အပိုင်း ၃၃၀
Viewers 61k

အခန်း ၃၃၀

ဘလက်ကီကို အနိုင်ယူနိုင်လား...


အကြီးအကဲဆန်းက လည်ပင်းကို ဆုပ်ကိုင်ရင်း မြေပေါ် ဒူးထောက်ကျသွားသည်။သူ၏ အသိစိတ်များက တဖြေးဖြေး ဝေဝါးလာပြီး သူ၏ မျက်ဝန်းအကြည့်များက မှောင်မဲလာသည်။


"ငါ ဘယ်ကို ရောက်နေတာလဲ .....ငါက ဘယ်သွားမလို့လဲ......ငါဘာလုပ်မလို့လဲ....... ငါ့နှုတ်ခမ်းကကော ဘာလို့ အဲ့ဒီလောက် ပူထူနေတာလဲ......"


အကြီးအကဲဆန်းက သူ၏နှုတ်ခမ်းက ဝက်အူချောင်း နှစ်ချောင်းကဲ့သို့ ထူထဲလာသည်ဟု ခံစားမိသည်။သူခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းမှုက သူကို မျက်ရည်ပင် ကျစေသည်။


"ဒီလို ပြင်းထန်တဲ့ အရသာက ဘာလဲ.....ဘာကြီးလဲ....."


ကျင်းခွင်းကလည်း အခုချိန်ထိတိုင်အောင် ငိုနေဆဲဖြစ်သည်။သူမျက်ဝန်းမှ မျက်ရည်များက တတောက်တောက် ကျနေပြီး ဘယ်တော့မှမရပ်တော့မလိုပင် ခံစားမိသည်။


သူက နာကျင်မှုကို မျက်ရည်ကျနေခြင်းကို ရပ်တန့်ချင်နေသော်လည်း ထိုကိစ္စနဲ့ပတ်သတ်၍ သူတက်နိုင်တာ ဘာမှမရှိပေ။


သူက ပါးစပါကို အုပ်ကာ၍ အသက်ပြင်းပြင်း ရှူရှိုက်နေမိသည်။မျက်မှောင်ကြုတ်ထားသောကြောင့် သူ၏ မျက်ခုံးထူထူများက မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ ဖြစ်နေပြီး တောက်ပသည့် ခေါင်းပြောင်ပြောင်နှင့် တွဲဖတ်လိုက်သည့်အခါတွင် သူ၏ သွင်ပြင်က ရယ်စရာကောင်းလှသည်။


ထိုကဲ့သို့ မြင်ကွင်းကို မြင်လိုက်ရသောအခါ ပိုင်ကျန့်က ရယ်ရမလို ငိုရမလို ဖြစ်သွားမိသည်။ကျန့်ခုံးကလည်း လုံးဝ ကြောင်အ မှင်သက်နေ၏။


အချိန်ကြာ အတော် ပြီးသည့်နောက် ကျင်းခွင်းက ခေါင်းမော့လိုက်ပြီး ပင့်သက်တစ်ချက်ရှိူက်ထုတ်လိုက်သည်။သူ၏ မျက်ဝန်းထောင့်စွန်း၌ မျက်ရည်စလေးများ တွဲခိုနေတုန်းပင် ဖြစ်သည်။


"ဒီအရသာက ပြင်းတယ်လို့ မင်းထင်လား..."


ပုဖန်က ကျင်းခွင်း၏ ရယ်စရာ သွင်ပြင်ကို တွေ့လိုက်သော အခါတွင် သူ မထိန်းနိုင်ပဲ မေးလိုက်မိသည်။ပုဖန်၏ မေးခွန်းကို ကြားလိုက်သောအခါ ကျင်းခွင်း ခန္ဓာကိုယ်က တောင့်တင်းသွားသည်။


သူက အနီရောင် လျှပ်စီးတန်းလေးများ တဖြတ်ဖြတ်ခါနေသော တို့ဟူးပန်းကန်ကို ကြည့်လိုက်မိပြီး သူ၏ နှလုံးသားက တုန်ယင်သွားသည်။


"အရသာက ပြင်းလား မပြင်းလား....ဟုတ်လား....မင်းက အရသာ ဘယ်လောက်ပြင်းတာကို လိုချင်သေးတာလဲ.....ငါ ဒါကိုစားပြီး သေသွားမှ အရသာ ပြင်းတယ်လို့ ထင်မှာလား...."


ကျင်းခွင်းက သူစိတ်ထဲမှ တွေးလိုက်မိပြီး ပုဖန်ကို တစ်ချက် ကြည့်လိုက်သည်။


" ထ....ပြန်ကြမယ်..."


ထို့နောက် ကျင်းခွင်းက ကြမ်းပြင်ပေါ် ဒူးထောက် ထိုင်နေသော အကြီးအကဲဆန်းကို ပြောလိုက်သည်။


နဖူးမှ ချွေးများ တောက်တောက်စီးကျနေသော အကြီးအကဲဆန်းက မျက်စိစွေ၍ ကြည့်လိုက်သည်။ရောင်ယမ်းနေသော သူ၏ နှုတ်ခမ်းများက ဝက်အူနှစ်ချောင်းကဲ့သို့ သူ၏ မျက်နှာပေါ်တွင် ရှိနေသည်။


သူ၏ မျက်ဝန်းအကြည့်များက တွေဝေနေသည်။အကြီးအကဲဆန်းကို ကြည့်ရသည်မှာ အလွန်စိတ်ရှုပ်ထွေးပြီး အသိလွတ်နေပုံရသည်။ကျင်းခွင်းက သူကို ကြည့်၍ လေအေးများ တစ်ချက် ရှူရှိုက်လိုက်သည်။


ပုဖန်ကလည်း အကြီးအကဲဆန်းကိုကြည့်၍ ပြောစရာစကားမဲ့နေခဲ့သည်။


"မင်းက စားချင်တယ်ဆိုရင်လည်း ပါးစပ်ထဲ မထည့်ခင် ဘာလို့ငါကို အရင်မပြောရတာလဲ....."


ပုဖန်က ခေါင်းခါယမ်းရင်း သက်ပြင်း တစ်ချင်ချလိုက်သည်။ပုဖန်က မာပိုတို့ဟူးထဲတွင် အလွန်ပူစပ်လှသော ငရုတ်ရည် တစ်ဇွန်းထည့်၍ တန်ခိုးရှင် အဆင့်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။


"ဘာကြောင့်များ အကြီးအကဲဆန်းလို စစ်နတ်ဘုရားတစ်ပါးက ဒါကို စားလိုက်ရတာလဲ....သူစားချင်တယ်ဆိုရင်လည်း ငါကို အရင်ဆုံး ပြောပါတော့လား...."


ကျင်းခွင်းက သူအိတ်ထဲမှ သလင်းကျောက် အချို့ကို ထုတ်ယူ၍ စားပွဲပေါ် တင်ပေးလိုက်သည်။သူက ပုဖန်ကို ကြောက်လန့်တကြားဖြင့် စူးစိုက်ကြည့်လိုက်၏။


ထိုစားဖိုမှူး၏ တည်ရှိမှုက ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။သူက ဟင်းပွဲတစ်ပွဲတည်းဖြင့်ပင် တန်ခိုးရှင် အဆင့်တစ်ယောက်ကို မျက်ရည်ကျအောင်ပင် လုပ်နိုင်သည်။ဒါတောင်မှ အဆင့် ၈ စစ်နတ်ဘုရားတစ်ပါးကို သတ်လုနီးပါး ဖြစ်သွားသည်ကို သူထည့်မပြောထားသေးပေ။


"မင်းက ဘာလို့ အရသာကို အဲ့ဒီလောက် ပြင်းအောင် လုပ်ထားရတာလဲ....."


ပိုင်ကျန့်ကလည်း လျှပ်ပြက်မာပိုတို့ဟူး၏ အရသာကို သိချင်နေမိသည်။သို့သော်လည်း သူက ကျင်းခွင်းစားပြီးနောက် ဖြစ်ပျက်သွားသည့် အမူအရာများကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။


ထို့ကြောင့် သူ၏ သိချင်စိတ်ကို ဖိနှိမ့်ထားလိုက်၏ သူက ကျင်းခွင်းကဲ့သို့ အဆုံးမသတ်ချင်ပေ။


သူက ခေါင်းပြန်လှည့်လိုက်ပြီး စားပွဲပေါ်တွင် ကျန်နေသော ဟင်းပွဲများကို အာရုံစိုက်လိုက်သည်။စားပွဲပေါ်ရှိ ဟင်းပွဲများ၏ ကြွယ်ဝလှသော ဟင်းရနံ့ကြောင့် အရသာရှိမည်ဟု ကောင်းစွာ သိပေသည်။


ထို့ကြောင့်ပင် လျှပ်တစ်ပြက် မာပိုတို့ဟူးမှ အာရုံလွှဲပြီး သူ၏ အစားအစာများကိုသာ စားသုံးလိုက်သည်။


ကျင်းခွင်းက စိုးရိမ်ပူပန်စွာဖြင့်ပင် အသက်မျော့မျော့သာ ရှိတော့သော အကြီးအကဲဆန်းကို သယ်၍ ဆိုင်ထဲမှ လျှင်မြန်စွာ ထွက်သွားသည်။


ပုဖန်က တံခါးဘေးတွင် အေးဆေးတည်ငြိမ်စွာဟရပ်နေပြီး သူတို့နှစ်ယောက်ကို ကြည့်နေခဲ့သည်။


ပိုင်ကျန့်က သူ၏ စားစရာများ အားလုံး ကုန်သွားရန်အတွက်အချိန်အနည်းငယ်မျှ ယူလိုက်ရသည်။စားချင်သောက်ချင်စိတ် ပြင်းပြနေသော သူလို တန်ခိုးရှင် အဆင့်တစ်ယောက် အတွက် စားပွဲပေါ်မှ အစားအစာအားလုံး ကုန်သွားရန်က မခက်ခဲလှပေ။


ပိုင်ကျန့်က ထိုကဲ့သို့ ပျော်ရွှင်စွာ မစားသောက်ခဲ့သည်မှာ အချိန်ကြာခဲ့ပေပြီ။သူ စိတ်လိုလက်ရဖြင့် စားသောက်ပြီးနောက် ထိုင်ခံကို မှီလိုက်သည်။


သူက စိတ်ကျေနပ်စွာဖြင့် မျက်လုံးများ မှေးစင်း၍ သူ၏ ပြည့်ဖောင်းနေသော ဗိုက်ကို ပုပ်နေသည်။


"အရမ်း အရသာရှိတယ်...ငါက ဒီလိုအရသာရှိတာတွေ မစားရတာ တော်တော်ကို ကြာပြီပဲ....ငါ တကယ်ကို စိတ်ကျေနပ်တယ်....."


"အုပ်ချုပ်သူ အကြီးအကဲ ပိုင်ရှင်ပုရဲ့ ဟင်းချက်စွမ်းရည်က ပြီးပြည့်စုံပါတယ်လို့ ငါပြောခဲ့တယ်လေ....ငါပြောတာ မမှန်လို့လား....."


ကျန့်ခုံးက ဝင်ပြောလိုက်သည်။ပိုင်ကျန့်က ခေါင်းငြိမ့်ပြလိုက်ပြီး သေချာစွာ ပြန်ထိုင်လိုက်သည်။သူ ပုဖန်ကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် အချိန်ခဏမျှ အနားယူလိုက်သည်။စားသောက်ပြီးသွားသော်လည်း ပိုင်ကျန့်က သူ၏ ပထမရည်ရွယ်ချက်ကိုလည်း မမေ့ပေ။


"ပိုင်ရှင်ပု ...ဒီကလေးမလေးရဲ့ ပါရမီက တော်တော်လေး မြင့်တယ်....သူက ဒီလိုဆိုင်ငယ်လေးမှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတာက သူရဲ့ ပါရမီတွေကို အလဟဿ ဖြုန်းတီးပစ်နေတာပဲ ....."


ပိုင်ကျန့်က ခုံကိုမှီထိုင်နေသော ပုဖန်ကို ကြည့်၍ ပြောလိုက်သည်။သူက ထိုအကြောင်ူအရာကို ပြောသည့်အချိန်၌ သူ့၏ အသံက ရှင်းလင်း ကြည်လင်နေပေသည်။


နေရောင်ခြည် အောက်တွင် ပျင်းရိစွာ ငိုက်မြည်းနေသော ပုဖန်က ရုတ်တရက် ပိုင်ကျန့်၏ အသံကို ကြားလိုက်သောအခါ စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်သည်။


"မင်း ဘာပြောလိုက်တာ...."


"ငါပြောတာက ဒီကလေးမလေးကို လွှတ်ပေးလိုက် သူလိုမျိုး ပါရမီနဲ့ ဒီဆိုင်ငယ်လေးမှ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတာက သူမရဲ့ အရည်အချင်းတွေကို ဖြုန်းတီးရာကျတယ် .....ဒီလိုမျိုး ကောင်းမွန်တဲ့ ပါရမီရှိတဲ့သူကို မင်းက သူမရဲ့ ကျင့်ကြံမှုအတွက် သင့်တော်မယ့် နေရာမျိုးကို ရှာပေးသင့်တာ.....နောင်အနာဂတ်မှာ သူမကသေချာပေါက် တန်ခိုးရှင်အဆင့်တစ်ယောက် ဖြစ်လာလိမ့်မယ်...သူမ တောင်ပိုင်းဒေသကို ပြန်ပြီး ကြည့်ရှုစောင့်ရှောက်ပေးနိုင်လိမ့်မယ်....."


ပိုင်ကျန့်က မတ်တပ်ထရပ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။သူက ကွမ်ရှောင်ယီ၏ အံ့အားသင့်ဖွယ်ရာ အရည်အချင်းကို သတိပြုမိခဲ့သည်။ထို့ကြောင့်ပင် သူမကို သူ့၏ တပည့်အဖြစ် ခေါ်ယူလိုခဲ့သည်။


သို့သော်လည်း ကွမ်ရှောင်ယီက ဒီဆိုင်ငယ်လေးတွင် စားပွဲထိုး လုပ်ကိုင်နေပေသည်။အကယ်၍ ဒီဆိုင်ငယ်လေးသာ သာမန် ဆိုင်တစ်ဆိုင် ဖြစ်နေခဲ့လျှင် သူက ထိုကလေးမကို ဆိုင်ထဲမှ တိုက်ရိုက်ပင် ဆွဲခေါ်သွားပေလိမ့်မည်။


ထိုကလေးမ၏ အနာဂတ်အတွက် သူ ယဉ်ကျေးပျူငှာနေဖို့ မဖြစ်နိုင်ပေ။သို့သော်လည်း ပိုင်ရှင်ပု၏ လျှို့ဝှက်ဆန်းကြယ်လှသော ဆိုင်ငယ်လေးကတော့ သူလို တန်ခိုးရှင်အဆင့် တစ်ယောက်ကိုပင် စိတ်ပူပန်ရအောင် လုပ်နိုင်ပေသည်။


"အာ.....မင်းက ရှောင်ယီကို မင်းရဲ့ တပည့်အဖြစ် လိုချင်တာလား......မင်းပါမင်း သူကိုသွားခေါ်လေ....."


ပုဖန်က ပိုင်ကျန့်ကို အံ့အားသင့်သင့်ဖြင့် ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူက ကွမ်ရှောင်ယီကို လက်ညှိုးညွှန်ပြရင်း ပြန်ပြောလိုက်၏။


ပုဖန်၏ စကားကို ကြားလိုက်သည့်ခဏ၌ ပိုင်ကျန့်၏ မျက်ဝန်းများ တောက်ပသွားသည်။သူက ကွမ်ရှောင်ယီကို ခေါ်သွားရန်အတွက် ပုဖန်က တားဆီးလိမ့်မည်ဟု သူ မူလက ထင်ခဲ့မိသည်။


"အရမ်းကို အံ့သြဖို့ကောင်းတာပဲ....အခြေအနေက ပြောင်းလဲသွားပြီ.....ပိုင်ရှင်ပာက တကယ်ကို လက်ခံနိုင်စွမ်းရှိတဲ့ လူပဲ......"


သူတွေးထားသကဲ့သို့ မကြာခင်မှာပင် တန်ခိုးရှင် အဆင့်တစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်ပေတော့မည်။ပိုင်ကျန့်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ကွမ်ရှောင်ယီ ဘက်သို့ လှည့်လိုက်သည်။


ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင် ဘေးတွင် ထိုင်နေသော ချစ်စရာကောင်းလှသည့် ကွမ်ရှောင်ယီက ပိုင်ကျန့် ပြောသမျှ အားလုံးကို ကြားလိုက်ပေသည်။


သို့သော်လည်း ပိုင်ကျန့်ကိုယ်တိုင် သူမနားကို ရောက်လာပြီး တပည့် အဖြစ် လက်ခံရန် မေးလိုက်သောအခါ၌ သူမ ကြောင်အနေပြီး ပြန်လည် တုံ့ပြန်ရန်အတွက် အချိန် အနည်းငယ် ယူလိုက်ရသည်။


ကွမ်ရှောင်ယီက သူမ၏ ချစ်စဖွယ်ကောင်းလှသော မျက်ဝန်းလေးများဖြင့် ပိုင်ကျန့်ကို စောင်း၍ ကြည့်လိုက်သည်။သူမက စိတ်အားထက်သန်စွာ မေးလိုက်သည်။


"ဘလက်ကီကို အနိုင်ယူနိုင်လား....."


"ဘလက်ကီက ဘယ်သူလဲ...."


ပိုင်ကျန့်က စွံ့အသွား၏။

"ဘလက်ကီက ဘယ်လို ကျွမ်းကျင် ပညာရှင်မျိုးလဲ....ကလေးမ နင်ကငါဘယ်သူလဲဆိုတာက မသိနိုင်ဘူး ...ငါက "


"နင်ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး ....နင်က ဘလက်ကီကို အနိုင်ယူနိုင်လား...."


ကွမ်ရှောင်ယီက သူ့စကားကို ဖြတ်ပြောလိုက်ပြီး နောက်ထပ်တစ်ခါ ထပ်မေးလိုက်သည်။ပိုင်ကျန့်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ အမူအရာက ရုပ်ဆိုးလာလေသည်။


ဒီကလေးမက သူကို အထင်အမြင်သေးနေပေသည်။"သူက ဘယ်လိုလူမျိုး မို့လို့လဲ..." သူက တိမ်ဖြူစံအိမ်၏ အုပ်ချုပ်သူ အကြီးအကဲ ဖြစ်သည်။သူက တည်ကြည်လေးနက်လှပြီး တန်ခိုးရှင်အဆင့် ကျွမ်းကျင် ပညာရှင် တစ်ယောက်လည်း ဖြစ်သည်။


တောင်ပိုင်းဒေသတစ်ခွင် လိုက်ရှာမည်ဆိုလျှင်တောင် သူလို သူမတူ ပြိုင်ဘက်ကင်းသော သူက သူတစ်ယောက်သာ ရှိပေလိမ့်မည်။


"ဘလက်ကီက ဘယ်သူလဲ ...ငါကအခုချက်ချင်းပဲ သူကို အနိုင်ယူလိုက်မယ်....ကလေးမ မင်းသာ ငါ့ကို မင်းရဲ့ ဆရာအဖြစ် လက်ခံလိုက်မယ်ဆိုရင် ငါက မင်းအတွက် အကောင်းဆုံးသူ ဖြစ်ပေးမယ်...."


ပိုင်ကျန့်က ကျောကိုမတ်လိုက်ပြီး ဂုဏ်သိက္ခာရှိသော သူတစ်ယောက် ပုံစံဖြင့် ကွမ်ရှောင်ယီကို ကြွေးကြော် ပြောဆိုလိုက်သည်။ကျန့်ခုံးက ပိုင်ကျန့် ပြောသည်ကို ကြားလိုက်သောအခါ သူ၏ ကြွက်သားများပင် တုန်လှုပ်လာသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက အနည်းငယ် မြင့်တက်သွားသည်။သူက ပိုင်ကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ကွမ်ရှောင်ယီ၏ အမူအရာကလည်း ထူးဆန်းလာသည်။သူမ၏ ချစ်စရာကောင်းလှသော မျက်ဝန်းလေးများကို ပုပ်ခတ်ပုပ်ခတ် လုပ်လိုက်ရင်း ခေါင်းစောင်း၍ ပိုင်ကျန့်ကို ကြည့်လိုက်သည်။


"ဘလက်ကီဆိုတာ ဘယ်သူလဲ....ငါကိုပြောပါ...."


ပိုင်ကျန့်က မျက်လုံးများ မှေးစင်း၍ အလွန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ကွမ်ရှောင်ယီက သူမ၏ လှပဖြူဖွေးလှသော လက်ကလေးကို ဆန့်ထုတ်၍ ဆိုင်ရှေ့သို့ညွှန်ပြလိုက်သည်။


ပိုင်ကျန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ လက်ညှိုးညွှန်ပြရာဆီသို့ ကြည့်လိုက်သည်။ထိုနေရာ၌ ခွေးတစ်ကောင်ရှိနေသည်။ထိုခွေးဝတုတ်က ဆိုင်၏ အပေါက်ဝတွင် အိပ်ပျော်နေပေသည်။


"ဟမ်.....ဘာလဲ.....ဘလက်ကီက လူတစ်ယောက်မဟုတ်ပဲနဲ့ သာမန်ခွေးတစ်ကောင်လား....."


ပိုင်ကျန့်၏ သူရဲကောင်းဆန်ဆန် စိတ်ဝိညာဉ်က သေဆုံးသွားပြီး သူ အချိန်ခဏမျှ ငေးမောကြည့်နေမိသည်။ထို့နောက် သူ၏ စိတ်လှုပ်ရှားမှုများနေရာ၌ ဒေါသများ တဖြေးဖြေး အစားထိုး ဝင်ရောက်လာပြီး ဆိုင်ရှေ့ရှိ ခွေးကို စူးစိုက်ကြည့်လိုက်သည်။


"ဒါက တော်တော်ကို ထူးဆန်းတာပဲ....ဒီကလေးမက ငါကို အထင်သေးနေတာပဲ...."


"ဒီအုပ်ချုပ်သူက ခွေးတစ်ကောင်ကိုတောင် အနိုင်မယူနိုင်ဘူးလားဟု တွေးရဲတယ် ဟုတ်လား....."


ကွမ်ရှောင်ယီက မျက်ဝန်းများက ဝိုင်းစက်သွားပြီး သူ မျက်လုံးကလည်ကလည်သာ လုပ်ပြလိုက်သည်။


ကျန့်ခုံးက ချောင်းအနည်းဟက်လိုက်၍ ပိုင်ကျန့်နားသို့ ကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။


"အုပ်ချုပ်သူအကြီးအကဲ ..အဲ့ဒီဘလက်ကီက ဒီဆိုင်ရဲ့ အဆင့်မြင့် သားရဲကြီး...."


ကျန့်ခုံး၏ စကားကို ကြားလိုက်သောအခါတွင် ပိုင်ကျန့်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။သူက အသိစိတ်လွတ်စွာဖြင့် ဆိုင်ဝမှ ခွေးမည်းကြီးကို ကြည့်လိုက်သည်။


"ဒီခွေးက အဆင့်မြင့်သားရဲ....ရှုရဂိုဏ်းက နတ်ဆရာအရှင်သခင်ကို သတ်လိုက်တဲ့ အဆင်မြင့်သားရဲ ခွေး...."


ကျယ်ပြောလှသော နယ်စပ်မြို့ အနက်ရောင်မျှော်စင်၏ ဘေး.....


ကောင်းကင်ထက်ဆီမှ လေတိုးသံများ ပဲ့တင်ထပ် ထွက်ပေါ်နေသည်။အသံထက်မြန်သော နှုန်းဖြင့် တစ်စုံတစ်ရာက မျှော်စင်ဆီသို့ ဦးတည်လာလေ၏။


မျှော်စင်၏ ဘေးတွင် ထိုင်နေသော သွေးမျိုးနွယ် အစောင့်အရှောက်က ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။သူ့၏ မျက်ဝန်းများထဲ၌ ထူးဆန်းသည့် အလင်းရောင်တစ်ချက် လက်သွားသည်။


ကြယ်ကြွေသကဲ့သို့ အရှိန်ဖြင့် မျှော်စင်ရှိရာဆီသို့ တိုးဝင်လာသော အလင်းတန်းကို ကြည့်လိုက်ပြီး သူ ထိုအရာဆီသို့ ဦးတည်လိုက်သည်။


သူက လက်ကို မြှောက်လိုက်ပြီး ထိုအလင်းတန်းကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားလိုက်သည်။သူ၏ လက်က လေလှိုင်းကို ထိလိုက်သည်နှင့် လေက သူ့ကို ပစ်လွှတ်လိုက်သလို ခံစားလိုက်ရသည်။သူ၏ ခန္ဓာကိုယ်က အနောက်သို့ လွင့်ပါသွားပြီး သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။


ဘန်း.....


ပို၍ အားကောင်းသော ဖိအားတစ်ခုက မျှော်စင်ဘက်ဆီမှ ပေါက်ကွဲထွက်လာသည်။ပုံရိပ်လေးတစ်ခုက မျှော်စင်ဆီမှ နေ၍ အလျှင်စလို ပြေးထွက်လာလေ၏။


သူမက သေးငယ်ပြီး ချစ်စရာကောင်းလှသည့် ခြေထောက်လေးများကို ပိုင်ဆိုင်ထားသည်။သူမ၏ ခြေချောင်းလေးများကလည်း ကြည်လင် သန့်ရှင်းနေ၏။


သူမခန္ဓာကိုယ်ကို ကျောက်စိမ်းဖြူမှ ထွင်းထုထားသလားဟု ထင်ရသည်။သူမ မျှော်စင်မှ ပျံသန်းထွက်လာသောအခါတွင် နောက်ဘက်၌ လေလှိုင်းများ ရိုက်ခတ်၍ ကျန်ခဲ့သည်။


သူမက အတွင်းခံဝတ်ရုံနှင့် မျက်နှာဖုံးကိုသာ ဝတ်ဆင်ထားသည်။သူမ၏ နူးညံ့လှပသော လက်ကလေးကို တစ်ချက် ဝှေ့ယမ်းလိုက်သည့်အချိန်တွင် သွေးမျိုးနွယ် အစောင့်အရှောက်၏ နံဘေး၌ ပေါ်လာသည်။


သူမ နောက်ထပ် လက်တသ်ချက် ဝှေ့ယမ်းလိုက်သည့်အချိန်တွင် သွေးမျိုးနွယ် အစောင့်အရှောက်က နေရာ၌ ရပ်တန့်သွားသည်။


သူမ၏ တောက်ပလှပလှသော လက်ချောင်းလေးများကို အနည်းငယ် ကွေးလိုက်ပြီး အလင်းတန်းကို ထိလိုက်သည်။ထိုတောက်ပလှသော အလင်းစီးကြောင်းက ဝိညာဉ်လှိုင်းများ အတက်အကျ မငြိမ် ဖြစ်သွားပြီး ပြိုကွဲသွားသည်။


အလင်းရောင်များ ပျောက်ကွယ်သွားသည့် အချိန်၌ အလင်းစီးကြောင်းထဲမှ အရာဝတ္တုတစ်ခုက နတ်ဆရာမ၏ အရှေ့၌ ပေါ်လာသည်။ထို ပစ္စည်းက မီးခိုးရောင် ပုတီးစေ့တစ်ခုဖြစ်ပြီး အပေါ်၌ ထူးဆန်းသော ရုပ်ပုံများကို ရေးထွင်းထားသည်။


သူမ ထိုပုလဲကို ကြည့်လိုက်သောအခါ၌ ရင်ကွဲသွားသလိုပင် ခံစားလိုက်ရသည်။သူမက ထို ပုလဲကို ဆုပ်ကိုင်လိုက်ပြီး နာနာကျင်ကျင်ဖြင့် ရေရွတ်လိုက်သည်။


"ဝိညာဉ်နှုတ်မှော်ဖန်လုံးကတော့ ပြန်လာပြီ ဒါပေမယ့် နတ်ဆရာအရှင်သခင်ကတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး.....နတ်ဆရာ အရှင်သခင် မင်းငြိမ်းချမ်းစွာ အနားယူပါ...ရှုရဂိုဏ်းက မင်းအတွက် ပြန်ပြီး လက်စားချေပေးမယ်....ဂိုဏ်းရဲ့အရှင်သခင်က မင်းရဲ့ အသက်ကို ယူသွားတဲ့သူကို သေချာပေါက် သတ်ပစ်လိုက်မယ်....."