အပိုင်း ၃၂၈
Viewers 53k

အခန်း ၃၂၈

ပူပူစပ်စပ် ငရုတ်ရည် တစ်ဇွန်း....


ပုဖန်က ဓားကို ဆွဲကိုင်လိုက်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။သူက ပါဝင်ပစ္စည်းအချို့ကို ရွေးယူလိုက်ပြီးနောက် မီးဖိုခုံပေါ် တင်လိုက်သည်။ထို့နောက် စတင်၍ ပြင်ဆင်လိုင်သည်။


ရှောင်ရှောင်လုံက သူ၏ မီးဖိုခုံ၌ စတင်၍ ချက်ပြုတ်လိုက်သည်။သူက အချိန်ကြာမြင့်စွာ လေ့ကျင့်ပြီးသည့်နောက် အတွေ့အကြုံဘရှိနေပေပြီ။ ဟင်းပွဲများကိုလည်း အတော်လေး ရင်းနှီးကျွမ်းဝင်နေပေ၏။


သူချက်ပြုတ်လိုက်သောအခါတွင် သူတို့၏ အရသာက ပုဖန် ပထမဦးဆုံး စတင်ချက်ပြုတ်သည့် အချိန်နှင့် ယှဉ်နိုင်နေပေပြီ။


ပုဖန်၏ အရှိန်အဟုန်က အနည်းငယ်မျှပင် ယိမ်းယိုင်သွားခြင်း မရှိပဲ သူ့၏ ကျွမ်းကျင်မှုက ကြောက်စရာကောင်းလှသည်။သူ၏ အဖြတ်အတောက် စွမ်းရည် ၊ ထွင်းထုခြင်း စွမ်းရည်နှင့် ဟင်းလျာများပေါ်တွင် သိကျွမ်းနားလည်မှု အတွေ့အကြုံများက သူ ပထမဦးဆုံး စီးပွားရေးစလုပ်သည့် အချိန်နှင့် ယှဉ်လိုက်လျှင် ခုန်ပျံကျော်လွှားပြီး တိုးတက်လာခဲ့ပြီ ဖြစ်သည်။


ဆန်းကြယ်သော ကမ္ဘာထဲ၌ အစားအစာ ကွင်းဆက်၏ ထိပ်ဆုံးတွင်ရပ်တည်ပြီး နတ်ဘုရားတစ်ပါး ဖြသ်လာချင်သော သူ၏ ပန်းတိုင်က တဖြေးဖြေးချင်း တိုးတက်လာပေပြီ။


ပုဖန်က မီးဖွင့်လိုက်ပြီး ဒယ်အိုးကို အပူပေးလိုက်သည်။အချိန်ခဏမျှ ကြာပြီးသည့်နောက်တွင် မီးဖိုခန်းထဲ၌ ထူထပ်သော ရေနွေးငွေ့များနှင့် သိပ်သည်းလှသော မွှေးရနံ့များ ပြည့်နှက်လာသည်။


ပုဖန်က ပိုင်ကျန့်မှာထားသော ဟင်းပွဲများ၌ လုပ်ရန် ခက်ခဲသော ဟင်းပွဲများကိုသာ ပြင်ဆင်ခဲ့သည်။ဥထမင်းကြော် ၊ နံရိုးချိုချဉ်ကြော် ကဲ့သို့သော ဟင်းပွဲများကိုတော့ ရှောင်ရှောင်လုံကို လွှဲပေးလိုက်သည်။


သူတို့နှစ်ယောက်စလုံး ချက်ပြုတ်တာက တစ်ယောက်တည်း ချက်တာထက် ပို၍ မြန်ဆန်လှသည်။ပုဖန်က ဟင်းပွဲတစ်ပွဲ ပြင်ဆင်ပြီးတိုင်း ပြတင်းပေါက်ဘောင်ပေါ် လှမ်းတင်လိုက်ပြီး ပိုင်ကျန့်ကို ချပေးရန်အတွက် ကွမ်ရှောင်ယီကို လှမ်းခေါ်လိုက်သည်။


ရှောင်ရှောင်လုံကလည်း သူချက်ပြုတ်ပြီးသည့် ဟင်းပွဲများကို ပြတင်းပေါက်ဘောင်ပေါ် လှမ်းတင်လိုက်ပြီး ကွမ်ရှောင်ယီက ဝန်ဆောင်မှု ပေးခဲ့သည်။


ဟင်းပွဲ အရေအတွက် တိုးလာလေလေ ဆိုင်အတွင်းမှ မွှေးရနံ့များ၏ ရနံ့ကလည်း ပိုဒ သိပ်သည်းလာလေလေ ဖြစ်ပြီး ဆိုင်၏ ဆယ်မိုင် အကွာအဝေးထိ ရနံ့များ ပေါက်ထွက်သွားတော့မလိုပင် ထင်ရသည်။


ပိုင်ကျန့်က ထိုဟင်းပွဲများကို ကြည့်၍ အံ့အားသင့်နေမိသည်။ဟင်းပွဲက အပြင်အဆင်ကလည်း ကောင်းသလို ရနံ့များကလည်း မွှေးကြိုင်လှသည်။သူ့လိုမျိုး တန်ခိုးရှင်အဆင့်ပင်လျှင် စိတ်မထိန်းနိုင်ပဲ နှုတ်ခမ်းသပ်လိုက်မိသည်။


သူက တူကိုကောက်ကိုင်၍ အပူငွေ့လေးများ ထုတ်လွှင့်နေသော အနီရောင် အသားနှပ် တစ်ဖတ်ကို ကောက်ယူလိုက်သည်။အသားက နီမြန်းစိုအိ တောက်ပနေပြီး တူဖြင့် ဖိလိုက်သည်နှင့် အဆီလေး အနည်းငယ် ဆိမ့်ထွက်လာသည်။


ဆွဲဆောင်နိုင်လွန်းသော မွှေးရနံ့ကြောင့် ပိုင်ကျန့်က အသားဖတ်ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် အသားက အဆီရွှဲခြင်းမရှိပဲ လျှာပေါ်တင်လိုက်သည်နှင့် ပျော်ဝင်သွားသည်။


အသားဖတ်လေးက နူးညံ့စိုအိနေပြီး လည်ချောင်းထဲမှ လျှောခနဲဝင်သွားကာ ဗိုက်ထဲ ရောက်သွားသည်။သူ မျိုချပြီးသည့်နောက်တွင်ပင် အရသာက ပျောက်ကွယ်မသွားပဲ သူ၏ အရသာဖုလေးများအားလုံးကို ဖုံးအုပ်နေဆဲပင် ဖြစ်သည်။


ထိုကဲ့သို့ လှပဆန်းကြယ်လှသော အာရုံခံစားမှုက သူ့အတွက် မကြုံစဖူးထူးကဲသည့် အတွေ့အကြုံပင် ဖြစ်သည်။


ပိုင်ကျန့်က စိတ်ကျေနပ်သွားပြီး အသာလေး ပင့်သက်ရှိူက်လိုက်မိသည်။သူက အစားအစာများတွင် ထိုကဲ့သို့သော အရသာရှိသည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ဒီမတိုင်မီက သူက ဗိုက်ပြည့်ဖို့အတွက်သာ အစားအစာ စားနေခြင်း ဖြစ်သည်။


သူကတန်ခိုးရှင်အဆင့်သို့ ဝင်ရောက်ပြီးသည့်နောက် အစားစားခြင်းကို လုံးဝ ရှောင်ကျဉ်ခဲ့သည်။သူ ဗိုက်ပြည့်လိုလျှင် အသက်စောင့်ဆေး သောက်လိုက်ရုံသာ ဖြစ်သည်။


ပြီးခဲ့တဲ့ နှစ်များအတွက် သူ၏ ကျင့်ကြံမှုကိုသာ အာရုံစိုက်ထားခဲ့ပြီး အစားစားခြင်းကို လုံးဝ ဂရုမထားခဲ့ပေ။သို့သော် သူ ပုဖန် ပြင်ဆင်ပေးသည့် စားကောင်းသောက်ဖွယ်များကို စားသောက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လုံးဝ နစ်မြှုပ်နေသည်ဟုပင် ခံစားမိလေသည်။


သူ၏ ဘေးနားတွင်ထိုင်နေသော ကျန့်ခုံးက ငတ်မွတ်နေသော သူလို အစားအစာများကို လောဘတကြီး စားသောက်နေသည့် ပိုင်ကျန့်ကို ထိုင်ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။


"အုပ်ချုပ်သူ အကြီးအကဲ ငါတို့ တိမ်ဖြူစံအိမ်ရဲ့ ပုံရိပ်ကို မပျက်စီးရအောင်လို့ သတိပြုပါအုန်း....."


ကျင်းခွင်းကလည်း အစားအစာများကို လောဘတကြီး စားသောက်နေသော ပိုင်ကျန့်ကိုကြည့်ရင်း အံ့အားသင့်နေမိသည်။


"ဒီစားစရာတွေက တကယ်ပဲ အရသာရှိတာလား......"


ဟင်းပွဲတွေ၏ ကောင်းမွန်းလှသော ရနံ့ကို အလွယ်တကူပင် အာရုံခံနိုင်သော်လည်း ကျင်းခွင်းက ဇဝေဇဝါဖြင့် တွေးတောနေဆဲ ဖြစ်သည်။


အချိန်ခဏအတွင်း၌ပင် ပိုင်ကျန့်မှာထားသော စားစရာများအားလုံး လာရော် ချပေးပြီးပြီ ဖြစ်သည်။ထိုထဲ၌ နှင်းခါးမီးတောက်သိမြင်မှု ဝိုင်ပါ ပါဝင်နေပေသည်။


ပိုင်ကျန့်က နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ကို သောက်လိုက်ပြီးသည့်နောက် သူ၏ မျက်ဝနများက ပြူးကျယ်ဝိုင်းစက်သွားသည်။သူ၏ မျက်နှာက နီရဲလာကာ သက်တောင့်သက်သာ ဖြစ်စွာဖြင့်ပင် လေတစ်ချက်တက်လိုက်သည်။


"ကောင်းတယ်.....ဒါက တကယ့်ကို ဝိုင်ကောင်းပဲ...."


တိမ်ဖြူစံအိမ်၏ အုပ်ချုပ်သူ အကြီးအကဲဖြစ်သော ပိုင်ကျန့်က စားကောင်းသောက်ဖွယ်အမျိုးမျိုးကို မြည်းစမ်းဖူးပေသည်။သို့သော်လည်း သူက ဝိုင်ကို အရေးပါဆုံးအဖြစ် သတ်မှတ်ထားတုန်းပင် ဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် သူ ဓားကျင့်ကြံမှုကို လေ့ကျင့်ရာ၌ ဝိုင်မရှိလျှင် အာရုံစူးစိုက်မှုမရဟု သတ်မှတ်ထားခြင်းကြောင့် ဖြစ်သည်။


သို့သော်လည်း ထိုကဲ့သို့ ကောင်းမွန်လှသော ဝိုင်မျိုးကို တစ်ခါမှ မမြည်းစမ်းဖူးခဲ့ပေ။ရေခဲနှင့်မီးတောက်တို့က သူဝမ်းဗိုက်ထဲတွင် တိုက်ပွဲဖြစ်နေပြီး ခန္ဓာကိုယ်ရှိ အကြောအချဉ်များအားလုံး ပွင့်ထွက်သွားသလိုပင် ခံစားလိုက်မိသည်။


ဖန်ဖန်ဆိုင်ငယ်လေး၌ စားစရာများအားလုံးက တကယ်ကို ထူးဆန်းလှပေသည်။နောက်ဆုံးဟင်းပွဲကဘရှားပါးလှသော ကံကြမ္မာအိုးဟင်းပွဲသာ ဖြစ်သည်။


ပုဖန်က အိုးသေးလေးတစ်လုံးကို သယ်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။သူက ထိုအိုးကို သူတို့၏ စားပွဲပေါ်၌ တင်လိုက်သည်။ရှားပါးလှသော ကံကြမ္မာအိုးဟင်းပွဲ၏ ပုံပန်းသွင်ပြင်က ကျန့်ခုံးနှင့် ပိုင်ကျန့်တို့နှစ်ယောက်ကို အံ့သြသွားစေရုံသာမက သိချင်စိတ်လည်း ပြင်းပြသွားစေသည်။


သူတို့ ထိုးအိုးကိုတွေ့သည့်အခါ၌ ပုဖန်ဆိုင်မှ စားခဲ့သော ဟင်းလျာများ၏ အတွေ့အကြုံက သူတို့ ယခင်က စားခဲ့ဖူးသော ဟင်းပွဲများ၏ အတွေ့အကြုံထက် များစွာပိုနေသည်ကို သဘောပေါက်လိုက်သည်။အိုးလိုက်ချသောဟင်းပွဲမျိုးကို မြင်ရရန် ခဲယဉ်းလွန်းလှသည်။


ပိုင်ကျန့်က ပျော်ရွှင်စွာဖြင့် စားသောက်နေသည်ကို ကြည့်ရင်း ကျင်းခွင်းက သူ၏ ဟင်းပွဲကို မျှော်လင့်နေမိသည်။


"ငါ့ရဲ့ဟင်းပွဲက ဘယ်တော့မှရမှာလဲ ...ငါတော်တော်လေး စိတ်မရှည်တော့ဘူး...."


ကျင်းခွင်းက ပုဖန်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ပုဖန်က သူကို တစ်ချက်ပြန်ကြည့်ရင်း အေးဆေးစွာပင် ပြောလိုက်သည်။


"စိတ်မရှည်တဲ့လူက ဘယ်တော့မှ အစားကောင်းမစားရဘူး....."


ပုဖန်က ပြောပြီးသည်နှင့် မီးဖိုချောင်ဘက်သို့ ပြန်လှည့်ဝင်သွားလိုက်သည်။သူက ကျင်းခွင်းမှာထားသော အစပ်အရသာ ပြင်းသည့် ဟင်းပွဲကို စတင်၍ ချက်ပြုတ်ရပေပြီ။


သို့သော်လည်း သူ အရသာ ပြင်းသည့် ဘယ်လို ဟင်းပွဲမျိုးကို ထျက်ပြုတ်ရပါမည်နည်း......ပုဖန်က ခဏမျှတွေးတောပြီးသည့်နောက် သူဆုံးဖြတ်ချက်ချလိုက်သည်။


သူက လက်ဆက်လှသော တို့ဟူးကြီးတစ်ခုကို ထုတ်ယူလိုက်သည်။သူ့လက်ထဲမှ မီးဖိုချောင်သုံးဓားကို လှည့်လိုက်ရင်း ကောင်းမွန်လှသည့် ဖြတ်တောက်ခြင်းပညာကို အသုံးပြုကာ အတုံးသေးလေးများ ဖြစ်အောင် ဖြတ်တောက်လိုက်သည်။


ထိုတို့ဟူးသေးသေးလေးများက ကျုံ့နိုင်ဆန့်နိုင်သော ရာဘာကဲ့သို့ ပန်းကန်လုံးထဲ၌ ခုန်ပေါက်နေပေသည်။


"အရသာပြင်းထန်တဲ့ ဟင်းပွဲကို ချက်ရမယ်ဆိုတော့..... ဒီဟင်းပွဲကို စမ်းသပ်ချက် ကြည့်ဖို့ အခွင့်ကောင်းပဲ....."


ပုဖန်က တီးတိုးရေရွတ်လိုက်ပြီူနောက် မီးဖွင့်၍ ဒယ်အိုးကို အပူပေးလိုက်သည်။ထို့နောက် သူ ခရီးသွားနွားနဂါး၏ အသားကို ထုတ်ယူလိုက်ပြီး အတုံးလေးများ တုံးလိုက်သည်။


ထို့နောက် စနစ်က ထောက်ပံ့ပေးထားသော လျှပ်ပြက်နတ်ဆိုး ကြက်သွန်ဖြူကို ထုတ်ယူလိုက်ပြီး အတုံးလေးများဖြစ်အောင် တုံးလိုက်ပြန်သည်။


ထိုလျှပ်ပြက်နတ်ဆိုး ကြက်သွန်ဖြူက အဆင့်မနိမ့်လှသော စိတ်ဝိညာဉ်ဆိုင်ရာ ဆေးတစ်မျိုးဖြစ်သည်။


သူ ပြင်ဆင်ပြီးသော အခါ၌ မီးဖိုချောင်တစ်ခုလုံး၌ ထူးခြားသော ရနံ့များဖြင့် ပြည့်နှက်နေပေပြီ။ပုဖန်က လျှပ်ပြက် နတ်ဆိုး ကြက်သွန်ဖြူကို အပိုင်းသေးလေးများဖြစ်အောင် တုံးသည့်အခါတွင် မီးပွားလေးများ လွင့်စင်လာသည်ကို သတိပြုမိလိုက်ပြီး မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။


သူက တို့ဟူးကို စိတ်ဝိညာဉ်ရေအိုင်မှ ရေနှင့် ဆေးကြောပြီးသည့်နောက် အသက်ဝင်လာသလို ပို၍ ခုန်ပေါက်နေတော့သည်။


ရွဲ......


သူက လျှပ်ပြက်နတ်ဆိုး ကြက်သွန်ဖြူနှင့် ခရီးသွားနွားနဂါး၏ အသားကို အိုးထဲ ထည့်၍ ကြော်လိုက်သည်။အသားနှင့် ကြက်သွန်ဖြူတို့၏ ရနံ့များက ဝေ့ဝဲ ထွက်ပေါ်လာသည်။ပုဖန်ချက်ပြုတ်သည်ကို ကြည့်ရှူနေသော ရှောင်ရှောင်လုံ၏ မျက်ဝန်းများက ပြူးကျယ်သွားလေသည်။


"ကြည့်ရတာတော့ သူက မာပိုတို့ဟူးကို ချက်ပြုတ်နေသလိုပဲ....."


ရှောင်ရှောင်လုံက တွေးလိုက်မိသည်။ပုဖန်ချက်ပြုတ်သည့် မာပိုတို့ဟူးကို မြည်းစမ်းခဲ့စဉ်က တကယ့်ကိုပင် အရသာပြင်းကြောင်း သူသိခဲ့သည်။သို့သော်လည်း မာပိုတို့ဟူး၏ အရသာက လုံလောက်အောင် ပြင်းထန်ခြင်း မရှိသေးပေ။


ပုဖန်က နီရဲနေသော ငရုတ်သီးကို သေးသေးလှီးလိုက်ပြီး အိုးထဲသို့ ထည့်လိုက်သည်။သူဆက်လက်၍ မွှေနေပြီး ခဏအကြာ၌ သိပ်သည်းလှသော မွှေးရနံ့များ ပေါင်းစု၍ မွှေးကြိုင်သည့် ရနံ့များ ပြန့်လွင့် ထွက်ပေါ်လာသည်။ထို့နောက်သူက မာပိုတို့ဟူးကို ထည့်လိုက်သည်။


တစ်ခြား စားဖိုမှူးများအနေဖြင့် တို့ဟူးကို မွှေသည့်အခါတွင် အလွန်သတိထားရန် လိုအပ်သည်။သို့သော်လည်း ပုဖန်အတွက် သတိထားရန် မလိုအပ်ပေ။သူက တို့ဟူးကို မုန်းတီးပြီး ရန်ညှိုးထားနေသူ တစ်ယောက်ကဲ့သို့ အကြမ်းပတမ်းလှုပ်ခါလိုက်သည်။ထိုမြင်ကွင်းကိုကြည့်၍ ရှောင်ရှောင်လုံ၏ နှုတ်ခမ်းများက မဲ့ရှူံ့သွားလေသည်။


ပုဖန်က သူ၏ အစစ်အမှန်စွမ်းအင်များကို ထိန်းချုပ်သည့်နေရာ၌ ရှောင်ရှောင်လုံ တွေးနေသည့် အခြေအနေထက် ကျော်လွန်သွားပေပြီ။ထို့ကြောင့်ပင် သူ ကြော်ချက်နေစဉ်အတွင်း၌ ဒယ်အိုးကို အစစ်အမှန် စွမ်းအင်များဖြင့် ဖုံးအုပ်ထားခဲ့သည်။


ထို့ကြောင့် တို့ဟူး၏ ပြောင်းလဲမှု အသီးသီးလေးကိုပင် သူ သတိပြုမိနိုင်သည်။ထို့ကြောင့်သူက တို့ဟူးအတွင်းသို့ တစ်ခြားအရသာများ ဆိမ့်ဝင်သွားပြီး ပျက်စီးသွားခြင်းမှ ကာကွယ်ထားနိုင်သည်။


သူက ဒယ်အိုးထဲသို့ အရည်တစ်ချို့ လောင်းထည့်လိုက်သည်။ထို့နောက် အစပ်ရနံ့များက ပို၍ ပြင်းထန်လာခဲ့သည်။ရှောင်ရှောင်လုံက ထိုရနံ့ကိုသတိပြုမိသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ထိုအစပ်ရနံ့က အစပ်ပြင်းထန်ခြင်းမရှိပေ။


နောက်ဆုံး၌ မာပိုတို့ဟူးက အချိာအစပ် အရသာ နှစ်မျိုးလုံး ပါဝင်နေသည့် ဟင်းပွဲဖြစ်သည်။အစပ်အရသာကလည်း ပြင်းထန်မှု မရှိပေ။ကျင်းခွင်းက သိပ်သည်းလှသော မွှေးရနံ့များကို ရှူရှိုက်လိုက်ပြီးနောက် သူမျက်နှာပေါ်မှ အပြုံးလေး တစ်ခု ဖြစ်ပေါ်လာသည်။


"ဒီအစပ်အရသာက ပြင်းထန်မှာ မဟုတ်ဘူး......ပိုင်ရှင်ပု မင်ူတက်နိုင်တာ ဒါပဲလား....မင်းရဲ့ဟင်းပွဲက ငါ့ကို စိတ်မကျေနပ်စေဘူးဆိုရင်တော့ မင်းဆိုင်ရဲ့ဂုဏ်သတင်းက ပျက်စီးသွားမှာပဲ......"


ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာ ထိုင်နေသော ကျင်းခွင်းက ရယ်မောလိုက်သည်။


ဂျွတ်......ဂျွတ်......


သို့သော်လည်း သူစတင် ရယ်မောလိုက်သည့် အချိန်မှာပင် ပိုင်ကျန့်၏ စားစရာဝါးနေသော အသံက သူ့နားထဲသို့ ဝင်ရောက်လာသည်။ကျင်းခွင်းက အေးစက်စွာ နှာခေါင်းရှူံ့လိုက်ပြီးနောက် တစ်ခြားနေရာသို့ မျက်နှာလွှဲထားလိုက်သည်။


ပုဖန်က အိုးအဖုံးကို ဖွင့်လိုက်ရာ သိပ်သည်းလှသော ရေနွေးငွေ့များက နဂါးဖြူ တစ်ကောင်ကဲ့သို့ပင် ထိုးထွက်လာခဲ့သည်။


များပြားလှစွာသော တို့ဟူးတုံးလေးများက ဒယ်အိုးထဲတွင် ကခုန်နေကြပြီး တောက်ပလှသော အရောင်က ပင် စားသုံးသူ၏ အာရုံကို ဆွဲဆောင်ထားပေ နိုင်လိမ့်မည်။အစပ်ရနံ့တစ်ခုတည်းကပင် များပြားလှစွာသော သူများကို ဆွဲဆောင်ဖို့ လုံလောက်နေပေပြီ။


"ဒီဟင်းပွဲကို လျှပ်ပြက်မာပိုတို့ဟူး လို့ခေါ်မယ်...."


ပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ထိုစကားကိုကြားသောအခါမှ ရှောင်ရှောင်လုံက ပြန်လည် သတိဝင်လာသည်။ပုဖန်က သာမန်ဟင်းပွဲကို မလုပ်ပဲ တစ်ခြားနည်းလမ်းဖြင့် ပြုလုပ်ခဲ့သည်။


"ဒါပေမယ့် အဲ့ဒီဟင်းပွဲနှစ်ခုမှာ ဘာများကွာခြားလို့လဲ......"


မာပိုတို့ဟူး ဟင်းပွဲကို စူးစိုက်ကြည့်နေသော ရှောင်ရှောင်လုံ၏ မျက်ဝန်းများက ရုတ်တရက် စူးရှသွားသည်။သူက တို့ဟူးများကြားထဲ၌ လင်းလက်လှသော အလင်းတန်းများကို ရှာတွေ့လိုက်လေသည်။


"ဒီဟင်းပွဲက တကယ့် လျှပ်စီးတန်းတွေ ပါဝင်နေတာပဲ....."


ရုတ်တရက် ပိုင်ရှင်ပု၏ လက်ထဲ၌ ခရားသေးသေးလေးတစ်လုံးကို မြင်လိုက်ရသည်။ထိုခရားသေးလေးက အနီရောင်ဖြစ်ပြီး ထူးဆန်းလှသော ပုံသဏ္ဍာန်များကို ရေးဆွဲထားလေရာ သူကို မြင်လိုက်သည့် မည်သူမဆို တုန်လှုပ်သွားပေလိမ့်မည်။


"ပိုင်ရှင်ပု ....ဒါကဘာလဲ...."


"သူက အရသာပြင်းပြင်း ဟင်းပွဲလို့ မတောင်းဆိုခဲ့ဘူးလား....ဒီတော့ ဒီငရုတ်ရည်ကို ဘယ်လိုလုပ် မေ့ထားလို့ရမှာလဲ...."


ပုဖန်က သူလက်ထဲမှ ခရားလေးကို ဆော့ကစားရင်း နှုတ်ခမ်းများ တွန့်ကွေး၍ ပြောလိုက်သည်။


"ငရုတ်ရည်..."


ရှောင်ရှောင်လုံက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသည်။


"ဒါကို ပူပူစပ်စပ် ငရုတ်ရည်လို့ခေါ်တယ်...အရသာက တကယ့်ကို ပြင်းတယ်....ငါက ဒီနေ့ထက်ထိ ဒါကို တစ်စက်ပဲ သုံးဖူးသေးတယ်...."


ပုဖန်ကပြောလိုက်သည်။ထို့နောက် ပုဖန်က ဇွန်းကြီးတစ်ဇွန်းကို ယူလိုက်ပြီး ခရားထဲမှ ပူပူစပ်စပ် ငရုတ်ရည်တစ်ဇွန်းခပ်ယူလိုက်ကာ မာပို့တို့ဟူးပေါ်၌ လောင်းလိုက်သည်။


ထိုငရုတ်ရည်က လုံးဝ နီရဲနေပြီး မွှေးရနံ့ပြင်းပြင်းကို ပိုင်ဆိုင်ထားလေသည်။ပုဖန်က မာပိုတို့ဟူးပေါ်သို့ လောင်းလိုက်သည်နှင့် ပူပူစပ်စပ် ငရုတ်ရည်က ချက်ချင်းပင် တို့ဟူးထဲသို့ စိမ့်ဝင်သွားလေသည်။


ထိုပူပူစပ်စပ် ငရုတ်ရည်တစ်စက်က ပါးစပ်ထဲ၌ မီးတောက်သလိုပင် ခံစားရပေလိမ့်မည်။တစ်ဇွန်းဆိုလျှင် အဝေးသို့ ထွက်ပြေးချင်ပေလိမ့်မည်။တစ်ခရားသာဆိုလျင် ထိုသူက ကောင်းကင်ဘုံသို့ ရောက်သွားပေလိမ့်မည်။