က သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသော်လည်း သူက အစောပိုင်း ဆုံးဖြတ်ချက်ကိုသာ ဆုပ်ကိုင်ထားနေတုန်း ဖြစ်သည်။ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ တန်ခိုးရှင်အဆင့် စစ်သည်တော် ရောက်လာခဲ့လျှင် အင်ပါရီယာ မြို့တော်တစ်ခုလုံးကို ကယ်တင်နိုင်လိမ့်မည်ဟု သူယုံကြည်ထားတုန်း ဖြစ်သည်။

ကျန့်ခုံးက အဆက်မပြတ် သွေးချောင်းဆိုးနေတုန်းပင် ဖြစ်သည်။သို့သော်လည်း ကံကောင်းထောက်မစွာပင် သူ၏ ဒဏ်ရာများက ပြင်းထန် ခြင်းမရှိပေ။သူ၏ မျက်နှာပေါ်၌ အံ့အားသင့်မှုနှင့် ကျေနပ်နှိမ့်သစ်မှုက အထင်းသား ပေါ်လွင်နေသည်။ သူ၏ စိတ်ထဲ၌ ကြီးမားလှသော ခွေးနက်ကြီး၏ ပုံရိပ်ဖြတ်ခနဲ ပေါ်လာသည်။

ထိုခွေးနက်ကြီးက မြောက်များလှစွာသော စစ်သည်တော်များကို သတ်ဖြတ်သည့် မြင်ကွင်းက သူ့စိတ်ထဲ တရစ်ဝဲဝဲ လှည့်လည်နေသည်။ဒီတစ်ကြိမ်၌လည်း ထိုခွေးနက်ကြီးက ထပ်မံ လှုပ်ရှားလိုက်ပုံ ပေါ်သည်။

ဂျိချန်းရွဲ့က သူ၏ တပ်ကို ဦးဆောင်၍ မြို့တံခါးဆီမှ ထွက်ခွာသွားသည်။သူက အဓိက ခန်းမကို ပြန်ရမည့်အစား ဖန်ဖန်ဆိုင်ငယ်လေး ရှိရာဆီသို့ ဦးတည်သွားလေသည်။ ဆိုင်ငယ်လေးနှင့် နီးကပ်လာသည်နှင့်အမျှ လူတိုင်းက လေအေးများကို ရှူရှိုက်လိုက်မိသည်။ တောင်လိုပုံနေသော အပျက်အစီးများနှင့် ပြားကပ်နေသော အဆောက်အဦးများ၏ မြင်ကွင်းက သူတို့၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။

ဒီနေရာ၌ ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့ပုံရသည်။အင်ပါရီယာ မြို့တော်၏ သုံးပုံတစ်ပုံခန့်က လုံးဝ ပျက်စီးနေပေပြီ။တိုက်ပွဲအတွင်း မြောက်များလှစွာသော အိမ်များ ပြိုပျက်စီးခဲ့ရပြီး လမ်းခင်းကျောက်များက အုတ်ကျိုးအုတ်ပဲ့များ အဖြစ်ပြောင်းလဲသွားလေသည်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူအများအပြားက ခိုလှုံရာနေရာ တစ်ခုကို အသည်းအသန် လိုက်ရှာနေရသည်။

ဂျိချန်းရွဲ့၏ အောင်ပွဲခံနေသော ပျော်ရွှင်မှုက လျှင်မြန်စွာပင် ပျောက်ဆုံးသွားသည်။ထိုကဲ့သို့ ပြင်းထန်မှုက စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေ၏။ အကယ်၍ အင်ပါရီယာ မြို့တော်သာ ထိုကဲ့သို့ တိုက်ပွဲမျိုးနှင့် နောက်တစ်ကြိမ်ရင်ဆိုင်ရလျှင် ဂျိချန်းယု၏ တပ်များ ကျူးကျော်ခြင်း မရှိပဲဖြင့်ပင် ပျက်စီးဆုံးရှုံးခြင်းဒဏ်ကို ရင်ဆိုင်ရပေလိမ့်မည်။

ဂျိချန်းရွဲ့က အိမ်ခြရာမဲ့များကို ကူညီနှိမ့်သစ်ပေးရန်အတွက် သူလူများကို ညွှန်ကြားလိုက်သည်။ထို့နောက် သူနောက်မှလိုက်ပါလာသော လူအနည်းစုနှင့်အတူ ဖန်ဖန်ဆိုင်ငယ်လေးဆီသို့ ဆက်၍ လျှောက်သွားလိုက်သည်။ အပျက်အစီးပုံများကြား၌ ဖန်ဖန်ဆိုင်ငယ်လေးက မတို့မထိထားသကဲ့သို့ပင် အကောင်းဆုံး အခြေနေတိုင်း တည်ရှိနေသည်။အလွန်တရာ မျက်လှည့်ဆန်လှပေသည်။

အပေါက်ဝ၌ အနက်ရောင် ခွေးဝတုတ်ကလည်း ခွေခေါက်၍ အိပ်မောကျနေသည်။ အရပ်ရှည်ရှည်ဖြင့် ပိန်ပါးသည့် ပုံရိပ်လေးက ဆိုင်ပိတ်ရန်အတွက် တံခါးရွက်ကို ကိုင်ထား၏။

ဆိုင်အတွင်းပိုင်းမှ ထွက်လာသော ရှောင်ရှောင်လုံနှင့် ကွမ်ရှောင်ယီက သူတို့ရှေ့က မြင်ကွင်းကြောင့် အံ့အားသင့် တုန်လှုပ်နေကြသည်။

"ပိုင်ရှင်ပု ဒီနေ့ မင်းရဲ့ ကူညီမှုအတွက် ငါရဲ့ ကျေးဇူးတင်မှုက လုံလောက်မှာ မဟုတ်ဘူး.....တကယ်လို့ မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် အင်ပါရီယာ မြို့တော်က အန္တရာယ်အခြေအနေထဲ ကျရောက်သွားလိမ့်မယ်......"

ပုဖန်ကို မြင်လိုက်သည်နှင့် ဂျိချန်းရွဲ့က ခြေလှမ်းကျဲကြီးများဖြင့် လျှင်မြန်စွာ လျှောက်လာလိုက်သည်။သူက လက်နှစ်ဖက်ကို ယှက်၍ တလေးတစားဖြင့် ကျေးဇူးတင်လိုက်သည်။

ဂျိချန်းရွဲ့၏ နောက်မှာပါလာသော အရာရှိများက အံ့အားသင့် တုန်လှုပ်နေတုန်းပင် ဖြစ်သည်။ သူတို့က ပုဖန်ကို မကောင်းဆိုးဝါးတစ်ကောင်ကို မြင်ရသကဲ့သို့ စူးစိုက်ကြည့်နေကြ၏။ ဖန်ဖန်ဆိုင်ငယ်လေးက သူမတူသည့် စွမ်းရည်များ ပိုင်ဆိုင်ထားသည်ကို သူတို့သိကြသော်လည်း ဒီနေရာ၌ တန်ခိုးရှင် အဆင့်တစ်ယောက် သေဆုံးသွားမည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။အလွန်ကြောက်စရာကောင်းလှသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး ....အဲ့ဒီလူအိုကြီးက အရင်ဆုံး ပြဿနာရှာတာလေ...မင်းသိတဲ့အတိုင်းပဲ ဒီဆိုင်က ပြဿနာလာရှာတဲ့ သူတွေကို ကြင်နာနေမှာ မဟုတ်ဘူး ......သူတို့အတွက် အဆုံးသတ်က အမြဲတမ်းပဲ ကောင်းနိုင်မှာ မဟုတ်ဘူး......"

ပုဖန်က သူ၏လုပ်လက်စ အလုပ်ကို ရပ်၍ ဂျိချန်းရွဲ့ဘက်သို့ မျက်နှာချင်းဆိုင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ဂျိချန်းရွဲ့က ခေါင်းငြိမ့်ပြလိုက်ပြီး မည်သို့ဖြစ်စေကာမူ ကျေးဇူးတင်ကြောင်း ထပ်မံ ပြောကြားလိုက်သည်။

အကယ်၍ ဒီဆိုင်ငယ်လေးကြောင့်သာ မဟုတ်လျှင် တန်ခိုးရှင်အဆင့်တစ်ယောက်နှင့် သွေးမျိုးနွယ် အစောင့်အရှောက်နှစ်ယောက် ကျောထောက်နောက်ခံပြုထားသည့် ဂျိချန်းယု၏ စစ်တပ်ကို မည်သည့်နည်းနှင့်မှ အောင်မြင်လိမ့်မည် မဟုတ်ပေ။

ဒီတိုက်ပွဲအတွင်း၌ အင်ပါရီယူ မြို့တော် သုံးပုံတစ်ပုံခန့် ပျက်စီးခဲ့သည် ဆိုသော်လည်း ပြန်လည် ထူထောင်နိုင်သောကြောင့် ကြီးမားသည့် ဆုံးရှုံးမှု မဟုတ်ပေ။

ပုဖန်က ဂျိချန်းရွဲ့နှင့် ခဏမျှ စကားစပ်မြည် ပြောလိုက်ပြီးနောက် စကားပြောဆိုနေမှုကို ရပ်တန့်လိုက်ကာ တံခါးရွက်များ ဆွဲပိတ်လိုက်သည်။

ဂျိချန်းရွဲ့က နောက်တစ်ကြိမ် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ထို့နောက် အဓိကခန်းမဆီသို့ ပြန်သွားခဲ့လေသည်။ ဂျိချန်းရွဲ့က အနည်းငယ်မျှပင် အနားမယူပဲ မြို့ထဲကို ပြန်လည်ထူထောင်ရန်အတွက် ချက်ချင်း အမိန့်ပေးခဲ့သည်။သူတို့က အကျပ်တည်း အခြေအနေမှ လွတ်မြောက်လာခဲ့ပြီဆိုသော်လည်း ပြည်သူများက စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

စိတ်ဓာတ်ပျက်ပြားနေသော ပြည်သူများကို ပြန်လည် ထူထောင်စေရန်အတွက် နှိမ့်သစ်ပေးရန် လိုအပ်သည်။အထူးသဖြင့် ပို၍ ပျက်စီးခဲ့သော နေရာများအတွက် ပြန်လည်တ်ာဆောက်ပေးမည့်သူများကို ပို၍ စေလွှတ်ခဲ့သည်။ ပြန်လည်တည်ဆောက်ရေးနှင့် ပြည့်နှက်နေသည့် အခြေအနေ၌ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းနှင့် တိမ်ဖြူစံအိမ်မှ တန်ခိုးရှင်အဆင့်များ မြို့တော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းမှ တန်ခိုးရှင်အဆင့်ကို မြင်သောအခါတွင် အကြီးအကဲဆန်းက မျက်ရည်ကျလုမတက် ဖြစ်သွားသည်။နောက်ဆုံးတော့ သူကို ကျောထောက်နောက်ခံပြုပေးမည့် တစ်စုံတစ်ယောက် ရှိလာပေပြီ။