အပိုင်း ၃၃၂
Viewers 53k

အခန်း ၃၃၂ “တောင်စဉ်တစ်ထောင်တောင်တန်း”

"တောင်စဉ်တစ်ထောင် တောင်တန်း ဟုတ်လား....."

ထိုကောင်းကင်ကမ္ဘာမီးကျောက်ကို တောင်စဉ်တစ်တောင်တစ်ထောင်တောင်တန်းတွင် ရှိနေမည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ပုဖန်က တောင်စဉ်တစ်ထောင်တောင်တန်း ဟူသည့် နာမည်ကို တစ်ကြိမ်ထက်မက ကြားဖူးသည်။သူ အနောက်ပိုင်းဆန်းကြယ်မြို့တော်သို့ သွားရောက်သည့်အချိန်၌လည်း တောင်စဉ်တစ်ထောင် တောင်တန်း၏ ပုံရိပ်ကို ခပ်ပြပြ လှမ်းမြင်ခဲ့ဖူးသည်။

ထိုတောင်စဉ်တစ်ထောင် တောင်တန်းက အလွန်အမင်း ကျယ်ပြောလှပြီး စိတ်ဝိညာဉ်သားရဲများနှင့် စိတ်ဝိညာဉ်ဆေးပင်များကို နေရာအနှံ့ တွေ့နိုင်သည်ဟုပင် ဆိုကြသည်။ တောင်စဉ်တစ်ထောင်တောင်တန်းက တောင်ပိုင်းဒေသအတွင်းရှိ ကျော်ကြားသည့် နာမည် တစ်ခုလည်း ဖြစ်သည်။ တောင်စဉ်တစ်ထောင်တောင်တန်းကို တစ်ခြားနာမည်ဖြင့်လည်း ခေါ်ဆိုကြသည်။ထိုနာမည်က သဘာဝအရံအတားဟုခေါ်သည်။

တောင်ပိုင်းဒေသက အကန့်အသတ်မဲ့ ကျယ်ပြောလှသော ပုန်းကွယ်နေသော နဂါးတိုက်ကြီး၏ ထောင့်လေးမျှသာ ရှိသည်။တောင်စဉ်တစ်ထောင် တောင်တန်းကို ကျော်ဖြတ်နိုင်လျှင် ပုန်းကွယ်နေသော နဂါးတိုက်ကြီးသို့ ခြေချနိုင်ပေလိမ့်မည်။ သို့သော်လည်း တောင်စဉ်တစ်ထောင်တောင်တန်းကို ကျော်ဖြတ်ခြင်းက အလွန်ပင်ခက်ခဲလှသည်။အကယ်၍ သန်မာအားကောင်းလှသည့် စွမ်းအင်ကျင့်ကြံမှုကိုသာ မပိုင်ဆိုင်ထားပါက တောင်စဉ်တစ်ထောင်တောင်တန်းသို့ဝင်ရောက်ခြင်းက သေမင်းကို ရှာဖြွေခင်းသာ ဖြစ်ပေလိမ့်မည်။

ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်က တောင်စဉ်တစ်ထောင် တောင်တန်း၌ ပေါ်ထွက်လာခြင်းက ပုဖန်မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲလွဲသွားသည်။ သို့သော်လည်း ပုဖန်က အံ့အားသင့်ခြင်း မရှိပေ။ပုဖန်က အကြောင်းအရာများစွာကို စဉ်းစားတွေးတောနေရင်း စိုစွတ်နေသော ဆံပင်များကို ခြောက်သွေ့သွားအောင် သုတ်နေလိုက်သည်။

တောင်စဉ်တစ်ထောင်တောင်တန်းသည် အရင်းအမြစ် ပေါကြွယ်ဝလှပြီး မြောက်များလှစွာသော ပါဝင်ပစ္စည်းများက ပုန်းခိုနေကြသည်။ကြယ်ပြန့်လှသော တောင်တန်းကြီး ဖြစ်သည့် အလျှောက် ရတနာတိုက်ကြီး ပုန်းကွယ်ထားရာ နေရာ ဖြစ်ပေလိမ့်မည်။

ကမ္ဘာမြေပေါ်ရှိ သစ်တောများ၌ပင် အရင်းအမြစ်များစွာရှိကြသည်။ကမ္ဘာမြေပေါ်ရှိ သစ်တောများ၌ တန်ဖိုးရှိလှသော ပါဝင်ပစ္စည်းများနှင့် ရှားပါးလှသော ဆေးဘက်ဆိုင်ရာ အပင်များက ပုန်းခိုနေကြသည်။

"တောင်စဉ်တစ်ထောင် တောင်တန်းမှာဆိုရင်တော့ ဘယ်လောက်တောင်များပြားတဲ့ ရတနာတွေ ပုန်းအောင်း နေလိုက်မလဲ......"

ယခု ပုဖန်လုပ်ရန်လိုအပ်သည့် တစ်ခုတည်းသော အရာမှာ သုံးရက်အကြာတွင် ထွက်ရမည့် ခရီးစဉ်အတွက် ပြင်ဆင်ရန်သာ ဖြစ်သည်။

……

လေအလင်းအင်ပါယာ၏ အင်ပါရီယာ နန်းတော်...အင်ပါရီယာ နန်းတော်၏ ခြံဝန်းတစ်ခုအတွင်း .....

အကြီးအကဲဆန်းကို သယ်ဆောင်လာသော ကျင်းခွင်းက ခြံဝန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။သူက လေထုကို နင်းဖြတ်ကျော်လာပြီးနောက် အကြီးအကဲဆန်းကို မြေပြင်ပေါ်ပစ်ချလိုက်သည်။ထို့နောက် သူ၏ အခန်းထဲသို့ အလောတကြီး ပြေးဝင်သွားသည်။

သူက ရေနွေးအိုးကို ဆုပ်ကိုင်လိုက်ပြီးနောက် ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းချလိုက်သည်။ယခုအချိန်၌ သူပါးစပါထဲတွင် ကျန်ရှိနေသော အစပ်အရသာက သူ့ကို ကောင်းပင်ပေါ်သို့ ပျံတက်သွားအောင်ပင် လုပ်ဆောင်နေပေသည်။သူက ရေနွေး၏ အပူကိုပင် မမှုတော့ပဲ အဆက်မပြတ် မြိုချလိုက်သည်။

ခြံဝန်းအတွင်းတွင်ရှိနေသော အစေခံများက ထို မြင်ကွင်းကို မြင်လိုက်ရသောအခါ သတိပေးခံလိုက်ရသလိုမျိုး အသိဝင်သွားပြီး သူဆီသို့ ရေနွေးအိုးကို ကမ်းပေးလိုက်သည်။ ရေနွေးအိုး ခုနစ်အိုး ရှစ်အိုးခန့် သောက်ပြီးသည့်အခါမှသာ သူ့ပါးစပ်ထဲတွင် ရှိနေသည့် အစပ်အရသာက အနည်းငယ် ပြေလျော့သွားသည်။သို့သော်လည်း သူ့၏ နှုတ်ခမ်းများက နာကျင်မှုကို ခံစားနေရတုန်းပင်ဖြစ်သည်။

ထို ခံစားချက်က သူ့၏ နှုတ်ခမ်းနေရာတွင် ဝက်အူချောင်းကင် နှစ်ခု တင်ထားသည်ဟုပင် တွေးထင်မိစေသည်။ကျင်းခွင်းက သက်ပြင်းအရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်သည်။ထို့နောက် သူလျှာကို တန်းလန်း ထုတ်ထားရင်း လေအေးများကို ပါးစပ်နှင့် ရှိုက်သွင်းလိုက်သည်။

ယခု သွားရောက်စုံစမ်းမှု ပြီးသည့်နောက်၌ ထိုဆိုင်ငယ်လေးရှိ အဆင့်မြင့်သားရဲကြီးက နတ်ဆရာ အရှင်သခင်ကို သတ်ဖြတ်လိုက်သည်ဟူသည့် သတင်းကို ကျင်းခွင်းက လုံးဝ ယုံကြည်ခဲ့မိသည်။

ဟင်းပွဲလေးတစ်ပွဲကပင်လျှင် သူ့ကို သတ်လုနီးပါး ဖြစ်သွား၏။ထိုဆိုင်ငယ်လေး၌ ထူးဆန်းသည့် နည်းလမ်းများစွာ ရှိနေပေသည်။ သူက တန်ခိုးရှင် အဆင့်တစ်ယောက် ဖြစ်သည်ကို မေ့ထား၍ မရပေ။သူ့၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံမှု စွမ်းအင်နှစ်မျိုးလုံးက တန်ခိုးရှင် အဆင့် ရောက်နေပြီ ဖြစ်လေရာ သူ၏ ခန္ဓာကိုယ်က အလွန်ပင် စွမ်းအား မြင့်လှသည်။

ငရုတ်သီးအနည်းငယ်ကို မဆိုထားနှင့် တောင်လိုပုံနေသည့် ငရုတ်သီးများ အားလုံးကို စားလိုက်လျှင်တောင် သူ အနည်းငယ်မျှပင် မျက်မှောင် ကြုတ်မိလိုက်မည် မဟုတ်ပေ။ သို့သော် ပုဖန်က အရသာရှိသော ဟင်းပွဲထဲသို့ မည်သည့် ငရုတ်သီးအမျိုးအစား ထည့်လိုက်သည်ကို သူမသိချေ။တစ်ဇွန်းစားလိုက်ရုံဖြင့်ပင် မျက်ရည် တောက်တောက် ကျလာစေသည်။

မြေပြင်ပေါ်၌ လဲကျနေသော အကြီးအကဲဆန်း၏ နှုတ်ခမ်းများကလည်း ရောင်ရမ်းထူအမ်းနေသည်။အချိန်အတော်ကြာပြီးသည့်နောက်တွင်ပင် သူ၏ နှုတ်ခမ်းမှ ဟင်းပွဲ၏ အစပ်အရသာ ကို ရရှိနေတုန်းပင် ဖြစ်သည်။ ကျင်းခွင်းက လဲကျနေသော အကြီးအကဲကို အာရုံမစိုက်ပဲ သူ့၏ အတွေးများကြားထဲ နစ်မြှုပ်နေသည်။

အတွေးများထဲ နစ်မြှုပ်နေသော နောက်ထပ် တစ်ယောက်လည်း ရှိနေပေသေး၏။ထိုသူက ကျင်းခွင်း၏ ဘေးနားက ခြံဝန်းထဲ ရှိနေသော ပိုင်ကျန့်ပင် ဖြစ်သည်။ မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်ထက် အနည်းငယ်မျှပင် အားနည်းမှု မရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော တိမ်ဖြူစံအိမ်အနေဖြစ်လည်း ပုဖန်၏ ဆိုင်ငယ်လေးကို သဘာဝကျကျပင် စိုးရိမ်ပူပန်နေမိသည်။

ပိုင်ကျန့်နှင့် ကျင်းခွင်းတို့ နှစ်ယောက်လုံး၏ အတွေးများက သေချာနေသည်မှာ...... ပုဖန်က လေအလင်းအင်ပါယာထဲမှ မဟုတ်နိုင်ပေ။

သူတို့က တောင်ပိုင်စဒေသထဲကတောင်မှ မဖြစ်နိုင်ချေ။အဆင့် ၉ ရုပ်သေးရုပ် ဖြစ်စေ ၊ အဆင့်မြင့် သားရဲကြီးဖြစ်စေ သူတို့က တောင်ပိုင်းဒေသမှ ကျွမ်းကျင်သူများ မဖြစ်နိုင်ပေ။

တောင်ပိုင်းဒေသထဲတွင်ရှိနေသော တန်ခိုးရှင်အဆင့် ကျွမ်းကျင် ပညာရှင်များနှင့် တန်ခိုးရှင်အဆင့် သားရဲကြီးများအားလုံးကို သူတို့ သိပေသည်။

ထို့အပြင် တိမ်ဖြူစံအိမ် ၊ မြေရိုင်းလွင်ပြင်၏ နတ်ဘုရားကျောင်း ၊ ရှေးယောင်းမဟာ မြွေလူသား မြို့တော် ၊ အကာသအာနမ်ဂိုဏ်းနှင့် ကြည်လင်ကောင်းကင် ဘုရားကျောင်းတို့မှ လွဲလျှင် တန်ခိုးရှင်အဆင့် ကျွမ်းကျင်ပညာရှင် ရှိသည့် ဂိုဏ်းတစ်ခု ရှိသည်မှာ ရှုရဂိုဏ်းတစ်ခုတည်းသာလျှင်ရှိသည်။

သူတို့က ရှုရဂိုဏ်းမှ နတ်ဆရာအရှင်သခင်ကို သတ်ဖြတ်လိုက်ခြင်းကြောင့် ရှုရဂိုဏ်း၏ အစိတ်အပိုင်း တစ်ခု မဟုတ်ကြောင်းလည်း ထင်ရှားလှသည်။အဆင့်မြင့် တန်ခိုးရှင် သားရဲကြီးများအတွက်မူ တန်ခိုးရှင် အဆင့် သားရဲ နှစ်ကောင်သာရှိသည်။

တစ်ကောင်က တောင်စဉ်တစ်ထောင်တောင်တန်းတွင် နေထိုင်ပြီး တစ်ခြားတစ်ကောင်က မြေရိုင်းလွင်ပြင်ဒေသ၌ ရှိသည်။တန်ခိုးရှင်အဆင့် အဆင့်မြင့်သားရဲကြီးများက တန်ခိုးရှင် အဆင့်များထက်ပင် ပိုမိုရှားပါးလှသည်။

ထို့ကြောင့်ပင် ထိုဆိုင်ငယ်လေး၌ အဆင်မြင့် သားရဲကြီးတစ်ကောင် စောင့်ရှောက်နေသည်ဟု ကြားခဲ့တုန်းက သူတို့အလွန် အံ့အားသင့်ခဲ့ခြင်းဖြစ်သည်။ကျင်းခွင်းကလည်း ရှားယုနှင့် ရှားတတို့၏ ရန်ညှိုးကို ဖြေရှင်းချင်ခဲ့သည်။

သို့သော်လည်း ထိုဆိုင်ငယ်လေးက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူက ထိုအချင်းအရာများကို မေ့လျော့ခဲ့မိသည်။

……

ရှုရဂိုဏ်း၏ ကိစ္စရပ်များက ယာယီ ရပ်တန့်သွားပေသည်။ မြေရိုင်းလွင်ပြင်ဒေသနတ်ဘုရား ကျောင်းတော်နှင့် တိမ်ဖြူစံအိမ်မှ ကျွမ်းကျင်ပညာရှင်များက အိမ်ပြန်လာရန်အတွက် အမိန့်ရရှိလိုက်သောကြောင့် အင်ပါရီယာ မြို့တော်မှ လျှင်မြန်စွာပင် ထွက်ခွာသွားကြသည်။

ဒုတိယနေ့၌ ဂျိချန်းရွဲ့က မြေရိုင်းလွင်ပြင်ဒေသ နတ်ဘုရားကျောင်းတော်နှင့် တိမ်ဖြူစံအိမ်မှ တန်ခိုးရှင် အဆင့်တစ်ယောက်ကို ရိုသေလေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။

သူတို့ ထွက်ခွာသွားပြီးနောက် နောက်ဆုံး၌ ဂျိခန်းရွှဲ့လည်း သက်တောင့်သက်သာ အနားယူနိုင်ပေပြီ။

အင်ပါရီယာမြို့တော်အတွင်း၌ သူတို့ရောက်ရှိနေခြင်းကြောင့် သူအပေါ်၌ အဆုံးမဲ့ ဖိအား များပြားလာသည်။ယခု သူတို့ထွက်ခွာသွားပြီ ဆိုသည့်အတွက် အရာအားလုံးက အဆင်ပြေသွားပေပြီ။

……

မိုးထိအောင် မြင့်မားလှသော ဝူလျန်တောင်....

ထိုနေရာ၌ ရှေးကျပြီး ရိုးရှင်းလှသော အာကာသအာနန်ဂိုဏ်း တည်ရှိသည်။ လျှို့ဝှက်ကောင်းကင်ဘုံ ကွင်းပြင် ကျယ်ပေါ်၌ အာကာသအာနမ်ဂိုဏ်း၏ တပည့်များက ကြိုးစားကျင့်ကြံနေကြသည်။

ကွင်းပြင်၏ ဘေးတစ်ဘက်တွက် သစ်လုံးအိမ် အသေးလေးတစ်ခု တည်ရှိနေသည်။ ဟောင်းနွမ်းနေသော တံခါးရွက် ဖွင့်သံ ထွက်ပေါ်လာပြီးနောက် ထိုသစ်လုံးအိမ်လေးထဲမှ သက်ကြီးပိုင်းတစ်ယောက် ဖြေးညှင်းစွာ လျှောက်ထွက်လာသည်။

ယစ်ထုပ်အိုကြီးက ကွင်းပြင်၏ ထောင့်တစ်နေရာ၌ နေပူဆာလှုံရင်း ပျင်းရိးစွာ လှဲလျောင်းနေသည်။သူ ခြေထောက်တစ်လှုပ်လှုပ် လှုပ်နေရင်းမှ ထွက်လာသော လူကြီးကို အံ့အားသင့်သင့် ကြည့်လိုက်သည်။ထို့နောက် လျှင်မြန်စွာ သွားလိုက်ပြီး အရိုအသေပြုလိုက်၏။

"အဆင့်အမြင့် အကြီးအကဲ ဘာကြောင့် ထွက်လာတာပါလဲ....."

ယစ်ထုပ်အိုကြီးက သူ့၏ ဘူးသီးခြောက်အရက်ဘူးကို သိမ်းလိုက်သည်။သူ့၏ ခန္ဓာကိုယ်မှ အရက်နံ့များ လှိုင်လှိုင်ထွက်နေသော်လည်း အကြီးအကဲကို သူက ရိုသေလေးစားစွာဖြင့် ပြောဆိုနေသည်။ အဆင့်အမြင့် အကြီးအကဲက ယစ်ထုပ်အိုကြီးကို နွေးထွေးစွာ ကြည့်လိုက်ပြီးနောက် သူ့၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"အရက်သောက်ပြီး အချိန်ဖြုန်းနေတာကို ရပ်လိုက်တော့ .....အနည်းဆုံးတော့ မင်းရဲ့တပည့်တွေရှေ့မှာ မသောက်သင့်ဘူး.....ဒီလိုသာဆိုရင် သူတို့အပေါ် မင်းရဲ့ လွှမ်းမိုးမှု မရှိတော့ပဲ နေမှာပေါ့....."

ယစ်ထုပ်အိုကြီးက သူ၏ ခေါင်းအနောက်ကို ကုတ်၍ ရှက်ရယ်ရယ်လိုက်သည်။

အဆင့်မြင့်အကြီးအကဲ၏ အကြည့်က ကွင်းပြင်ကျယ်ပေါ်တွင် အမျိုးမျိုး လေ့ကျင့်နေကြသော တပည့်များအပေါ်သို့ ကျရောက်သွားပြီး သူ ခပ်ရောင်ရောင်လေး ပြုံးလိုက်သည်။ သို့သော်လည်း ခဏအတွင်းမှာပင် သူရဲ့အပြုံးက ပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်သည့် အမူအရာက အစားထိုး ဝင်ရောက်လာသည်။

"ရှုရဂိုဏ်းက လှုပ်ရှားမှုတွေ ပြုလုပ်နေပြီ....သူတို့နောက်တစ်ကြိမ် ပြန်လည် မြင့်တက်လာဖို့အတွက် အစီအစဉ်ချထားတာ ထင်ရှားတယ်....သူတို့ရဲ့ စွမ်းအင်တွေ အကုန်ရဖို့အတွက် သူတို့ အကူပစ္စည်းလိုအပ်လိမ့်မယ်....အဲ့ဒီအကူပစ္စည်းကလည်း မကြာခင်မှာပဲ ထွက်ပေါ်လာလိမ့်မယ်...."

အဆင့်မြင့် အကြီးအကဲက ရေရွတ်လိုက်သည်။သူအဘိုးကို ပြောလိုက်သောစကားကြောင့် ယစ်ထုပ်အိုကြီးက စိတ်ရှုပ်ထွေးသွားပြီးနောက် အဘိုးအိုကို ပျော်ရွှင်စွာဖြင့် ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်ကလည်း အခုချိန်မှာ တံခါးပိတ် ကျင့်ကြံသွားပြီ ....ကျန်တဲ့သူတွေရဲ့ ကျင့်ကြံမှု အဆင့်ကလည်း အရမ်းမမြင့်မားဘူး .....ပြီးတော့ သူတို့ကိုလည်း အဲ့ဒီကို သွားခိုင်းလိုက်မယ်ဆိုရင် သူတို့ရဲ့ အသက်ကို အလဟဿ သွားစတေးခိုင်းတာနဲ့ အတူတူပဲ.....အဲ့ဒီတော့ အဲ့ဒီကို ငါကိုယ်တိုင်ပဲ သွားမှ ရမယ်လို့ ထင်တယ်....."

အဆင့်မြင့် အကြီးအကဲ၏ အရေးကြောင်းများဖြင့် ပြည့်နေသော မျက်နှာပေါ်တွင် ခပ်ဖြော့ဖြော့ အပြုံးလေးတစ်ခု ပေါ်လာသည်။

"ငါဝူလျန်တောင်က မထွက်ခွာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ .....အခုတော့ ကမ္ဘာကြီးကို နည်းနည်းလောက် ထွက်ကြည့်ရမယ်....တောင်ပိုင်းဒေသက လူဘယ်လောက်များများ ငါ့ရဲ့ ယွင်ချန် ဆိုတဲ့ ငါနာမည်ကို မှတ်မိသေးတယ်ဆိုတာ သိချင်တယ်....."

……

တောက်ပလှသော မနက်ခင်းနေရောင်ခြည်က ဆိုင်ငယ်လေးပေါ်သို့ ဖြာကျနေသည်။ဂျိချန်းရွဲ့ စေလွှတ်လိုက်သော လက်သမားများ၏ စွမ်းဆောင်ရည်မှာ မြင့်မားလှ၏ ပြန်လည် တည်ဆောက်ရေးကာလ ရက်အနည်းငယ် အတွင်းမှာပင် ဆိုင်ငယ်လေး ပတ်ဝန်းကျင်ရှိ အိမ်အများအပြား ဆောက်လုပ်ပြီးစီးသွားပေပြီ။ကျယ်ကျယ်ပြန့်ပြန့်ရှိနေသော ဆိုင်ငယ်လေးဝန်းကျင်က ရုတ်တရက် ပြန်လည် ကျဉ်းမြောင်းသွားသည်။

ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ်အတောအတွင်းမှာပင်နောက်ထပ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။ထိုအချင်းအရာက အင်ပါရီယာ မြို့တော်၏ တစ်ခြားတစ်ဘက်၌ ထာဝရှင်သန်သော ဖီးနစ်စားသောက်ဆိုင် တစ်ဆိုင် ထပ်မံ ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သည်။

ချမ်းသာကြွယ်ဝသည့် ထာဝရရှင်သန်သော ဖီးနစ်စားသောက်ဆိုင် ပိုင်ရှင် ချမ့်ပေါင်က ငွေအမြောက်အများ အသုံးပြု၍ အင်ပါရီယာ မြို့တော်ထဲမှ စားသောက်ဆိုင်ကြီး တစ်ဆိုင်ကို ဝယ်ယူခဲ့သည်။ ထို့ကြောင့် သူဆိူင်မဖွင့်ခင် နာမည်ကို ပြောင်းလဲ၍ ပြန်လည် ပြုပြင်ခြင်းများ ပြုလုပ်ခဲ့သည်။ဆိုင်ဖွင့်သည် နေ့၌ အင်ပါရီယာ မြို့တော်ထဲတွင် နေထိုင်သွားလာသူများနှင့် စည်းကားသိုက်မြှိုက်နေခဲ့သည်။များပြားလှစွာသော လူသူက ထာဝရှင်သန်သော ဖီးနစ်စားသောက်ဆိုင် ဖွင့်ပွဲ အခမ်းအနားကို လာရောက်ခဲ့ကြသည်။

ထိုကိစ္စရပ်များ ဖြစ်ပွားနေသည့် အချိန်၌ ပုဖန်က နေပူဆာလှုံရင်း သူ့၏ ထိုင်ခုံပေါ်၌ ပျင်းရိစွာ ထိုင်နေသည်။သူ့၏ ဆိုင်ထဲ၌လည်း လူအနည်းငယ်သာရှိသည်။သို့သော်လည်း ပုဖန်၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သည့် အပြုံးလေူတစ်ခု ရှိနေ၏။ စားသုံးသူများ ထွက်သွားပြီးနောက် ပုဖန်က မီးဖိုချောင်ထဲသို့ ဝင်လာခဲ့ပြီး ရှောင်ရှောင်လုံကို ခဏမျှ ညွှန်ကြားပြသနေသည်။

ဒီရက်များ အတောအတွင်း၌ ရှောင်ရှောင်လုံ၏ အသွင်အပြင်က ပို၍ ဖြူဖြော့လာပြီး လူမမာရုပ်ပေါက်လာခဲ့သည်။သို့သော်လည်း သူက ဟင်းပွဲများ ပြင်ဆင်ရာ၌ အရင်ကအတိုင်း နည်းလမ်းတကျ သေသေချာချာ ပြင်ဆင်ပေးခဲ့သည်။သူ၏ လုပ်ဆောင်မှုအတွက် ပုဖန်က အလွန် စိတ်ကျေနပ်ခဲ့သည်။

"မနက်ဖြန်ကျရင် ငါ ဆိုင်ကနေ ထပ်ထွက်သွားဦးမယ်.....ရက်နည်းနည်းလောက်တော့ ကြာနိုင်တယ် .....ငါသွားနေစဉ် အတွင်းမှာ မင်းက ဒီဆိုင်ရဲ့ တာဝန်ရှိသူပဲ......" ပုဖန်က ရှောင်ရှောင်လုံကို ကြည့်ရင်း ပြောလိုက်သည်။

"ပိုင်ရှင်ပုက ထပ်ထွက်သွားအုန်းမယ်....."

ရှောင်ရှောင်လုံက ပုဖန်ကို အံ့အားသင့်သင့် ကြည့်လိုက်သည်။သို့သော်လည်း သူ့၏ အမူအရာက အများကြီး မပြောင်းလဲသွားပေ။သူက ပုဖန်၏ အမူအကျင့်ကို သိထားခဲ့ပြီးပြီ ဖြစ်သည်။

"အာ......ကောင်းပြီလေ...."

ရှောင်ရှောင်လုံက သာမန်သာ ပြန်ပြောလိုက်သည်။ပုဖန်က ရှောင်ရှောင်လုံကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"စစ်သေနာပတိချုပ် ရှောင်မာန်ရဲ့ အခြေအနကကော ဘယ်လိုလဲ.....သူ့ဒဏ်ရာတွေ သက်သာလား......"

ရှောင်မန်၏ အကြောင်းကို ပြောသည်နှင့် ရှောင်ရှောင်လုံ၏ မျက်ဝန်းများက ညှိုးမှိန်သွားပြီး သူ့၏ မျက်နှာပေါ်မှ မကျေမနပ် ဝမ်းနည်းသည့် အမူအရာမျိုး ပေါ်လာသည်။

"အင်ပါယာ သမားတော်ပြောတာတော့ အဆိပ်တွေက သူ့ရဲ့ ကိုယ်တွင်း အင်္ဂါထဲကို စိမ့်ဝင်သွားပြီးပြီ....သူအကြာကြီး မနေရတော့ဘူး......"

ရုတ်တရက် ရှောင်ရှောင်လုံက ခေါင်းမော့၍ ပုဖန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

"ပိုင်ရှင်ပု.... မင်းသူ့ကို ဘယ်လိုကယ်ရမလဲဆိုတာသိလား......ငါတောင်းပန်ပါတယ် ကျေးဇူးပြုပြီးတော့ စစ်သေနာပတိချုပ် ရှောင်မန်ကို ကယ်တင်ပေးပါ...."

ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်သည်။သူက ရှောင်မန်ကို ကူညီချင်ခဲ့သည်။သို့သော်လည်း ယခုအချိန်၌ သူလုပ်နိုင်သည့်အရာ မရှိပေ။ရှောင်မန်ကိုယ်ထဲမှ အဆိပ်က သူယခင်က ကုသပေးခဲ့သော အဆိပ်နှင့် ကွဲပြားခြားနားသည်။ သူက နတ်ဆိုးငါး၏ အသားဖြင့် သက်စောင့်ဆေး ဖော်စပ်ပေးနိုင်သော်လည်း ရှောင်မန်၏ အဆိပ်များကို ဖြေရန်အတွက် မလုံလောက်ပေ။

ရှောင်မိသားစုနှင့်သူက တော်တော်လေး ရင်းနှီးသည်။ရှောင်ရှောင်လုံသည်လည်း သူဆိုင်စဖွင့်သည့်အချိန်က ပထမဦးဆုံး စားသုံးသူ ဖြစ်ခဲ့သည်။အကယ်၍ သူ့မှာသာ ကယ်တင်နိုင်စွမ်းရှိလျှင် သူသေချာပေါက် လုပ်ပေးပေလိမ့်မည်။သို့သော်လည်း အရိုးအသားဆုံး ပြောရလျှင် လက်ရှိအချိန်၌ သူ့၌ ထိုစွမ်းဆောင်ရည်မျိုး မရှိပေ။

"စနစ် ဘယ်လိုသက်စောင့်ဆေးမျိုးက ရှောင်မန်၏ အဆိပ်ကို သက်သာစေနိုင်မလဲဆိုတာကို သိလား......"

ပုဖန်က စနစ်ကို မေးလိုက်သည်။စနစ်၌ ရှောင်မန်ကို ကယ်တင်နိုင်မည့် နည်းလမ်းများ ရှိကောင်းရှိနိုင်ပေသည်။သို့သော်လည်း သူ မျှော်လင့်ချက် အများကြီး မထားထားပေ။

"တကယ်လို့ ပိုင်ရှင်က ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်ကို ရရှိလာမယ်ဆိုရင် မဟူရာလိပ်ခုံး ဒယ်အိုးကို အသုံးပြုပြီးတော့ နတ်မင်း စွေ့စွေ့ခုန် ဟင်းပွဲကို ချက်ပြုတ်နိုင်တယ်....အဲ့ဒါက သူ့ကို ကယ်တင်နိုင်မယ့် အခွင့်အရေးပဲ........"