အခန်း ၃၃၃ “ထိပ်သီးကျွမ်းကျင်ပညာရှင်များစေလွှတ်ခြင်း.....”
ပုဖန်က စနစ်ပြောတာကို ကြားပြီးနောက် အံ့အားသင့်သွားသည်။
"သူက ကောင်းကင်ကမ္ဘာမြေ မီးတောက်ကျောက်ကို ရရှိရမယ်....ပြီးရင် မဟူရာလိပ်ခုံး ဒယ်အိုးကို အသုံးပြုပြ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို ချုက်ပြုတ်ရမယ်.....အဲ့ဒါနဲ့ ရှောင်မန်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို သန့်စင်နိုင်မယ်....."
သို့သော်လည်း သူက ရှောင်မန်မိထားသည့် အဆိပ်၏ နာမည်ကို မသိလေရာ သူကို ကုသရန်အတွက် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲအပေါ်တွင်သာ မည်ကဲ့သို့ မှီခိုနေရမည်နည်း......
ပုဖန်က ထ်ိုအကြံပြုချက်ကို သံသယရှိနေသည်။သို့သော်လည်း သေမျိုးအဆင့် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ကြည့်ပြီးနောက် သူ့၏ သံသယများက ပျောက်ကွယ်သွားသည်။လိုအပ်သည့် ပါဝင်ပစ္စည်းများက အလွန်ထူးကဲပြီး ရှားပါးလှသည်။
ချက်ပြုတ်ရာတွင်လည်း နတ်ဘုရားအဆင့် ပစ္စည်းဖြစ်သော မဟူရာလိပ်ခုံးဒယ်အိုးကို လိုအပ်သည့်အချက်ကိုပါ ထည့်သွင်းစဉ်းစားလျှင် ထိုနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက ရှောင်မန်၏ အဆိပ်ကို ကုသပေးသည်က ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုဟင်းပွဲက ဘာကြောင့် ကုပေးနိုင်တာလဲဆိုသည့် အကြောင်းပြချက်ဆိုရင်......
"ဘယ်သူကကော အကြောင်းပြချက်ကို ဂရုစိုက်မှာလဲ....ဘယ်သူကကော အဆိပ်က ဘာအဆိပ်လဲဆိုတာကို သိချင်မှာလဲ....."
နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲက ရှောင်မန်၏ ရောဂါကို ကုသပေးနိုင်သရွေ့ ကျန်သည့်ကိစ္စရပ်များက အရေးမကြီးတော့ပေ။သို့သော်လည်း ထို
အကြောင်းအရာများအားလုံးက ပုဖန်၏ စဉ်းစားမှု တစ်ခုတည်းသာရှိသေးသည်။အမှန်တကယ်တမ်း မည်သည့်ကိစ္စရပ်များ ဖြစ်လာမည်ဆိုသည်ကိုတော့ သူလည်း မသိသေးပေ။
“မင်းငါပြန်လာတဲ့အထိတော့ စောင့် ငါပြန်လာရင်တော့ ရှောင်မန်ကို ကယ်တင်ဖို့ နည်းလမ်းရှိနိုင်တယ်....ဒါပေမယ့် အခုလောလောဆယ်တော့ ငါ့မှာ သူ့ကိုက်ာတင်ဖို့ ဘာနည်းလမ်းမှ ရှိမနေဘူး....."
ပုဖန်က ရှောင်ရှောင်လုံကို အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ရှောင်ရှောင်လုံက ခဏမျှ အသိစိတ် လွတ်သွားသည်။သူပုဖန် ပြောသည့် စကားများကို အချိန်တော်တော်ကြာ စဉ်းစားပြီးသည့်နောက် သူ့၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားသည့် အရာများ ပေါ်လာသည်။
"မင်းအခု ငါ့အဖေကို ကယ်တင်ကောင်းကယ်တင် နိုင်တယ်လို့ ပြောလိုက်တာလား....ဒါတကယ်ပဲလား....."
ပုဖန်က စိတ်လှုပ်ရှားနေသော ရှောင်ရှောင်လုံကို ဂရုမစိုက်တော့ပဲ မီးဖိုချောင်ဘက်ဆီသို့ လှည့်ဝင်သွားလိုက်သည်။သူ ဖြတ်တောက်ခြင်းနဲ့ အသားလွှာထွင်းထုခြင်း နည်းပညာကို အချိန်ခဏမျှ လေ့ကျင့်ပြီးသည့်နောက် သူ့အခန်းဆီသို့ ပြန်သွားလိုက်သည်။
ထို့နောက် တောင်စဉ်တစ်ထောင် တောင်တန်းသို့ သွားသည့် ခရီးစဉ်တွင် သူလိုအပ်နိုင်သည့် ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များကို စတင်ပြင်ဆင်လိုက်သည်။
……
ညကတိတ်ဆိတ်ငြိမ်သက်နေ၏။ အနောက်မြောက်ပိုင်းလွင်ပြင် အထက်ရှိ အနောက်ပိုင်း ဆန်းကြယ်မြို့တော်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခြုံငုံကြည့်နေသော ဧရာမလူကြီးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေသည်။
ထိုမြို့တော်က အဆုံးအစမဲ့ များပြားလှသော ဂုဏ်သိက္ခာများကို ထုတ်လွင့်နေသလိုပင် ထင်ရသည်။အနောက်ပိုင်းဆန်းကြယ်မြို့၏ အထက်ကောင်းကင်ယံမှ ကြည့်လိုက်လျှင် အဝေးတစ်နေရာဆီမှ မြုခိုးများ ဖုံးလွှမ်းနေသော ကျယ်ပြောလှသည့် တောင်တန်းများကို မှုန်ပြပြ မြင်ရလေသည်။
တောင်တန်းများဆီသို့ ဦးတည်ရာလမ်းပေါ်တွင် စိတ်ဝိညာဉ် မြင်းဆွဲသည့် ရထားလုံးတစ်လုံးရှိလေသည်။ရထားလုံးသွားရာ လမ်းခရီးထောင့်၌ ဖုန်လုံးများ တလိမ့်လိမ့် ဖြင့် ကျန်ခဲ့သည်။ အချိန်အတော်ကြာ ခရီးသွားပြီးသည့်နောက် ရထားလုံးက တဖြေးဖြေး ရပ်တန့်သွားသည်။လိုက်ကာစလေး မြင့်တက်သွားပြီး ရထားလုံးထဲမှ ချောမောသော်လည်း ခံသားချက်မဲ့သည့် မျက်နှာတစ်ခု ထွက်ပေါ်လာသည်။
ပုဖန်၏ သွယ်လျသည့် ခန္ဓာကိုယ်က ရထားလုံး အပြင်ဘက်သို့ ရောက်ရှိလာပြီး သူ့၏ နောက်မှ ကြီးမားလှသည့် စက်ရုပ်တစ်ရုပ် လိုက်ပါလာသည်။
ရထားလုံးမောင်းသည့် သူက ဆေးပြင်းလိပ်ကို ရှိူက်ဖွာလိုက်ရင်း ပုဖန်ကို စကားပြောလိုက်သည်။
"သခင်လေး ဒါက တောင်စဉ်တစ်ထောင် တောင်တန်းရဲ့ ဝင်ပေါက်ပဲ ....ငါဒီနေရာထက် ပိုပြီး ဝေးဝေးလိုက်မပို့နိုင်တော့ဘူး.....အဲ့ဒီတောင်စဉ်တစ်ထောင် တောင်တန်းက တော်တော်လေးဟကြောက်ဖို့ကောင်းတယ်..... အဲ့ဒီမှာ နေထ်ိုင်တဲ့ စိတ်ဝိညာဉ်သားရဲတွေက မရေမတွက်နိုင်လောက်တဲ့ လူများစွာကို စားသောက်ခဲ့ကြတယ်.....
တကယ်လို့ မင်းအဲ့ဒီကို တစ်ယောက်တည်း သွားဖို့ စီစဉ်ထားတာဆိုရင်တော့ ဂရုစိုက်မှရမယ်....."
ရထားလုံး မောင်းသမားက ကြင်နာစွာဖြင့် သတိပေးစကားပြောလိုက်သည်။သူက ပုဖန်ကို ကြင်နာစွာ သတိပေးပြီးနောက် ခေါင်းခါရမ်းလိုက်မိသည်။
"တောင်စဉ်တစ်ထောင်တောင်တန်း၏ ရတနာများရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတဲ့ နောက်ထပ် သခင်လေးတစ်ယောက်...."
အကယ်၍ တစ်စုံတစ်ယောက်က ရတနာပစ္စည်း တစ်ခုနှစ်ခုနှင့်အတူ တောင်စဉ်တစ်ထောင်တောတန်းမှ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့မည်ဆိုပါက သူ့၏ ကျနိရှိနေသည့် ဘဝတစ်လျှောက်လုံး ငွေရေးကြေးရေးနှင့်ဘပတ်သတ်၍ စိုးရိမ်ပူပန်စရာ လိုတော့မည် မဟုတ်ပေ။
မြောက်များလှစွာသော လူငယ်လေးများက တောင်စဉ်တစ်ထောင် တောင်တန်းဆီသို့လာ၍ ရတနာများ ရှာဖွေခဲ့ကြသည်။သို့သော်လည်း သူတို့ထဲက လူအနည်းစုသာလျှင် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်။
သားရဲဆူပူအုံကြွ မှုများက အနောက်မြောက်ပိုင်းလွင်ပြင်တွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။တောင်စဉ်တစ်ထောင်တောင်တန်းက သူတို့၏ အရင်းအမြစ်ဖြစ်သလို ဘေးအန္တရာယ်များ၏ အရင်းအမြစ်လည်း ဖြစ်နေသေးသည်။
"ဒီနေ့ခေတ် လူငယ်တွေက ပိုက်ဆံအတွက်နဲ့ သူတို့၏ အသက်ကို ဂရုမစိုက်ကြတော့ဘူး....."
မြင်းလှည်းမောင်းသမားက သူ့၏ ဆေးပြင်းလိပ်ကို ဆက်လက်ရှိူက်ဖွာလိုက်ပြီးနောက် အပြင်ူအထန် ချောင်းဆိုးလိုက်သည်။
ထို့နောက် ရထားလုံးမောင်းသူက ပုဖန်၏ အကြည့်စူးစူးအောက်မှာပင် သူ့၏ စိတ်ဝိညာဉ်မြင်းကို ပြန်လည်လှည့်လိုက်သည်။ပုဖန်က ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့၏ ဆံနွယ်ရှည်များကို ကတ္တီပါကြိုးစဖြင့် ချည်နှောင်ထားသည်။
သူက မဲမှောင်နေပြီး ရင်တထိတ်ထိတ်ဖြစ်စေသည်ဟု ထင်ရသော တောင်စဉ်တစ်ထောင် တောင်တန်း၏ ဝင်ပေါက်ရှေ့၌ မတ်တပ်ရပ်နေသည်။ထိုတောင်တန်းက လူအများကို စုပ်ယူ မြိုချနိုင်သော ကြောက်စရာကောင်းလှသည့် တွင်းနက်ကြီးနှင့် ဆင်တူလှသည်။
ဝင်ပေါက်၏ ပတ်ဝန်းကျင်တွင်လည်း ပြင်းထန် ရက်စက်သော အပင်ရိုင်းများဖြင့် ပြည့်နှက်နေသည်။ပုဖန်က ဝျိုက်တီ၏ ဝမ်းဗိုက်ပူပူကို အသာပုပ်လိုက်ရင်း ပင့်သက်တစ်ချက်ရှိူက်လိုက်သည်။
ထို့နောက် သူ ခြေတစ်လှမ်းလှမ်းလိုက်ကာ သူ့၏ တောင်စဉ်တစ်ထောင် တောင်တန်းအတွင်းသို့ ခရီးစဉ်ကို စတင်လိုက်သည်။
ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက အချိန်ခဏမျှ တဖြတ်ဖြတ် ဖြစ်နေပြီးနောက် တောင်စဉ်တစ်ထောင် တောင်တန်းဆီသို့ ပုဖန်၏ နောက်မှ လိုက်ပါသွားလေသည်။ တောင်စဉ်တစ်ထောင်တောင်တန်းသို့ သွားသည့် ယခုခရီးစဉ်တွင် ပုဖန်က ဝှိုက်တီ၏ ပုံတူကို မခေါ်လာပဲ ပို၍ ကြောက်စရာကောင်းလှသော ဝှိုက်တီအစစ်ကိုသာ ခေါ်လာခဲ့လေသည်။
စနစ်၏ စီစဉ်ပေးမှုအရ ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ရရှိရန်မှာ မလွယ်ကူကြောင်း ထင်ရှားလှပေသည်။ထိုသို့ မဟုတ်လျှင် စနစ်က ဝှိုက်တီကို ခေါ်ဆောင်လာခြင်းကို ခွင့်ပြုလိမ့်မည်မဟုတ်ပေ။ လူတစ်ယောက်နှင့် စက်ရုပ်တစ်ရုပ်တို့က တောင်စဉ်တစ်ထောင် တောင်တန်း၏ ဝင်ပေါ်ကို ဖြတ်သန်း၍ အမှောင်ထုထဲသို့ တိုးဝင်လာခဲ့ကြသည်။
တောင်စဉ်တစ်ထောင် တောင်တန်းက အဆုံးအစမဲ့ ကျယ်ပြောလှသော်လည်း သူတို့က အနောက်ပိုင်း ဆန်းကြယ်မြို့နှင့် အနီးဆုံးဝင်ပေါက်မှ ဝင်လာခဲ့ခြင်း ဖြစ်သည်။ တောအုပ်ထဲသို့ ဝင်လိုက်သည့်အချိန်၌ ပုဖန် အလွန်တရာ အေးစက်မှုကို ခံစားလိုက်ရသည်။ဆောင်းရာသီသို့ မရောက်ရှိသေးသော်လည်း အပူချိန်က ရေခဲမှတ်နှင့် နီးကပ်နေပေပြီ။
……
ကျယ်ပြောလှသော နယ်စပ်မြို့တော်အတွင်း ခြေချိတ်၍ ထိုင်နေသော သွေးမျိုးနွယ် အစောင့်အရှောက်က ပြင်းထန်သည့် တုန်ခါမှုတစ်ခု သူ့ကို လာရိုက်သကဲ့သို့ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါနေသည်ကို ခံစားလိုက်ရသည်။သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ မကြုံဖူးသည့် မြင်ကွင်းတစ်ခုကို မျက်မြင်တွေ့လိုက်ရသည်။ သူ ကာကွယ်စောင့်ရှောက်နေသော အနက်ရောင် မျှော်စင်က ထူးထူးခြားခြား လှုပ်ခါနေပေသည်။
"ဒါက....."
သွေးမျိုးနွယ် အစောင့်အရှောက်က အံ့သြမှုကို ထိန်းချုပ်နိုင်လိုက်သည့် ခဏမှာပင် အနက်ရောင်မျှော်စင်က ကောင်းကင်ယံဆီသို့ ပျံတက်သွားသည်ကို တွေ့လိုက်ရသည်။မျှော်စင်ထဲမှ လှပသော ပုံရိပ်လေးတစ်ခု ပျံသန်း ထွက်ပေါ်လာသည်။
ထိုလှပသည့် ပုံရိပ်လေး၏ နောက်၌ အနက်ရောင်စွမ်းရည်များပင် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ရိပ် ကပ်ပါလာသည်။ထိုပုံရိပ်က မှုန်ဝါးနေပြီး သူ့၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မတွေ့ရပေ။
သို့သော်လည်း ခန္ဓာကိုယ်ပုံပန်းကို ကြည့်လိုက်ရုံဖြင့် ထိုပုံရိပ်က အမျိုးသားတစ်ယောက်ဖြစ်မှန်း ထင်ရှားပေသည် ။
အနက်ရောင်မျှော်စင်က လေထဲ၌ အချိန်အနည်းငယ်ခန့် လှည့်လည် ပျံသန်းပြီးနောက် အဆင့်မြင့် နတ်ဆရာမ၏ လက်ပေါ်သို့ ကျဆင်းလာသည်။နတ်ဆရာမက ထိုအနက်ရောင် စွမ်းအင်များဖြင့် ဖုံးလွှမ်းထားသည့် ပုံရိပ်ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။
ထိုသူက အသိမှတ်ပြုရုံ ခေါင်းငြိမ့်လိုက်ပြီးနောက် သူတို့ကို စူးစိုက်ကြည့်နေသော သွေးမျိုးနွယ် အစောင့်အရှောက်ဘက်သို့ လှည့်လိုက်သည်။
ထိုသူကို တွေ့လိုက်ရသောအခါ၌ သွေးမျိုးနွယ် အစောင့်အရှောက်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူခန္ဓာကိုယ်ထဲမှ သွေးများ ပြောင်းပြန် စီးသွားသလို ခံစားလိုက်ရသည်။
"ဂိုဏ်း....ဂိုဏ်း....ဂိုဏ်းချုပ်....."
သွေးမျိုးနွယ် အစောင့်အရှောက်၏ မျက်ဝန်းများက ပြူးကျယ်နေပြီး ဂိုဏ်းချုပ်ကို နှုတ်ဆက်လိုက်သည့် သူ့၏ အသံတွင် ကြောက်ရွံ့မှုနှင့် ပျော်ရွှင်မှုများ ကိန်းအောင်း ပါဝင်နေသည်။
"ဂိုဏ်းချုပ်ရဲ့ တံခါးပိတ် ကျင့်ကြံမှုက ပြီးဆုံးသွားပြီလား...."
အချိန်ကြာမြင့်စွာ ကြာပြီးသည့်နောက်၌ သူတို့၏ ဂိုဏ်းချုပ်က တစ်ဖန် ပြန်လည် ထွက်ပေါ်လာပေပြီ။သူ့၏ ဦးဆောင်မှုဖြင့် ရှုရဂိုဏ်းက ပြန်လည် ထွန်းလင်းတောင်ပလာပေတော့မည်။
ရှုရဂိုဏ်း ပြန်လည် ထွန်းလင်းတောက်ပလာသည့် အချိန်၌ တောင်ပိုင်းဒေသတွင်ရှိကြသော ဂိုဏ်းများအားလုံးကို ကြောက်ရွံ့စိတ်ဖြင့် ရှင်သန်စေပေမည်။
"သွားကြစို့ ...ငါတို့က ဝိညာဉ်စုပ်မှော်အစီအရင်နဲ့ ဝိညာဉ်နှုတ်မှော်ဖန်လုံးထဲက စိတ်ဝိညာဉ် အနှစ်သာရတွေကို သန့်စင်မယ်ဆိုရင် ဓာတ်ကူ ပစ္စည်းတစ်ခုလိုတယ်....အဲ့ဒီဓာတ်ကူပစ္စည်းက အလွန်ရှားပါးပြီးတော့ ငါတို့ ရကိုရမယ်ဖြစ်မယ်.....ငါက အဲ့ဒီပစ္စည်းကို ရဖို့အတွက် စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ...."
ရှုရဂိုဏ်းချုပ်က ပြောလိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်ကို အနက်ရောင် စွမ်းအင်များသဖွယ် ပြောင်းလဲကာ အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် တရှိန်ထိုး ပြေးထွက်သွားသည်။
အဆင့်မြင့်နတ်ဆရာမ၏ မျက်နှာဖုံးအောက်မှ မျက်လုံးလေးက ဖြတ်ခနဲ လက်သွားသည်။သူက သူမ၏ ကြည်လင်သေးသွယ် လှပလှသော ခြေထောက်ဖြင့် လေထုကို နင်းလိုက်ပြီး ဂိုဏ်းချုပ်၏ အနောက်မှ လိုက်ပါသွားလိုက်သည်။သူတို့ ပုံရိပ်နှစ်ခုက အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ရပ်ကြည့်နေသော သွေးမျိုးနွယ်အစောင့်အရှောက်က ယခင်က အနက်ရောင် မျှော်စင်တည်ရှိခဲ့သည့် မြေကွက်လပ်ကို စူးစိုက်ကြည့်နေသည်။ အနက်ရောင်မျှော်စင်မရှိတော့သောကြောင့် သူ၌ စောင့်ရှောက်ကာကွယ်စရာ ဘာမှမရှိတော့ပေ။ယခုအချိန်က စစ်ပွဲအတွင်း၌ ရှိနေကြသော တစ်ခြား သွေးမျိုးနွယ် အစောင့်အရှောက်များနှင့် သွားရောက်ပူးပေါင်းရန် အချိန်ကောင်းပင် ဖြစ်သည်။
ရှုရဂိုဏ်း ပြန်လည် အာဏာရလာသော အချိန်၌ တောင်ပိုင်းဒေသ တစ်ခုလုံးကလည်း သူတို့၏ ပိုင်ဆိုင်မှု ဖြစ်လာပေလိမ့်မည်။
…..
တိမ်ဖြူစံအိမ်.....
အဖြူရောင်မြူခိုးငွေ့များအတွင်း၌ သန့်စင်ပြီး ခမ်းနားထည်ဝါလှသော အဆောက်အဦးများကို ဆောက်လုပ်ထားသည်။ထို အဆောက်အဦးများက စနစ်တကျရှိပြီး ပတ်ပတ်လည်၌ တိမ်ဖြူများ ဝန်းရံထားသည်။ ထိုနေရာက ဒဏ္ဍာရီလာ မသေမျိုးတို့၏ နိဗ္ဗာန်အလား ထင်ရပေသည်။အဆောက်အဦးများ ဝန်းရံထားသည့် အလယ်၌ ရေကန်အသေးလေးတစ်ခု ရှိနေပေသည်။
မြူဆိုင်းနေသော ထိုရေကန်လေး အထက်၌ ဝေဝေဝါးဝါးသာ မြင်ရသော လှေငယ်လေး တစ်စင်း ရှိနေသည်။ထိုလှေငယ်လေးပေါ်၌ လူတစ်ယောက်က အေးဆေးသက်သာစွာ ထိုင်နေလေ၏။
ထိုလူက အေးဆေးတည်ငြိမ်စွာဖြင့် ငါးမျှားနေလေရာ ရေလှိုင်းခတ်သံ သဲ့သဲ့လေးကိုသာ ကြားနိုင်ပေသည်။အချိန်တစ် ချို့ ကုန်လွန်သွားပြီးသည့်နောက် သူ့၏ ငါးမျှားတံက ရုတ်တရက် လှုပ်ခါလာသည်။
သူက ငါးမျှားတံကို ဆွဲတင်လိုက်လေရာ တည်ငြိမ်နေသော ရေပြင်က လှိုင်းဂယက်လေးများ ထသွားသည်။ကန်၏ ဘေးပတ်တွင်ရှိနေသော ပိုင်ကျန့်က ကန်အလယ်ရှိ လှေငယ်လေးကို စူးစိုက်ကြည့်နေသည်။
"စံအိမ်သခင် .....ငါတို့ အာကာသအာနန်ဂိုဏ်းဆီကနေ လျှို့ဝှက်စာ တစ်စောင် ရရှိထားတယ်....."
တောင်ပိုင်းဒေသအတွင်း၌ အာကာသအာနမ်ဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်ဆုံးသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သောကြောင့် ပိုင်ကျန့်၏ အမူအရာက လေးနက် တည်ကြည်နေသည်။
တစ်ခြား ဂိုဏ်းအဖွဲ့အစည်းများအားလုံးကလည်း အာကာသအာနမ်ဂိုဏ်းကို လေးစားမှု ရှိကြသည်။ဒီလျှို့ဝှက်စာက အာကာသအာနမ်ဂိုဏ်း ကိုယ်တိုင် ပေးအပ်လာခြင်း ဖြစ်လေရာ အလွန့်အလွန် အရေးကြီးသော အကြောင်းကိစ္စဖြစ်ရပေမည်။
ရွှတ်......
လေတိုက်ခတ်မှုမရှိပါပဲ လှေငယ်ကေ ရေကန်ဘေးသို့ လျှင်မြန်စွာ ရောက်ရှိလာသည်။ကောက်ရိုးမိုးကား အင်္ကျီကိုဝတ်ဆင်ထားပြီး ဝါးဦးထုပ်ဆောင်းထားသည့် လူလတ်ပိုင်း တစ်ယောက် လှေပေါ်မှ ဆင်းလာ၏။ သူ့၏ နောက်ကျော၌လည်း သူဖမ်းယူ ရရှိထားသော ငါးများထည့်ထားသည့် တောင်းတစ်လုံးကို လွယ်ထားသည်။သူက ပိုင်ကျန့်ကို ခပ်ပြုံးပြုံးဖြင့် ကြည့်လိုက်၏။
"အာကာသအာနမ်ဂိုဏ်းက ကိုယ်တိုင် ကိုယ်ကျ လျှို့ဝှက်စာ ပေးပို့လာတယ် ဟုတ်လား....ရှုရဂိုဏ်းနဲ့ ပတ်သတ်နေတာလား........"
စံအိမ်သခင်က မျက်ခုံးအနည်းငယ် ပင့်လိုက်ရင်း အံ့အားသင့်သင့်လေသံဖြင့် မေးလိုက်သည်။အမှန်တကယ်ထဲ၌ ပိုင်ကျန့်ကလည်း စာပါ အကြောင်းအရာများကို မသိရှိသေးပေ။သူက ထိုစာကို စံအိမ်သခင်ဆီသို့ လာပို့ခြင်းသာ ဖြစ်သည်။
စံမိမ်သခင်က တောင်းကို ချလိုက်ပြီးနောက် လက်များဟရေများကို သုတ်၍ ပိုင်ကျန့်ဆီမှ စာကို ယူလိုက်သည်။သူက အာကာသအာနမ်ဂိုဏ်းမှ ပေးပို့လိုက်သော လျှို့ဝှက်စာကို သေချာစွာ ဖတ်လိုက်၏။စာဖတ်ပြီးသည့် အချိန်၌ အပြာရောင် မီးတောက်ပေါ်လာပြီး စာက ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
"အင်း....ငါခရီးထွက်ရမယ်ထင်တယ်...."
စံအိမ်သခင်က စာဖတ်ပြီးနောက် သဘောတကျရယ်မောလိုက်သည်။သူ့၏ ရယ်သံက တိမ်ဖြူစံအိမ် တစ်ခုလုံးကို ပဲ့တင်ရိုက်ခတ်သွားလေသည်။
ပိုင်ကျန့်က မည်သည့်ကိစ္စဖြစ်သွားသည် မသိပဲ ဇဝေဇဝါဖြစ်နေသည်။သို့သော်လည်း သူ စံအိမ်သခင်ကို မေးခွန်းမထုတ်သင့်မှန်းသိပေသည်။ထို့ကြောင့် သူက စံအိမ်သခင်နောက်မှသာ ရိုးရှင်းစွာ လိုက်သွားလိုက်သည်။
တောင်ပိုင်းဒေသအတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများအားလုံးက ယခုချိန်အတောါအတွင်း၌ တော်တော်လေး နားလည်ရ ခက်ခဲလာသည်။ထိုဂိုဏ်းကြီးများ အားလုံးက သူတို့အဖွဲ့အစည်းမှ ထိပ်သီး ကျွမ်းကျင်ရှင်များအား
လုံးကို စေလွှတ်ခဲ့သည်။
ကျွမ်းကျင်ပညာရှင်များ အားလုံးကို စေလွှတ်ခဲ့သောကြောင့် ဂိုဏ်းထဲရှိ တစ်ခြားသူများ အားလုံး အံ့အားသင့်ခဲ့ရသည်။ထိုစေလွှတ်ခံခဲ့သော လူများအားလုံးကလည်း တောင်ပိုင်းဒေသ၌ ထိပ်တန်းမှ ရပ်တည်နိုင်ကြသူများ ဖြစ်ကြသည်။
သူတို့ထွက်ပေါ်လာသည့် အကြိမ်တိုင်းတွင်လည်း ကြီးမားသည့် တစ်စုံတစ်ရာ ဖြစ်ဖို့ဦးတည်နေသည်။
"ဘာကြောင့် ထိပ်သီး ပညာရှင်တွေကို စေလွှတ်နေတာလဲ...."
တောင်စဉ်တစ်ထောင်တောင်တန်း၏ ဝင်ပေါက်၌ အားနည်း ဖြော့တော့သော ပုံရိပ်လေးတစ်ခုက တစ်ခြားအဖွဲ့အစည်း ဂိုဏ်းများအတွင်းမှ ဂယက်ထနေမှုကို ဂရုမပြုမိပဲ ကျယ်ပြန့်လှသော တောင်တန်း အတွင်းသို့ တဖြေးဖြေးချင်း တိုးဝင်နေသည်။