အပိုင်း ၃၂၉
Viewers 62k

အခန်း ၃၂၉

အစပ်အရသာကြောင့်ငိုကြွေးသွားသောတန်ခိုးရှင်


ပူပူစပ်စပ် ငရုတ်ရည်ကို အသူရာ ချောက်နက်ထဲမှ မိုးမျှော် ငရုတ်နီကို သေချာစွာ ရွေးချယ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။


ထိုငရုတ်သီးကို အသူရာ နတ်ဆိုးများ၏ နေ့စဉ်ထုတ်လုပ်သော အနှစ်သာရများဖြင့် ပြုစုပျိုးထောင်ထားသောကြောင့် သူ၏ အစပ် အရသာက အလွန့်အလွန် ကြောက်စရာ ကောင်းလှသည်။


အသူရာချောက်နက်သည် မှောင်မဲပြီး အေးစက် စိုစွတ်လှသည်။ထို့ကြောင့်ပင် အသူရာနတိဆိုးများက အလွန်ပူစပ်လှသည့် အသူရာ ငရုတ်သီးကို ကြိုက်နှစ်သက်ကြသည်။


စားသုံးလိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်တွင် မီးတောက်လာသလို ခံစားရပြီး ခန္ဓာကိုယ်က နွေးထွေးသွားလေ၏ ထို့ကြောင့်ပင် ထိုငရုတ်သီးက အသူရာ နတ်ဆိုးများ၏ အရေးကြီးဆုံး စားဖွယ် တစ်ခုဖြစ်နေခြင်း ဖြစ်သည်။


သို့သော်လည်း အသူရာ နတ်ဆိုးများသည်ပင် ထိုငရုတ်သီး၏ ပြင်းထန်လှသော အစပ်ဒဏ်ကို ခံစားရသည်ပင် ဖြစ်သည်။


ရှောင်ရှောင်လုံက နှုတ်ခမ်းတစ်ဖက် တွန့်ကွေး၍ ပူပူစပ်စပ်ငရုတ်ရည်ကို ဇွန်းကြီးတစ်ဇွန်းခပ်၍ လောင်းထည့်လိုက်သော ပုဖန်ကို အံ့အားသင့်သင့် ကြည့်နေမိသည်။


"ဒါက တကယ်ပဲ အဆင်ပြေပါ့မလား...."


သူက ပုဖန်ပြောသည့် ငရုတ်ရည်တစ်စက် အသုံးပြုခဲ့သည့် အချိန်ကို ပြန်လည် အမှတ်ရသွားသည်။အချိန်တော်တော် ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုငရုတ်ရည် တစ်စက်က ထိုသူကို မည်မျှ ဒုက္ခပေးခဲ့သည် အကြောင်းကို သူ ပြန်မှတ်မိသွားသည်။


သို့သော်လည်း အခုချိန်၌ သူက ဇွန်းကြီး တစ်ဇွန်းခပ်၍ ထည့်လိုက်ပေသည်။


"ပိုင်ရှင်ပု ....မင်းက သူကို သတ်ချင်နေတာလား...."


ရှောင်ရှောင်လုံက ထိုဟင်းပွဲ မှာယူသူအတွက် စိတ်မကောင်း ဖြစ်သွားမိသည်။


"ဘာကြောင့်များ အာ့လူက လေလုံးထွားရတာလဲ ...."


 ထိုသူက အရသာပြင်းပြင်း ဟင်းပွဲကို မှာယူလိုသည်ဟု ပြောကြားခဲ့သည်။ဒီယခု ဟင်းပွဲက တကယ့်ကို အရသာပြင်းထန်ပေလိမ့်မည်။အကယ်၍ ဒီဟင်းပွဲသာ အရသာ ပြင်းထန်မှု မရှိသေးဘူးဆိုလျှင် ရှောင်ရှောင်လုံက ကျေကျေနပ်နပ်ကြီး အရိုက်ခံပေလိမ့်မည်။


ပုဖန်က လျှပ်ပြက်မာပိုတို့ဟူးပန်းကန်ကို ယူဆောင်လိုက်သည်။ထိုဟင်းပွဲ၏ ပုံပန်းသွင်ပြင်က တော်တော်လေး ကောင်းလှပေသည်။သေးငယ်လှသော တို့ဟူးတုံးလေးများ ကြား၌ လျှပ်စီးတန်းလေးများ တဖြတ်ဖြတ် ထွက်ပေါ်နေလေရာ ထူးခြားလှသော အလှတရားများကို ပိုင်ဆိုင်ထားသည့် စိတ်ဝိညာဉ်များနှင့်ပင် ဆင်တူလှသည်။


"ဒါတော်တော်လေး ကောင်းတာပဲ......"


ပုဖန်က ထိုဟင်းပွဲကို အတော်လေး စိတ်ကျေနပ်နေမိသည်။သူက လျှပ်ပြက်မာပိုတို့ဟူးပန်းကန်ကို ဆွဲယူလိုက်ပြီး နှာခေါင်းနားကပ်၍ အသာလေး ရှူရှိူက်လိုက်မိသည်။


သူ၏ နှာခေါင်က အနည်းငယ် ရှုံ့ပွသွားပြီး နဖူးကြောများ တွန့်သွားသည်။ထို့နောက် ပုဖန်က အထူးစပါယ်ရှယ် ပြင်ဆင်ထားသော မာပိုတို့ဟူးပန်းကန်ကို ယူလိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။


ရှောင်ရှောင်လုံက ပုဖန် ထွက်သွားသည်ကို မြင်သောအခါ အနည်းငယ်မျှ စဉ်းစားလိုက်ပြီး သူနောက်မှ လိုက်လာခဲ့လိုက်သည်။သူက ဖြစ်ပျက်တော့မည့် မြင်ကွင်းကို အလွန် စိတ်ဝင်စားနေပေသည်။ထိုကဲ့သို့ မြင်ကွင်းမျိုးကို လွဲချော်သွားထဲ့ရလျှင် အလွန် နှာမြောစရာ ကောင်းပေလိမ့်မည်။


ကျင်းခွင်းက ပိန်ပါးသွယ်လျသည့် ပုံရိပ်တစ်ခု မီးဖိုချောင်ထဲမှ ထွက်လာသည်ကို မြင်လိုက်သောအခါတွင် မျက်ဝန်းများ မှေးကျင်း၍ ကြည့်လိုက်သည်။ ထိုသူ အငွေ့တထောင်းထောင်းထနေသော ပန်းကန်လုံးတစ်လုံးကိုလည်း သယ်ဆောင်လာပေသည်။


"သူလာပြီ...."


ကျင်းခွင်းက ချက်ချင်းပင် မတ်မတ်ထိုင်လိုက်ပြီး အာရုံ စူးစိုက်လိုက်သည်။


"မင်းက မင်းရဲ့ဟင်းပွဲကို အရမ်းကို ဂုဏ်ယူနေတာလား.....ငါက မင်းဘဝတစ်လျှောက်လုံး သံသယတွေနဲ့ မေးခွန်းထုတ်သွားရအောင်လို့ ဒီဟင်းပွဲကို ဝေဖန်ပေးလိုက်မယ်....."


အငွေ့တထောင်းထောင်းထနေသော ဟင်းပွဲကို ကျင်းခွင်း၏ ရှေ့၌ ချပေးလိုက်သည်။သင်းပျံ့မွှေးကြိုင်သော မွှေးရနံ့များနှင့် အပူငွေ့လေးများက ဆိုင်ထဲ ပြန့်နှံ့သွားသည်။


ပိုင်ကျန့်ပင်လျှင် ထိုဟင်းပွဲ၏ ဆွဲဆောင်မှု ခံလိုက်ရသည်။ပိုင်ကျန့်က စားနေရာကို ရပ်လိုက်ပြီး ကျင်းခွင်းကို ကြည့်လိုက်သည်။


သူ၏ မျက်ဝန်းများက တောက်ပလာသည်။ပုဖန် ကျင်းခွင်းအတွင် ပြင်ဆင်ပေးသော ဟင်းပွဲကို ကြည့်၍ ကျန့်ခုံးကလည်း သတိလက်လွတ် မတ်တပ်ထရပ်လိုက်မိသည်။


မြေရိုင်းလွင်ပြင်ဒေသမှ စွမ်းရည် ကျင့်ကြံသူများက အရသာ ပြင်းထန်သည့် အစားအစာများကို အလွန်ကြိုက်နှစ်သက်ကြသည်။သူတို့၏ ကိုယ်ရည်ကိုယ်သွေးက ရိုင်းစိုင်းကြမ်းတမ်းလှပြီး သူတို့၏ အရသာကြိုက်နှစ်သက်မှုကလည်း တူတူပင် ဖြစ်သည်။


ပုဖန် သူအတွက် ပြင်ဆင်ပေးသော ဟင်းပွဲက အရင်ဟင်းပွဲများနှင့် မတူပဲ အထူးပြင်ဆင်ပေးခဲ့သည့် ဟင်းပွဲ ဖြစ်နိုင်သည်။ထို့ကြောင့်ပင်လျှင် ကျန့်ခုံးက ကျင်းခွင်း ထိုဟင်းပွဲကို ကြိုက်နှစ်သက်မှု ရှိမရှိကို သိချင်နေပေသည်။ကျင်းခွင်းက သူရှေ့မှ ဟင်းပွဲကို စူးစိုက်ကြည့်ရင်း မျက်ဝန်းများ ပြူးကျယ်လာသည်။


ပတ္တမြားရောင်တောက်ပနေမှုက သူ၏ အမြင်အာရုံကို ကျေနပ်စေပြီး မာပိုတို့ဟူးများကြားထဲမှ လျှပ်ပြက်သလို အလင်းတန်းများကို ကြည့်နေရခြင်းက သူခန္ဓာကိုယ်မှ အရိုးအဆစ်များ အနည်းငယ်ပွင့်သွားသလို ခံစားရစေသည်။


ကျင်းခွင်းက မွှေးပျံ့လှသော ရနံ့များကို ရှူရှိုက်လိုက်ပြီး မျက်ဝန်းက ပို၍ ပင် ပြူးကျယ်လာသည်။


ထိုဟင်းပွဲ၏ ရနံ့က အစပ်ရနံ့ဖြစ်သော်လည်း အမွှေးကြိုင်ရနံ့အရ အစပ်အရသာက မပြင်းထန်ကြောင်း ထင်ရှားပေသည်။


"ဒါကို လျှပ်ပြက် မာပိုတို့ဟူးလို့ ခေါ်တယ်....မာပိုတို့ဟူးကို ထူးခြားတဲ့ နည်းလမ်းနဲ့ ပြုလုပ်ထားပြီးတော့ အလွန့်အလွန် စပ်ပြီး အရသာက အရမ်းပြင်းထန်တယ်......"


ပုဖန်က သူ၏ ဟင်းပွဲနှင့်မိတ်ဆတ်ပေးလိုက်သည်။ပုဖန်က ဟင်းပွဲကို မိတ်ဆတ်ပြီးသည်နှင့် ကျင်းခွင်းကို စူးစိုက်ကြည့်လိုက်ပြီး မြည်းကြည့်ရန် အချက်ပြလိုက်သည်။ဘေးနား၌ ထိုင်နေသော အကြီးအကဲ ဆန်းဆီမှ တံတွေးမျိုချသံ ကျယ်ကျယ် ထွက်ပေါ်လာသည်။


"ဟေး....ဟေး ....မင်းက ဒီဟင်းပွဲရဲ့ အရသာ ပြင်းမပြင်း ဆုံးဖြတ်ပေရမယ့်သူ မဟုတ်ဘူးနော်...ဆုံးဖြတ်ရမယ့် လူက ငါ....."


ကျင်းခွင်းက လှောင်ပြောင်လိုက်ပြီး ဘေးနားတွင် ရှိနေသည့် ပန်းကန်လုံးနှင့် ဇွန်းကို ကောက်ယူလိုက်သည်။သူကတို့ဟူး၏ မွှေးရနံ့ကို ထပ်မံ ရှူရှိုက်လိုက်ပြီးနောက် ဇွန်းတစ်ဇွန်း အပြည့်ခပ်လိုက်သည်။


သူခပ်ယူလိုက်သော တို့ဟူးင အနီရောင် ဂျယ်လီတုံးလေးကဲ့သို့ တုန်ခါနေပြီး လျှပ်စီးအလင်းလေးများ အနည်းငယ် တောက်ပနေသည်။


ထိုမြင်ကွင်းကို ကြည့်နေသော ပုဖန်၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုက ပို၍ ပီပြင်လာသည်။သူက ကျင်းခွင်းအနားမှ ထိုင်ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်လိုက်ကာ သူကို မလွှဲတမ်း စိုက်ကြည့်နေ၏။


ကျင်းခွင်းက တို့ဟူးအပြည့်ပါဝင်နေသော ဇွန်းကို တဖြေးဖြေးချင်း မြှောက်ယူလိုက်သည်။နီရဲနေသည့် တို့ဟူးက သူ၏ ပါးစပ်ကို လောင်ကျွမ်း ပစ်တော့မည့် မီးတောက်များနှင့်ပင် ဆင်တူလာသည်။သူပါးစပ်ထဲ ထည့်လိုက်သည်နှင့် လျှပ်စီးတန်းက သူခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။


သူ စားလိုက်သည်နှင့် ပထမဦးစွာ နူးညံ့မှုကို ခံစားလိုက်ရသည်။တို့ဟူးက နူးညံ့လှသောကြောင့် အနည်းငယ်မျှပင် ဝါးစရာမလိုပဲ အရည်ပျော်သွားသည်။ခဏချင်းမှာပင် ပါးစပ်တစ်ခုလုံး မွှေးရနံ့များဖြင့် သင်းထုံသွားစေသည်။


ထို့နောက်လျှပ်စီး ကြောင့် ဖြစ်ပေါ်လာသော ထုံကျင်မှုကို ခံစားလိုက်ရပြီး သူခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီး ကန်ထဲ၌ နစ်မြှုပ်နေသလိုပင် ခံစားရသည်။


ထို့နောက် ပူလောင်သည့်ခံစားချက်တစ်ခုက အနောက်မှ လိုက်ပါလာသည်။တန်ခိုးရှင် အဆင့်တစ်ယောက်အနေဖြင့် ဟင်းပွဲတစ်ပွဲက သူကို ပူလောင်စေလိမ့်ဟု မတွေးခဲ့ဖူးပေ။


သို့သော်လည်း ပူလောင်သည့်ခံစားချက်က အစစ်အမှန် မဟုတ်နိုင်ပေ။ပုဖန်က ဟင်းပွဲထဲ၌ သူ၏ အစစ်အမှန် စွမ်းအင်များကို ထည့်ထားခဲ့ပြီး ပူလောင်သည့် ခံစားချက်မျိုး ခံစားစေခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။


အဆုံးသတ်၌ သူက တန်ခိုးရှင်အဆင့်တစ်ယောက်ဖြစ်သောကြောင့် မီးလောင်ခြင်းခံနေရပင်လျှင် သူပူလောင်မှုကို ခံစားရမည် မဟုတ်ပေ။


ထို့အပြင် ကျင်းခွင်းက ပူလောင်မှုကို ခံစားနေရသည်ဆိုသော်လည်း သူ၏ ပါးစပ်ထဲ၌ အစစ်အမှန်စွမ်းအင်များကိုလည်း ခံစားမိနေသည်။ထို့နောက် သူခံစားလိုက်မိသောအရသာက တဖြေးဖြေးချင်း လွှမ်းမိုးလာသည်။


ကျင်းခွင်းကို ဂရုတစိုက် လေ့လာကြည့်နေသော အကြီးအကဲဆန်းက ထိုဟင်းပွဲကို ကြိုက်နှစ်သက်သည်ဟု မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။


ဒေါသနတ်ဆိုး ခန်းမ၏ အရှင်သခင်က မည်မျှပင် ပြင်းထန်သည့် အရသာမျိုးကို ကြိုက်နှစ်သက်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိနေပေသည်။


ကျင်းခွင်းကို အာရုံစိုက်နေသော ပိုင်ကျန့်ကလည်း သူ နှစ်သက်စွာ စားနေသည်ကို သတိပြုမိလိုက်သည်။သူက မထိန်းချုပ်နိုင်ပဲ တစ်ဇွန်းလောက် စားကြည့်ချင်လာသည်။


ရုတ်တရက် ဝါးစားနေသည့် ကျင်းခွင်း၏ အမူအရာက တောင့်တင်းသွားပြီး သူ ပုဖန်ကို အမြန်လှမ်းကြည့်လိုက်သည်။စပ်သည့်အရသာက အရသာဖုလေးများ အားလုံးကို ဖုံးလွှမ်းသွားပြီးနောက် ဆူပွက်နေသည့် ချော်ရည်များကို စားနေသည့် ခံစားချက်မျိုးသာ ကျန်ခဲ့တော့သည်။ချက်ချင်းပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံး လုံးဝနီရဲသွားသည်။


သို့သော်လည်း ကျင်းခွင်း၏ အသားအရည်အရောင်ကြောင့် သာမန်လူများက သူ့အသားအရည် နီရဲလာသည်ကို မြင်နိုင်လိုက်မည် မဟုတ်ပေ။စက္ကန့်ပိုင်းများ အကြာ၌ ကျင်းခွင်း၏ ခေါင်းမှနေ၍ ချွေးများ စီးကျလာလေသည်။


နောက်ထပ် တို့ဟူး တစ်ဇွန်းထပ်စားလိုက်ပြီး ထိုအစားအစာ ဗိုက်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ လည်ချောင်း၌ မီးတောက်လောင်လာသလို စတင်ခံစားလိုက်ရသည်။


"အား.....အား......အား...."


ကျင်းခွင်း၏ နှာခေါင်းမှပင် အခိုးအငွေ့များ ထွက်လာပြီး သူ မထိန်းချုပ်နိုင်စွာ ထုတ်ငြီးလိုက်မိသည်။


"အရသာက ဘယ်လိုနေလဲ ....အဲ့ဒီအစပ်အရသာက ပြင်းလား မပြင်းဘူးလား....."


ကျင်းခွင်း၏ ထူးခြားမှုကို သတိပြုမိလိုက်သော အကြီးအကဲဆန်းက စိုးရိမ်ပူပန်မှုနှင့် တွန့်ဆုတ်စွာ မေးလိုက်သည်။ထိုအချိန်၌ ကျင်းခွင်း၏ အာ ရုံကြောများပင် တောင့်တင်း နေပြီး အကြီးအကဲဆန်းကို ငေးမောကြည့်နေမိသည်။


သူ၏ နှုတ်ခမ်းက စုချွန်နေပြီး သူ၏ ခေါင်းကလည်း ပိုမို တောက်ပြောင်လာသလို ထင်ရသည်။


"မင်းက အရသာကို သိချင်တယ်ဆိုမှတော့ မင်း ပိုစားသင့်တယ်....တစ်လုတ်ထဲ စားရုံနဲ့တော့ အရသာပြင်းမပြင်း ဘယ်လိုလုပ် သေချာသိမှာလဲ.....မင်းပိုစားမှသာ ဒီအရသာက ပြင်းတယ်ဆိုတာကို မင်း ငါ့ကိုယုံကြည်မှာပေါ့....တကယ်လို့ စားပြီးတဲ့အထိ ဒါက စပ်တယ်လို့မထင်ဘူးဆိုရင်တော့ မင်းငါ့ကို မင်းစိတ်ကြိုက်ရိုက်နိုင်တယ်....."


ပုဖန်က စ်ိတ်အားထက်သန်စွာ ပြောလိုက်သည်။


ဖူး......


ပုဖန်ကို စူးစိုက်ကြည့်နေသော ကျင်းခွင်း၏ မျက်ဝန်းများက ပြူးကျယ်လာပြီး နှာခေါင်းနှင့် ပါးစပ်မှလည်း အခိုးအငွေ့များထွက်လာသည်။


"ဒီအရသာက မပြင်းထန်ဘူးဆိုရင် ငါဆက်စားရမယ်ပေါ့....."


ကျင်းခွင်းက ချွေးများ မိုးရွာသလို စီးကျလာပြီး စားပွဲကို တဒုန်းဒုန်း ထုလိုက်မိသည်။ထို့နောက် သူ နောက်ထပ်တို့ဟူးတစ်ဇွန်း ခပ်ယူလိုက်သည်။


ဇွန်းအတွင်းမှ တဖြတ်ဖြတ်လဲ့နေသော လျှပ်စီးတန်းလေးက သူ၏ စိတ်နှလုံးကို တုန်ခါစေသည်။သူ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အစပ်အရသာက ဒီဂရီတစ်ခု တိုးတက်သွားသလိုပင် ခံစားလိုက်မိသည်။


ဟာရီကိန်းမုန်တိုင်းနှင့် ချော်ရည်ပူတို့ ထိပ်တိုက်တွေ့ဆုံသွားသလိုပင် ခံစားမိ၏။


အား.......


ကျင်းခွင်းက မရပ်မနား မျက်တောင်ခတ်နေပြီး သူ၏ အမူအရာကလည်း အလွန်ဆိုးရွားလှသည်။


"ဒီဟာက ပူလည်းပူတယ် စပ်လည်းစပ်တယ်...ဒီလိုအရသာမျိုး ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ....

"


သူတို့ မြေရိုင်းလွင်ပြင်ဒေသမှ ပေါက်ကွဲ ငရုတ်သီးပင်လျှင် ဒီဟင်းပွဲနှင့် မယှဉ်နိုင်ပေ။တကယ်တမ်း ပြောရမည်ဆိုပါ ဒီဟင်းပွဲနှင့် ယှဉ်လျှင်ပင် သူတို့၏ ငရုတ်သီးက လုံးဝ ချို့တဲ့နေပေသည်။


"ဘယ်လိုနေလဲ...အခုထိ မထိမိသေးဘူးလား....."


အကြီးအကဲဆန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။အကယ်၍ အရသာက ပြင်းထန်မှု မရှိလျှင် မောက်မာ ထောင်လွှားနေသော ပုဖန်က အရှက်ကွဲပေလိမ့်မည်။


သို့သော်လည်း ကျင်းခွင်းက သူကို ပြန်၍ မဖြေပေ။ပိုင်ကျန့်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ထိုဟင်းပွဲ၏ အရသာ ပြင်းထန်ကြောင်း ထင်ရှားပေသည်။ကျင်းခွင်း၏ အမူအရာ ဖြူဖတ်ဖြုရော် ဖြစ်နေခြင်းမှာ အတော်ကြာနေပေပြီ။


"ဘာမှားနေလို့လဲ.....အရသာက မထိမိသေးဘူးလား ....ဒီလိုဆိုမှတော့ မင်းနောက်တစ်လုတ် ထပ်စားသင့်တယ် ...."


ပုဖန်က ဆက်၍ တိုက်တွန်းလိုက်သည်။ကျင်းခွင်းက ပုဖန်ကို လုံးဝ လျစ်လျူရှူထားလိုက်ပြီး သူခေါင်းကိုသာ ယမ်းခါနေမိသည်။


"ဒါက ဘယ်လို ဟင်းပွဲမျိုးလဲ....."


အကြီးအကဲဆန်းက ပုဖန်ကို ကြည့်လိုက်သည်။ထို့နောက် သူ ပန်းကန်ထဲမှ ပူပူစပ်စပ် ငရုတ်ရည်များကို ကြည့်လိုက်သည်။သူ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက် တို့ဟူးတစ်ဇွန်းခပ်၍ စားလိုက်သည်။


ပုဖန်က သူကို အံ့အားသင့်သင့် ကြည့်လိုက်ပြီး သူမျက်ဝန်းထဲ၌ စာနာ သနားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။သူက ငရုတ်ရည် ပမာဏကို တန်ခိုးရှင်အဆင့် စားရန်အတွက်သာ အထူးပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။


အကြီးအကဲဆန်းက တို့ဟူးကို မျိုချလိုက်သည်။သူ၏ မျက်နှာပေါ်၌ ကျင်းခွင်း ကနဦးအစက ပျော်ရွှင်သည့်အမူအရာမျိုး မတွေ့ရပေ။


သူက အဝတ်အစားများကို ချွတ်၌ ကမ္ဘာမြေအောက်မှာရှိနေသော ကျောက်ရေပို ကန်ထဲသို့ ဒိုင်ဗင်ထိုးချလိုက်သလိုမျိုး ခံစားလိုက်မိသည်။အစပ်အရသာက သူခန္ဓာကိုယ်တစ်ခုလုံး ပြန့်နှံ့သွားသလို ခံစားနိုင်သည်။


ကမ္ဘာကြီးပေါ်တွင် သူ၏ အမြင်များက မှားယွင်းနေသည်ဟုပင် စတင်ခံစားလာမိသည်။ဟင်းတစ်ဇွန်းစာက အကြီးအကဲဆန်းကို အငွေ့တလူလူ ထွက်လာစေပြီး သူ၏ သွင်ပြင် ဆိုးရွားသွားသည်ဟု ပြောလေလေ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။


သူ မာပိုတို့ဟူးကို မျိုချပြီးသည်နှင့် တစ်ပြိုင်နက် စားပွဲပေါ် လျှင်မြန်စွာ လှဲလိုက်ပြီး အဆက်မပြတ် ချောင်းဆိုးလိုက်သည်။မီးတောက်များ ထွက်လာတော့မလို ပူလောင်နေသော သူ၏ လည်ချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။


"ရေ....."


ချောင်းဆိုးသံများကြားမှ သူ၏ ပြာအက်အက် အသံ ထွက်ပေါ်လာသည်။ထိုအချိန်ခဏ၌ အကြီးအကဲဆန်းက သူကိုယ်သူ ရိုက်ပစ်ချင်နေပေပြီ။


"ဘာကြောင့်များ လျှာရှည်ပြီး ဒီထဲ ဝင်ပါရတာလဲ..."


သူက ပြင်းထန်လှသည့် အစပ်အရသာ၏ သတ်ဖြတ်မှုကြောင့် အဆုံးသတ်သွားတော့မည်လားဟုပင် တွေးမိနေပေပြီ။


ထိုသို့သာ တကယ်ဖြစ်လာလျှင် ဝမ်းနည်းစရာ ကောင်းစွာ သေဆုံးရသော အဆင့် ၈ နတ်ဘုရား ဖြစ်လာရုံသာမက ဟင်းအစပ်ကြောင့် သေဆုံးခဲ့ရသော အဆင့် ၈ နတ်ဘုရားအဖြစ်လည်း လူသိများလာပေလိမ့်မည်။


ကျင်းခွင်း၏ ခေါင်းပြောင်းပြောင်က ပို၍ပင် တောက်ပလာသည်။သူက နှာခေါင်းရှူံ့၍ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။သူ၏ မျက်ဝန်းမှ မျက်ရည်များကလည်း ပါးပြင်ပေါ်သို့ ဖြတ်သန်း စီးဆင်းလာသည်။


ပါးပြင်မှ ထုတ်လွင့်နေသော အပူငွေ့များကြောင့် ထိုမျည်များက စက္ကန့်မခြားပင် အငွေ့ပျံသွားသည်ဟု ထင်ရပေသည်။ပိုင်ကျန့်နှင့် ကျန့်ခုံးက ထိုမြင်ကွင်းကို ကြည့်၍ အံ့အားသင့် မှင်သက် ကြောင်အနေမိကြသည်။


ဓားဖြင့် ခုတ်ပိုင်းခံရလျှင်ပင် မျက်ရည်တစ်စက်မကျသော ဒေါသနတ်ဆိုး ခန်းမမှ တည်ကြည်လေးနက်လှသော တန်ခိုးရှင်က မျက်ရည်ဘူးသီးလုံးလောက် ကျနေပေသည်။


"အဲ့ဒီပန်းကန်ထဲက ဘယ်လိုဟင်းပွဲမျိုးလဲ......"


တန်ခိုးရှင်အဆင့် တစ်ယောက်ကိုပင် မျက်ရည်ကျစေနိုင်သည့် ဟင်းပွဲချက်ပြုတ်နိုင်ခြင်းင ပုဖန်၏ အောင်မြင်မှုပင် ဖြစ်သည်။


ကျင်းခွင်း၏ မျက်နှာက ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နေသည်။သူ၏ ပါးစပ်ကြောင့် သူ ဒီအခြေအနေသို့ ရောက်ရှိခဲ့ရပေပြီ။


"ဒီဟင်းပွဲက စပ်လား ....ချိုလား .....အရသာပြင်းထန်လား..... မပြင်းထန်ဘူးလား ....."


ထိုခံစားချက်များကသာ ဖုံးလွှမ်းနေသောကြောင့် သူ ပုံရိပ်ယောင်များထဲ လှည့်လည်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်လာပြီး ကမ္ဘာကိုပင် သံသယဝင်လာမိသည်။


ကျင်းခွင်းက ပါးစပ်ဟလိုက်သော်လည်း သူ၏ လည်ချောင်းထဲမှ ပူပြင်း လောင်မြှိုက်နေမှုကြောင့် စကားလုံးများ မပြောနိုင်ပဲ လက်သာ ဝှေ့ယမ်းလိုက်သည်။


သူ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာခဲ့သည်။သူ့၏ မျက်ရည်များက ဖူးယောင်နေသည့် နှုတ်ခမ်းများကို စိုစွတ်သွားအောင် အနည်းငယ်မျှသာ လုပ်ဆောင်နိုင်သောကြောင့် သူ ရေများများ သောက်ချင်ခဲ့သည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော ပုဖန်၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။သူ ငိုရမလား ရယ်ရမလား မသိတော့ပေ။


"စားသုံးသူ မင်းပြောစရာရှိတယ်ဆိုလည်း ပြောလေ....မင်း ဒဲ့ထိုးပဲ ပြောသင့်တယ်လေ..... ငိုပြနေစရာမလိုပါဘူး......"